ငါးကြီး
Vol. 16 Ch. 230
သူ၏ထူးဆန်းသည့်အမူအရာက ကျန်သုံးယောက်ကို နိုးကြားသွားစေ၏။
လုရှင်းဟီ နှင့် ချင်ချိုင်ဟီ ချက်ချင်းပဲ သူတို့သားရဲပေါ်မှခုန်ကျလိုက်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးလိုက်သည်။
ချူရှင်းမန်လည်း နောက်ဆုံးလှည်းမှ အလျှင်အမြန်ခုန်ကျလာပြီး ဂျန်ဖန်းနောက်ကို ကုတ်ကုတ်လေးဝင်ပုန်းလိုက်သည်။
"စီနီယာအကိုဂျန်, ဘာဖြစ်လို့လဲ...."
ချူရှင်းမန် ပတ်ဝန်းကျင်ကိုစူးစမ်းစွာကြည့်လိုက်၏။
ဂျန်ဖန်း ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ငါလည်းမသိဘူး, ဒါပေမယ့် မြင်းတွေ ရုတ်တရက်လန့်သွားလို့...."
အုုပ်စု အချိန်အတော်ကြာစစ်ဆေးနေသော်လည်း ပတ်ဝန်းကျင်ရှိအရာရာက တိတ်ဆိတ်နေပြီး မည်သည့်ပုံမှန်မဟုတ်သည့်လက္ခဏာမှ မရှိပေ။
လုရှင်းဟီ သတိထားတာကိုလျော့ချလိုက်ပြီး ပြောလိုက်သည်။
"တိရိစ္ဆာန်တစ်ကောင်ကောင်ဖြတ်သွားတာနေမယ်..."
"ဂျူနီယာညီလေးဂျန် အတွေးလွန်နေတာ ဖြစ်မှာပါ...."
"အနာဂတ်မှာ မင်းပိုလေ့ကျင့်ဖို့လိုတယ်..."
ချင်ချိုင်ဟီ ထိုအရာကိုကြားသည့်အခါ သက်သာယာရစွာသက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ဒီတော့ ဒါက အမှားအယွင်းတစ်ခုပေါ့...."
"လူတိုင်းကို သက်သက်မဲ့ စိုးရိမ်စေတယ်...."
ထိုအရာက အမှားအယွင်တစ်ခုဆိုတာ ဂျန်ဖန်းမယုံပ။
မြင်းသုံးကောင်လုံးကို မြင့်မြတ်ဂိုဏ်းက ပျိုးထောင်ထားတာဖြစ်၏။ သူတို့က စိတ်ဝိညာဥ်သားရဲတွေ မဟုတ်သော်လည်း မြင်းတွေကြားမှာတော့ အကောင်းဆုံးတွေဖြစ်၏။
ဘယ်လိုလုပ် အကြောင်းပြချက်မရှိလဲ ကြောက်လန့်နိုင်မည်နည်း။
အစောပိုင်းက သူတို့ တစ်ခုခုကို ခံစားမိလို့ပဲ ဖြစ်ရပေမည်။
သူက ရှေ့ရှိ သိပ်သည်းအုန့်မှိုင်းနေသည့် တောင်ကို သတိထားကြည့်လိုက်သည်။
"စီနီယာအကိုလု, ရှေ့ကတောင်ကိုကြည့်လိုက်... သစ်တောအရမ်းထူထပ်တယ်။ မြွေတွေ၊ အင်းစက်တွေ၊ ငှက်တွေနဲ့ သားရဲတွေ အများကြီးရှိသင့်တယ်..."
"ဒါပေမယ့် အခုချိန်မှာ အရမ်းတိတ်ဆိတ်နေတယ်၊ ဒါပုံမှန်မဟုတ်ဘူး...."
"ငါတို့ ဒီတောင်ကိုပတ်သွားသင့်တယ်လို့ ငါထင်တယ်...."
ချင်ချိုင်ဟီနှလုံးသား ခုန်ပေါက်သွား။
ဂျန်ဖန်အသိပေးလို့သာမဟုတ်လျှင် သူမတို့ မည်သည့်အရာကိုမှ သတိထားမိမည်မဟုတ်ပေ။
သေချာစဥ်စားကြည့်လိုက်သည့်အခါ သူမ တကယ်ပဲ ရှေ့ရှိသစ်တောက ထူးဆန်းစွာတိတ်ဆိတ်နေတာကို ခံစားမိ၏။
ငှက်အော်သံတစ်သံတောင်မကြားရပဲ သားရဲသံဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။
ချူရှင်းမန် ဂျန်ဖန်းခွန်အားကိုမြင်ဖူးထား၍ သူ့ကိုအကြွင်းမဲ့ယုံကြည်ကာ ပြောလိုက်သည်။
"စီနီယာအကိုဂျန်ပြောတာမှန်တယ်။ ဒီတောင်က ချောက်ချားဖွယ်ကောင်းတယ်လို့ ခံစားရတယ်...."
"ပတ်သွားတာက ပိုလုံခြုံတယ်...."
လုရှင်းဟီ မျက်မှောင်ကြုတ်သွား၏။
ဂျန်ဖန်း သတိပေးမှုကြောင့် သူလည်း တောင်က မူမမှန်တာကို နားလည်လိုက်၏။
သို့ပေမယ့် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ပြဿနာကိုသတိမထားမိပဲ မထင်ရှားဆုံးအဖွဲ့ဝင်ကသတိထားမိသွားတာက သူ့ဂုဏ်သိက္ခာကို ထိခိုက်စေ၏။
ချူရှင်းမန်၏ ဂျန်ဖန်းကို အကြွင်းမဲ့ယုံကြည်မှုကလည်း သူ့မာနကို ထိခိုက်စေ၏။
မနေနိုင်ပဲ အနည်းငယ်ဆန္ဒမရှိဖြစ်သွား၏။
"ဂျူနီယာညီလေးဂျန်, မကြောက်ပါနဲ့။ ကျားတစ်ကောင်ဖြတ်သွားလို့ ငှက်တွေ၊သားရဲတွေကြောက်ပြီး အဝေးပြေးကုန်ကြတာနေမှာပါ...."
"ငါရှိနေတာပဲ, ကျားလေးတစ်ကောင်ကို ကြောက်စရာလား...."
"ပြီးတော့ ကွေ့ပတ်သွားရင် ငါးရက်လောက်ပိုအချိန်ကုန်တယ်...."
"ဆေးတွေကိုမြန်မြန်ပို့နိုင်လေလေ,တာဝန်အသစ်မြန်မြန်ယူနိုင်လေပဲ။ ငါတို့ နှောင့်နှေးနေလို့မဖြစ်ဘူး....."
ချင်ချိုင်ဟီ သူမ၏လှပသည့်မျက်ခုံးလေးတွေကို တွန့်ခေါက်လိုက်၏။
ရှေ့ကသစ်တောကိုကြည့်ပြီး မလွယ်ကူသည့်ခံစားချက်ကို ခံစားလိုက်ရသည်။
"စီနီယာအကို, ဂျူနီယာမောင်လေးဂျန်အကြံကို နားထောင်သင့်တယ်လို့ ငါထင်တယ်...."
"လုံခြုံမှု အဓိကပဲ။ ရက်နည်းနည်းလောက်ပိုကြာသွားတာက ပြဿနာမဟုတ်ပါဘူး...."
သူ့ဂျူနီယာညီမကပါ ဂျန်ဖန်းဘက်၌ ရှိနေတာကို ကြားသည့်အခါ လုရှင်းဟီပိုလို့တောင် ရှက်သွား၏။
သူက ပြောလိုက်သည်။
"ကောင်းပြီလေ, မင်းတို့တွေ ကွေပတ်သွားနိုင်တယ်...."
"ငါကတော့ တည့်တည့်ပဲသွားမယ်...."
ပြောပြီးနောက် စိတ်ဝိညာဥ်သားရဲပေါ်ခုန်တက်လိုက်၏။ ထို့နောက် တောင်ဆီသို့တိုက်ရိုက်ဦးတည်လိုက်ပြီး အခြားလူတွေကို နောက်မှာ ချန်ထားခဲ့လိုက်သည်။
ဂျန်ဖန်းနှင့် အမျိုးသမီးနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်၏။
ချင်းချိုင်ဟီ ဒေါသတကြီးခြေဆောင့်လိုက်ပြီး အကူအညီမဲ့စွာ နောက်ကလိုက်သွား၏။
လုရှင်းဟီက သူတို့ကြားမှာ အသန်မာဆုံးဖြစ်၏။ ထို့ကြောင့် သူ့နောက်ကလိုက်တာက အလုံခြုံဆုံးဖြစ်သည်။
ဂျန်ဖန်း ချူရှင်းမန်ကိုတစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဒါဆိုလည်း တောင်ကိုဖြတ်ကြတာပေါ့...."
"တောင်ထဲမှာသူတို့ တစ်ခုခုဖြစ်သွားရင် စစ်မေးခံနေရအုန်းမယ်..."
ကျောက်စိမ်းစာလိပ်ထဲ၌ အချက်တစ်ချက်ပါ၏။
အဖွဲ့ဝင်အချင်းချင်း တစ်ယောက်နှင့်တစ်ယောက်ကူညီရမည်ဆိုတာပင်။ မလိုအပ်ပဲသေဆုံးမှုတွေဖြစ်သွားလျှင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို အစီခံစာတင်ရပြီး စစ်မေးခံရမည်ဖြစ်သည်။
လုပ်ငန်းစဥ်က ဆယ်ရက် ဒါမှမဟုတ် လပေါင်းများစွာကြာနိုင်၏။
ဂျန်ဖန်း၌ ဖြုန်းဖို့ အဲ့လောက်အချိန်မရှိပေ။
ထို့ကြောင့်ရွေးချယ်စရာမရှိပဲ ဖြစ်လာမည့်အန္တရာယ်တွေမှကာကွယ်ဖို့ အတူတူသွားရမည်ပင်။
ချူရှင်းမန် အနည်းငယ် စကားမပြောနိုင်ဖြစ်သွား၏။
"စီနီယာအကိုလု... ပြောမပြနိုင်လောက်အောင်ပဲ...."
ဂျန်ဖန်းလည်း လုရှင်းဟီသဘောထားကို အနည်းငယ်သိပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။
သူက ညင်သာစွာသတိပေးလိုက်သည်။
"ဂျူနီယာညီမချူ, ငါနဲ့နီးနီးကပ်ကပ်နေပါ...."
ထိန်းသိမ်းရလွယ်သည့်အန္တရာယ်နှင့်တွေ့လျှင် အဆင်ပြေ၏။
သူ့လုပ်ဆောင်နိုင်စွမ်းထက်ကျော်လွန်သည့်အရာဆိုလျှင်တာ့ ပြေးရမည်ပင်။
လှုပ်ရှားမှုနည်းလမ်းဖြင့် သူနှင့်ချူရှင်းမန် ပြဿနာမရှိပဲ လွတ်မြောက်နိုင်၏။
လုရှင်းဟီနှင့် ချင်ချိုင်ဟီအတွက်တော့, သူတို့ကိုယ်သူတို့အားကိုးရမည်ပင်။
ဤသို့ဖြင့်...
ဂျန်ဖန်းနှင့် ချူရှင်းမန် လှည်းသုံးခုကို မောင်းနှင်ကာ နောက်ကလိုက်သွားကြ၏။
သူတို့တွေ နောက်ကလိုက်လာတာကို သတိထားမိသည့်အခါ လုရှင်းဟီ ပါးစပ်ထောင့်၌ လှောင်ပြောင်သည့်အမူအရာတစ်ခု ပြသလာ၏။
"ငါမပါပဲ မင်းတို့တွေ မသွားရဲပါဘူး...."
သူက ဂုဏ်ယူစွာပဲ ဦးဆောင်သွားနေပြီး ယုံကြည်မှုရှိစွာပြောလိုက်သည်။
"မစိုးရိမ်ကြပါနဲ့..."
"ငါရှိနေတာပဲ, သရဲတောင် ငါ့လုရှင်းဟီဓားကိုရင်မဆိုင်ခင် နှစခါပြန်စဥ်းစားရမှာ...."
ဂျန်ဖန်း တုံ့ပြန်ချင်စိတ်မရှိပေ။
တောင်ထဲကိုဝင်သွားသည့်အခါ ပတ်ဝန်းကျင်က အလျှင်အမြန် မဲမှောင်လာပြီး သူ့ကို အတော်လေး နိုးနိုးကြားကြားဖြစ်သွားစေ၏။
သူက ပတ်ဝန်းကျင်ကို အပြည့်အဝအာရုံစိုက်ထားလိုက်သည်။
အနက်ပိုင်းကိုသွားလေလေ, ပုံမှန်မဟုတ်သည့် တိတ်ဆိတ်မှုကို ခံစားမိလေလေပင်။
အင်းစက်တစ်ကောင်၏အသံတောင်မကြားရပေ။
သစ်တောတစ်ခုလုံး၌ ကြားနေရသည့်တစ်ခုတည်းသောအသံမှာ မြင်းတွေ၏အသက်ရူသံနျင့် ၎င်းခြေထောက်နင်းချေသွားသည့် သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တို့အသံပင်ဖြစ်သည်။
တိတ်ဆိတ်မှုက ထိတ်လန့်ကြောက်ရွံ့စရာပင်။
လုရှင်းဟီလည်း တစ်ခုခုမှားနေတာကို သတိထားမိ၏။
ထိုအရာက ကျားဖြတ်သွားထားတာနှင့် မတူပဲ လုပ်ကြံသတ်ဖြတ်ဖို့ချောင်းနေသည်နှင့် ပိုတူနေ၏။
သူ့နှလုံးသားထဲ၌ နောင်တတွေ စတင်ရနေပြီဖြစ်သည်။
ဤသစ်တော၌ အမှန်တကယ် အန္တရာယ်ရှိနေပုံပင်။
ချွေးလုံးသေးသေးလေးတွေ သူ့နဖူးမှ စီးကျလာခဲ့သည်။
သို့ပေမယ့် သူကအကြပ်ရိုက်နေပြီး ပြန်ဆုတ်ဖို့မဖြစ်နိုင်ပေ။
ကံကောင်းစွာဖြင့် ချင်ချိုင်ဟီ ပြောလိုက်သည်။
"စီနီယာအကိုကြီး, ငါတို့ရှေ့ဆက်မသွားသင့်တော့ဘူး...."
"နောက်ပြန်ဆုတ်သင့်တယ်...."
သူမက ခက်ခက်ခဲခဲ ဆံထွေးမျိုးချလိုက်ပြီး မလွယ်ကူသည့်ခံစားချက်က ပိုတိုးလာခဲ့သည်။
တစ်ယောက်ယောက်ပြောလာသည့်အတွက်, လုရှင်းဟီ ထိုအရာကို အခွင့်ကောင်းယူပြီး ပြောလိုက်သည်။
"မင်းတို့အားလုံးကြောက်နေပြီဆိုမှတော့, ငါတွန်းအားမပေးတော့ပါဘူး....."
"ကောင်းပြီလေ, မင်းပြောတဲ့အတိုင်းလုပ်ကြတာပေါ့....."
ထိုအရာကိုကြးသည့်အခါ...
လူတိုင်း ချက်ချင်း စိတ်သက်သာယာရသွားခဲ့၏။
ချက်ချင်းပဲ လှည်တွေကိုနောက်လှည့်လိုက်၏။
သို့ပေမယ့်, ထိုအခိုက်အတန့်မှာပဲ...
ထက်ရှသည့် "ရှီး"ကနဲ အသံတစ်ခုက သုဿာန်တစ်စပြင်လိုတိတ်ဆိတ်နေသည့် သစ်တောထဲမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
လုရှင်းဟီချက်ချင်း သူ့ခါးမှ အဝါရောင်ဓားရှည်ကိုဆွဲထုတ်လိုက်၏။
ထို့နောက် အမှောင်ထဲမှာ ရှေ့မှလာနေသည့်အရာကို ခုတ်ပိုင်းချလိုက်သည်။
ထန်!
လာနေသည့်အရာဝတ္ထု မြေပြင်ပေါ်စိုက်သွားခဲ့သည်။
လူတိုင်းငုံ့ကြည့်လိုက်သည့်အခါ...
ထိုအရာက ခရမ်းရောင်မြားတစ်စင်းပင်။
မြားအမှီး၌ ကြာပန်းသေးလေးတစ်ခု ထွင်းထုထား၏။
လုရှင်းဟီနှလုံးသားအေးခဲသွားပြီး မျက်လုံးတွေပြူးကျယ်နေခဲ့သည်။
သူ့လည်ပင်း၌ တစ်ခုခုဆို့နေသလိုဖြစ်နေပြီး နောက်ဆုံးမှာမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားနှစ်လုံးကိုပြောလိုက်သည်။
"ကြာပန်းနက်...."
သူပြောလိုက်ပြီးမကြာခင်....
သူ့တို့ရှေ့အမှောင်ထဲမှ ရုတ်တရက်လှုပ်ရှားလာ၏။
ဤနေရာမှာ တကယ်ပဲ တစ်စုံတစ်ယောက်ပုန်းအောင်းနေခဲ့သည်။
သူမက ရက်စက်သည့်အသံဖြင့်ပြောလိုက်သည်။
"အို?, ဒီတော့ နင်က ငါတို့ဘယ်သူလဲဆိုတာ သိတယ်ပေါ့...."
"ဒါဆို ကိစ္စတွေက ပိုလွယ်ကူသွားပြီ..."
ငါတို့?...
ဂျန်ဖန်းနှလုံးသား ကျုံ့ဝင်သွား၏။
တကယ်ပဲ ဤနေရာမှာ ချုံခိုတိုက်ခိုက်မှုရှိနေခဲ့၏။
ပိုဆိုးတာက တစ်ယောက်ထက်ပိုရှိနေခြင်းပင်။
ရွစ်!
များစွာသောထင်းရူးခက်တွေကိုဖယ်ရှားလိုက်သည့်အခါ ပုံရိပ်များစွာ မြေကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် အရိပ်အချို့က သစ်ပင်တွေပေါ်မှ ခုန်ဆင်းလာ၏။
သူတို့က အလျှင်အမြန်ပဲ ဂျန်ဖန်းနှင့် အဖွဲ့ကို ဝိုင်းလိုက်၏။
ဂျန်ဖန်းတည်ငြိမ်စွာပဲ ခရမ်းဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး အရိပ်တွေထဲမှ ရှေ့ထွက်လာသည့် ခေါင်းဆောင်အမျိုးသမီးကိုကြည့်လိုက်သည်။
သူမက အသက်သုံးဆယ်လောက်ရှိပြီး သားရေဝတ်စုံက သူမ၏ကောက်ကြောင်းတွေကို အထင်းသားပေါ်လွင်စေ၏။
အသက်ကြီးသော်လည်း လှနေတုန်းပဲဖြစ်သည်။
သူမမျက်လုံးတွေက ကောက်ကျစ်မှု၊ ဖုံးကွယ်ထားသည့်ရက်စက်မှုတို့ဖြင့် တောက်ပနေခဲ့သည်။
"အို..."
"လက်စသတ်တော့ နင်တို့က ဂိုဏ်း ၉ ဂိုဏ်း တပည့်တွေပဲ။ အသင်္ချေဓားဂိုဏ်း၊ တိမ်စိမ်းဂိုဏ်း၊ မြင့်မြတ်ဂိုဏ်း...."
"ညီကိုတို့, ငါတို့ကံကောင်းတာပဲ။ ဒီနေ့ ငါးကြီးကြီးမိပြီ...."
သူမမျက်လုံးတွေကျဥ်းမြောင်းသွားပြီး နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။