ခက်ခဲမှုများ
Vol. 16 Ch. 237
ချင်ချိုင်းဟီ မျက်မှောင်ကြုတ်သွား၏။
လူရှိတဲ့နေရာမှာ လူမှုဆက်ဆံရေးအရှုပ်အထွေးဆိုတာရှိ၏။
ထိုအရာက ဂိုဏ်းတိုင်းအတွက် အတူတူပင်။
သူမတို့က စိတ်ဝိညာဥ်ဆေးတွေကိုအောင်မြင်စွာပို့နိုင်ပေမယ့်....
လက်လွဲယူစဥ်၌ လက်ခံသူက ကိုယ်ကျိုးအတွက် အခြေအနေကို အခွင့်ကောင်းမယူဘူးဟု ပြောဖို့ခက်၏။
လွဲပြောင်းပေးလို့သာမရလျှင်တာဝန်လည်း မအောင်မြင်ဘူးဟု သတ်မှတ်နိုင်၏။
ထိုအခါ သူမတို့က အကျိုးပြုမှတ်တွေ မရရုံသာမက, နောက်တာဝန်အတွက်လည်း နှောင့်နှေးကြန့်ကြာသွားမည်ဖြစ်သည်။
အသင်္ချေဓားဂိုဏ်းမှ တပည့်များစွာ ထိုကိစ္စကို အစောပိုင်းတုန်းက ဆွေးနွေးခဲ့ကြ၏။
ထိုကိစ္စက ရှောင်လွဲ့လို့မရပေ။
အစောပိုင်း သူမက ထိုအရာနှင့်ပတ်သက်ပြီး မစိုးရိမ်ပေ။
အဘယ်ကြောင့်ဆိုသော် လုရှင်းဟီက စိတ်ဝိညာဥ်သားရဲဂိုဏ်မှာ ဝမ်းကွဲတစ်ယောက်ရှိသောကြောင့်ပင်။
ပြောကြတာတော့ သူမက အဆင့်အတန်းအတော်မြင့်၏။
သူမသာ ကြားဝင်လာလျှင် လွဲပြောင်းမှုက ချောမွေ့သွားပြီဖြစ်သည်။
ယခု....
ထိုအရာကိုတွေးမိသည့်အခါ, သူမ တဖန်ပြုံးလိုက်ပြီး ယုန်ကင်ကိုကိုင်ကာ ရွင်လန်းသည့်အပြုံးဖြင့်ပြောလိုက်သည်။
"စီနီယာအကို, ငါက စနေတာပါ...."
"ဘာလို့ အလေးအနက်ထားနေရတာလဲ..."
"ငါတို့က လွဲပြောင်းပေးတဲ့အခါမှာ နင့်အကူအညီကိုလိုနေတုန်းပါပဲ..."
သူမက မျက်လုံးထောင့်မှ ဂျန်ဖန်းကို ကြည့်လိုက်သည်။
ဂျန်ဖန်းကို အနည်းငယ်ကျေးဇူးပြန်ဆပ်နိုင်ပြီဟု ခံစားလိုက်ရ၏။
သို့ပေမယ့် ဤသိမ့်မွေ့သည့်အကြည့်ကို လုရှင်းဟော် မြင်သွား၏။
သူက ယုန်ကင်ကို အဝေးရိုက်ထုတ်ပြီး အော်ပြောလိုက်သည်။
"ဂျန်ဖန်း နင့်ကို ဘာအကျိုးကျေးဇူးတွေပေးထားလို့လဲ...."
"နင် သူ့ကို ဒီလောက်သဘောကျနေရအောင်...."
"နင်က သူ့ကိုကူညီဖို့ ငါ့ကိုတောင် တောင်းပန်နေတယ်..."
သူကိုယ်တိုင်က ဤကဲ့သို့ ဆက်ဆံမှုမျိုး တစ်ခါမှ မရဘူးပေ။
ဘာကြောင့် ဂျန်ဖန်းက ရနေသနည်း။
သူက အဆိပ်ပြင်းစွာပြောလိုက်သည်။
"မျိုးရိုးဂျန်နဲ့ကောင်, ငါမင်းကို ကူညီမယ်မထင်နဲ့..."
"မင်းကိုယ်မင်းဘယ်လိုအရူးလုပ်မလဲဆိုတာ မြင်ချင်သေးတယ်...."
ဂျန်ဖန်း အင်္ကျီလက်ဝှေ့ယမ်းလိုက်ပြီး သူ့မျက်နှာဆီလွင့်စင်လာတဲ့ ဆံထွေးတွေကို ကာလိုက်သည်။
သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဒါ မင်းစိုးရိမ်ရမဲ့ကိစ္စမဟုတ်ပါဘူး...."
"ဘယ်သူကကော စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ လူတစ်ယောက်၊ နှစ်ယောက်မသိလို့လဲ...."
ဂျန်ဖန်၌ စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ အဆက်အသွယ်ရှိတာကို ကြားသည့်အခါ ချင်ချိုင်ဟီနှင့် ချူရှင်းမန်တို့ မျက်လုံးတွေ တောက်ပသွား၏။
သို့ပေမယ့် တွေးကြည့်လိုက်သည့်အခါ ဂျန်ဖန်းပြောသည့်လူက ကျန်းရွယ်မိုဖြစ်နိုင်၏။
သို့သော် သူမက ထွက်သွားပြီပင်...
လုရှင်းဟီ လှောင်ပြောင်လိုက်၏။
"မင်းလို စိတ်ဝိညာဥ်အမြစ်မရှိတဲ့လူက ဘယ်သူ့ကိုသိနိုင်မှာမိုလို့လဲ...."
"အဲ့ဒီလက်လွဲယူမယ့်လူတွေက စိတ်ဝိညာဥ်ဂိုဏ်းက ပါရမီရှင်တွေချည်းပဲ...."
"ဘယ်သူမဆို စကားပြောလို့ရတဲ့လူမဟုတ်ဘူး...."
ဂျန်ဖန်း ညင်သာစွာပြုံးလိုက်သည်။
ဂုန်ချိုင်ယီက ဘယ်သူမှမဟုတ်ဘူးလား?....
ရက်ပေါင်းများစွာကြာပြီးနောက်....
ဂျန်ဖန်းနှင့်အဖွဲ့ ခရီးပန်းကာ စိတ်ဝိညာဥ်သားရဲဂိုဏ်းကို ရောက်လာကြ၏။
ဂိုဏ်းအတွင်း၌ မြူတွေရစ်သိုင်းနေပြီး အဆောက်အဦးတွေ၊ မျှော်စင်တွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေခဲ့သည်။
ရံဖန်ရံခါ, ရောင်စုံဝတ်အမျိုးသမီးတပည့်တွေ မြူထဲမှာ တဒင်္ဂပေါ်လာတတ်၏။
နတ်ဘုံနတ်နန်းတစ်ခုလိုပင်။
ချူရှင်းမန်၏လှပသည့်မျက်လုံးတွေ အရောင်တောက်လာ၏။
"စိတ်ဝိညာဥ်သားရဲဂိုဏ်းက နတ်ဘုံတစ်ခုလိုပဲလို့ ငါကြားဖူးတာကြာပြီ...."
"ဒီနေ့မြင်လိုက်ရမှပဲ ဂုဏ်သတင်းနဲ့တကယ်ထိုက်တန်တာပဲ...."
ချင်ချိုင်ဟီလည်း မနာလိုသည့်အမူအရာပြသလာပြီး ပြောလိုက်သည်။
"စိတ်တိညာဥ်သားရဲဂိုဏ်းက သူတို့ဘေးမှာတိုက်ခိုက်ဖို့ နတ်ဆိုးသားရဲတွေကို လေ့ကျင့်ပေးနိုင်တယ်...."
"တပည့်တွေခွန်အားက မသန်မာပေမယ့်, နတ်ဆိုးသားရဲတွေနဲ့ဆိုရင် အဆင့်တူကလူတိုင်းကို ဖိနှိပ်နိုင်တယ်...."
"ဂိုဏ်း ၉ ဂိုဏ်းကြားမှာ သူတို့က ပြိုင်ဘက်ကင်းပဲ..."
"အရင်က ငါလည်း စိတ်ဝိညာဥ်သားရဲဂိုဏ်း ဝင်ချင်ခဲ့တာ။ ဒါပေမယ့် ကံမကောင်းစွာပဲ ငါ့မှာ နတ်ဆိုးသားရဲလေ့ကျင့်ဖို့ ပါရမီမရှိတာကြောင့် မဝင်နိုင်ခဲ့ဘူး...."
အမျိုးသမီးနှစ်ယောက်၏ တောင်းတမှုကို ကြားသည့်အခါ...
လုရှင်းဟီ သူမတို့ကို ဝင်နှောက်ယှက်လိုက်၏။
"အိမ်မက်မက်နေတာတွေ ရပ်လိုက်တော့...."
"အရင်ဆုံး လွဲပြောင်းပေးမဲ့ကိစ္စကိုပဲ လုပ်စမ်းပါ...."
သူက စိတ်ဝိညာဥ်သားရဲပေါ်မှာထိုင်နေပြီး လက်တွေကို အင်္ကျီလက်ထဲထည့်ထားခဲ့သည်။
အဖက်မလုပ်ဟန်ဖြင့် ဝင်ပါမည့်ရည်ရွယ်ချက်မရှိကြောင်းပြသနေ၏။
ဂျန်ဖန်း လှည်းကို တည်ငြိမ်စွာမောင်းလာပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်းဂိတ်တံခါးကို ဝင်ရောက်လိုက်၏။
"အဲ့ဒီက ဘယ်သူတွေလဲ...."
ဂိတ်တံခါးအပြင်ဘက်၌ သန်မာသည့်တပည့်အုပ်စုတစ်ခု စောင့်ကြပ်နေ၏။
ကျင့်ကြံရေးက အခြေခံတည်ဆောက်ခြင်းအဆင့် ၆ မှ အဆင့် ၈ ထိရှိသည်။
တစ်ယောက်ချင်းစီက ရောင်စုံဝတ်စုံဝတ်ဆင်ထားပြီး မြင်ကွင်းက ကြီးကျယ်ခမ်းနားလှ၏။
သို့ပေမယ့် မျက်နှာတွေကတော့ မဖော်ရွေပေ။
အထူးသဖြင့် သူတို့မောင်းလာသည့်လှည်းတွေကိုမြင်သည့်အခါ တာဝန်တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သင်္ကာမကင်းဖြစ်သွား၏။
သူမတို့မျက်နှာတွေတင်းမာသွားပြီး ဆက်ဆံရမလွယ်ကူသည့်အမူအရာတွေ ပြသလိုက်၏။
ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ငါတို့က ဒီကို စိတ်ဝိညာဥ်ဆေးလာပို့တာပါ။ ကျေးဇူးပြုပြီး မင်းတို့ဂိုဏ်းက အတည်ပြုပေးပါအုန်း..."
အမျိုးသမီးတပည့်တွေကြား၌ ဖီးနစ်ဆံထိုးထိုးထားပြီး လှပသည့်အသွင်အပြင်နှင့် အာဏာရှိသည့်အမျိုးသမီးတစ်ယောက် ရှေ့ထွက်လာ၏။
သူမက အသက်နှစ်ဆယ်ဝန်းကျင်လောက်ရှိ၏။
ကျင့်ကြံရေးက သူတို့ထဲမှာအမြင့်ဆုံးဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်၏။
"စိတ်ဝိညာဥ်သားရဲဂိုဏ်း စုန်ပိုင်ယောင်, အပြင်ဂိုဏ်းအဖွဲ့တွေကိုကြိုဆိုတဲ့တာဝန်ခံ...."
"ကျေးဇူးပြုပြီး မင်းတို့တာဝန်ကျောက်စိမ်းလိပ်တွေကိုပြပေးပါ...."
သူမနှင့် အခြားအမျိုးသမီတပည့်တွေ၏အမူအရာကိုမြင်သည့်အခါ ရိုးရိုးရှင်းရှင်းတွေးတတ်သည့် ချူရှင်းမန်တောင် လွဲပြောင်းမှုက ချောချောမွေ့မွေ့ပြီးမှာမဟုတ်ဘူးဆိုတာ သိလိုက်၏။
ဂျန်ဖန်းတည်ငြိမ်စွာပဲ ကျောက်စိမ်းလိပ်ကို လက်ကမ်းပေးလိုက်သည်။
စုန်းပိုင်ယောင် ကျောက်စိမ်းလိပ်လေးလိပ်ကိုယူလိုက်သည်။ ထို့နောက် အကြောင်းအရာတွေကိုဖတ်လိုက်ပြီး သူမနှုတ်ခမ်းတွေ မသိမသာ တွန့်ကွေးသွား၏။
"အဆင့်သုံးတာဝန်...."
အဆင့်နိမ့်တာဝန်တွေကို သဘာဝအတိုင်း ကျင့်ကြံရေးနိမ့်သည့်တပည့်တွေက ကိုင်တွယ်ကြ၏။
သူတို့တွင် ကြွယ်ဝမှုမရှိသလောက်ပင်။
သို့ပေမယ့် ခြင်ခြေထောက်တောင်အသားဖြစ်တာကို တွေးပြီး သူမခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျောက်စိမ်းစာလိပ်အရ, ဒီဆေးတွေက စိတ်ဝိညာဥ်သားရဲသုံးထောင်အတွက်ပဲ..."
"ဝမ်ဂျန်, ရှန်းယွမ်, လှည်းသုံးစီးကို စစ်ဆေးလိုက်။ စိတ်ဝိညာဥ်ဆေးတွေ စုံလား၊ ထိခိုက်ဒဏ်ရာရခဲ့လားကြည့်ရအောင်...."
ကျွမ်းကျင်သည့်အမျိုးသမီးတပည့်နှစ်ဦး လှည်းတွေကိုဖွင့်လိုက်ပြီး စိတ်ဝိညာဥ်ဆေးတွေကို ကြမ်းတမ်းစွာ မြေပြင်ပေါ်ပစ်ချလိုက်သည်။
ချင်ချိုင်ဟီနှင့် ချူရှင်းမန်တို့ တိတ်တဆိတ် စိုးရိမ်သွားကြ၏။
အိတ်ထဲရှိစိတ်ဝိညာဥ်ဆေးတွေကို စက္ကူဖြင့် တစ်ခုချင်းထုပ်ပိုးထားတာဖြစ်သည်။
ဤကဲ့သို့ကြမ်းကြမ်းတမ်းတမ်းပစ်ချနေလျှင် စက္ကူတွေစုပြဲပြီး ယိုဖိတ်မှုတွေ ဖြစ်စေနိုင်သည်။
ထိုအခါ ပျက်စီးမှုသည် သူတို့ပို့ဆောင်ရေးညံ့ဖျင်းမှုကြောင့်လား ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်းကိုင်ကွယ်မှုကြောင့်လားဆိုတာ ပြောရခက်၏။
လုရှင်းဟီ လှောင်ပြောင်သည့်အမူအရာဖြင့် အေးအေးဆေးဆေး ကြည့်နေခဲ့သည်။
သူက ဂျန်ဖန်းဘယ်လိုကိုင်တွယ်မည်ဆိုတာ သိချင်နေခဲ့သည်။
ဂျန်ဖန်းသေချာပေါက် ဦးညွှတ်တောင်ပန်ပြီး ချိုသာသည့်စကားတွေပြောမည်ဖြစ်သည်။ ထိုအခါ စီနီယာအမစုန့်ပိုင်ယောင်က အခွင့်ကောင်းယူပြီး သူ့ကိုဆူပူမည်ဖြစ်သည်။
ထို့နောက် နာခံစွာနှင့် သလင်းကျောက်တုံးအချို့ပေးပြီး မတရားခံရသောဇနီးငယ်လေးတစ်ယောက်ကဲ့သို့ သက်ညာပေးဖို့တောင်းပန်မည်ဖြစ်သည်။
ထိုမြင်ကွင်းကိုတွေးပြီး လုရှင်းဟီ အတော်လေး မျှော်လင့်နေခဲ့သည်။
သူ့ကိုအံ့အားသင့်စေတာက....
ဂျန်ဖန်းလုံးဝမစိုးရိမ်ပဲ သူတို့၏ကြမ်းတမ်းသည့်လုပ်ဆောင်မှုကို အေးအေးဆေးဆေးကြည့်နေခဲ့သည်။
ထိုအရာက စုန်ပိုင်ယောင်အား တစ်ခုခုမူမမှန်တာ သတိထားမိစေ၏။
အဖွဲ့ခေါင်းဆောင်က ဂိုဏ်းထဲကတစ်ယောက်ယောက်နဲ့များသိတာလား?...
သံမဏိပြားကိုကန်မိတာရှောင်ရှားဖို့ သူမက တာဝန်ခံလေသံဖြင့်ပြောလိုက်သည်။
"နင့်တို့အထောက်အထားတုံ့ကင်တွေလည်း အတည်ပြုဖို့ပြပါအုန်း..."
သူတို့လေးယောက်ထဲ၌ အရေးကြီးတစ်ယောက်ယောက်ပါးလားစစ်ဆေးကြည့်ချင်နေ၏။
အမျိုးသမီးတပည့်တစ်ယောက်ရှေ့တက်လာပြီး သူတို့အထောက်အထားတုံကင်တွေကိုစုဆောင်းလိုက်၏။ ထို့နောက် စုန်ပိုင်ယောင်ကို စစ်ဆေးဖို့ ကမ်းပေးလိုက်သည်။
"မြင့်မြတ်ဂိုဏ်း, ချူရှင်းမန်...."
သူမက အမူအရာကင်းမဲ့စွာရေရွတ်လိုက်၏။
မြင့်မြတ်ဂိုဏ်းကကျော်ကြားပြီး ထိပ်သီးဂိုဏ်း ၃ ဂိုဏ်းထဲက တစ်ခုဖြစ်၏။
သို့ပေမယ့် ဤအရာက စိတ်ဝိညာဥ်သားရဲဂိုဏ်းပိုင်နက်ဖြစ်ပြီး သူတို့ အလွယ်တကူခြိမ်းခြောက်လို့ရမည်မဟုတ်ပေ။
"အသင်္ချေဓားဂိုဏ်း, ချင်ချိုင်ဟီ..."
သူမက အမူအရာကင်းမဲ့နေဆဲပင်။
အသင်္ချေဓားဂိုဏ်းက မြင့်မြတ်ဂိုဏ်းလောက် မကျော်ကြားပေ။
သူမ တတိယနာမည်ကိုမဖတ်ခင်ထိပင်။
"အသင်္ချေဓားဂိုဏ်း, လုရှင်းဟီ, ဟမ်?...."
စုန်ပိုင်ယောင် အံ့အားသင့်သည့်အမူအရာပြသလာ၏။
"နင်က စီနီယာအမယီလန်ရှင်းရဲ့ ဝမ်ကွဲမလား....."
"နင်က အခြေခံတည်ဆောက်ခြင်းအဆင့် ၇ လေ။ ဘယ်လိုလုပ်ပြီး အဆင့် ၃ တာဝန်ရတာလဲ...."
လုရှင်းဟီ စိတ်ဝိညာဥ်သားရဲပေါ်မှ ခုန်ချပြီး ပြုံး၍ လက်ချင်းယှက်ကာ ပြောလိုက်သည်။
"စီနီယာအမစုန့်, မင်တကယ်ငါ့ကိုသိတာပဲ..."
သူမနှင့် ယီလန်ရှင်း၏ကောင်းမွန်သည့်ဆက်ဆံရေးကြောင့် စုန်ပိုင်ယောင်ပြုံးလိုက်သည်။
"မင်းရဲ့ဝမ်းကွဲက မင်းအကြောင်းမကြာခဏပြောတယ်..."
"သူမပြောတာ မင်းက ပါရမီထူးခြားပြီး တောက်ပတဲ့အနာဂတ်ရှိတယ်တဲ့..."
လုရှင်းဟီ ပြန်ပြောလိုက်၏။
"ကျွန်တော့်အမဝမ်းကွဲက ကျွန်တော့်ကိုမြှောက်ပြောနေတာပါ။ အမစုန့် ကျေးဇူးပြုပြီး အတည်မယူပါနဲ့....."
သူက အသိအကျွမ်းတစ်ဦး၏ဝမ်ကွဲဖြစ်သောကြောင့်...
စုန့်ပိုင်ယောင် သူတို့ကိုခက်ခဲအောင်မလုပ်ဖို့ ဆုံးဖြတ်လိုက်၏။ သူမက ပစ္စည်းစစ်ဆေးနေသည့် အမျိုးသမီးနှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
"သူတို့က ငါတို့လူတွေပဲ။ ဒီတော့ အရမ်းသေသေချာချာ စစ်ဆေးဖို့မလိုဘူး။ အရေအတွက်ပဲ ရေတွက်လိုက်...."
ထိုအရာကိုကြားသည့်အခါ...
ချင်ချိုင်ဟီနှင့် ချူရှန်မန်တို့ စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
ပြဿနာဖြေရှင်းပြီးသွားပြီပင်။
အဆုံးမှာတော့ လုရှင်းဟီအဆက်အသွယ်ကို မှီခိုနေရဆဲဖြစ်သည်။
"မင်းရဲ့သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်, စီနီယာအမ..."
လုရှင်းဟီ သလင်းကျောက်အိတ်တစ်ခု ထုတ်ယူပြီး သူမကို ပေးလိုက်သည်။
"ရာသီဥတုက ပူတယ်။ စီနီယာအမတို့ စိတ်ဝိညာဥ်လက်ဖက်ရည်ဝယ်သောက်ဖို့ပါ...."
စုန်ပိုင်ယောင် သဘောကျသည့်အမူအရာ ပြသလာ၏။
"မင်းဝမ်းကွဲ မင်းကို ဒီလောက် သဘောကျနေတာ မထူးဆန်းတော့ပါဘူး..."
"မင်းက သိုင်းပညာမှာ ထူးချွန်ယုံသာမက လူမှုဆက်ဆံရေးမှာလည်း တော်တာပဲ...."
ပြောနေရင်း သူမက ဂျန်ဖန်းကို အနည်းငယ်မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"ဒါပေမယ့် အဖွဲ့ထဲမှာ မင်းရှိရဲ့သားနဲ့ ဘာလို့ သူက ခေါင်းဆောင်ဖြစ်နေရတာလဲ...."
သူမထင်ခဲ့တာ ဂျန်ဖန်းတည်ငြိမ်နေတာဟာ သူ့၌ သိသာသည့်အဆင့်အတန်းတစ်ခုရှိသောကြောင့်ဟုပင်။
အဆုံးမှာတော့, ထိုကောင်က လုရှင်းဟီအပေါ်မှီခိုနေခြင်းသာဖြစ်သည်။
လုရှင်းဟီ အမှန်တရားကို သက်သေပြနိုင်သလိုခံစားလိုက်ရ၏။
နောက်ဆုံးမှာ သူ့ဒေါသတွေကို ထုတ်ဖော်ခွင့်ရပြီဖြစ်သည်။
သူက လှောင်ပြောင်သည့်အသံဖြင့်ပြောလိုက်သည်။
"ဟမ်?, သူက အတော်အရည်အချင်းရှိတယ်...."
"စကားအနည်းငယ်နဲ့ ဂျူနီယာညီမနှစ်ယောက်ကို လွမ်းမိုးပြီး သူ့ကို ခေါင်းဆောင်အဖြစ်လက်ခံလာစေတယ်လေ...."
"သူက ခေါင်းဆောင်ဖြစ်ရတာကြိုက်မှတော့, သူ့ကိုပဲပေးလိုက်တာ..."
ထိုဂျန်ဖန်း အမျိုးသမီးနှစ်ယောက်ကို ဖြားယောင်းပြီး လုရှင်းဟီနေရာအစားထိုးတာသိသွားသည့်အခါ စုန့်ပိုင်ယောင် အထင်အမြင်သေးသွား၏။
"သူက ရမ္မဂိုဏ်းကလား...."
"ရမ္မဂိုဏ်းကတပည့်တွေက မိန်းခလေးတွေကို ဖြားယောင်းရာမှာ တော်တယ်...."
လုရှင်းဟီ ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး ဂျန်ဖန်းလျို့ဝှက်ချက်ကို ထုတ်ဖော်ဖို့ စိတ်အားထက်သန်နေခဲ့သည်။
"သူက ရမ္မဂိုဏ်းတပည့်တွေထက် ပိုကျွမ်းတယ်...."
"ဘာလို့လဲဆိုတော့ သူက တိမ်စိမ်းဂိုဏ်းတပည့်လေ။ နာမည်က ဂျန်ဖန်းတဲ့...."
စုန့်ပိုင်ယောင် စိတ်ဝိညာဥ်အမြစ်မရှိသည့် ကောလဟာလကို ချက်ချင်းတွေးမိမည်ဟု ထင်လိုက်၏။
သူ့ကိုအံ့အားသင့်စေတာက စုန့်ပိုင်ယောင်ခဏရပ်လိုက်ပြီး ပြုံးလိုက်၏။
"ခဏနေပါအုန်း, နင်ပြောလိုက်တာ သူ့နာမည်ကဘယ်သူ..."
"ဂျန်ဖန်း?...."