← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

“ဆီသွပ်ဗူး?”

ဆိုမီ မျက်မှောင်ကျုတ်လိုက်ပြီး ဂျယ်ဂန်းကို ထူးဆန်းသလိုကြည့်လိုက်သည်။

ဂျယ်ဂန်းအခုလေးတင်ပြောလိုက်သောစကားက အဓိပ္ပါယ်မရှိပါ။

“စာရေးဆရာတစ်ယောက်ရဲ့ ဆီသွပ်ဗူးဆိုတဲ့ စကားအသုံးနှုန်းကိုသိတယ်မလား?”

ဂျယ်ဂန်းအကြည့်ဖြင့်သာပြန်ဖြေလိုက်သည်။

တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း ဆိုမီ ညစာစားပွဲတုန်းကပြောခဲ့သော ဆီသွပ်ဗူး ဆိုတဲ့ အဓိပ္ပါယ်ကိုပြန်တွေးလိုက်သည်။

“ရှင်ပြောချင်တာ အဲ့ဒီ့ ဆီသွပ်ဗူးဆိုတာလား?”

အခုမှ လုပ်ငန်းခွင်ကိုဝင်လာသူဆိုမီတောင် ဆီသွပ်ဗူးရဲ့အဓိပ္ပါယ်ကိုသိသည်။

ဆီသွပ်ဗူးဆိုတာက စာရေးဆရာတစ်ယောက်ကို အခန်းထဲပိတ်ထားပြီး တစ်နေ့တာ သတ်မှတ်စာလုံးရေ ပြည့်မှီအောင် ရေးနိုင်အောင် တွန်းအားပေးတာကိုဆိုလိုတာဖြစ်သည်။

ပုံမှန်အားဖြင့် ထိုအသုံးနှုန်းမျိုးကို စာကောင်းကောင်းမရေးနိုင်သော်လည်း စာမူအပ်ရမည့် အချိန်နီးနေသော စာရေးဆရာတစ်ယောက်ဆီမှသာ ထွက်ပေါ်လေ့ရှိသည်။

တစ်းနည်းအားဖြင့် ထိုစာရေးဆရာများက ပျင်းရိ၍ သို့မဟုတ် ကွန်းဖော့ဇုန်မှာ သာယာနေတတ်သူများဖြစ်သည်။ ပရောဂျက်များအတွက် အတွေးများသူတွေ သို့မဟုတ် ဆိုးရွားသော တုန့်ပြန်မှုများကြောင့် စိတ်ကျနေသော စာရေးဆရာများသုံးသောနည်းဖြစ်သည်။ အကြောင်းအရင်းမှာ မည်သည့်ကြောင့်ဖြစ်လည်းတော့ ခန့်မှန်းရန်မလွယ်ကူပါ။

ဂျယ်ဂန်းပွဲဦးမထွက်မှီက ထိုအသုံးနှုန်းကိုကြားတော့ ရယ်မိသေးသည်။ ဒါက သာမန်လူများလုပ်မည့်အလုပ်မဟုတ်ပေ။ ဘယ်သူကများ တစ်စုံတစ်ယောက်ကို အဲ့လိုမျိုးဖိအားပေးပြီး စာရေးခိုင်းမှာလည်း?

ဒါပေမယ့် ထိုအသုံးအနှုန်းကတကယ်ဖြစ်သည်။

ဒါက သူရဲ့ ဒုတိယစာအုပ်စီးရီးတွင်ဖြစ်သည်။

ဂျယ်ဂန်း ထိုစီးရီး၏ တတိယစာအုပ်က နှစ်လဆက်တိုက် အရောင်းလုံးဝမရှိသောကြောင့် အတော်လေးရုန်းကန်ခဲ့ရသည်။ ထိုကာလအတွင်းတွင် ထိုအချိန်က အယ်ဒီတာခေါင်းဆောင်ရာထူးသာရှိသေးသော တဲဝမ်ဆီမှ ဖုန်းကောကိုလက်ခံရရှိခဲ့သည်။

-ဆရာဟာ, အရေးအသားတွေက ကောင်းကောင်းမထွက်ဘူးဖြစ်နေတာမလား? ရာသီဥတုကလည်းကောင်းနေတာဆိုတော့ စိတ်အပြောင်းလဲလေးဖြစ်အောင် ကျွန်တော်တို့ နေ့လည်စာအတူစားကြရအောင်လေ။ သက်သောင့်သက်သာရှိအောင်ဝတ်လာခဲ့ပါ။

တဲဝမ်က သူ့ပုံမှန်လေသံအတိုင်းသာပြောသည်။

သက်သောင့်သက်သာရှိသော အဝတ်အစားများ ဝတ်ဆင်လာခိုင်းခြင်းက အတန်ငယ် ထူးဆန်းသော်လည်း ဂျယ်ဂန်းသိပ်ပြီးအာရုံမစိုက်မိပဲ ချိန်းထားသောနေရာသို့သာ ထွက်လာခဲ့သည်။ သူ တဲဝမ်၏ကားထဲသို့ရောက်သည်နှင့် ကားက ထုတ်ဝေသူများ၏ရုံးခန်းသို့မောင်းသွားကာ ထိုနေရာတွင် နေ့လည်စာကို ကြက်ဥထမင်းကြော်စားကြသည်။

“ခေါင်မိုးမှာ ဆေးလိပ်သွားသောက်ကြရအောင်”

ဂျယ်ဂန်းစားပြီးနောက် တဲဝမ်ပြောလိုက်သည်။ သူက အိမ်ပြန်ရန်မပြောပဲ ဆေးလိပ်သောက်ပြီးနောက် ရုံးခန်းသို့ပြန်လာရန်သာပြောသည်။

ဂျယ်ဂန်းထူးဆန်းသလိုခံစားလိုက်ရပြီး ရုံးခန်း၏ထောင့်မှမြင်ကွင်းတစ်ခုကို မြင်လိုက်သည်။

ထိုအရာက ရှည်မြောမြောစတုဂံပုံအခန်းတစ်ခုဖြစ်သည်။

အခန်းထဲတွင် ကွန်ပျူတာတစ်လုံး, စားပွဲတစ်ခုနှင့် အိပ်ယာကုတင်အသေးလေး တို့သာပါရှိသည်။ အခန်းနံရံများကို မှန်များဖြင့်ကာထားပြီး အပြင်မှအတွင်းသို့မြင်နေရသည်။

ထိုအခန်းကို ဆီသွပ်ဗူးအကျဉ်းခန်းဟုခေါ်သည်။

ထိုအချိန်မှသာ ဂျယ်ဂန်းလက်တွေ့သဘောပေါက်သွားသည်။

ဂျယ်ဂန်းအခန်းထဲတွင် ထိုနေမှစပြီး တစ်ပတ်နေလိုက်ရသည်။

တစ်နေ့တာအတွက် သုံးနပ်ကို အစားအစာလာပို့ပေးသော အယ်ဒီတာကသာ တာဝန်ယူပေးသည်။ အစားသောက်လာပို့ပေးသူထွက်သွားလျင် သူအများသုံးသန့်စင်ခန်းသို့သွားကာ အခန်းတံကားပိတ်ပြီး ရေပိုက်တပ်ကာ ထိုနေရာတွင်သာရေချိုးရသည်။

သူ၏ အိပ်ချိန်နှင့် စားချိန်မှလွဲ၍ အချိန်တိုင်းကိုစာရေးသားရသည်။ ထိုအခန်းမှထွက်ခွာရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ ပရောဂျက်ကို အပြီးသတ်ရန်သာဖြစ်သည် ထို့ကြောင့် သူအစွမ်းကုန် ထုတ်သုံးရသည်။

ထိုမှသာ ဂျယ်ဂန်း သဘောပေါက်သွားသည်။

ကျပ်တည်းတဲ့အခြေအနေတွေမှာဆိုရင် စကားလုံးများကထွက်ပေါ်လာသည်။

သူစာရေးသားမနေလျင် ထိုဝန်ထမ်းများ၏ အကြည့်များကို မခံစားနိုင်ပါ။ သူစကားလုံးများ စဉ်းစားမရတော့လျင် သတိဆွဲရပ်လိုက်ပြီး နိုင်ငံတော်သီချင်းကို ပထမအပိုဒ်မှ စတုတ္ထအပိုဒ်ထိဆိုလိုက်သည်။ ထိုသို့ဖြင့် ဂျယ်ဂန်းတစ်ပတ်အတွင်းအပြီးသတ်ပြီး အိမ်သို့ ပြန်နိုင်ခဲ့သည်။

“ငါစာရေးဖို့အလျင်လိုနေတယ်။ စာရေးဆရာတစ်ယောက်က သူ့ကို ဆီသွပ်ဗူးဆိုမျိုးလုပ်ပေးဖို့ တောင်းဆိုတာ ကြောင်တောင်တောင်နိုင်ပေမယ့် မင်းငါ့အနားမှာရှိရင် စာရေးဖို့ကောင်းကောင်းတွေးနိုင်တယ်လို့ ခံစားရတယ်”

ဂျယ်ဂန်း ဆိုမီကိုတားထားရင်း ထိုစကားများကိုပြောလိုက်သည်။

သူတွေးနိုင်သမျှ အကောင်းဆုံးဖြေရှင်းရန်စကားက ထိုအရာများသာဖြစ်သည်။

ရီခါမှ တစ်ဆင့် သူမ၏ အတွင်းစရိုက်များက သူ့ဆီသို့ စီးဆင်းနေတာဖြစ်သည်။ အကယ်၍ သူမပြန်သွားလျင် သူ့အနေဖြင့် အိုဆူမင်၏ စကားပြောသော ဇာတ်ကြောင်းများကို အပြီးသတ်နိုင်မည် မဟုတ်ပါ။

“မင်းနားလည်နိုင်မလား?”

“ဟု-ဟုတ် စာရေးဆရာဟာ….ကျွန်မနားလည်ပါတယ်”

ဆိုမီစိတ်ရှုပ်ထွေးနေပြီးနှုတ်ခမ်းကို အနည်းငယ်ကိုက်လိုက်သည်။

ဂျယ်ဂန်း နှလုံးခုန်များမြန်နေရင်းဖြင့်ပင် ဆက်ပြောလိုက်သည်။

“ကျွန်တော် မင်းကို အကြာကြီးမနေခိုင်းပါဘူး။ မင်းရဲ့ လက်ကျန်အချိန်ထိပဲနေပေးပါ။ ကျွန်တော် စာမြန်မြန်ရေးနိုင်ဖို့အတွက် အယ်ဒီတာတစ်ယောက်အနားမှာ ရှိဖို့လိုတယ်လို့ခံစားရလို့ပါ။ ကျေးဇူးပြုပြီး”

“ဒါပေမယ့် ဆရာ့ရဲ့ အဆင့်စီးရီးတွေက မြန်တယ်လေ”

“တကယ်က အရင်တည်းကကြိုရေးထားတာတွေပါ”

ဂျယ်ဂန်းသူမကို ထိုအကြောင်းစကားစဖြတ်လိုက်သည်။

ဆိုမီသူမ၏ခြေထောက်ကိုသာငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏ဖုန်းကို ထုတ်ကြည့်ကာ ဂျယ်ဂန်းကို ပြန်မော့ကြည့်လိုက်သည်။

“နှစ်နာရီ သုံးနာရီလောက်..”

“တကယ်ကြီး?”

ဂျယ်ဂန်းအံ့ဩသွားသည်။ ဒါက သူထင်ထားတာထက် ပိုပြီးကြာသည်။ ဆိုမီခေါင်းညိတ်ပြီး ကိုးရို့ကားယားပြန်ပြုံးပြလိုက်သည်။

“အလုပ်ကိုစောပြီးအောင်လုပ်ထားတာမလို့ ကျွန်မမှာအချိန်ရှိပါတယ်။ ရုံးကိုပြန်ဖို့မလိုတော့ဘူး ဒါကြောင့် ကော်ဖီဆိုင်ကိုသွားပြီး တည်းဖြတ်တာကို လုပ်မလို့စဉ်းစားနေတာ”

“ဒီမှာလုပ်လို့ရတယ်, ဝိုင်ဖိုင်လိုင်းကအတော်မိုက်တာ”

“ကျွန်မကိုခွင့်ပြုပါဦး”

“ဒါပေါ့, ဒီစားပွဲကိုလည်းသုံးလို့ရတယ်, ကိုလာ, အချိုရည်, ကွတ်ကီး တွေကတော့ရေခဲသေတ္တာထဲမှာ မင်းယူစားလို့ရတယ်”

ဂျယ်ဂန်း ဆိုမီအတွက် အလုပ်နေရာအမြန်ပြင်ပေးလိုက်သည်။

ဆိုမီစားပွဲရှေ့တွင်ထိုင်လိုက်ပြီးသူမ၏ အိတ်ကိုဖွင့်လိုက်သည်။ သူမက လက်တော့ကို နေရာတိုင်းသယ်သွားပြီး ဘယ်အချိန်မဆို အလုပ်လုပ်ရန်အသင့်ဖြစ်သည်။

‘တကယ်ကို ထူးဆန်းတဲ့လူပဲ’

ဆိုမီထိုသို့တွေးလိုက်ပြီး သူမ၏လက်တော့ကိုထုတ်လိုက်သည်။

သူ့ကိုလက်ဆောင်လာပို့ပေးသော အယ်ဒီတာတစ်ယောက်ကို ဆီသွပ်ဗူးလုပ်ဖို့ အကူညီတောင်းတာ။

သူ့အနေဖြင့် အယ်ဒီတာတစ်ယောက်အနေနှင့် အလုပ်စလုပ်ခြင်းက မကြာသေးသော်လည်း ထိုသို့ကြုံတာကတော့ ယခုမှပထမဆုံးအကြိမ်ဖြစ်သည်။ ပြီးတော့ နောက်ထပ်အကြိမ်များလည်း ရှိလာမည်မထင်ပါ။

သို့သော်လည်း ထူးဆန်းစွာပဲ ရယ်ချင်နေသည်။

ဂျယ်ဂန်းလိုလူတစ်ယောက်ဆီမှ သူ့ကို ဆီသွပ်ဗူးလုပ်ပေးဖို့မေးခံရတာက သူမကို အနှောင့်အယှက်ပေးသလိုမခံစားရပါ။ သူမအရင်က ယခုကဲ့သို့သက်သောင့်သက်သာဖြစ်သော အလုပ်နေရာကိုမတွေ့ကြုံဖူးပေ။

ကလစ် ကလစ် ကလစ်ကလစ်

ဂျယ်ဂန်း စာရိုက်ရာတွင် အပြည့်အဝ အာရုံစိုက်ထားသည်။

တက်ကြွသောစာရိုက်သံများကြောင့် ဆိုမီတည်းဖြတ်ရာတွင်အားအင်အသစ်ကို ရှာဖွေတွေ့ရှိသကဲ့သို့ တက်ကြွသွားသည်။

‘ဟုတ်တယ် ဒါကအဆင်ပြေတယ် ပထမစကားပြောခန်းတော့ပြီးသွားပြီ။နောက်တစ်ခန်းက စတိုးဆိုင်မှာ တွေ့ဆုံမှုပဲ’

ဂျယ်ဂန်းဆိုမီ၏အကူအညီဖြင့် အိုဆူမင်၏ပထမစကားပြောခန်းကိုရေးလိုက်နိုင်သည်။

သူ့အနေဖြင့် တစ်နာရီကို စာလုံးရေတစ်သောင်းရေးနိုင်စွမ်းပျောက်ဆုံးသွားသော်လည်း မြန်နေသေးသည်။ စာသားများက ကွန်ပျူတာစခရင်ပေါ်တွင် အဆက်မပြတ် ပြည့်နှက်နေသည်။

ဘီးးး ဘီးးး

အိပ်ယာပေါ်တွင်တင်ထားသော ဂျယ်ဂန်း၏ဖုန်းမှ ဖုန်းသံမြည်လာသည်။

ဖုန်းက မွေ့ယာကြားထဲတွင်ဖြစ်ပြီး ဂျယ်ဂန်းကလည်း စာရေးသည်ကို အာရုံအပြည့်စိုက်ထားသောကြောင့် ဖုန်းသံကိုမကြားလိုက်ပါ။

“ဆရာဟာ, ဟိုဟာ “

“ဟုတ် ဆက်ပြောပါ”

“အယ်ဒီတာတဲဝမ် မက်ဆေ့ပို့ထားတယ်။ ကြယ်ပွင့်စာပေရဲ့ စာရေးဆရာတွေ့ဆုံပွဲကို နောက်အပတ်မှာ လုပ်မယ် ဒါကြောင့် စာရေးဆရာဟာအနေနဲ့လည်းအဲ့အချိန်ကျလာဖို့လိုမယ်”

“စာရေးဆရာတွေဆုံပွဲလား… ကောင်းပြီ”

ဂျယ်ဂန်း မစဉ်းစားတော့ပဲ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများကတော့ ဘက်တော့မျက်နှာပြင်ထက်မှ မခွာသေးပါ။

အတိတ်တွင်လည်း တဲဝမ်က သူ့ကို စာရေးဆရာများ တွေ့ဆုံပွဲအကြောင်းပြောဖူးသည်။ သို့သော် သူတစ်ခါမှ အကြောင်းမပြန်ခဲ့ပါ။ စာအုပ်များရောင်းမကောင်းသော စာရေးဆရာတစ်ယောက်ဖြစ် သောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ရောင်းအားကောင်းသော စာရေးဆရာများကြားတွင်တစ်ယောက်တည်း အရက်သာထိုင်သောက်ပြီးရင်း ထိုင်သောက်နေရမည်ဟုသာ တွေးသောကြောင့် သူတစ်ခါမှ တွေ့ဆုံပွဲမသွားခဲ့ပါ။

“ငါကျိန်းသေသွားမယ်လို့ သူ့ကိုပြောပေးပါ”

ဂျယ်ဂန်းထပ်ပြောလိုက်သည်။

ယခုအခြေအနေက လုံးဝကွာခြားနေပြီဖြစ်သည်။ လက်ရှိမှာသူက ဖျက်မြင်းတစ်ကောင်ဖြစ်သည်။ လက်ရှိသူ၏ စာအုပ်ရောင်းအားဖြင့် ထိုပွဲမျိုးကိုမတက်ရန် အကြောင်းပြချက်မရှိပါ။

“ဝိုး, ဗိုက်တောင်ဆာသွားပြီ, ဆိုမီ ဘာစားချင်လည်း?”

ဂျယ်ဂန်း ထိုင်ခုံကို ဆိုမီဘက်သို့ လှည့်လိုက်ပြီး မေးလိုက်သ်ည။ သူမနက်တည်းက ဘာမှ မစားရသေးတော့ကြောင့် ဗိုက်ဆာနေပြီဖြစ်သည်။

“အင်း ကျွန်မလည်း နည်းနည်းဗိုက်ဆာနေပြီ, တရုတ်ဆိုင်ကနေ တစ်ခုခုမှာစားကြမလား?”

“ဒါကအဆင်ပြေတယ် ဒါပေမယ့်ကျွန်တော်အရင်က တစ်ခါမှမမှာဖူးဘူး”

“ကျွန်မ ရှာကြည့်လိုက်မယ်, ဟမ်, ဆိုင်တွေပေါသားပဲ, ဘယ်ဆိုင်ကမှာရမလည်းမသိတော့ဘူး”

“ကောင်းပြီ ဈေးကြီးတဲ့တစ်ခုပဲရွေးလိုက်မယ်”

ဆိုမီပြုံးရင်း စားသောက်ဆိုင်ကို ဖုန်းခေါ်လိုက်သည်။ သူမမှာလိုက်သော ဈေးကြီးသည့်ဟင်းလျာက ပဲခေါက်ဆွဲဖြစ်သည်။ သူမ ပို့ဆောင်ရမည့်လိပ်စာပြောပြီးနောက် ဖုန်းချလိုက်သည်။

“ဒါကဆယ်မိနစ်လောက်ပဲကြာမှာ”

“တရုတ်ဆိုင်တွေက မြန်ပါတယ်”

ဂျယ်ဂန်း ကော်ဖီထည့်ရင်းပြောလိုက်သည်။

ကော်ဖီစက်ကို ဖွင့်လိုက်ပြီး ရေနွေးကတစ်မိနစ်လောက်နေတော့ဆူသွားပြီဖြစ်သည်။ သူကော်ဖီထည့်နေစဉ်မှာပဲ တံခါးဘဲလ်ကမြည်လာသည်။

“ဒါကအရမ်းမြန်တာမလား? သူတို့မမှာခင်တည်းကကြိုလုပ်ထားတာများလား?”

ဂျယ်ဂန်းတံခါးသွားဖွင့်လိုက်သည်။ တံခါးရှေ့တွင် သူထင်ထားသလို အစားသောက်ထည့်သောအိတ်ဖြင့် ဒလီသမားကိုမတွေ့ရပါ။

All Chapters