← Chapters

အချင်းချင်းသစ္စာဖောက်ခြင်း

Vol. 171 Ch. 2442

အချင်းချင်းသစ္စာဖောက်ခြင်း

Vol. 171 Ch. 2442

လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ယဲ့တို့က ပို၍ အားကောင်းလှသည့် မဟာလမ်းစဥ် စွမ်းအားတို့ကိုပင် ထုတ်လွှတ်လာခဲ့သည်။ လွတ်လပ်မှုအရှင်သခင်၏ အနောက်တွင် ရပ်နေသည့် နတ်ဘုရားပုံရိပ်ယောင်က နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ ကြီးမားသည့် လက်ဝါးက ကောင်းကင်ကို ဖျက်ဆီးပစ်လိုက်သည်။ မိုးခြိမ်းသကဲ့သို့တုန်ခါသံများကို ကြားလိုက်ကြရသည်။ ၎င်းက ကောင်းကင်တစ်ခုလုံး ပြိုကျပျက်စီးတော့မလို ထင်မှတ်ရပေသည်။

အဝေးရှိ တိုက်ခိုက်မှု ကျရောက်လာသည့် နေရာမှ ​မြေပြင်ပေါ်တွင် ကြီးမားသော လက်ဝါးရာကြီးတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်က နစ်ဝင်သွားခဲ့၏ ထိုမြင်ကွင်းက ထိတ်လန့်အံ့သြဖွယ်ပင် ဖြစ်လေသည်။ ထိုနေရာတွင် ရပ်နေသည့် မည်သူမဆို သေသည်အထိ ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။

အရှင်ယဲ့က တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ ဖျက်ဆီးခြင်းမုန်တိုင်းက ပြင်းထန်လာသည်။ စစ်ပုဆိန်က ဆန္ဒခြောက်ပါးအရှင်သခင်၏ မဟာလမ်းစဥ်နယ်မြေအတွင်း သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ရည်ရွယ်နေသည်။

ထိုအဆင့်မြင့်ကျင့်ကြံသူများ၏ ရက်စက်သော တိုက်ခိုက်မှုများအောက်တွင် ဆန္ဒခြောက်ပါးအရှင်သခင်က ထွက်ပြေးလွတ်မြောက်နိုင်ရန် နည်းလမ်းမရှိပေ။

“မင်းတို့ အနိုင်ကျင့်တာ များသွားပြီ။” ဆန္ဒခြောက်ပါးအရှင်သခင်က အေးစက်စွာ ပြောလိုက်သည်။ သူက ထိုသို့ပြောလိုက်ပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်က မဟာလမ်းစဥ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပေသည်။ သူ့အနီးတွင် နတ်အလင်းများ ဝန်းရံနေခဲ့၏။ သူ၏ ခန္ဓာကိုယ်က အသွေးအသားနှင့် ဖွဲ့စည်းထားခြင်း မဟုတ်တော့ဘဲ လမ်းစဥ်နှင့် ဖွဲ့စည်းထားသကဲ့သို့ပင် ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ်က အလင်းဖောက်ဝင်နိုင်ပြီး ရွှေရောင်နတ်အလင်းတို့က ၎င်း၏ အတွင်းမှ ဖြာထွက်လာခဲ့ပေသည်။

သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးမားလာသည်။ ဆန္ဒခြောက်ပါးအရှင်သခင်က ပို၍ ကြီးမားလာသည်နှင့် သူ့ခန္ဓာကိုယ်က ကောင်းကင်မှ နယ်မြေအတွင်း တသားတည်း ပေါင်းစပ်လာခဲ့သည်။

“မင်းတို့ရဲ့ အရမ်းအတင့်ရဲလွန်းတဲ့ အပြုအမူတွေကြောင့် တန်ဖိုးကို ပြန်ပေးဆပ်ရလိမ့်မယ်။” ဆန္ဒခြောက်ပါးအရှင်သခင်က ထိုစကားလုံးများကို အေးစက်စွာ ပြောလိုက်သည်။ နတ်အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားကာ လေဟာနယ်ကို လွှမ်းခြုံသွားခဲ့ပေသည်။ နောက်တခဏတွင် ပြိုင်ဘက်ကင်း နတ်ရောင်ဝါက ဆန္ဒခြောက်ပါးအရှင်သခင်ထံမှ ပေါက်ကွဲထွက်လာပေသည်။ နတ်ဘုရားကဲ့သို့သော ကြီးမားသည့် ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာပြီး နယ်မြေနှင့် ပေါင်းစပ်သွားခဲ့သည်။

နတ်ဘုရား၏ တည်ရှိမှုကို ထိုလေဟာနယ် နေရာအနှံ့မှ ခံစားမိနိုင်​ပေသည်။

ရွှေရောင်ဖျက်ဆီးခြင်းနွယ်နှင့် သစ်ရွက်တို့က အပြင်ဘက်သို့ ဆန့်ထွက်လာကာ လေဟာနယ်အား လွှမ်းခြုံသွားပေသည်။ လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ယဲ့တို့က နွယ်နှင့် သစ်ရွက်တို့ဖြင့် ရစ်ပတ်ခံလာရပေသည်။ သူတို့၏ မျက်နှာအမူအရာတို့က အရုပ်ဆိုးသွားပြီး ဆန္ဒခြောက်ပါးအရှင်သခင်ကို ကြည့်လိုက်ကြသည်။ ဤပုဂ္ဂိုလ်က ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ဖျက်ဆီးခြင်းနတ်အလင်းတို့က သူတို့ ရပ်နေသည့် နေရာသို့ ကျူးကျော်ဝင်ရောက်လာပေသည်။ အကိုင်းအခက်များက သူတို့ထံသို့ ဆန့်ထွက်ရစ်ပတ်လာကာ ကြီးမားသည့် နတ်ဘုရားပုံရိပ်​ယောင်ထံသို့ပင် ရောက်ရှိသွားခဲ့ပေသည်။ သူတို့အား မဟာလမ်းစဥ်၏ ဤနယ်မြေအတွင်း စုပ်ယူချင်နေသလို ထင်မှတ်ရပေသည်။

“အရှင်ချူးချန် သူ့ရဲ့ မူလခန္ဓာကိုယ်ကို ဖျက်ဆီးပစ်။” အရှင်ယဲ့က ပြောလိုက်သည်။ သူတို့က ဆန္ဒခြောက်ပါးအရှင်သခင်နှင့် တိုက်ရိုက်တိုက်ခိုက်လိုက်ကြပြီး အချင်းချင်း ထိန်းချုပ်ထားကြသည့်အတွက်ကြောင့် ယခုချိန်မှ ထွက်သွားရန် သူတို့အတွက် ခက်ခဲပေလိမ့်မည်။ အရှင်ချူးချန်က အထွတ်အထိပ် အခြေအနေ၌ ရှိနေဆဲဖြစ်ပြီး ဆန္ဒခြောက်ပါးအရှင်သခင်ကို မတိုက်ခိုက်သေးပေ။ အရှင်ချူးချန်က အထွတ်အထိပ်အခြေအနေ၌ ရှိနေဆဲဖြစ်ပြီး ဆန္ဒခြောက်ပါးအရှင်သခင်ကို တိုက်ခိုက်ရာ၌ ပါဝင်ခဲ့ခြင်း မရှိပေ။ သူက ဆက်ခိုက်နိုင်နေဆဲပင် ဖြစ်၏။

ဆန္ဒခြောက်ပါးအရှင်သခင်က ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။ သူက သူတို့ကို ထိန်းချုပ်ခြင်းမရှိဘဲ တိုက်ခိုက်နေခဲ့၏။ သူ၏ အားလုံးသော တိုက်ခိုက်မှုများက ပြင်းထန်သည့် ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။ အရှင်ချူးချန်က ယခု တိုက်ခိုက်မည်ဆိုလျှင် သူက ဆန္ဒခြောက်ပါးအရှင်သခင်၏ မူလခန္ဓာကိုယ်ကိုသာ တိုက်ခိုက်ရန် လိုအပ်ပြီး ၎င်းက သူ့ကို သတ်ပစ်နိုင်ပေလိမ့်မည်။ သူတို့၏ အနိုင်ရရန် အခွင့်အရေးက အလွန် မြင့်မားပေသည်။

အဆုံးမှာတော့ ထိုထိပ်သီးပုဂ္ဂိုလ်သုံးယောက်က တစ်ဖက်တည်း ဖြစ်လေသည်။ သူတို့က ဆန္ဒခြောက်ပါးအရှင်သခင်ကို သတ်ပစ်နိုင်စွမ်းရှိလျှင်ပင် အံ့သြစရာ ရှိလိမ့်မည်မဟုတ်ပေ။ အနိုင်ရသူကို အဆုံးအဖြတ်ပေးရန်မှာ အနှေးနဲ့အမြန်ပင် ဖြစ်သည်။

အရှင်ချူးချန်၏ ခန္ဓာကိုယ်မှ ဗုဒ္ဓ၏ ရွှေရောင် နတ်အလင်းတို့နှင့် တောက်ပလာနေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ဖိအားတစ်ခုက သူ့ထံမှ ထွက်ပေါ်လာသည်။ သို့သော် သူက ထိုနေရာ၌ လှုပ်ရှားမှုမရှိဘဲ ရပ်နေကာ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသလို ထင်မှတ်ရပေသည်။ ဤမြင်ကွင်းက အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့ကို အံ့သြမှင်တက်သွားစေခဲ့သည်။

“အရှင်ချူးချန် ဘာကို စောင့်နေတာလဲ။ အနာဂတ်မှာ ပြဿနာ မဖြစ်ရအောင် သူ့ကို သတ်လိုက်တော့။” လွတ်လပ်မှုအရှင်သခင်က အော်ဟစ်လိုက်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်၏ မဟာလမ်းစဥ်တိုက်ခိုက်မှုက သူ၏ နတ်ဘုရားပုံရိပ်ယောင်ထံ ကျရောက်ခဲ့ပြီး ဖြစ်သည်။ နတ်ဘုရားကပ်ဘေး၏ ပြင်းထန်သော ဖျက်ဆီးခြင်းအလင်းတို့က သူ့ထံသို့ ဖြန့်ကျက်ရောက်ရှိလာသည်။ ၎င်းက ဆန္ဒခြောက်ပါးအရှင်သခင်ကို သတ်ဖြတ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။ အရှင်ချူးချန်က ဆန္ဒခြောက်ပါးအရှင်သခင်ကို ယခု တိုက်ခိုက်ခဲ့ခြင်းမရှိလျှင် သူတို့နှစ်ယောက်က ​ကျိန်းသေ ဒုက္ခရောက်သွားရပေလိမ့်မည်။ ဆန္ဒခြောက်ပါးအရှင်သခင်က အားလုံးသော အကျိုးဆက်များကို လျစ်လျူရှုထားခဲ့ပေသည်။

သို့သော် လွတ်လပ်မှုအရှင်သခင်၏ စကားများကို ကြားပြီးနောက်၌ပင် အရှင်ချူးချန်က တိုက်ခိုက်မည့် အရိပ်အယောင် ပြသလာခြင်းမရှိသေးပေ။ သူက ထိုနေရာ၌ ရပ်နေဆဲသာ ဖြစ်၏။ ဤသည်မှာ လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ယဲ့တို့ကို မလွယ်ကူသလို ခံစားလိုက်ရပေသည်။ သူတို့၏ မျက်နှာအမူအရာတို့က ရုတ်တရက် ထူးထူးခြားခြား အရုပ်ဆိုးလာခဲ့သည်။ သူတို့က မည်သည်တို့ ဖြစ်ပျက်နေသည်ကို ရှင်းလင်းစွာ သတိပြုမိလိုက်ပေသည်။

အရှင်ချူးချန်က တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း မရှိခဲ့ပေ။

သူက ဤသည်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အရှင်ချူးချန်က တစ်ချိန်လုံး မတိုက်ခိုက်ခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ သူက သူတို့ကို ရည်ရွယ်ချက်ရှိရှိ နောက်ကျော ဓားနှင့် ထိုးခဲ့ခြင်း ဖြစ်ပေသည်။ သူတို့ သုံးယောက်လုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့အခါ မည်သူက အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်သူ ဖြစ်လိမ့်မည်နည်း။

အရှင်ချူးချန်က ဗုဒ္ဓဂိုဏ်းမှ ဖြစ်ပြီး သူတော်စင်ကျန်းချန်နှင့် တူညီသော ဂိုဏ်းမှ လာသူဖြစ်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်က ထွက်ပြေးသွားနိုင်ခဲ့လျှင်ပင် သူတို့သုံးယောက်ကြားတွင် ဆန္ဒခြောက်ပါးအရှင်သခင် လက်တုန့်ပြန်ရန် စိတ်ပူရမည့်သူမှာ အရှင်ချူးချန်သာ ဖြစ်လေသည်။

သူတို့နှစ်ယောက်က ထိုသို့တွေးလိုက်သည့်အခါ ဂရုမစိုက်ဘဲ အလျင်စလို ပြုမူမိသည့်အတွက် နောင်တရသလို ခံစားလိုက်ရပေသည်။ သူတို့သည် အစက သူတို့သုံးယောက် ပူးပေါင်းပြီး ဆန္ဒခြောက်ပါးအရှင်သခင်ကို သတ်ဖြတ်လျှင် ပြဿနာရှိလိမ့်မည် မဟုတ်ဟု တွေးထားခဲ့ပေသည်။ သို့သော် သူတို့သည် ယခုလို အချိန်မျိုးမှ အရှင်ချူးချန်က သူတို့အား နောက်ကျော ဓားနှင့် ထိုးလိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားခဲ့ကြပေ။

“ဆန္ဒခြောက်ပါးအရှင်သခင် ဘာလို့ ကျုပ်တို့ တိုက်ခိုက်နေတာကို တပြိုင်တည်း မရပ်တန့်ရမှာလဲ။” အရှင်ယဲ့က ဆုံးဖြတ်ချက်ပြတ်သားစွာ အကြံပြုလိုက်သည်။ အရှင်ချူးချန်က သူနှင့် လွတ်လပ်မှုအရှင်သခင်ကို သစ္စာဖောက်သွားခဲ့ကတည်းက သူက လက်လျှော့လိုက်တော့မည် ဖြစ်သည်။ သူက အရှင်ချူးချန်၏ အကြံအစည်ကို ပြည့်မြောက်သွားရန် ခွင့်ပြုလိုက်သည်ထက် လုပ်ဆောင်နေသည်အား လက်လျှော့လိုက်မည် ဖြစ်ပေသည်။

“ကောင်းပြီ။ မင်းတို့နှစ်ယောက် အရင် ရပ်လိုက်။” ဆန္ဒခြောက်ပါးအရှင်သခင်က ပြောလိုက်သည်။ အရှင်ယဲ့က တိုက်ခိုက်မှုအား အရင်ဆုံး ရပ်တန်လိုက်ရန် တွေဝေနေသော်လည်း ဆန္ဒခြောက်ပါးအရှင်သခင်က ခုခံကာကွယ်မှုအခြေအနေ၌ ရှိနေခဲ့ခြင်း ဖြစ်သည်။ အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်က တိုက်ခိုက်မှုကို ရပ်စဲလိုက်ခြင်းမှမဟုတ်လျှင် သူ့နယ်မြေကို အရင်ဖယ်ရှားပစ်ရန်အတွက် မဖြစ်နိုင်ပေ။ ဆန္ဒခြောက်ပါးအရှင်သခင်၏ တောင်းဆိုချက်က သင့်တော်ပေသည်။

အရှင်ယဲ့သည် လွတ်လပ်မှုအရှင်သခင်နှင့် စိတ်ချင်းဆက်သွယ်ကာ ပြောဆိုလိုက်ပြီးနောက် သူတို့နှစ်ယောက် ထုတ်လွှတ်လာသည့် မဟာလမ်းစဥ်စွမ်းအားများက တဖြေးဖြေး လျော့နည်းလာသည်။ သူတို့က တိုက်ခိုက်မှုကို တဖြေးဖြေး ရုတ်သိမ်းလိုက်ပေသည်။

ဆန္ဒခြောက်ပါးအရှင်သခင်က ၎င်းကို ခံစားမိပြီး သူကလည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သို့သော် သူက နယ်မြေကို ပြန်မရုတ်သိမ်းခဲ့ပေ။

ထိုအခိုက်အတန့်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများက ရုတ်တရက် ပေါက်ကွဲထွက်လာပေသည်။ အဆုံးမဲ့နတ်ဘုရားကပ်ဘေး ရွှေရောင်အလင်းများက လေဟာနယ်ကို ထိုးဖောက်လာပြီး လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ယဲ့ထံ တိုးဝင်လာခဲ့သည်။

တစ်ချိန်တည်းတွင် အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့က ဟစ်ကြွေးလိုက်သည်။ သူတို့၏ လမ်းကြောင်းအတွင်း အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ခန္ဓာကိုယ်များက လမ်းစဥ်အဖြစ် ပြောင်းလဲသွားသည်။

နှစ်ဖက်လုံးက တစ်ချိန်တည်းတွင် တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်ကြသည်။ ရှင်းလင်းစွာပင် သူတို့က တစ်ဖက်လူကို စိုးရိမ်ပူပန်မှုနေပြီး တိုက်ပွဲအား လက်လျှော့ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့က သတ်ဖြတ်သည့် တိုက်ကွက်ကို မထုတ်ဖော်ခင် တစ်ဖက်လူ၏ စောင့်ကြပ်ကာကွယ်မှုကို လျှော့ချစေရန် ရည်ရွယ်နေခဲ့၏။ သူတို့က အရှင်ချူးချန်၏ သစ္စာဖောက်မှုကို ကြုံတွေ့ရပြီးနောက် အချင်းချင်း ယုံကြည်ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။

သူတို့သုံးယောက်က အကွက်ဆင်၍ တစ်ဖက်လူကို အရင် တိုက်ခိုက်ကာ သတ်ဖြတ်ချင်နေခဲ့သည်။

အခြားတစ်ဖက်တွင် ရပ်နေရင်း အရှင်ချူးချန်က ဖြစ်ပျက်နေသည့် အရာအားလုံးကို တိတ်ဆိတ်စွာ စူးစမ်းလေ့လာနေခဲ့သည်။ အစွမ်းထက်လှသော ကျင့်ကြံသူသုံးယောက်​က သူတို့၏ အားအကောင်းဆုံး တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်ဖော်လိုက်ကြသည်။ ဖျက်ဆီးခြင်းနတ်အလင်းတို့ ဖြန့်ကျက်လာကာ ကောင်းကင်အတွင်း ဖျက်ဆီး​ခြင်းရောင်ဝါတို့ ဖုံးလွှမ်းလာ၏။ တုန်ခါသံများက ကျယ်ပြောသော လေဟာနယ်သို့ ဖြန့်ကျက်ထွက်လာပေသည်။

တိုက်ပွဲမြေပြင်မှ အဝေးတွင် ရှိနေသည့် ကျင့်ကြံသူများသည် ထိုဖျက်ဆီးခြင်းရောင်ဝါတို့ကို မြင်တွေ့လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သူတို့က တိုက်ပွဲမြေပြင်မှ ထွက်ပေါ်လာသော ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါတို့ကို ခံစားမိပေသည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ ထိုတိုက်ကွက်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဗုဒ္ဓ၏ အလင်းများဖြင့် ဖုံးလွှမ်းထားသော်လည်း သူက ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားလှိုင်းများကြောင့် နောက်သို့ လွင့်စင်သွားခဲ့ပေသည်။ သူ၏ နတ်ခန္ဓာက တုန်လှုပ်ကာ အလွန် ကွာဝေးသည့် နေရာသို့ တွန်းပို့ခံလိုက်ရပေသည်။ သူက ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ရှိ သူရှိနေကြနေရာ၌ မဟုတ်တော့ပေ။

ဖျက်ဆီးခြင်းနတ်အလင်းတို့ ပျောက်ကွယ်သွားပြီးနောက် ရီဖူရှင်းက ထိုနေရာသို့ တစ်ဖန် ပြန်ကြည့်လိုက်သောအခါ လွတ်လပ်မှုအရှင်သခင်၊ အရှင်ယဲ့နှင့် ဆန္ဒခြောက်ပါးအရှင်သခင်တို့က မတူညီသည့် နေရာသုံးခု၌ ရှိနေခဲ့ကြပေသည်။ သူတို့သုံးယောက်လုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပေသည်။

လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ယဲ့တို့ကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်များသည်ပင် သွေးတို့ဖြင့် စွန်းထင်းနေခဲ့၏။ သူတို့၏ အရှိန်အဝါတို့က အားနည်းနေခဲ့ပေသည်။ ဖျက်ဆီးခြင်းရွှေရောင်အလင်းတို့က သူတို့၏ ခန္ဓာကိုယ်များကို ဝန်းရံနေခဲ့သည်။ ကြည့်ရသည်မှာ ၎င်းက သူတို့၏ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်တို့ကို ဖျက်ဆီးပစ်နေဆဲ ဖြစ်ပေသည်။ သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ကြသည်။

ဆန္ဒခြောက်ပါးအရှင်သခင်လည်း တူညီစွာ ဒဏ်ရာရသွားခဲ့သည်။ ယခု သူက အလွန် အားနည်းနေခဲ့၏။ သူ၏ လက်ရှိအရှိန်အဝါက အကောင်းဆုံးအခြေအနေ၌ ရှိနေစဥ်၌ယှဥ်လျှင် အလွန် အားနည်းနေခဲ့ပေသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် ကွေးညွှတ်သွားကာ သူက တည့်တည့်မရပ်နိုင်တော့ပေ။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာနေသည်။ သူ့စိတ်ဝိညာဥ်က ထိခိုက်သွားခဲ့ပြီး သူ့စွမ်းရည်က အပြင်းအထန် အားနည်းသွားပေသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို မြင်သည့်အခါ သူ့နှလုံးသားက တုန်လှုပ်သွားစေခဲ့သည်။ သူက ဆန္ဒခြောက်ပါးအရှင်သခင်၏ စွမ်းရည်က မည်မျှများများ ကျန်ရှိနေကြောင်း မသိခဲ့ပေ။ သို့သော် သူက ထိုက်တန်သော အဖိုးအခပေးဆပ်ရပေလိမ့်မည်။

လက်ရှိတွင် အစွမ်းထက် ကျင့်ကြံသူလေးယောက်ကြားတွင် အရှင်ချူးချန်တစ်ယောက်သာလျှင် အကောင်းဆုံးအခြေအနေ၌ ကျန်ရှိနေဆဲ ဖြစ်ပေသည်။ သူက ဘေးမှ ရပ်ကြည့်နေပြီး တိုက်ပွဲ၌ ပါဝင်ခြင်းမရှိပေ။ ဖျက်ဆီးခြင်းအလင်းရောင်ဝါတို့ ပျောက်ကွယ်သွားပြီးနောက် သူက ဗုဒ္ဓအလင်းတို့အလယ်၌ ရပ်နေခဲ့သည်။ ဗုဒ္ဓ၏ ရွှေရောင်အလင်းတို့က နှိုင်းယှဥ်၍ မရအောင် တောက်ပလာခဲ့ပေသည်။

ထိုအချိန်အခါ၌ အရှင်ချူးချန်က အရာအားလုံးကို အဆုံးအဖြတ်ပေးနိုင်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

All Chapters