← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

“ဒီနေရာကိုနင့်အိမ်ထင်နေလား ဒါကအလုပ်ခွင်ပဲ။ နင်ဒီမှာဘာလာလုပ်နေတာလည်း? ပြီးတော့ နင်ဒီကိုလာစရာကိစ္စမရှိတော့ဘူး”

“ဒါဆိုနင်ကဘာလို့ ငါ့ရဲ့ဖုန်းကိုပြန်မဖြေပဲ တစ်စုံတစ်ယောက်ကိုဒီရောက်လာအောင် လုပ်တာလည်း?”

မြောင်ဟွန်းဒေါသတကြီးပြန်ပြောလိုက်သည်။.

အရိပ်ကျနေသော ဆုဟီး၏မျက်နှာက ပိုပို၍အေးစက်လာသည်။

“ငါရဲကိုဖုန်းမခေါ်ချင်ဘူး ဒါကြောင့် အော်ပြောမနေနဲ့”

“ဘာ? ရဲ ဟုတ်လား?”

“အပြင်သွားပြောရအောင်”

ဆုဟီးတံခါးမှ အပြင်သို့အရင်ထွက်သွားသည်။

မြောင်ဟွန်းသူမကို ဒေါသမီးတောက်နေသော မျက်လုံးများဖြင့် အပြင်းအထန် စိုက်ကြည့်နေသည်။

ရပ်တန့်ခြင်းမရှိပဲ သူတို့အဆောက်အဦး၏ထောင့်ဘက် ဆေးလိပ်သောက်သော နားနေရာသို့ရောက်သွားသည်။ ဆုဟီး ပြတင်းပေါက်ကို ကျောပေးလျက် လက်နှစ်ဖက်ပိုက်ကာ ရပ်နေသည်။

“နင်ဘာပြောစရာရှိလည်း အခုပြော”

“ဟာဂျယ်ဂန်းကို ငှားယမ်းတာနဲ့ပတ်သက်ပြီး နင့်အကြောင်းပြချက်ကဘာလည်း?”

မြောင်ဟွန်းသားရဲတစ်ကောင်ကဲ့သို့သောအသံဖြင်မေးလိုက်သည်။ ဆုဟီးက သူ၏မျက်လုံးကို ရှောင်မဖယ်ပဲ တည့်တည့်သာကြည့်ကာဖြေလိုက်သည်။

“သူကစာရေးတာကောင်းလို့ပဲ”

“..ဘာကြီး?”

“နင်မှန်တယ်။ အချိန်တိုအတွင်းမှာ စာရေးဆရာတစ်ယောက်ကို ရှာပြီး ငှားယမ်းဖို့ဆိုတာမလွယ်ဘူး။ ဒါပေမယ့်ငါ့မှာအဆက်အသွယ်တွေရှိတာက ကံကောင်းတာပဲ။ ဟာဂျယ်ဂန်းလို့ခေါ်တဲ့ အတန်းဖော်တစ်ယောက်က စာရေးတာကောင်းတယ်လေ။”

“ဟာဂျယ်ဂန်းက စာရေးတာကောင်းတယ်ပေါ့? ဒါကနင်ငါ့ကို ကန်ထုတ်တဲ့ အကြောင်းပြချက်လား?”

“တည့်ပဲပြောတာပေါ့။ ပုံကြမ်းက ခက်တယ်ဆိုပြီး ငြင်းတဲ့သူက နင်ပဲလေ။ ပြီးတော့ ဂျယ်ဂန်းက ဂိမ်းဇာတ်အိမ်ကို နင့်လိုပဲ ကောင်းကောင်းရေးနိုင်တယ်။ နင့်ထက်တောင် ပိုသာတာလည်းဖြစ်နိုင်တယ်။”

မြောင်ဟွန်းသွားများကိုက်လိုက်သည်။ မေးစေ့ရှိ ရိတ်ရန်မေ့နေသော မုတ်ဆိတ်ငုတ်တိုလေးများပင် ဒေါသကြောင့်လှုပ်ခါနေသည်။

“အဲ့ဒီ့အရူးက ငါ့လိုပဲကောင်းကောင်းရေးနိုင်တယ် ဟုတ်လား ပြီးတော့ ပိုတောင် သာနိုင်သေးတယ်ပေါ့”

“သူကနဂိုတည်းက အရေးအသားကောင်းတယ်။ သူကတစ်ခြားလူတွေကိုလည်း နားထောင်တယ် လေ့လာတယ် စာအရေးအသားအတွက် အထောက်ကူပြုနိုင်တဲ့အရာတွေကိုလည်း ကြိုးစားပြီး ခံစားကြည့်တယ်။ သူကတကယ်ကို ဇွဲရှိတဲ့ စာရေးဆရာတစ်ယောက်ပဲ။ ဒါတွေကို သူ့အရေးအသားတွေက ဖော်ပြနေတာပဲ”

“အဓိပ္ပါယ်မရှိတာ”

“သူကငါ့တို့အတန်းထဲမှာ ထူးချွန်ကျောင်းသားပဲ ငါတို့အထက်က အတန်းနှစ်တန်းနဲ့ယှဉ်တောင် ထူးချွန်သေးတယ်။ ဒါက ပရောဖက်ဆာ ဟန်ဟေးဆန်ပြောခဲ့တာပဲ။ အဲ့တုန်းက နင်လည်းရှိပါတယ် ဟုတ်တယ်မလား?”

မြောင်ဟွန်း၏ မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

“ကောင်းပြီ? ဒါဆိုဘာလို့များ ဒီလောက်ထူးချွန်တဲ့လူတစ်ယောက်က နေရာတစ်ခုတောင်မရလည်း? သူက စိတ်ကူးယဉ်စာပေတွေနဲ့ သိုင်းဝတ္ထုတွေကို ရေးပေမယ့် ကောင်ကောင်းတောင် မရောင်းရဘူးလေ ဟုတ်တယ်မလား? ကျောင်းသားဟောင်းတွေတွေ့ဆုံပွဲမှာတုန်းက သူ့ရဲ့ မျက်နှာ အမူအရာနဲ့ ဝတ်ထားတာတွေက ဘယ်လောက်တောင် သနားစရာကောင်းလိုက်လည်း”

ဆုဟီးက မပြောင်းလဲသောမျက်နှာထားဖြင့် ခေါင်းကိုမော့လိုက်ပြီး ပြန်ပြောလိုက်သည်။

“အော်? နင်မသိသေးဘူးပဲ ဂျယ်ဂန်းက အခုအတော်အဆင်ပြေနေပြီ။ သူ့ရဲ့နောက်ဆုံးထွက်ထားတဲ့ စာအုပ်သုံးအုပ်လုံးက ထပ်ပြီးတော့တောင် မိတ္ထူထုတ်ဝေနေရတယ်”

“သုံးခုစလုံးက နောက်ထပ်မိတ္ထူထုတ်ဝေတယ်?”

မြောင်ဟွန်း၏မျက်နှာက ထိုစကားကြောင့် သွေးဆုတ်သွားသကဲ့သို့ ဖြူဖြော့သွားသည်။

မြောင်ဟွန်းအနေဖြင့် လက်ရှိဈေးကွက်ကိုသိရှိသည်။ သူ့၏ဖခင်က ကြီးမားသော ထုတ်ဝေသည့်ကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်ဖြစ်တစ်ယောက်ဖြစ်ပြီး သူကလည်း အချစ်ဝတ္ထုများ ရေးသော စာရေးဆရာတစ်ယောက်ဖြစ်သဖြင့် သူမသိရှိချင်သော သတင်းများကိုပါသိရှိနေသည်။

ဒီကြမ်းတမ်းတဲ့ ဈေးကွက်မှာ ဇာတ်ကြောင်းသုံးခုလုံးက နောက်ထပ်မိတ္ထူထုတ်ဝေရခြင်း။

မြောင်ဟွန်း၏မျက်နှာက မယုံကြည်နိုင်မှုများဖြင့်ပြည့်နေသေးသည်။ ဒါကသူ့ကိုဒေါသထွက်စေဖို့ ဖန်တီးထားသော သတင်းအမှားလည်းဖြစ်နိုင်သေးသည်။

“ငါတို့နောက်ထပ်ပြောစရာမလိုလောက်တော့ဘူးထင်တယ် ငါသွားပြီ. နင်ငါ့ကိုမယုံ နင်ကိုယ်တိုင် ဖုန်းထဲမှာရှာကြည့်လိုက် ဂျယ်ဂန်းရဲ့ကလောင်နာမည်ကိုသိတယ်မလား?”

ဆုဟီး မြောင်ဟွန်းရှေ့မှ တစ်လှန်းဖြတ်လျောက်လိုက်ပြီး ဒေါသကြောင့် သွားများကြိတ်နေသောသူကို ထပ်ပြောလိုက်သည်။

“ဂျယ်ဂန်းကအခုအောင်မြင်သွားပြီ။ စာဖတ်သူတွေအနေနဲ့ သူ့ရဲ့လမ်းကြောင်းကို ဘယ်လို စဉ်းစားမလည်း။ လက်ရှိမှာ သူဘယ်လောက်ဝေးဝေးဆက်လျောက် နိုင်မလည်းဆိုတဲ့ ကြီးမားတဲ့မျော်လင့်ချက်တွေနဲ့ စောင့်နေကြတယ်။”

ဆုဟီး၏ ခြေလှမ်းများက အဝေးသို့ဆက်လျောက်သွားသည်။ မြောင်ဟွန်းသူမ၏ ခြေသံပျောက်ကွယ်သွားသည်အထိ လုံးဝမလှုပ်ရှားသေးပဲ ရုပ်တုတစ်ခုကဲ့သို့သာ ငြိမ်သက်နေသည်။

‘မဖြစ်နိုင်ဘူး ဒီအချိန်တိုအတွင်းမှာ သူစီးရီးသုံးခုကိုရေးခဲ့ပြီး သုံးခုလုံးက နောက်ထပ် ထုတ်ဝေရအောင်ကို အောင်မြင်တယ်ပေါ့?’

မြောင်ဟွန်းသူ၏ တုန်ယင်နေသောလက်များဖြင့် ဖုန်းကိုကိုင်ကာ အင်တာနက်ကိုဖွင့်လိုက်သည်။

ထို့နောက် ပျမ်ချွမ်ယု ဟုရိုက်ပြီးရှာလိုက်သည်။ ထို့နောက် စာဖတ်သူများ၏ တုန့်ပြန်ချက်များက ပေါ်လာသည်။

- ရမ်မဒါ : ဖတ်ရတာပျော်ဖို့ကောင်းတယ်းးးး ငါကျောင်းကိုသွားခဲ့တယ် ပြီးတော့ ဒါကငါ့ကိုအဲ့မှာ ပြန်ပြီးပျော်ဖို့ကောင်းအောင်လုပ်ပေးနေတာပဲ။

- ယွန်လွန် : ကျေးဇူးပြုပြီး ခေတ်သစ်အဆင့်များအတွက် နောက်တစ်အုပ်မြန်မြန်ထုတ်ပေးပါ။ တစ်လအတွင်းနှစ်အုပ်ရေးဖို့ခက်ပေမယ့် နှစ်လအတွင်း သုံးအုပ်တော့ရေးနိုင်မှာပါ။

- ချွန်ဒက်ကျောင် : တန်ဖိုးက 500% ကျော်နေပြီ ဒါကတကယ်ကို မငှားပဲ ဝယ်သင့်တဲ့စာအုပ်ပဲ။

- မော့ခ်မ : နှစ်အုပ်ဝယ်မယ် သုံးအုပ်ဝယ်မယ် လေးအုပ်ဝယ်မယ် ဟားးးးးးးဟ

စာအုပ်အညွှန်းမှတ်က ၈ တွင်ရှိသည်။

အဆင့်များ စီးရီးနှင့် စာအုပ်အသစ် ပီဂယ်လွန်၏ မှော်ဆရာ စာအုပ်ကပါ တုန့်ပြန်ချက်ကောင်းများရှိသည်။ ဆုဟီးက သူ့ကို သတင်းမှားပြောခဲ့ခြင်း မဟုတ်ပါ။ အချိန်တိုအတွင်းတွင် ဂျယ်ဂန်းအနေဖြင့် အောင်မြင်တော့စာရေးဆရာတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

“ချီးပဲ”

ဖောင်း!

မြောင်ဟွန်းသူ၏ ဖုန်းကို မြေကြီးသို့ပေါက်ခွဲလိုက်သည်။ ထို့နောက် အရူးတစ်ယောက်လိုပဲ ခြေထောက်ဖြင့် အကြိမ်ကြိမ်ဆောင့်နင်းလိုက်သည်။ သူမုန်းသော ထိုလူအကြောင်းရှာထားသည့် ဖုန်းကို နောက်တစ်ကြိမ် သူထပ်ပြီး အသုံးမပြုချင်ပါ။

“ဟူး”

ကြမ်းတမ်းသောအသက်ရှုသံများဖြင့် ကားဆီသို့ပြန်လာပြီး စက်နှိုးလိုက်သည်။

အချိန်ဇယားအရ သူ့ဖခင်ဖြင့်တွေ့ရမည်ဖြစ်သော်လည်း သူထိုင်နေကျဘားသို့သာ ကားကိုမောင်းလိုက်သည်။ ယခုအခြေအနေတွင် သူ့အနေဖြင့် အရက်သောက်ပြီး ကောင်မလေးတစ်ယောက်လောက်ကို မဖက်ရဘူးဆိုလျင် ရူးသွားနိုင်လောက်သည်။

ကလစ် ကလစ် ကလစ်ကလစ်

မြောင်ဟွန်းက ရုန်းကန်အလုပ်ရှုပ်နေချိန်တွင်။

ဂျယ်ဂန်းသည်ကြိုးကြိုးစားစားဖြင့် အချိန်ကုန်ဆုံးသွားသည်ကိုတောင်သတိမပြုမိပဲ စာရိုက်နေသည်။

‘ကောင်းပြီ, လှည့်ကွက်က သူ့ခေါင်းကိုရိုက်လိုက်တာပဲ…ဒါပေမယ့် ဒီရိုက်ချက်ကလည်း အဓိကကောင်ရဲ့ အစီစဉ်ထဲမှာပဲရှိနေတယ်။ ဟားဟား ဒါကိုတွေးမိရုံနဲ့တင် အတော်ရယ်ဖို့ကောင်းနေပြီ’

ဂျယ်ဂန်း ခေတ်သစ်အဆင့်များ စီးရီးအတွက် ဆယ်အုပ်ထိပြီးနေပြီး ထုတ်ဝေရေးကုမ္ပဏီသို့ ပို့ပေးပြီးလည်းဖြစ်သည်။ သိုင်းပညာအဆင့်များ စီးရီးကဲ့သို့ပင် ခေတ်သစ်အဆင့်များစီးရီးကိုလည်း ဆယ်အုပ်တည်းဖြင့် ရှင်းရှင်းလင်းလင်း ဇာတ်သိမ်းထားသည်။

လက်ရှိတွင် ဟီတဲမီဒီယာဖြင့် စာချုပ်အတွက် ပီဂယ်လွန်၏ မှော်ဆရာ စာအုပ်၏ ရှစ်အုပ်မြောက်ကို ရေးသားနေခြင်းဖြစ်သည်။ လက်ရှိဇာတ်ကြောင်းအရ သူ့အနေဖြင့်ဇာတ်သိမ်းရန်အတွက် စာအုပ် ဆယ့်နှစ်အုပ်မှ ဆယ့်လေးအုပ်လောက်ထိကို ရေးဖြစ်နိုင်သည်။

‘ပေါ့ပေါ့ပါးပါးပဲ အပြီးသတ်လိုက်တာပေါ့’

ဂျယ်ဂန်း စနေနေ့မတိုင်ခင် သူရေးနိုင်သမျှရေးထားရန် စီစဉ်ထားသည်။ သူ့တွင် နောက်လအတွက် ရေးစရာများရှိနေသေးသည်ဟု တွေးမိသည်။

စာအုပ်များမှ ရရှိသော ဝင်ငွေများက သူ့ဘဝနေထိုင်ရေးအတွက်လုံလောက်သည်။ သူ့အနေဖြင့် နေ့တိုင်း လက်ဖွာလျင်တောင် အနည်းငယ်ကျန်နေသေးသည်။

လက်ရှိသူ့တွင် သူရေးချင်သောစာအုပ်အမျိုးအစားများကို ရေးနိုင်ခွင့်ရရှိနေပြီဖြစ်သည်။ သူ့လို့ စာရေးဆရာတစ်ယောက်ကို သားအဖြစ် မကြိုက်သော သူ့အဖေအသိမှတ်ပြုရန်လည်း ကြိုးစားရမည်။

ဂျယ်ဂန်းတစ်ရက်တောင်မနားပါ။

သူအိပ်ယာထသည်နှင့် ဆုဂန်ဝို၏လက်တော့ဖြင့် တစ်ရက် ဆယ့်လေးနာရီစာရေးသည်။ နေ့တိုင်း နေ့တိုင်း သူ၏ စာအုပ်ဖိုင်တွဲထဲတွင် စကားလံဒးများဖြင့်ပြည့်နေသော စာအုပ်ဖိုင်များက တိုးတိုးနေသည်။

“ဟားးး ပြီးသွားပြီ”

ဂျယ်ဂန်း ဆုဂန်းဝို၏မျက်မှန်ကို သုတ်နေရင်းပြောလိုက်သည်။ တစ်ယောက်တည်းဆော့ကစား နေသောရီခါက ဂျယ်ဂန်း၏ဒူးပေါ်သို့ခုန်တက်လိုက်ပြီး သူ့ကိုဂုဏ်ပြုနေသကဲ့သို့ ရင်ဘတ်ကို အနည်းငယ်ကုတ်ခြစ်နေသည်။

“ပီဂယ်လွန်ရဲ့ မှော်ဆရာ စီးရီးက ရှစ်အုပ်ထိပြီးပြီးပြီ။ တစ်ချို့သော စိတ်ဝင်စားဖို့ကောင်းတဲ့ အခန်းကဏ္ဍတွေကို ပိုပြီးရှင်းလင်းအောင်လို့ ဆယ်အုပ်ကျော်လောက်ထိတောင်ရေးဖြစ်မလားပဲ။ အထွေထွေမန်နေဂျာမာသာ ဒါကိုသိရင် သေလောက်အောင်ပျော်နေမှာပဲ”

ဟီတဲမီဒီယာမှ မာဂျောင်ဂု၏ ပျော်ရွင်နေမည့်ပုံကိုတွေးမိပြီး တစ်ချက်ရယ်လိုက်မိသည်။ စီးရီးကို ဆယ်အုပ်ကျော်လောက်ထိရေးဖြစ်မည်ဖြစ်ကြောင်းပါ စာရေး၍ အစောက အပြီးသတ်ထားသော စာဖိုင်ကိုတွဲကာ အီးမေးပို့လိုက်ပြီးနောက် ဂျယ်ဂန်းရီခါ့ကို ဖက်ကာ အိပ်ယာဝင်လိုက်သည်။

ဂျယ်ဂန်း၏ ခန့်မှန်းမှုများက မှန်သည်။ ဟီတဲမီဒီယာတွင် မာဂျောင်ဂု အလုပ်သို့ရောက်ပြီး အီးမေးစစ်ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်က ပျော်ရွင်မှုများဖြင့်ပြည့်နှက်သွားသည်။ ပျော်လွန်း၍ လေထဲသို့ လက်သီးနှစ်လုံးတောင်ပစ်သွင်းလိုက်သေးသည်။

“အကောင်းဆုံးပဲ!”

ထပ်တိုးထုတ်ဝေသော မိတ္ထူစာအုပ်များဖြင့်ဆို လက်ရှိတွင် ပီဂယ်လွန်၏မှော်ဆရာစာအုပ်က အုပ်ရေ ခြောက်ထောင် ဈေးကွက်ထဲထုတ်ဝေထားသည်။ စီးရီးကို ဆယ်အုပ်ကျော်ထိရေးမည် ဆိုပါက ရေငတ်တုန်း ရေတွင်းထဲကျသကဲ့သို့ပင် လုံးဝအခွင့်ရေးကောင်းဖြစ်သည်။

ဂျောင်ဂု ချက်ချင်းဆိုသလိုပဲ ပတ်ဂျောင်ဆုဆီသို့သွားကာ ပြောလိုက်သည်။

“လက်ထောက်မန်နေဂျာပတ် စာရေးဆရာဟာ က စီးရီးကို ဆယ်အုပ်နဲ့ အဆုံးမသတ်ပဲ ဆယ်အုပ်ထက်ကျော်အောင်ရေးပြီးမှအဆုံးသတ်မယ်ပြောတယ်”

“တကယ်ကြီးလား? အံ့ဩစရာပဲ”

ဂျောင်ဆု ကွန်ပြူတာကိုကြည့်နေရာမှ မော့ကြည့်ပြီးပြောလိုက်သည်။

ဂျယ်ဂန်းနှင့် စာချုပ်ချုပ်ဆိုရန် အောင်မြင်သွားပြီးနောက် အလုပ်ခွင်က သူ့အတွက် ပိုပြီး အံဝင်ခွင်ကျဖြစ်လာသည်။ အရင်က အမြဲလိုဒေါသကြီးနေတတ်သော ဂျောင်ဂုကလည်း အခုဆို ဒေါသထွက်တဲ့အကြိမ်အရေအတွက်က အတော်လေးလျော့ကျသွားပြီဖြစ်သည်။

“ငါတို့သူ့ကို လက်ဆောင်ပို့သင့်တယ်”

“ဘာပို့ရင်ကောင်းမလည်း? အစားအသောက်တစ်ခုခုပို့ရမလား ဒါမှမဟုတ် သူအားအင်တွေပြည့်ဝစေဖို့ ရိုးရာဆေးတွေပို့သင့်လား?”

“မဟုတ်သေးဘူး ပုံမှန်နဲ့မတူတာတစ်ခုခုပေးသင့်တယ်။ ရှေ့တစ်ခေါက်က ကွာလတီမြင့်တဲ့ အသားနဲ့ ဂျင်ဆင်းကိုပေးခဲ့ပြီးပြီ ပြီးတော့အခုဆို ကိုယ်စားလှယ်ဆီက အဆူမခံရပဲ နှစ်လလောက် ကင်းလွတ်ခွင့်ရထားပြီးပြီ အရာရာကပိုကောင်းလာတာပဲ”

ဂျောက်ဆု ကွန်ပျူတာစခရင်ပေါ်ကိုစိုက်ကြည့်ရင်းစဉ်းစားနေသည်။ ထိုအချိန် လျှပ်တစ်ပျက်အတွေးတစ်ခုက သူ့ခေါင်းထဲသို့ဝင်ရောက်လာသည်။ စာရေးဆရာတစ်ယောက်ရဲ့ လက်ချောင်းတွေနဲ့ အရင်းနှီးဆုံးအရာက ဘာဖြစ်မလည်း?

“ဆရာမာ, ကီးဘုတ်လက်ဆောင်ပေးမယ်ဆိုရင်ကော?”

“ကီးဘုတ်လား?”

“မက်ကနီကယ်ကီးဘုတ်မျိုးပေါ့။ ကီးတစ်ခုချင်းစီကို စိတ်ကြိုက်ရွေးချယ်လို့ရမယ် ပြီးတော့ နှိပ်ရတာလည်း တစ်မျိုးထူးခြားပြီးတော့ စိတ်ပင်ပန်းတာကို နည်းနည်းလျော့ကျစေနိုင်တယ်လေ။ ကျွန်တော်တို့သာ ဒီလိုမျိုးတစ်ခုကို ပို့ပေးလိုက်ရင်း စာရေးဆရာဟာ တကယ်ကို ကျေနပ်လောက်တယ်။”

ဂျောင်ဂုလက်ဆစ်များကိုချိုးရင်း ထရပ်လိုက်သည်။

“ဒီအကြံကတကယ်ကောင်းတယ်။ ပတ်, မင်းအဲ့တာကိုရှာကြည့်ပေး။ ပြီးရင် ကောင်းတာတစ်ခုကိုတယ်လိုက်ပါ ဈေးတော့မပေါစေနဲ့။ ဒေါ်လာ သုံးလေးရာလောက် ကျမယ်ဆိုရင်တောင်ကိစ္စမရှိဘူး”

“ဟုတ်ကဲ့ပါဆရာ”

ဂျောင်ဂု ကိုယ်စားလှယ်၏ရုံးခန်းသို့သွားကာ ပျော်ရွင်စွာပဲ ဂျယ်ဂန်း၏ စာအုပ်အကြောင်းကို တင်ပြလိုက်သည်။ ဂျောင်ဆုကလည်း အပြုံးဖြင့် အွန်လိုင်းမှ ကီးဘုတ်များကို ရွေးချယ်နေသည်။

တစ်ချိန်ထဲမှာပဲ ဟီတဲမီဒီယာမှအခြေအနေများဖြင့် ဆန့်ကျင်စွာ ကြယ်ပွင့်စာပေ၏ရုံးခန်းထဲတွင် မမြင်နိုင်သော လေအေးများက တိုက်ခတ်နေသည်။

ဘန်းးးး!

“မင်းတို့ဘာတွေလုပ်နေတာလည်း!”

ကိုယ်စားလှယ်ပတ်ဂျီဂုခ်မှ စားပွဲကိုလက်သီးဆုပ်ဖြင့်ထုရင်း အော်လိုက်ခြင်းဖြစ်သည်။

“မင်းသူ့ကိုတစ်ခုခုစိတ်ဆိုးစေခဲ့လို့ သူတစ်ခြားကိုသွားတာပဲဖြစ်မယ်! ဒါကမိတ္ထူထုတ်ဝေမှုပေါင်း ခြောက်ထောင်ရှိနေပြီ! သူ့ကိုရအောင်ဆွဲထားဖို့ မင်းကိုငါပြောခဲ့သားပဲ ဒါတောင်သူက တစ်ခြားတစ်နေရာမှာ ဘာကြောင့်စာအုပ်ထပ်ထုတ်နေရတာလည်း?”

ဟီတဲမီဒီယာမှတစ်ဆင့်ထုတ်ဝေသော ပီဂယ်လွန်၏မှော်ဆရာ စာအုပ်ကြောင့် ဂီဂုခ် ဒေါသထွက်နေခြင်းဖြစ်သည်။ ထိုစာအုပ်ကို နှစ်ကြိမ်ထပ်မံမိတ္ထူထုတ်ဝေသည်ကို ကြားပြီးနောက် တဲဝမ်ကို ချက်ချင်းခေါ်ကာ ဒေါသအပြည့်ဖြင့်ကြိမ်းမောင်းနေခြင်းဖြစ်သည်။

“အ? ပြီးတော့မင်းလည်း အယ်ဒီတာတစ်ယောက်ပဲမလား? အခု ကုမ္ပဏီရဲ့ အမြတ်ငွေတွေက လတိုင်းပိုပိုပြီး လျော့ပါးလာနေတာ မင်းတို့ကို ငါ ဘယ်လိုယုံကြည်ပြီးလွတ်ထားရမလည်း! မင်း လုပ်နေတာပဲ ဆယ်နှစ်လောက်ရှိနေပြီ ဒါကမင်းတတ်နိုင်တာအကုန်လား? မင်းရဲ့အလုပ်ကို ဘာလို့ အီလေးစွဲပြီးလုပ်နေတာလည်း?”

တဲဝမ်ပြန်မဖြေပဲ မျိုသိပ်၍သာနေသည်။

သူ့အနေဖြင့် ကြယ်ပွင့်စာပေတွင် လုပ်ခဲ့သော ကိုးနှစ်တာအတွင်း တစ်ခါကလေးမှ အီလေးစွဲသည့် အလုပ်မရှိခဲ့ပါ။ နေ့နေ့ညည ရုံးပိတ်ရက်ပါမကျန် အလုပ်အတွက်ကုန်ဆုံးပေးသည်။

သိုင်းပညာအဆင့်များစာအုပ်နှင့် ခေတ်သစ်အဆင့်များစာအုပ်ကြောင့် ကုမ္ပဏီအနေဖြင့် အကျိုးအမြတ်များရရှိခဲ့သည်။ ဒါက ဟီတဲမှ ပီဂယ်လွန်၏မှော်ဆရာစာအုပ် အကျိုးအမြတ်ထက် သေချာပေါက်ကို ပိုများသေးသည်။

ကိုယ်စားလှယ်က ထိုမျှဖြင့်တောင် မကျေနပ်နိုင်သေးပေ။ ပီဂယ်လွန်၏မှော်ဆရာစာအုပ်၏ အကျိုးအမြတ်များကိုလွဲချော်မှုကို မလိုလားသလို ကျေနပ်မှုလည်းမရှိပါ။

“ထားပါတော့ ဒါပေမယ့် စနေနေ့ကျရင်အလုပ်သေချာလုပ်ရမယ်။ ဟာဂျယ်ဂန်း စာရေးဆရာတွေ့ဆုံပွဲကို လာတက်အောင်သေချာစီစဉ်ထားလိုက် ပြီးရင် နောက်ထပ်စာချုပ်တွေထိုးအောင်ဆွယ်လိုက်”

“…. .”

“ဘာလို့ဘာမှပြန်မပြောတာလည်း? မင်းနားလည်တယ်မလား?”

“ဟုတ်ကဲ့ပါ”

“ထွက်သွားတော့!”

လျော့ကျနေသောပုခုံးနှစ်ဖက်ဖြင့် တဲဝမ်အခန်းမှထွက်လာသည်။

ရှည်လျားသော လျောက်လမ်းတစ်ခုတွင်သူ မတ်တပ်ရပ်နေမိသည်။ ကြယ်ပွင့်စာပေတွင် သူ၏လုပ်သက် ကိုးနှစ်အတွင်း သူဒီနေရာကိုအကြိမ်အတော်များများအသုံးပြုဖူးသည်။ ဒါပေမယ့် အခုသူထိုလျောက်လမ်းမှ သူ၏ရုံးခန်းသို့သွားသော စင်္ကြံကို မမှတ်မိနိုင်ဖြစ်နေသည်။

‘ခက်ခဲလိုက်တာ’

လက်ရှိတွင် အသက် ၄၄ နှစ်ဖြစ်သည်။

ဒါက အသက်ကြီးနေပြီဟုပြောမရသော်လည်း အသက်မငယ်တော့ပါ။

လက်ရှိသူ၏ အယ်ဒီတာချုပ်ရာထူးအတွက် အောက်ခြေမှ စတင်ခဲ့ရတာဖြစ်သည်။

လက်ရှိတွင် အလုပ်သမားတစ်ယောက်အနေဖြင့် နောက်ထပ်တိုးရန်ရာထူး မရှိတော့ပါ။

သူ့အနေဖြင့်လက်ရှိရာထူးကိုတောင် ဘယ်လောက်ကြာကြာမြဲနိုင်ဦးမှာလည်း? အနာဂတ်အကြောင်း တွေးကြည့်တိုင်းလန့်မိသည်။ ကိုယ်စားလှယ်ရဲ့ မိသားစုနှင့် အဆက်အနွယ်များက ကုမ္ပဏီတွင်း တစ်ယောက်ပြီးတစ်ယောက်တိုးတိုးလာနေကြသည် ထို့ကြောင့် သူ့အနေဖြင့်ပိုပြီး ပူပန်နေသည်။

“အာ, အယ်ဒီတာချုပ်”

ဆိုမီးက ရုံးခန်းဝင်ပေါက်တွင်သူ့ကိုလှန်းနှုတ်ဆက်လိုက်သည်။

ဆိုမီ့လက်မှအိတ်ထဲတွင် ဟမ်ဘာဂါများစွာကိုတွေ့နိုင်သည်။ ဒါက ဘာလည်းဆိုတာကို သိသော်လည်း သက်ပြင်းအသာချ၍မေးလိုက်သည်။

“မင်းကို လက်ထောက်မန်နေဂျာကိုက လုပ်ခိုင်းတာလား?”

“အာ တကယ်‌တော့ကျွန်မလည်း အပြင်သွားပြီးပိုက်ဆံထုတ်ဖို့လိုနေတာနဲ့ အတော်ဖြစ်သွားတာ”

ဆိုမီချက်ချင်းပဲ အဖြေတန်းပေးလိုက်သည်။

ဒါပေါ့ တဲဝမ် ဒီအဖြေကိုမယုံကြည်ပါ။ ဒီအစားသောက်တန်းက ဘေးတိုက်၏ ပထမထပ်တွင်ရှိတာဖြစ်ပြီး ငွေထုတ်စက်က လက်ရှိတိုက်၏ လက်ရှိအလွှာ၌ပင်ရှိသည်။

“သွားပြီး အလုပ်ပြန်လုပ်တော့”

တဲဝမ်ဘာမှထပ်မပြောတော့ပဲ အလုပ်သာပြန်လုပ်ခိုင်းလိုက်သည်။ သူ့အနေဖြင့် ဂိုမျိုးရိုးကိုခေါ်ပြီး နာလည်အောင် ပြောရန်အတွက် တိတ်တဆိတ်အစီစဉ်ချထားသည်။ သူ့ကိုတစ်ကြိမ် သတိပေးပြီးသား ဖြစ်သည်။ ကြည့်ရသလောက်တော့ ဝန်းထမ်းအသစ်တွေကို ဒီလိုအလုပ်မျိုးခိုင်း သည်ကိုမပြင်နိုင်သေးဘူးထင်သည်။

တဲဝမ်ရုံးခန်းထဲသို့မဝင်တော့ပဲ စတိုးဆိုင်ရှိရာဘက်သို့သာလှည့်ထွက်လိုက်ပြီး ဆေးလိပ်အချို့ယူလိုက်သည်။ လွန်ခဲ့သောတစ်နှစ်လောက်တည်းက ဖြတ်ထားပြီးဖြစ်သော ဆေးလိပ်ကို ဘူးဖွင့်လိုက်ရင်း ဂျယ်ဂန်းကို ဖုန်းခေါ်လိုက်သည်။

-ဟုတ်ကဲ့ အယ်ဒီတာ

All Chapters