စာကြည့်တိုက်ရှိ နဝမမြောက် လှေကားထစ်
Vol. 18 Ch. 256
ကျောက်စိမ်းစာလိပ်၏ နိဒါန်းကို မြင်ပြီးနောက် ယီယွင်မှာ အကူအညီမရနိုင်သော်လည်း မျှော်လင့်ချက်တချို့ကိုရရှိနိုင်သည်ဟု ခံစားမိသည်။
ရှုထောင့်ပုံရိပ် သည် စစ်သည်တော်၏ ယွမ်ချီ ကို တိုးတက်စေရုံသာမက ရန်သူများကို တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သည်။
ဥပမာအားဖြင့် ဓားသမားတစ်ဦး၏ ရှုထောင့်ပုံရိပ် သည် ဓားပုံသဏ္ဍာန်လည်း ဖြစ်နိုင်ပေမည်။ ၎င်း၏ ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းပြီးသောအခါ စက္ကန့်ပိုင်းအတွင်း မီတာသုံးရာအကွာတွင်ရှိသော ရန်သူကို သတ်ပစ်နိုင်သည်။
ဓားသမားတော်တော်များများမှာ ၎င်းတို့၏ ရှုထောင့်ပုံရိပ် ကို ဓားပုံသဏ္ဍာန်နဲ့ လိုချင်ကြသည်။ ဓားသမားများအတွက် ၎င်းသည် အကောင်းဆုံးသော ရှုထောင့်ပုံရိပ် အမျိုးအစားဖြစ်သည်။
ကံမကောင်းစွာဖြင့် ဓားသမားတိုင်းသည် ရှုထောင့်ပုံရိပ် ကို ဓားပုံသဏ္ဍာန်အဖြစ် ဖွဲ့စည်းနိုင်မည်မဟုတ်ပေ။
“ ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းတဲ့အခါ ဘယ်လိုပုံစံ ဖြစ်မလဲမသိဘူး" ဟု ယီယွင် က သူ၏ ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းမည့်အချိန်ကို မျှော်လင့်နေမိသည်။
ထို့နောက် ယီယွင်မှာ ကျောက်စိမ်းစာလိပ်အတွင်းမှ ဆန်းကြယ်ပုံရိပ် နည်းစနည်းများကို စူးစမ်းလေ့လာနေသည်။
"နတ်သိုင်းပညာ ရှုထောင့် လဲလှယ်စျေးနှုန်း- မှော်နဂါးကြေးပါး ၅၀,၀၀၀'နတ်သိုင်းပညာ ရှုထောင့်'ကို ကျွမ်းကျင်ရန် ခွန်အားကို အခြေခံသောပျက်စီးခြင်း သားရဲများကို အမဲလိုက်ရမည်။ ဥပမာ- အိုမီဂါမျောက်ဝံ သံချပ်ကာကြံ့ တောင်တစ်ထောင် ၀က်ဝံ..."
"'နတ်သိုင်းပညာ ရှုထောင့်' ကို ကျွမ်းကျင်ရန် စစ်သည်တော်၏ သွေးနှင့် ချီ အုတ်မြစ်အတွက် လိုအပ်ချက်များသည် အလွန်မြင့်မားသည်။ ၎င်းတို့မှာ သိပ်သည်းပြီး သန်မာရန်လည်း လိုအပ်ပေသည်။ သန်မာသော ခန္ဓာကိုယ်ရှိသူများသာ ၎င်းတို့၏ ခန္ဓာကိုယ်တစ်လျှောက် တဟုန်ထိုးတက်လာသော ပျက်စီးခြင်းစွမ်းအားများကို ကြံကြံခံနိုင်စွမ်း ရှိမည်ဖြစ်သည်။ ‘နတ်သိုင်းပညာ ရှုထောင့်' ကို ကျွမ်းကျင်သည်နှင့် တပြိုင်နက် ၎င်းတို့သည် သားရဲကဲ့သို့ ရှုထောင့်ပုံရိပ် ကိုဖွဲ့စည်းနိုင်မည် ဖြစ်သည်။ ကိုယ်ခန္ဓာမှ ခွန်အားများ တိုးလာကာ တောင်များကိုပင် ကိုင်မြှောက်လာနိုင်မည်"
ယီယွင်သည် ၎င်းဆန်းကြယ်ပုံရိပ် နည်းစနစ်၏ မိတ်ဆက်နိဒါန်းကို မြင်ပြီးနောက် ၎င်းသည် ချိုးနျို အတွက် အသင့်တော်ဆုံး ဆန်းကြယ်ပုံရိပ် နည်းစနစ်တစ်ခုဖြစ်ကြောင်း ချက်ချင်းခံစားလိုက်ရသည်။
ချိုးနျို သည် 'တောင်တစ်ထောင်၀က်ဝံ' နှင့်ဆင်တူသော ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းလိုက်သည်နှင့် ၎င်းသည် လူသားပုံပေါက်သော ရှေးဦးပျက်စီးခြင်း သားရဲတစ်ကောင် ဖြစ်လာနိုင်သည်။ ယင်းကို 'ကြမ်းတမ်းမှု' ဟူသော စကားလုံးဖြင့်သာ ဖော်ပြနိုင်သည်။
သို့သော် ၎င်းမှာ ယီယွင် နှင့် မလိုက်ဖက်ပေ။ ခွန်အားကို အသုံးပြု၍ တိုက်ပွဲဝင်ရန်မှာ ကန့်သတ်ချက်များလွန်းလှသည်။
ယီယွင်က ဆက်လက်ကြည့်ရှုရာ “ကောင်းကင် မီးဂိုဏ်း” မှော်နဂါးကြေးပြား ၆၀၀၀၀ တန်ကြေးရှိသည်။
၎င်းမှာ မီးဒြပ်စင် ပျက်စီးခြင်း သားရဲများကို အမဲလိုက်ခြင်းဖြင့် မီးဒြပ်စင် ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းစေနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ မီးဒြပ်စင် နှင့် ယွမ်ချီ အလွန်အမင်းကျွမ်းကျင်သော စစ်သည်များအတွက် အသင့်တော်ဆုံးဖြစ်သည်။
“အဆိပ်မြူခိုး လျှိ့ဝှက်စာအုပ်” မှော်နဂါးကြေးပြား ၃၅၀၀၀ တန်ကြေးရှိသည်။
၎င်းသည် အဆိပ်ရှိသော ကပ်ပါးကောင်များကို မွေးမြူသည့် ဆန်းကြယ်သော နည်းစနစ်တစ်ခုဖြစ်သည်။ အလွန်အဆိပ်ပြင်းသော ပျက်စီးခြင်း သားရဲများကို အမဲလိုက်ကာ ၎င်းတို့၏အဆိပ်များကို စုဆောင်းခြင်းဖြင့် အဆိပ်သင့်စေသော ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းနိုင်သည်။ ၎င်းကို ဖွဲ့စည်းပြီးသည်နှင့် အဆိပ်ငွေ့များကို ပျံ့နှံ့နိုင်စေပြီး ငါးကီလိုမီတာအတွင်းရှိ သက်ရှိအားလုံးကို အရိုးမျှသာ ကျန်ရစ်စေသည်အထိ ပြုလုပ်နိုင်သည်။
ယီယွင် သည် ပုံရိပ်နည်းစနစ်စာရင်းများကို ရှာဖွေနေရင်း ဆန်းကြယ်ပုံရိပ် နည်းစနစ်အများအပြားသည် သီးခြားဒြပ်စင်တစ်ခုဖြစ်သည့် ရေခဲ မီး မြေကြီး သန့်စင်သော ခွန်အား သို့မဟုတ် အမြန်နှုန်းအပေါ် အခြေခံထားကြောင်း သဘောပေါက်သွားသည်။
သို့သော် ယီယွင်သည် ထိုနည်းစနစ်များထဲမှ တစ်ခုမှ ၎င်းနှင့် သင့်တော်မည့် နည်းစနစ်ကို ရှာမတွေ့ခဲ့ပေ။
စစ်သည်တော်များစွာသည် သီးခြားဒြပ်စင်ဥပဒေနှင့် သဘာဝအရ ဆက်စပ်မှုရှိကြသည်။ ဥပမာအားဖြင့် ချူရှောင်ရန် သည် အအေးရေခဲ ယွမ်ချီ ကို သဘာဝအတိုင်း ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့် သူမဖန်တီးထားသော ရှုထောင့်ပုံရိပ်မှာ ရေခဲဖြစ်မည် ဖြစ်သည်။
ယီယွင်မှာ ထိုကဲ့သို့ ယွမ်ချီ အမျိုးအစားများကို ကောင်းကောင်းထိန်းချုပ် နိုင်စွမ်းမရှိပေ။
သို့သော်လည်း ယီယွင်တွင်ရှိသော ခရမ်းရောင်သလင်းကျောက်ဖြင့် မည့်သည့်စွမ်းအင်ကိုမဆို ထိန်းချုပ်နိုင်လေသည်။
ကောင်းကင်အဆင့် ယွမ်ချီ ပျက်စီးခြင်း စွမ်းအား ထိုအရာများမှာ စွမ်းအင်ပုံစံဖြစ်သရွေ့ ယီယွင်က ကောင်းမွန်စွာထိန်းချုပ်နိုင်သည်။
ဘယ်ဆန်းကြယ်ပုံရိပ် နည်းစနစ်က မိမိအတွက် အသင့်တော်ဆုံးဖြစ်မလဲ။
ယီယွင် သည် နည်းစနစ်စာရင်းအား အကြိမ်ကြိမ် လှန်လှောကာ ကျောက်စိမ်းစာလိပ်ရှိ လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်အားလုံးကို ရှာဖွေပြီးနောက်တွင် မိမိအတွက် သင့်လျော်မည့်တစ်ခုတစ်လေကိုမျှ ရှာမတွေ့သေးပေ။
"ဘာ... ဒီထဲက တစ်ခုမှ မသင့်တော်ဘူး"
ယီယွင် မျက်မှောင်ကြုတ်တာကိုမြင်တော့ ခန်းယန် လည်း မျက်မှောင်ကြုတ်သွားလေသည်။ ၎င်း၏ ကျောက်စိမ်းလိပ်တွင်ပါရှိသော ဆန်းကြယ်ပုံရိပ် နည်းစနစ်များသည် ယွမ် အုတ်မြစ်ချနယ်ပယ်၏ အစောပိုင်းအဆင့်တွင် စစ်သည်များအတွက် အသင့်တော်ဆုံးသော ဆန်းကြယ်မှု နည်းစနစ်များဖြစ်သည်။ အရည်အသွေးမြင့်သော်လည်း သင်ယူရန် မခက်ခဲပေ။ ယွမ်မတိုင်မီ ရှုထောင့်တစ်ခုကို ဖွဲ့စည်းလိုသော ယီယွင် အတွက် အသင့်တော်ဆုံးဖြစ်သည်။သို့သော် ယီယွင်မှာ ထိုနည်းစနစ်လောက်ဖြင့် မကျေနပ်နိုင်ပေ။
"ဘာကို မကျေနပ်တာလဲ" ခန်းယန်က မေးလိုက်သည်။
"ဒီဆန်းကြယ်ပုံရိပ် နည်းစနစ်တွေက မဆိုးပါဘူး ဒါပေမယ့်... အဲဒါတွေက အကန့်အသတ်တွေရှိတယ်..." ယီယွင် က ပါးနပ်စွာလှည့်ပတ် ပြောဆိုလိုက်သည်။ ထိုဆန်းကြယ် နည်းစနစ်များ၏ ထိန်းချုပ်နိုင်မှု နယ်ပယ်မှာ ကျဉ်းမြောင်းလွန်းသည်ဟု ယီယွင်ဆိုလိုခြင်း ဖြစ်သည်။
စွမ်းအင် ဥပဒေသတစ်ခုထဲအပေါ် အာရုံစိုက်သော သာမာန်ရှုထောင့် ပုံရိပ်ဖွဲ့စည်းခြင်းမှာ မိမိနှင့် မသင့်တော်ဘူးဟု ယီယွင် ခံစားမိသည်။
ပင်လယ်ပြင်ကို ကူးခတ်ပြီး မုန်တိုင်းတွေကို ဆင့်ခေါ်နိုင်သော အစွမ်းထက် နဂါးတစ်ကောင်အတွက် တိမ်ပင်လယ်တွင် ဘာမှလုပ်လို့ မရနိုင်ပေ။
ခရမ်းရောင်သလင်းကျောက်သည် အစွမ်းထက်သောနဂါးဖြစ်သည်။
ကျန်းကဲ့ နှင့် ခန်းယန် သည် အခြေအနေကို နားမလည်သဖြင့် ခဏမျှ စဉ်းစားနေလေသည်။
တစ်နည်းအားဖြင့်ဆိုသော် လျှို့ဝှက်ဆန်းကြယ်သည့် နည်းစနစ်တစ်ခုမှ ယီယွင် အာရုံကို မဖမ်းစားနိုင်ခဲ့ပေ။
ဒီသောက်ကလေး တခြားသူများမှာ ယွမ်မတိုင်မှီ ရှုထောင့်တစ်ခု ဖွဲ့စည်းမည်ဆိုပါက စိုးရိမ်စိတ်များ အပြည့်ရှိနေပေလိမ့်မည်။ ၎င်းတို့သည် နည်းစနစ်များ ဖွဲ့စည်းရန် မျှော်လင့်ချက်များစွာ မရှိဘဲ ကြိုးစားရုံမျှသာဖြစ်သည်။ ဖွဲ့စည်းနိုင်သွားပါက၀မ်းမြောက်၀မ်းသာ ဖြစ်ရပေမည်။ တကယ်တမ်းတွင် ထိုနည်းစနစ်ကို ဖွဲ့စည်းနိုင်ခြင်း မရှိပါကလည်း ၎င်းမှာ ပုံမှန်ပင်ဖြစ်သည်။
ယီယွင်မှာ ယွမ်မတိုင်မှီမှာပင် ရှုထောင့်ဖွဲ့စည်းမှုကို လုပ်ဆောင်နိုင်သကဲ့သို့ ပြုမူနေသည်။ ယီယွင် ဆန်းကြယ်မှုနည်းစနစ်များကို ရွေးလွန်းနေခြင်းမှာ ၎င်းတို့ကို မတတ်ကျွမ်းမှာကို စိုးရိမ်နေသောကြောင့် မဟုတ်ဘဲ မိမိနှင့် သင့်တော်မည့် နည်းစနစ်ကို ရှာမတွေ့သောကြောင့် ဖြစ်သည်။
ကျန်းကဲ့ နှင့် ခန်းယန်မှာ စကားမပြောဘဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေလေသည်။ ဒီကောင်လေးက ဘ၀င်မြင့်လွန်းတယ်။
"ကောင်လေး တိုင်အာနတ်မြို့တော် အတွင်းမှာ ဖွဲ့စည်းထားတဲ့ ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေကို တိုင်အာနတ်ပြည်ထောင် ရဲ့ အစိတ်အပိုင်းအားလုံးကနေ နှစ်သန်းပေါင်းများစွာကြာအောင် စုဆောင်းထားတာ။ အမျိုးအစားတိုင်း ပါဝင်ပြီး အရည်အသွေးလည်း မြင့်မားပါတယ် အဲဒါတွေနဲ့ မသင့်တော်တဲ့ လူဆိုတာ မရှိနိုင်ဘူး"
ယီယွင် ဇီဇာကြောင်နေသည်ကိုမြင်တော့ ကျန်းကဲ့က မထိန်းနိုင်ဘဲ ပြန်ပြောလိုက်လေသည်။
တကယ်တော့ ကျန်းကဲ့ ပြောချင်တာက ယီယွင်က ယွမ် အုတ်မြစ်နယ်ပယ်မှာတောင် မရောက်ရှိသေးပေ ယွမ်မတိုင်မှီ ရှုထောင့်ကိုပင် ဖွဲ့စည်းနိုင်မလားဆိုသည်ကိုပင် မသေချာသေးပဲ အရမ်း အရွေးလွန်နေခြင်းကို ပြောလိုခြင်းဖြစ်သည်။
ယွမ်မတိုင်မှီ ရှုထောင့် ဖွဲ့စည်းရန်မှာ မလွယ်ကူလှပေ။ ဖွဲ့စည်းသူ၏ အာရုံခံနိုင်စွမ်း မြင့်မားနေရင်ပင် ပျက်စီးခြင်းစွမ်းအား နှင့် သဟဇတမဖြစ်ပါက ၎င်းဖွဲ့စည်းမှုမှာ အချည်းနှီးပင်။
"ယီယွင် မင်း ဝါးနိုင်တာထက် ပိုမကိုက်နဲ့ ဟိုတုန်းက ချင်ဟောက်ထျန်း က ယွမ် မတိုင်မီ ရှုထောင့်တစ်ခုကို ဖွဲ့စည်းအောင် မလုပ်နိုင်ခဲ့ဘူးလေ။ ငါလည်း အဲတုန်းကတော့ မလုပ်နိုင်သေးဘူး ယွမ် မတိုင်မှီ ရှုထောင့်ဖွဲ့စည်းတာရဲ့ အခက်အခဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ထူးချွန်တဲ့ အရည်အချင်းတွေရှိရင်တောင် ယွမ် မတိုင်မှီ ရှုထောင့်တစ်ခုကို ဖွဲ့စည်းနိုင်မယ်လို့ မဆိုနိုင်ဘူး"
"မင်းက ခရမ်းရောင်သွေးနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်မှာ ရှိနေသေးတာ အခြေခံတွေကနေ စလုပ်ပါ။ ဒီဆန်းကြယ်ပုံရိပ် နည်းစနစ်တွေအားလုံးကို အထင်မသေးနဲ့။ ဒီဆန်းကြယ်မှု နည်းစနစ်တွေအားလုံးက သူဟာနဲ့သူ အံ့သြစရာကောင်းတယ်။ ဒါတွေထဲက တစ်ခုခုကို ယွမ်မတိုင်မှီရှုထောင့်ပုံစံကို ကျွမ်းကျင်အောင် ဖွဲ့စည်းနိုင်ရင်ပဲ မယုံနိုင်စရာကောင်းနေပြီ"
"မင်း ယွမ် အုတ်မြစ်ချနယ်ပယ်ကို ရောက်တာနဲ့ မင်းရဲ့ ရှုထောင့်ပုံရိပ် ကို တိုးတက်အောင် လုပ်နိုင်တယ်။ မင်းရဲ့ ကျင့်ကြံမှု အဆင့်က အချိန်နဲ့အမျှ တိုးတက်လာတာနဲ့ မင်းရဲ့ ရှုထောင့်ပုံရိပ်က ပိုအားကောင်းလာမယ်။ မင်းနဲ့ တူညီတဲ့အဆင့်က သူရဲကောင်းတွေကို ကျော်လွန်သွားလိမ့်မယ်။ ပညာရှိတစ်ယောက်ဖြစ်လာရင် မင်းရဲ့ ရှုထောင့်ပုံရိပ် က ငါ့ထက်တောင် ပိုအားကောင်းလာလိမ့်မယ်"
"မင်း အဆင့်မြင့်လာတာနဲ့ ပိုကောင်းတဲ့ ဆန်းကြယ်ပုံရိပ် နည်းစနစ်ကို ကျင့်ကြံလာနိုင်မှာပါ။ ဒါပေမယ့် အခုတော့မရသေးဘူး။ လောလောဆယ်မှာ မင်းက အစအဆင့်ပဲရှိသေးတယ်။ လွယ်လွယ်ကူကူနဲ့ ကျွမ်းကျင်နိုင်မယ့် အရာတစ်ခုကို ရွေးချယ်တာက အကောင်းဆုံးပဲ။ တကယ်တော့ ခန်းယန် က မင်းကိုပေးခဲ့တဲ့ ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေက အရမ်းကောင်းတဲ့ အရာတွေပဲ။ စျေးနှုန်းနဲ့တင် သိသာပါတယ်။ နည်းစနစ်တစ်ခုချင်းစီက ပျမ်းမျှမှော်နဂါးကြေးပြား ၅၀,၀၀၀ ဆီရှိတာ နည်းတဲ့ပမာဏမဟုတ်ဘူးလေ"
ကျန်းကဲ့ ဟာ စကားအများကြီးမပြောတတ်သော်လည်း ရုတ်တရက်ဆိုသလိုပင် ယီယွင် က အရွေးလွန်နေသည့်အတွက်ကြောင့် ၎င်းက သေချာရှင်းပြ နေလေသည်။
ထိုသို့ရှင်းပြနေသည်ကို ကြားတော့ ယီယွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေလေသည်။ ကျန်းကဲ့က စေတနာဖြင့် ရှင်းပြနေခြင်းဖြစ်သည့်ကို ယီယွင် ခံစားမိသည်။ ယီယွင်က ကျန်းကဲ့၏အကြံဉာဏ်ကို မည်သို့ငြင်းပယ်ရမည်ကို စဉ်းစားမရဖြစ်နေလေသည်။
"ဟို... စီနီယာ ကျန်းကဲ့ ကျွန်တော်အနေနဲ့ အရည်အသွေးပိုမြင့်တဲ့ ဆန်းကြယ်ပုံရိပ်နည်းစနစ်ကို စမ်းကြည့်သင့်တယ်လို့ ခံစားမိလို့ပါ။ အဲဒါက ကြိုးစားမှုတစ်ခုပါပဲလေ ဆုံးရှုံးစရာလဲ ဘာမှမရှိဘူး ပြီးတော့ ကျွန်တော်ကျွမ်းကျင်သွားရင် ဘယ်လိုလုပ်မလဲ..." ယီယွင်က ကျန်းကဲ့အား စိုးရိမ်တကြီး ပြောလိုက်သည်။
ခန်းယန် က ယီယွင်ကို စိုက်ကြည့်နေပြီး "ဘာကိုမှ မဆုံးရှုံးဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ကောင်လေး အဆင့်မြင့် ဆန်းကြယ်မှု နည်းစနစ် တစ်ခုအတွက် ဘယ်လောက်ကုန်ကျတယ်ဆိုတာ မင်းသိလား။ ဆန်းကြယ်မှု နည်းစနစ်တော်တော်များများက မင်းတို့လို လူငယ်တွေအတွက် ပြင်ဆင်ထားတာမဟုတ်ဘူး။ အဲဒါတွေက လူသားသခင်တွေအတွက် ပြင်ဆင်ထားတာ တချို့သော ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေက ကျန်းကဲ့ နဲ့ငါတို့ အတွက်တောင် အတော် စဉ်းစားနေရမယ့်ကိစ္စတွေပဲ"
"ဒါ့အပြင် ဆန်းကြယ်ပုံရိပ် နည်းစနစ်ကို ကျွမ်းကျင်ဖို့ ပျက်စီးခြင်း သားရဲတွေကိုလိုက်ဖမ်းဖို့အတွက် အချိန်နဲ့ စွမ်းအင်တွေ အများကြီးလိုအပ်တယ်။ မင်းကျွမ်းကျင်သွားရင် စမ်းသပ်ဖို့ ပျက်စီးခြင်း စွမ်းအားကို စုပ်ယူဖို့ လိုသေးတယ်။ အဲတာတွေမသိသေးလို့ မင်းက ဘာမှမဖြစ်ဘူးလို့ မင်းထင်နေတာ
မင်းမှာ ရှုထောင့်တစ်ခုကို ဖွဲ့စည်းနိုင်တဲ့ စွမ်းရည်ရှိကောင်းရှိပြီး ယွမ် မတိုင်မှီရှုထောင့် ဖွဲ့စည်းနိုင်စွမ်း ရှိတာလည်းဖြစ်နိုင်သလို အလွန်ခက်ခဲတဲ့ ဆန်းကြယ်မှု နည်းစနစ်ကို ရွေးချယ်မိပြီး ယွမ်မတိုင်မှီရှုထာင့်တစ်ခု ကို မဖွဲ့စည်းနိုင်တာလဲ ဖြစ်နိုင်တာပဲ
အဲလိုဆို မင်းယွမ်အုတ်မြစ်ချနယ်ပယ်ကို ကျော်လွန်ပြီးမှ ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းနိုင်မယ်ဆို မင်းအတွက် နစ်နာတာပဲလေ” ခန်းယန် သည် ဖြစ်နိုင်သောအကြောင်းအရင်းများကို သေချာရှင်းပြ နေသည်။
ခန်းယန် ကဲ့သို့သောပုဂ္ဂိုလ်အတွက် မျိုးဆက်သစ်လူငယ်များကို ထိုမျှတင်းကျပ်စွာ သွန်သင်နေသည်မှာ မြင်ရခဲသော အခြေနေမျိုး ဖြစ်သည်။ ယီယွင်က ထိုသို့ရှင်းပြသည်ကို ကြားသောအခါ ခေါင်းညိတ်ပြပြီး လေးလေးနက်နက် တွေးနေပုံရသည်။
“ဒီကစီနီယာတွေ ပြောတာကို ကျွန်တော် နားလည်ပါတယ်…”
ယီယွင်ထိုသို့ ပြန်ပြောသည့်ကို ကြားသော အခါ ခန်းယန်က ကျေနပ်သည့်ဟန်ဖြင့် ၎င်း၏မုတ်ဆိတ်ကို ပွတ်သပ်နေလေသည်။ ယီယွင် ၏ လက်တွေ့မကျသော ရည်ရွယ်ချက်များကို ဖယ်ရှားရန်အတွက် ခန်းယန်က ယွမ်မတိုင်မှီ ရှုထောင့်ဖွဲ့စည်းခြင်းမှာ တချို့ အကြောင်းအရာများကို ဖြည့်စွက် ပြောနေလေသည်။သို့သော် ခန်းယန်း ရုတ်တရက် ယီယွင်ဆီမှ "ဒါပေမယ့် ကျွန်တော်ပြောသလိုပဲ... အဲဒါကို ကျွမ်းကျင်သွားရင် ဘယ်လိုလုပ်မလဲ...”ဟု တိုးညှင်းစွာ ပြောလိုက်သံကို ကြားလိုက်ရသည်။
“မင်း…” ခန်းယန် က သူ့မုတ်ဆိတ်များကို ပွတ်သပ်နေရာမှ စိုက်ကြည့်ပြီး ပြောဖို့ ပြင်ဆင်ထားတဲ့ စကားလုံးများပင် လည်ချောင်းထဲတွင် တစ်ဆို့သွားလေသည်။
ယီယွင် ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် “မင်း သေချာပေါက် ကြိုးစားချင်တာလား” ဟု လေးနက်စွာ မေးသည်။
“ဖြစ်နိုင်ရင်…”
ယီယွင် က သိပ်အယုံအကြည်မရှိဘဲ ပြောနေသော်လည်း ၎င်းကို ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ခန်းယန်က ရိပ်မိလေသည်။ ယီယွင် ၏ စကားများကို ယုံကြည်မရှိပဲပြောရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ မိမိနှင့် ကျန်းကဲ့ တို့၏ စေတနာကို မစော်ကားလိုသောကြောင့် ဖြစ်သည်။
"မင်း အရမ်းကိုစိတ်ပိုင်းဖြတ်ထားတယ်ဆို ကောင်းပြီ..."
ခန်းယန် ခေါင်းကိုယမ်းလိုက်သည်။ "ဒါဆို ဆန်းကြယ်မှု နည်းစနစ်တွေကို ရွေးချယ်ဖို့ စာကြည့်တိုက်ကို လိုက်ခဲ့"
...
ယီယွင် သည် ယခင်က တိုင်အာ နတ်မြို့တော် စာကြည့်တိုက်သို့ တစ်ကြိမ်ရောက်ဖူးသည်။ ၎င်းတို့သည် မဟူရာကျောက်တုံးများ ဆောက်လုပ်ထားပြီး အပြင်ပန်းမှာ ရိုးရှင်းသောပုံစံရှိသည်။
အပေါ်သို့ ရောက်ရှိလာလေလေ စာအုပ်များမှာ တန်ဖိုးပိုကြီးလာလေ ဖြစ်သည်။ စာကြည့်တိုက်၏ ဆဌမမြောက် နှင် သတ္တမမြောက် အလွှာသို့ ဝင်ရောက်ရန် တစ်ကြိမ်လျှင် ကုန်ကျစရိတ်မှာ မှော်နဂါးကြေးပြား ထောင်ဂဏန်း သို့မဟုတ် တစ်သောင်းကျော်ပင် ရှိသည်။
စာအုပ်များ ငှားမည်ဆိုပါက ဂုဏ်အမှတ်များပင် လိုအပ်ပေသည်။
ရိုးရိုး ကျင့်ကြံသူများသည် ခုနစ်လွှာထပ်ပို၍ ကျော်လွန်သွားလေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုထဲမှာ စာအုပ်များသည် အလွန်ဈေးကြီးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ တန်ခိုးကြီးသော ပုဂ္ဂိုလ်များအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
ခန်းယန် က ယီယွင် ကို စာကြည့်တိုက်ကိုးလွှာဆီသို့ ဦးတည်ခေါ် ဆောင်သွားသည်။
ဒါက နောက်ဆုံး အလွှာပဲ။
ထိုအလွှာတိုင်းဆီတွင် အစောင့်အကြပ်အစီအရင်ရှိသောကြောင့် ကျင့်ကြုံသူတိုင်း မ၀င်ရောက်နိုင်ပေ။
ကိုးလွှာထဲသို့ ၀င်ရောက်သွားသောအခါ ယီယွင် သည် အသက်ရှုနှုန်းများ နှေးကွေးစေကာ ပြင်းထန်သော အရှိန်အဝါကို ခံစားမိလိုက်သည်။
"ပြင်းထန်တဲ့ အရှိန်အဝါတွေပဲ ဒီမှာ စုဆောင်းထားတဲ့ စာအုပ်တွေက မမြင်ရတဲ့ ဖိအားတွေက ကျွန်တော်ကို အသက်ရှူရခက်စေတယ်”
ခန်းယန် သည် ယီယွင် ထို့သို့ တုံ့ပြန်လာမည်ကို မျှော်လင့်ထားပြီး ယီယွင် အား ဘ၀င်မြင့်နေသောအကြည့်ဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင်
ကောင်လေး အမြင့်ဆုံးအဆင့် ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေကို မလေ့လာချင်ဘူးလား။ ဒါကြောင့် ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေရဲ့ အမြင့်ဆုံးအဆင့်က ဘယ်လိုအခြေအနေမျိုးလဲဆိုတာ မင်းကိုပြောပြဖို့ ဒီကိုခေါ်လာခဲ့တာ။
ဆန်းကြယ်မှု နည်းစနစ်တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ မဆိုနဲ့ သူတို့ရဲ့ အရှိန်အဝါကတောင် မင်းကို သေအောင်ကြောက်နေပြီမလား။
"အကြီးအကဲ"
အပေါက်ဝတွင် အနက်ရောင်ဝတ်ထားသော အုပ်ချုပ်သူအချို့က သူတို့နှစ်ယောက်ကိုတွေ့သောအခါ ခန်းယန် ကို အလေးပြုကြလေသည်။
အနက်ရောင်ဝတ်ထားသော အုပ်ချုပ်သူများကိုမြင်တော့ ယီယွင် ၏ မျက်ခုံးများပင့်သွားလေသည်။ ယီယွင်သည် နတ်မျက်လုံး ဖန်ဆင်းပြီးနောက် အနက်ရောင်၀တ် အုပ်ချုပ်သူများ၏ အဆင့်ကို မသိနိုင်သော်လည်း သူတို့၏ စွမ်းအားများကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
ထိုလူများမှာ အရမ်းသန်မာလွန်းသည်။ ၎င်းတို့သည် တရားစီရင်ရေးမှူး အဆင့်တွင် ရှိသင့်သည်။
၎င်းကိုးလွှာကို စောင့်ကြပ်နေသော အဖွဲ့တစ်ဖွဲ့နှင့်အတူ အလွှာအတွင်းတွင် အကာကွယ် အစီအရင်များရှိသဖြင့် ထိုကိုးလွှာသည် တိုင်အာ နတ်မြို့တော် အတွက် အရေးပါသော နေရာတစ်ခုပင်ဖြစ်သည်။
ခန်းယန်သာ မပါ၀င်ပါက ယီယွင်မှာ ၀င်ခွင့်ရှိမည် မဟုတ်ပေ။
ခန်းယန် က ခေါင်းညိတ်ပြပြီး အနက်ရောင် ၀တ်ထားသော အုပ်ချုပ်သူများကို နောက်သို့ဆုတ်ခိုင်းလိုက်လေသည်။ထို့နောက် ယီယွင် အား ကိုးလွှာ အတွင်းသို့ခေါ်ဆောင်သွားလေသည်။