← Chapters

ဂိုဏ်းချုပ်ဂုန်ဆွဲဆောင်သောအမုန်းတရား

Vol. 16 Ch. 232

ဂိုဏ်းချုပ်ဂုန်ဆွဲဆောင်သောအမုန်းတရား

Vol. 16 Ch. 232

သူမကအလျှင်အမြန်ပဲ လုရှင်းဟီကိုချထားခဲ့တာ ဓားမော့နှင့်ဓားပြဆီပြေးသွားလိုက်သည်။

ထိုနောက် သူ့ခန္ဓာကိုယ်ကို အားကုန်လှုပ်ယမ်းလိုက်သည်။

"နဂါးနက်, နဂါးနက်..."

သူမလှုပ််ယမ်းနေစဥ်မှာပဲ ဓားပြမျက်လုံးထဲ၌ အတော်လေးဆန္ဒမရှိမှုတွေကို တွေ့လိုက်၏။

လည်ပင်းကဒဏ်ရာက သွေးခြောက်အလွှာဖြင့် ဖုံးအုပ်နေပြီး သွေးတွေက သူ့အောက်နေရာအနှံ့ပင်။

သို့ပေမယ့် အချိန်တော်အကြာကတည်းက အေးစက်နေပြီဖြစ်သည်။

သူမ ရုတ်ချည်းဆိုသလို စဥ်းစားမရဖြစ်သွား၏။ ထို့နောက် အခြားအခြေခံတည်ဆောက်ခြင်းအဆင့် ၇ သုံးယောက်ကိုကြည့်ပြီး အော်ဟစ်လိုက်၏။

"သံမဏိခေါင်း..."

"လက်ကျိုး...."

.....

သူမ သူတို့တစ်ယောက်ချင်းစီကို စစ်ဆေးဖို့ အပြေးသွားလိုက်၏။

တစ်ယောက်လောက်များကယ်နိုင်မည့်ဆိုသည့် မျှော်လင့်ချက်နှင့်ပင်။

သို့ပေမယ့် ချွင်းချက်မရှိ အားလုံး သေပြီပင်။

သေဆုံးမှုက သေသပ်ရှင်းလင်းလှ၏။ တစ်ယောက် ဓားတစ်ချက်ဖြစ်ပြီး အသက်ရှင်ဖို့ အခွင့်အရေးမရှိပေ။

"ဘာဖြစ်တာလဲ...."

"ဘာတွေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက်ငါ့ကိုပြောပေးနိုင်မလား...."

"ဘာလို့ ငါ့ညီအကိုတွေအားလုံး သေသွားတာလဲ...."

မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာပြီး ကောင်းကင်သို့မော့ကာ အော်ဟစ်လိုက်၏။

သူမအသံက သုဿန်တစ်စပြင်ကဲ့သို့တိတ်ဆိတ်နေသည့်သစ်တောထဲမှာ ပဲ့တင်ထပ်သွားပြီး အတော်လေးကျောချမ်းစရာကောင်း၏။

လုရှင်းဟီ ထိုမြင်မကောင်းသည့်မြင်ကွင်းကိုကြည့်ပြီး ခက်ခက်ခဲခဲ ဆံထွေးမျိုချလိုက်ရ၏။

ကြာပန်းနက် စိတ်ရှုပ်နေတာကိုအခွင့်ကောင်းယူပြီး သူ့ခန္ဓာကိုယ်ကိုတိတ်တဆိတ်လှုပ်ရှားကာ လွတ်မြောက်ဖို့ကြိုးစားလိုက်၏။

ဘန်း!

လုရှင်းဟီ မျက်လုံးရှေ့မှာ မုန်ဝါးဝါးအရာတစ်ခုသာမြင်လိုက်၏။ သူ့ရင်ဘတ်အထိုးခံရပြီး နံရိုးတွေ ကျိုးလုနီးပါးပင်။

ထို့နောက် ကြာပန်းနက် သူ့လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"သူတို့ဘယ်လိုသေသွားတာလဲ? ပြောစမ်း...."

ကြာပန်းနက် ရူးသွပ်စွာအော်ဟစ်လိုက်ပြီး အသိစိတ်ဆုံးရှုံးသွားသလိုပင်။

လုရှင်းဟီမျက်နှာ နီရဲလာပြီး စကားပြောဖို့ ရုန်းကန်လိုက်၏။

"ငါ...ဘယ်လိုလုပ်...သိမှာလဲ...."

ကြာပန်းနက် သူ့ကို မြေပြင်ပေါ် ကြမ်းတမ်းစွာပစ်ချလိုက်ပြီး ရင်ဘတ်ပေါ်တက်နင်းလိုက်၏။

သူမက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ပြောလိုက်သည်။

"နင့်အဖွဲ့ထဲမှာ ပုန်းကွယ်နေတဲ့ကျွမ်းကျင်သူရှိတယ်မလား...."

"အဲ့လိုမှမဟုတ်ရင်, တိုက်ပွဲအတွေ့အကြုံရှိတဲ့ ငါ့ညီအကိုတွေကို အချိန်တိုအတွင်းသတ်နိုင်မှာမဟုတ်ဘူး...."

သူတို့ထဲ၌ ကျွမ်းကျင်သူမရှိဘူးဆိုတာ သူမသေချာစစ်ဆေးခဲ့၏။

လုရှင်းဟီ အလေးအနက်ပြောလိုက်၏။

"မရှိပါဘူး, ငါကျိန်ပါတယ်။ အဲ့တာငါတို့လူမဟုတ်ပါဘူး..."

"ငါ့ဂျူနီယာညီမ ချင်ချိုင်ဟီက အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ပဲရှိတာပါ...."

"မြင့်မြတ်ဂိုဏ်းက ချူရှင်းမန်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ပဲ...."

"တိမ်စိမ်းဂိုဏ်းတပည့် ဂျန်ဖန်းအတွက်တော့ သူမှာ စိတ်ဝိညာဥ်အမြစ်တောင်မရှိဘူးဆိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မဟုတ်လောက်ဘူး..."

"မင်းရဲ့ညီကိုတွေကိုသတ်ခဲ့တဲ့လူက ဖြတ်သွားဖြတ်လာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရမယ်...."

သူ၏ကျိန်ဆိုမှုကိုမြင်သည့်အခါ လိမ်နေသည့်ပုံမပေါ်ပေ။

ကြာပန်းနက်လည်း သူမထင်မြင်ချက်ကို စတင်သံသယဝင်လာ၏။

တကယ်ပဲ ဖြတ်သွားဖြတ်လာ ကျွမ်းကျင်သူဖြစ်နိုင်လောက်လား?...

သို့ပေမယ့် ထိုအရာကိုတွေးပြီးနောက်.....

ထိုကျွမ်းကျင်သူတိုက်တိုက်ဆိုင်ဆိုင်ရောက်လာတာကို မပြောလိုသေးပေ....

ဂျန်ဖန်း၊ အမျိုးသမီးနှစ်ယောက်၊ လှည်းသုံးစီး၊ စိတ်ဝိညာဥ်သားရဲ အားလုံးပျောက်ကွယ်သွားပြီပင်။ ထိုအရာက သူမညီကိုတွေ၏သေဆုံးမှုက သူတို့နှင့်ဆက်စပ်နေတာ ညွှန်ပြနေ၏။

"နင်တို့အဖွဲ့ထဲမှာ ကျွမ်းကျင်သူရှိရှိ မရှိရှိ..."

"နင် ငါ့ကို ခုချက်ချင်း သူတို့ဆီခေါ်သွားပေးရမယ်...."

"မဟုတ်ရင်, နင့်မျက်လုံးကိုဖောက်ထုတ်ပြီး လျှာဖြတ်ပစ်မယ်...."

ကြာပန်းနက် ရက်စက်စွာ ခြိမ်းခြောက်လိုက်၏။

ဂျန်ဖန်းအကြောင်းပြောလျှင်....

သူက ဆက်လက်ခရီးသွားနေပြီး နေ့ဝက်လောက်ကြာပြီးနောက် နောက်ဆုံးမှာ တောင်နယ်မြေကိုဖြတ်ကာ စိတ်ဝိညာဥ်သားရဲဂိုဏ်းပိုင်နက်ကို ဝင်ရောက်လာခဲ့သည်။

မှောင်မိုက်သည့်တောအုပ်ကို နောက်မှာချန်ထားခဲ့ပြီး သူတို့က အကန့်အသတ်မရှိကျယ်ပြောသည့် မြက်ခင်းပြင်ကိုကြည့်လိုက်သည်။

အမျိုးသမီးနှစ်ယောက် သေဘေးမှကပ်သီလေးလွတ်မြောက်သကဲ့သို့ စိတ်သက်သာယာရသွား၏။

"ဟေး, အဖွဲ့တစ်ဖွဲ့ငါတို့ဆီလာနေတယ်...."

ချူရှင်းမန် ထက်ရှသည့်မျက်လုံးတွေဖြင့် မြက်ခင်ပြင်အဆုံးမှ သူတို့ဆီချည်းကပ်လာနေသည့် စိတ်ဝိညာဥ်သားရဲအုပ်တစ်အုပ်ကို ရုတ်တရက်တွေ့လိုက်သည်။

ထိုအရာကိုကြားသည့်အခါ...

ချင်ချိုင်ဟီ ချက်ချင်းဓားဆွဲထုတ်ပြီး သတိအနေအထားနေလိုက်သည်။

ချူရှင်းမန်လည်း ခုခံကာကွယ်မည့်ပုံစံနေလိုက်သည်။

သို့ပေမယ့် ဂျန်ဖန်း တစ်ခဏတွေးပြီးနောက် ပြောလိုက်သည်။

"လန့်စရာမလိုပါဘူး။ သူတို့က စိတ်ဝိညာဥ်သားရဲဂိုဏ်းကဖြစ်နိုင်တယ်...."

ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ စိတ်ဝိညာဥ်သားရဲတွေက ရှားပါး၏။

ဥပမာ တိမ်စိမ်းဂိုဏ်း၌ စိတ်ဝိညာဥ်သားရဲ တစ်ကောင်တောင်မရှိပေ။

စိတ်ဝိညာဥ်သားရဲတစ်အုပ်ကိုတော့ စိတ်ဝိညာဥ်သားရဲဂိုဏ်းကသာ ပိုင်ဆိုင်နိုင်၏။

တကယ်ပင်...

အုပ်စုနီးကပ်လာသည်နှင့် ရောင်စုံဝတ်စုံဝတ် လှပသည့်အမျိုးသမီးတွေ စိတ်ဝိညာဥ်သားရဲစီးပြီး မြင်ကွင်းထဲကို ဝင်ရောက်လာခဲ့သည်။

ဤဝတ်စုံက တကယ်ကို စိတ်ဝိညာဥ်သားရဲဂိုဏ်းမှဖြစ်သည်။

"နင်တို့ကဘယ်သူလဲ...."

စိတ်ဝိညာဥ်သားရဲတွေကိုဦးဆောင်လာသူက အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်ဖြစ်၏။

သူမက သူတို့ကို သတိထားကြည့်လိုက်သည်။

ဂျန်ဖန်းနှင့် အခြားလူတွေ သူတို့အထောက်အထားတုံကင်တွေ ထုတ်ယူလိုက်ကြ၏။

"အသင်္ချေဓားဂိုဏ်းက ချင်ချိုင်ဟီ..."

"မြင့်မြတ်ဂိုဏ်းက ချူရှင်းမန်...."

သူတို့က ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေဆိုတာ သိသွားသည့်အခါ သူမသတိကိုလျော့ချလိုက်ပြီး သူတို့နောက်ရှိ လှည်းသုံးစီးကို ကြည့်လိုက်သည်။

သူမက သူတို့ရည်ရွယ်ချက်ကို အကြမ်းဖျင်းနားလည်သွား၏။

ညင်သာသည့်အပြုံးတစ်ခု ပြုံးပြလိုက်၏။

"ငါက စိတ်ဝိညာဥ်သားရဲဂိုဏ်းက ကျန်းရွယ်မိုပါ။ မင်းတို့လိုပဲ တာတန်ထမ်းဆောင်နေတာ....."

ကျန်းရွယ်မိုဆိုသည့်နာမည်ကြားသည့်အခါ ချင်ချိုင်ဟီနှင့် ချူရှင်းမန်တို့ အလျှင်အမြန်လှည်းပေါ်မှ ခုန်ချလိုက်၏။

သူတို့က အရိုအသေပေးပြီးပြောလိုက်သည်။

"စီနီယာအမကျန်းကို နှုတ်ဆက်ပါတယ်..."

ဟမ်?...

ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။

ကျန်ရွယ်မိုက နာမည်ကြီးသည်လား?...

အမျိုးသမီးနှစ်ယောက် ဘာကြောင့် သူမကို အရမ်းလေးစားနေကြသနည်း။

ဂျန်ဖန်း မြင်းပေါ်မှာဆက်ထိုင်နေပြီး လှည်းကို ဂရုတစိုက် ကာကွယ်နေခဲ့၏။ ထိုအရာက သဘာဝအတိုင်း ကျန်းရွယ်မန်၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"မင်းက တိမ်စိမ်းဂိုဏ်းကလား...."

ဂျန်ဖန်းလက်ချင်းယှက်ပြီးပြောလိုက်သည်။

"ကျွန်တော်က တိမ်စိမ်းဂိုဏ်းက ဂျန်ဖန်းပါ။ စီနီယာအမကျန်းကို နှုတ်ဆက်ပါတယ်....."

သူ့နာမည်ပြောလိုက်သည်နှင့်..

ကျန်ရွယ်မို အံ့အားသင့်သည့်အမူအရာ ပြသလာ၏။

"မင်းက ဂျန်ဖန်းလား...."

သူမနောက်ရှိ ရောင်စုံဝတ်အမျိုးသမီး ၆ ယောက်လည်း ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်လာပြီး တစ်ပြိုင်နက်မတ်တပ်ရပ်လိုက်ကြ၏။

သူတို့က ဂျန်ဖန်းကို သိချင်စွာဖြင့် စိုက်ကြည့်နေပြီး အဆုံးမရှိ တီးတိုးဆွေးနွေးနေကြသည်။

"သူက တိမ်စိမ်းဂိုဏ်းက ဂျန်ဖန်းပေါ့..."

"ငါတို့ ဒီနေ့ တကယ်ပဲ သူ့ကို လူကိုယ်တိုင်မြင်ဖူးပြီ..."

"သူက အတော်ချောပြီးသန့်တာပဲ။ အသားအရည်ကလည်းငါတို့ထက်တောင်နူးညံ့သေးတယ်။ ဂိုဏ်းချုပ် သူ့နာမည်ကို မမေ့နိုင်တာ မအံ့သြတော့ပါဘူး..."

"တကယ်ပါပဲ။ ဘယ်သူက ဒီလိုခန့်ညားတဲ့ကောင်းလေးကြောင့် စိတ်မလှုပ်ရှားပဲ နေမှာလဲ...."

အာ....

ချင်ချိုင်ဟီနှင့် ချူရှင်းမန်တို့ ကြောင်အသွားကြ၏။

အထူးသဖြင့် ချူရှင်းမန်ပင်။

သူမက ဂျန်ဖန်းအရည်အချင်းကိုသိ၏။ သို့ပေမယ့် ဂျန်ဖန်းက စိတ်ဝိညာဥ်သားရဲဂိုဏ်း၌ ဤကဲ့သို့ကြီးမားသည့်ဂုဏ်သတင်းရှိနေမယ်လို့ တစ်ခါမှ ထင်မထားခဲ့ပေ။

ထို့ပြင် ကြည့်ရတာ သူက အမျိုးသမီးတပည့်တွေကြား၌ နာမည်ကြီးပုံရ၏။

စိတ်ဝိညာဥ်သားရဲဂိုဏ်း၌ အမျိုးသမီးတပည့်တွေပဲရှိတယ်ဆိုတာ လူတိုင်းသိ၏။

သူတို့က သဘာဝအတိုင်း အမျိုးသားတပည့်တွေကိုငြင်းဆန်ပြီး စိတ်သဘောကြီးသည့်အမျိုးသားအနည်းငယ်သာ သူမတို့ဆီမှ သဘောကျမှုကိုရရှိကြ၏။

"မလေးမစားမလုပ်ကြနဲ့...."

ကျန်ရွယ်မို ညင်သာစွာဆူပူလိုက်ပြီး အမျိုးသမီးတပည့်တွေ၏ တီးတိုးပြောဆိုမှုကို ရပ်တန့်လိုက်၏။

ထို့နောက် သူက ဂျန်ဖန်းကိုစိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, မင်းကို ငါ့ဆရာက အတော်အထင်ကြီးတယ်ဆိုတော့ မင်းမှာ အရည်အချင်းရှိရမယ်..."

"ငါခန့်မှန်းကြည့်မယ်။ ဒီတစ်ခေါက်မင်းတာဝန်က ငါ့လိုပဲ အဆင့် ၂ တာဝန်မလား..."

ဂုန်ချိုင်းယီ၏တပည့်တစ်ယောက်အနေဖြင့်...

ဂုန်ချိုင်းယီ ဂျန်ဖန်းကို အတော်တန်ဖိုးထားတယ်ဆိုတာ အခြားလူတွေထက် ပိုနားလည်၏။

သူမပြန်ရောက်လာတိုင်း ဂျန်ဖန်းကောင်းကြောင်းတွေကို မကြာခဏပြောတတ်၏။

ကျင့်ကြံရေးသင်ကြားပေးတိုင်း ဂျန်ဖန်းနားလည်နိုင်စွမ်းကိုချီးကျူး၏။ သူမတို့သာ ဂျန်ဖန်းနားလည်နိုင်စွမ်းတစ်ဝက်လောက်ရှိလျှင် ပိုလွယ်ကူမည်ဟုပင်။

ဓားပညာသင်ကြားပေးရာ၌ ဂျန်ဖန်းဘယ်လောက်ဓားရေးကျွမ်းတယ်ဆိုတာ သတိရပြီး သူမတပည့်တွေတစ်ယောက်မှမယှဥ်နိုင်ဘူးဟုပြော၏။

စိတ်ဝိညာဥ်ဆေးများစွာသုံးရာ၌ သူမတပည့်တွေဂျန်ဖန်းလို အရည်အချင်းမရှိဘူးဟု နောင်တရစွာပြောခဲ့သည်။ ဂျန်ဖန်းဆို သူကိုယ်တိုင် ဆေးသန့်စင်နိုင်သည်ဟူ၍ပင်။

တိုတိုပြောရလျှင် လွန်ခဲ့သည့်တစ်လအတွင်းမှာပဲ...

ဂျန်ဖန်းဆိုသည့်နာမည်က သူမနားထဲမှာ နားရည်ဝနေပြီပဲဖြစ်သည်။

သူမနှင့် သူမဂိုဏ်းတူညီမတွေကို ပိုပြီးဒေါသထွက်စေတာက ဂျန်ဖန်းနှင့်ယှဥ်ဖို့ သူမတို့က မထိုက်တန်ဘူးဆိုသည့် စကားပင်။

ယခု, သူမ နောက်ဆုံးမှာ ဂျန်ဖန်းနှင့် လူကိုယ်တိုင်တွေ့ပြီပဲဖြစ်သည်။

ဘယ်လိုလုပ်ပြီး ကျန်းရွယ်မို စိတ်ကောင်းဝင်နိုင်မည်နည်း။

ဘယ်လိုလုပ် သူနှင့်မနိုင်ယှဥ်ချင်မည်နည်း။

အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ဖြစ်သည့်သူမက ဂျန်ဖန်းထက်မနိမ့်ကျဘူးဆိုတာ ကိုယ်တိုင်မြင်ချင်၏။

ယနေ့ သူမသာ သူနှင့်မယှဥ်ရလျှင် ဂျန်ဖန်းကို သွားခွင့်ပေးမည်မဟုတ်ပေ။

ဂျန်ဖန်း သူမစကားထဲမှ မကျေနပ်ချက်ကို သတိထားမိပြီး အနည်းငယ်ပဟေဠိဖြစ်သွား၏။

ဤအရာက စိတ်ဝိညာဥ်သားရဲဂိုဏ်းကိုရောက်တာ သူအတွက် ပထမဆုံးအကြိမ်ဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရန်မစဘူးပေ။

ပဠိပက္ခတွေကိုရှောင်ရှားဖို့ သူက နှိမ့်ချစွာပြောလိုက်သည်။

"ဂိုဏ်းချုပ်ဂုန်က ချီးကျူးလွန်းနေတာပါ...."

"ငါ့အရည်အချင်းက သာမန်ပါပဲ။ စီနီယာအမလို အဆင့် ၂ တာဝန်တောင် မရပါဘူး..."

အရည်အချင်းသာမန်ပဲ?...

နင်ကလေ?...

ချူရှင်းမန်ခန္ဓာကိုယ်တုန်လှုပ်သွားပြီး လဲကျလုနီးပါးပင်။

နင်က သာမန်ဆိုရင် လောကကြီးမှာ အရည်အချင်းရှိတဲ့လူရှိပါအုန်းမလား...

ကျန်ရွယ်မို နှာမှုတ်လိုက်၏။

"နှိမ့်ချနေဖို့ မလိုပါဘူး..."

"ငါ့ဆရာက အပြင်ပိုင်းမှာနူးညံ့ပေမယ့် တကယ်တော့ အရမ်းမာနကြီးတာ။ အခြားလူကို ချီးကျူးတာ ရှားတယ်...."

"သူမ နင့်အကြောင်း ထပ်ခါတလဲလဲပြောနေမှတော့ နင့်မှာ ထူးခြားတဲ့အရည်အချင်းရှိကိုရှိရမယ်...."

"ငါ့ကိုပြော, နင့်တာဝန်က ဘာလဲ..."

ဂျန်ဖန်း စိတ်ထဲမှာရေရွတ်လိုက်၏။

ဂုန်ချိုင်ယီ, ဂုန်ချိုင်ယီ...

နင် ငါ့အကြောင်းတွေ ဘာလို့လျှောက်ပြောထားတာလဲ....

All Chapters