← Chapters

ကြာပန်းနက်

Vol. 16 Ch. 229

ကြာပန်းနက်

Vol. 16 Ch. 229

ချင်ချိုင်းဟီမျက်လုံးထဲရှိ သဘောကျမှုတွေ လျှင်မြန်သည့်အရှိန်ဖြင့် ပျောက်ကွယ်သွား၏။ သူမက ဝတ်ကျေတမ်းကျေပြောလိုက်သည်။

"အို, ဂျူနီယာမောင်လေးဂျန်ကို...."

"တွေ့ရတာဝမ်းသာပါတယ်...."

လုရှင်းဟီ လိမ္မာမပါးနပ်ပဲ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်သည်။

"ငါကြားတာတော့ မင်းက စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်ဆို...."

"ဘယ်လိုဖြစ်ပြီး တိမ်စိမ်းဂိုဏ်းက မင်းကို တာဝန်ပေးလိုက်တာလဲ..."

"တစ်ခုခုဖြစ်သွားမှာ မစိုးရိမ်ကြဘူးလား...."

ဂျန်ဖန်းအနည်းငယ်ပြုံးလိုက်၏။

"ဒါက ဂိုဏ်းရဲ့စီစဥ်မှုပါ။ ငါကလိုက်နာရုံပဲ..."

လုရှင်းဟီ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ငါက အခြားဘာကိုမှဆိုလိုတာမဟုတ်ပါဘူး။ မေးကြည့်ရုံပါ..."

"ဆေးဝါးပို့တာက အန္တရာယ်သိပ်မရှိဘူးဆိုတော့ မင်းပါတာလည်း အဆင်ပြေပါတယ်....."

"လမ်းမှာ ငါ့အမိန့်ကို လိုက်နာပြီး မဆင်မခြင်မလုပ်နဲ့။ ဒါဆို မင်းအဆင်ပြေမှာပါ...."

လုရှင်းဟီအလွန်တိုက်ရိုက်ဆန်စွာပြောနေတာမြင်သည့်အခါ ချင်ချိုင်ဟီထပ်ပေါင်းပြောလိုက်သည်။

"ငါ့စီနီယာအကိုက အခြေခံတည်ဆောက်ခြင်းအဆင့် ၇လေ..."

"သူက အဆင့် ၂ တာဝန်ရသင့်တာ။ ဒါပေမယ့် အကြောင့်ပြချက်အချို့ကြောင့် တတိယအဆင့် တာဝန်ကို ရသွားတာ..."

"သူရှိနေရင်, တာဝန်ပြီးတဲ့အထိ မင်းအေးအေးဆေးဆေး နေနိုင်တယ်..."

သူမက လုရှင်ဟီ ခွန်အားကို ပြောပြလိုက်၏။

ထိုအရာက လုရှင်းဟီဟာ သူတို့အဖွဲ့ခေါင်းဆောင်ဟု ဆိုလိုနေ၏။

ဂျန်ဖန်း သဘာဝအတိုင်းလက်ခံလိုက်၏။

"ဒါဆိုလည်း စီနီယာအကိုလုနဲ့ စီနီယာအမချင်တို့ကို ဒုက္ခများစေပြီး..."

"ကြည့်ရတာ တစ်ယောက်လိုသေးတယ်မလား..."

သူတို့ပြောနေစဥ်မှာပဲ...

အမျိုးသမီးတပည့်တစ်ယောက် မြင့်မြတ်ဂိုဏ်းက ပြေးဆင်းလာခဲ့သည်။

သူမကအရပ်ရှည်ပြီး သေးသွယ်၏။

နူးညံ့သည့်အသွင်အပြင်ရှိကာ အသားဖြူပြီး အနက်ရောင်ဆံပင်ရှည်တွေရှိ၏။

အဝါရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး လိပ်ပြာမလေးတစ်ကောင် တဖြတ်ဖြတ်ပျံသန်းနေသကဲ့သို့ပင်။

"ဟူး..."

ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် သူမက အသက်ရူလိုက်ပြီး ပါးပြင်က အနည်းငယ်နီရဲနေခဲ့သည်။

"တဆိတ်လောက်ပါ, နင်တို့က ဆေးဝါးပို့ရမဲ့တပည့်တွေလား...."

လုရှင်းဟီ သူမ၏နူးညံ့သည့်အသွင်အပြင်ကိုကြည့်ပြီး ချက်ချင်းပြုံးလိုက်သည်။

"ငါတို့ပါပဲ..."

"ငါက လုရှင်းဟီပါ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ပါ။ ငါရှိနေရင် ဂျူနီယာညီမ, မင်းလုံခြုံပါတယ်..."

မြင့်မြတ်ဂိုဏ်းမှ အမျိုးသမီးတပည့် အံ့အားသင့်သည့်အမူအရာပြသလိုက်၏။

ရှင်းလင်းစွာပင်, သူမလည်း အဖွဲ့ထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့်၇ ရှိနေတာကို အံ့အားသင့်နေ၏။

ရှက်ရွံ့သည့်အပြုံးတစ်ခု သူမ၏နီရဲသည့်မျက်နှာပေါ်မှာပေါ်လာ၏။

သူရှိနေလျှင် တာတန်က အမှားအယွင်းမရှိနိုင်တော့ပေ။

ထို့နောက် အထောက်အထားတံဆိပ်ပြားထုတ်ယူလိုက်ပြီး အတော်လေးရှက်ရွံ့နေခဲ့သည်။

"ကျွန်မက မြင့်မြတ်ဂိုဏ်းက ချူရှင်းမန်ပါ၊ စီနီယာအကိုလုကို နှုတ်ဆက်ပါတယ်...."

ချင်ချိုင်ဟီ စီနီယာအကိုလု၏သဘောထားကို မကျေမနပ်ဖြစ်သွားပြီး ချူရှင်းမန်ကို အပေါ်အောက်ကြည့်လိုက်၏။

သူမနာမည်က အသွင်အပြင်နှင့်လိုက်ဖက်လှ၏။ သနားဂရုဏာသက်စရာဖြစ်ပြီး ယောက်ျားတွေကို ချစ်ခင်နှစ်သက်စေ၏။

သူမက ထူးမခြားနားစွာပြောလိုက်သည်။

"အသင်္ချေဓားဂိုဏ်း, ချင်ချိုင်ဟီ...."

ချူရှင်းမန် ယဥ်ယဥ်ကျေးကျေး လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"စီနီယာအမချင်ကို နှုတ်ဆက်ပါတယ်..."

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

"တိမ်စိမ်းဂိုဏ်း, ဂျန်ဖန်း...."

ချူရှင်းမန် အလျှင်အမြန်ပဲ အရိုအသေပေးလိုက်သည်။

"စီနီယာအကိုးဂျန်ကို နှုတ်ဆက်ပါတယ်။... နေပါအုန်း...."

သူမ ရုတ်တရက် ခေါင်းမော့လိုက်၏။

ဂျန်ဖန်းကို မယုံနိုင်စွာစိုက်ကြည့်နေပြီး သစ္ဆေသရဲမြင်ရသကဲ့သို့ မျက်လုံးတွေ ပြူးကျယ်နေခဲ့သည်။

"နင်... နင် ဒီမှာ ဘာလုပ်နေတာလဲ...."

သူမနောက်ကျရသည့်အကြောင်းပြချက်က...

မိတ်ဖြစ်ဆွေဖြစ်ပွဲကြည့်ရှုနေသောကြောင့်ပင်။

မြင့်မြတ်ဂိုဏ်းပါရမီရှင်တွေကို တစ်ယောက်တည်းဖြင့် အနိုင်ယူသွားသည့် ဂျန်ဖန်း၏ပြိုင်ဘက်ကင်းပုံရိပ်ကို သူမ မမေ့ပေ။

သို့ပေမယ့် သူမ တစ်ခါမှတောင် အိမ်မက်မမက်ဖူးပေ။

သူမကို အသက်ရူမှားစေလောက်သည့်သူ၊ နောက်တစ်ကြိမ်မတွေ့ရတော့ဘူးဟုထင်ထားသူ၊ ဤလူက တကယ်ပဲ အဆင့် ၃ တာဝန်ကို သူမနှင့်အတူလုပ်ရမည်လား?....

တစ်ခုခုများမှားမနေဘူးလား?...

သူမစိတ် ကသောင်းကနင်းဖြစ်သွား၏။

အခြေခံတည်ဆောက်ခြင်းအဆင့် ၇ တစ်ယောက်ရှိတာကကို ပုံမှန်မဟုတ်နေပြီဖြစ်သည်။

ဘာကြောင့် ဂျန်ဖန်းလည်း ရှိနေရသနည်း။

သူမက ကျောက်စိမ်းစာလိပ်ကိုထုတ်ယူပြီး ပြောလိုက်သည်။

"ငါ.... ငါ အသင်းမှားလာခဲ့တာလား...."

သံသယမရှိပဲ မနေနိုင်ပေ။

သူမသာ အသင်းမှားရောက်လာလျှင် ဤအဖွဲ့က ပထမတာဝန်ကိုတောင် လုပ်ဆောင်နိုင်တာထက်တောင်ပို၏။

လုရှင်ဟီနှင့် ချင်ချိုင်ဟီတို့ သူမကို အံ့အားသင့်စွာကြည့်လိုက်သည်။

ဤအမျိုးသမီးနှင့်ပတ်သက်ပြီး ဘာမှားနေသနည်း။

ဂျန်ဖန်းကိုမြင်တာနှင့် ထူးထူးဆန်းဆန်း ပြုမူနေခဲ့သည်။

နှစ်ယောက်သား သူတို့ကျောက်စိမ်းစာလိပ်တွေကိုထုတ်ယူလိုက်သည်။ ထို့နောက်ဂျန်ဖန်းလည်း ထုတ်ယူလိုက်ပြီး သူမကို အတည်ပြုပေးလိုက်သည်။

ဂျန်ဖန်း တစ်ဖွဲ့ကဆိုတာ အတည်ပြုပြီးနောက် ချူရှင်းမန် အနည်းငယ် မိန်မောသွား၏။

လုရှင်းဟီ စိတ်ရှုပ်စွာမေးလိုက်သည်။

"ဂျူနီယာညီမချူ, မင်း ဂျူနီယာညီလေးဂျန်ကို သိတာလား..."

ချူရှန်မန် ဂျန်ဖန်းကို အနည်းငယ်ကြောက်နေပုံရပြီး ခိုးကြည့်လိုက်သည်။ သူမက ပြောရမလား မပြောရမလား မသိဖြစ်နေခဲ့သည်။

ချင်ချိုင်ဟီ သူမတွေဝေနေတာကို အနည်းငယ်စိတ်ပျက်သွားပြီး လှည်းပေါ်က စိတ််ဝိညာဥ်ဆေးတွေကို ညွှန်ပြလိုက်၏။

"ဒါက မသိသာဘူးလား..."

"ဂျူနီယာမောင်လေးဂျန်က စိတ်ဝိညာဥ်ဆေးယူဖို့ မြင့်မြတ်ဂိုဏ်းကိုလာတယ်။ အဲ့လိုနဲ့ သူတို့လမ်းမှာတွေ့ကြတယ်လေ...."

လုရှင်းဟီ တစ်ခဏတွေးလိုက်၏။ အဖြေက အနည်းငယ်ကျိုးကြောင်းမဆီလျော်သော်လည်း ထိုအရာက အရေးကြီးကိစ္စမဟုတ်ပေ။

ထို့ကြောင့် သူက နောက်ထပ်မမေးတော့ပေ။

ချူရှင်းမန်ကို ဂရုတစိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဂျူနီယာညီမချူ, စိတ်ဝိညာဥ်သားရဲဂိုဏ်းကို သွားရမယ့်ခရီးက ရှည်လျားတယ်...."

"ငါ အထူးစီးနင်းသားရဲပြင်ဆင်လာတယ်။ စိတ်မရှိရင် ငါတို့နဲ့လာစီးပါ..."

သူက အနီးနားရှိသစ်ပင်အောက်မှာချည်ထားသည့် စိတ်ဝိညာဥ်သားရဲကို ညွှန်ပြလိုက်၏။ ထိုသားရဲက မြင်းနှင့်တူသလိုလိုနှင့် မတူပြီး ပုံမှန်မြင်းထက် နှစ်ဆလောက်ကြီး၏။

ကျောပေါ်၌ နူးညံ့ကျယ်ပြန့်သည့်ထိုင်ခုံတစ်ခုတပ်ဆင်ထားပြီး လူလေးယောက် သက်တောင့်သက်သာ ထိုင်နိုင်၏။

ချူရှင်းဟီ ခေါင်းညိတ်လိုက်၏။

ထို့နောက် ဂျန်ဖန်းကို သတိရသွားပြီး မေးလိုက်သည်။

"စီနီယာအကိုဂျန်ကကော...."

လုရှင်းဟီ သူ့သားရဲကို ဂျန်ဖန်းအားမစီးခိုင်ချင်ပေ။

သူက ထိုအရာကိုငှားဖို့ သလင်းကျောက် သုံးရာ ကုန်ကျခဲ့၏။

ဂျန်ဖန်းအကူအညီနှင့် တာဝန်ပြီးမြောက်စေတာကကို ကြီးမားသည့်မျက်နှာသာပေးမှုပင်။

ဘယ်လိုလုပ်ပြီး စီးခိုင်းနိုင်မည်နည်း။

ဂျန်ဖန်း ထူးမခြားနားစွာပြောလိုက်သည်။

"ငါက မလိုအပ်ဘူး...."

"ငါ စိတ်ဝိညာဥ်ဆေးတွေ ပို့ရအုန်းမယ်..."

သူက အနည်းငယ် ဆွံ့အနေ၏။

သူတို့က ဆေးဝါးပို့ဆောင်ရမည့်တာဝန်ယူထားမှတော့ ဘာကြောင့် သီးခြားသားရဲ စီးနေအုန်းမည်နည်း။

လူတိုင်းသားရဲပေါ်မှာရှိနေလျှင် မည်သူက ဆေးတွေကို စောင့်ကြည့်မည်နည်း။

ခရီးက အန္တာရယ်မရှိသလောက်ဖြစ်သော်လည်း သတိထားရမည်ပင်။

သူက မြင်းကျောပေါ်ခုန်တက်လိုက်၏။

ဂျန်ဖန်း သက်တောင့်သက်သာဖြင့် အရှေ့က ထွက်သွားတာမြင်တော့...

ချူရှင်းမန် သက်တော့်သက်သာနေတာမမှန်ဘူးဟု ခံစားရ၏။

သူမက အလျှင်အမြန်ပဲ ပြောလိုက်သည်။

"စီနီယာအကိုဂျန်, ကျွန်မလည်းလိုက်မယ်...."

ထို့နောက် နောက်ဆုံးလှည်း၏မြင်းနောက်ကျောပေါ်ခုန်တက်လိုက်ပြီး ဆေးဝါးတွေကို ဂျန်ဖန်းနှင့် ရှေ့နှင့်နောက် စောင့်ကြပ်လိုက်၏။

လုရှင်းဟီမျက်နှာ တောင့်တင်းသွား၏။

ချင်ချိုင်ဟီ အခွင့်ရေးကို အရယူပြီး လှောင်ပြောင်လိုက်၏။

"ဂျူနီယာညီမချူက နင်နဲ့သွားတာထက် ဂျူနီယာမောင်လေးဂျန်နဲ့သွားရတာ ပိုသဘောကျပုံပဲ..."

"ရှက်ပြီး မျက်နှာကြီးလည်းနီရဲမသွားနဲ့အုန်း....ဟ...ဟ..."

လုရှင်းဟီမျက်နှာ ပိုလို့တောင် မဲမှောင်သွား၏။

သူက ဂျန်ဖန်းကို မဖော်ရွေစွာကြည့်လိုက်ပြီး စိတ်ဝိညာဥ်သားရဲပေါ်ခုန်တက်လိုက်၏။

ထို့နောက် အေးစက်စွာနှာမှုတ်လိုက်၏။

"ဂျူနီယာညီမချူက ငယ်သေးတယ်။ အန္တရာယ်ကိုနားမလည်ဘူး...."

"ဒီခရီးကလုံခြုံတယ်လို့ သူမတကယ်ပဲ ထင်နေတာလား...."

"ငါသိရသလောက်ဆိုရင်, မြင့်မြတ်ဂိုဏ်းနဲ့ စိတ်ဝိညာဥ်သားရဲဂိုဏ်းနယ်စပ်မှာ ဓားပြဂိုဏ်းတစ်ခုရှိတယ်တဲ့...."

"သူတို့ခေါင်းဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ဖြစ်တဲ့ ကြာပန်းနက်ပဲ..."

ထိုအရာကိုကြားသည့်အခါ....

ချင်ချိုင်ယီမျက်နှာပေါ်ရှိ လှောင်ပြောင်သည့်အမူအရာပျောက်ကွယ်သွားပြီး အတော်လေးလေးနက်သွား၏။

သူမ ထိုဓားပြအဖွဲ့ကိုကြားဖူး၏။ အားလုံးက အဓိကသိုင်းပညာမိသားစုတွေနှင့် ဂိုဏ်း ၉ ဂိုဏ်းမှ စွန့်ပစ်လိုက်သည့် လူတွေဖြစ်ကြပြီး အားကောင်းသည့် ကျင့်ကြံရေးနှင် ကျင့်စဥ်နည်းစနစ်တွေရှိကြ၏။

တစ်ယောက်ချင်းစီက ကြောက်စရာကောင်းပြီး ကိုင်တွယ်ဖို့ခက်ခဲ့သည့် စရိုက်တွေရှိ၏။

အထူးသဖြင့် ကြာပန်းနက်ပင်။ သူမက တစ်ခါက မြင့်မြတ်ဂိုဏ်း၏ပါရမီရှင်သမီးတော်ဖြစ်၏။

ကျမ်းဂန်ဆောင်မှ ကျင့်ကြံရေးနည်းစနစ်ခိုးသည့်အတွက် ထုတ်ပယ်ခံခဲ့ရတာဖြစ်သည်။

ဓားပြတစ်ယောက်ဖြစ်လာပြီးနောက် ဂိုဏ်း ၉ ဂိုဏ်းနယ်မြေရှိ စွန်ပစ်ခံရသည့်လူတွေကို လိုက်လံစုဆောင်းပြီး အားကြီးလာခဲ့သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၁၊ အဆင့် ၂ တောင် သူတို့နဲ့မတွေ့ခင် နှစ်ခါပြန်စဥ်းစားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်တည်းခွန်အားက အများကို မကျော်နိုင်သောကြောင့်ပင်။

ထိုအရာကိုတွေးပြီး, ချင်ချိုင်ဟီ တုန်ယင်သွားပြီ နောက်ထပ်မနာလိုမဖြစ်ရဲတော့ပေ။

သူမက မဝံ့မရဲပြောလိုက်သည်။

"စီနီယာအကိုလု, ဒီတစ်ချိန် အကိုကျွန်မတို့နဲ့ရှိနေတာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကျွန်မ ဒီတာဝန်ကို ယူရဲမှာတောင်မဟုတ်ဘူး..."

လုရှင်းဟီ တိတ်တဆိတ်ပြုံးလိုက်၏။

သူက ပုံပြင်တစ်ဝက်ကိုသာပြောခဲ့ပြီး ကျန်တစ်ဝက်ကတော့...

ကြာပန်းနက်၌ လုပ်စရာကိစ္စတွေများစွာရှိ၏။

တွေ့နိုင်သည့်ဖြစ်နိုင်ချေက အနည်းငယ်သာရှိသည်။

ခုနှစ်ရက်ကြာပြီးနောက်....

သူတို့က မြင့်မြတ်ဂိုဏ်းနယ်စပ်ကို ချောချောမွေ့မွေ့ ရောက်လာခဲ့ကြသည်။

ရှေ့ကတောင်ကို ဖြတ်ကျော်လိုက်သည်နှင့် စိတ်ဝိညာဥ်သားရဲဂိုဏ်းနယ်မြေကို ရောက်ပြီဖြစ်သည်။

ဤရက်တွေအတွင်း၌, ခရီးသွားနေရင်း...

ဂျန်ဖန်း "လှည့်လှည်နဂါးလက်ဝါးသိုင်း"ကို နောက်ဆုံးအဆင့်ထိ အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သည်။

စွမ်းအားက ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်းသိုင်း ဒုတိယအကွက် "အရှေ့ရပ်မှခရမ်းရောင်စွမ်းအင်" ထက် မနိမ့်ပေ။

ဟွာရှန်ချန်နှင့် နောက်တစ်ကြိမ်လက်ဝါးသိုင်းချင်းပြိုင်လျှင် စိတ်ဝိညာဥ်ကုန်ဆုံးအောင်လုပ်သည့်နည်းဗျူဟာက အသုံးဝင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လက်ဝါးတစ်ချက်က ရလဒ်ကို ဆုံးဖြတ်နိုင်သောကြောင့်ပင်။

ဟီး...

ရုတ်တရက်...

ရှေ့ဆုံးမှမြင်း ထိတ်လန့်သွားပြီး ရှေ့ခြေမြောက်ကာ မြင်းဟီးသံထုတ်ဖော်လိုက်၏။

ဂျန်ဖန်း တယိမ်းတယိုင်ဖြစ်သွားပြီး ပြုတ်ကျလုနီးပါးပင်။

သူ့နှလုံးသားကျုံ့သွား၏။

ချက်ချင်းပဲ မြင်ပေါ်မှဆင်းကာ မျက်လုံးမှေးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

All Chapters