နဂါးဖမ်းပွဲ
Vol. 45 Ch. 629
ဝေးလံသောဒေသတစ်နေရာတွင် ပုန်းကွယ်တည်ရှိနေသည့် နဂါးတောင်တန်းအတွင်း၌၊
ဧရာမနဂါးသိုက်အတွင်းရှိ လုံအော်ထျန်းသည် လစ်ဟာဆာလောင်နေသာဝမ်းဗိုက်ကို ဖြည့်ဆည်းပြီးနောက် တစ်ရေးကောင်းကောင်းအိပ်လိုက်ဖို့ စဉ်းစားနေသည်။
ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်ကို သူသတိပြုလိုက်မိသည်။ သူနှင့် အကျွမ်းတဝင်ရှိလှသော အရှိန်အဝါတစ်ခုသည် ရန်လိုမှုများအပြည့်ဖြင့် အသိုက်ဆီ ချဥ်းကပ်လာနေဟန်ပင်။
"စောက်မှတ်မရှိတဲ့ ငှက်လူသား၊ မင်းမတော်နိုင်သေးဘူးလား"
လုံအော်ထျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
အိပ်ခါနီးအချိန်တွင် နှောင့်ယှက်ခံရခြင်းကို သူအမုန်းဆုံးဖြစ်သည်။
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
စစ်ထူယန်၏အရှန်အဝါကို ခံစားမိလိုက်သောအခါ လုံအော်ထျန်း၏စိတ်နှလုံးမှာ ဒေါသမီးများဖြင့်ဟုန်းဟုန်းတောက်လျက် မျက်နှာထက်တွင် လူသတ်ချင်နေဟန် ကြမ်းကြုတ်ရက်စက်မှုများ အပြည့်နေရာယူလာသည်။ အသိုက်ထဲမှ သူ၏နဂါးခန္ဓာကိုယ်ကြီးကို ရွေ့လျားလိုက်ပြီး အပြင်ဘက်သို့ ထည်ဝါခန့်ညားသောအရှိန်အဝါဖြင့် ထွက်လာလိုက်သည်။
"ဝေါင်း"
စူးရှသောနဂါးဟောက်သံတစ်ချက်မှာ ဒေါသတကြီးဆန်ထွက်လာလျက် ကောင်းကင်ကို ကျော်လွန်၍ မြည်ဟည်းသွားသည်။
"သတိထား၊ လုံအော်ထျန်း ထွက်လာပြီ။"
စစ်ထူယန်၏ပုံရိပ်က ရုတ်တရတ်ရပ်တန့်သွားပြီး တောအုပ်အပေါ်၍ရပ်တန့်ဆိုင်းငံ့လျက် အလေးအနက်မျက်နှာထားဖြင့် သတိပေးလိုက်သည်။
ကောင်းကင်ထက်တွင် ပျံသန်းနေသော ခမ်းနားကြီးမားလှသည့် နဂါးကြီးသည် လူသားပုံစံသို့ အသွင်ပြောင်းထွက်ပေါ်လာတော့၏။
ကြံ့ခိုင်မြင့်သွန်းသော ခန္ဓာအချိုးအဆစ်နှင့် စွမ်းအားကြီးသော ထိုယောက်ျားသည် လွင့်ပျံနေသော ဆံပင်နက်နက်များကြား ထိုးထွက်နေသည့် နဂါးချိုနှစ်ချောင်းနှင့်အတူ ခေါင်းအနောက်တွင်လည်း တောက်ပလင်းချင်းနေသည့် အနက်ရောင်နှင့်ရွှေရောင်နှော မသေမျိုးစက်ဝန်းတစ်ခု ပါရှိနေသေးသည်။ စူးရှသောအကြည့်များက စစ်ထူယန်ထံ၌သာ တည်မြဲနေလျက် အေးစက်စက်စကားဆိုလာ၏။
"ငှက်သေကောင်၊ မင်းတမင်သက်သက် လာနှောင့်ယှက်နေတာမလား၊ ဒီတစ်ကြိမ်တော့ အသက်ရှင်လျက်ပြန်ထွက်သွားဖို့ မစဥ်းစားလေနဲ့"
ဝှစ်ခနဲ အသံတစ်ချက်ကြားလိုက်ရသည်။
လုံအော်ထျန်း၏ခေါင်းအနောက်မှ မသေမျိုးစက်ဝန်းသည် ဆယ်ကြိမ်တိတိလည်ပတ်သွားပြီး ကျယ်ပြန့်ပြင်းထန်သော စွမ်းအားအရှိန်အဟုန်က ထိုနဂါးလူသား၏ခန္ဓာမှာ ဖြာထွက်လာကာ တုယှဥ်ပြိုင်လို့မရနိုင်သော အရှိန်အဝါကို ကြောက်မက်ဖွယ်ထုတ်လွှတ်လျက်ရှိသည်။
ကောင်းကင်နှင့်မြေပြင်မှာ အရောင်အဝါပြောင်းလဲမှိန်ဖျော့သွားရကာ နေနှင့်လပင် ထိုမသေမျိုးကို ကျော်လွန်တောက်ပဖို့ မတတ်နိုင်တော့။ မြင်ကွင်းတစ်ခုလုံးမှာ ကမ္ဘာပျက်ကပ်ဆိုက်ရောက်လာတော့မည့်အလား အံ့မခန်းဖွယ်ရှိ၏။
"မြန်မြန် လုပ်မှာဖြင့်အခုလုပ်တော့"
လုံအော်ထျန်းမှ အားကုန်သုံး၍ တိုက်ကွက်ထုတ်တော့မည့်ဟန်ပြင်လာသဖြင့် စစ်ထူယန်လည်း ချွေးအေးများနစ်နေအောင်စိမ့်ထွက်လာရင်း အရေးတကြီးလောဆော်လိုက်သည်။
ထူးကဲသာလွန်လှသော မသေမျိုးဧကရာဇ်တစ်ပါးနှင့် တိုက်ပွဲဖို့ဝင်ဖို့အထိ သူသတ္တိမရှိ။ မသေလျှင်တောင်မှ နောက်ဆက်တွဲဒဏ်ရာက ကုမရအောင်ပြင်းထန်လိမ့်မည်။
သွေးအရှင်သည်လည်း လုံအော်ထျန်း၏ စွမ်းအားအစစ်အမှန်ကို ပထမဆုံးအကြိမ်မြင်ဖူးလိုက်ခြင်းဖြစ်ရာ ချက်ချင်းမလှုပ်ရှားလို့မရတော့ကြောင်း သိလိုက်သည်။
ထိုမျှကြောက်မက်ဖွယ်စွမ်းအားဖြင့် လက်သီးနှစ်ချက်စာလောက်သာ မိသွားခဲ့လျှင် သူကိုယ်တိုင် ကြိတ်ပေါင်းထားသောအသားလုံးအဖြစ် အသွင်ပြောင်းသွားလောက်မည်ပေလား မသိနိုင်။
လွတ်မြောက်ဖို့ရာမဖြစ်နိုင်သော စွမ်းအားမျိုးဖြစ်သည်။
"အမှောင်သွေးလက်စွပ်"
အလင်းတစ်ချက်ပြက်ချိန်တွင် သွေးအရှင်သည် လက်စွပ်တစ်ကွင်းကို ချက်ချင်းဖန်ဆင်းလိုက်သည်။ လက်စွပ်မျက်နှာပြင်မှာ ပိန်းပိတ်အောင်မည်းနက်လျက် ထူးဆန်းသောသင်္ကေတအမျိုးမျိုးဖြင့် ဖုံးလွှမ်းထားလျက်ရှိ၏။
ထိုလက်စွပ်အတွင်းသို့ စွမ်းအားဖြည့်သွင်းပြီးချိန်တွင် လက်စွပ်မှာ ရုတ်ချည်းပင် အံ့အားသင့်ဖွယ်လှိုင်းတွန့်လှိုင်းခတ်များကို ထုတ်လွှတ်လိုက်ရာ မရေမတွက်နိုင်သော နီညိုရောင်အလင်းတန်းများသည် သွေးညို့ညို့တို့ ပန်းထွက်လျှံကျသကဲ့သို့ ထွက်ပေါ်လာကြပြီး မကောင်းဆိုးဝါးဆန်သော အာဏာရှင်တစ်ပါးကဲ့သို့ အရှိန်အဝါကို ထုတ်လွှတ်လို့နေသည်။
ချက်ချင်းဆိုသလိုပင် သွေးရောင်ဖြင့်လွှမ်းသော လှောင်အိမ်တစ်ခုသည် လုံအော်ထျန်း၏ပတ်ပတ်လည်၌ ဝိုက်ကာ၍ပုံပေါ်လာခဲ့ကာ နဂါးလူသား၏တစ်ကိုယ်လုံးအား လွတ်လမ်းမရှိ ပိတ်သွင်းအကျဥ်းချလိုက်တော့၏။
မိမိကို အလစ်အငိုက်တွင် ဖမ်းဆီးလှောင်ပိတ်လိုက်သည်အားမြင်သောအခါ လုံအော်ထျန်းမှာ ပို၍ပင်ဒေါသထွက်လာပြီး လက်သီးကိုအရှိန်အပြည့်တင်ကာ လွှဲယမ်းလျက် လှောင်အိမ်ကိုရိုက်ခတ်စေသည်။
ဒုန်း ဒုန်း ဒုန်း ဒုန်း
သွေးရောင်လွှမ်းသောလှောင်အိမ်မှာ လက်သီးချက်များစွာကို ဆက်တိုက်ခံစားလိုက်ရပြီးချိန်တွင် အတော်လေးပဲ့ရွဲ့ကုန်လျက် အလင်းရောင်တဖျတ်ဖျတ်ထွက်ကာ မတည်မငြိမ်ပုံစံများ စတင်ပြသလာသည်။
"မင်းကြည့်ရတာ သိပ်တော့အဆင်မပြေဘူးပဲ" စစ်ထူယန်က အချိန်မရွေးထွက်ပြေးရန် အသင့်ပြင်ထားရင်း ခပ်မဲ့မဲ့ဆိုသည်။
ပြိုင်ဘက်ကင်းအင်အားကြီးသော နဂါးတစ်ကောင်ထံမှ ဒေါသတကြီးအလိုက်ခံရမည့်အဖြစ်ကို သူလည်းမကြုံလို။
"ဒါက ငါတို့မျိုးနွယ်စုဘိုးဘေးကြီး ပေးသနားခဲ့တဲ့ အမှောင်သွေးလက်စွပ်ပဲ။ အသက်သွင်းလိုက်တာနဲ့ ပြိုင်ဘက်တွေကို ပိတ်လှောင်ဖို့ လှောင်အိမ်တစ်ခုကို ပုံဖော်နိုင်ပြီး တိုက်ပွဲမှာအသာစီးရစေတယ်။ ဒါပေမဲ့ လှောင်အိမ်ရဲ့စွမ်းအားကို အပြည့်အစုံတိုးမြှင့်ဖို့ဆိုရင်တော့ သန်စွမ်းကြံ့ခိုင်တဲ့ စွမ်းအားရှင်တစ်ဦးဆီက လတ်လတ်ဆတ်ဆတ်သွေးတချို့ကို လိုအပ်တယ်။"
သွေးအရှင်၏ မျက်နှာအရောင်က ဖြူဖျော့နေပြီဖြစ်ကာ ပုတီးစေ့ခန့်ကြီးမားသော ချွေးသီးချွေးပေါက်များလည်း တလိမ့်လိမ့်စီးဆင်းလာကုန်ကြ၏။ အခြေအနေမကောင်းတော့သည်မှာ အသိသာကြီးပင်။
အမှောင်သွေးလက်စွပ်မှာ သူ၏အကြီးဆုံးဝှက်ဖဲဟုလည်း ဆိုရနိုင်သည်။ အဘယ့်ကြောင်ဆိုသော် ထိုရတနာကို အသက်သွင်းအသုံးပြုဖို့မှာ တင်းကျပ်ခက်ခဲလှသောကြောင့်ပင်။ အသုံးပြုသူသည် မသေမျိုးဧကရာဇ်အဆင့်သို့ရောက်ရှိနေဖို့ မဖြစ်မနေလိုအပ်လေသည်။ ထို့ကြောင့် သွေးအရှင်သည် ယဲ့ကျွင်းလင်နှင့်တိုက်ခိုက်စဥ်က ၎င်းကို ထုတ်ယူအသုံးမပြုနိုင်ခဲ့ခြင်းဖြစ်၏။
"မင်းက အလင်းမျိုးနွယ်စုရဲ့ တော်ဝင်မျိုးဆက်ပဲမဟုတ်လား၊ မင်းရဲ့မြင့်မြတ်သန့်စင်တဲ့ တော်ဝင်သွေးဆိုရင် ဒီလက်စွပ်ကိုစွမ်းအားမြှင့်ဖို့ အများကြီးအထောက်အကူပြုနိုင်မှာ။ သူ့စွမ်းအင်ရင်းမြစ်ကို မင်းသွေးနဲ့လောင်းပြီး ကြီးထွားဖွံ့ဖြိုးစေဖို့လိုအပ်တယ်။ ဒီလိုမှ သူ့ရဲ့စွမ်းအားအပြည့်အစုံကို လုံလုံလောက်လောက် ထုတ်သုံးနိုင်လိမ့်မယ်။"
"ငါ့ကိုယုံပါ။ ဒီလက်စွပ်က စွမ်းအားအပြည့်ထုတ်နိုင်ပြီဆိုရင် မသေမျိုးသူတော်စင်တစ်ယောက်တောင်မှ သူ့လှောင်အိမ်ထဲက လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
သွေးအရှင်၏တောင်းဆိုမှုကိုကြားသောအခါ စစ်ထူယန် အလွန်အမင်းတွန့်ဆုတ်ရွံရှာမိသွားသည်။ သို့သော် လက်ရှိအခိုက်အတန့်မှာ တိုက်ပွဲ၏အထွတ်အထိပ် အရေးကြီးဆုံးအချိန်ဖြစ်နေပေရာ သူ့အနေဖြင့် ထုတ်ပေးရုံမှလွဲ ရွေးချယ်စရာမရှိ။
"မင်းပြောနေတာတွေ အမှန်ဖြစ်ရင်ကောင်းမယ်"
စစ်ထူယန်က အေးစက်စက်မျက်နှာဖြင့် သတိပေးလိုက်ရင်း လက်ကောက်ဝတ်ကို ရွှပ်ခနဲလှီးဖြတ်ချလိုက်သည်။ ဓားပြတ်ရာနက်နက်မှ ရွှေရောင်သွေးစက်များစွာ အဆက်အပြတ်ပန်းထွက်လာပြီး အသက်ဝင်သွားသည့်အလား အမှောင်သွေးလက်စွပ်ထဲသို့ အလိုအလျောက် စီးဆင်းစိမ့်ဝင်သွားကြလေတော့၏။
"သွေးတွေ..."
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သွေးအရှင်၏မျက်လုံးများမှာ စူးရဲတောက်ပလာကာ တံတွေးတစ်ချက်မျိုချလိုက်မိရင်း အစွယ်ဖွေးဖွေးတို့မှာလည်း ပါးစပ်ကြားမှ လှစ်ဟထွက်ပေါ်လာကြသည်။ မျက်နှာသွင်ပြင်မှာ ထိုရွှေရောင်သွေးရည်တို့ကို ပြင်းပြင်းထန်ထန် လိုလားတောင့်တနေဟန်ဖြင့်။
အလင်းမျိုးနွယ်စုဝင်များ၏ သွေးသည် ထာဝရသွေးမျိုးနွယ်စုတို့အတွက် ကြီးမားသော သွေးဆောင်မှုသာဖြစ်သည်။ စစ်ထူယန် ကဲ့သို့သော တော်ဝင်မျိုးဆက်တစ်ဦး၏သွေးမှာတော့ မျက်နှာလွှဲရက်စရာကိုမရှိ။
ထိုအချိန်မှာပင်၊
လတ်ဆတ်ချိုမြိန်သော အဆင့်မြင့်သွေးရည်တို့ဖြင့် အစာကျွေးခံလိုက်ရသော အမှောင်သွေးလက်စွပ်သည် ပြင်းထန်စွာတုန်ယင်လှုပ်ရှားလာကာ တိုးညင်းသောညည်းသံတဟီးဟီးကိုထုတ်လွှတ်လျက် အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလာဟန်ရှိ၏။
ဝှစ်
စတင်ဖွဲ့စည်းကတည်းက ပုံမှန်မဟုတ်စွာခိုင်မြဲသန်မာသော သွေးရောင်လှောင်အိမ်မှာ အားသစ်လောင်းခံလိုက်ရချိန်တွင် မဖျက်ဆီးနိုင်လောက်အောင် ခိုင်မာတောင့်တင်းသွားပေတော့သည်။
"ဘာလဲဟ"
ထိုသို့သောအခြေအနေကို မျှော်လင့်ထားဟန်မရှိသည့် လုံအော်ထျန်းမှာ ဒေါသထွက်ရင်း အထိတ်တလန့်ခံစားမှုများလည်း ရောယှက်လာရတော့၏။
ထိုအချိန်တွင် သွေးရောင်လှောင်အိမ်အထက်၌ မျောလွင့်နေသော အမှောင်သွေးလက်စွပ်သည်လည်း လှောင်အိမ်၏ခိုင်မြဲမှုကိုထိန်းသိမ်းဖို့ မကုန်နိုင်သောစွမ်းအင်များအား အားအင်အပြည့်ဖြင့် တရစပ်ထုတ်လွှတ်ပေးလာတော့၏။
စစ်ထူယန်မှာ စိတ်သက်သာရာရသွားဟန် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။
"တကယ်ကြီးအလုပ်ဖြစ်သွားတာပဲ ထင်မထားခဲ့ဘူး"
တစ်ချိန်တည်းမှာပင် သွေးအရှင်၏ လျှို့ဝှက်ဆန်းကြယ်သော လက်နက်ကျင့်စဥ်များအပေါ် ကြောက်စိတ်လည်းဝင်မိလာရ၏။
မသိစိတ်ဖြင့် တစ်ဖက်လူကို ခေါင်းလှည့်ကြည့်မိလိုက်ချိန်တွင် သူ့ထံတည်မြဲနေသော သွေးအရှင်၏အကြည့်ကြောင့် စစ်ထူယန် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။
ထိုသတ္တဝါ၏မျက်လုံးများက တစ်စုံတစ်ခုကို သေမတတ်လိုလားတောင့်တနေသည့်အလား သူ့ကိုယ်ပေါ်တွင် စူးစိုက်တည်မြဲနေခဲ့သည်။
စစ်ထူယန် သတိကြီးစွာဖြင့် မေးလိုက်သည်။ "မင်း ဘာလုပ်ချင်လို့လဲ"
ပင်မသွေးကြောမှ သွေးအမြောက်အများကိုဆုံးရှုံးလိုက်ရခြင်းကြောင့် သူ့ခန္ဓာကိုယ်မှာ အားအနည်းဆုံးအခြေအနေသို့ ရောက်ရှိနေလေပြီ။ ဤနေရာတွင် တစ်ဖက်လူမှ စိတ်ဖောက်ပြန်ကာ တိုက်ခိုက်ရန်ပြုလာပါလျှင် သူအရေးနိမ့်ရုံသာရှိပေတော့မည်။
သို့သော် မဖြစ်မနေလိုအပ်သောအခြေအနေသို့ မရောက်သရွေ့ အမိန့်လက်စွပ်ကိုတော့ သူအသုံးပြုမည်မဟုတ်။ အဖိုးတန်ရတနာတစ်ခုကို အချည်းနှီးအဖြစ်မခံနိုင်။
"ဟေး မင်းငါတို့သခင်လေးကို ဘာလုပ်ဖို့ကြံနေတာလဲ"
တာပူက စစ်ထူယန်အရှေ့မှ ချက်ချင်းကွယ်ရပ်လာကာ အကြံဆိုးတို့ပြည့်နှက်နေဟန်တူသော သွေးအရှင်၏အကြည့်အား ပိတ်ပင်တားဆီးလိုက်သည်။
အရေးကြီးသောအခိုက်အတန့်တွင် သူ၏ကိုယ်ရံတော်ကဏ္ဍလေးမှာလည်း အနည်းအကျဥ်းတော့ အသုံးဝင်နိုင်ပါသေး၏။
သွေးအရှင်၏မျက်လုံးများက ဆာလောင်ငတ်မွတ်နေသောဝံပုလွေတစ်ကောင်အလား သွေးဆာနေသောစိတ်မှာ အနံ့နှင့်အမြင်၏နှိုးဆွမှုတွင် ထိန်းမရနိုင်အောင်ရုန်းကြွလာလျက် လည်ဇလုပ်ကြီးမှာ တစ်ချိန်လုံး အထက်အောက်ရွေ့လျားနေခဲ့သည်။ ထို့နောက် စမ်းသပ်ကြည့်ချင်ဟန်ဖြင့် မေးလာသည်။
"သခင်လေးစစ်ထူ ကျွန်တော့်ကို သွေးနည်းနည်းတိုက်နိုင်မလား"
စစ်ထူယန်လည်း ဒေါသပေါက်ကွဲကာ တစ်ဖက်လူကိုစိုက်ကြည့်ပြီး အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
"ထွက်သွားစမ်း အဲ့ကိစ္စကို တွေးတောင်မတွေးနဲ့"
သူ့ခန္ဓာအတွင်း စီးဆင်းတည်ရှိနေသောသွေးများက အလွန်သန့်စင်မြင့်မြတ်လှသောကြောင့် ထိုသို့ညစ်ညမ်းယုတ်ညံ့သည့် အဆင့်နိမ့်သတ္တဝါတစ်ဦးအား မည်သို့မျှ အရသာခံခွင့်ပေးနိုင်မည်မဟုတ်။
ယခုလေးတင် သူကူညီခဲ့သောလုပ်ရပ်မှာလည်း အနာဂတ်၏ကောင်းကျိုးကိုတွေးဆကာ ကိုယ်ကျိုးစွန့်လိုက်ခြင်းသာ။ တစ်ဖက်လူ၏ တစ်ကိုယ်ကောင်းစိတ်ဆန္ဒအတွက်တော့ သူ့သွေးကို ထပ်အဆုံးရှုံးမခံနိုင်တော့။
သွေးအရှင်ကတော့ လက်လျှော့သေးဟန်မတူဘဲ အရှက်မဲ့စွာ ပြုံးပြလာသည်။
"ကျွန်တော်က သခင်လေးရဲ့မဟာမိတ်ပဲမဟုတ်လား၊ ဘာကြောင့် ဒီလောက်တောင်တွန့်တိုနေရတာလဲ"
ထိုရွှေရောင်သွေးရည်များကို မြင်လိုက်ချိန်ကတည်းက သူ့ဆာလောင်မှုမှာ ရက်ရက်စက်စက် နှိုးဆွခံလိုက်ရခြင်းပင်။
အလင်မျိုးနွယ်၏ တော်ဝင်မျိုးဆက်တစ်ပါးထံတွင် စီးဆင်းနေသောသွေးသန့်သွေးမြတ်၊ မည်သည့်ထာဝရသွေးမျိုးနွယ်ဝင်မဆို တောင့်တလိုချင်မဆုံးသည့် ရတနာတစ်ပါးပင်။
မြည်းစမ်းဖို့ အခွင့်အရေးလေးတစ်ခါလောက်သာရပါလျှင် သေပျော်ပါပြီဟုပင် ခံစားမိရ၏။
သာမန်ကာလျှံကာ ကြုံရာမိန်းမများဖြင့် ကြုံသလိုအိပ်နေသောယောက်ျားတစ်ယောက် မျှော်လင့်မထားစွာ အိပ်ရာထက်တွင် လှဲလျောင်းကြိုဆိုနေသော တုနှိုင်းမဲ့အလှလေးတစ်ယောက်အား တွေ့မြင်လိုက်ရသကဲ့သို့ဟု ဥပမာခိုင်းနှိုင်းရပေမည်။ စိတ်ဆန္ဒအားလုံးကို ထိန်းချုပ်သိုဝှက်ထားဖို့ မတတ်နိုင်တော့လောက်အောင် ပြင်းပြသောဆွဲဆောင်မှု။
သွေးအရှင်၏ အာသာငမ်းငမ်းမျက်နှာထားကိုမြင်ချိန်တွင် စစ်ထူယန်မှာ တစ်ကိုယ်လုံးအတွင်းအပြင်မကျန် ကြက်သီးဖြန်းဖြန်းထသွားရတော့သည်။
"မရဘူး လုံးဝပဲ"
သွေးအရှင်က ဒေါသဖြင့် အံတင်းတင်းကြိတ်ကာ ကြမ်းကြုတ်သောမျက်နှာထားဖြင့် ပြောသည်။
"ဒါပေမဲ့ ငါဒီလောက်ဆာလောင်မွတ်သိပ်လာရတာလည်း မင်းကြောင့်ပဲမဟုတ်လား၊ မင်းစတဲ့ပြဿနာကို မင်းပြန်ရှင်းမပေးနိုင်ရင် ငါနောက်ပိုင်းဘာတွေထပ်အရူးထမိမလဲဆိုတာ အာမမခံနိုင်ဘူး"
စကားဆိုရင်း အနားသို့ တစ်လှမ်းချင်းစီတိုးကပ်လာကာ အစွယ်နှစ်ချောင်းကလည်း ပြူးထွက်လာသည်။ မျက်လုံးအစုံမှာ သွေးတောက်တောက်ယိုစီးကျတော့မည်အလား ရဲစွေးလျက်။
လိင်စိတ်ထကြွခြင်းနှင့်မခြားသော ဆာလောင်မှုမျိုးပင်။ ဖြည့်ဆည်းလွှတ်ထုတ်လို့ မရမချင်း ပြေပျောက်လိမ့်မည်မဟုတ်။
"ဟမ့် မင်းအတွေးတွေကို အခုပဲစွန့်လွှတ်လိုက်ဖို့အကြံပေးချင်တယ်၊ ငါတို့သခင်လေးက မင်းအလိုကို လုံးဝဖြည့်ဆည်းပေးမှာမဟုတ်ဘူး"
တာပူကတော့ အတော်လေးခက်ခက်ထန်ထန် ဒေါသထွက်နေဟန်ရှိကာ အချိန်မရွေး တိုက်ပွဲဝင်လိုက်ဖို့ အသင့်ပြင်ထားလျက်ရှိ၏။ ကိုယ်ရံတော်တစ်ဦးအနေဖြင့် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို အသက်နှင့်ရင်း၍ ကာကွယ်စောင့်ရှောက်သွားရမည့်တာဝန်ရှိသည်။
"မင်းကငါ့ကို တားဆီးနိုင်လိမ့်မယ်လို့များ ထင်နေသလား" သွေးအရှင်၏ ဆံပင်နက်နက်များက လေနှင့်အတူ ရိုင်းစိုင်းစွာဝဲလွင့်လျက် ဖိအားပြင်းသောအရှိန်အဝါက သူ့ထံမှဖြာထွက်လာတော့သည်။
တာပူ၏အနောက်မှ စစ်ထူယန်သည် မျက်မှောင်ကြုတ်လျက်သားဖြင့် စဥ်းစားနေရင်း အခြေအနေ၏တင်းမာလာမှုကို သဘောပေါက်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"ဟူး တော်တော်လေးဒုက္ခပေးတဲ့ကောင်ပဲ"
"တာပူ သူ့ကိုမင်းသွေးတိုက်လိုက်"
တာပူမှာ အမိန့်ရတော့မည်အထင်ဖြင့် တိုက်ခိုက်ရန်အသင့်ပြင်နေဆဲ သခင်လေး၏နှုတ်မှစကားများကိုကြားလိုက်ရချိန် နေရာတွင်ပင် တောင့်ခဲသွားတော့လေသည်။
"ဟမ်"