← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

“ဒီမှာထိုင်ပါဦး”

“ကျေးဇူးပါ”

သူမဆိုဖာအပေါ်တွင် ခြေထောက်ချိတ်ထိုင်လိုက်သည်။ သူမကျောပိုးအိတ်မချွတ်သေးတာကိုမြင်၍ ဂျယ်ဂန်းပြောလိုက်သည်။

“မင်းကျောပိုးအိတ်ကိုချွတ်ပြီး အေးဆေးနားလို့ရတယ်”

“အာ, ဟုတ် ဟုတ်”

“ကော်ဖီအေးသောက်မလား?”

“အဆင်ပြေရင် တစ်ခွက်လောက်”

ရီခါ ဆိုမီပေါ်သို့ခုန်တက်လိုက်သည့် အချိန်မှသာရီခါ့ကိုသတိထားမိသွားပြီး ပုံစံပြောင်းထိုင်ကာ ပြုံးလိုက်သည်။

“ဟေး, မင်းကတကယ်ချစ်စရာလေးပဲ။ နာမည်ဘယ်လိုခေါ်လည်း?”

“ရီခါ . “

“အမ်, နာမည်ကရီခါတဲ့လား, အတော်လေးချစ်ဖို့ကောင်းတာပဲ ဒါပေမယ်ကျွန်မ ရှင့်ကိုစကားပြောနေတာမဟုတ်ဘူး, ရီခါ့ကိုပြောနေတာ…”

“ငါသိပါတယ် . “

ဂျယ်ဂန်းရယ်လိုက်သည်။

ဆိုမီ ရီခါ့ကို ပွတ်နေရင်း ပြုံးလိုက်သည်။ ရီခါက ဆိုမီ့ခြေထောက်နားသွားတာ လဲချရင်း လက်ဖြင့်ပွတ်သပ်ကာ အစွမ်းကုန်ချစ်ဖို့ကောင်းအောင်လုပ်နေသည်။

‘သူမက သူနဲ့ပိုအဆင်ပြေတာပဲ’

ဂျယ်ဂန်းကော်ဖီထည့်နေရင်း ရီခါ့ကိုကြည့်လိုက်သည်။ ရီခါက ဆုဟီးထက် ဆိုမီနှင့်ပိုပြီးပနံသင့်နေသည်။ အရင်က တစ်ယောက်နှင့်တစ်ယောက်သိဖူးသလိုပင်။

“ဒီမှာ . “

“ကျေးဇူးပါ . “

ဂျယ်ဂန်း ကော်ဖီခွက်ကို ဆိုမီဆီသို့ပေးပြီးနောက် လက်တော့ရှေ့ပြန်သွားကာထိုင်ချလိုက်သည်။

ဆိုမီရဲ့ အိမ်လည်ရောက်လာခြင်းကြောင့် ဂျယ်ဂန်းစာရိုက်ရတာ ပိုပြီးအဆင်ပြေသလို ခံစားလိုက်ရသည်။

‘ငါ့ရဲ့ စကေးတွေပျောက်ကွယ်သွားတာမဟုတ်ဘူးပဲ’

ဂျယ်ဂန်း အခုလေးတင် ပြီးစီးသွားသော စာလုံးအရေအတွက်ကိုစစ်ကြည့်လိုက်သည်။

ဆုဂန်ဝိုရဲ့ စကေးတွေက သူ့ခေါင်းထဲတွင် တွယ်ငြိနေဆဲဖြစ်သည်။ ဒါကို သူအခုလေးတင်ရေးထားတာကို ကြည့်ပြီးပြောနိုင်သည်။

ဒါဆိုရင် သူဘာကြောင့်များ မိန်းကလေးအတွက် စကားပြောခန်းရေးလို့အဆင်မပြေတာလည်း?

နောက်ဆုံးတော့ သူသိသွားပြီဖြစ်သည်။ သူ့အနေဖြင့် မိန်းကလေးများ၏ စိတ်ထားရှုထောင့်ကိုသေချာမသိသောကြောင့်ဖြစ်သည်။

‘ဆရာ … ခင်ဗျား ချိန်းတွေ့ဖူးတဲ့အတွေ့အကြုံတစ်ခါမှမရှိဘူးလား?’

ဂျယ်ဂန်းခံစားချက်တွေမကြောင်းသဖြင့် တိတ်တဆိတ် စိတ်ထဲတွင် ဆုဂန်ဝိုကို မေးလိုက်သည်။

မိန်းကလေးတစ်ယောက်၏ ရှုထောင့်မှရေးရခြင်းကအလွန်ပင် ခက်ခဲသလိုခံစားရသည်။ သူသာ ဒီလိုဖြစ်မည်ကိုကြိုသိလျင် အရင်တည်းက အချစ်ဝတ္ထုများရေးသားချင်းကို ကျင့်ခဲ့မည်ဖြစ်သည်။

ဂျယ်ဂန်း ကြမ်းပြင်ကို နောင်တမျက်လုံးများဖြင့် ကြည့်ရင်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ အခုဆိုသူ့တွင် တစ်နာရီကို စာလုံးရေ ၁၀၀၀၀ ရေးနိုင်စွမ်းငုပ်လျိုးသွားပြီဖြစ်သည်။ တကယ့်ကို ဆုံးရှုံးမှုကြီးပဲ။

“မြောင် . “

“ရီခါ ဘယ်သွားနေတာလည်း?”

ရီခါ ဆိုမီ့ပေါင်ပေါ်မှခုန်ဆင်းပြီး သူ့ကြောင်အိမ်ထဲသို့ ပြန်သွားသည်။

ကြောင်အိမ်ထဲတွင်ဇိမ်ကျကျထိုင်နေသော ရီခါ့မျက်လုံးထဲတွင် ဂျယ်ဂန်းနှင့် ဆိုမီတို့၏ ပုံရိပ်က ပိုပိုပြီး ပြတ်သားလာသည်။

“ဘာလဲ…?”

ဂျယ်ဂန်း ရုတ်တရက် လက်သီးများဆုပ်မိသွားသည်။

ခံစားချက်တစ်ခုက သူ၏ဦးနှောက်မှတစ်ဆင့် တစ်ကိုယ်လုံးကိုပြန့်နှံ့လာသည်။

ထိုခံစားချက်က မျဉ်းတစ်ကြောင်းလို့ပြီး နှလုံးသားကိုဖြတ်ကျော်သွားသည်။

“ဒါ- ဒါ က …”

“..ဆရာဟာ? ဘာဖြစ်တာလည်း? ခေါင်းကိုက်လို့လား?”

“မဟုတ်ဘူး ခဏ”

ဂျယ်ဂန်းလက်ဖဝါးတစ်ဖက်ကို နှဖူးတွင်ထိထားရင် ကျန်တစ်ဖက်ဖြင့် ဆိုမီ့အား လက်ပြကာ တားလိုက်သည်။ ထိုင်ရာမှ ထရန်ပြင်နေသောဆိုမီ့ကို ပြန်ထိုင်စေလိုက်သည်။

‘ဘာလား? ဒီပျော်ရွင်ပြီး တက်ကြွနေတဲ့ခံစားချက်ကြီးက? ဒါကငါမဟုတ်ဘူး ဒါကငါ့ခံစားချက်တွေမဟုတ်ဘူး’

ယခုခံစားချက်ကို အရောင်ဖြင့်ဖော်ပြရမည်ဆိုလျင် ပန်းနုရောင်ဖြစ်ပြီး နွေဦးအကုန်မှ နွေရာသီ အပြောင်းအလဲကာလ ခံစားချက်များနှင့်ဆင်တူသည်။

မိန်းကလေးတစ်ယောက်ကဲ့သို့ ခံစားချက်များနှင့် အမှုအကျင့်များက သူဦးနှောက်၏ တစ်စိတ်တစ်ပိုင်းတွင် ပိုပိုပြီး ပီသလာနေသည်။

“မြောင် . “

ရီခါ၏အော်သံကြောင့် ဂျယ်ဂန်းလှည့်ကြည့်လိုက်သည်။

ဂျယ်ဂန်း၏မျက်နှာကြွက်သားများ အေးခဲသွားသည်။

ဆိုမီ၏ခံစားချက်များက ရီခါ့ဆီမှတစ်ဆင့် သူ့ထံတွင် ပေါ်လာပုံရသည်။ ဒါက တကယ်ကို ဖော်မပြနိုင်တဲ့ ဆန်းကြယ်မှုတစ်ခုပဲ။

‘ဒါဆို… ဒါကဆိုမီ့ရဲ့အတွင်းစိတ်လား?’

ဂျယ်ဂန်းအသက်ရှုမြန်သွားသည်။

နှလုံးခုန်နှုန်းကပုံမှန်ဖြင့်မတူ, ပင်ပေါင်ဘောလုံးကို မြေကြီးနှင့် အားထည့်ရိုက်လိုက်သကဲ့သို့ အပြင်းအထန်ခုန်နေသည်။

ဒါက ဆိုမီ ရီခါ့ကို ကြည့်လိုက်တုန်းက ခံစားလိုက်ရတဲ့ခံစားချက်ဖြစ်သည်။ ယခု မဖော်ပြနိုင်သော ဆန်းကြယ်ဖြစ်ရပ်ကြောင့် ဂျယ်ဂန်း၏စိတ်အလျင်က အေးခဲနေသည်။

“ဆရာဟာ, ရှင်အဆင်ပြေရဲ့လား? ခေါင်းထိုးကိုက်နေတာမလား? ဆရာ့မှာ သောက်ဆေးမရှိဘူးဆို ကျွန်မ…”

“မဟုတ်ဘူး, ကျွန်တော်အဆင်ပြေပါတယ်”

သူ၏ပုံစံကို နဂိုအတိုင်းပြန်ထိန်းလိုက်ပြီး လက်တော့ဆီသို့ပြန်လှည့်လိုက်သည်။

သူ့အနေဖြင့် လက်ရှိရရှိလိုက်သောအရာကို စမ်းသပ်ကြည့်ရမည်ဖြစ်သည်။ အစောက သူဘာတစ်ခုမှမရေးသားနိုင်ခဲ့သော မိန်းကလေးဇာတ်ကောင် အိုဆူမင်အတွက် စကားပြောခန်းများကိုစရေးသားလိုက်သည်။

‘ဒါကဘယ်လိုဖြစ်နိုင်မှာလည်း?’

ယင်းစကားက သူ့စာကြောင်းတစ်ကြောင်းအဆုံးသတ်လိုက်ပြီးနောက် ရရှိသော ခံစားချက်ဖြစ်သည်။

စာသားများက ခေါက်ဆွဲကိုစားရသလိုကို ချောချောမွေ့မွေ့လက်များကြားမှထွက်လာသည်။ အစောကကဲ့သို့ ဇာတ်ကောင်အတွက်ရေးသားနေစဉ်ခံစားနေရသော ရှက်ရွံ့မှုများကလည်း အစအနမကျန် ကွယ်ပြောက်သွားသည်။

“ဆိုမီ, ဒီလိုမမေးသင့်ပေမယ် မင်းအသက်ဘယ်လောက်လည်းမေးလို့ရမလား?”

ဂျယ်ဂန်း လက်တော့မျက်နှာပြင်မှအကြည့်မလွဲပဲ မေးလိုက်သည်။

မမျော်လင့်ထားသောမေးခွန်းကြောင့် ဆိုမီစိတ်ရှုပ်သွားသော်လည်း သူမပြန်ဖြေလိုက်သည်။

“ကျွန်မအခု ၂၂ နှစ်ပါ”

“မင်းကျောင်းပြီးပြီးချင်း အလုပ်ဝင်လုပ်တာပဲ”

“ဟုတ်ကဲ့ ကျောင်းမပြီးခင်တုန်းတည်းက အလုပ်လျောက်ထားခဲ့တာလေ ပြီးတော့ ကျွန်မ ကံကောင်းသွားတယ်”

ဂျယ်ဂန်း မီးတောက်မျက်လုံးများဖြင့် ကီးဘုတ်ကို အရှိန်ပြည့်ရိုက်နေသည်။

အိုဆူမင် အတွက် စကားပြောများက လက်တော့မျက်နှာပြင်ထက်တွင်ပြည့်နှက်နေသည်။

စာများရေးသားနေသည်ထက် လက်ရှိတွင်သူက ဆိုမီဟုခေါ်သော ရွှေတွင်းကြီးဆီမှ ရွှေများတူးထုတ် နေသလိုခံစားနေရသည်။ ဂိမ်းဇာတ်ကောင် အိုဆူမင်က တစ်ဖြည်းဖြည်းနှင့် အယ်ဒီတာ ဂျောင်ဆိုမီ၏ အမှုအကျင့်များဖြင့် အစားထိုးခံနေရသည်။

“အို့..”

ဂျယ်ဂန်းနားရွက်များတွန့်သွားသည်။

ဆိုမီ့ထံမှ အလွန်တိုးလျသော သက်ပြင်းချသံတစ်ခုကိုကြားလိုက်ရသည်။

သူအနည်းငယ်စောင်းငဲ့ကြည့်လိုက်သည်။ ဆိုမီက ဒူးကိုအနည်းငယ်မြောင်ထားပြီး ခြေချောင်းများကိုမွတ်နေသည်။

ထိုအချိန်မှသာ အခန်းထဲတွင် လေပူများသာပြည့်နေကြောင်းဂျယ်ဂန်းသဘောပေါက်သွားသည်။ ဖိနပ်ချွတ်ထားသော ဆိုမီ့၏ခြေထောက်နေရာတွင်ရှိသော ခြေအိတ်များက ချွေးများဖြင့်စိုနေသည်။

“အာ, ဆောရီး မေ့နေတာ”

ဂျယ်ဂန်းမတ်တပ်ရပ်လိုက်ပြီး အဲကွန်းကိုဖွင့်လိုက်သည်။ ဂျယ်ဂန်းပြတင်းပေါက်တံခါးများပိတ်နေစဉ် ဆိုမီကပြောလိုက်သည်။

“မဟုတ်တာ စာရေးဆရာဟာ ကျွန်မမပူပါဘူး။ ရှင့်အနေနဲ့ အဲ့ကွန်းကိုကျွန်မအတွက်ဖွင့်ပေးဖို့ မလိုပါဘူး ဆရာဟာ, ပြီးတော့ ကျွန်မအခုပဲပြန်တော့မလို့ပါ။”

ဂျယ်ဂန်းပြတင်းပေါက်ကိုပိတ်ရင်းတန်းလန်း ဘာမှမတတ်နိုင်သောအကြည့်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။

ဆိုမီက ကျောပိုးအိတ်ကို သူမ၏ကျောတွင်ပြန်လွယ်ပြီးဖြစ်သည်။

“မင်းပြန်တော့မလို့လား?”

“အင်း, မင်းအလုပ်လုပ်နေတာကို အနှောင့်အယှက်ပေးလိုက်မိတာဆောရီးပါ။ ကော်ဖီအတွက်လည်းကျေးဇူးတင်ပါတယ်။”

ဆိုမီခါးကုန်းလိုက်ပြီး အရိုအသေပေးလိုက်သည်။ သူမရှိနေခြင်းက အနှောင့်ယှက်ပေးခြင်းမဟုတ်ပဲ စာရေးဆရာတစ်ယောက်ကို ကယ်တင်နေသည်ကို သူမ မသိပါ။

“ကျွန်မဘေစင်ကိုသုံးလို့ရမလားခွက်ကို ပြန်ဆေးပေးခဲ့ပါ့မယ်”

“ဆိုမီ ခဏ”

ဂျယ်ဂန်း စကားပြောရန်အလျင်လိုနေသော်လည်း မည်သို့ပြောရမှန်းမသိပါ။

သူ့အနေ့ဖြင့် ဆိုမီ့ကို မပြန်စေချင်သေးပါ။ သူ့အနေဖြင့် အိုဆူမင်၏ စကားပြောခန်းများရေးသားခြင်းကို အပြီးသတ်ပြီးသည်အထိ သူမကို အနားတွင်ရှိရန်လိုအပ်သည်။

“ဒါကအဆင်ပြေပါတယ်။ ကျွန်မ ခွက်ကိုပြန်ဆေးပေးပါ့မယ်”

“ဒါက ခွက်အကြာင်းမဟုတ်ဘူး”

“အမ်..ဒါဆို?”

ဆိုမီ ဘေစင်ကိုကျောပေးလိုက်ပြီး ဂျယ်ဂန်းကိုပြန်လှည့်ကြည့်လိုက်သည်။

ဂယ်ဂန်း ခေါင်းကိုအလုပ်ပေးလိုက်ပြီး သူလိုချင်သောပုံစံကို စကားမမှားပဲ မည်သို့ပြောရမလည်းတွေးနေသည်။

ဘီ!

သူ့အိတ်ကပ်ထဲမှ ဖုန်းတစ်ချက်မြည်သွားသည်။

ဒါက ဆုဟီးဆီမှမက်ဆေ့ဖြစ်သည်။

သူအလုပ်လုပ်ရတာအဆင်ပြေလားလှမ်းမေးထားခြင်းဖြစ်သော်လည်း မက်ဆေ့၏ဆိုလိုရင်းကို ဂျယ်ဂန်းနားလည်သည်။ ဒီစာသားအနည်းငယ်က ဆုဟီး၏ အလွန် အလျင်လိုနေသော ခံစားချက်ဖြင့် ထင်ဟပ်နေသည်။

ဂျယ်ဂန်းဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ပြီးနောက် ဆိုမီကိုပြန်ကြည့်လိုက်သည်။

ဆိုမီသည် သူ့ဆီမှစကားကိုစောင့်ဆိုင်းနေဆဲဖြစ်သည်။

ဂျယ်ဂန်း၏ ပါးစပ်မှ သူစဉ်းစားထားသော စကားလုံးများက ဝါကျတစ်ခုအနေဖြင့် ပြောလိုက်သည်။

“ဆိုမီ, မင်းငါ့ကို ဆီသွပ်ဗူးလုပ်ပေးနိုင်မလား?”

All Chapters