← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

“ဆုဟီး”

ဆုဟီးက မတ်တပ်ရပ်နေပြီး လက်ထဲတွင် ဆူရှီများကိုင်ထားရင်းဖြင့် ရယ်ပြနေသည်။

“ငါနင့်ကိုဖုန်းခေါ်သေးတယ် နင်မကိုင်လို့”

“ငါအလုပ်ကိစ္စနဲ့ ဒီနားကဖြတ်သွားရင်း နင်ဘာမှမစားရလောက်သေးဘူးလို့ခံစားရလို့”

ဆုဟီး လက်ထဲမှ အိတ်ကိုမြှောက်ပြရင်းပြောလိုက်သည်။ ဂျယ်ဂန်းအနည်းငယ်မျက်နာပူသွားသည်။ သူနဲ့ ဆိုမီမှာထားသော ပဲခေါက်ဆွဲကိုပြန်တွေးလိုက်မိသည်။

“အာ?”

ဆုဟီး၏ အကြည့်များက ဖိနပ်ထားရာနေရာသို့ရောက်သွားသည်။ ထိုနေရာတွင် အရင်ကမရှိသော ဘွတ်ဖိနပ် ပန်းရောင်တစ်စုံ ရှိနေသည်။ ဖိနပ်၏ သေးငယ်သောအရွယ်အစားက အမျိုးသမီးဝတ်မှန်းသိသာသည်။

“နင့်အိမ်မှာ ဧည့်သည်ရောက်နေတာပဲ”

ဖိနပ်ကိုကြည့်ရင်းဆုဟီးကပြောလိုက်သည်။

ဂျယ်ဂန်း၏နောက်ဘက်မှ ဆိုမီက ထွက်လာသည်။ မိန်းကလေးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မသိသောကြောင့် အချင်းချင်းနှုတ်လည်းမဆက်ကြပဲ တိတ်တဆိတ်သာ ရပ်နေကြသည်။

ဂျယ်ဂန်းနှစ်ယောက်လုံးကိုပြောလိုက်သည်။

“အာ, ဒါက ငါ့စာအုပ်ထုတ်ဝေတဲ့ ကုမ္ပဏီက အယ်ဒီတာ ဆိုမီပါ, ဆိုမီ ဒါက ကျွန်တော်ကောလိပ်တုန်းကသူငယ်ချင်း လီဆုဟီး။ ဆုဟီးက ဂိမ်းကုမ္ပဏီတစ်ခုက အဖွဲ့ခေါင်းဆောင် ကျွန်တော်လက်ရှိသူတို့ကုမ္ပဏီက ဂိမ်းခန်းဇာတ်ဝင်ခန်းတွေ ရေးပေးနေတာ”

“အာ ဟယ်လို ကျွန်မက ဂျောင်ဆိုမီပါ”

“…ဟယ်လို”

ဆိုမီက ခါးကိုင်းညွတ်ပြီးနှုတ်ဆက်လိုက်သော်လည်း ဆုဟီးကတော့ ခေါင်းအနည်းငယ်သာညိတ်ပြလိုက်သည်။

“ဝင်လာခဲ့ပါ”

“ဟမ် . “

ဆုဟီးဖိနပ်ချွတ်ပြီး အိမ်ထဲသို့ဝင်လိုက်သည်။

အိမ်ခန်းထဲတွင် စားပွဲနှစ်လုံးပေါ်တွင် လက်တော့ နှစ်လုံးတင်ထားသည်။ တစ်ခုက ဂျယ်ဂန်းလက်တော့ဖြစ်ပြီး အခြားတစ်ခုက တော့ ဆိုမီ့အလုပ်နေရာဖြစ်သည်။ အခန်းထဲကအခြေအနေကိုကြည့်လျင် သူတို့ထိုသို့ရှိနေတာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း ခန့်မှန်းမိသည်။

‘ထူးဆန်းတာ’

ဆုဟီးနားမလည်ပါ။

ဂျယ်ဂန်းက သူမပေးလိုက်သော ဂိမ်းခန်းအတွက် ဇာတ်ကြောင်းရေးနေတာဖြစ်သည်။ ဒါက ဆိုမီနဲ့အတူရှိနေဖို့လိုအပ်သော အခြေအနေမဟုတ်ပါ။ အယ်ဒီတာနှင့် စာရေးဆရာကြားဆက်ဆံ ရေးထက် ယောကျ်ားလေးနှင့် မိန်းကလေးကြားဆက်ဆံရေးဖြင့် ပိုတူသည်ဟု သူမခံစားနေရသည်။

“ထိုင်ပါဦး”

ခေါက်ထိုင်ခုံမှ ခြေထောက်များကိုဆန့်လိုက်ပြီး ထိုင်ရန်နေရာတစ်ခုလုပ်ပေးရင်းပြောလိုက်သည်။

“တကယ်တော့ ငါတို့ ပဲခေါက်ဆွဲနှစ်ပွဲမှာထားသေးတာ”

“အာ ဒါဆိုငါမလိုအပ်ပဲ ဒါကိုဝယ်လာမိသွားတာပဲ”

“မဟုတ်တာ, အဆင်ပြေပါတယ်။ ခေါက်ဆွဲတစ်ပွဲနဲ့က ဗိုက်မဝပါဘူး ငါဆူရှီလည်းစားနိုင်ပါတယ်။ ဒါနဲ့မင်းတစ်ခုခုမှာဦးမလား? ဖုန်းခေါ်ပြီးထပ်ပေါင်းမှာလိုက်မယ်”

“ဟင့်အင်း ငါစားခဲ့ပြီးပြီ”

ဆုဟီးလိမ်လိုက်သည်။ တကယ်တော့ သူနဲ့ သူမ အတူစားရန်အတွက် ဆူရှီ နှစ်ယောက်စာဝယ်လာတာဖြစ်သည်။ လက်ရှိမှာ တော့ သူမ မသိသော အခြားမိန်းကလေးတစ်ယောက်ဖြင့်ပါ အတူစားချင်စိတ်မရှိပါ။

“အလုပ်လုပ်တာအခြေနေဘယ်လိုလည်း?”

“အာ, အဆင်ပြေပါတယ်။ နောက်ထပ်နှစ်နာရီလောက်နေရင် အိုဆူမင်ရဲ့ ဂိမ်းကစားခန်းတွေအတွက် စာသားတွေပြီးပြီ။ အယ်ဒီတာတစ်ယောက်ရဲ့ မျက်လုံးတွေအောက်မှာစာရေးရတာက တကယ်ကိုအဆင်ပြေချောမွေ့စေတယ်လေ”

ဂျယ်ဂန်း ဆိုမီကိုပြုံးကာကြည့်ရင်းပြောလိုက်သည်။ ဆုဟီး အူကြောင်ကြောင်ပြုံးနေသော ဆိုမီးကိုကြည့်ရင်း ဆက်ပြောလိုက်သည်။

“နင်ဂျယ်ဂန်းအလုပ်ပြီးတာကိုစောင့်နေတာလား?”

“မဟုတ်ဘူး ကျွန်မစာရေးဆရာဟာဆီက ကျွန်မတို့အတွက်မူကြမ်းကိုရပြီးပြီ”

“ဒါဆို ဘာလို့?”

ကောင်းကောင်းပြန်မဖြေတတ်သော ဆိုမီအစား ဂျယ်ဂန်းဝင်ဖြေလိုက်သည်။

“ငါသူမကို ဆီသွပ်ဗူးလုပ်ပေးဖို့ ပြောထားတာ”

“ဆီသွပ်ဗူး?”

“အင်း ငါက အယ်ဒီတာတစ်ယောက်ရဲ့ရှေ့မှာမှ စာကောင်းကောင်းရေးနိုင်တဲ့လူစားမျိုး အဲ့တာကြောင့် လက်ဆောင်ပေးပြီးပြန်ဖို့လုပ်နေတဲ့သူမကို ဆွဲထားတာ”

“သိပြီ”

ဆုဟီး ခြေချိတ်ထိုင်ထားတာကိုပြောင်းထိုင်လိုက်ပြီး အမူအရာမပြောင်းပဲ ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း သူမခံစားနေရသော ဆိုးရွားသောခံစားချက်ကတော့ မပြောင်းလဲသေးပေ။ သူမအနေဖြင့် နောက်ထပ်ထပ်မေးလျင် ထူးဆန်းနေမည်စိုးသောကြောင့် အကြောင်းအရာသာပြောင်းလိုက်သည်။

“နောက်အပတ်ကျရင် ပရောဖက်ဆာ ဟန်ဟဲဆန်ရဲ့ မွေးနေ့ရှိတာသိတယ်မလား?”

“အာ ဟုတ်သားနောက်အပတ်ပဲ ငါသိပါတယ်”

ဟန်ဟဲဆန်က ကောလိပ်တွင် ခေတ်သစ်ဝတ္ထုများအကြောင်းသင်ပေးသော ပရောဖက်ဆာတစ်ယောက်ဖြစ်သည်။ ဂျယ်ဂန်းအပါဝငါ တခြားကျောင်းသားများပါ သူမကို သဘောကျကြသည်။ သူမက ကျောင်းသားများအပေါ် ဂရုတစိုက်သင်ပေးတတ်သော ဆရာကောင်းလည်းဖြစ်သည်။

ကျောင်းသားများက အတန်းချိန်ပြင်ပ သူမကိုအလုပ်ကိစ္စများအကူညီတောင်းရင်တောင် သူမက မငြင်းပါ။ စိတ်ပါလက်ပါဖြင့် ဂရုတစိုက်ရှင်းပြပေးလေ့ရှိသည်။ ဒါကြောင့်ပဲ ကျောင်းသားအတော်များများက ကျောင်းပြီးသွားတာတောင် သူမဆီသို့ သွားလည်လေ့ရှိသည်။

“စနေနေ့ညကျရင်ပွဲလုပ်မှာ။ နင်ကောလာမှာလား?”

“အမ်, စနေနေ့လား?”

“နင်သူမနဲ့အဆင်ပြေတယ်မလား အတူသွားကြမယ်လေ ဂျောင်ဂျင်းကိုပါခေါ်ကြတာပေါ့”

“ကောင်းပြီလေ သွားကြတာပေါ့”

ဂျယ်ဂန်းစိတ်ပါလက်ပါပြန်ဖြေလိုက်သည်။ သူဘေးမှာထိုင်နေသောဆိုမီက တိုးတိုးမေးလိုက်သည်။

“စနေနေ့ညလား?”

“အင်းလေ ဘာလို့လည်း?”

“အဲ့တာက… စာရေးဆရာများတွေ့ဆုံပွဲကလည်း စနေနေ့ညပဲလေ”

“အာ, တကယ်ကြီးလား?”

ဂျယ်ဂန်းဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ သူကိုယ်တိုင် ကျိန်းသေလာခဲ့မည်ဟုပြောသော တွေ့ဆုံပွဲကလည်း ဆရာမ၏မွေးနေ့နှင့်တစ်ရက်တည်းသွားတိုက်နေသည်။

ဆုဟီး၏မျက်လုံးများက တစ်ချက်လက်သွားပြီး ကျဉ်းမြောင်းသွားသည်။ ခဏသာကြာလိုက်ပြီးနောက် နဂိုပုံစံသို့ပြန်ပြင်လိုက်ကာ သာမန်အမူအရာဖြင့် ဂျယ်ဂန်းကိုကြည့်ရင်း ပြောလိုက်သည်။

“ထုတ်ဝေသူတွေဆီက စာရေးဆရာများတွေ့ဆုံပွဲမလား? ဒါက သိပ်ပြီးအရေးမကြီးဘူးဆိုရင် ငါနဲ့အတူလိုက်ခဲ့ပါလား ပရောဖက်ဆာရဲ့မွေးနေ့က တစ်နှစ်မှာ တစ်ရက်ပဲရှိတာလေ”

ဂျယ်ဂန်းပြန်မဖြေနိုင်ခင် ဆိုမီးကဝင်ပြောလိုက်သည်။

“စာရေးဆရာများတွေ့ဆုံပွဲကလည်း မကြာခဏမလုပ်ဘူး။ ပြီးတော့ ကြယ်ပွင့်စာပေအနေနဲ့ စာရေးဆရာဟာကို တကယ်တက်ရောက်စေချင်လိုတယ်။ သူ့ရဲ့စာအုပ်အရေးအသားတွေကြောင့် စာရေးဆရာဟာသာသွားရင် တောက်ပနိုင်မှာအသေချာပဲ။”

ဆိုမီ ဂရုတစိုက် သူမပြောချင်တာတွေပါအောင်ထည့်ပြောလိုက်သည်။

ဆုဟီးသူမ၏ခေါင်းကို အခြားတစ်ဖက်သို့လှည့်လိုက်သည်။

“ထုတ်ဝေသူတွေက တစ်ယောက်နှစ်ယောက်ပဲရှိတာမှမဟုတ်တာ။ ဂျယ်ဂန်းပွဲကိုမတက်ရင်လည်း ဘာပြဿနာမှ မရှိဘူးမလား?”

“ဒါကအကြောင်းပြချက်မဟုတ်ဘူး။ တခြားစာရေးဆရာတွေလည်း ဆရာဟာကိုတွေ့ချင်နေမှာ သေချာတယ်။ အစောကပြောခဲ့သလိုပဲ အခုတလော စာရေးဆရာဟာရဲ့ စာအရေးအသားတွေက အတော်လေးကို ကောင်းမွန်နေတာ။”

“သွားမသွားက ဂျယ်ဂန်းရွေးချယ်ရမှာမလား? ပြီးတော့ အားမအားက ငါအရင်မေးတာလေ”

“အို, နင်မသိသေးဘူးပဲ။ သူအစောဏ နင်မလာခင်တည်းက စာရေးဆရာများ တွေ့ဆုံပွဲကို သွားဖို့ သဘောတူထားပြီးပြီ။”

မိန်းကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ပြုံးပြရင်း စကားပြောနေကြသည်။ သို့သော်လည်း သူတို့ရဲ့ မျက်လုံးအကြည့်များမှတစ်ဆင့် စကားတွေထဲက မီးတောက်တွေကို ဂျယ်ဂန်းမြင်နေရသည်။

‘ဘယ်လိုအခြေအနေလည်းဟ? ဆိုမီဒေါသထွက်နေတာလား?’

ရီခါ့ဆီမှတစ်ဆင့် စီးဆင်းနေသော ဆိုမီ၏စိတ်ခံစားချက်များက ပိုပိုပြီးခက်ထန်လာသည်။

အစောက နွေအကြိုကာလခံစားချက်လေးက တစ်ဖြည်းဖြည်းမှုန်ဝါးလာပြီး တိမ်များအုံ့ဆိုင်းကာ မိုးကြိုးမုန်တိုင်းဝင်လာတော့မလိုခံစားနေရသည်။

တင်းတောင်!

ဒယ်လီဘာရီသမားဆီမှ တံခါးဘဲလ်သံက ဂျယ်ဂန်းကိုကယ်တင်လိုက်သည်။ ချက်ချင်းပဲ ထကာ ပိုက်ဆံအိတ်ကိုကိုင်ပြီး တံခါးဆီသို့သွားလိုက်သည်။

“ပဲခေါက်ဆွဲနှစ်ပွဲမှာထားလားခင်ဗျ?”

“ဟုတ်ကဲ့, ဒီမှာပါ”

ဂျယ်ဂန်းပိုက်ဆံကမ်းပေးလိုက်ပြီး ခေါက်ဆွဲကို စားပွဲပေါ်သို့ယူလာလိုက်သည်။ ဆုဟီးနှင့် ဆိုမီတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီး အခြေအနေက အခန်းထဲတွင် အဲကွန်းတောင်မဖွင့်ထားပဲ လေအေးများတိုက်နေသည်။

“ဆိုမီ စားရအောင်, နင်ကော နည်းနည်းတောင်မစားတော့ဘူးလား ဆုဟီး?”

“ငါ့ကိုစိတ်မရှိနဲ့ ငါတကယ်ဗိုက်ပြည့်နေပြီ။”

အစားစားနေစဉ်စကားဝိုင်းကတိတ်ဆိတ်သွားသည်။ ဆုဟီးက ကော်ဖီသောက်ရင်း ပြူတင်းပေါက်အပြင်ဘက်သို့ငေးနေသည်။

‘အာ, ငါတော့အစာအိမ်ကွဲတော့မလိုတောင် ခံစားနေရပြီ’

ဂျယ်ဂန်း ခေါက်ဆွဲကော ဆူရှီပါစားပြီးနောက်မတ်တပ်ရပ်လိုက်သည်။ အကုန်ကုန်အောင်စားထားသည့် အပြင် အခြားအကြောင်းပြချက်တစ်ခုကြောင့်ပါ အစာအိမ်ကွဲမလိုခံစားနေရခြင်းဖြစ်သည်။

“အစားသောက်အတွက်ကျေးဇူးပါ။ ကျွန်မသွားတော့မယ်။”

ဆိုမီ စားပြီးနောက် ထပြီးပြောလိုက်သည်။

ဂျယ်ဂန်းသူမကိုနောက်ထပ် ဆွဲမထားနိုင်တော့ပါ။ ပန်းကန်များကို တံခါးရှေ့တွင်ပြန်ထားရမည်ဖြစ်သောကြောင့် သူမကိုသူ တံခါးရှေ့ထိလိုက်ပို့လိုက်သည်။

“ဒီနေ့အတွက်ကျေးဇူးပါ”

“ဒီနေ့က ကျွန်မလည်းရှင့်ဘေးမှာအလုပ်လုပ်တာပါပဲ။ အစားအသောက်အတွက်ကျေးဇူးပါ။ ပြန်တွေ့ကြတာပေါ့ ဆရာဟာ”

“ဘိုင့်”

ဆိုမီပြန်သွားပြီနောက် ဂျယ်ဂန်း အိမ်ခန်းသို့ပြန်လာလိုက်သည်။ ဆုဟီးက ကော်ဖီခွက်ကိုကိုင်ရင်း ပြူတင်းပေါက်အပြင်ဘက်သို့ ငေးနေဆဲဖြစ်သည်။

‘ဆုဟီးဆီကနေကော ဆက်သွယ်ပေးလို့မရဘူးလား’

အကြောင်းပြချက်တစ်ချို့ကြောင့် ဆုဟီး၏ခံစားချက်များကို ခံစားရခြင်းမရှိပါ။ ဒါက ရီခါသည် သူမအပေါ်သဘောမကျသောကြောင့်ဖြစ်နိုင်သည်ဟုတွေးမိသွားသည်။

‘ဒါကလွဲပြီးတခြားမဖြစ်နိုင်ဘူး။ အချိန်လည်းသိပ်မရှိတော့ဘူး အစောကရေးသလိုပဲဆက်ရေးမှဖြစ်မယ်”

ဂျယ်ဂန်းပြန်ထိုင်ချလိုက်ပြီး ကီးဘုတ်ပေါ်သို့လက်များတင်လိုက်သည်။

သူစရေးရန်လုပ်နေစဉ်မှာပဲ ဆုဟီးကိုလှည့်ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“နင်အဆင်ပြေရဲ့လား? ရုံးပြန်ဖို့မလိုတော့ဘူးလား?”

“ငါကအဖွဲ့ခေါင်းဆောင်လေ ကုမ္ပဏီမှာပဲအချိန်ပြည့်ရှိနေဖို့မလိုဘူး ပြီးတော့ ဒီနေ့ မီတင်တွေလည်း မရှိဘူးလေ”

ဆုဟီးအနည်းငယ်ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

“ငါလည်းနင့်ကို ဆီသွပ်ဗူးလုပ်ပေးမယ်”

“ဘာကြီး?”

“နင်ဂိမ်းဇာတ်ကြောင်းတွေရေးပေးလို့မပြီးမချင်းငါရှိနေပေးမယ်။ ဒါကနင့်ရဲ့အကျင့်တစ်မျိုးပဲမလား? ပြီးတော့ငါနောက်တစ်ခေါက်ထပ်ပြောမယ်နော် ငါအလျင်လိုနေတာ”

“အမ်, ဟမ် .. ကောင်းပြီ”

“နင်အဆင်မပြေလို့လား?”

“မ-မဟုတ်ပါဘူး”

“ဒါကဘယ်လောက်ကြာဦးမှာလည်း?”

“အင်း သုံးနာရီလောက်”

ရီခါ ဂျယ်ဂန်းဒူးပေါ်တက်လာပြီး ဝပ်လိုက်သည်။

ဂျယ်ဂန်း ရီခါ့ ဂုတ်ပိုးကိုအသာလေးသပ်ပေးလိုက်သည်။ သူ့အကြည့်က မစီစဉ်ထားပဲ ဆုဂန်ဝို၏ လက်တော့အဟောင်းထံသို့ရောက်သွားသည်။

‘…ဖြစ်နိုင်မလား?’

အတွေးတစ်ခုက ဂျယ်ဂန်း၏စိတ်ထဲလျှပ်တစ်ပြတ်ဝင်လာသည်။

ဂိမ်းဇာတ်ကြောင်းကို အပြီးသပ်ရန် အလျင်လိုနေသောကြောင့် အစောက ထိုအတွေးကို မတွေးမိပေ။

ဆုဂန်ဝို၏ အရည်အချင်းများက သူ့ကိုယ်ထဲတွင်ရောက်ရှိနေသည်ဟု သူထင်ခဲ့သည်။ ဒါပေမယ့် အခုတော့ ရီခါဆီမှ အခြားလူ၏စိတ်ခံစားချက်ကို မျှဝေပေးနိုင်သော ထူးခြားသည့်အစွမ်းတစ်ခုကို ခံစားကြည့်ပြီးဖြစ်သည်။

ထို့ကြောင့် သူထိုအရာကိုမတွေးမိခဲ့ပါ။ တစ်နာရီကို စာလုံးရေတစ်သောင်းရေးနိုင်သော အရည်အချင်းက သူ့ထံသို့မဟုတ်ပဲ လက်တော့အဟောင်းထဲတွင်သာ ကျန်ရစ်နေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။

‘အဲ့စက်ကပဲ အစွမ်းရှိနေတာများလား? ဒါကဖြစ်နိုင်တယ်။ ငါ့ဆီမှာဖြစ်လာတဲ့အရာတွေအားလုံးက တကယ်ဆို အဓိပ္ပါယ်မှမရှိပဲ’

ဂျယ်ဂန်းသူ၏လက်တော့အသစ်ကို ပြန်ပိတ်လိုက်ပြီး ဆုဂန်ဝို၏လက်တော့ အဟောင်းကို အစားထိုးသုံးရန်ပြင်လိုက်သည်။ ဆုဟီးက သူ့ကိုရှုပ်ထွေးနေသောမျက်နှာထားဖြင့်မေးလိုက်သည်။

“ဘာလို့ချိန်းလိုက်တာလည်း? အဲ့လက်တော့က ကြည့်ရတာအတော်ဟောင်းနေပြီ”

“စာရိုက်ရတာပိုပြီးကောင်းတဲ့ လက်တော့က လက်အတွက်အဆင်ပြေမယ်လို့တွေးမိလို့”

ဂျယ်ဂန်းပြောပြီးနောက် စာဖိုင်ကို ဆုဂန်ဝို၏လက်တော့ထဲသို့ကူးလိုက်ပြီး ဖွင့်လိုက်သည်။ ထို့နောက် ဆုဟီး၏ အကြည့်အောက်တွင်ပဲစာစရေးလိုက်သည်။

ကလစ် ကလစ် ကလစ်ကလစ်

‘ဒါပဲ!’

လက်ချောင်းများက ကီးဘုတ်ပေါ်တွင်လျင်မြန်စွာပြေးလွှားနေသည်။

စာရိုက်နေခြင်းကနေပင်သူပြောနိုင်သည်။ ဒါက ကွန်ပြူတာကြောင့်သူအမြန်ရိုက်နိုင်နေခြင်းဖြစ်ပြီး ခံစားရသည်က သူ့ခေါင်းထဲသို့ရောက်ရှိလာသော အစွမ်းများနှင့်မတူပါ။

“မယုံနိုင်စရာပဲ.., နင်အမြဲစာရိုက်ရင် ဒီလောက်မြန်တာလား ဂျယ်ဂန်း?”

ဆုဟီးက အံ့အားသင့်လွန်း၍ပါးစပ်ပင်အနည်းငယ်ဟသွားသည်။

ဒါကသူ့ခေါင်းထဲမှဖန်တီးယူနေခြင်းဖြစ်ပြီး တစ်စုံတစ်ခုကိုကြည့်၍ ကူးရေးနေခြင်းမဟုတ်ပါ။ သို့သော် ပြဿနာက အရမ်းမြန်လွန်းသည်။

“ခနလောက်စောင့်ပေးဦး, တစ်နာရီလောက်နေရင်ရေးတာပြီးလောက်ပြီ”

“ကောင်းပြီ”

ဂျယ်ဂန်းသူပြောသကဲ့သို့ပြီးသွားသည်။ အချိန်က တစ်နာရီဝန်းကျင်သာကြာလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ဆုဟီးကိုပြောလိုက်သည်။

“ဒါကိုကြည့်ပြီးငါ့ကိုပြန်ပြောပေးဦး”

ဆုဟီး မယုံနိုင်သေးပဲဂျယ်ဂန်း၏ ထိုင်ခုံနေရာတွင်ထိုင်လိုက်ပြီး သူရေးထားသည်ကိုဖတ်လိုက်သည်။ သူမစာဖိုင်ကို ဖတ်လေလေ ပိုပြီးပြုံးပြုံးမိလာသည်။ ဇာတ်ကြောင်းက ရှင်းလင်းပြီး ဂိမ်းဇာတ်ကောင်၏ လူသားဆန်သော ခံစားချက်တွေပါပါဝင်သည်။

“ဒါကတကယ်ကိုရယ်ရတယ်”

ဆုဟီးစခရင်မှအကြည့်မခွာပဲပြောလိုက်သည်။

“တကယ်ကောင်းတယ်။ နင်အတော်တော်တာပဲ။ နင်နဲ့အတူအလုပ်မလုပ်ရတာ သိပ်တောင်မကြာသေးပါဘူး။ ဘယ်လိုဖြစ်လို့နင်ဒီလောက်ကောင်းအောင် လုပ်နိုင်သွားတာလည်း … ငါဒီနေ့နင့်ကို အရင်နဲ့မတူဘူးခံစားလိုက်ရပြီ ဂျယ်ဂန်း”

“ငါ့ကိုအရမ်းမမြှောက်နဲ့”

“မြှောက်နေတာမဟုတ်ဘူး။ ဒါကတကယ်ကိုကောင်းတာ။ ကောင်းပြီ အခုတော့ အရေးပေါ်လိုအပ်နေတာကပြီးပြီ။ ဒါကို ငါ့အီးမေးဆီပို့လိုက်မယ်။”

သူမပြောပြီးပြီးချင်းပဲ စာဖိုင်ကို သူမ၏ အီးမေးဆီသို့တိုက်ရိုက်ပို့လိုက်သည်။ ဂျယ်ဂန်းအလုပ်ပြီးသွားပြီဖြစ်သောကြောင့် ယခုသူမအလုပ်စလုပ်ရတော့မည်ဖြစ်သည်။

ဖိနပ်များဝတ်နေရင်း ဆုဟီးလှန်းစလိုက်သည်။

“နင်ငါနဲ့ အကြာကြီးတူတူမရှိချင်ဘူးနဲ့တူတယ် ဒီလောက်မြန်မြန်ပြီးအောင်ရေးတာဆိုတော့ ဟုတ်တယ်မလား?”

“နင်ဘာတွေပြောနေတာလည်း။ ဒါက နင်ငါ့ကို တစ်ချိန်လုံးစောင့်ကြည့်ပေးနေတော့ အာရုံကောင်းကောင်းစိုက်နိုင်နေလို့ပါ။ ကျောင်းတုန်းကလိုပဲနင်ကအမြဲငါ့ကို ဂရုတစိုက်စောင့်ကြည့်ပေးတယ်လေ။”

“နင်ကအရင်ကအတိုင်းစကားကချိုနေတုန်းပဲ။ ကောင်းပြီ ကျေးဇူးပါ”

ဆုဟီး ဖိနပ်ဝတ်ပြီးနောက်လှည့်ထွက်သွားသည်။

“နင် ပရောဖက်ဆာရဲ့မွေးနေ့ကိုလာမှာလား?”

“အမ်”

“ငါ့ကို ဖုန်းခေါ်လိုက်ဦးနော်, ဟုတ်ပြီလား?”

ဆုဟီးသူ၏အဖြေစကားကိုစောင့်မနေတော့ပဲ ထပ်ပြောလိုက်ခြင်းဖြစ်သည်။ ဂျယ်ဂန်းခေါင်းသာညိတ်ပြလိုက်သည်။ ဆုဟီးနောက်ဆုံးအနေနဲ့ ရယ်လိုက်ပြီးနောက် အိမ်ထဲမှ ထွက်သွားသည်။

“ဟူးးး”

ဂျယ်ဂန်း အကျောဆန့်လိုက်သည် နောက်ဆုံး အခန်းထဲတွင် သူနှင့်ရီခါသာကျန်ခဲ့တော့သည်။ ဖိအားကြောင့်လားတော့မသိ သူတော်လေးပင်ပန်းနေသည်။

‘ငါအခုနားလို့မရသေးဘူး’

ဂျယ်ဂန်းမျက်လုံးများတောက်လျက် လမ်းလျောက်သွားသည်။ သူတစ်ခုခုကို အမြန်စစ်ဆေးဖို့လိုနေသည်။ မက်ခွက်, ဘောပင်နဲ့ မျက်မှန်တစ်လက် သူ့လက်ထဲရောက်လာတာတွေကို သူသေချာစစ်ဆေးကြည့်ရမည်။ ဒါတွေအားလုံးက ဆုဂန်ဝို၏လက်တော့နှင့် အတူတွဲပြီးသူတွေ့ခဲ့သောအရာများဖြစ်သည်။

All Chapters