← Chapters

အခန်း (၆၃၆-၆၄၀)

Vol. 26 Ch. 636-640

အခန်း (၆၃၆-၆၄၀)

Vol. 26 Ch. 636-640

အခန်း(၆၃၆) သမီးလေးက ကံကောင်းစေတဲ့ ကြယ်ပွင့်လေး။

“သ… သမီးဘာမှမလုပ်ပါဘူး။ ဒီတိုင်း ဘိုးဘိုးတစ်ယောက်ကို ကူညီပေးခဲ့တာ။ အဲ့တုန်းက သူ့ကို သာမန် ဘိုးဘိုးတစ်ယောက်လို့ပဲ ထင်ခဲ့မိတာ…”။ ချူးယန်ရှီ ပြန်ဖြေလိုက်သည်။

ချူးယန်ရှီ၏ စကားကို ကြားပြီးနောက် ဒီနေ့ ဖုန်းခေါ်ဆိုမှုက အစစ်အမှန်ဖြစ်မှန်း ချူးဟမ့် အတည်ပြုနိုင်ခဲ့လေသည်။

“ရှောင်းရှီလေးက အရမ်းတော်တာပဲ! အဖေ အရမ်းဂုဏ်ယူတယ်” ချူးဟမ့် ပျော်ရွှင်စွာ ပြောလိုက်သည်။

သူ့သမီးလေးက သူ့အတွက် တကယ်ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပါလား။ သူ့အတွက် သန်း ၁၀၀ ကြီးများတောင် ယူဆောင်လာပေးနိုင်ခဲ့တာ။ အရင်တစ်ခေါက်က သူ့ကို ကူညီခဲ့တဲ့လူကလည်း ရှိသေးတော့ သူ့ကုမ္ပဏီကို ချက်ချင်း ပြန်ထူထောင်နိုင်တော့မယ်!

ထိုအတွေးဖြင့် ချူးဟမ့် အပျော်လွန်ပြီး ခုန်ပေါက်ချင်လာသည်။

ချူးဟမ့်၏ ချီးကျူးစကားကိုကြားပြီး ချူးယန်ရှီလည်း တောက်ပနေပါသည်။

ချူးဟမ့်က ဆို၏။ “ဟိုပုဂ္ဂိုလ်ပေးထားတဲ့ အရင်းအနှီးတွေရယ်၊ အခု ဒီ သန်း ၁၀၀ ကိုပါ ရတော့မှာဆိုတော့ အဖေတို့ လုပ်ငန်းချက်ချင်း ပြန်အဆင်ပြေသွားတော့မှာ! ဘုရားသခင်က အဖေ့ကို ကူညီပေးနေတာပဲ!”

ထို့နောက် ချူးဟမ့်က စိတ်ကြီးဝင်ကာ ပြောလိုက်သည်။ “အဖေတို့ ကုမ္ပဏီ ပြန်ရပ်တည်နိုင်တဲ့အချိန်ကျရင် အဲ့ဒီ မိန်းမ လင်းယုရှန်း အဖေ့ဆီ ငိုယိုပြီး ပြန်လာတောင်းပန်ရမယ်! အဖေ့ကို ကွာရှင်းလိုက်တာ သူ့အမှားပဲ ဆိုတာ နားလည်သွားစေရမယ်!”

“အွန်း!”။ ချူးယန်ရှီ ခေါင်းငြိမ့်လိုက်သည်။

သူမအဖေပြောတာ မှန်ပါသည်။ ချူးမိသားစုကို စွန့်ပစ်ခဲ့သူတွေနဲ့ ဒုက္ခပေးခဲ့သူတွေကို နောင်တရသွားအောင် လုပ်ရမည်။

ချင်းမိသားစုနဲ့ လုမိသားစုတို့ကိုလည်း ချူးယန်ရှီဟူသည့် သူမက သူတို့ထက် အများကြီး သာလွန်ကြောင်း သက်သေပြရမည်။

“ဪ ဟုတ်သားပဲ ရှောင်းရှီလေး။ ဒီနေ့ည အဖေ ညစာစားပွဲတစ်ခု တက်စရာရှိတယ်။ အဝတ်အစားတွေလဲပြီး အဖေနဲ့ လိုက်ခဲ့!”။ သမီးဖြစ်သူကို ပါတီပွဲခေါ်သွားဖို့ ချူးဟမ့် ရုတ်တရက် ဆုံးဖြတ်လိုက်ပါသည်။

ယခု သူ့သမီးလေးက သူ့အတွက် ကံကောင်းစေသော ကြယ်ပွင့်လေးဖြစ်သည်ဟု ချူးဟမ့် ခံစားနေရသည်။ လင်းယုရှန်းလည်း မရှိတော့သဖြင့် သူနဲ့ သူ့သမီးတို့ လွတ်လွတ်လပ်လပ် နေလို့ရပါပြီ။

“သမီးက လိုက်ရမှာလား”

“ဟုတ်တယ်။ ဟိုရောက်ရင် လိမ်လိမ်မာမာနေနော်။ ဖေကြီးအတွက် အမှတ်ပိုယူပေးပါဦး”

“ဟုတ်ကဲ့!”။ ချူးယန်ရှီ လိမ္မာစွာ ခေါင်းငြိမ့်လိုက်ပါသည်။

ဒီနေ့ ချူးဟမ့်တွေ့ဆုံမည့် အရေးကြီးဧည့်သည်က ချန်းဝမ်ချိုင်ဖြစ်သည်။ ထိုလူက ဟွာချန့်မြို့၏ ထိပ်တန်း စီးပွားရေးသမားတစ်ဦးလည်း ဖြစ်သည်။

အစက ချန်းဝမ်ချိုင်မှာ ချင်းမိသားစုဘက်က ဖြစ်သော်လည်း အခုတော့ ချူးမိသားစုထံ ရောက်လာခဲ့ပါပြီ။ အားလုံးက သူ့သမီးလေး ကယ်တင်ပေးခဲ့သည့် အဘိုးကြီး၏ ကျေးဇူးကြောင့်ဖြစ်သည်။

ထိုသခင်ကြီးကုဟု ခေါ်သည့် အဘိုးကြီးမှာ ဘယ်လိုနောက်ခံအင်အားတွေ ရှိနေသလဲ သူ မသိပါ။ ချူးအုပ်စု ရရှိလိုက်သည့် သန်း ၁၀၀ ဖိုးအော်ဒါအကြောင်း သတင်းထွက်သွားသောအခါ တခြားလုပ်ငန်းရှင်တွေကပါ သူတို့ကို ဆက်သွယ်လာကြသည်။

ယခင်တုန်းက သူ့ကို အထင်အမြင်သေးခဲ့သည့် လူတွေပါ ပါဝင်ပါသည်။ ထိုလူတွေထဲမျာ ချန်းဝမ်ချိုင်လည်း အပါအဝင်ဖြစ်သည်။

ချန်းဝမ်ချိုင်က ဟွာချန့်မြို့တွင် ထိပ်တန်း စီးပွားရေးသမားတစ်ဦးဖြစ်ပြီး လုပ်ငန်းနယ်ပယ် ကျယ်ပြန့်သူဖြစ်သည်။ ထိုနယ်ပယ်များအနက် နည်းပညာမြင့် လုပ်ငန်းတစ်ခုကို အရင်က ချင်းမိသားစုနဲ့ အမြဲတမ်း လက်တွဲထားခဲ့တာ ဖြစ်သည်။ သူတို့ လိုအပ်သည့် ကုန်ကြမ်းတွေ အားလုံးကို ချင်းမိသားစု လုပ်ငန်းများမှ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

သခင်ကြီးချင်း၊ သခင်မကြီးချင်းတို့နဲ့လည်း ချန်းဝမ်ချိုင် ရင််းနှီးမှုရှိခဲ့သည်။

မကြာသေးခင်တုန်းက ချင်းမိသားစု ကုန်ကြမ်းများ ပြတ်လပ်သွားသည့် အဖြစ်အပျက် ဖြစ်ခဲ့တုန်းကတောင် ချန်းဝမ်ချိုင်က ချင်းမိသားစုကို လျစ်လျူမရှုခဲ့ဘဲ ကမ်းလှမ်းချက်တွေ ပြုလုပ်ခဲ့သည်။

ဆန်းကြယ်သည့် ပုဂ္ဂိုလ်ကြောင့် ချူးဟမ့် ကုမ္ပဏီအသစ်ကို ရရှိပြီးနောက် ချန်းဝမ်ချိုင်ကို လုပ်ငန်းလက်တွဲရန် ကမ်းလှမ်းဖို့ ကြိုးစားသေးသည်။ သို့သော် ချန်းဝမ်ချိုင်၏ ရုံးခန်းကိုတောင် မဝင်ရောက်နိုင်ခဲ့ပေ။

သို့သော် သခင်ကြီးကုက သူ့ကို သန်း ၁၀၀ တန်ဖိုးရှိသည့် အော်ဒါတွေ ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ချန်းဝမ်ချိုင်၏ လက်ထောက်က သူ့ကို ဖုန်းဆက်လာပြီး ဒီနေ့ည ချန်းအိမ်တော်ကြီးမှာ ကော့တေးပါတီပွဲ တက်ရောက်ဖို့ ဖိတ်ကြားလေသည်။

ချူးဟမ့်နဲ့ ချူးယန်ရှီတို့ သားအဖနှစ်ယောက်စလုံး ဒီပါတီပွဲကို အများကြီး မျှော်လင့်နေမိပါပြီ။

--- --- ---

ဖိတ်ကြားခံရသည့် ဧည့်သည်တွေထဲ ချင်းမိသားစုလည်း ပါဝင်သည်။

ချန်းအိမ်တော် ခန်းမကြီးထဲတွင်…

သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ ရောက်လာတာနဲ့တစ်ပြိုင်နက် အားလုံး အာရုံစိုက်မိသွားကြသည်။

အဘိုးချင်းက Suit တစ်ထည်ကို ကျကျနန ဝတ်ဆင်ထားပြီး အားအင်များ ပြည့်ဝနေပါသည်။

အဘွားချင်းက ဆံပင်တွေ ဖြူနေပြီဖြစ်သော်လည်း အသားအရည်ချောမွတ်ကာ ကျက်သရေရှိသော ပွဲတက်ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားသဖြင့် ရုတ်တရက်ကြည့်လိုက်လျှင် အသက် ၅၀ ဝန်းကျင်သာ ရှိသေးသည်ဟု ထင်ရသည်။

သူတို့နှစ်ယောက်နဲ့အတူ ကျစ်ဆံမြီးလေး နှစ်ဖက်ကျစ်ထားပြီး ပန်းရောင်ဂါဝန်လေးဝတ်ထားသည့် စူစူလေးလည်း ပါလာပါသည်။

… … …

အခန်း(၆၃၇) ဘာအရောင်လိုချင်လဲ

သူတို့ ၃ ယောက်က အလွန်မျက်စိကျစရာ ကောင်းလှပါသည်။

“ကြည့်ပါဦး အဲ့တာ သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ မဟုတ်လား”

“ဟုတ်တယ်။ သူတို့ပဲ။ မှားစရာအကြောင်းမရှိဘူး”

“သူတို့နှစ်ယောက်က အသက် ၈၀ ဝန်းကျင် မဟုတ်ကြဘူးလား။ ဘာလို့ အရမ်းနုနေကြတာလဲ”

“ဟုတ်တယ်နော် အသက် ၈၀ မဟုတ်ရင်တောင် ၇၈ လား ဘာလားပဲ။ ဘယ်လိုများ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြလဲ မသိဘူး။ အရမ်းနုပြီး တက်ကြွနေတာပဲ။ ဒီတိုင်း ခွဲစိတ်ပြုပြင်ထားရုံနဲ့ ရနိုင်တဲ့ ပုံစံမျိုး မဟုတ်ဘူး”

“ပြီးတော့ အဲ့ကလေးမလေးက သူတို့သမီးလေးပဲဖြစ်မယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ!”

“ဟုတ်ပ! သူက ချင်းမိသားစု မျိုးဆက် ၃ ဆက်မှာ တစ်ဦးတည်းသော သမီးမိန်းကလေးလေ။ သခင်ကြီးနဲ့ သခင်မကြီးတို့ရဲ့ စိတ်ကူးအိပ်မက်တွေ တကယ်ဖြစ်လာပြီပေါ့”

“…”

လူတချို့က ချင်းမိသားစုဝင်တွေအကြောင်း တီးတိုးပြောဆိုနေကြသည်။

စူစူလေးက အဘိုးချင်းနဲ့ အဘွားချင်းတို့၏ လက်ကိုတွဲရင်း ယုံကြည်ချက်အပြည့်ဖြင့် လမ်းလျှောက်လာခဲ့သည်။ ကလေးမလေးက ကြီးကျယ်ခမ်းနားသည့် ခန်းမကြီးကို လုံးဝ မကြောက်ရွံ့ပါ။

ဘေးကလူတွေ ချီးကျူးနေတာကို ကြားပြီး စူစူလေး ကျေနပ်နေပါသည်။

သူမက မြင့်မြတ်ပြီး စွမ်းအားကြီးတဲ့ နတ်သားရဲပဲ။ သူမရဲ့ မိဘတွေကလည်း ချောမောကြတယ်။ သူတို့အမှန်တရားပြောနေကြတာ ဘာမှတားစရာ မလိုဘူး!

အမှန်ပင်။ စူစူလေးရှိသည့်နေရာတိုင်း ဟဲပေမူလည်း ရှိပါသည်။

ဟဲပေမူရှိသည့်နေရာတိုင်း ဟူကျစ်လည်း ရှိပါသည်။

အသက် ၁၆ နှစ်အရွယ် ဟဲပေမူက အေးတိအေးစက်ဖြင့် တည်ကြည်လေးနက်နေသည်။ ညစာစားပွဲနဲ့ လိုက်ဖက်စေဖို့အတွက် အနက်ရောင် Suit ကို ဝတ်ဆင်လာရသည်။ ထို့ကြောင့် ပုံမှန်ထက် ပိုမို ရင့်ကျက်နေသည့်ပုံစံပေါက်နေပါသည်။

ဒီနေ့ လူတွေအများကြီးနဲ့ ပါတီပွဲရှိမှန်း သိသဖြင့် ဟူကျစ် လိမ္မာနေပြီး စူစူလေး၏ ရင်ခွင်ထဲမှာ အေးအေးချမ်းချမ်း နားခိုနေလေသည်။

“အစ်ကိုကြီးချင်းနဲ့ မရီးတို့!” ချန်းဝမ်ချိုင်က အပြုံးကျယ်ကျယ်ဖြင့် လျှောက်လာလေသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်ကြပါသည်။ “မစ္စတာချန်း မတွေ့တာ ကြာပြီဗျာ”

“ဟုတ်ပဗျာ။ မတွေ့တာတောင် အတော်ကြာပြီနော်!”။ ထို့နောက် အဘိုးချင်းနဲ့ အဘွားချင်းတို့လက်ထဲက စူစူလေးကို ကြည့်ကာ ချန်းဝမ်ချိုင် ပြောလိုက်သည်။ “ဒါ အစ်ကိုကြီးတို့ရဲ့ သမီးလေးပဲဖြစ်မယ်! တော်တော် ချစ်ဖို့ကောင်းတာပါလား!”

“ဟုတ်တယ် သူက စူစူလေးလေ။ စူစူလေး၊ ဒါ ဦးလေးချန်းလို့ ခေါ်တဘ်”။ အဘိုးချင်းက အပြုံးဖြင့် မိတ်ဆက်ပေးလိုက်ပါသည်။

“တွေ့ရတာ ဝမ်းသာပါတယ် ဦးလေးချန်း”။ စူစူလေးကလည်း လိမ်လိမ်မာမာနဲ့ ပြန်နှုတ်ဆက်လိုက်ပါသည်။

သူမရဲ့ နူးညံ့သိမ်မွေ့သည့် အမူအရာလေးက ချန်းဝမ်ချိုင်ကို စိတ်ကြည်နူးသွားစေသည်။

ထို့အပြင် ဒီအသက်အရွယ်မှာ “ဦးလေး” ဟုအခေါ်ခံရတာကလည်း သူ့ကို ချက်ချင်း ငယ်ရွယ်သွားစေပါသည်။

“အောင်မယ်လေး အစ်ကိုကြီးချင်း ကျုပ်မနာလိုဖြစ်လာပြီနော်။ သတိကြီးကြီးထားကြ။ ဒီနေ့ည ခင်ဗျားတို့အိမ်ကို ကျုပ်ခိုးဝင်လာပြီး ဒီကလေးမလေးကို အိတ်ထဲထည့်ပြီး ပြန်ပေးဆွဲသွားမှာ!”

ထို့နောက် စူစူလေးကို ချန်းဝမ်ချိုင်က စနောက်ကာ မေးလိုက်သည်။ “စူစူလေးက ဘာအိတ်အရောင်ကြိုက်လဲ”

“အနက်ရောင်”။ စူစူလေးက ချက်ချင်း ပြန်ဖြေလိုက်ပါသည်။

ချန်းဝမ်ချိုင် ခေတ္တကြက်သေသေသွားပြီး အားရပါးရ ရယ်မောလိုက်လေတော့သည်။

“ဟားဟားဟားဟား… အနက်ရောင်တဲ့… ငါ့မေးခွန်းကို အတည်ပေါက်ကြီး ဖြေတဲ့ ကလေးမလေး မြင်ဖူးတာ ဒါပထမဆုံးပဲ”

ပြီးတော့ မျက်နှာတည်ကြီးနဲ့ ပြန်ဖြေတာ စိတ်ဝင်စားစရာပဲ!

စူစူလေးက အတည်ပေါက် ထပ်ပြောလိုက်ပါသည်။ “မရယ်ပါနဲ့။ သမီးက အနက်ရောင်ပဲကြိုက်တာ ပန်းရောင် မကြိုက်ဘူး”

ဒါပေမယ့် အခုတော့ ပန်းရောင်ဂါဝန်ကြီး ဝတ်ထားရတယ်…

သူမတူလေးတွေကလည်း ပန်းရောင်လက်ဆောင်တွေ ဝယ်ပေးတုန်းပဲ…

ပန်းရောင်နီ၊ ပန်းရောင်ပြာ၊ ပန်းရောင်စိမ်း…

အကုန်ပန်းရောင်တွေချည့်ပဲ…

အနက်ရောင်က ပိုမိုက်တာကို…

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အဲ့တာဆို စောင့်နေနော်။ ဒီနေ့ည ဦးလေး အနက်ရောင်အိတ်ကြီးနဲ့ စူစူလေးကို ထည့်ပြီး ပြန်ပေးဆွဲမယ်!”။

ထို့နောက် အဘိုးချင်းနဲ့ အဘွားချင်းတို့ကို ချန်းဝမ်ချိုင် အပြုံးဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီးချင်း ကျန်းမာရေး လျှို့ဝှက်ချက်တွေကို မျှဝေပေးပါဦး။ ကျုပ်လည်း ဒီလို ချစ်စရာ သမီးလေးမျိုး ရထားရင် အိပ်မက်ထဲမှာတောင် အမြဲတမ်း ရယ်မောနေရမှာ”

ချန်းဝမ်ချိုင်က အနောက်တစ်ဝက် အတည်တစ်ဝက် ပြောလိုက်ခြင်း ဖြစ်သည်။

… … …

အခန်း(၆၃၈) ညစာစားပွဲမှာ ပဋိပက္ခဖြစ်ခြင်း (၁)

အဘိုးချင်းနဲ့ အဘွားချင်းတို့၏ နုပျိုမှုက အလွန်ထင်ရှားသည်။

သူတို့နဲ့ အတူတူ ယှဉ်ရပ်နေသောအခါ ချန်းဝမ်ချိုင်က သူတို့ထက် အသက်ပိုကြီးသည်ဟု ထင်ချင်စရာပင်ဖြစ်သည်။

ထို့အပြင် အသက် ၇၀ ကျော်မှ ဒီလို ကျန်းမာပြီး ချစ်စရာကောင်းသည့် ကလေးမလေးတစ်ယောက်ကိုပါ မွေးထားနိုင်သေးသည်။

ထို့ကြောင့် ချန်းဝမ်ချိုင် အလွန် အားကျမိပါသည်။

တကယ်ပဲ ကျန်းမာရေး လျှို့ဝှက်ချက်တွေရှိနေပါက သူ ငွေဘယ်လောက်ပဲ သုံးရသုံးရ ရယူလိုပါသည်။

“ဘာလျှို့ဝှက်ချက်မှ မရှိပါဘူးဗျာ။ ကျုပ်တို့ လင်မယား လှပတဲ့ တောင်တန်းတွေပေါ်မှာ သွားနေကြတာ။ ရေကောင်းရေသန့်သောက် လေကောင်းလေသန့်ရှူ၊ အိပ်ရာစောစောဝင်၊ အိပ်ရာစောစောထပြီး စိုက်ပျိုးရေးလေး ဘာလေး လုပ်ကြတာ။ စိတ်ရွှင်တော့ ကိုယ်ပါ ကျန်းမာတာပေါ့ဗျာ”။ အဘိုးချင်းက ဆိုသည်။

အမှန်ပင်။ သူတို့ရဲ့ သမီးလေးလို ချစ်ဖို့ကောင်းပြီး လိမ္မာသည့် ကလေးတစ်ယောက် မွေးချင်ပါက လုံးဝ မဖြစ်နိုင်ပါ။ ချန်းဝမ်ချိုင် စိတ်ကူးတောင် မယဉ်သင့်ပေ။

အဘိုးချင်းတို့လင်မယားနဲ့ ချန်းဝမ်ချိုင်တို့ ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြစဉ် ချူးဟမ့်လည်း ချူးယန်ရှီနဲ့အတူ ညစာစားပွဲသို့ ရောက်ရှိလာပါသည်။

ခမ်းနားထည်ဝါသည့် ခန်းမကြီးကို ကြည့်ရင်း ချူးယန်ရှီ အနည်းငယ် ရီဝေသွားသည်။ ဒီလို ညစာစားပွဲမျိုးကို မတက်ရောက်ရတာ ဘယ်လောက်ကြာပြီမှန်းတောင် မမှတ်မိတော့ပါ။

ယခင်ဘဝတုန်းက သူမအဖေနဲ့ လင်းယုရှန်းတို့ ကွာရှင်းပြီးသည့်နောက်ပိုင်း သူမ ဒီလို အခွင့်အလမ်းမျိုးတွေ မရရှိတော့ပေ။ ထိုအချိန်ကစလို့ ညစာစားပွဲ ဖိတ်ကြားခံရဖို့ နေနေသာသာ ညစာစားပွဲ တက်ရောက်ရန် ဝတ်ဖို့ လှလှပပ အဝတ်အစားတောင် မရှိတော့ပါ။

ညစာစားပွဲရှိ လူအများစုက ချူးဟမ့်ကို မသိကြပေ။ ထို့ကြောင့် ချူးဟမ့်ရောက်လာသောအခါ ဘယ်သူမှ စကားလာမပြောကြပါ။

ချူးဟမ့် ဘေးပတ်လည်ကို လျှောက်ကြည့်လိုက်ပြီး ထောင့်တစ်နေရာမှာ အဘိုးချင်းတို့ လင်မယားနဲ့ စကားပြောနေသည့် ချန်းဝမ်ချိုင်ကို မြင်သွားသည်။ ထို့ကြောင့် ချူးယန်ရှီကို ခေါ်ပြီး လျှောက်သွားခဲ့ပါသည်။

“မစ္စတာချန်း”

ခေါ်သံကြားတော့ ချန်းဝမ်ချိုင် လှည့်ကြည့်လိုက်ပြီး ချူးဟမ့်ကို မြင်သွားသည်။ ချန်းဝမ်ချိုင် ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်ပါသည်။ “ဪ မစ္စတာချူးလည်း ရောက်လာပြီကိုး!”

“မစ္စတာချန်းရဲ့ ဖိတ်ကြားမှုကို ခံရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ မလာလို့ ဖြစ်ပါ့မလား”။ ချူးဟမ့်က အပြုံးများဖြင့် ပြည့်နှက်နေပါသည်။

“မစ္စတာချူးက ဖော်ရွေလိုက်တာ”။ ချူးဟမ့်ကို ချန်းဝမ်ချိုင် အကဲခတ်လိုက်ပြီး ပြောလိုက်သည်။ “မစ္စတာချူးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ရင့်ကျက်လိမ့်မယ်လို့ ထင်မထားဘူး။ ကုမ္ပဏီသစ်တစ်ခု တည်ထောင်ထားတာကို လျှို့ဝှက်ချက်တွေ ပေါ်လာမှ ဖော်ထုတ်ပြတယ်နော်”

“မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပင်မကုမ္ပဏီက အခက်အခဲတချို့နဲ့ ကြုံခဲ့ရလို့လေ။ အဲ့တာကြောင့်ပါ”။ ချူးဟမ့်က ပြန်ပြောလိုက်သည်။

“အဲ့လောက်ကြီး မနှိမ့်ချပါနဲ့။ သခင်ကြီးကုရဲ့ ချီးမြှောက်မှုကိုတောင် ခံထားရတော့ မစ္စတာချူးက တစ်ခုခု ထူးခြားလို့ပဲ နေမှာ”။ ချန်းဝမ်ချိုင် ချီးကျူးလိုက်ပါသည်။

“အဲ့လိုလည်း မဟုတ်ပါဘူး”။ ချူးဟမ့် ပြုံးလိုက်ပြီး သခင်ကြီးကုနဲ့ ပတ်သတ်မှုအကြောင်း မပြောချင်သဖြင့် တမင်သက်သက် စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒါနဲ့ မစ္စတာချန်း။ ခင်ဗျားကုမ္ပဏီက ထုတ်ကုန်သစ်အတွက် ရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေနေတယ်ဆို”

“ဟုတ်ပါတယ်”။ ချန်းဝမ်ချိုင် မေးခွန်းကို ပြန်ဖြေရင်း အဘိုးချင်းတို့ ရှိရာဘက်သို့ ၂ ကြိမ်လောက် မသိမသာ လှည့်ကြည့်မိသည်။

အဘိုးချင်းတို့ လင်မယားကတော့ အတော်လေး တည်ငြိမ်နေကြပြီး သူတို့ သမီးလေးကိုသာ အာရုံစိုက်ထားကြကာ ပြုံးရွှင်နေကြလေသည်။ ချန်းဝမ်ချိုင်နဲ့ ချူးဟမ့်တို့၏ စကားဝိုင်းကို ဂရုစိုက်ပုံမပေါ်ပါ။

ချန်းဝမ်ချိုင်နဲ့ ချူးဟမ့်တို့ စကားပြောနေစဉ် ချူးယန်ရှီကတော့ စူစူလေးကိုသာ စိုက်ကြည့်နေပါသည်။

စူစူလေးဝတ်ဆင်ထားသည့် လှလှပပ ဂါဝန်လေးက ထိပ်တန်း ဘရန်းတစ်ခု၏ Custom-made ဒီဇိုင်းဖြစ်သည်။

ဒီလို ကလေးဝတ် Custom-made တွေက လူကြီးဝတ်တွေထက်ပင် ပိုမို ရှားပါသေးသည်။

သူမ လည်ပင်းမှာဆွဲထားသည့် ယုန်ဖြူလည်ဆွဲလေးက အရည်အသွေးမြင့် ဂျေဒိုက်ကျောက်စိမ်းဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး လက်မှာ ဝတ်ထားသည့် ပုတီးလုံးလက်ကောက်လေးတွေကလည်း ထိုဂျေဒိုက်ကျောက်စိမ်းဖြင့်ပဲ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

ဂါဝန်သေးသေးလေးရဲ့ ရင်ဘတ်မှာ ထိုးထားသော ချယ်ရီရင်ထိုးပေါ်ရှိ ချယ်ရီလုံးလေးများကို ပတ္တမြားစစ်စစ်ဖြင့် ပြုလုပ်ထားပြီး အတံကိုတော့ ပြောင်ခေါင်းစိမ်းကျောက်ဖြင့် ပြုလုပ်ထားသည်။

သူမကတော့…

ချူးယန်ရှီ သူမရဲ့ ရိုးရိုးရှင်းရှင်း ဂါဝန်လေးကို ငုံ့ကြည့်လိုက်သည်။ ရှော့ပင်းမောတစ်ခုမှ ဝယ်ထားသည့် အနည်းငယ် ဈေးကြီးရုံသာရှိသည်ဟု ဆိုနိုင်သော ဂါဝန်လေးဖြစ်သည်။

ချူးယန်ရှီ ရင်ထဲ မနာလိုစိတ်များ ဖြစ်ပေါ်လာ၏။

ချင်းစူစူက သူမရဲ့ ရင်ထဲမှာ ပြိုင်ဘက်တစ်ယောက်လို ဖြစ်တည်လာသည်။ သူမနဲ့ ချင်းစူစူတို့ရဲ့ ကွာခြားမှုကို မြင်ပြီး သူမ နှလုံးသားကို မီးကင်နေသလို ခံစားရလေသည်။

ချူးယန်ရှီ အတွေးနယ်လွန်နေစဉ် ချန်းဝမ်ချိုင်က ရုတ်တရက် သူမကို လှမ်းကြည့်လိုက်လေသည်။

… … …

အခန်း(၆၃၉) ညစာစားပွဲမှာ ပဋိပက္ခဖြစ်ခြင်း (၂)

“ဒါ မစ္စတာချူးရဲ့ သမီးလေး ရှောင်းရှီမလား”။ ချန်းဝမ်ချိုင်က မေးလိုက်သည်။

ချူးယန်ရှီ၏ အမည်ကို ချန်းဝမ်ချိုင်က သိနေသဖြင့် ချူးဟမ့် အံ့အားသင့်သွားလေသည်။

“ဟုတ်ပါတယ်။ ကျွန်တော့်သမီးလေးပါ”။ ချူးဟမ့်က ချူးယန်ရှီကို ရှေ့ဆွဲခေါ်လိုက်သည်။ “ရှောင်းရှီလေး ဘိုးဘိုးချန်းကို အမြန်နှုတ်ဆက်လိုက်လေ”

“တွေ့ရတာ ဝမ်းသာပါတယ် ဘိုးဘိုးချန်း”။ ချိုမြိန်သော အသံလေးဖြင့် ချူးယန်ရှီ နှုတ်ဆက်လိုက်ပါသည်။

ချန်းဝမ်ချိုင်လည်း ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပါသည်။ “ဟုတ်ပြီ ဟုတ်ပြီ။ ရှောင်းရှီလေးက လိမ္မာလိုက်တာ”

ချူးယန်ရှီကို ချီးကျူးပြီးနောက် ချန်းဝမ်ချိုင်က လက်ထောက်ဖြစ်သူကို ခေါ်ကာ တစ်စုံတစ်ခု ယူလာခိုင်းလိုက်သည်။

“ရှောင်းရှီလေး၊ ဘိုးဘိုးကြီးတစ်ယောက်က သမီးအတွက် လက်ဆောင်လေးတစ်ခု စီစဉ်ပေးထားတယ်။ ဘိုးဘိုးကနေ တဆင့်ပေးခိုင်းလိုက်တာ”

ထိုသို့ပြောပြီးနောက် တန်ဖိုးကြီး Custom-made လက်ဝတ်ရတနာတစ်စုံကို ချူးယန်ရှီအား ပေးလိုက်ပါသည်။

ချူးယန်ရှီ ကြက်သေသေသွားသည်။ လက်ဝတ်ရတနာတွေဆီမှ မျက်လုံးမခွာနိုင်အောင် ဖြစ်သွားလေသည်။

ဒီလို ခမ်းနားသည့် လက်ဝတ်ရတနာများကို အရင်ဘဝတုန်းကတောင် သူမ မပိုင်ဆိုင်ခဲ့ရဖူးပေ။

မကြာသေးခင်ကမှ ချင်းစူစူ၏ တန်ဖိုးကြီး လက်ဝတ်ရတနာများကို သူမ မနာလိုဖြစ်နေခဲ့သည်။ အခုတော့ ချင်းစူစူထက် ပိုမို တန်ဖိုးကြီးသည့် လက်ဝတ်ရတနာများက သူမရှေ့ကို အလိုလို ရောက်လာခဲ့လေပြီ။

ချူးဟမ့်လည်း ထိုနည်းလည်းကောင်း ကြက်သေသေသွားသည်။

ဒီအဘိုးကြီးက ဘယ်သူများလဲ။ ရက်ရောလှချည်လား!

“သမီးအတွက်လား”။ ချူးယန်ရှီ မှင်သက်စွာ မေးလိုက်သည်။

ချန်းဝမ်ချိုင်က ပြုံးကာ ပြောလိုက်ပါသည်။ “ဟုတ်တယ်။ ဒီလို ကလေးတစ်ယောက်ကို ဒီလိုပစ္စည်းမျိုးပေးတာ မသင့်တော်ဘူးဆိုပေမယ့် ဘိုးဘိုးရဲ့ မိတ်ဆွေကြီးက တခြား ဘာပေးရမှန်း မသိလို့တဲ့”

ချူးဟမ့် ပျော်ရွှင်စိတ်ကို ထိန်းချုပ်ပြီး ယဉ်ကျေးစွာ ပြောလိုက်ပါသည်။ “မဟုတ်တာ မစ္စတာချန်း။ ဒီပစ္စည်းတွေက တန်ဖိုးကြီးလွန်းပါတယ်။ ကျွန်တော်တို့ ရှောင်းရှီလေး လက်ခံနိုင်မှာ မဟုတ်ဘူး”

“မစ္စတာချူး ဘာမှ အားနာစရာမလိုဘူး။ ဒီပစ္စည်းတွေက ကျုပ်ပေးတာ မဟုတ်ဘူးလို့ ပြောထားပြီးသား။ ဒါတွေကို မစ္စတာကုက ပေးသွားတာပါ” ချန်းဝမ်ချိုင် ရှင်းပြလိုက်လေသည်။

မစ္စတာကုဆိုသည်မှာ သခင်ကြီးကု၏ အငယ်ဆုံးသား ဖြစ်သည်။

သခင်ကြီးကု၏ သား ၃ ယောက်စလုံးက အလွန်ထူးချွန်ပြီး လိမ္မာကြသည်။

“အဲ့လိုဆိုရင်တောင်… မဖြစ်သေးပါဘူး။ မသင့်တော်ဘူးလေ…”။ ချူးဟမ့်က တွန့်ဆုတ်ချင်ယောင် ဆက်ဆောင်နေလေသည်။

ဒါကိုမြင်တော့ ချန်းဝမ်ချိုင်က ပြောလိုက်၏။ “ဪ ဒါတွေက မစ္စတာချူးအတွက် မဟုတ်ဘူးနော်။ ရှောင်းရှီလေးအတွက်ပါ။ ရှောင်းရှီလေး အရွယ်ရောက်လာရင် သုံးမယ့် ခန်းဝင်ပစ္စည်းအဖြစ် သဘောထားလိုက်ပေါ့”

ဒါကိုကြားတော့ ချူးးဟမ့် သက်ပြင်းချလိုက်ပါသည်။ “မစ္စတာချန်းက ဒီလိုပြောတော့လည်း ကျွန်တော်တို့ ငြင်းလို့ မရတော့ဘူးပေါ့။ ရှောင်းရှီလေးကိုယ်စား လောလောဆယ် ကျွန်တော် လက်ခံပေးထားပါ့မယ်။ မစ္စတာကုကိုလည်း မျက်နှာချင်းဆိုင် ဆုံပြီး ကျေးဇူးတင်ချင်ပါသေးတယ်”

“ဟုတ်ပြီ။ မစ္စတာကုနဲ့ ဆုံသင့်ပါတယ်။ ဒါပေမယ့် ခင်ဗျားက သူ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူး။ သူတို့က ကျေးဇူးတင်ရမှာ”။ ချူးဝမ်ချိုင် ပြောလိုက်သည်။

ချူးယန်ရှီ အံ့အားသင့်တုန်လှုပ်နေဆဲဖြစ်သည်။

ဒီအဘိုးကြီးက သူမ ထင်ထားတာထက် ပိုထူးဆန်းနေပါလား!

ဒီအဘိုးကြီးကြောင့်နဲ့ သူမ ကံကြမ္မာ ပြောင်းလဲသွားနိုင်တယ်!

ချင်းစူစူကို သူမ လှည့်ကြည့်လိုက်သည်။

ချင်းစူစူ၏ မနာလိုဖြစ်နေသော မျက်လုံးများကို မြင်ရဖို့ မျှော်လင့်ထားသော်လည်း ချင်းစူစူက သူမကို ကြည့်ပင် ကြည့်မနေပေ။

“ဟူကျစ် မစားနဲ့တော့လို့ ပြောနေတယ်။ ဗိုက်ကြီး ပူနေပြီ!”။ စူစူလေးက ဟူကျစ်ကို အစားအသောက် ထိန်းထိန်းသိမ်းသိမ်းစားဖို့ ဆုံးမနေလေသည်။

အစားများများစားမှ အရပ်ရှည်လာမှာ မှန်သော်လည်း အစားလွန်ပြီး ဗိုက်လည်း နာတတ်သေးသည်။

“မြောင်~ မြောင်~”။ ဟူကျစ်က တိုးညှင်းစွာ ဆန္ဒပြလိုက်ပါသည်။

သူလည်း အရပ်ပိုရှည်လာချင်ပါသည်။

“နင်ဗိုက်ထပ်နာရင် ဦးလေးပိုင်ဟူကျစ်ကို ဆေးမကုခိုင်းဘူးနော်”။ စူစူလေး သတိပေးလိုက်၏။

“မြောင်~”

ဟူကျစ် အရှုံးပေးလိုက်၏။ သူဗိုက်မနာချင်တာတော့ သေချာပါသည်။

သူမကို ချင်းစူစူ မမြင်သေးဘူးဟု ယူဆကာ ချူးယန်ရှီ တမင်တကာ သွားနှုတ်ဆက်လိုက်သည်။ “စူစူ နင်လည်း ရောက်နေတာလား”

… … …

အခန်း(၆၄၀) ညစာစားပွဲမှာ ပဋိပက္ခဖြစ်ခြင်း (၃)

နောက်ဆုံးတော့ စူစူလေး ခေါင်းမော့လာပြီး ချူးယန်ရှီကို ကြည့်လိုက်ပါသည်။ သို့သော် ချူးယန်ရှီ၏ မျက်နှာကို မြင်မြင်ချင်း ချက်ချင်း ခေါင်းပြန်ငုံ့ကာ ဟူကျစ်နဲ့ စကားဆက်ပြောနေပါသည်။

စူစူလေးက ချူးယန်ရှီကို လုံးဝ စိတ်မဝင်စားပါ။

သူမ စိတ်မဝင်စားတဲ့လူတစ်ယောက်အတွက် ဘာလို့ အချိန်ဖြုန်းရမှာလဲ။

သူမက ပိုင်ကျဲနတ်သားရဲပဲဥစ္စာ။ သူမကို စကားလာပြောတဲ့လူတိုင်းကို ပြန်ပြောရင် သိက္ခာကျမှာပေါ့။

ချူးယန်ရှီကတော့ တစ်ယောက်တည်း စကားဆက်ပြောနေလေသည်။ “စူစူ ဒါ နင့်ကြောင်လေးလား ချစ်ဖို့ကောင်းလိုက်တာ”

ထို့နောက် ဟူကျစ်၏ ခေါင်းလေးကို ပွတ်သပ်ပေးဖို့ ချူးယန်ရှီ လက်လှမ်းလိုက်သည်။

“ရှဲ--!!”။

စူစူလေးရဲ့ ပေါင်ပေါ်မှာ တစ်ချိန်လုံး လိမ်လိမ်မာမာ အိပ်နေသည့် ဟူကျစ်က ဆတ်ခနဲထလာပြီး ချူးယန်ရှီကို အစွယ်ပြကာ မာန်ဖီလိုက်ပါသည်။

ချူးယန်ရှီ ထိတ်လန့်ကာ မျက်နှာ ဖြူဖပ်သွားသည်။

“ဟူကျစ် မဆိုးနဲ့။ သူ့ကို မသိချင်ယောင် ဆောင်လိုက်”။ စူစူလေးက ဟူကျစ်ကို ပွတ်သပ်ပေးပြီး ပြန်လှဲခိုင်းလိုက်သည်။

“မြောင်~”

သူ့ကို လူဆိုးတွေ လာကိုင်လို့ မရဘူး!

“လိမ်လိမ်မာမာနေ။ သူ့ကို ကိုင်ခွင့်မပေးနဲ့။ ပြီးတော့ ဂရုလည်း မစိုက်နဲ့”။ စူစူလေးက ဆုံးမလိုက်သည်။

“မြောင်~”။ စူစူလေး၏ စကားကို ကြားသောအခါ ဟူကျစ် ပြန်လှဲလိုက်ပြီး ခြေထောက်ကိုပွတ်သပ်ကာ ချွဲနေလိုက်ပါသည်။

“စူစူ နင့်ကြောင်လေးက ငါ့ကို သဘောမကျဘူးထင်တယ်…”။ ချူးယန်ရှီက ဝမ်းနည်းစွာ ပြောလိုက်သည်။

“ဟုတ်တယ်။ ဟူကျစ်က နင့်ကို သဘောမကျဘူး။ ငါလည်း နင့်ကို သဘောမကျဘူး”။ စူစူလေး တဲ့တိုး ပြောလိုက်လေသည်။

သူမ သဘောမကျသည့် အရာတွေကို ပြောရင်တောင် စူစူလေးက သွယ်ဝိုက်မပြောတတ်ပေ။

စူစူလေး၏ စကားကိုကြားပြီး ချူးယန်ရှီ စိတ်ဓာတ်ကျချင်ယောင် ဆောင်ကာ ချူးဟမ့်၏ ခြေထောက်ကို သွားဖက်ပြီး တီးတိုးပြောလိုက်လေသည်။ “ဖေကြီး… စူစူလေးက သမီးကို သဘောမကျဘူးလို့ ပြောတယ်”

ချူးဟမ့်က ချူးယန်ရှီ၏ ခေါင်းလေးကို ပွတ်ပေးရင်း နှစ်သိမ့်လိုက်ပါသည်။ “ရှောင်းရှီလေးက လိမ္မာပါတယ်။ စူစူလေးက သူ့ဖာသာသူ တစ်ယောက်တည်း ကစားချင်လို့နေမှာပါ။ ကလေးတစ်ယောက်က အတူတူ မကစားချင်ဘူးဆိုရင် သူ့အကြောင်းပြချက်နဲ့သူ ရှိလိမ့်မယ်။ သူ့ဆုံးဖြတ်ချက်ကို လေးစားပြီး အခက်တွေ့အောင် မလုပ်ရဘူး”

“ရှောင်းရှီက မလိမ္မာလို့ စူစူလေးက ရှောင်းရှီလေးကို သဘောမကျတာလား။ ဒါမှမဟုတ် ရှောင်းရှီလေး အမှားတစ်ခုခု လုပ်မိလို့လား။ မဟုတ်ရင် စူစူလေးကော သူ့ကြောင်လေးကော ဘာလို့ သမီးကို သဘောမကျရတာလဲ”။ ချူးယန်ရှီ မျက်ရည်များ ဝဲကာ မေးလိုက်ပါသည်။

“အဲ့လို မဟုတ်ပါဘူး။ ရှောင်းရှီလေးက အရမ်းလိမ္မာပါတယ်။ စူစူလေးက ဖေကြီးတို့ ရှောင်းရှီလေးလို အများနဲ့ မကစားချင်လို့နေမှာပါ”။ ချူးဟမ့် ထပ်ပြီး နှစ်သိမ့်ပေးလိုက်ပါသည်။

ချူးဟမ့်က ချန်းဝမ်ချိုင်ရှေ့မှာ သဘောကောင်းပြီး နူးညံ့သိမ်မွေ့သည့် အဖေတစ်ယောက်အဖြစ် သရုပ်ဆောင်နေခြင်း ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် အဘိုးချင်းတို့လင်မယားကတော့ သူတို့သမီးကို အလွန်အလိုလိုက်ထားပုံ ရပါသည်။

သူတို့ သမီးရဲ့ကြောင်က တခြားကလေးတစ်ယောက်ကို မာန်ဖီနေမှန်း မြင်သော်လည်း မတောင်းပန်သည့်အပြင် ကြောက်လန့်သွားသည့် ကလေးကိုပါ လျစ်လျူရှုခဲ့သည်။ သူတို့သမီးကိုလည်း မဆုံးမကြပါ။

နှစ်ဖက်အဖွဲ့၏ ကွာခြားမှုက အလွန်မြင်သာလွန်းပါသည်။

အဘွားချင်းက ပြုံးကာ ဝင်ပြောလိုက်လေသည်။ “ကျွန်မတို့ သမီးလေးက ပုံမှန်ဆို တခြားကလေးတွေကို ခင်တတ်ပါတယ်။ ကလေးတစ်ယောက်ကို သူလျစ်လျူရှုနေရင် အရင်က မကောင်းတာ တစ်ခုခု ဖြစ်ဖူးလို့ပဲ နေမှာ။ မစ္စတာချူးရဲ့သမီးနဲ့ ကျွန်မရဲ့ သမီးလေးက အတန်းဖော်တွေပဲဥစ္စာ။ တစ်ကြိမ်မက ဆုံဖူးမှာပဲ။ ကျွန်မသမီးလေး သူ့ကို ဘာလို့ သဘောမကျရတာလဲ မသိဘူးလား”

အဘွားချင်းက အလွယ်တကူ အစော်ကားခံမည့်သူ မဟုတ်ပါ။ အထူးသဖြင့် သူမ သမီးလေးနဲ့ ပတ်သတ်လာသည့် ကိစ္စတွေဆို ပိုပြီး ဆတ်ဆတ်ထိမခံဖြစ်တတ်သည်။ တစ်ယောက်ယောက်က သူမ သမီးလေးကို ရိုင်းစိုင်းသည်ဟု စွပ်စွဲလာလျှင် ကျိန်းသေပေါက် ပြန်တုန့်ပြန်မည်ဖြစ်သည်။

သူများရဲ့ ညစာစားပွဲရောက်နေလည်း ဂရုမစိုက်ပါ။

ဒါကိုကြားတော့ ချူးဟမ့် အနေခက်စွာ ပြုံးလိုက်ပါသည်။

ချူးယန်ရှီ နှုတ်ခမ်း ပိုစူသွားပြီး မျက်ရည်တွေလည်း ပိုဝဲလာကာ ငိုတော့မည်ပုံစံပေါက်နေပါသည်။

အခြေအနေတွေကိုမြင်တော့ ချန်းဝမ်ချိုင်လည်း ဝင်ဖြေရှင်းပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။ “စိတ်မဆိုးပါနဲ့ မရီးရယ်။ ကလေးတွေကြားထဲ ပဋိပက္ခဖြစ်တတ်တာ ပုံမှန်ပါပဲ။ အတည်ပေါက်ကြီး မှတ်စရာမလိုပါဘူး”

… … …

All Chapters