ကြာပန်းနက်၏ဖုံးကွယ်ထားသည့်ခွန်အား
Vol. 16 Ch. 233
ထိုအခိုက်အတန့်၌, ဂျန်ဖန်းလုံးဝအပြစ်ကင်းစင်နေ၏။
သူကအိမ်မှာနေရင်း ပြဿနာက မိုးပေါ်မှပြုတ်ကျလာတာဖြစ်သည်။
အကူအညီမဲ့စွာသက်ပြင်းချပြီး ပြောလိုက်သည်။
"ငါ မလိမ်ပါဘူး...."
"ငါက အဆင့် ၃ တာဝန်ပဲရတာ။ အဆင့် ၂ တာဝန်ရတဲ့စီနီယာအမနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ...."
အဆင့် ၃?....
ကျန်းရွယ်မို ကြောင်အသွား၏။
သူမနောက်ရှိအမျိုးသမီးတပည့်တွေလည်း မယုံနိုင်သည့်အမူအရာတွေ ပြသလာ၏။
"အာ?, ဆရာ မိုးထိအောင်ချီးကျူးနေတဲ့လူက အဆင့် ၁ တာတန်မဟုတ်ရင်တောင် အနည်းဆုံး အဆင့် ၂ တော့ ရသင့်တယ်...."
"ငါတို့မှန်နေတာများလား? ဆရာက သူ့ရဲ့ချောမောတဲ့ရုပ်လေးကိုကြိုက်သွားတာထင်တယ်...."
"ဆရာပြောတဲ့ ပါရမီရှင်က အဆင့် ၃ တာဝန်ပဲရတယ််ဆိုတာ မယုံနိုင်စရာပဲ...."
မူလက ဂျန်ဖန်းနှင့် ယှဥ်ပြိုင်လိုခဲ့သည့် ကျန်းရွယ်မို အံ့အားသင့်သွား၏။
တစ်ခဏကြာပြီးမှ သတိပြန်ရလာပြီး ဂျန်ဖန်းကို အံ့အားသင့်စွာဖြင့် အပေါ်အောက် ကြည့်ရှုနေခဲ့သည်။
သူမလည်း နားမလည်နိုင်ပဲ ရေရွတ်လိုက်သည်။
"ဆရာက မင်းဆီက ဘာတွေမြင်နေလဲ ငါတကယ်မသိတော့ဘူး..."
တိမ်စိမ်းဂိုဏ်း ဂျန်ဖန်းအတွက် အဆင့် ၃ တာဝန် စီစဥ်ပေးလိုက်ကတည်းက သဘာဝအတိုင်း သူ့ခွန်အားကို စဥ်းစားကြည့်လို့ရ၏။
သွယ်ဝိုက်သောအားဖြင့် သူက ထူးချွန်သည့်လူတစ်ယောက်မဟုတ်ဘူးဆိုတာ ညွှန်ပြနေ၏။
ထို့ပြင် တိမ်စိမ်းဂိုဏ်းက သူတို့ကိုယ်ပိုင်တပည့်တွေကို သူမတို့ဆရာထက်ပိုကောင်းကောင်းသိ၏။
ဂုန်ချိုင်ယီ ဂျန်ဖန်းနှင့်ပတ်သက်ပြီး နားလည်မှုအကြီးကြီးလွဲနေပြီဟု သူမအတော်လေး သံသယရှိ၏။
ထိုအရာကိုတွေးပြီး...
သူမ၏ယှဥ်ပြိုင်လိုစိတ်ပျောက်ဆုံးသွားပြီး စိတ်မဝင်စားစွာ ပြောလိုက်သည်။
"ပြောကြတာတော့ ကျော်ကြားတဲ့နာမည်အောက်မှာ အားနည်းတဲ့သူဆိုတာ မရှိဘူးတဲ့...."
"အခုကြည့်ရတာတော့ အမြဲတမ်းမမှန်ပုံပဲ...."
"ကောင်းပြီ, မင်းတို့ရဲ့တတိယအဆင့်ကို ဆက်လုပ်ပါ။ နှုတ်ဆက်ပါတယ်...."
သူမက စိတ်ဝိညာဥ်သားရဲခေါင်းကိုပုတ်လိုက်ပြီး အဖွဲ့နှင့်အတူတောင်နယ်မြေထဲသို့ဝင်သွားခဲ့သည်။
ဂျန်ဖန်း ရယ်ရမလို ငိုရမလိုဖြစ်သွား၏။
ချက်ချင်းဆိုသလိုပဲ, သူမတို့က ရှေ့တန်းတိုက်ပွဲအတွက်ပြင်ဆင်ထားသည့်ဝံပုလွေသားရဲအုပ်ကို လိုက်ပါစောင့်ရှောက်ပေးနေတာကို သတိထားမိလိုက်၏။
သူ ရုတ်တရက် နားလည်သွားပြီး အစောပိုင်း ကြာပန်းနက်ပြောသည့်စကားကို ပြန်အမှတ်ရလိုက်သည်။
သူမက ဂျန်ဖန်းတို့အဖွဲ့ကိုမြင်သည့်အခါ အတော်လေးအံ့အားသင့်သွားပုံရ၏။
ထို့ကြောင့် သူတို့၏ပစ်မှတ်က ဂျန်ဖန်းနှင့်အဖွဲ့မဖြစ်နိုင်ပေ။
အတော်လေးတန်ဖိုးကြီးသည့် နတ််ဆိုးဝံပုလွေတွေကိုမြင်သည့်အခါ သူရုတ်တရက် နားလည်သွား၏။
ကြာပန်းနက်က စိတ်ဝိညာဥ်သားရဲဂိုဏ်းအဖွဲ့ကို စောင့်နေတာပဲဖြစ်သည်။
ဂျန်ဖန်းတို့အဖွဲ့က ကံမကောင်းပြီး ပက်ပင်းတိုးသွားတာပင်။
"စီနီယာအမ, နေပါအုန်း...."
ဂျန်ဖန်း အလျှင်အမြန် အော်ခေါ်လိုက်၏။
"အမတို့တာဝန်က မပေါက်ကြားတာ သေချာလား?...."
ကျန်းရွယ်မို သူမစိတ်ဝိညာဥ်သားရဲကိုရပ်ကာ ဂျန်ဖန်းကို သတိထားပြီးလှည့်ကြည့်လိုက်သည်။
"မင်းဘာကိုဆိုလိုတာလဲ...."
ဂျန်ဖန်း အလေးအနက်ပြောလိုက်သည်။
"ငါတို့တောင်ကိုဖြတ်လာတုန်းက ကြာပန်းနက်လို့ခေါ်တဲ့ဓားပြအဖွဲ့နဲ့တွေ့ခဲ့တယ်..."
"သူတို့က တောင်လမ်းမှာ ချုံခိုနေကြတာ...."
"ငါထင်တာတော့ သူတို့ပစ်မှတ်က မင်းတို့စောင့်ရှောက်လာတဲ့ နတ်ဆိုးဝံပုလွေတွေပဲ..."
ဤနတ်ဆိုးဝံပုလွေအားလုံးက ယဥ်ပါးပြီးသားဖြစ်သည်။
သူတို့က လူသားတွေ၏အမိန့်ကိုနာခံယုံသာမက အလွန်အားကောင်းသည့်တိုက်ပွဲစွမ်းရည်ကိုလည်းပိုင်ဆိုင်၏။
ကြာပန်းနက်ဓားပြအဖွဲ့သာ ထိုအရာတွေကိုရလျှင် ၎င်းတို့ခွန်အား သိသိသာသာ တိုးလာမည်ပဲဖြစ်သည်။
ကြာပန်းနက်?....
စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်တွေ သဘာဝအတိုင်း အနီးနားရှိဓားပြတွေအကြောင်းကြားဖူး၏။
သူတို့ ချက်ချင်းပဲ မလွယ်ကူသလိုဖြစ်လာကြ၏။
"ကြာပန်းနက်ခေါင်းဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး တစ်ခါက မြင့်မြတ်ဂိုဏ်းတပည့်တစ်ယောက်ပဲ။ သူမက မြင့်မြတ်ဂိုဏ်းရဲ့ လျို့ဝှက်နည်းစနစ်အများကြီးသင်ယူထားလို့ အရမ်းသန်မာတယ်...."
"ဒါ့အပြင်, သူမလက်အောက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ အစောင့်အရှောက်လေးယောက်လည်းရှိတယ်...."
"စီနီယာအမကျန်းပဲ တိုက်ခိုက်နိုင်မှာ။ ငါတို့ကတော့ အသတ်ခံရမယ့် သိုးတွေဖြစ်သွားလိမ့်မယ်...."
....
"တိတ်ကြစမ်း...."
ကျန်းရွယ်မို အော်လိုက်ပြီး ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, မင်းမြင်ခဲ့တာမမှားဘူးဆိုတာ သေချာလား...."
ကြာပန်းနက်အဖွဲ့သာ သစ်တောထဲမှာ ခြုံခိုနေလျှင် လမ်းလွဲသွားဖို့ သူမစဥ်းစားရမည်ပင်။
မဟုတ်လျှင်, သူမတစ်ယောက်တည်း ထိုဓားပြတွေကို မခုခံနိုင်ပေ။
ချူရှင်းမန် ဂျန်ဖန်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။
တွေ့တွေ့ချင်း သူမတို့က သူ့ကို ပစ်မှတ်ထားခဲ့သည်။ သူက စိတ်ဝိညာဥ်သားရဲဂိုဏ်းကို အကြွေးတစ်ခုခုတင်နေသလိုပင်။
သူမ ချက်ချင်းပဲ အရိုအသေပေးပြီး ပြောလိုက်သည်။
"စီနီယာအမကျန်း, စီနီယာအကိုဂျန်က ဓားပြတွေကိုမြင်ခဲ့ယုံတင်မဟုတ်ပါဘူး..."
"သူက ဓားပြခေါင်းဆောင်ကလွဲပြီး ကျန်တဲ့လူအားလုံးကိုလည်း သတ်ခဲ့ပါတယ်....."
ဘာ?....
စိတ်ဝိိညာဥ်သားရဲဂိုဏ်းအမျိုးသမီးတပည့်တွေ ချက်ချင်းပဲ အံ့အားသင့်သွားကြ၏။
ဂျန်ဖန်း, တစ်ယောက်တည်းလေ?...
ကျန်ရွယ်မိုလည်း ဤမယုံနိုင်သည့်သတင်းကို လက်ခံနိုင်ဖို့ အချိန်အနည်းငယ်ယူလိုက်ရ၏။
ကြာပန်းနက်အဖွဲ့က သဲလွန်စမရှိပဲ သွားလာလှုပ်ရှားကြ၏။ အကြိမ်များစွာကြိုးပမ်းခဲ့သော်လည်း စိတ်ဝိညာဥ်သာားရဲဂိုဏ်း သူတို့ကို အမြစ်ပြတ်သုတ်ဖို့ မစွမ်းနိုင်ခဲ့ပေ။
ယခု, ဂျန်ဖန်း တစ်ယောက်တည်းဖြင့် ခေါင်းဆောင်မှလွဲပြီး ကြာပန်းနက်အဖွဲ့ဝင်အားလုံးကို သုတ်သင်တယ်လို့ပြောနေတာက...
ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
သူမအတွက်တောင် ထိုအရာက မဖြစ်နိုင်လုနီးပါးပင်။
လှောင်ပြောင်သည့်အရိပ်အယောင်ဖြင့် သူမကပြောလိုက်သည်။
"မြင့်မြတ်ဂိုဏ်းရဲ့ တပည့်မတွေကလည်း အခြားလူအတွက် လိမ်ပေးနေကြပြီလား...."
"အံ့သြစရာပဲ..."
"သွားကြစို့...."
ရှင်းလင်းစွာပင်, သူမစကားတွေကြောင့် ဂျန်ဖန်းစိတ်ဆိုသွားသည်ဟု သူမယုံ၏။
သူက သူမတို့ကို ရည်ရွယ်ချက်ရှိရှိခြိမ်းခြောက်နေခြင်းပင်။
ကျန်တပည့်မများလည်း အတော်လေး သံသယရှိသွား၏။
ထို့ကြောင့် နောက်ထပ်မတွေးတော့ပဲ ကျန်းရွယ်မိုနောက်ကနေ တောင်လမ်းကို လိုက်သွားကြ၏။
ဂျန်ဖန်း ပါးစပ်ဟလိုက်သည်။
သူ့ဘေးရှိ ချင်ချိုင်ဟီ ဂျန်ဖန်းအတွက် မမျှတသလိုခံစားရပြီး ပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, မင်းတတ်နိုင်သမျှ အကုန်လုပ်ပြီးပါပြီ...."
"သူတို့သေချင်နေမှတော့ လွတ်ပေးလိုက်ပါ...."
"ငါတို့ကိုယ်ပိုင်တာဝန်ကိုပဲ ပြီးအောင်လုပ်ကြတာပေါ့.."
အကယ်၍ ဤကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံရတာ အခြားတစ်ယောက်ဆိုလျှင် သူမ ထိုသူဒုက္ခရောက်တာမြင်ရဖို့ အတော်လေးစိတ်အားထက်သန်နေမည်ဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်းက သူတို့ကို စေတနာနှင့် သတိပေးတာကို လိမ်ညာနေသည်ဟု ထင်နေကြ၏။
ထိုအရာက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲဖြစ်သည်။
ဂျန်ဖန်း သူမတို့ကို ဖြောင်းဖျလို့မရဘူးဆိုတာ သိ၏။ ထို့ကြောင့် စိတ်အနှောက်အယှက်အဖြစ်မခံတော့ပဲ ချက်ချင်း မြင်စီးထွက်ခွာလာခဲ့သည်။
ကျန်ရွယ်မို ချင်ချိုင်ဟီစကားတွေကိုကြားပြီး မျက်နှာ ရှုံ့မဲ့သွားကာ နှာမှုတ်လိုက်၏။
"အသင်္ချေဓားဂိုဏ်းအမျိုးသမီးတပည့်ကလည်း မကောင်းပါလား...."
"နှစ်ယောက်လုံးက ပြုစားဆေးလုံးစားထားသလိုပဲ ဂျန်ဖန်းမျက်နှာရဖို့ ကူညီနေကြတယ်...."
"ဒီတောင်မှာ ကြာပန်းနက်အဖွဲ့သာရှိရင်, ငါ့ဘာသာကိုင်...."
သူမပြောလို့မပြီးခင်မှာပဲ...
ရုတ်တရက် တုန်ယင်သွားပြီး သူမမျက်ခွံ့တွေ အပြင်းအထန်ကျုံ့သွား၏။
သူမရှေ့တောင်လမ်း၌...
တင်းကြပ်သည့်သားရေဝတ်စုံကိုဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ယောက်, သွေးစိုဆွဲနေသည့် လူငယ်တစ်ယောက်ကို ဆွဲကာ ပြေးလာနေခဲ့သည်။ သူမမျက်နှာ၌ သတ်ဖြတ်လိုစိတ်တွေ အပြည့်ပင်။
ကျန်းရွယ်မို လူငယ်ကို မသိပေ။
သို့ပေမယ့် အမျိုးသမီးပုံတူကိုတော့ အကြိမ်များစွာတွေ့ဖူး၏။
ထိုအရာက ကြာပန်းနက်ဓားပြအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး, စိတ်ဝိညာဥ်သားရဲဂိုဏ်းနှင့် မြင့်မြတ်ဂိုဏ်း အလိုရှိနေသည့်လူလည်းဖြစ်သည်။
ကြာပန်းနက်...
သူမ ပင့်သက်ရှိုက်လိုက်၏။
အလျှင်အမြန်ပဲ ဓားရှည်ကိုဆွဲထုတ်ကာ ကြောက်စရာကောင်းသည့် ကြာပန်းနက်ကို ရင်ဆိုင်ဖို့ အော်ဟစ်လိုက်၏။
"ကြာပန်းနက်, မင်းဘယ်လိုလုပ်ရဲတာလဲ..."
"နင်က စိတ်ဝိညာဥ်သားရဲဂိုဏ်းပစ္စည်းကိုတောင် လုရဲတယ်ပေါ့...."
သို့ပေမယ့် ကြာပန်းနက် သူမကို လုံးဝလျစ်လျူရှုထားခဲ့သည်။
သူမ မဝေးသည့်နေရာမှ ဂျန်ဖန်းတို့လှည်းကိုမြင်သည့်အခါ ပြင်းထန်သည့်သတ်ဖြတ်လိုစိတ်တွေ ထွက်ပေါ်လာခဲ့သည်။
သူမက လုရှင်းဟီကို ကျန်ရွယ်မိုဆီ အပြင်းအထန်လွင့်ပစ်လိုက်၏။
ထို့နောက် အလျှင်အမြန်ပဲ ဂျန်ဖန်းတို့နောက်ကို လိုက်တော့၏။
ကျန်ရွယ်မို အလျှင်အမြန်ပဲ လွင့်ပျံလာသည့် လုရှင်းဟီကို ဖမ်းလိုက်ပေမယ့် သူမမခံနိုင်သည့် ကြီးမားသည့်အားတစ်ခုကို ခံစားလိုက်ရသည်။
သူမ မြေပြင်ပေါ်သို့ ခြေကားယားလက်ကားယား ပြုတ်ကျသွားသည်။
မျက်နှာ၌ ကြောက်ရွံ့မှုတွေ ပြသလာ၏။
"အမြုတေဖွဲ့စည်းခြင်းအဆင့်..."
"ကြာပန်းနက်... အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ပြီးပြီ...."
လောကကြီးက ကြာပန်းနက်ကို အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ဟု သိထားကြ၏။
သို့ပေမယ့် လက်တွေ့မှာတော့, သူမက အခြေခံတည်ဆောက်ခြင်းအဆင့် အတားအဆီးကို အချိန်တော်ကြာကတည်းက ချိုးဖြတ်ပြီးနေပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေခဲ့၏။
ယခုမှသာလျှင် ဒေါသကြောင့် ကျင့်ကြံရေးကို ထုတ်ပြလိုက်တာဖြစ်သည်။
ဂျန်ဖန်းလည်း အလျှင်အမြန်ချည်းကပ်လာသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်၏။
သူက ချက်ချင်းပဲ မြင်းပေါ်မှ ခုန်ဆင်းကာ ဓားကိုင်ပြီး နောက်ကို ကြည့်လိုက်သည်။
ကြာပန်းနက် သူ့ဆီသတ်ဖြတ်လိုစိတ်ဖြင့် ပြေးလာနေတာကို မြင်လိုက်၏။
"ငါ့ညီကိုတွေကို ဘယ်သူသတ်တာလဲ..."
"အဲ့ကောင်ကို ထွက်လာခိုင်းလိုက်...."
"ပုန်းနေအုန်းမယ်ဆိုရင် နင်တို့သုံးယောက်လုံးကို ငါသတ်မယ်..."
ဆင်ခြင်တုံတရားပျောက်ဆုံးပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်နသေည့် ကြာပန်းနက်ကို မြင်သည့်အခါ ချင်ချိုင်ဟီနဲ့ ချူရှင်းမန်တို့ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။
သူမ ဒီလောက်အမြန်ကြီး လိုက်မှီလာသည်လား?...
ထို့ပြင် အမြုတေဖွဲ့စည်းခြင်းအဆင့် ဖြစ်၏။
ကြာပန်းနက်မျက်လုံးတွေ ဂျန်ဖန်းနှင့် အမျိုးသမီးနှစ်ယောက်ကို ဖြတ်ကျော်ပြီး တင်းကြပ်စွာဖုံးအုပ်ထားသည့် လှည်းသုံးစီးပေါ်ကျရောက်သွား၏။
သူမ အော်ပြောလိုက်၏။
"ငါ့လူတွေကိုသတ်သွားတဲ့ကောင် ထွက်လာခဲ့, ကိုယ်ကိုယ်ကိုပြဖို့ကြောက်နေတာလား..."
ဂျန်ဖန်း သူ့ဓားကို လှပစွာ လွဲယမ်းပြီး ထူးမခြားနားစွာ ပြောလိုက်သည်။
"ဖြစ်နိုင်တာ..."
"မင်းညီကိုတွေအားလုံးကို ငါသတ်လိုက်တာလေ..."