← Chapters

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်ဒေါသထွက်ခြင်း

Vol. 16 Ch. 227

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်ဒေါသထွက်ခြင်း

Vol. 16 Ch. 227

ဒိုင်လူကြီးသက်ပြင်းချလိုက်သည်။

"မင်းမြင်လား..."

"ခုလေးတင် အဲ့လက်ချောင်းက မင်းလက်ဝါးကိုထိုးဖောက်သွားတာ..."

"ငါအချိန်မှီတားလို့သာမဟုတ်လျှင် မင်းရင်ဘတ်ပေါက်ထွက်သွားလိမ့်မယ်...."

ဟွာရှန်ချန် မျက်နှာ ဖြူဖြော့သွားပြီး ခန္ဓာကိုယ် တယိမ်းတယိုင်ဖြစ်သွားခဲ့သည်။

သူက....ထိုလက်ချောင်း၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။

ဘယ်နှစ်ကြိမ်ပြိုင်ပြိုင်ကိစ္စမရှိပေ။ ရလဒ်က အတူတူပဲဖြစ်သည်။

အကြီးအကျယ်စိတ်ထိခိုက်သွားပြီး တယိမ်းတယိုင်ဖြစ်သွားကာ မြေပြင်ပေါ်ဖင်ထိုင်ကျသွားခဲ့သည်။

ဝမ်ယွင်ကောနှင့် လီရှီချန်းတို့ အလျှင်အမြန်ပြေးလာပြီး ဖမ်းပေးလိုက်သည်။

ဟွာရှန်ချန် အင်္ကျီလက်ဖြင့်မျက်နှာကိုကာထားပြီး ကိုယ့်မျက်နှာကိုယ်ပြဖို့ ရှက်နေခဲ့သည်။ သူက အပြစ်ရှိစိတ်အပြည့်နှင့် ဆို့နင့်သည့်အသံဖြင့်ပြောလိုက်သည်။

"ဂျူနီယာညီမ, ညီလေး, ငါမင်းတို့ကို စိတ်ပျက်စေမိပြီ...."

"စီနီယာအကိုဟွာ..."

နှစ်ယောက်သား ဝမ်နည်းသွားကြ၏။

သူက သူတို့၏စီနီယာအကိုကြီးဖြစ်ပြီး အမြဲတမ်း ရှေ့ဆောင်လမ်းပြပုံရိပ် ဖြစ်ခဲ့၏။

ယခု တစ်စုံတစ်ယောက်က သူ့ကို အနိုင်ယူသွားတာကိုကြည့်ပြီး သူတို့နှလုံးသားထဲမှာ မဖော်ပြနိုင်သည့် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။

ထိုအရာက သူတို့ယုံကြည်မှုတွေ ရုတ်တရက် ပြိုလဲသွားသကဲ့သို့ဖြစ်၏။

နာကျင်မှုက နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခဲ့သည်။

တပည့်တွေအားလုံးလည်း ရှင်းပြမရနိုင်သည့်ဝမ်နည်းမှုကို ခံစားလိုက်ရသည်။

မြင့်မြတ်ဂိုဏ်းစီနီယာအကိုကြီး ရှုံးသွားပြီပင်။

ထိုအရာက သူတို့ကိုယ်တိုင်ရှုံးတာထက် ပိုနာကျင်ရ၏။

အဘယ်ကြောင့်ဆိုသော် စီနီယာအကိုကြီးက သူတို့စိတ်ထဲမှာ မြင့်မြတ်ဂိုဏ်း၏ကျောရိုးဖြစ်သောကြောင့်ပင်။

ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေလည်း နေရာမှာ မှိိန်မောစွာထိုင်နေခဲ့သည်။

စကားတစ်ခွန်းမှမပြောနိုင်ကြပေ။

မြင့်မြတ်ဂိုဏ်းပါရမီရှင်တွေအားလုံးကို မထင်မရှားတပည့်တစ်ယောက်က လုံးဝအနိုင်ယူသွားပြီပင်။

ထိုအရာက သူတို့ကို အတော်လေးစိတ်ပျက်သွားစေခဲ့သည်။

ထို့ပြင် အတော်လေးစွမ်းအားမဲ့နေကြ၏။

အပင်ပန်းခံပြုစုပျိုးထောင်ထားသည့် ပါရမီရှင်တွေ အလွယ်တကူပဲ အနိုင်ပိုင်းခံလိုက်ရပြီပဲဖြစ်သည်။

တပည့်တွေကို အလေးအနက်သင်ကြားပေးရဲ့လားဆိုတာတောင် သံသယဝင်လာကြ၏။

ထိုအခိုက်အတန့်၌....

ပုံရိပ်နှစ်ခု အလျှင်အမြန်ရောက်လာကြပြီး တစ်ယောက်က အိုမင်းကာ တစ်ယောက်က ငယ်ရွယ်၏။

သူတို့က မြင့်မြတ်အကြီးအကဲရှန်ဂွမ်းရှန်နှင့် မြင့်မြတ်ဂိုဏ်း၏အသန်မာဆုံးလူ ရှချောင်ကောမှလွဲပြီး အခြားမဟုတ်ပေ။

ရှချောင်ကောရောက်လာတာမြင်သည့်အခါ...

တပည့်တွေမျက်လုံးတွေထဲ၌ မျှော်လင့်ချက်အလင်းရောင်တွေ တောက်ပလာခဲ့သည်။

"ဟုတ်သားပဲ, ငါတို့မှာ စီနီယာအမရှရှိသေးတာပဲ...."

"ငါတို့မြင့်မြတ်ဂိုဏ်းရဲ့ အသန်မာဆုံးပါရမီရှင်, စီနီယာအမရှ ရောက်လာပြီ..."

"သူမက တိုက်ခိုက်ရတာမကြိုက်ပေမယ့် ဂိုဏ်းဂုဏ်သိက္ခာအတွက် သေချာပေါက် အခြေအနေပြောင်းပေးလိမ့်မယ်...."

ဤသို့ဖြင့်....

အာပေးသံတွေ ပရိသတ်တွေဆီမှ ထွက်ပေါ်လာခဲ့သည်။

"စီနီယာညီမရှ, ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါ..."

"ဂိုဏ်းဂုဏ်သိက္ခာက အမပေါ်ပဲ မူတည်တော့တယ်...."

တုံ့ပြန်သည့်အနေဖြင့်...

ရှချောင်ကော တည်ငြိမ်စွာအခြေအနေကိုစစ်ဆေးလိုက်ပြီး စင်ပေါ်ကို ပဟေဠိဖြစ်သည့်အမူအရာဖြင့်ကြည့်လိုက်သည်။

ဂျန်ဖန်း၊ လဲကျနေသည့်ဟွာရှန်ချန်၊ စုတ်ပြတ်သတ်နေသည့် ဝမ်ယွင်ကော, လီရှီချန်းနှင့် လော်ထျန်ဂျောင် တို့ကိုမြင်သည့်အခါ...

သူမ အတော်လေးစိတ်ရှုပ်သွား၏။

ထို့နောက် အပြေးလာနေသည့် ယန်ယုချင်ကို ကြည့်ပြီး မေးလိုက်သည်။

"စီနီယာအမ, ဘာတွေဖြစ်နေတာလဲ...."

ယန်ယုချင် အလျှင်အမြန်ပဲ ရှင်းပြလိုက်သည်။

"ဂျူနီယာညီမ, ငါတို့ဦးလေးက ငါ့အတွက် စင်ပေါ်ရောက်နေတာ..."

"ဟွာရှန်ချန်နဲ့ အခြားလူတွေကို အမှောက်သိပ်လိုက်တာလဲ သူပဲ။ နင်အဲ့ကို မသွားရဘူးနော်..."

ဟမ်?....

ရှချောင်ကော၏လှပကြည်လင်သည့်မျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး အနည်းငယ်စိတ်ရှုပ်နေခဲ့သည်။

"နင်ဆိုလိုတာ ငါတို့ဦးလေးက စီနီယာအကိုဟွာ၊ စီနီယာဝမ်နဲ့ စီနီယာအမလီတို့ကို အနိုင်ယူခဲ့တယ်ပေါ့...."

ယန်ယုချင် အားတက်သရော ခေါင်းညိတ်လိုက်၏။

ရှချောင်ကော၏ အေးစက်လှပသည့်မျက်နှာ၌ မှိန်ဖျော့သည့်အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒီတော့ ငါတို့ဦးလေးက ဒီလောက်တောင် အားကောင်းတယ်ပေါ့?..."

"သူ့မှာစိတ်ဝိညာဥ်မရှိဘူးလို့ ငါတကယ်ထင်ထားခဲ့တာ..."

"အံ့သြစရာပဲ..."

ယန်ယုချင် မေးလိုက်သည်။

"ဒါဆို နင်ဝင်မပါဘူးပေါ့နော်...."

ရှချောင်ကော ပြန်ပြောလိုက်သည်။

"ဒါပေါ့, မပါပါဘူး။ ငါ ဘယ်လိုလုပ်ပြီး ငါတို့ဦးလေးကို တိုက်ခိုက်နိုင်မှာလဲ...."

သူမက အစတကည်းက တိုက်ခိုက်ရတာမကြိုက်သူဖြစ်၍ ဘယ်လိုလုပ်ပြီး သူမလေးစားရသည့်ဦးလေးကို တိုက်ခိုက်နိုင်မည်နည်း။

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်နဲ့ အခြားအကြီးအကဲတွေ အမျိုးသမီးနှစ်ယောက်၏စကားကို ကြားသည့်အခါ...

အားလုံး တုန်လှုပ်သွားကြ၏။

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် အံ့အားသင့်စွာ မေးလိုက်သည်။

"မင်းတို့ဆိုလိုတာ ဒီကောင်လေးက မင်းတို့ဦးလေးပေါ့...."

"မင်းတို့က ဘယ်နေရာကနေ ဦးလေးတစ်ယောက်ရလာတာလဲ...."

အကြီးအကဲတွေလည်း ကြောင်အမ်းအမ်းဖြစ်သွား၏။

ဤမယုံနိုင်လောက်အောင်အားကောင်းသည့် လူငယ်လေးက အမှန်တကယ်ပဲ သူတို့၏နတ်ဆေးဆရာတောင်ထိပ်နှင့် ပတ်သက်နေခဲ့သည်လား...

ကိစ္စတွေက နောက်ထပ်ဖုံးကယ်ထားလို့မရတော့ဘူးဆိုတာ မြင်သည့်အခါ...

ရှန်ဂွမ်းရှန် ရွေးချယ်စရာမရှိပဲ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ ဂျန်ဖန်းက တကယ်ပဲ ငါ့ဂျူနီယာညီလေးပါ..."

"ဒါက ငါတို့နတ်ဆေးဆရာအမျိုးအနွယ်ထဲက ကိစ္စပါ။ ဒါကြောင့် မတင်ပြခဲ့တာပါ..."

"သူက ဂိုဏ်းချုပ်အာရုံကို ဆွဲဆောင်သွားမယ်လို့ မထင်ထားခဲ့ဘူး..."

နတ်ဆေးဆရာအမျိုးအနွယ်ထဲက?...

ဒီတော့ သူက ဆေးပညာမှာလည်း ဆရာတစ်ဆူပေါ့....

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေ ကြောင်အသွားကြ၏။

ရှန်ဂွမ်းရှန် ဆေးပညာ၌ ဘယ်လောက်မောက်မာတယ်ဆိုတာ သူတို့ကောင်းကောင်းသိ၏။

ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ သူက မည်သူတစ်ဦးတစ်ယောက်၏ဆေးပညာအရည်အချင်းကိုမှ မချီးကျူးဘူးပေ။

ယခု ဤဂျန်ဖန်းကို ဂျူနီယာညီအဖြစ်အသိအမှတ်ပြုနေသည့်အတွက်....

ဂျန်ဖန်းဆေးပညာက အလွန်အမင်းမြင့်နေသည်ဟု ဆိုလိုမနေဘူးလား....

သို့ပေမယ့် ကျင့်ကြံရေးနည်းလမ်းအားလုံးကို ကျွမ်းကျင်ပြီး ခန္ဓာကိုယ်နှင့် ကျင့်ကြံရေးနှစ်မွာကျင့်ကြံထားသည့်သူက ဘယ်လိုလုပ်ပြီး ဆေးပညာမှာလည်း ကျွမ်းကျင်နိုင်မည်နည်း။

အချိန်အတော်ကြာတုန်လှုပ်ပြီးနောက် မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

ကံကောင်းစွာဖြင့် ဤကောင်လေးက နတ်ဆေးဆရာအမျိုးအနွယ်မှဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်းက မဟုတ်ပေ။

ထိုသို့ဆိုလျှင် မြင့်မြတ်ဂိုဏ်းကို အခြားဂိုဏ်းတွေက ဖိနှိပ်သည်ဟု ပြောလို့မရတော့ပေ။

သူက မနေနိုင်ပဲ ကျေနပ်စွာပြုံးလိုက်ပြီး ဒေါသအနည်းငယ်ဖြင့်ပြောလိုက်သည်။

"မင်းတို့နတ်ဆေးဆရာမျိုးရိုးမှာ တကယ်ကို သာမန်လူတွေရှိဘူးပဲ...."

"ဒီကောင်လေးက တစ်ယောက်တည်းနဲ့ ရှချောင်ကောကလွဲပြီး ငါတို့မြင့်မြတ်ဂိုဏ်းပါရမီတွေအားလုံးကို အနိုင်ယူသွားတာ...."

"သူ့ကြောင့် ငါတို့မျက်နှာပျက်လုနီးပါးပဲ...."

အကြီးအကဲတွေလည်း သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။

နတ်ဆေးဆရာမျိုးရိုးမှ တစ်စုံတစ်ယောက်ကို ဆုံးနိမ့်ရတာ ဂုဏ်သိက္ခာမထိခိုက်ပေ။

သို့ပေမယ့် ရှန်ဂွမ်းရှန် တစ်ခဏတွေဝေနေပြီး အမှန်တိုင်းပြောလိုက်သည်။

"ဂျူနီယာညီလေးရဲ့ ဆေးပညာက ဆရာ့ဆီက အမွေဆက်ခံခဲ့တာဆိုပေမယ့် သူ့သိုင်းပညာကတော့ သဘာဝအတိုင်း သူ့ဂိုဏ်းဖြစ်တဲ့ တိမ်စိမ်းဂိုဏ်းကပါ..."

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေ၏ အပြုံးတွေ နေရာတင်ပဲ အေးခဲသွား၏။

"မင်း... မင်းပြောတာ သူ..သူ ဘယ်ကလာတယ်..."

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်၏ လည်စလုတ်လှုပ်ရှားသွားပြီး ခက်ခက်ခဲခဲစကားပြောလိုက်ရသည်။

သူ့မျက်လုံးတွေက မယုံကြည်နိုင်မှုတွေအ ပြည့်ပင်။

တိမ််စိမ်းဂိုဏ်း?....

တိမ်စိမ်းဂိုဏ်းက ဂိုဏ်း ၉ ဂိုဏ်း၌ အောက်ဆုံးဖြစ်၏။

"ဟုတ်ပါတယ်၊ တိမ်စိမ်းဂိုဏ်းကပါ။ ငါ့ဂျူနီယာညီလေးက တိမ်စိမ်းဂိုဏ်းရဲ့တပည့်တစ်ယောက်ပါ...."

"ဒါနဲ့စကားမစပ်, သူက ဒီနှစ်မှ ဂိုဏ်းထဲဝင်တာဆိုတော့ အသစ်ပဲရှိပါသေးတယ်....."

ဘာ?....

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်ချက်ချင်းမတ်တပ်ထရပ်လိုက်၏။ ထို့နောက် အဝေးရှိဂျန်ဖန်းကို ညွှန်ပြကာ အတော်လေး မယုံနိုင်ဖြစ်နေ၏။

"မင်း... မင်းပြောတာ သူက တပည့်သစ်ပေါ့...."

အကြီးအကဲတွေလည်း အံအားသင့်မှုကြောင့် ခုန်ထလိုက်ကြပြီး မျက်လုံးတွေပြူးကျယ်နေခဲ့သည်။

"မဟာအကြီးအကဲ, မင်းမှားများနေတာလား... သူက အသစ်..."

"ဘယ်လိုတပည့်အသစ်မျိုးက ဒီလိုကြောက်စရာကောင်းတဲ့ခွန်အားရှိလို့လဲ..."

"မင်းဟာသလုပ်နေတာပဲဖြစ်ရမယ်...."

"ဒီလိုအသစ်မျိုး ဘယ်လိုလုပ်ရှိမှာလဲ...."

ယန်ယုချင် မျက်လုံးတွေ ပြူးကျယ်သွား၏။

ဘာ?...

ဦးလေးက တိမ်စိမ်းဂိုဏ်းမှာ တပည့်သစ်ပဲရှိသေးတယ်?...

ထိုအရာက ဟာသမဖြစ်နိုင်ပေ။

ရှန်းဂွမ်ရှန် မနေနိုင်ပဲ ရယ်လိုက်သည်။

"ဘယ်ကသာ မှားရမှာလဲ...."

"ငါ့ဂျူနီယာအကြောင်းတော့ ငါရှင်းရှင်းလင်းလင်းသိပါတယ်...."

ဧရိယာတစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားကြ၏။

မြင့်မြတ်ဂိုဏ်းပါရမီရှင်တွေကို အနိုင်ယူလိုက်သည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူက ကောင်းကောင်းလေ့ကျင့်ထားသည့် ဂိုဏ်းပါရမီရှင်မဟုတ်ပဲ ခုမှဂိုဏ်းဝင်ထားသည့် တပည့်သစ်တစ်ယောက်ဖြစ်နေခဲ့သည်။

ဤအချိန် မြင့်မြတ်ဂိုဏ်း တပည့်သစ်တွေထဲ၌ အားအကောင်းဆုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ဖြစ်ပြီး သားရဲလှိုင်းခုခံဖို့တောင် အရည်အချင်းမပြည့်မှီပေ။

ထိုစဥ် အခြားဂိုဏ်းမှတပည့်သစ်ကတော့ မြင့်မြတ်ဂိုဏ်းလာပြီး သူတို့၏ပါရမီရှင်အားလုံးကို အနိုင််ယူခဲ့သည်။

ဘယ်လိုတောင်ကွားခြားမှုနည်း။

ဘယ်လိုနှိုင်ယှဥ်မှုကြီးနည်း။

ဟွာရှန်ချန် သူ့မျက်နှာကို အင်္ကျီလက်ဖြင့်ကာထားပြီး ဂျန်ဖန်းတပည့်သစ်ဆိုတာ ကြားသည့်အခါ ရုတ်ချည်းမတ်တပ်ထရပ်လိုက်၏။

သူ့မျက်လုံးတွေ ပြူးကျယ်နေပြီး လည်မျိုထဲ တစ်ခုခု ဆို့နေသလိုပင်။

"ငါ...ငါ တပည့်သစ်တစ်ယောက်ကို ရှုံးသွားတာပေါ့..."

ထို့ပြင် အပြတ်အသတ်ကို ရှုံးသွားခြင်းဖြစ်သည်။

ချီနှင့်သွေးတွေ လိမ့်တက်လာပြီး နောက်ဆုံးမှာတော့ မထိန်းထားနိုင်တော့ပဲ ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ရ၏။ ထို့နောက် အမြင်တွေမဲမှောင်သွားကာ မေ့လဲသွားခဲ့သည်။

ဝမ်ယွင်ကောနှင့် လီရှီချန်းတို့ ဂျန်ဖန်းကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ကြည့်နေခဲ့သည်။

တပည့်သစ်တစ်ယောက်က မြင့်မြတ်ဂိုဏ်းပါရမီရှင်တွေကို ရိုက်နှက်နိုင်၏။

အချိန်သာပေးလိုက်လျှင် မြင့်မြတ်ဂိုဏ်းအကြီအကဲတွေကိုတောင် အနိုင်ယူနိုင်တော့မည်မလား....

ဤအချိန် သူတို့ဂျန်ဖန်းကို ကြည့်သည့်အကြည့်တွေ၌ အထင်သေးမှုတွေ မရှိတော့ပေ။

အကန့်အသတ်မရှိသည့် အံ့အားသင့်မှုသာရှိ၏။

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် တည်ငြိမ်ဖို့ အချိန်အတော်ကြာအောင်ယူလိုက်ရ၏။

သူက ဂျန်ဖန်းကို မနာလိုစွာဖြင့်ကြည့်နေခဲ့ပြီး စားပွဲကို ဒေါသတကြီး ရိုက်လိုက်သည်။

"ဒီလိုပါရမီရှင်မျိုး လျိုဝူချန်း ဘယ်က ရှာတွေ့တာလဲ...."

အကြီးအကဲတွေလည်း ပြောလိုက်ကြ၏။

"ပန်းတစ်ပွင့်ကို နွားချေးပုံထဲမှာ စိုက်ရတယ်လို့ကွာ..."

"သူသာ ငါ့တို့မြင့်မြတ်ဂိုဏ်းကဆိုရင်, သေချာပေါက် ရှချောင်ကောနောက်တစ်ယောက်ဖြစ်မှာ။ မဟုတ်ဘူး, ရှချောင်ကောကိုတောင် ကျော်တက်သွားမှာ...."

"လျိုဝူချန်းက ဘာကောင်မှသာမဟုတ်တာ ကံကတော့ အတော်ကောင်းသားပဲ..."

"ဒီလိုပါရမီရှင်မျိုးနဲ့ ဘယ်လိုလုပ် တွေ့ခဲ့တာလဲမသိဘူး...."

ရှန်ဂွမ်းရှန် မချိပြုံးပြုံးလိုက်သည်။

စိတ်ထဲ၌ သူ့ဂျူနီယာညီအတွက် ဂုဏ်ယူနေခဲ့သည်။

သို့ပေမယ့် သူက ဂျန်ဖန်းကို မြင့်မြတ််ဂိုဏ်း၌ အချိန်ကြာကြာနေခိုင်းလို့မဖြစ်ပေ။

ဤလူတွေ သူ့ကိုခိုးသွားမည်ဆိုတာ မည်သူသိနိုင်မည်နည်း။

"ချောင်ကော, စိတ်ဝိညာဥ်ဆေးအားလုံးထုတ်ပိုးပြီး မင်းဦလေးကိုပေးလိုက်။ ဒါမှ သူမြန်မြန် ခရီးဆက်လို့ရမှာ...."

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် မနေနိုင်ပဲ ပဟေဠိဖြစ်သွား၏။

"သူက ဒီကို မင်းဆီက စိတ်ဝိညာဥ်ဆေး လာယူတာလား..."

"ဒါပေမယ့် သူက မသေမျိုးနတ်ဆေးဆရာရဲ့ အမွေဆက်ခံသူမဟုတ်ဘူးလား...."

ရှန်ဂွမ်းရှန် ရှင်းပြလိုက်သည်။

"မဟုတ်ပါဘူး, ဒီစိတ်ဝိညာဥ်ဆေးတွေက သူ့တာဝန်အတွက်ပါ...."

ဟမ်?....

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် ပိုလို့တောင် မဟေဠိဖြစ်သွားသည်။

"ဘာတာဝန်လဲ...."

ရှန်ဂွမ်းရှန် ပြောလိုက်သည်။

"ဘာဖြစ်ရမှာလဲ၊ သားရဲလှိုင်းကိုရင်ဆိုင်ဖို့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက တိမ်စိမ်းဂိုဏ်းကိုပေးထားတဲ့တာဝန်ပေါ့...."

"လက်ရှိမှာသူက ဆေးတွေကို စိတ်ဝိညာဥ်သားရဲဂိုဏ်းသွားပို့ရမှာ..."

"တာဝန်အဆင့်ကတော့ အဆင့် ၃ ပဲ...."

ဘာ?...

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုုပ်မျက်လုံးတွေ ပြူးကျယ်သွားပြီး အဝေးရှိဂျန်ဖန်းကို ညွှန်ပြကာ မယုံနိုင်ဖြစ်နေခဲ့သည်။

"နောက်နေတာလား? ဒီလိုအားကောင်းတဲ့တပည့်မျိုးက ရိုးရှင်းတဲ့ထောက်ပံ့ရေးတာဝန်ပဲ ရတယ်ပေါ့...."

All Chapters