← Chapters

ရန်သူကိုလျော့တွက်တာ သေစေနိုင်တဲ့အားနည်းချက်ပဲ

Vol. 16 Ch. 234

ရန်သူကိုလျော့တွက်တာ သေစေနိုင်တဲ့အားနည်းချက်ပဲ

Vol. 16 Ch. 234

အဝေးမှ ကျန်ရွယ်မို ထိုစကားတွေကိုကြားသည့်အခါ အံ့အားသင့်စွာပြောလိုက်သည်။

""သူရူးနေလား..."

"ငါတို့ရှေ့မှာကြွားတာ ထားလိုက်ပါအုန်း။ ကြာပန်းနက်ရှေ့မှာ ဘယ်လိုတောင်ကြွားရဲရတာလဲ..."

"ကြာပန်းနက်က ထိန်းမရသိမ်းမရဖြစ်နေတာ သူမမြင်ဘူးလား..."

အမျိုးသမီးတပည့်များစွာလည်း အလွန်စိုးရိမ်သွားကြ၏။

"စီနီယာအမကျန်း, ငါတို့ဘာလုပ်သင့်လဲ..."

"သူမ ဂျန်ဖန်းကို သတ်မှာ ဒီတိုင်းပဲ ကြည့်နေတော့မှာလား....."

"ငါတို့သူ့ကိုကယ်ဖို့မကြိုးစားခဲ့ဘူးဆိုတာ ဆရာသာသိသွားရင် သေချာပေါက် ခွင့်လွတ်မှာမဟုတ်ဘူး....."

ကျန်းရွယ်မို ဒေါသထွက်သွား၏။

သူမက မြေပြင်ကို ပြင်းထန်စွာ ရိုက်လိုက်၏။

"သွားစို့, ကြာပန်းနက်ကိုတားရမယ်...."

ထိုဂျူနီယာညီမပြောသည့်အတိုင်းပင်။

သူမတို့ဆရာက ဂျန်ဖန်းကို အတော်လေးတန်ဖိုးထား၏။ ကြာပန်းနက်လက်ထဲ ဂျန်ဖန်းသေတာကို သူမတို့ ဒီတိုင်းကြည့်နေလျှင် သူမတို့ကိုအပစ်ပေးမှာအသေအချာပင်။

ထို့နောက် ထရပ်လိုက်ပြီး ခက်ထန်စွာပြောလိုက်သည်။

"ဂျူနီယာညီမတစ်ယောက်သာ နင့်ကိုကယ်ရင်းသေသွားလို့ကတော့...."

"ငါ.. ငါ နင့်ကို ခွင့်မလွတ်ဘူး...."

တစ်ချိန်တည်းမှာပဲ....

ကြာပန်းနက်လည်း ဂျန်ဖန်းစကားကြောင့် အံ့အားသင့်သွား၏။

သူမမျက်လုံးတွေက သတ်ဖြတ်လိုစိတ်တွေဖြင့် ပြည့်နက်နေပြီး ရက်စက်စွာစိုက်ကြည့်လိုက်သည်။

"နင်ကလေ?..."

"လမ်းဖယ်, အဲ့လူကိုထွက်လာခိုင်းလိုက်...."

အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ဖြစ်သည့် ချင်ချိုင်ဟီ၊ ချူရှင်းမန်တို့ဆိုလျှင်တောင် သူမယုံလိမ့်မည်ဖြစ်သည်။

သူမညီကိုများစွာကို စိတ်ဝိညာဥ်အမြစ်မရှိသည့်လူတစ်ယောက်သတ်သွားတယ်လို့ မယုံပေ။

ဂျန်ဖန်း အသက်ပြင်းပြင်းရူပြီး ပြောလိုက်သည်။

"စီနီယာအမချင်, ဂျူနီယာညီမချူ...."

"နောက်ဆုတ်နေ...."

နှစ်ယောက်လုံးက အမြုတေဖွဲ့စည်းခြင်းအဆင့်တွေဖြစ်သော်လည်း ကြာပန်းနက်က ဟွာရှန်းချန်ထက်များစွာပိုသန်မာ၏။

သူမကိုသတ်ဖို့, သူက ခွန်အားကုန်အသုံးပြုရမှာပဲဖြစ်သည်။

တိုက်ပွဲစသည်နှင့် ပတ်ဝန်းကျင်အခြေအနေတွေကို ဂရုစိုက်နိုင်တော့မည်မဟုတ်ပေ။

ချင်ချိုင်ဟီ တွန့်ဆုတ်နေပြီး အနည်းငယ်အံ့ကြိတ်လိုက်၏။

"ငါနင့်ကိုကူညီမယ်..."

အဆုံးမှာတော့, ဂျန်ဖန်းသေသွားလျှင် ကြာပန်းနက်က သူမတို့ကိုလည်း လွတ်ပေးမည်မဟုတ်ပေ။

ဂျန်ဖန်းကိုကူညီပေးတာက ပိုကောင်း၏။ ထိုအခါ အသက်ရှင်ဖို့ အခွင့်အရေးသေးသေးလေးရှိသေး၏။

ချူရှင်းမန်လည်း ကြာပန်းနက်ခွန်အားကိုမြင်ပြီး ဟွာရှန်ချန်အထက်မှာဆိုတာ သိလိုက်၏။

ဂျန်ဖန်း ဟွာရှန်ချန်ကို အနိုင်ယူချိန်က အကွက်ရေ နှစ်ရာလောက်တိုက်ခိုက်ခဲ့ရပြီး မလွယ်ကူခဲ့ပေ။

ယခု ကြာပန်းနက်နှင့်ရင်ဆိုင်ရာ၌ သူ၌ ဘယ်လောက်အခွင့်အရေးရှိမည်နည်း။

သူမက ချက်ချင်းပဲ သူမ၏ နူးညံ့သည့်နှင်းဖြူရောင်ဓားကိုဆွဲထုတ်ကာ ဂျန်ဖန်းဘေးမှာ မတ်တပ်ရပ်လိုက်၏။

ထို့ပြင် ပုန်းကွယ်နေသည့်လူထွက်အလာစောင့်နေသည့်ကြာပန်းနက် တုံ့ပြန်သံမရသည့်အခါ နောက်ဆုံး စိတ်မရှည်တော့ပေ။

သူမမျက်လုံးတွေက သတ်ဖြတ်လိုစိတ်တွေအပြည့်ပင်။

"ကောင်းပြီ, နင်ထွက်မလာဘူးပေါ့...."

"ဒါဆိုလည်း ငါအရင်ဆုံးတစ်ယောက်သတ်မယ်...."

"နင်ထွက်လာမလားကြည့်ကြတာပေါ့....."

သာမန်အကြည့်တစ်ချက်ဖြင့်, သူမက အလယ်မှာရပ်နေသည့်ဂျန်ဖန်းကိုကြည့်ကာ ခက်ထန်စွာပြောလိုက်သည်။

"နင်က ကြွားရတာကြိုက်တယ်မလား? ဒါဆို နင့်ကိုပဲရွေးလိုက်မယ်...."

ရွစ်ခနဲအသံတစ်ခုနှင့်အတူ....

မှင်ကဲ့သို့မဲနက်နေသည့်ဓားကောက်တစ်ချောင်း သူမလက်ထဲမှာပေါ်လာခဲ့သည်။ ၎င်းက အလွန်အမင်းထက်ရှလှ၏။

သူမက ခြေဖျားကိုအသာထိပြီး ဂျန်ဖန်းဆီခုန်ဝင်သွားခဲ့သည်။

ကျန်ရွယ်မို အဖွဲ့ကိုဦးဆောင်လာပြီး လက်တစ်ဝက်သာရောက်သေး၏။

ကြာပန်းနက် ဂျန်ဖန်းကိုတိုက်ခိုက်တာအား အဝေးမှ မြင်သည့်အခါ သူမမျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး လှမ်းအော်လိုက်၏။

"ရပ်လိုက်...."

ကြာပန်းနက် သူမကို လုံးဝလျစ်လျူရှုထားပြီး လက်ထဲရှိ အနက်ရောင်ဓားကောက်ဖြင့် ဂျန်ဖန်းလည်ပင်းကို ခုတ်ပိုင်းချလိုက်၏။

ထိုမြင်ကွင်းက ကျန်ရွယ်မိုနှင့် အမျိုးသမီးတပည့်တွေ၏မျက်ခွံ့တွေကို အကြီးအကျယ်ကျုံ့ဝင်သွားစေ၏။

စိတ်ထဲ၌ "သွားပြီ" ဟု တိတ်တဆိတ်တွေးလိုက်၏။

ဂုန်ချိုင်ယီ ဒေါသကိုရင်ဆိုင်ရတော့မည်ပင်။

သို့ပေမယ့်...

သူမတို့ကို ချက်ချင်းကြောင်အသွားစေတာက...

ဂျန်ဖန်း ထူးခြားသည့်အရည်အချင်းပင်။

အနက်ရောင်အလင်းတန်းကဲ့သို့သော ထိုဓားက သူမတို့စိတ်ကူးထားသလို ဂျန်ဖန်းလည်ပင်းကို ဖြတ်မသွားခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့်...

ဂျန်ဖန်း အနက်ရောင်ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အသာအယာခုခံလိုက်၏။

သတ္ထုနှစ်ခုတိုက်သံက ပဲ့ထင်ထပ်သွား၏။

ကြာပန်းနက် ချက်ချင်းပဲ အံ့အားသင့်သည့်အမူအရာ ပြသလာ၏။

သူမ ဒေါသထွက်နေသော်လည်း ခွန်အားကို ထိန်းချုပ်နိုင်နေတုန်းပင်။

တိုက်ခိုက်မှုက ခွန်အားကုန်သုံးမထားသော်လည်း စိတ်ဝိညာဥ်အမြစ်မရှိသည့်သာမန်တပည့်ခုခံနိုင်မည့်အရာမဟုတ်ပေ။

မနေနိုင်ပဲ ဒေါသထွက်သွား၏။

သူမက သူမစွမ်းအားကိုထူထောင်ဖို့ သတ်ချင်တာဖြစ်သည်။ သို့ပေမယ့် ယခုတော့ စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်ကိုတောင် မသတ်နိုင်ပေ။

အတော်ရယ်စရာကောင်း၏။

"နင် အကွက်ဘယ်လောက်များများခုခံနိုင်မလဲကြည့်ကြတာပေါ့...."

ရှေ့ကိုကိုင်းညွှန်လိုက်ပြီး ဓားကောက်ထိပ်ဖြင့် ဂျန်ဖန်းမျက်နှာကို ရက်စက်စွာထိုးချလိုက်၏။

ဂျန်ဖန်း မယုံနိုင်လောက်အောင် တည်ငြိမ်နေတုန်းပင်။

သူက ခေါင်းငုံ့ရှောင်လိုက်၏။ ထို့နောက် သူ၏အနက်ရောင်ဓားကိုစောင်းကာ သူမမေ့စေ့ကို ထိုးချလိုက်ပြီး ကြာပန်းနက်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးလိုက်၏။

ကျန်ရွယ်မို အသိပြန်ဝင်လာပြီး ချက်ချင်း စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"မြန်မြန်, ဒီကိုလာခဲ့..."

"ဂျန်ဖန်း အကွက်ရေအများကြီးခုခံနိုင်မှာ မဟုတ်ဘူး...."

ဂျန်ဖန်း ကြာပန်းနက်နှင့် နှစ်ကွက်၊ သုံးကွက်ယှဥ်ပြိုင်နိုင်မယ်လို့ သူမလုံးဝမမျှော်လင့်ထားခဲ့ပေ။

သူသာ အနည်းငယ်ပိုကြာကြာထိန်းထားနိုင်လျှင် သူမတို့သူ့ကို အချိန်မှီကယ်နိုင်ပြီပဲဖြစ်သည်။

ကြာပန်းနက် အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။

အစောပိုင်ဖလှယ်မှု၌ မည်သည့်ထူးခြားသည့်လှုပ်ရှားမှုမှ မပါခဲ့သော်လည်း ဂျန်ဖန်း၏စစ်မှန်သောတိုက်ပွဲတုံ့ပြန်စွမ်းကို ပြသနေခဲ့သည်။

ဂျန်ဖန်း၏ ရိုးစင်းသည့်ခေါင်းငုံ့မှုနှင့် ဓားပင့်ထိုးလိုက်တာက....

တိုက်ပွဲအတွေ့အကြုံမကြွယ်ဝပဲ ပြုလုပ်ဖို့မဖြစ်နိုင်ပေ။

ယခု, ကြာပန်းနက် အလေးအနက်ဖြစ်လာပြီး ဂျန်ဖန်းကို အပေါ်အောက်ကြည့်လိုက်သည်။

"မင်းက အရည်အချင်းနည်းနည်းရှိသားပဲ..."

"ဒါပေမယ့် ဒါက အဆုံးသတ်ပြီ..."

သူမက အနက်ရောင်ဓားကောက်ကို ကိုင်ပြီး စိတ်ဝိညာဥ်စွမ်းအင်ကို ရုတ်တရက် မြှင့်တင်လိုက်၏။

သို့ပေမယ့် သူမနည်းစနစ်ကိုမလုပ်ဆောင်နိုင်ခင်မှာပဲ....

ဂျန်ဖန်း လက်ဦးမှုယူလိုက်၏။

"အလင်းခွဲဓား..."

ပြိုင်ဘက်က သူ့ကို လျော့တွက်ထားမှတော့, ဂျန်ဖန်း အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။

သူက ခွန်အားပြည့်ထုတ်သုံးလိုက်၏။

ထိုအရာက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ မည်သူ့ကိုမဆို သတ်ပစ်နိုင်၏။

ထိုဓား၏စွမ်းအားကိုခံစားမိပြီး ကြာပန်းနက်အမူအရာ အကြီးအကျယ်ပြောင်းလဲသွား၏။

ထိုအခါမှသာ သူမက သေစေနိုင်လောက်သည့်အမှားလုပ်မိပြီဆိုတာ နားလည်သွား၏။

သေစမ်း, လုရှင်းဟီပြောတော့ ဒီတိမ်စိမ်းဂိုဏ်းတပည့်က စိတ်ဝိညာဥ်အမြစ်မရှိတဲ့အမှိုက်ကောင်ဆို?....

နောက်ထပ်တွေးဖို့အချိန်မရှိတော့ပဲ, အလျှင်အမြန် ဓားမြှောက်ကာ ခုခံလိုက်၏။

ထန်!

သတ္ထုထိတွေ့သံက ဓားကွက်၏ ကျယ်လောင်သည့်ဟိန်းဟောက်သံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

အကျိုးသက်ရောက်မှုကြောင့်, ကြာပန်းနက် နောက်ကို ခြေနှစ်လှမ်း ဆုတ်သွားရ၏။

ဂျန်ဖန်းဓားချက်ပြီးဆုံးသွားသည့်နောက် သူမက တိုက်ခိုက်ဖို့တွေးလိုက်သေး၏။

မည်သူသိမည်နည်း။ ဂျန်ဖန်းလုံးဝ ရပ်မသွားပေ။

နောက်ထပ် တိုက်ခိုက်မှုတစ်ခုက နီးကပ်စွာလိုက်ပါလာခဲ့သည်။

"ပင်လယ်ထက်ကနေမင်း..."

ထို့နောက် တတိယဓားချက် ကျရောက်လာခဲ့သည်။

"ကောင်းကင်နဲ့ မြေကြီး ကြယ်ကြွေခြင်း...."

အားကောင်းသည့်ဓားချက်တွေ တစ်ခုပြီးတစ်ခုကျရောက်လာသည့်အတွက် ကြာပန်းနက်လက်တွေတုန်ရင်လာပြီး ဓားကောက်ကို ကိုင်မထားနိုင်လုနီးပါးပင်။

သို့ပေမယ့်ကြာပန်းနက်ဓားပြအဖွဲ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူမက လွယ်ကူသည့်ပြိုင်ဘက်တစ်ယောက်မဟုတ်ပေ။

သူမအရေးနိမ့်တော့မည်ကိုမြင်သည့်အခါ ပါးစပ်ထဲရှိသူမလျှာကိုလှုပ်ရှားလိုက်၏။ ထို့နောက် လျှာအောက်မှာဝှက်ထားသည့် သံလုံးတစ်ခုကို ဂျန်ဖန်းမျက်နှာဆီသို့ ပစ်လိုက်၏။

လက်နက်ပုန်းက အချက်မပေးပဲ ရောက်လာခြင်းပင်။

၎င်းက အလွန်မြန်ဆန်လှ၏။

ဂျန်ဖန်းသတိထားမိသည့်အခါ သံလုံးက သူနှင့်အလွန်နီးကပ်နေပြီဖြစ်သည်။

ရှောင်လို့မရတော့ပေ။

ထိုအရေးကြီးအခိုက်အတန့်၌...

သူက ပြတ်ပြတ်သားသား လက်ညိုးဆန့်ထုတ်လိုက်၏။

"အရှေ့ရပ်မှ ခရမ်းရောင်စွမ်းအင်...."

သူ့လက်ချောင်းနှစ်ခုကြား၌ အားကောင်းသည့် ခရမ်းရောင်စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာ၏။

ထိုအရာက ချက်ချင်းပဲ သံလုံးကို ထိုးဖောက်သွားခဲ့သည်။

ဘန်း!

သံလုံး ချက်ချင်းပေါက်ကွဲသွားပြီး မရေမတွက်နိုင်သည့် သံဆူးသေးသေးလေးတွေအဖြစ် ပြန့်ကျဲသွား၏။

၎င်းသာ လူတစ်ယောက်နားမှာပေါက်ကွဲသွားလျှင် ထိုဆူးတွေက အသားထဲစိုက်ဝင်ပြီး မချိမဆံ့နာကျင်မှုကို ခံစားရမှာပဲဖြစ်သည်။

ထို့နောက် ခရမ်းရောင်အလင်းတန်းက ရပ်တန့်မသွားသေးပဲ ကြာပန်းနက် ပခုံးကို ထိမှန်သွား၏။

ကြီးမားသည့်စွမ်းအားက ကြာပန်းနက်ကို ထိတ်လန့်သွားစေ၏။

ထိုအခိုက်အတန့်၌....

သူမရှာနေသည့် ကျွမ်းကျင်သူက သူမရှေ့ရှိဂျန်ဖန်းဆိုတာ မသိပဲဘယ်လိုလုပ်နေမည်နည်း။

ဝမ်းသာစရာမှာ သူမ နောက်ဆုံး၌ လူသတ်သမားကိုရှာတွေ့ပြီဖြစ်သည်။

စိုးရိမ်စရာက သူမညီအကိုတွေအတွက် လက်စားမချေနိုင်သေးခြင်းပင်။

ထို့ပြင် တိုက်ခိုက်မှုကို သူမရှောင်တိမ်းလိုက်ချိန်မှာပဲ....

ဂျန်ဖန်း နောက်တစ်ကြိမ် ချဥ်းကပ်လာ၏။

ကြာပန်းနက် ဒေါသထွက်လာ၏။

"တော်လောက်ပြီ၊ နင်က ငါ့ကို ဖိနှိပ်ချင်တယ်ပေါ့..."

ဂုဏ်သရေရှိ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတစ်ယောက်ကို မခြေခံတည်ဆောက်ခြင်းအဆင့် ၇ က ဖိနှိပ်နေခဲ့သည်။

တစ်ခုတည်းသော ကွာဟချက်ကို အခွင့်ကောင်းယူပြီး ပြတ်ပြတ်သားသားပြန်လည်တိုက်ခိုက်လိုက်၏။

"ပင်လယ်ထဲကငါးမန်းနက်...."

"ကောင်းကင်နှင့် မြေကြီးကြယ်ကြွေခြင်း...."

တစ်ခုက သိမ်မွေ့အဆင့်မြင့်နည်းစနစ်ဖြစ်ပြီး အခြားတစ်ခုက မြေကမ္ဘာအဆင့်ဖြစ်၏။

ထိပ်တိုက်တွေ့ဆုံမှု၌ လုံးဝကို လက်ရည်တူနေခဲ့သည်။

ကြာပန်းနက်တုန်လှုပ်သွား၏။

သူမသိုင်းကွက်ထုတ်သုံးတာတောင် အနိုင်မရသေးပေ။

သို့ပေမယ့် ဓားပြတစ်ယောက်အနေဖြင့်, သူမ၏အထူးကျွမ်းကျင်မှုမှာ သတ်ဖြတ်ခြင်းစွမ်းရည်ဖြစ်ပြီး နည်းစနစ်တွေက တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။

သူတို့တိုက်ခိုက်မှုအလယ်မှာပဲ...

သူမက ခြေထောက်မြှောက်ကာ ဂျန်ဖန်းပေါင်ကို ပြင်းထန်စွာကန်လိုက်၏။

ထိုအခါ သူမဘွတ်ဖိနပ်ထိပ်၌ တစ်လက်မလောက်ရှိသည့်သံမဏိအပ်တစ်ချောင်းပေါ်လာ၏။

၎င်းက ခရမ်းနက်ရောင်ဖြစ်ပြီး အဆိပ်ပြင်းတစ်မျိုးသုတ်လိမ်းထားတာ သိသာလှ၏။

All Chapters