ကျန်ရွယ်မို၏တုန်လှုပ်မှု
Vol. 16 Ch. 235
ဂျန်ဖန်းမျက်လုံးတွေအေးစက်သွား၏။
လက်နက်ပုန်းတွေ ထပ်ခါတလဲလဲသုံးနေသည်လား?....
သူက နောက်ထပ်ထိန်းမထားနိုင်တော့ပေ။
ချက်ချင်းပဲ အသံနိမ့်နိမ့်အော်လိုက်ပြီး သွေးနှင့်ချီစွမ်းအင်တွေ လိမ့်တက်လာခဲ့သည်။ ထိုအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အနီရောင်ပြောင်းသွားပြီး များပြားသည့်အဖြူရောင်မီးခိုးတွေထွက်ပေါ်လာခဲ့သည်။
သူက ပေါင်းထားသည့်ဂဏန်းတစ်ကောင်လိုပင်။
ချက်ချင်းပဲ တစ်ဖက်လူ၏လက်နက်ပုန်းက တိုက်ခိုက်လာခဲ့သည့်အခါ နောက်ဆုတ်ရမည့်အစား နှစ်ယောက်ကြားအကွာအဝေးကို နီးကပ်လိုက်၏။
ထို့နောက် သူ့ခြေထောက်ကို ကားလိုက်ပြီး ကြာပန်းက်၏ကန်ချက်ကို လွဲသွားစေခဲ့သည်။
ကြာပန်းနက် အေးစက်စက်ရယ်လိုက်၏။
သူမခြေထောက်ကို အပေါ်ကိုပင့်ကန်လိုက်ပြီး ဂျန်ဖန်း၏သေစေနိုင်သည့်နေရာကို ဦးတည်လိုက်၏။
၎င်းသာထိမှန်သွားလျှင် ဂျန်ဖန်းသေမှာ သံသယရှိစရာမလိုပေ။
သို့ပေမယ့် မည်သူသိမည်နည်း။
ဂျန်ဖန်းခြေထောက်တွေ အလင်းကဲ့သို့မြန်လာပြီး တင်းကြပ်စွာညှပ်ချလိုက်၏။
ခရက်!
ကြာပန်းနက် သူမခြေချင်းဝတ် ကျွဲရိုင်းနှစ်ကောင်ကြား ကျိတ်ခြေခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
ပြိုင်ဘက်ကင်းခွန်အားက သူမခြေထောက်ကို ချက်ချင်းပဲ ကျိုးကျေသွားစေခဲ့သည်။
"အား.... ဟစ်...."
သူမ နာကျင်စွာအော်ဟစ်လိုက်ရ၏။
သို့ပေမယ့် အလျှင်အမြန်ပဲ နောက်ဆုတ်လိုက်ပြီး ဓားကောက်ကို ဂျန်ဖန်းလည်ပင်းဆီိသို့လွဲယမ်းလိုက်၏။
ဂျန်ဖန်း သူမခြေထောက်ကို ပြတ်ပြတ်သားသားလွတ်ပေးလိုက်ပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
ကြာပန်းနက် သူမ၏ကျိုးကျေနေသည့် ညာခြေထောက်ကိုကြည့်ပြီး အံ့သြတကြီးပြောလိုက်သည်။
"နင်က ခန္ဓာကိုယ်နဲ့ကျင့်ကြံရေးနှစ်မွာကျင့်ကြံသူပဲ...."
သူ၌ အစွမ်းထက်ကျင့်ကြံရေးနည်းစနစ်တွေရှိရုံသာမက ရုပ်ခန္ဓာကလည်း အံ့သြစရာကောင်းလှ၏။
"ဘာလို့မေးခွန်းတွေအများကြီးမေးနေတာလဲ..."
ဂျန်ဖန်း စကားတွေနှင့် အချိန်မဖြုန်းနေတော့ပေ။
ပြတ်ပြတ်သားသားပဲ သူ့ဓားကို ခုတ်ပိုင်းလိုက်၏။
ဤကဲ့သို့ သတ်ဖြတ်လိုစိတ်ပြင်းထန်သည့်အမြုတေဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူကို ရင်ဆိုင်ရာ၌ အသက်ရူချိန် အနည်းငယ်လေးပေးလိုက်ခြင်းသည် သူ့ကိုယ်ပိုင်သေခြင်းတရားကို ဆိုလိုနေ၏။
ကြာပန်းနက်မျက်နှာ ကြမ်းကြုတ်လာ၏။
"ကောင်းတယ်, ကောင်းတယ်, ငါ့ကိုဒီအခြေအနေထိတွန်းအားပေးနိုင်တယ်။ နင် နောင်တမရှိပဲ သေလို့ရပြီ..."
သူမက သူမ၏အနက်ရောင်ဓားကောက်ကို လွတ်ချလိုက်ပြီး ထော့ကျိုးဖြစ်နေသည့်ခြေထောက်နှင့်မတ်တပ်ရပ်ကာ ဂျန်ဖန်းတိုက်ခိုက်တာကို ရင်ဆိုင်လိုက်၏။
ထို့နောက် လက်ဝါးကိုမြောက်ပြီး ရက်စက်သည့်အသွင်အပြင်ဖြင့် အဝေးမှနေ၍ ဂျန်ဖန်းဆီသို့ ပြင်းထန်စွာရိုက်ချလိုက်၏။
"သစ္ဆေငါးမန်းလက်ဝါး...."
သူမတိုက်ခိုက်လိုက်သည့်ချက်ချင်းမှာပဲ....
မှင်ကဲ့သို့နက်မှောင်သည့် လက်ဝါးရာနှစ်ခုက ဂျန်ဖန်းဆီကို ပြေးဝင်သွား၏။
အလျှင်အမြန်ပြေးလာနေသည့် ကျန်ရွယ်မို ထိုတိုက်ကွက်ကိုမြင်သည့်အခါ မျက်ခွံ့တွေ ကျုံ့သွား၏။
သူမက အလျှင်အမြန်အော်ပြောလိုက်၏။
"ဂျန်ဖန်း, မြန်မြန်ရှောင်...."
"ဒါက မြေကမ္ဘာအဆင့် လက်ဝါးသိုင်းပဲ...."
သူမနှလုံးသားခုန်ပေါက်နေ၏။
မည်သူထင်ထားမည်နည်း။ ကြာပန်းနက်က ကျင့်ကြံရေးကို ဖုံးကွယ်ထားရုံသာမက သေစေနိုင်လောက်သည့်ဝှက်ဖဲတစ်ခုလည်း ရှိနေခဲ့သည်။
မြေကမ္ဘာအဆင့်လက်ဝါးသိုင်း....
အနက်ရောင်ဓားကောက်နှင့် ဓားသိုင်းက အခြားလူတွေကို လှည့်စားရုံသက်သက်သာဖြစ်ပြီး သူမကျွမ်းကျင်မှုက ဓားမော့လို့ ရန်သူအထင်မှားသွားစေဖို့ပင်။
ထို့ပြင် သူမ၏အစစ်အမှန်သတ်ဖြတ်ကွက်ကို လျစ်လျူရှုစေရန်ဖြစ်သည်။
သို့ပေမယ့် အသိပေးတာက နောက်ကျလွန်းသွားပြီဖြစ်သည်။
အနက်ရောင်လက်ဝါးနှစ်ခုက ချက်ချင်းတိုက်ခိုက်လိုက်၏။
ကြာပန်းနက်၏ ရက်စက်သည့်မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာခဲ့သည်။
သူမက ဂျန်ဖန်းရင်ဘတ်ပေါက်ထွက်သွားမည့်မြင်ကွင်းကို ကြိုမြင်နေသလိုပင်။
သို့ပေမယ့်....
သူမမျက်နှာ တောင့်တင်းသွားစေတာက....
ဂျန်ဖန်းလည်း သူ့ဓားရှည်ကိုချလိုက်ပြီး လက်ဝါးအလျှင်အမြန် မြှောက်လိုက်သည်။
ထို့နောက် ရွတ်နောက်နောက်အသံဖြင့် ပြောလိုက်သည်။
"တိုက်ဆိုင်သားပဲ..."
"ငါလည်း လက်ဝါးနည်းစနစ် တတ်ထားတယ်...."
ပြောပြီးသည်နှင့်...
မကြာသေးခင်က သူကျွမ်းကျင်ထားသည့် "ဦးတည်ရာမဲ့နဂါးလက်ဝါး" သိုင်း၏ နောက်ဆုံးထွက်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
"နဂါးဖျက်စီးခြင်း...."
သူက လက်ဝါးနှစ်ခုဖြင့် ရိုက်ချလိုက်၏။
နားစည်းတွေနာကျင်လောက်သည့် နဂါးဟိန်းသံသည် သူ့လက်ဝါးမှ ထွက်ပေါ်လာခဲ့သည်။
ဦးတည်ရာမဲ့နဂါးနဂါးတစ်ကောင်ကဲ့သို့ အလွန်ပြင်းထန်သည့်လက်ဝါးအားက ဟိန်းဟောက်ကာ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပဲ...
သူ့ဆီလာနေသည့် အနက်ရောင်လက်ဝါးနှစ်ခု ကြေမွသွား၏။
ထို့နောက် နဂါးစွမ်းအားက ပျောက်ကွယ်မသွားသေးပဲ ကြာပန်းနက်ရင်ဘတ်ကို ပြင်းထန်စွာထိမှန်သွားခဲ့သည်။
ကြာပန်းနက်ရင်ဘတ် တုန်ရင်သွား၏။
ကျောရှိအဝတ်အစားတွေလည်း ဖြိကနဲအသံတစ်ခုနှင့် စုတ်ဖြဲသွားခဲ့သည်။
သူမက မှိန်မောစွာ မတ်တပ်ရပ်နေပြီး ပါးစပ်မှ တောက်ပသည့်အနီရောင်သွေးတွေ အဆက်မပြတ်စီးကျလာခဲ့သည်။
မျက်လုံးတွေ၌ မယုံကြည်နိုင်မှုတွေ အပြည့်ပင်။
ဤလက်ဝါးချက်က သူမရင်ဘတ်ကို ထုတ်ချင်းပေါက် ထိုးဖောက်သွားပြီး နှလုံးကို တိုက်ရိုက် ခြေမွပစ်လိုက်၏။
မရေမတွက်နိုင်သည့်သန်မာသည့်ရန်သူတွေကို သတ်ခဲ့သည့် သူမ၏ ဝှက်ဖဲက သူမရှေ့ရှိလူငယ်လေးရှေ့မှာတော့ အလုပ်မဖြစ်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့်, သူမသာ ရိုက်ချက်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။
"ဘယ်လို...လုပ် ဖြစ်နိုင်..မှာလဲ..."
ကြာပန်းနက်ခွန်အားရှုံးဆုံးသွားပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။
ဂျန်ဖန်း အနက်ရောင်ဓားကိုကောက်ယူပြီး ဖြည်းဖြည်ချင်း လျှောက်သွားလိုက်၏။
သူက ထူးမခြားနားစွာပြောလိုက်သည်။
"မကြာသေးခင်က လူတစ်ယောက်လည်း ဝှက်ဖဲဆိုပြီး လက်ဝါးနည်းစနစ်သုံးသွားသေးတယ်....."
"ကံမကောင်းစွာပဲ, သူ ငါ့ဆီမှာ ရှုံးသွားတယ်..."
"အို ဟုတ်သားပဲ, သူလည်း မင်းလို အမြုတေဖွဲ့စည်းခြင်းအဆင့်ပဲ..."
ဘာ?....
ကြာပန်းနက် တုန်လှုပ်သွား၏။
သူမရှေ့ရှိ ဤလူငယ်လေးက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူကို အရင်ကတည်းက အနိုင်ယူနိုင်ခဲ့သည်လား....
သူမ မယုံနိုင်ပေ။
နောက်ထပ်အခွင့်အရေးသာရှိလျှင် သူမ ဂျန်ဖန်းကိုသတ်နိုင်မယ်ဆိုတာ သေချာ၏။
ဂျန်ဖန်း ထိုလူ၏နာမည်ကို မပြောခင်ထိပင်။
"သူက မြင့်မြတ်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်ပဲ...."
"ဟွာရှန်ချန်လို့ခေါ်တယ်...."
ဟမ်?..
ကြာပန်းနက် ခက်ခက်ခဲခဲ ခေါင်းထောင်လိုက်ပြီး မျက်လုံးထဲမှာ တုန်လှုပ်မှုတွေ အပြည့်ပင်။
မြင့်မြတ်ဂိုဏ်း၏အသန်မာဆုံးအမျိုးသားတပည့်၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ဟွာရှန်ချန်....
မြင့်မြတ်ဂိုဏ်း၏ တပည့်ဟောင်းတစ်ဦးအနေဖြင့် ကြာပန်းနက် ဂိုဏ်းကို အမြဲအနီးကပ် စောင့်ကြည့်နေခဲ့သည်။
သူမ ဟွာရှန်ချန် အချက်အလက်တွေကို ကောင်းကောင်းသိ၏။
ထိုလူက လက်ရှိခေတ်၌ လူများကြားမှ နဂါးတစ်ကောင်ဖြစ်ပြီး စွမ်းရည်က မှန်းဆလို့မရအောင်ပင်။
ကြာပန်းနက် သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ဝန်ခံခဲ့၏။
သို့ပေမယ့် သူက တကယ်ပဲ သူမရှေ့ရှိ လူငယ်ကို ရှုံးနိမ့်ခဲ့၏။
သူမနှလုံးသားထဲရှိ မကျေနပ်ချက်တွေ ဒီရေကဲ့သို့ လျော့ကျသွားပြီး ခါးသီးစွာပြောလိုက်သည်။
"ဒီလိုဆို... ငါ... ရှုံးနိမ့်တာ နောင်တမရှိတော့ပါဘူး...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
"ဒါဆိုလည်း ငြိမ်းငြိမ်းညမ်းညမ်း အနားယူပါ...."
ဓားမြှောက်ပြီး ခုတ်ချလိုက်၏။
ခေါင်းတစ်လုံး လွင့်ပျံသွားပြီး ခုလေးတင်မှ တိုက်ပွဲကွင်းပြင်ကိုရောက်လာသည့် ကျန်းရွယ်မိုခြေထောက်နားကို လိမ့်သွားခဲ့သည်။
သူမက ကြာပန်းနက်ခေါင်းကို မှိန်မောစွာစိုက်ကြည့်နေခဲ့ည်။
ထိုအရာက အိမ်မက်တစ်ခုလိုပင်။
နာမည်ကျော်ကြာပန်းနက်ကို စိတ်ဝိညာဥ်အမြစ်မရှိသည့် ဂျန်ဖန်းက သတ်ပစ်လိုက်၏။
မျက်စိနှင့် တပ်အပ်မြင်တာသာမဟုတ်လျှင်....
သူမမိဘတွေပြောလျှင်တောင် ထိုကဲ့သိုရယ်စရာကိစ္စပြောသည့်အတွက် သူတို့ရူးနေသည်ဟု သူမထင်လိမ့်မည်ဖြစ်သည်။
အနက်ရောင်ဓားကိုအေးအေးဆေးဆေးသုတ်နေသည့် ဂျန်ဖန်းကိုကြည့်ပြီး...
ကျန်ရွယ်မို၏အစောပိုင်းမောက်မာမှုတွေအားလုံး ပျောက်ကွယ်သွားပြီပင်။
သူမက အနည်းငယ်ဆံထွေးမျိုးချလိုက်ပြီး ရှေ့ကိုသတိထားလျှောက်သွားလိုက်သည်။
ထို့နောက် လေးလေးစားစား နှုတ်ဆက်လိုက်၏။
"ဂျူနီယာမောင်လေးဂျန်...."
ဂျန်ဖန်း အံ့အားသင့်စွာမေးလိုက်သည်။
"စီနီယာအမကျန်း, နင်မသွားသေဘူးလား...."
"ဘာလို့ပြန်လာတာလဲ...."
ကျန်းရွယ်မိုနှင့် အခြားအမျိုးသမီးတပည့်တွေ ရုတ်တရက် ရှက်သွားကြ၏။
သူတို့ ဘာကြောင့်ပြန်လာကြသနည်း။
သေချာပေါက် ဂျန်ဖန်းကိုကယ်ဆယ်ဖို့ပင်။
သို့ပေမယ့် ဤလောက်ထိအစွမ်းထက်မယ်လို့ မည်သူထင်ထားမည်နည်း။
သူမတို့ရောက်သည့်အချိန်၌ သူက ကြာပန်းနက်ကို အသာအယာအနိုင်ယူပြီးနေပြီပင်။
ထိုအရာက သူတို့၏ကယ်ဆယ်မှုကို အဓိပ္ပာယ်မဲ့သွားစေ၏။
ကျန်ရွယ်မို ကို့ရို့ကားယားရယ်လိုက်၏။
"ကြည့်ရတာ ဂျူနီယာမောင်လေးအဆင်ပြေသားပဲ။ ငါစိတ်သာယာရသွားပြီ...."
ဂျန်ဖန်းခေါင်းညိတ်လိုက်၏။
သူက ဓားကိုသိမ်းပြီး ပြောလိုက်သည်။
"ခရီးဆက်ကြတာပေါ့...."
"ခဏနေပါအုန်း, ဂျူနီယာမောင်လေးဂျန်, မင်း ကြာပန်းနက်ခေါင်းကို ပြန်မယူသွားဘူးလား...."
ကျန်ရွယ်မို သတိပေးလိုက်သည်။
"သူမက စိတ်ဝိညာဥ်သားရဲဂိုဏ်းနဲ့, မြင့်မြတ်ဂိုဏ်းအလိုရှိနေတဲ့ လူပဲ....."
"ဆုကြေးအတော်တန်ဖိုးကြီးတယ်...."
အို?...
ဆုကြေးရှိသေးသည်လား?....
ဂျန်ဖန်း အံ့အားသင့်စွာမေးလိုက်သည်။
"စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ဆုကြေးကကော....."
ကျန်ရွယ်မို မနာလိုသည့်အမူအရာပြသလာပြီး ပြောလိုက်သည်။
"မြေကမ္ဘာဖီးနစ်မြက်ချင်ဆီ တစ်ပုလင်း...."
မြေကမ္ဘာဖီးနစ်မြက်ချင်ဆီ အသံကြားသည့်အခါ...
ချူရှန်မန် အံ့အားသင့်စွာပြောလိုက်၏။
"စိတ်ဝိညာဥ်သားရဲဂိုဏ်းက အရမ်းရက်ရောတာပဲ...."
"ငါတို့မြင့်မြတ်ဂိုဏ်းတောင် အလယ်အလတ်အဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး ၁၀ လုံးပဲ ပေးတာ...."
ချင်ချိုင်ဟီလည်း အံ့အားသင့်သွား၏။
"ငါကြားဖူးတာတော့ မြေကမ္ဘာဖီးနစ်မြက်ချင်ဆီက နင်တို့ဂိုဏ်းက ပါရမီရှင်တပည့်အနည်းငယ်ပဲ ရတဲ့အတော်ရှားပါးတဲ့ ဆုလဒ်ဆို..."
"ဆုကြေးအဖြစ်အမှန်တကယ်ပေးမှာလား..."
ကျန်းရွယ်မို အဝတ်အိတ်တစ်ခုထုတ်ပြီး ကြာပန်းနက်ခေါင်းကိုထည့်လိုက်သည်။
သူမက ဂျန်ဖန်းကိုပေးပြီး ပြောလိုက်သည်။
"ကြာပန်းနက်ကြောင့် အပျက်အစီးတွေ အရမ်းများခဲ့တယ်...."
"ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်များစွာလည်း သူမလက်ထဲမှာ ကျရှုံးခဲ့တယ်...."
"ဒါကြောင့် ဂိုဏ်းချုပ်ဒေါသထွက်သွားပြီး ဆုလဒ်ကို မြေကမ္ဘာဖီးနစ်မြက်ချင်ဆီအဖြစ် တိုးမြှင့်လိုက်တာ..."
"အဲ့လိုဆိုရင်တောင်, နှစ်ပေါင်းများစွာကြာတဲ့အထိ, ဘယ်သူမှ ဆုကြေးကို မရယူနိုင်သေးဘူး....
"ဂုဏ်ယူပါတယ်, ဂျူနီယာမောင်လေးဂျန်....."
ဂျန်ဖန်း စိတ်လှုပ်ရှားစွာ လက်ခံလိုက်၏။
ဂုန်ချိုင်းယီ တစ်ခါက သူ့ကို မြေကမ္ဘာဖီနစ်မြက်အရည် တစ်ဝက်ပါသည့် ပုလင်းနှစ်ပုလင်းပေးဖူး၏။
ထိုအရာက အခြေခံတည်ဆောက်ခြင်းအဆင့်နိမ့်နှင့် အလယ်ပိုင်း ကျင့်ကြံသူတွေအတွက်သာ အကျိုးသက်ရောက်မှုရှိ၏။
အခြေခံတည်ဆောက်ခြင်းနောက်ပိုင်းအဆင့်ကို ရောက်သည့်အခါ အာနိသင်က သိပ်မရှိတော့ပေ။
သို့ပေမယ့် မြေကမ္ဘာဖီးနစ်မြက်ချင်ဆီကတော့ ထူးခြား၏။ ၎င်းက မြေကမ္ဘာဖီးနစ်မြက်အရည်များစွာမှ သန့်စင်ထားသည့် အနစ်သာရဖြစ်ပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်း ပါရမီရှင်တပည့်တွေသာ အသုံးပြုနိုင်၏။
အပြင်ဘက်ကမ္ဘာကြီးကို တစ်ခါမှ မပျံ့နှံ့ဖူးပေ။
သူသာ မြေကမ္ဘာဖီးနစ်မြက်ချင်ဆီ တစ်ပုလင်းရလျှင် သေချာပေါက် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ကို ချိုးဖြတ်နိုင်မှာ ဖြစ်သည်။
သူက ထိုအရာနှင့် လွဲချော်လုနီးပါးပင်။
ထိုအရာကိုတွေးပြီး သူက ကြာပန်းနက် အလောင်းကို ကြည့်လိုက်သည်။
ဆယ်နှစ်ကျော်ကြာ လုယက်ထားသည့် ဓားပြတစ်ယောက်အနေဖြင့် သူမကိုယ်ပေါ်မှာ ပစ္စည်းကောင်းများစွာ ရှိသင့်၏။