တာဝန်လုပ်ဖော်ကိုင်ဖက်
Vol. 16 Ch. 228
ရှန်ဂွမ်းရှန်လည်း အတော်လေးပဟေဠိဖြစ်နေပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်လျို ဘယ်လိုတွေစီစဥ်နေလဲဆိုတာ ကျွန်တော်လည်းမသိတော့ဘူး...."
"ငါ့ဂျူနီယာညီလေးရဲ့သိုင်းပညာခွန်အားကို ဘေးဖယ်ထားရင်တောင် ဆေးပညာတစ်ခုတည်းနဲ့ ရှေ့တန်းကို ပို့ခံရသင့်တယ်...."
"ဆေးပို့ခိုင်းတာကတော့, ငါလည်း သူတို့အစီအစဥ်တွေကို နားမလည်တော့ဘူး...."
အကြီးအကဲတွေလည်း အံ့အားသင့်သွားကြ၏။
"ဒီလိုထူးခြားတဲ့တပည့်တစ်ယောက်က ထောက်ပံ့ရေးတာဝန်ပဲ လုပ်ရတယ်...."
"ဘာတွေဖြစ်နေတာလဲ? သူက သားရဲဘုရင်အဆင့်လောက်နဲ့ တိုက်နိုင်ပေမယ့် ရှေ့တန်းအပို့မခံရဘူးပေါ့..."
လူတိုင်းစိတ်ရှုပ်နေကြစဥ်....
ဂျန်ဖန်းသတင်းသွားစုံစမ်းသည့်လူ ပြန်ရောက်လာခဲ့သည်။
"ဂိုဏ်းချုပ်, ငါ ရှာတွေ့ခဲ့ပြီ...."
"ဒီလူရဲ့နာမည်က ဂျန်ဖန်းတဲ့။ တိမ်စိမ်းဂိုဏ်း ဂိုဏ်ချုပ်ရဲ့ တပည့်..."
"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်က ဂျန်ဖန်းနဲ့သူ့သမီးရဲ့ ဝမ်းသာစရာသတင်းကို ကြေညာခဲ့ပြီး သားမက်အဖြစ်အသိအမှတ်ပြုခဲ့တယ်...."
ဂျန်ဖန်းက လျိုဝူချန်းသားမက်ဆိုတာ ကြားသည့်အခါ လူတိုင်းစိတ်ရှုပ်နေတာတွေ ချက်ချင်း ရှင်းသွားခဲ့၏။
ဒီတော့, လျိုဝူချန်းက သူ့အဖိုးတန်သားမက်လေး ရှေ့တန်းမှာ ဒဏ်ရာရမည်စိုး၍ ထောက်ပံ့ရေးတာဝန်ကို စီစဥ်ပေးခဲ့တာဖြစ်သည်။
သို့ပေမယ့် ထိုအရာကိုသိလိုက်တာနှင့် သူတို့က ချက်ချင်းပဲ ဒေါသထွက်လာခဲ့သည်။
မြင့်မြတ်ဂိုဏ်းသခင် အလွန်ဒေါသထွက်သွားပြီး သူ့ရှေ့ကစားပွဲကို ရိုက်ချလိုက်ကာ ဟိန်းဟောက်လိုက်သည်။
"လျိုဝူချန်း, မင်းခွေးမသား..."
"သူက မင်းသားမက်ဖြစ်တာနဲ့ပဲ ဒီလိုပါရမီရှင်တပည့်ကို အဆင့် ၃ ထောက်ပံ့ရေးတာဝန်စီစဥ်ပေးတယ်ပေါ့...."
"ငါတို့ဂိုဏ်းတွေရဲ့ ပါရမီရှင်တပည့်တွေကတော့ ရှေ့တန်းမှာ အရူးတွေလို ဦးဆောင်နေရတယ်...."
"မင်းစောင့်နေလိုက်, ငါခုချက်ချင်း ကောင်းကင်ဘုံစက်ယန္ဒယားခန်းကို စားရေးတိုင်မယ်..."
"ဒါကြီးက လက်ခံပေးလို့ကိုမရဘူး..."
ပုံမှန်ဆိုစိတ်သဘောထားနူးညံ့သည့် မြင့်မြတ်ဂိုဏ်းသခင် ဒေါသတကြီး ကျိန်ဆဲနေခဲ့သည်။
သူက ချက်ချင်းပဲ တိုင်းကြားစာရေးလိုက်၏။
ရှန်ဂွမ်းရှန် မျက်နှာတွန့်လိမ်သွားပြီး ရေရွတ်လိုက်သည်။
"လျိုဝူချန်းက အဝေးကြီးသွားနေတာပဲ...."
သူက အလျှင်အမြန်ပဲ ယန်ယုချင်းကို အချက်ပြပြီး ဂျန်ဖန်းကို အဝေးခေါ်သွားခိုင်းလိုက်၏။
ခဏကြာပြီးနောက်....
တောင်တံခါးအပြင်ဘက်၌....
ယန်ယုချင်း အလေးအနက်အရိုအသေပေးနေပြီး မျက်လုံးတွေက တောင်ပန်းမှုတွေအပြည့်ပင်။
"ဦးလေး, နင်ငါ့ကြောင့် ပြဿနာဖြစ်ရပြီ..."
"အကြောင်းပြချက်မရှိပဲ နင့်ဆီပြဿနာတွေအများကြီး ယူလာပေးမိတယ်...."
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်ပြီး ပေါ့ပေါးပါးပါး ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့။ သူတို့မင်းကို နောက်တစ်ခါအနိုင်ကျင့်ရဲရင် ငါ့ကိုပြောပါ...."
ယန်ယုချင် အကူအညီမဲ့စွာရယ်လိုက်၏။
"ဦးလေးရဲ့စွမ်းအားကိုမြင်ပြီးတဲ့နောက်မှာ ဘယ်သူက ကျွန်မကိုပြဿနာရှာရဲတော့မှာလဲ...."
ခဏတွေဝေနေပြီးနောက် သူမ ဆုံးဖြတ်ချက်ချပြီးပုံနှင့်ပြောလိုက်သည်။
"ဦးလေး, နင်ပြောတာမှန်တယ်၊ လူတစ်ယောက်က ဆေးပညာ ဒါမှမဟုတ် သိုင်းပညာတစ်ခုခုကိုပဲ အာရုံစိုက်သင့်တယ်။ မဟုတ်ရင် ဘယ်တစ်ခုမှာမှ အောင်မြင်မှုရမှာမဟုတ်ဘူး...."
"ဒါကြောင့်, ကျွန်မဆုံးဖြတ်လိုက်တယ်။ အခုကစပြီး ဆေးပညာလမ်းကြောင်းကိုပဲ အာရုံစိုက်တော့မယ်...."
အို?...
ဂျန်ဖန်း အံ့အားသင့်သွား၏။
"သိုင်းပညာက ဘာဖြစ်လို့လဲ...."
မကြာသေးခင်ကအောင်မြင်မှုများအရ သူမက သိုင်းပညာကို ရွေးချယ်မည်ဟု သူထင်ခဲ့၏။
ယန်ယုချင် ခါးသီးစွာပြုံးလိုက်သည်။
"ဦးလေးနဲ့မတွေ့ခင်ကတော့ ငါ့သိုင်းပညာပါရမီက မဆိုးဘူးလို့ အမြဲထင်ခဲ့တာ..."
"အနည်းငယ်ကြိုးစားရုံနဲ့ အနာဂတ်အောင်မြင်မှုက အခြားလူတွေထက် မနိမ့်ဘူးပေါ့...."
"ဒါပေမယ့် အခုကြည့်ရတာ, တကယ့်ပါရမီရှင်နဲ့ယှဥ်ရင် ကျွန်မက သာမန်ပါပဲ..."
"အဲ့တာထက် ဆေးပညာကို ပြောင်းပြီး ဆရာ့လိုနတ်ဆေးဆရာဖြစ်လာတာက ပိုကောင်းပါတယ်...."
တပည့်များစွာ သူမခံစားချက်ကို စာနာပေးနိုင်၏။
ဘဝမှာ ထူးခြားသည့်လူတစ်ဦးနှင့်တွေ့ဆုံတာက တစ်သက်လုံးပိတ်မိသလို ခံစားရစေ၏။
လွတ်မြောက်ဖို့ခက်ခဲလှ၏။
ဂျန်ဖန်းပါရမီက လူများစွာ၏မျှော်လင့်ချက်တွေကို မှေးမှိန်သွားစေပြီး အနာဂတ်ကို သံသယဖြစ်လာစေ၏။
သို့ပေမယ့် သူတို့က ယန်ယုချင်လောက် ကံမကောင်းကြပေ။ သူမ၌ နတ်ဆေးဆရာလမ်းကြောင်း ကျန်နေသေး၏။
ဂျန်ဖန်း သူမစိတ်ကို နားလည်၏။
ယန်ယုချင် ဆေးပညာကိုအာရုံစိုက်လျှင် အနာဂတ်မှာ ပိုတောက်မလာမည်ဆိုတာ သူယုံကြည်၏။
တစ်ခဏတွေးပြီးနောက် သူ့အားသည့်အချိန်တွေမှာ မသေမျိုးဆေးစာအုပ်မှ ပြုစုထားသည့် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
မပြည့်စုံသော်လည်း ၎င်းက မသေမျိုးဆေးစာအုပ်၏အနှစ်သာရအချို့ပါဝင်၏။
"ဒါ မင်းအတွက်, ကောင်းကောင်းအသုံးချပါ..."
ယန်ယုချင် ဖွင့်ကြည့်လိုက်သည့်အခါ ဂျန်ဖန်းကိုယ်တိုင်ရေးထားသည့် ဆေပညာအသိအမြင်တွေကို တွေ့လိုက်၏။
အထဲရှိ ဆေးပညာဗဟုသုတက နက်နဲသိမ်မွေ့လှ၏။
သူမ ချက်ချင်း ထိုအရာ၏တန်ဖိုးကို နားလည်သွားခဲ့သည်။
ထို့နောက် မျက်ရည်ဝဲလာပြီး ဒူးထောက်လိုက်၏။
"ဦးလေးဆရာ, ကျေးဇူးပြုပြီး ကျွန်မရဲ့အရိုအသေပေးမှုကို လက်ခံပေးပါ...."
ဂျန်ဖန်း သူမကို ကူပေးဖို့တွေးလိုက်ပေမယ့် မလုပ်တော့ဖို့ဆုံးဖြတ်လိုက်ပြီး သူမအရိုအသေပေးတာကို လက်ခံလိုက်သည်။
ဤဘဝ၌ ကျေးဇူးတရားကို ပြန်ပေးဆပ်ဖို့က မဖြစ်နိုင်လုနီးပါပင်။
သူသာ သူမကို အရိုအသေပေးခွင့်မပြုလျှင် ဤကျေးဇူးကို အမြဲအမှတ်ရနေမည်ဖြစ်သည်။
ထိုအခိုက်အတန့်၌...
ရှချောင်ကော စိတ်ဝိညာဥ်ဆေးအပြည့်ပါသည့် လှည်းသုံးစီးဖြင့် အလျှင်အမြန်ရောက်လာခဲ့သည်။
သူမက ကြိမ်လုံးကို ဂျန်ဖန်းလက်ထဲပေးပြီး ပြောလိုက်သည်။
"ဦးလေးဆရာ, ဒီမှာပါ...."
ဂျန်ဖန်း တာဝန်စာရင်းနှင့် ပစ္စည်းတွေကိုတိုက်ကြည့်လိုက်ပြီး အရာအားလုံးရှိတာသေချာသည့်အခါ လှည့်ပေါ်ခုန်တက်လိုက်၏။
သူက လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဂျူနီယာတူမလေးတို့, သိုင်းပညာခရီးလမ်းက ရှည်လျားတယ်၊ ဂရုစိုက်ကြပါ...."
ပြောပြီးနောက် သူက ထွက်ခွာလာခဲ့လိုက်သည်။
ယန်ယုချင် ဂျန်ဖန်း၏ထွက်ခွာသွားသည့်ပုံရိပ်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး မျက်နှာပေါ်မှ မျက်ရည်တွေ တိတ်တဆိတ်စီးကျလာခဲ့သည်။
"ဦးလေးဆရာ....."
သူမဆို့နင့်သွားပြီး ဂျန်ဖန်းသူမကို လက်ဆောင်ပေးခဲ့သည့်စာအုပ်ကို တင်းကြပ်စွာပွေ့ပိုက်ထားလိုက်၏။
နေ့ဝက်လောက်သာအတူရှိခဲ့သော်လည်း...
ထိုအရာက သူမဘဝကို ပြောင်းလဲပေးခဲ့ပြီး ဖျောက်ဖျက်မရသည့်အမှတ်တရတွေ ချန်ထားခဲ့သည်။
တစ်ခါက သူမအတွက် မြင့်မြတ်ဂိုဏ်းပါရမီရှင်အားလုံးကို တိုက်ခိုက်ပေးသည့် အဖြူရောင်ဝတ််စုံဝတ် ဦးလေးဆရာတစ်ယောက်ရှိတယ်ဆိုတာ သူမဘယ်တော့မှမေ့မှာမဟုတ်ပေ။
"စီနီယာအမ, နင်ကိုင်ထားတာ ဘာကြီးလဲ..."
ရှချောင်ကော သိချင်စွာဖြင့်မေးလိုက်သည်။
ယန်ယုချင် တယုတယပိုက်ကာ ဖွင့်လိုက်၏။ သူမ၏မျက်ရည်အပြည့် မျက်လုံးတွေထဲ၌ နွေးထွေးမှုတွေ အပြည့်ပင်။
"ဦးလေးဆီက လက်ဆောင်ပါ။ သူ့ရဲ့ ဆေးပညာအသိအမြင်တွေ..."
ရှချောင်ကော လှမ်းကြည့်လိုက်ပြီး ချက်ချင်းပဲ ညို့ယူဖမ်းစားခံလိုက်ရ၏။
ဆေးပညာမှာ အချိန်အတာ်ကြာဆန်းကြယ်နေသည့်အရာတွေ ချက်ချင်းပဲ ဖြေရှင်းပြီးသွား၏။
ယန်ယုချင် စာအုပ်ပိတ်လိုက်သည့်အခါ....
ရှချောင်ကော မကျေမနပ်ဖြစ်သွားပြီး ခြေအနည်းငယ်ဆောင့်ကာနှုတ်ခမ်းစူလိုက်၏။
"ဦးလေးဆရာက ဘက်လိုက်တာပဲ..."
"ငါ့ကြတော့ဘာလို့မပေးတာလဲ..."
ယန်ယုချင် ကြောင်အသွား၏။
တသီးတခြားနေတတ်သည့်ရှချောင်ကော ဤကဲ့သို့ စိတ်ကောက်သည့်မိန်းကလေးတစ်ယောက်လိုပြုမူနေတာအား နှစ်ပေါင်းများစွာအတွင်း သူမမြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။
ဦးလေးဆရာ၏ ဆွဲဆောင်မှုက တကယ်ကို ကြီးမားလွန်း၏။
သူမက မျက်ရည်တွေသုတ်လိုက်ပြီး ရိုူက်ရင်း ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့။ ဒါကို မင်းနဲ့မမျှဝေဘူးလို့ ငါတစ်ခါမှ မပြောဘူးပါဘူး...."
"ပြန်ရောက်အခါ မင်းဒါကို ကော်ပီယူနိုင်တာပဲ...."
"ပျက်တော့မပျက်စီးစေနဲ့နော်၊ ဒါက ဦးလေးဆရာဆီက လက်ဆောင်...."
ရှချောင်ကော နောက်ဆုံးမှာ ပြုံးလိုက်ပြီး စိတ်မရှည်စွာဖြင့် နတ်ဆေးဆရာတောင်ထိပ်ကို ပြန်လာခဲ့လိုက်သည်။
ထိုစဥ်, ဂျန်ဖန်း...
မြင့်မြတ်ဂိုဏ်းတောင်ခြေမှ သားရဲလှည်းကို မောင်းနှင်လာခဲ့၏။
အခြားလူတွေရောက်ဖို့ ရက်အနည်းငယ်စောင့်ရမည်ဟု သူထင်ခဲ့၏။
သို့ပေမယ့် မမျှော်လင့်စွာပဲ...
တောင်ခြေ သစ်ပင်တစ်ပင်အောက်၌ နောက်ကျောမှာဓားလွယ်ထားသည့် တပည့်နှစ်ယောက်ရှိနေခဲ့သည်။
အမျိုးသားက ခန့်ညားပြီး အမျိုးသမီးက အရပ်ရှည်ရှည်နှင့် လှပ၏။
သူတို့ဝတ်စုံတွေကိုကြည့်ခြင်းဖြင့် အသင်္ချေဓားဂိုဏ်းမှ ဖြစ်ရမည်ပင်။
သူတို့က အဝေးမှဂျန်ဖန်းကို သတိထားမိပြီး စမ်းမေးလိုက်သည်။
"စိတ်ဝိညာဥ်ဆေးပို့ရမယ့် တိမ်စိမ်းဂိုဏ်းတပည့်လား...."
သူ့တို့အမူအရာတွေက ပေါ့ပါးနေပြီး လက်ချင်းယှက်ကာ မိတ်ဆက်လိုက်၏။
"အသင်္ချေဓားဂိုဏ်း, လုရှင်ဟီ..."
"အသင်္ချေဓားဂိုဏ်း, ချင်ချိုင်ဟီ..."
ဂျန်ဖန်း လှည်းပေါ်က ခုန်ဆင်းလိုက်ပြီး အတည်ပြုဖို့ တာဝန်ကျောက်စိမ်းစာလိပ်ကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းစာလိပ်ကိုမြင်သည့်အခါ သူတို့က သေချာသွားပြီး သူတို့ကိုယ်ပိုင် ကျောက်စိမ်းစာလိပ်တွေကို ထုတ်ယူလိုက်ကြ၏။
သုံးယောက်သားတိုက်ကြည့်လိုက်သည့်အခါ လုံးဝထပ်တူကြနေပြီး တာဝန်လုပ်ဖော်ကိုင်ဖက်တွေဆိုတာ အတည်ပြုလိုက်ကြ၏။
ချင်ချိုင်ဟီ, ၁၉ နှစ်ဝန်းကျင်လောက်ရှိပြီး နူးညံ့သည့်အသွင်အပြင်နှင့် ထူးခြားသည့်အရိုးပွဲ့စည်းပုံရှိ၏။
သူမက ရိုးရိုးယဥ်ယဥ်အလှတရားကို ထုတ်ဖော်ပြသနေ၏။
ဂျန်ဖန်း၏ ဖြူဖွေးပြီး သူမထက်တောင်နူးညံ့သည့်အသားအရည်ကို မြင်သ်ည့်အခါ သဘောကျသွား၏။
"ဂျူနီယာမောင်လေး, ငါ နင့်နာမည်ကို သိလို့ရမလား...."
ဂျန်ဖန်း တစ်ခဏတွေဝေနေပေမယ့် အမှန်တိုင်းဖြေလိုက်သည်။
"ဂျန်ဖန်း...."
ဂျန်ဖန်း?...
တိမ်စိမ်းဂိုဏ်းဂျန်ဖန်း?...
သူမနှင့် လုရှင်ဟီ ထိုနာမည်ကို ကြားဖူးတာ သိသာ၏။
သို့ပေမယ့် အခြားလူတွေကဲ့သို့ပင် မကောင်းသတင်းတွေသာဖြစ်သည်။