← Chapters

မင်းရှုံးပြီ

Vol. 16 Ch. 226

မင်းရှုံးပြီ

Vol. 16 Ch. 226

ဟွာရှန်ချန် လုံးဝကို တုန်လှုပ်နေ၏။

ကြည့်ရှုနေသူတွေလည်း အုတ်အုတ်ကျက်ကျက်ဖြစ်သွား၏။

"ဘာမှားနေတာလဲ။ သူက တကယ်ပဲ လက်ဝါးနည်းစနစ်ကို သိတာလား...."

"စီနီယာအကိုဟွာ သူ့လက်ဝါးနည်းစနစ်ကို ဖုံးကွယ်ထားတာ နားလည်ပေးလို့ရတယ်။ ဘာလို့လဲဆိုတော့ ဂိုဏ်းချုပ်က လက်ဝါးနည်းစနစ်မှာ အကောင်းဆုံးလေ။ သူ့ထိပ်တန်းတပည့်က ဓားပညာပဲလေ့ကျင်တာက အဓိပ္ပာယ်မရှိဘူး...."

"ဒါပေမယ့် ဂျန်ဖန်းကဘယ်လိုဖြစ်တာလဲ။ သူလည်း လက်ဝါးနည်းစနစ်တတ်တာလား...."

ယန်ယုချင်မျက်နှာ စိတ်လှုပ်ရှားမှုကြောင့်နီရဲသွား၏။

သူမ၏ဦးလေးက ဟွာရှန်ချန်ကို ဓားပညာနှင့် တိုက်ခိုက်နိုင်ခဲ့ပြီး ထိုအရာက သူမကို အံ့အားသင့်စေ၏။

သို့ပေမယ့် သူမကို ပိုလို့တောင် အံ့အားသင့်သွားစေတာက....

သူက တကယ်ပဲ လှုပ်ရှားမှုတွေ ဖုန်းကွယ်ထားခဲ့၏။

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေလည်း နောက်ထပ် ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့ပေ။

အထူးသဖြင့် မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်ပင်။

သူက သူ၏အကြီးဆုံးတပည့် သေချာပေါက်နိုင်မည်ဟု ထင်ခဲ့၏။

သို့ပေမယ့် ရလဒ်က?....

သရေကျနေခဲ့၏။

သူ့ကိုအတုန်လှုပ်စေဆုံးက ဤကောင်လေးက ဟွာရှန်ချန်လိုပင် လက်ဝါးနည်းစနစ် ဖုံးကွယ်ထားသေး၏။

"ခုထိရှာမတွေ့သေးဘူးလား...."

"ဒီလူက အတိအကျဘယ်သူလဲ...."

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် ရုတ်တရက် စိုးရိမ်လာ၏။ ဖြစ်နိုင်တာ သူ၏ဂုဏ်ယူရသည့်တပည့် ရှုံးသွားနိုင်၏။

အကြီးအကဲတွေ ပြန်ဖြေလိုက်သည်။

"စုံစမ်းနေတုန်းပါ။ ကျွန်တော်တို့မကြာခင် ရလဒ်ကို သိရမှာပါ...."

""ဒါက မယုံနိုင်စရာပဲ။ ဒီကောင်လေးက ဘယ်ကလာတာလဲ...."

"ဒီလိုပါရမီရှင် လူငယ်တပည့်မျိုး ဂိုဏ်း ၉ ဂိုဏ်းမှာ တစ်ခါမှ မကြားဘူးဖူး..."

"ဂိုဏ်းချုပ်, မစိုးရိမ်ပါနဲ့။ ဒီလူက လက်ဝါးနည်းစနစ်ကို သိရင်တောင် မင်းတပည့်ရဲ့ပြိုင်ဘက်မဟုတ်သေးပါဘူး...."

"အဆုံးမှာတော့, ရှန်ချန်လက်ဝါးနည်းစနစ်က မင်းကိုယ်တိုင် အသေးစိတ် သင်ကြားပေးထားတာလေ...."

ထိုအရာကိုကြားသည့်အခါ....

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် အနည်းငယ် သက်သာယာရသွား၏။

သူက ဟွာရှန်ချန်လက်ဝါးနည်းစနစ်ကို အလွန်ယုံကြည်မှုရှိ၏။

သို့ပေမယ့် သူမသိတာက ဤနှစ်မွာကျင့်ကြံသူပါရမီရှင်က ဘယ်လောက်အားကောင်းသည်ဆိုတာပင်။

ထိုအခိုက်အတန့်၌...

စင်ပေါ်၌ ဟွာရှန်ချန်းလည်း စိတ်ရှုပ်နေ၏။

အစက ဂျန်ဖန်း ခန္ဓာကိုယ်နည်းစနစ်ပဲ သိသည်ဟု ထင်ထားခဲ့၏။

သို့ပေမယ့် ဂျန်ဖန်က ကျင့်ကြံရေးကို ထုတ်ပြခဲ့၏။

ဓားပညာနှင့် အနိုင်ယူနိုင်မယ်လို့ထင်ခဲ့သော်လည်း ဂျန်ဖန်းက သူ့ထက်တောင်ပိုကောင်းသည့် ဓားပညာကို ပြသခဲ့၏။

ထို့နောက် လက်ဝါးနည်းစနစ်ဖြင့် အသာစီးရမည်ဟု ထင်ခဲ့၏။

သို့ပေမယ့် ဂျန်ဖန်းလည်း လက်ဝါးနည်းစနစ်ကို ထုတ်ပြလာ၏။

မွန်းကျပ်သည့်ခံစားချက်တစ်ခုက သူ့ကို လွမ်းမိုးလာခဲ့သည်။

သူက ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် တွေ့နေပြီဆိုတာ သိ၏။

ဤဂျန်ဖန်းက ကောလဟာလတွေကဲ့သို့ စိတ်ဝိညာဥ်အမြစ်မရှိသည့် အမှိုက်ကောင်မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကြောက်စရာကောင်းလောက်အောင်သန်မာလှ၏။

အလေးအနက်သာမလုပ်လျှင် အမှန်တကယ် ရှုံးသွားနိုင်၏။

ထိုအရာကိုတွေးပြီး အရင်ကလိုမဟုတ်တော့ပဲ အာရုံစိုက်ကာပြောလိုက်သည်။

"မင်းလက်ဝါးသိုင်းကို ငါ့ကိုပြစမ်းပါ..."

"သစ်တစ်ရွက်ကြွေခြင်း....."

လက်ဝါးသိုင်းက လှပပြီး ရွေ့လျားနေသည့်သစ်ရွက်တစ်ရွက်ကဲ့သို့ ကြိုတင်ခန့်မှန်းလို့မရပေ။

ဂျန်ဖန်းနားချည်းကပ်လာသည့်အခါ ၎င်းက အမျိုးမျိုးသောအရိပ်တွေအဖြစ်ပြောင်းလဲသွားပြီး အတုနှင့် အစစ် ခွဲခြားဖို့ မဖြစ်နိုင်ပေ။

မြေကမ္ဘာအဆင့်လက်ဝါးသိုင်း?....

ဂျန်ဖန်းမျက်လုံးတွေကျဥ်းမြောင်းသွားပြီး အသက်ပြင်းပြင်းရူကာ လက်ဝါးချက်နှင့် ပြန်တိုက်ခိုက်လိုက်၏။

"တုန်လှုပ်နေသောနဂါး...."

ရှေးဟောင်းလေဟာနယ်သစ်ပင်မှရသည့် သိမ်မွေ့အဆင့်မြင့်သိုင်းကျမ်းတစ်ခုအနေဖြင့်....

၎င်း၏အဆင့်မှာ အားအကောင်းဆုံး နည်းစနစ်တစ်ခုဖြစ်၏။

လက်ဝါးနှစ်ခု ဆုံတွေ့သွားသည့်အခါ နဂါးဟိန်းသံတွေ ထွက်ပေါ်လာခဲ့သည်။

ရေနဂါးနှစ်ကောင် ဟိန်းဟောက်လိုက်သလိုပင်။

ဘုန်း!

နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံးသွားပြီး ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

နှစ်ယောက်သား အကျိုးသက်ရောက်မှုကြောင့် ခြေနှစ်လှမ်းလောက် ဆုတ်သွား၏။

ဟွာရှန်ချန် အတော်လေးအံ့အားသင့်နေခဲ့သည်။

ဂျန်ဖန်းလက်ဝါးသိုင်းက တကယ်တော့ သူ့ထက်ပိုအားကောင်းပြီး ပိုသန့်စင်၏။

အနည်းငယ် ထိပ်ထိပ်ပျာပျာဖြစ်သွား၏။

သူဂုဏ်အယူရဆုံးလက်ဝါးနည်းစနစ်က တစ်ဖက်လူကို အနိုင်မယူနိုင်သေးပေ။

"ကြယ်ခုနစ်စင်းလစန္ဒာ...."

သူက ဒုတိယအကွက် ထုတ်ဖော်လိုက်၏။

ဂျန်ဖန်း ဖိနှိပ်ခံမည့်သူမဟုတ်ပေ။

"နဂါးထိန်းချုပ်ခြင်း...."

ပိုပြင်းထန်သည့် လက်ဝါးရိုက်ချက်တွေ တွေ့ဆုံသွား၏။

ဤတစ်ချိန်လည်း သူတို့က လက်ရည်တူနေဆဲပင်။

ဟွာရှန်ချန် ကြောင်အနေ၏။

သူက ခွန်အားကုန်အသုံးပြုထားသော်လည်း ဂျန်ဖန်းကိုအနိုင်မရသေးပေ။

သူက မြင့်မြတ်ဂိုဏ်း၏ ဒုတိယပါရမီရှင် တပည့်အကြီးဆုံးဖြစ်ကာ ဂိုဏ်းဂုဏ်ဆောင်လည်းဖြစ်သည်။

ဘယ်လိုလုပ် ဂျန်ဖန်းကို ရှုံးနိုင်မည်နည်း။

အံ့ကြိတ်လိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်၏။

ဂျန်ဖန်း၌ သူနှင့်ယှဥ်နိုင်သည့်လက်ဝါးသိုင်းရှိသော်လည်း ကျင့်ကြံရေးက သူ၏အကြီးမားဆုံးအားနက်ချက်ပင်။

ထို့ကြောင့် ခုန်တက်ပြီး လက်ဝါးချက်ကို ထုတ်ဖော်လိုက်သည်။

ဂိုဏ်းချုပ်၊ အကြီးအကဲ တွေနှင့် တပည့်တွေလည်း ဟွာရှန်ချန်ရည်ရွယ်ချက်ကို နားလည်၏။

လူတိုင်း တိတ်ဆိတ်နေကြ၏။

ဂိုဏ်းသခင်၏တပည့်ဂုဏ်ယူရသည့်တပည့်ကြီးက အနိုင်ရဖို့ စိတ်ဝိညာဥ်စွမ်းအင်ပေါ်သာ မှီခိုရတော့မည်ဖြစ်၏။

လူအချို့က ဂျန်ဖန်းကပဲသန်မာလွန်းတာလား မြင့်မြတ်ဂိုဏ်းကပဲ ထင်သလောက်မကြီးကျယ်တာလားဆိုတာ မသိကြတော့ပေ။

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် အနည်းငယ် ရှက်သွား၏။

သူ၏ဂုဏ်အယူရဆုံးတပည့်က အနိုင်ရဖို့ စိတ်ဝိညာဥ်စွမ်းအင်သုံးပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ဂျူနီယာလေးကို အနိုင်ကျင့်နေ၏။

အနိုင်ရသွားလျှင်တောင် သူပျော်နိုင်မည်မဟုတ်ပေ။

ဝါးစိမ်းတောင်ထိပ်အကြီးအကဲ နှစ်သိမ့်ပေးလိုက်၏။

"ဂိုဏ်းချုပ်အများကြီးမတွေးပါနဲ့...."

"ငါတို့နိုင်တာနဲ့ မြင့်မြတ်ဂိုဏ်းရဲ့မျက်နှာကို အဖတ်ဆယ်နိုင်ပြီ....."

"လုပ်ငန်းစဥ်အတွက်တော့, အနိုင်ရဖို့က အဓိကပဲ။ ကျန်တာတွေက အရေးမပါပါဘူး...."

အကြီးအကဲအားလုံး ထိုနည်းဖြင့်အနိုင်ရတာက ဂုဏ်သိက္ခာမရှိဘူးဟု ခံစားရ၏။

သူတို့အားလုံးက ဟွာရှန်ချန်အတွက် ဆင်ခြေပေးလိုက်သည်။

"ဒီကလေးက ခန္ဓာကိုယ်နဲ့ ကျင့်ကြံရေး နှစ်မွာကျင့်ကြံသူ။ ပြီးတော့ ဓားပညာနဲ့ လက်ဝါးနည်းစနစ်ကလည်း ဟွာရှန်ချန်အထက်မှာ...."

"အနိုင်ယူနိုင်တာကကို အထင်ကြီးစရာကောင်းနေပါပြီ။ ဘာနည်းလမ်းလဲဆိုတာ အရေးမကြီးပါဘူး...."

"ကျင့်ကြံရေးဆိုတာလည်း ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းပါ။ စိတ်ဝိညာဥ်စွမ်းအင်သုံးတာ ရှက်စရာမဟုတ်ပါဘူး...."

ထိုအချိန် စင်မြင့်ပေါ်၌...

လူတိုင်း အဆုံးမှာ ဟွာရှန်ချန်နိုင်တော့မည်ဟု ထင်လိုက်ကြ၏။

တကယ်တော့, ဂျန်ဖန်း၏စိတ်ဝိညာဥ်စွမ်းအင်က အမှန်တကယ်ပဲ အလျှင်အမြန်ကုန်ဆုံးနေခဲ့သည်။

အကွက်ရေနှစ်ရာလောက်ပြီးနောက်....

သူက ပင်ပန်းသည့်အမူအရာတွေ ပြသလာ၏။

ဟွာရှန်ချန်မျက်လုံးတွေ ထက်ရှလာပြီး အခွင့်အရေးကို အမိအရယူလိုက်၏။

သူက အော်ဟစ်ပြီး လက်ဝါးနှင့် ရိုက်ချလိုက်၏။

"သေစမ်း..."

ဂျန်ဖန်း သူ့လက်ဝါးသိုင်းက ထိုတိုက်ခိုက်မှုကို မခုခံနိုင်ဘူးဆိုတာ သိ၏။

အကူအညီမဲ့စွာဖြင့် လက်ကိုပြန်ရုတ်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ, ဒါဆိုလည်း နောက်ထပ် နည်းစနစ်တစ်ခုပြောင်းရတာပေါ့...."

ဟွာရှန်ချန်လက်ဝါးကျဆင်းလာသည့်အခါ ဂျန်ဖန်း လက်ကျန်စိတ်ဝိိညာဥ်စွမ်းအင်ကို စုဆောင်းလိုက်၏။

သူ့အကြည့်တွေထက််ရှလာပြီး လက်ညိုးလက်ခလယ်ပူးကာ ရှေ့ကိုထိုးချလိုက်၏။

"အရှေ့ရပ်မှ ခရမ်းရောင်စွမ်းအင်..."

မြေကမ္ဘာအဆင့် ကောင်းကင်ပျက်သုဥ်းခြင်းလက်ချောင်းသိုင်း၏ ဒုတိယအကွက်ပင်။

၎င်း၏စွမ်းအားက ပထမအကွက်ထက် များစွာ သာလွန်၏။

ချက်ချင်းပဲ...

ခရမ်းရောင်အလင်းတန်းတစ်ခု သူ့လက်ချောင်းမှ ပြေးထွက်သွားပြီး ဟွာရှန်ချန်လက်ဝါးကို ထိမှန်သွားခဲ့သည်။

ရွစ်!

ဟွာရှန်ချန်လက်ဝါး ခရမ်းရောင်အလင်းတန်းကြောင့် ချက်ချင်းထိုးဖောက်ခံလိုက်ရ၏။

ထို့ပြင်စွမ်းအားကမကုန်သေးပဲ ဟွာရှန်ချန် နောက်ကို ထပ်ခါထပ်ခါဆုတ်လိုက်ရပြီး စင်ပေါ်မှကျသွားသည့်အထိပင်။

ဒိုင်လူကြီး ချက်ချင်းပဲ အော်ပြောလိုက်၏။

"ဟွာရှန်ချန် စင်ပေါ်က ကျသွားပြီ...."

"အနိုင်ရရှိသူ, ဂျန်ဖန်း....."

ထိုအရာကိုပြောပြီးနောက် ဒိုင်လူကြီး အလျှင်အမြန်ပဲ ပြေးထွက်လာခဲ့သည်။

ထို့နောက် သူ၏အံ့ဖွယ်သံနက်ဓားကိုဆွဲထုတ်ကာ ဟွာရှန်ချန်ရင်ဘတ်ဆီလာနေသည့် ခရမ်းရောင်အလင်းတန်းကို ကာပေးလိုက်၏။

ထန်!

အံဖွယ်သံနက်ဓား အပြင်းအထန် တုန်ခါသွားပြီး သက်ရောက်မှုကြောင့် ဒိုင်လူကြီးလက်သွေးထွက်သွား၏။

ရုတ်တရက်အဆုံးသတ်ခြင်းက ကြည့်နေသည့်လူအားလုံးကို ကြောင်အသွားစေခဲ့သည်။

ဟွာရှန်ချန် ရှုံးသွားပြီ?...

မြင့်မြတ်ဂိုဏ်း၏ဒုတိယအသန်မာဆုံး၊ ဂိုဏ်းချုပ်၏တပည့်ကြီးက ဤကဲ့သို့ပဲ ရှုံးနိမ့်သွားခဲ့၏။

တပည့်တွေကြည့်နေပြီး မျက်လုံးထဲမှာ ဝမ်းနည်းမှုနှင့် ဆန္ဒမရှိမှုတွေ ရှိနေခဲ့သည်။

သူတို့၏စီနီယာအကိုကြီးက အပြင်လူကို ရှုံးသွားပြီပင်။

အမျိုးသမီးတပည့်အချို့ဆို မျက်ရည်တွေတောင်ကျလာကြ၏။

ယန်ယုချင်လည်း ကြောင်အနေ၏။

သူမဦးလေး သန်မာတာကိုသိသော်လည်း အနိုင်ရမည်ဟု မထင်ထားခဲ့ပေ။

သူက မမျှော်လင့်စွာပဲ အလွန်အမင်းအားကောင်းသည့် လက်ချောင်းနည်းစနစ်ကို ထုတ်သုံးလာခဲ့သည်။

"ဒါ ဦးလေးရဲ့ခွန်အားအစစ်အမှန်လား..."

ယန်ယုချင်၏လှပသည့်မျက်လုံးလေးတွေ တောက်ပနေခဲ့သည်။

သူမမသိတာက ဤအရာက ပြိုင်ပွဲတစ်ခုသာဖြစ်သည်။

တကယ့်တိုက်ပွဲမှာဆိုလျှင် ဟွာရှန်ရှန် အကြီးအကဲတိုင်ကဲ့သို့ပင် ခရမ်းဓားအောက်မှာ အချိန်အတော်ကြာကတည်းက သေနေပြီပဲဖြစ်သည်။

လှုပ်ရှားမှုနှစ်ရာတိုက်ခိုက်ဖို့တောင် အခွင့်အရေးရှိမည်မဟုတ်ပေ။

ဤအချက်ကို ဟွာရှန်ချန်လည်း မသိပေ။

သူက စင်မြင့်အောက်မှာ မတ်တပ်ရပ်နေပြီး အကြည့်တွေ ဗလာဖြစ်နေခဲ့သည်။

ကမ္ဘာကြီးချာချာလည်သွားသလိုခံစားနေရပြီး အရာရာတိုင်းက အစစ်အမှန်မဟုတ်သလိုပင်။

သူတကယ် ရှုံးသွားပြီပင်။

တိမ်စိမ်းဂိုဏ်း စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်ကို ရှုံးသွားခြင်းပင်။

သူက မြင့်မြတ်ဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်ပြီး ဂိုဏ်းထဲရှိလူတိုင်း မော့ကြည့်ရ၏။

သူရှုံးလို့မဖြစ်ပေ။

"ငါ မတော်တဆ စင်ပေါ်ကကျသွားတာ။ နောက်တစ်ကြိမ်တိုက်ခိုက်ကြမယ်....."

ဟွာရှန်ချန် ဂျန်ဖန်းကို စိုက်ကြည့်ပြီး သူ့မျက်လုံးတွေက ဆန္ဒမရှိမှုတွေ အပြည့်ပင်။

ဒိုင်လူကြီး သူ့ကို တားလိုက်သည်။

"နောက်ထပ်ပြိုင်ဖို့ မလိုတော့ဘူး..."

"မင်းသူ့ကို မနိုင်ဘူး..."

ထို့နောက် သူ့အံ့ဖွယ်သံနက်ဓားကို မြောက်ပြလိုက်၏။

လက်ဝါးမှသွေးတွေက ဓားကိုယ်ထည်အများစုကို ဖုံးလွမ်းနေခဲ့သည်။

ထိုအရာက အတော််လေးတောက်ပလှ၏။

သို့ပေမယ့် ပိုပြီးတောက်ပသည့်အရာက....

ဓားပေါ်မှာ ချိုင့်ဝင်နေသည့် ခရမ်းရောင်အလင်းတန်းပင်။

ထိုအရာက ဟွာရှန်ချန်မျက်ခွံ့တွေကို အကြီးအကျယ်ကျုံ့ဝင်သွားစေခဲ့သည်။

All Chapters