← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

“ဒီအဓိပ္ပါယ်မရှိတာကဘာလဲ?”

မြောင်ဟွန်းထိတ်လန့်သွားသောမျက်နှာဖြင့် တိုးတိုးလေးပြောလိုက်သည်။ ဆုဟီးရဲ့နာမည်က ဖုန်းမျက်နှာပြင်ပေါ်တွေမှိတ်တုတ် မှတ်တုတ်ဖြစ်နေသည်။

‘သူမဘာလို့ဒီလောက်တောင်ခေါင်းမာနေတာလည်း?’

မြောင်ဟွန်းတကယ်ကိုရှော့ရသွားသည်။

သူမသည် ဒီလိုအရာများကို ဟာသလုပ်တတ်သည့် မိန်းကလေးမဟုတ်တာ သူသိသည်။

မြောင်ဟွန်းအိမ်ပျောက်သွားသောသူတစ်ယောက်ကဲ့သို့ မျက်နှာကျက်ကိုအတော်ကြာငေးနေသည်။ ထို့နောက် ဆုဟီးကိုနောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။

‘ဖုန်းမကိုင်ဘူး? တကယ်ကြီးလား?’

ဖုန်းသံကခဏသာမည်သွားပြီး ဖုန်းချခြင်းခံရသည်။

သူနောက်တစ်ကြိမ်ထပ်ခေါ်သော်လည်း ရလာဒ်ကအတူတူသာဖြစ်သည်။

မြောင်ဟွန်းဖုန်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး သွားများကြိတ်လိုက်သည်။

‘သူစာရေးဆရာအသစ်ရသွားတာလား?, မဖြစ်နိုင်ဘူး ချီးပဲ ကြည့်ရတာငါသူ့ကို မထီမဲ့မြင်လုပ်တာများသွားတာထင်တယ်’

မြောင်ဟွန်းသူမကိုဒေါသထွက်အောင်အတော်ကြာလုပ်ပြီးမှ နောက်ဆုံးတွင် ဇာတ်အိမ်ကိုပေးပို့ခဲ့သည်။ သူဒီဇာတ်အိမ်အကြမ်းထည်ကို လွန်ခဲ့သောရက်အတော်အကြာတည်းက အပြီးသတ်ထားတာဖြစ်သည်။ သူတမင် လူများ စိတ်မရှည်ဖြစ်အောင်စောင့်နေခြင်းလည်းဖြစ်သည်။

သူဘာလို့ဒီလိုလုပ်လည်းဆိုတာ ရိုးရှင်းပါတယ်။

ဆုဟီးသူ့ကိုတစ်ခါမှ အံ့ဩတကြီးမကြည့်ဖူးဘူး။

သူ့အနေဖြင့် ဇာတ်ကားပြန်ရိုက်နိုင်လောက်အောင်ကိုကောင်းသော စာအုပ်များရေးပြီး ဆုများစွာလည်းရဖူးသည် သို့သော် ဆုဟီး၏အကြည့်များသည် အရင်တိုင်းသာမပြောင်းလဲပေ။ ဒီနေ့နဲ့ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကနှင့် ဘာမှမခြားနားသေး။

“ချီးပဲ”

ထိုအတွေးများဖြင့် မြောင်ဟွန်းဖုန်းထုတ်လိုက်ပြီး အခြားတစ်ယောက်ကိုခေါ်ဆိုလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် နက်ဇွန်မာကတ်တင်းအဖွဲ့မှ မန်နေဂျာလီက ဖုန်းဖြေလိုက်သည်။

“ဟုတ်တယ်, ငါမင်းကိုပြောစရာရှိလို့”

-အခြေနေဘယ်လိုလည်းငါ့ကောင်? ဘာကိစ္စကြီးတွေဖြစ်လို့လည်း?

မန်နေဂျာလီသည် မြောင်ဟွန်း၏ အထက်တန်းကျောင်းတုန်းကသူငယ်ချင်းဖြစ်သည်။

လီကသူ့ကိုညွှန်းပေးသောကြောင့် သူ့အနေဖြင့်အလုပ်ရခြင်းဖြစ်သည်။ ဆုဟီးကသူ့ကို အလုပ်လုပ်ပေးဖို့ တောင်းဆိုတယ်ဆိုတာအားလုံးက အလိမ်များသာဖြစ်သည်။

“ဆုဟီး ငါ့စာချုပ်ကိုဖျက်လိုက်ပြီ။ ဖန်တီးရေးအဖွဲ့နဲ့ပတ်သက်ပြီး တစ်ခုခုများကြားမိသေးလား?”

-ဒါက…သူတို့စာရေးဆရာအသစ်တစ်ယောက်တွေ့သွားပြီထင်တယ်

မြောင်ဟွန်းလုံးဝမျက်လုံးပြူးသွားသည်။

စာရေးဆရာအသစ်? တစ်ရက်တည်းနဲ့လား? အချိန်မလောက်တာကိုလေ?

“ဘယ်သူလည်း? အဲ့တာကဘယ်သူလည်း?”

မြောင်ဟွန်းအော်မေးလိုက်မိသည်။ ဒါက စာရေးဆရာအသစ်တစ်ယောက်ကိစ္စကြောင့်မဟုတ်ပဲ ဆုဟီးအနေဖြင့်သူ့ကို လက်လျော့ကာ အခြားတစ်ယောက်ကိုရွေး ချယ်လိုက်တာက သူ့ကိုဒေါသထွက်စေသည်။

“ငါမသိဘူး။ ငါ့အဖွဲ့ခေါင်းဆောင်နဲ့ စကားသွားပြောလိုက်ဦးမယ်။ ငါသိတဲ့အခါကျ မင်းကိုပြောပြမယ်။ ဆောရီး ငါအခုမီတင်သွားရတော့မယ်။”

ဖုန်းပြောပြီးသွားပြီဖြစ်သော်လည်း မြောင်ဟွန်းဖုန်းကို နားရွက်နားမှ မချသေးပါ။

သူ့အကြည့်များက စားပွဲခုံပေါ်မှ မှန်ဆီသို့အကြည့်ရောက်သွားသည်။ သူ့ကိုပြန်ကြည့်နေသော မျက်နှာကို ဖျက်ဆီးချင်စိတ်ကပေါ်လာသည်။

“အားးးးးးးး!”

မြောင်ဟွန်းအော်လိုက်ပြီး မှန်ကိုရိုက်ခွဲလိုက်သည်။

ခလွမ်း!

မှန်ကတစ်စစီကွဲသွားပြီး ကြမ်းပြင်တွင်ပြန့်ကျဲသွားသည်။ အနားတွင်ရှိသော အိမ်ထိန်းက ကြားပြီးသူ့ဆီသို့ပြေးလာသည်။

“ဆရာ, အဆင်ပြေရဲ့လား?”

မြောင်ဟွန်းပြန်မဖြေပါ။

အိမ်ထိန်းက အစေခံများကိုခေါ်ကာ ရှုပ်ပွသွားသောအရာများကိုရှင်းစေပြီး မြောင်ဟွန်းကိုဂရုတစ်စိုက် ပြောလိုက်သည်။

“ကိုယ်စားလှဆီက ဖုန်းဝင်လာပါတယ်။ သူက ဒီနေ့ညဆယ်နာရီအမှီ ဆရာ့အလုပ်ကို အပြီးသတ်စေချင်တယ်ပြောတယ်”

“ငါသိတယ် .”

“ပြီးတော့ ခုနှစ်နာရီကျရင် မိန်းကလေးရဲ့ အလုပ်အသစ်အတွက် မီတင်ရှိပါတယ်။ ဒါကသူမအနေနဲ့ အဓိကဇာတ်ဆောင်အနေနဲ့ ပထမဆုံး အလုပ်လုပ်ဖူးတာမလို့ သူမက ဆရာ့ကိုလာစေ..”

မြောင်ဟွန်းဒေါသတကြီးအော်လိုက်သည်။

“ငါသိတယ် ငါသွားမှာ။ ငါကကလေးလား? ငါ့ဘာငါ ကားပဲငှားငှား ရထားပဲငှားပြီးသွားသွား မင်းဆက်ပြီးသတိပေးမနေနဲ့တော့”

“ကျွန်တော်-ကျွန်တော် တောင်းပန်ပါတယ် ဆရာ”

မြောင်ဟွန်းဆိုဖာပေါ်ထိုင်လိုက်ပြီး အသက်ဝဝရှုလိုက်သည်။ သူလိုချင်တဲ့ ကောင်မလေးတစ်ယောက်ကိုရဖို့ ဘာလို့ဒီလောက်တောင် ခက်ခဲနေရတာလည်း။

…

-ဆရာဟာ, ဂုံးကောင်တွေကို ကိုယ်စားလှယ်က စာရေးဆရာဟာ အတွက်ဆိုပြီးထည့်ပေးလိုက်တာ။ ဒီကောင်တွေကစားလို့တကယ်ကောင်းတယ် ကျွန်မ အလုပ်ကိစ္စလေးရှိသေးလို့ အရင်သွားပြီးမှ ကျွန်မကိုယ်တိုင်လာပို့လို့ရတယ်မလား

ကြယ်ပွင့်စာပေမှ ဆိုမီဖြစ်သည်။

ဂျယ်ဂန်း ကြယ်ပွင့်စာပေမှလက်ခံရရှိတဲ့စက္ကူဖာကို အောက်သို့ချလိုက်ပြီး ပြန်ပြောလိုက်သည်။

“ကျေးဇူးပါ။ မင်းဒါလေးအတွက်ကိုယ်တိုင်လာစရာမလိုပါဘူး ငါအဆင်ပြေပါတယ်”

-မဟုတ်ဘူး ဒီလိုလာရတာကမပင်ပန်းပါဘူး။ ကျွန်မနောက်ကျဖုန်းခေါ်လိုက်မယ် *^^*

ဂျယ်ဂန်းပြုံးလိုက်မိသည်။ သူဆိုမီရဲ့ တက်ကြွပြီးခွန်အားပြည့်သောအပြုံးကိုပုံဖော်ကြည့်နိုင်သည်။

တစ်ခါတစ်လေမှာ မင်းသူတို့နဲ့တွေ့လိုက်တာနဲ့ မင်းရဲ့စိတ်ပင်ပန်းမှုတွေကို ခဏတာ မေ့ပျောက်သွားစေနိုင်သော လူတစ်ချို့ရှိသည်။ ဆိုမီကလည်း ဂျယ်ဂန်းအတွက် ထိုသို့သောလူမျိုးဖြစ်လာသည်။

“ကောင်းပြီ ငါတို့ လက်တော့အသစ်ကိုကြည့်ကြမလား? ဒီကိုလာပါဦး ရီခါ”

“မြောင် .?”

ရီခါ ပြတင်းပေါက်ဘောင်ပေါ်တွင်ထိုင်နေရာမှ ခုန်ဆင်းလိုက်သည်။ ဂျယ်ဂန်းစကားပြောရင်း စက္ကူဖာကိုဖွင့်လိုက်သည်။

“ဒါကစုစုပေါင်း ဒေါ်လာ ၁၈၀၀ လောက်တန်တဲ့ကောင်ပဲ။ အရင်အဟောင်းနဲ့က စာရေးလို့အဆင်မပြေတော့ဘူး။ မျက်နှာပြင်ကအရမ်းသေးပြီး စာရေးနေရင်းလည်း ရပ်ရပ်သွားတယ် အင်တာနက်ပေါ်မှာတစ်ခုခုကိုရှာရင်လည်း စက္ကန့်နှစ်ဆယ်လောက်က အဝိုင်းလည်နေသေးတယ်။”

စက္ကူဖာထဲမှ ငွေရောင်တောက်တောက်လက်တော့တစ်လုံး ထွက်လာသည်။ ဒါက ၁၇ လက်မ မျက်နှာပြင်ရှိပြီး ဆုဂန်ဝိုရဲ့ လက်တော့အဟောင်းထက်ပိုကြီးသည်။ ဂျယ်ဂန်း စက်အသစ်ကို ကြိုးတပ်လိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

“ဒါကိုမြင်လားရီခါ? စက်ပွင့်ဖို့တောင် ငါးစက္ကန့်ပဲကြာတယ်။ ခနလောက် ဖြတ်ခနဲလင်းပြီး ချက်ချင်း စက်ပွင့်လာတာ တကယ်ကို နောက်ဆုံးပေါ်နည်းပညာပဲ”

“မြောင်?”

“၁၈၀၀ ဒေါ်လာနဲ့အတော်တန်တယ်။ ငါကုန်သွားတဲ့ပိုက်ဆံကို တစ်ရက်အတွင်းပြန်ရှာလို့ရတယ်။ ဒါက လက်တော့အသစ်ရဲ့ စတင်မယ့်ခရီးပဲ”

ဂျယ်ဂန်း စာရေးသောဆော့ဝဲလ်ကို ဒေါင်းလုတ်ချလိုက်သည်။ ထို့နောက် ဆုဟီးဆီမှ ဇာတ်ကောင်ဒီဇိုင်းကိုဖွင့်ကြည့်လိုက်သည်။ ဒါက အိုဆူမင်းလို့ခေါ်တဲ့ ဂိမ်းထဲကကောင်မလေးအတွက် ဂိမ်းလမ်းကြောင်းဖြစ်သည်။

“အာ, ငါဒါမျိုးမရေးရတာကြာလို့လားမသိဘူး သိပ်ခံစားချက်ကောင်းမနေဘူး”

ယခုအတောအတွင်းမှာ သူပထမဆုံးအနေဖြင့် တွေးရခက်နေသည်။

ဒါက အဓိကဇာတ်ကောင်နှင့် အိုဆူမင်တို့ ပထမဆုံးတွေ့ဆုံသည့်အခန်းဖြစ်သည်။ ဒီဇာတ်ခန်းကို မိန်းကလေးအမြင်ဘက်မှ ဇာတ်တည်ထားသောကြောင့် သူ့အနေဖြင့် ဝင်ပြီးမခံစားတတ်ဖြစ်နေသည်။ ဒါကတကယ်တွေးဖို့ခက်သည်။

ဂျယ်ဂန်းသူတွေးမိသည်ကို တိုးတိုးလေးရွတ်ကြည့်ရင်း ချရေးလိုက်သည်။

“ဟမ်, အားး, ကျွန်မတောင်းပန်ပါတယ်။ အာ, တကယ်ကိုခန့်တာပဲ? နင်နာသွားသေးလား? ဝိုး ဒါကနင့်ရဲ့ကားလား? နင့်ရဲ့ကားကအရမ်းမိုက်တယ်။ ငါဝင်တိုက်မိလိုက်တာခြေထောက်နာသွားတယ်, နင်ငါ့ကို အိမ်ပြန်ပို့ပေးနိုင်မလား? အာာာ, မဟုတ်သေးဘူး… ဒါကမဟုတ်သေးဘူး”

သူရေးထားသည်ကို ဒေါသတကြီးပြန်ဖျက်လိုက်သည်။

သူအရင်က အချစ်ဝတ္ထုတွေမရေးဘူး၍ဖြစ်မည် သူ့အနေဖြင့်ရေးရတာအတော်ခက်နေသည်။ ဒါက ဆုဂန်ဝိုရဲ့ အရည်အချင်းတွေနဲ့တောင် ကူညီနိုင်သောအရာမဟုတ်ပေ။ အဓိကပြဿနာက ခံစားချက်ဖြစ်သည်။

ကလစ်, ကလစ်, ကလစ်ကလစ်!

နှစ်နာရီလောက်စာရိုက်လိုက်ရသည်။

‘ဒါကဘာကြီးလည်း?”

ဂျယ်ဂန်းလက်များကီးဘုတ်မှဖယ်လိုက်ပြီး ခေါင်းခါလိုက်သည်။

ဒါကတကယ်ကိုထူးဆန်းသည်။ ကီးဘုတ်မှ စာလုံးများတွင်ပြဿနာတစ်ခုမှမရှိပါ။ သို့သော် သူ့ကီးဘုတ်ရိုက်တဲ့အလျင်က သူ့စိတ်အလျင်ကို မလိုက်နိုင်သလိုခံစားနေရသည်။

‘ငါနှစ်နာရီဆက်တိုက် စာရိုက်နေတာတောင် ဒီလောက်ပဲပြီးသေးတာလား?’

ဂျယ်ဂန်း စာရေးဆော့ဝဲလ်၏ အချက်လက်ပြဇယားကိုကြည့်လိုက်သည်။ သူစာလုံးရေငါးထောင်သာရေးထားသည်။ ဒါကိုမြင်တော့ သူ့မျက်နှာတင်းမာသွားသည်။

‘ဘာမှားနေတာလည်း…?’

တစ်နာရီကို စာလုံးရေတစ်သောင်းရေးနိုင်ရင်သည်က မဖြစ်နိုင်သောအရာဖြစ်သည်။ သူ့အနေဖြင့် ဒီစာရိုက်နိုင်သောအလျင်နှုန်းကြောင့် သူမကို စာမူကြမ်းညနေပို့လိုက်မည်ဟုပြောထားပြီးဖြစ်သည်။

‘ကြည့်ရတာ စာရိုက်နေကျစက်မဟုတ်လို့ထင်တယ် ဆက်ပြီးရေးကြည့်ရအောင်’

ဂျယ်ဂန်း စိတ်ရှည်ရှည်ထားပြီး စာဆက်ရိုက်သည်။

မိနစ်သုံးဆယ်ကြာပြီးနောက် ဂျယ်ဂန်းထိုင်ခုံမှာထိုင်နေရင်း အခြေအနေကိုသတိထားမိသွားသည်။ သူအနေဖြင့် စာရေးဆော့ဝဲလ်၏အချက်အလက်ပြဇယားကိုမကြည့်ပဲနှင့်တောင် အရင်က တစ်နာရီ စာလုံးတစ်သောင်းရေးနိုင်သော လက်ရည်မရှိတော့တာနားလည်လိုက်သည်။

‘ဘာလဲ, ဒါက…?”

ယခုအခြေအနေဖြင့်ဆို သူပြောခဲ့သည့်အတိုင်း သုံးနာရီမတိုင်ခင် စာကြမ်းဖိုင်ကို အပြီးသတ်နိုင်မည်မဟုတ်ပါ။ ဂျယ်ဂန်းထိုသို့တွေးမိပြီး လန့်သွားသည်။

‘ငါ..ငါ အရည်ချင်းတွေပျောက်သွားပြီလား?’

မိန်းကလေးဇာတ်ကောင်ရဲ့ စာသားတွေကနေ တစ်နာရီကို စာလုံးရေတစ်သောင်းရေးနိုင်သောလက်ရည်အထိ ပျောက်ဆုံးသွားခြင်းက ဆုဂန်ဝို၏ စွမ်းဆောင်ရည်များပျောက်ဆုံးသွားသောကြောင့်လည်းဖြစ်နိုင်သည်။ ထိုအတွေးက ဂျယ်ဂန်းကို တုန်လှုပ်သွားစေသည်။ အတိတ်က လိုမျိုး သူပြန်ဖြစ်သွားနိုင်သည်ကိုတွေးမိလိုက်သည်ကပင် တကယ်ကို အိမ်မက်ဆိုးဖြစ်သည်။

ဘီးးး!

ဂျယ်ဂန်းဖုန်းသံမြည်လာသည်။ ဆိုမီ၏နာမည်က ဖုန်းမျက်နှာပြင်တွင်ပေါ်လာသည်။

“ဟ-ဟယ်လို”

-ဟေး, အလုပ်ရှုပ်နေလား, ကျွန်မအိမ်ရှေ့ရောက်နေပြီ

“မဟုတ်ဘူး အဆင်ပြေပါတယ် ဝင်ခဲ့ပါ ကျွန်တော်တံခါးဖွင့်လိုက်မယ်”

-ကောင်းပြီ

ဂျယ်ဂန်း၏ပူပင်မှုများနှင့်ဆန့်ကျင်ဘက် ဆိုမီ၏အသံက တက်ကြွနေသည်။ ဂျယ်ဂန်းသူ့ကိုယ်သူအားတင်းလိုက်ပြီး အရှေ့တံခါးသို့သွားကာ ဖွင့်ပေးလိုက်သည်။ ဆိုမီက ကြယ်ပွင့်စာပေတံဆိပ်ဖြင့်ဖော့ဗူးကြီးကို အခန်းထဲသို့မနိုင်မနင်း သယ်ပြီးဝင်လာသည်။

ဂျယ်ဂန်းအမြန်သွားလိုက်ပြီး သူမဆီမှ ဗူးကိုသယ်လိုက်သည်။

“တောင်းပန်ပါတယ်, ဒါကိုငါသယ်သင့်တာကို”

“မဟုတ်ဘူး အဆင်ပြေပါတယ်။ ဒါကမလေးပါဘူး။ ကျေးဇူးပါဆရာ”

ဆိုမီအိမ်ခန်းကိုတစ်ချက်ကြည့်လိုက်သည်။ ဂျယ်ဂန်းကသူမကို အမြန်ပြောလိုက်သည်။

“ဝင်ခဲ့ပါ။ ငါမင်းအတွက်ကော်ဖီလုပ်လိုက်မယ်”

“မဟုတ်တာ ရပါတယ်, မင်းအလုပ်ရှုပ်နေဦးမယ်”

“ငါဘယ်လိုလုပ် ဧည့်မခံလို့ရမှာလည်း မငြင်းပါနဲ့ ဝင်ခဲ့ပါ”

ဂျယ်ဂန်းထပ်ပြောလိုက်သည်။ သူ ဆိုမီနှင့်စကားပြောရင်းဖြင့် အားတွေပြန်ပြည့်လာသလိုခံစားနေရသည်။လက်ရှိစိတ်ဓါတ်များကျနေသည်မှာ သူတစ်ယောက်တည်းအချိန်တော်ကြာ အပြင်သို့မထွက်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“ဒါဆို ကျွန်မကို ဝင်ခွင့်ပြုပါ”

ဆိုမီဖိနပ်ချွန်လိုက်ပြီး ဝင်လာသည်။

ထိုအချိန်တွင်။

ဆိုမီကော ဂျယ်ဂန်းပါ ရီခါ့၏နားရွက်များပုံမှန်နှင့်မတူပဲတောက်ပနေသည်ကို သတိမထားလိုက်မိကြပါ။ မျက်လုံးတစ်ဘက်တွင် ဂျယ်ဂန်း၏ပုံရိပ်ရှိပြီး အခြားတစ်ဘက်တွင်ဆိုမီ၏ပုံရိပ်ရှိနေသည်။ သူတို့နှစ်ယောက်၏ ပုံရိပ်များက သူမ၏မျက်လုံးထဲတွင် ပုံရိပ်ထင်နေသည်။

All Chapters