← Chapters

ဂျန်ဖန်းလှုပ်ရှားခြင်း

Vol. 16 Ch. 231

ဂျန်ဖန်းလှုပ်ရှားခြင်း

Vol. 16 Ch. 231

ဓားပြတွေ သူတို့ဝန်းရံထားသည့်လူတွေကဂိုဏ်း ၉ ဂိုဏ်းမှ လူတွေဆိုတာ သိသွားကြ၏။

ချက်ချင်းပဲ မျက်လုံးတွေတောက်ပလာပြီး ရက်စက်စွာရယ်လိုက်ကြ၏။

"ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေက အမြဲတမ်း ပစ္စည်းကောင်းတွေ သယ်လာတတ်တယ်...."

"ဒီလှည်းသုံးလှည်းက ရတနာတွေနဲ့ပြည့်နေမယ်ဆိုတာ လောင်းရဲတယ်...."

"ဟ..ဟ... အရူးတစ်သိုက်ပဲ။ အဲ့ဒီပစ္စည်းတွေက ချစ်စရာကောင်းတဲ့တပည့်မလေးနှစ်ယောက်နဲ့ ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ...."

"မင်းတို့အားလုံး ရတနာတွေယူနိုင်တယ်။ ဒါပေမယ့် အလှလေးနှစ်ယောက်ကတော့ ငါ့ဟာပဲ...."

ချင်ချိုင်ဟီနှင့် ချူရှန်မန်တို့မျက်နှာ အနည်းငယ်ဖြူဖြော့သွားပြီး နှလုံးသားတွေ ကျုံ့ဝင်သွား၏။

မတူတာက...

ချင်ချိုင်ဟီ လုရှင်းဟီကျောကို တင်းကြပ်စွာကိုင်ထားပြီး....

တစ်ဖက်မှာတော့ ချူရှင်းမန် ဂျန်ဖန်းနောက်မှာပုန်းနေ၏။ သူမက သူ၏အားကောင်းသည့်အော်ရာကြောင့် အတော်လေး လုံခြုံသလို ခံစားရ၏။

ပုံမှန်အခြေအနေမှာဆို လုရှင်းဟီသဝန်တိုမည်ဖြစ်သည်။

သို့ပေမယ့် ဤအချိန်၌ သူမှာ ဤကဲ့သို့ကိစ္စမျိုးကို စိုးရိမ်နေဖို့ အချိန်မရှိပေ။ သူက အံ့ကြိတ်ပြီး အော်ပြောလိုက်၏။

"ငါတို့က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမအမိန့်အရ တာဝန်ထမ်းဆောင်နေတာ...."

"ကြာပန်းနက်, မင်းဘာလုပ်နေလဲဆိုတာ နားလည်ရင်ပိုကောင်းမယ်...."

"မင်း ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို ရန်စရင် ကောင်းကင်နဲ့မြေကြီးမှာ မင်းပြေးစရာနေရာတောင်ရှိမှာမဟုတ်ဘူး....."

ဂျန်ဖန်း တိတ်တဆိတ်တွေးလိုက်၏။

"ဒါကြီးက မကောင်းဘူးနော်...."

ဤကဲ့သို့ကိုယ့်အချက်အလက်တွေကို ပြောနေမည်ဆိုလျှင် ဆွေးနွေးလို့ရတော့မည်မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင်...

ကြာပန်းနက်မျက်နှာပေါ်ရှိအပြုံး တဖြည်းဖြည်းပျောက်ကွယ်သွား၏။

အန္တရာယ်အရိပ်အယောင်တစ်ခု သူမမျက်လုံးထဲမှာ ပေါ်လာခဲ့သည်။

"နင် ငါ့ကိုသတိပေးလိုက်တာပဲ။ နင်တို့လွတ်ပေးလိုက်ရင် ငါ့ကိုယ်ပိုင်လွတ်မြောက်လမ်းကို ဖြတ်တောက်လိုက်သလိုဖြစ်နေမှာ...."

"အစကတော့ နင့်တို့ပစ္စည်းတွေကို လုချင်ရုံပဲ...."

"ကံမကောင်းစွာနဲ့, ငါနဲ့ငါ့ညီအကိုတွေအတွက် နင်တို့လေးယောက်ကို သတ်ရတော့မယ်...."

လုရှင်းဟီမျက်နှာ ချက်ချင်း မဲမှောင်သွား၏။

လက်စသတ်တော့ ကြပန်းနက်က သူတို့ကို သတ်ဖို့ရည်ရွယ်ချက်မရှိပေ။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမဖြင့် သူမကို ခြိမ်းခြောက်ခြင်းဖြင့် သူက ကပ်ဘေးကိုဖိတ်ခေါ်သလိုဖြစ်နေခဲ့သည်။

သူ အလွန်နောင်တရနေ၏။ သို့ပေမယ့် ရွေချယ်စရာမရှိပဲ ဓားဆွဲထုတ်ကာ ကြမ်းတမ်းစွာပြောလိုက်သည်။

"မင်း ငါတို့အားလုံးကို သတ်ချင်ရင်...."

"အဖိုးအခတော့ ပြန်ပေးရလိမ့်မယ်...."

ပြောပြီးနောက် သူ၏အခြေခံတည်ဆောက်ခြင်းအဆင့် ၇ စွမ်းအားကို ထုတ်ဖော်လိုက်၏။

ဂျန်ဖန်း ထိုအရာကိုမြင်သည့်အခါ ထိုကောင်ကို လွင့်သွားအောင်သာ ပိတ်ကန်လိုက်ချင်၏။

"မင်းက ဝက်လား...."

ကြာပန်းနက်က အကြင်နာမဲ့သည့်ဓားပြတစ်ယောက်ဖြစ်၏။ သူမသာ သတ်ချင်လျှင် လုပ်ပြီးနေပြီဖြစ်သည်။ စကားအများကြီးပြောမနေပေ။

ယခုချိန်ထိ သူမမလှုပ်ရှားသေးသည့်အကြောင်းအရင်းက သူတို့လေးယောက်၏ခွန်အားကိုသေချာမသိသေး၍ သတိထားနေတာဖြစ်သည်။

သို့ပေမယ့် ယခုတော့ လုရှင်းဟီက သူ့ကတ်အားလုံးကို ထုတ်ပြလိုက်ပြီပဲဖြစ်သည်။

ထိုကောင်က ဝက်တစ်ကာင်ပင်။

ကြာပန်းနက် သူ၏အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ကိုခံစားမိပြီး ပြုံးလိုက်၏။

"ဒီတော့, အခြေခံတည်ဆောက်ခြင်းအဆင့် ၇ လေးပေါ့...."

"ဒါဆိုလည်း ငါ စိတ်ချသွားပြီ...."

"အခြေခံတည်ဆောက်ခြင်းအထက်က ညီကိုတို့ တိုက်ခိုက်ကြ, တစ်ယောက်မှ ချန်မထားနဲ့...."

ဓားပြလေးယောက် ချက်ချင်းပဲပြေးဝင်သွားပြီး ကျန်ရှစ်ယောက်က ပတ်ပတ်လည်က ဝန်းရံထားလိုက်သည်။

သူတို့လေးယောက်ဆီမှလွတ်သွားလျှင်တောင် ကျန်ရှစ်ယောက်ကမြားတွေနှင့်ချိန်ရွယ်ပိတ်ဆို့ထားခဲ့သည်။

လုပ်ဆောင်မှုက ကျွမ်းကျင်လှပြီး ပူပေါင်းမှုရှိလှ၏။

လုရှင်းဟီ ထိုအခါမှသာ ကြာပန်နက် သူ့ဝှက်ဖဲကိုထုတ်ဖော်ဖို့ တွန်အားပေးခြိမ်းခြောက်ခဲ့တာဆိုတာ နားလည်သွား၏။

နောင်တနှင့် အရှက်တရားတို့ပြည့်နှက်သွား၏။

သို့ပေမယ့် သူ့မှာ တွေးဖို့အချိန်မရှိပေ။

ထွားကြိုင်းသည့်ဓားပြတစ်ယောက် ဓားမော့ကြီးကိုကိုင်ကာ သားရဲတစ်ကောင်ကဲ့သို့ပြေးဝင်လာခဲ့သည်။

သူက လေးပေါ်ခုန်တက်ကာ လုရှင်းဟီကို ခုတ်ပိုင်းချလိုက်၏။

လုရှင်းဟီမျက်နှာ အနည်းငယ်ပြောင်းလဲသွားပြီး အလျှင်ပဲ ဓားဖြင့် တိုက်ခိုက်မှုကို ခုခံလိုက်၏။

သို့ပေမယ့် လက်နက်တွေတွေ့ဆုံသွားသည့်အခါ သူ့အပေါ်တောင်တစ်လုံးပိကျလာသကဲ့သို့ ခံစားလိုက်ရပြီး သူ့ဓားရှည်ကို ပခုံးပေါ်တွန်းပို့နေခဲ့သည်။

ဓားသွားက အသားထဲကိုနစ်မြုပ်သွားပြီး လုရှင်းဟန် နာကျင်မှုကြောင့် ပင့်သက်ရှိုက်လိုက်ရသည်။

ထို့ပြင်် ထိုမျှလောက်နှင့်မပြီးသေးပေ။

ဓားပြက ဓားမော့ကို လှည့်လိုက်ပြီး သူ့ခေါင်းကိုဖြတ်ဖို့ ကြံရွယ်လိုက်၏။

ကြောက်လန့်မှုနှင့်အတူ အချက်ပေးသံတွေမြည်လာခဲ့သည်။ လုရှင်းဟီ ခွန်အားလှုံ့ဆော်လိုက်ပြီး သူ့ဓားကိုမြောက်ကာ ဓားမော့ကို လမ်းလွဲသွားစေခဲ့သည်။

ဦးခေါင်း ကပ်သီလေးလွဲသွားပြီး ဆံပင်အများအပြားအဖြတ်ခံလိုက်ရသည်။

နှစ်ယောက်လုံးက အခြေခံတည်ဆောက်ခြင်းအဆင့် ၇ တွေ ဖြစ်သော်လည်း လုရှင်းဟီ၏ခွန်အားက တိုက်ပွဲအတွေ့အကြုံရှိသည့်ဓားပြထက် များစွာနိမ့်ကျ၏။

အကွက်ရေများစွာဖလှယ်ပြီးနောက်, လုရှင်းဟီ အန္တရာယ်ရှိသည့်အခြေအနေကို ထပ်ခါထပ်ခါ ရင်ဆိုင်ခဲ့ရ၏။

သူတိုက်ခိုက်လေလေ, ပိုကြောက်လာလေလေဖြစ်သည်။

အထူးသဖြင့် အခြားအခြေခံတည်ဆောက်ခြင်း အဆင့် ၇ သုံးယောက်နှင့် ကြာပန်းနက်က စောင့်ကြည့်နေခြင်းပင်။

သူ့နှလုံးသားထဲရှိ ထိတ်လန့်မှုတွေ ကြီးထွားလာခဲ့သည်။

သူ့ဓားချက်ကြောင့် ဓားပြနောက်ဆုတ်သွားသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ဘေးရှိသစ်တောနက်ထဲကို ခုန်ဝင်သွားခဲ့သည်။

မျက်နှာနှင့်လည်ပင်းတွေကို ခြစ်နေသည့်ဆူးတွေကို ဂရုမစိုက်တော့ပဲ အသက်အတွက် ပြတ်ပြတ်သားသားပြေးတော့၏။

သူ့ဂျူနီယာညီမချင်ချိုင်ဟီအတွက်တော့...

တစ်ချက်တောင်လှည့်မကြည့်ခဲ့ပေ။

ဓားပြ ဓားမော့ကိုမြောက်ပြီး လိုက်ဖို့ပြင်လိုက်ပေမယ့် ကြာပန်းနက် ကြောင်က ကြွက်ကို လိိုက်သည့်အပြုံးမျိုးပြုံးလိုက်သည်။

"သူ့နောက်ကို ငါလိုက်သွားလိုက်မယ်...."

"နင်က ကျန်တာတွေကို ကိုင်တွယ်ထားလိုက်...."

ဤသို့ဖြင့် သူမဝတ်ရုံကိုလှုပ်ရှားလိုက်ပြီး သစ်တောထဲကို ပြောက်ကွယ်သွားခဲ့သည်။

ကျန်ရှိသည့်အခြေခံတည်ဆောက်ခြင်းအဆင့် ၇ လေးယောက် ဆိုးဆိုးဝါးဝါးပြုံးလိုက်ပြီး ဂျန်ဖန်းနဲ့အမျိုးသမီးတပည့်နှစ်ယောက်ကို ဝန်းရံလိုက်၏။

ဓားမော့နှင့်ဓားပြ၏မျက်လုံးတွေ ချူရှန်မန်၏ဆွဲဆောင်မှုရှိသည့်ခန္ဓာကိုယ်လေးအပေါ် စိတ်အားထက်သန်စွာ ဝှေ့ဝိုက်ကြည့်လိုက်၏။

သူက လျှာသတ်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"တစ်ယောက်မှ ဒီအမျိုးသမီးကို မထိကြနဲ့..."

ကျန်ရှိသည့်ဓားပြသုံးယောက် ကောက်ကျစ်သည့်အပြုံးတွေဖြင့် ဓားပြသူမအနားကပ်သွားတာကို ကြည့်နေကြသည်။

ဓားပြ ချူရှင်းမန်ဆီသို့ ခြေလှမ်းကျဲကြီးတွေဖြင့်လျှောက်သွားလိုက်ပြီ သူ၏အေးစက်သည့်မျက်လုံးတွေက သူမရှေ့မှာ ရပ်နေသည့် ဂျန်ဖန်းအပေါ်ကျရောက်သွားခဲ့သည်။

သူက ဓားမြောက်ပြီး ခုတ်ချလိုက်၏။

"မျက်ကန်းအရူးကောင်...."

"သေစမ်း....."

သို့ပေမယ့်...

သူ့ဓားက လေထဲမှာပဲ ခွန်အားရှုံးဆုံးသွားခဲ့သည်။

နောက်ဆုံးမှာတော့ "ဒုန်း"ဆိုသည့်အသံနှင့် မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ဓားပြသုံးယောက် အေးခဲသွား၏။

သူတို့အဖွဲ့ဝင် သွေးပန်းထွက်နေသည့်လည်ပင်းကိုဆုပ်ကိုင်ထားပြီး မြေပြင်ပေါ်လဲကျကာ အကျောဆွဲနေခဲ့သည်။

ထိုအရာကိုမြင်သည့်အခါမှသာ သူတို့မျက်နှာတွေ အကြီးအကျယ်ပြောင်းလဲသွားကြ၏။

ဂျန်ဖန်း သွေးစွန်းနေသည့်အနက်ရောင်ဓားကိုကိုင်ပြီးမတ်တပ်ရပ်နေခဲ့သည်။ သူ့မျက်လုံးထဲ၌ လျစ်လျူရှုသည့်အေးစက်မှုတွေရှိနေခဲ့သည်။

"ဒီတော့ မင်းတို့က အခြေခံတည်ဆောက်ခြင်း အဆင့်၇ တစ်အုပ်ပါပဲ...."

"ဒါဆို ရိုးရှင်းသွားပြီ....."

လုရှင်းဟီက သူ့ကတ်တွေကိုထုတ်ဖော်သွားသည့်တစ်ယောက်တည်းသောသူမဟုတ်ပေ။

ဂျန်ဖန်းအတွက်လည်း သူတို့ကစလှုပ်ရှားကတည်းက အရာရာကို ထုတ်ပြပြီးနေပြီဖြစ်သည်။

ခွန်အားဘယ်လောက်မှန်းမသိရသေးသည့်ကြာပန်းနက်မှလွဲ၍ သူ့ရှေ့ရှိ ဓားပြတွေက တစ်ကောင်မှ မခြိမ်းခြောက်နိုင်ပေ။

ချင်ချိုင်ဟီ ကြောင်အနေ၏။

ယခု သူမက မလှုပ်ရှားတော့သည့် ဓားမော့နှင့်ဓားပြကိုကြည့်နေခဲ့သည်။ ထို့နောက် တစ်ခါမှ အလေးအနက်မကြည့်ဘူးသည့် ဂျန်ဖန်းကို ကြည့်လိုက်သည်။

အိမ်မက်တစ်ခုလိုပင်။

ယှဥ်ကြည့်လျှင် ချူရှင်းမန် ဂျန်ဖန်းဓားဆွဲထုတ်မှာကိုသေချာနေပြီး ယခုသူမလုံခြုံတယ်ဆိုတာသိ၏။

နောက်ဆုံးမှာတော့ ဓားပြသုံးယောက် နားလည်သွားပြီး မျက်နှာတွေ အကြိမ်ကြိမ်ပြောင်းလဲနေခဲ့သည်။

"သူက ဖုံးကွယ်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ..."

"မြန်မြန်, အတူတူတိုက်ခိုက်ကြ။ ဒီကောင် ငါတို့ကို တစ်ယောက်ပြီးတစ်ယောက်သတ်သွားမှာကို ခွင့်မပြုနဲ့...."

ထိတ်လန့်တကြားနှင့် သူတို့က ချောချောမွေ့မွေ့ပူပေါင်းပြီး အရပ်မျက်နှာသုံးခုမှ ဂျန်ဖန်းကို တိုက်ခိုက်လိုက်ကြ၏။

ဂျန်ဖန်း ဓားတစ်ချောင်းဖြင့် လှုပ်ရှားမှုနည်းလမ်းသုံးကာ သူတို့ကြားမှာ လျှင်မြန်စွာရွေ့လျားလိုက်၏။

"အလင်းခွဲဓား...."

"ပင်လယ်ထက်ကနေမင်း...."

"ကောင်းကင်နဲ့မြေကြီးကြယ်ကြွေခြင်း...."

ဓားချက်တစ်ချက်က ဓားပြတစ်ယောက်၏အသက်ကို ပြတ်သားစွာနှုတ်ယူသွား၏။

တတိယဓားချက်၌ နောက်ဆုံးဓားပြကြောက်လန့်တကြား ဖင်ထိုင်ကြသွားပြီး အော်ဟစ်လိုက်၏။

"သူ့ကိုပစ်ကြ, မြန်မြန်...."

သို့ပေမယ့် ဝိုင်းထားသည့်ဓားပြတွေ မြားမပစ်နိုင်ခင်မှာပဲ...

ကောင်းကင်နှင့်မြေကြီးကြယ်ကြွေခြင်းဓားချက် သူ့နောက်ကျောပေါ်ကျသွားပြီးခန္ဓာကိုယ်ကို နှစ်ခြမ်းကွဲထွက်သွားစေ၏။

ဝိုင်းထားသည့်ဓားပြတွေ ဂျန်ဖန်း၏ကြောက်စရာအရည်အချင်းတွေကိုမျက်မြင်တွေ့ပြီးနောက် ဆက်မတိုက်ရဲတော့ပေ။

သူတို့က ကြောက်လန့်တကြားပြေးကြ၏။

ဂျန်ဖန်းမျက်လုံးတွေ ခက်ထန်သွားပြီး ဓားကိုင်ပြီး နောက်ကလိုက်သတ်တော့၏။

သူ၏လှုပ်ရှားမှုနည်းလမ်းဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၇ အောက် ဓားပြတွေ လွတ်မြောက်ဖို့ မျှော်လင့်ချက်မရှိပေ။

တစ်ခဏကြာပြီးနောက်.....

အလောင်းတွေ ပတ်ပတ်လည်၌ ပြန့်ကျဲကုန်၏။

နောက််ဆုံးဓားပြကို အဆုံးသတ်ပြီးနောက်...

ဂျန်ဖန်း ဓားပြ၏အဝတ်အစားကိုဆုတ်ဖြဲကာ သူ့ဓားမှသွေးတွေကိုသုတ်လိုက်ပြီး ပြန်သိမ်းလိုက်၏။

ထို့နောက် အမူအရာကင်းမဲ့စွာဖြင့် လှည်းပေါ်ခုန်တက်ပြီး ပြောလိုက်သည်။

"သွားကြစို့, ငါတို့ရှေ့ဆက်သွားရအောင်...."

ချူရှင်းမန် အလျှင်အမြန်ပဲ အခြားလှည်းတစ်ခုပေါ်ခုန်တက်ကာ နာခံစွာပဲဇက်ကြိုးကိုယူလိုက်၏။

ချင်ချိုင်ဟီ တွေဝေနေပြီး မေးလိုက်သည်။

"ငါတို့ စီနီယာအကိုလုကို မရှာတော့ဘူးလား...."

သူမက ဂျန်ဖန်းကိုကြည့်လိုက်သည်။ သူမမျက်လုံးတွေထဲ၌ အသနားခံသည့်အရိပ်အယောင်တွေ ရှိနေခဲ့သည်။

ဂျန်ဖန်း အေးစက်စွာပြန်ပြောလိုက်သည်။

"စီနီယာအမချင်, သွာချင်သပါ့ဆို မင်းဘာမင်းသွားနိုင်တယ်...."

"ဂျူနီယာညီမချူနဲ့ ငါကတော့ တာဝန်ကို ဆက်လုပ်ရမှာပဲ။ နှုတ်ဆက်ပါတယ်...."

ထို့နောက် မြင်းကိုမောင်းပြီး ရှေ့ဆက်လိုက်၏။

ချင်ချိုင်ဟီ ထိတ်လန့်သွား၏။

သူမက လုရှင်းဟီကို မရှာရဲသလို ဤနေရာမှာလဲ မနေရဲပေ။

ကြာပန်းနက်သာပြန်ရောက်လာလျှင် သူမ သေမှာ အသေအချာပင်။

အလျှင်အမြန်ပဲ သူမ၏စိတ်ဝိညာဥ်သားရဲပေါ်တက်ကာ နောက်ကလိုက်သွား၏။

သူမက တီးတိုးရေရွတ်လိုက်၏။

"စီနီယာအကိုလု, ငါတို့ကို အပြစ်မတင်ပါနဲ့။ အပြစ်တင်ချင်ရင် အရင်ထွက်သွားတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပါ...."

ခဏကြာပြီးနောက်....

ကြာပန်းနက် သွေးအလိမ်းလိမ်းဖြင့်ဒဏ်ရာအပြင်းအထန်ရနေသည့် လုရှင်းဟီကို တရွတ်တိုက်ဆွဲလာခဲ့သည်။

"ညီကိုတို့, မင်းတို့အလုပ်တွေပြီးပြီလား...."

"ပစ္စည်းတွေရှင်းလိုက်တော့။ ငါတို့မှာလုပ်...."

ပတ်ပတ်လည်မှာပြန့်ကျဲနေသည့် အလောင်းတွေကိုမြင်သည့်အခါ သူမစကားတွေ ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။

All Chapters