← Chapters

အဆင့်အတန်းရှုံးဆုံးခြင်း

Vol. 16 Ch. 236

အဆင့်အတန်းရှုံးဆုံးခြင်း

Vol. 16 Ch. 236

သူက ချက်ချင်း ရှေ့ကိုသွားလိုက်သည်။

သို့ပေမယ့် ခန္ဓာကိုယ်ကို အလျှင်အမြန် မရှာသေးပေ။

ထိုအစား, ကြာပန်းနက်၏ဓားကောက်ကို ကောက်လိုက်၏။

ထို့နောက် အဝေးမှ သတိထားပြီး ဓားထိပ်ဖျားနှင့် ကြာပန်းနက် အင်္ကျီကိုဖွင့်လိုက်သည်။

သူကျဥ်းမြောင်းစွာ နောက်ကို ခုန်ဆုတ်လိုက်ရသည်။

ရှီး ခနဲအသံတစ်ခုနှင့်...

လက်ညိုးအရွယ်လောက်ရှိသည့် သွေးနီရောင်အဆိပ်ပြင်းမြွေတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး ဓားကောက်ကို ပြင်းထန်စွာကိုက်လိုက်၏။

၎င်းပါးစပ်မှထုတ်လွတ်လိုက်သောအဆိပ်သည် အလယ်အလတ်အဆင့်မှော်ရတနာ ကို တိုက်စားသွားပြီး အနက်ရောင်မီးခိုးတွေ ထွက်ပေါ်လာခဲ့သည်။

ဂျန်ဖန်းအလျှင်အမြန်လှုပ်ရှားလိုက်၏။

အနက်ရောင်ဓား တုန်ခါသွားပြီး သန်မာသည့်ဓားချီထွက်ပေါ်လာကာ အဆိပ်ပြင်းမြွေလေးကို နှစ်ပိုင်းဖြတ်လိုက်၏။

လူတိုင်း ဓားကောက်ပေါ်က တိုက်စားမှုကိုကြည့်ပြီး ဦးရေပြားတွေထုံကျဥ်သွားကြ၏။

အလယ်အလတ်အဆင့် မှော်ရတနာကို ထိုမျှလောက်တိုက်စားနိုင်သည်ဖြစ်၍ အဆိပ်ဘယ်လောက်ပြင်းကြောင်း ပြသနေ၏။

သူတို့သာ အခုလေးတင် အလောင်းကို အလာတကြီးရှာလိုက်လျှင်....

အကျိုးဆက်က...

ကျန်ရွယ်မို ကျောရိုးတစ်လျှောက်အေးစက်မှုကို ခံစားလိုက်ရ၏။

ထို့နောက် ဂျန်ဖန်းကိုကြည့်လိုက်ပြီး ချီမွမ်းမှုတွေကို မဖုံးကွယ်နိုင်ပေ။

ဂျန်ဖန်းက သူမထက်ငယ်ပေမယ့် သူ၏အတွေ့အကြုံကြွယ်ဝမှုက သူမကို ရှက်ရွံ့စေ၏။

သူမတို့ဆရာ ဂျန်ဖန်းကို ဘာကြောင့် ဤမျှလောက်အထင်ကြီးနေလဲဆိုတာ အတော်လေး နားလည်လာ၏။

မနေနိုင်ပဲ သူမဆရာလေသံဖြင့် နောက်ရှိ ဂျူနီယာညီမတွေဘက် လှည့်ကာသင်ကြားပေးလိုက်၏။

"နင်တို့မြင်ကြလား? ဒီကနေ သင်ယူကြ...."

"အခုကစပြီး အပြင်ထွက်ရင် အထူးသတိထားကြ...."

"မဟုတ်ရင်, နင်တို့ဘယ်လိုသေးသွားလဲတောင် သိလိုက်မှာ မဟုတ်ဘူး...."

ဂျူနီယာညီမအားလုံး ခေါင်းညိတ်လိုက်ပြီး ဂျန်ဖန်းကို လေးစားစွာ ကြည့်လိုက်ကြသည်။

သူမတို့သာဆိုလျှင် ကြာပန်းနက်ကိုယ်ပေါ်ရှိ တန်ဖိုးကြီးပစ္စည်းတွေကြောင့် သွေးဆောင်ခံရပြီး သတိလက်လွတ်ဖြစ်ကာ အလျှင်အမြန်ရှာဖွေကြမည်ဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်းက ခွန်အားကြီးပေမယ့် အလွန်သတိထားနေဆဲဖြစ်သည်။

ဤသည်က သူမတို့အား တန်ဖိုးရှိသင်ခန်းစာကို နက်နက်ရှိုင်းရှိုင်းသင်ကြားပေခဲ့သည်။

တစ်သက်သာလုံး အကျိုးပြုမည့်သင်ခန်းစာပင်။

ထို့နောက်...

ဂျန်ဖန် အကြိမ်များစွာစမ်းသပ်ကြည့်ပြီး မည်သည့်လက်နက်ပုန်းမှ မရှိတာ သေချာအောင်လုပ်လိုက်သည်။

ထိုအခါမှသာ သူမခန္ဓာကိုယ်ပေါ်မှ ပစ္စည်းတွေကို ယူလိုက်၏။

အများစုက ကုသဆေးတွေနှင့် တောင်များမှာ အတွေ့များသည့် ကောင်းကင်နှင့်မြေကြီးရတနာတွေဖြစ်သည်။

တန်ဖိုးရှိသော်လည်း သူ့အတွက်အများကြီးအသုံးမဝင်ပေ။

ပစ္စည်းတစ်ခုသာ သူအာရုံကို ဖမ်းစားသွားခဲ့သည်။

ထိုအရာက သစ်သားသေတ္တာလေးတစ်လုံးဖြစ်ပြီး ဆီစက္ကူဖြင့် ပတ်ထား၏။

ဂရုတစိုက်ဖွင့်လိုက်ပြီး ဂျန်ဖန်း အံ့အားသင့်သွား၏။

ထိုအရာက တစ်သိန်းတန် သလင်းကျောက်တုံကင်ဖြစ်၏။

"ဘုရားရေ, ဒီနှစ်တွေအတွင်း သူမ လူဘယ်ယောက်တောင် ဓားပြတိုက်ခဲ့တာလဲ...."

သူ ဘာမပြောညာမပြောထုတ်ယူလိုက်၏။

ထိုအခါမှသာ သတိထားမိလိုက်၏။

သလင်းကျောက်တုံ့ကင်အောက်၌ လက်ဝါးအရွယ်အဝတ်စအပိုင်းအစတစ်ခုရှိနေခဲ့၏။

ထိကြည့်လိုက်သည့်အခါ အေးစက်ပြီး ပိုးသားလိုနူးညံ့လှ၏။

ပစ္စည်းကပိုးထည်နှင့်တူသော်လည်း သတ္ထုကဲ့သို့ တောက်ပနေပြီး မျက်နှာပြင်က ပြောင်ပင်။

ဂျန်ဖန်းမျက်လုံးတွေ စဥ်းစားသည့်အမူအရာ ပြသလာ၏။

ထိုအရာက အသုံးမဝင်သည့်အဝတ်အပိုင်းအစတစ်ခုဆိုလျှင် ကြာပန်းနက်က တစ်သိန်းတန်သလင်းကျောက်တုံကင်နှင့်အတူထားမည်မဟုတ်ပေ။

လေ့လာဖို့အချိန်မရှိသည့်အတွက် သူက သိမ်းထားလိုက်သည်။

ကျန်တာတွေအတွက်တော့....

ဂျန်ဖန်း ကျန်ရွယ်မိုနှင့် ဂျူနီယာညီမအုပ်စု၊ ချင်ချိုင်ဟီနှင့် ချူရှန်မန်တို့ကို ကြည့်လိုက်သည်။

"ကျန်တာတွေ မင်းတို့ခွဲယူနိုင်တယ်...."

ကျန်းရွယ်မို အံ့အားသင့်သွား၏။

"ဂျူနီယာမောင်လေး, ဒီစိတ်ဝိညာဥ်ဆေးတွေနှင့် ကောင်းကင်နဲ့မြေကြီးရတနာတွေက သလင်းကျောက်ထောင်ချီတန်တယ်နော်....."

သူမတို့က ဂျန်ဖန်းသလင်ကျောက် တစ်သိန်းတန်တုံကင် သိမ်းလိုက်တာကို မသိပေ။

ထို့ပြင် သူ၌ ဤကဲ့သို့အရာများစွာ ရှိပြီးသားဖြစ်သည်။

ဤအရာများကိုသယ်ဆောင်သွားခြင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်သည်။

"ခွဲယူလိုက်ကြပါ။ ယဥ်ကျေးမနေပါနဲ့..."

ကျန်းရွယ်မို အလွန်ပျော်သွား၏။

သူမက အညီအမျှခွဲပေးလိုက်သည်။

ထိုသို့ဆိုလျှင်တောင် တစ်ယောက်ချင်းစီက သလင်းကျောက်ထောင်ပေါင်းများစွာတန်ဖိုးရှိ ပစ္စည်းတွေရလိုက်၏။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးဂျန်..."

"ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးဂျန်....."

ကျန်ရွယ်မို ပျော်လွန်း၍ သူမပါးစပ်ကို မပိတ်နိုင်ပေ။

ဂိုဏ်းမှထွက်လာရုံရှိသေး, သူမက သလင်းကောက်တစ်ထောင်လောက်အလကားရလိုက်၏။ ထိုအရာက အဆင့် ၂ တာဝန်၏ ဆုလဒ်ထက်ပို၏။

သူမတို့ဆရာ ဂျန်ဖန်းကို ဘာကြောင့်အရမ်းနှစ်သက်လဲဆိုတာ ပိုပိုနားလည်လာခဲ့သည်။

လက်တစ်ချက်ဝှေ့ယမ်းပြီး သလင်းကျောက်ထောင်ချီပေးပစ်နိုင်၏။ မည်သူက မကြိုက်ပဲနေမည်နည်း။

ချင်ချိုင်ဟီလည်း ပျော်ရွင်သည့်အမူအရာပြသလာပြီး ထပ်ခါထပ်ခါ အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးဂျန်...."

သူမ၏လှပသည့်မျက်လုံးတွေက ဂျန်ဖန်းကိုစိုက်ကြည့်နေပြီး သဘောကျမှုတွေ တစ်လက်လက်တောက်ပနေခဲ့သည်။

ချောမောခန့်ညားပြီး မယုံနိုင်လောက်အောင် အရည်အချင်းရှိ၏။

ထို့ပြင် အလွန်လည်းရက်ရောသေး၏။

သူမအချိန်အတော်ကြာလေးစားခဲ့သည့်လုရှင်းဟီနှင့်ယှဥ်လျှင်....

ယခင်လုရှင်ဟီအပေါ်လေးစားမှုက သူမ၏အမြင်ကျဥ်းမြောင်းမှုကြောင့်ဆိုတာ ရုတ်တရက်နားလည်လိုက်၏။

"မင်းက အရမ်းကြင်နာလွန်းနေပါပြီ...."

ဂျန်ဖန်း ပြုံးလိုက်၏။

သူက ကျန်းရွယ်မိုဘက်လှည့်လိုက်၏။

"စီနီယာအမကျန်း, ငါတို့အခု ခွဲခွာသင့်ပြီ...."

ကျန်ရွယ်မိုလက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ဂရုစိုက်ပါ....."

အုပ်စုနှစ်ခုက ဆန့်ကျင်ဘက်ဦးတည်ရာတွေကို ထွက်ခွာသွားကြ၏။

ဘယ်လောက်ကြာသွားလည်းမည်သူမှမသိပေ။

လုရှင်းဟီ တဖြည်းဖြည်းနိုးလာ၏။

သူတစ်ယောက်တည်းဆိုတာ သိလိုက်သည့်အခါ မနေနိုင်ပဲ တုန်ယင်သွား၏။

"ငါအသက်ရှင်နေသေးတယ်...."

"ကြာပန်းနက်ကော...."

အချိန်အတော်ကြာပြီးနောက် သူ့စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်းကို ဦးတည်လိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့တိုက်ခိုက်ခံရတာကို စိတ်ဝိညာဥ်သားရဲဂိုဏ်းဆီသတင်းပို့ရမည်ပင်။

ထိုမှသာ ထောက်ပံ့ရေးလှည်းသုံးစီးကို အလွဲသုံးစားလုပ်သည်ဟုစွပ်စွဲခံရခြင်းမှ ရှောင်ရှားနိုင်မှာဖြစ်သည်။

သို့ပေမယ့် တစ်ခဏလျှောက်ပြီးနောက်, ရုတ်တရက် ခေါင်းမဲ့ခန္ဓာကိုယ်ကြီးကို သတိထားမိလိုက်သည်။

ဝတ်စုံကိုသတိထားမိသည့်အခါ ချက်ချင်းမှတ်မိသွားပြီး အသက်ရူရပ်လိုက်၏။

"ကြာပန်းနက်.... အသတ်ခံလိုက်ရပြီ...."

ကြာပန်းနက်က သူ့လက်အောက်ငယ်သားတွေကို သတ်ခဲ့သူနှင့်စာရင်းရှင်းဖို့ လာခဲ့တာကို အမှတ်ရသွား၏။

သူ ချက်ချင်း သဘောပေါက်သွားသည်။

"အဲ့ဒီကျွမ်းကျင်သူက ဘယ်သူလဲဟ..."

"ကြာပန်းနက်ကိုတောင် သတ်နိုင်တယ်...."

ကြာပန်းနက်နှင့် ကိုယ်တိုင်ခိုက်ခိုက်ဖူးသောကြောင့် သူမနယ်ပယ်အစစ်အမှန်ကို သိ၏။

သူမက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူပင်။

သို့ပေမယ့် အသတ်ခံလိုက်ရ၏။

ထိုအရာကိုတွေးမိသည့်အခါ သူတုန်လှုပ်သွားပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်းဆီ အမြန်သွားတော့၏။

နေ့တစ်ဝက်လောက်ခရီးသွားပြီးနောက်....

ညမရောက်မီတွင် သူက ဂျန်ဖန်းတို့အဖွဲ့ စခန်းချနေတာကို မြင်ပြီး ချက်ချင်းပျော်သွားခဲ့သည်။

"ဂျူနီယာညီမချင်, ဂျူနီယာညီမချူ, မင်းတို့အဆင်ပြေကြရဲ့လား...."

သူက မိန်းခလေးနှစ်ယောက်ကို အံ့အားသင့်စွာကြည့်လိုက်သည်။

မယုံနိုင်စရာပင်။

ကြာပန်းနက်ဓားပြအဖွဲ့နှင့်တွေ့တာတောင် သူတို့က ဒဏ်ရာမရပဲ ထွက်လာနိုင်ခဲ့ကြသည်။

ထို့နောက် ဂျန်ဖန်းလည်းဒဏ်ရာမရတာမြင်သည့်အခါ စိတ်ဓာတ်ကျသွား၏။

"မင်းလည်းဒဏ်ရာမရဘူးပေါ့။ ဟမ့်, ကံကောင်းသားပဲ...."

ချူရှင်းမန် ညင်သာစွာသက်ပြင်းချလိုက်၏။

သူမက သူအသက်ရှင်လျက်ပြန်လာသည့်အတွက် ပျော်ရွင်သည့်အရိပ်အယောင်မပြပေ။

တိုက်ပွဲတွင်းမှာ ထွက်ပြေးပြီး သူမတို့ကို ဓားပြတွေဆီမှာ စွန့်ပစ်ခဲ့သည့် ခေါင်းဆောင်တစ်ယောက်အတွက် သူမမှာ ကောင်းမွန်သည့်ခံစားချက်မရှိပေ။

ချင်ချိုင်ဟီလည်း လုရှင်းဟီကိုမြင်ရသည့်အတွက် အတော်လေးစိတ်ပျက်သွား၏။

ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။

"စီနီယာအကိုလုကံက ပိုကောင်းတာပါ။ ကြာပန်းနက်လိုက်သတ်တာတောင် လွတ်လာသေးတယ်....."

"အထင်ကြီးစရာပဲ။ တကယ်အထင်ကြီးစရာပဲ...."

သူမစကားထဲက ထေ့လုံးငေါ့လုံးကိုကြားသည့်အခါ လုရှင်းဟီ ရှက်သွားပြီး သူ့ကိုယ်သူ ကာကွယ်လိုက်၏။

"ငါ...ငါက ကြာပန်းနက်ကို မျှားခေါ်သွားတာ...."

"မဟုတ်ရင်, အဲ့ဒီစီနီယာဘယ်လောက်ပဲ အရည်အချင်းရှိရှိ ကြပန်းနက်နဲ့ သူ့လက်အောက်ငယ်သားအားလုံးကို ယှဥ်နိုင်မှာမဟုတ်ဘူး...."

သူကိုယ်တိုင်ပင် ဤခုခံပြောဆိုမှုက ဟာကွက်အပြည့်ဟု ခံစားမိ၏။

အလျှင်အမြန်ပဲ ခေါင်းစဥ်ပြောင်းလိုက်သည်။

"အဲ့ဒီစီနီယာကော...."

"သူဘယ်မှာလဲ...."

"မင်းတို့နှစ်ယောက်ကို ကယ်တဲ့အတွက် ငါသူ့ကို ကျေးဇူးတင်ဖို့လိုတယ်...."

ချင်ချိုင်ဟီနှင့် ချူရှင်းမန်တို့ မျက်လုံးလှန်လိုက်ပေမယ့် တုံ့ပြန်ဖို့ စိတ်မဝင်စားပေ။

လုရှင်းဟီ ကို့ရို့ကားယားဖြစ်သွား၏။

တစ်နေ့လုံး ရေတစ်စက်မှမသောက်သေးပဲ ပင်းပန်းနွမ်းနယ်နေသဖြင့် သူ့အစာအိမ် ဆာလောင်မှုကြောင့် ကျုံ့ဝင်နေခဲ့သည်။

ချင်ချိုင်ဟီနှင့် ချူရှင်းမန် မီးပုံဘေးတွင် လတ်လတ်ဆတ်ဆတ်ဖမ်းထားသည့်ယုန်သား ကင်နေတာမြင်သည့်အခါ...

ရွှေညိုရောင်ယုန်သားကင်က အဆီတဝင်းဝင်းဖြင့် မွေးကြိုင်သည့်ရနံ့ကို ထုတ်လွတ်နေခဲ့သည်။

သူက ဆံထွေးမျိုးချပြီး ပြောလိုက်သည်။

"ဂျူနီယာညီမတို့, ငါ့ကို နည်းနည်းလောက်ကျွေးလို့ရမလား....."

ချူရှင်းမန် မကြားသလိုဟန်ဆောင်လိုက်ပြီး, ယုန်ကင်ကိုကောက်ကာ ညင်သာစွာမှုတ်လိုက်၏။ ထို့နောက် ဂျန်ဖန်းကို ပေးလိုက်သည်။

"စီနီယာအကိုဂျန်, နင်က အလုပ်ကြိုးစားဆုံးပဲ။ ဒါ နင့်အတွက်...."

လုရှင်းဟီ ချင်ချိုင်ဟီကိုကြည့်ပြီး ပြုံးလိုက်သည်။

"ဂျူနီယာညီမ, စီနီယာအကို့ကို နည်းနည်းလောက်ပေးပါလား။ ငါဗိုက်ဆာနေလို့ပါ...."

ချူရှင်းမန်အာရုံက ဂျန်ဖန်းအပေါ်မှာသာ တစ်ချိန်လုံးရှိနေခဲ့သည်။

သူ့ကိုမပေးသည်မှာ နားလည်ပေးလို့ရ၏။

ဂျူနီယာညီမကတော့ ဂျန်ဖန်းအပေါ် အထင်မြင်ကောင်းမရှိသည့်အတွက် ပေးဖို့မဖြစ်နိုင်ပေ။

သူ့ကိုအံ့အားသင့်သွားစေတာက....

သူချဥ်းကပ်သွားစဥ်မှာပဲ, ချင်ချိုင်ဟီထရပ်လိုက်ပြီး ဂျန်ဖန်းဘေးမှာ ထိုင်လိုက်သည်။

ချစ်စိတ်ပြင်းပြစွာဖြင့် သူမက ဂျန်ဖန်းပါးစပ်ထဲကို ယုန်ကင်ခွံ့ကျွေးလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ဒါကို ငါမင်းအတွက် ကင်ထားတာ။ မြည်းကြည့်ပါအုန်း...."

လုရှင်းဟီ မယုံနိုင်ဖြစ်နေ၏။

သူက တစ်ရက်လောက်သာ ပျောက်သွားတာဖြစ်သည်။

ဘယ်လိုလုပ်ပြီး ဂျူနီယာညီမကလည်း ဂျန်ဖန်းကို အလွန်နှစ်သက်နေရသနည်း။

"ဂျူနီယာညီမ, မင်းဘာလို့ အပြင်လူဘက်ပါနေရတာလဲ...."

လုရှင်းဟီ မကျေမနပ်ပြောလိုက်သည်။

ချင်ချိုင်ဟီ သူ့ကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"စိတ်မကောင်းပါဘူး။ နင်ကမှအပြင်လူ.."

ပြောပြီးနောက်, ယုန်ကင်တစ်ပိုင်းကိုဖဲ့ပြီး အေးအောင်မှုတ်လိုက်သည်။ ထို့နောက် ဂျန်ဖန်းပါးစပ်ထဲခွံ့ကျွေးကာ ညုတုတုအသံဖြင့် ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ငါ့ကို မျက်နှာသာအချို့ပေးပါနော်...."

လုရှင်းဟီ မယုံကြည်နိုင်ဖြစ်နေ၏။

သူ့ရှေ့ရှိ နူးညံ့ပျော့ပျောင်းတဲ့အမျိုးသမီးက တစ်ခါက မာနကြီးမောက်မာတဲ့ သူ့ဂျူနီယာညီမလား....

"ဂျန်ဖန်း, မင်းသူတို့ကို ဘာမက်လုံးတွေပေးထားတာလဲ...."

ချင်ချိုင်ဟီမျက်ခုံးပင့်လိုက်ပြီး ဓားဆွဲထုတ်ကာ ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်ကို ဒီလိုပုံစံနဲ့ စကားမပြောနဲ့...."

"နင်မကျေနပ်ရင် ထွက်သွား..."

"နင်မရှိရင် ငါတို့ခရီးက ပိုချောမွေ့လိမ့်မယ်...."

ချူရှင်းမန် တိတ်ဆိတ်နေသော်လည်း သဘောထားတူကြောင်းပြသနေ၏။

လူရှင်းဟီ၏ကိုယ့်ကိုယ်ကို အထင်ကြီးမှု၊ ဂျန်ဖန်းအကြံဉာဏ်ကို နားမထောင်ပဲ တောင်ထဲဝင်ရောက်ရန် အတင်းအကျပ်တိုက်တွန်းမှုတို့သာ မရှိခဲ့ပါက, သူမတို့ မည်သည့်အန္တရာယ်မှ ကြုံတွေ့မည်မဟုတ်ပေ။

ယခု, သူက အသက်ရှင်ရုံလေးလွတ်မြောက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်လို လာပြုမူချင်နေသေးသည်?

မည်သူက သူ့ကိုလေးစားမည်နည်း။

ဂျူနီယာညီမချင်၏ သူ့အပေါ်ခက်ထန်သည့်သဘောထားကိုမြင်သည့်အခါ လုရှင်းဟီ အလွန်ဒေါသထွက်သွား၏။

ဂျန်ဖန်းကို အကြိမ်ကြိမ်လက်ညိုးထိုးပြီး ပြောလိုက်သည်။

"ကောင်းတယ်, ကောင်းတယ်, ဒီတော့ မင်းက သူရဲကောင်းဖြစ်ချင်တယ်ပေါ့။ အဖွဲ့ခေါင်းဆောင်ဖြစ်ချင်တယ်ပေါ့, ဟုတ်လား...."

"ငါတို့ စိတ်ဝိညာဥ်သားရဲဂိုဏ်းရောက်ရင် မင်း ဘယ်လိုဖြေရှင်းမလဲ ကြည့်ကြတာပေါ့....."

"ငါမင်းကိုပြောလိုက်မယ်, စိတ်ဝိညာဥ်သားရဲဂိုဏ်းကတပည့်တွေနဲ့ဆက်ဆံရတာ လွယ်တယ်မထင်နဲ့...."

"အဲ့မှာရှိတဲ့ငါ့အသိမိတ်ဆွေတွေ အာမခံပေးမပေးရင် ဒီလှည်းသုံးစီးကို ချောချောမွေ့မွေ လက်ခံမယ်လို့ မမျှော်လင့်နဲ့....."

All Chapters