သားရဲတစ်သောင်း ပုံရိပ်
Vol. 18 Ch. 257
"အဲဒီမှာ သွားရွေးကြည့်"
စာကြည့်တိုက်၏ ကိုးလွှာတွင် အဆင့်ခုနစ်ဆင့်ရှိပြီး အမြင့်ဆုံးတွင် စင်ခုနစ်စင်သာရှိသည်။
စင်တစ်ခုစီတွင် စာအုပ်အနည်းငယ်နှင့် ကျောက်စိမ်းစာလိပ်တချို့သာ ရှိသည်။
စင်များအားလုံးတွင် အကာအကွယ် အစီအရင်များပါရှိသည်။
ယီယွင် သည် စင်များဆီသို့ တိတ်တဆိတ် လှည့်ပတ်ကြည့်ရှုပြီးသောအခါ တချို့သော ကျောက်စိမ်းစာလိပ်များကမှာ ၎င်းကိုပင် ထိတ်လန့်စေသည်။
ကျောက်စိမ်းစာလိပ်များသည် သွေးနီရောင်ရှိသည်။ ကျောက်စိမ်းစာလိပ်တစ်ခုစီ၏ မျက်နှာပြင်ကို ရှေးဟောင်းစာသားများဖြင့် ရေးထိုးထားသဖြင့် ၎င်းတို့မှာ ရှည်လျားသောသမိုင်းကြောင်းကို ပိုင်ဆိုင်ထားပုံရသည်။
ကျောက်စိမ်းစာလိပ်များအောက်ရှိ အညွှန်းသည် “'တိုင်အာ နတ်ကျင့်စဉ်' သတ္တမအတွဲမှ နဝမအတွဲအထိ” ဟု ရေးသားထားသည်။
'တိုင်အာ နတ်ကျင့်စဉ်' ၏ နောက်ဆုံးသုံးတွဲ။
ယီယွင် အသက်ရှုကြပ်သွားလေသည်။ ယခုအချိန်အထိ မိမိမှာ 'တိုင်အာ နတ်ကျင့်စဉ်' ၏ ပထမတွဲသုံးတွဲအတွက်သာ မှော်နဂါးကြေးပြားများဖြင့် လဲလှယ်ထားနိုင်ပြီး ၎င်းသုံးတွဲမှာ အတွဲများအားလုံးတွင် အသက်သာဆုံး ဖြစ်သည်။
နောက်ဆက်တွဲအတွဲများ၏ ဈေးနှုန်းများမှာ အဆနှုန်းဖြင့် တိုးလာ လေသည်။
'တိုင်အာ နတ်ကျင့်စဉ်' ၏ ကိုးတွဲလုံးအတွက် ဂုဏ်အမှတ်မည်မျှ လိုအပ်သည်ကို မသိရပေ။
"တိုင်အာ နတ်ကျင့်စဉ်ရဲ့ နောက်ဆုံးအတွဲ သုံးတွဲကို ဒီနေရာ သိမ်းထားတာဆိုတော့ ဒီမှာရှိတဲ့ ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေက 'တိုင်အာ နတ်ကျင့်စဉ်' နှင့် အဆင့်အတန်းအတူတူလောက်ပဲ"
ယီယွင် သည် ဟိုဟိုဒီဒီကြည့်ပြီးသောအခါ ဆန်းကြယ်ပုံရိပ် နည်းစနစ်များ ထားရှိသည့် စင်ကိုတွေ့လိုက်ရသည်။ စင်ပေါ်တွင် ကျောက်စိမ်းစာလိပ် သုံးလိပ်နှင့် အနက်ရောင်စာအုပ်တစ်အုပ်ရှိသည်။
ကျောက်စိမ်းစာလိပ် သုံးခုအနက် နှစ်ခုသည် တူညီသော ဆန်းကြယ်မှု နည်းစနစ်၏ အတွဲနှစ်တွဲဖြစ်သည်။
တတိယမြောက် ကျောက်စိမ်းပုရပိုက်သည် မတူညီသော ဆန်းကြယ်မှု နည်းစနစ်တစ်ခုဖြစ်သည်။
အနက်ရောင်စာအုပ်သည်လည်း တခြားသော ဆန်းကြယ်မှု နည်းစနစ်တစ်ခု ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် စင်ပေါ်၌ ဆန်းကြယ်ပုံရိပ် နည်းစနစ် သုံးမျိုးသာရှိသည်။
၎င်းတို့ အသီးသီးမှာ အဖိုးမဖြတ်နိုင်သော အရာများပင် ဖြစ်သည်။
“ဒီ ဆန်းကြယ်တဲ့ နည်းစနစ်တွေ…” အကာကွယ် အစီအရင်တစ်ခုကြောင့် ယီယွင် သည် ၎င်းတို့ကို ကောက်ယူဖတ်ရှု၍မရသော်လည်း ဆန်းကြယ်မှု နည်းစနစ်များ၏ အညွှန်းများကိုတော့ ဖတ်ရှုနိုင်ခဲ့သည်။
‘နတ်ဓာတ်ငါးပါး ပုံရိပ်' ကို နတ်ဧကရာဇ် တစ်ပါးမှ အပျက်အစီးများကြားမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်၊ တိုင်အာနတ်မြို့တော် ၏ နတ်ဧကရာဇ် ထျန်းပင်း မှ နတ်အရိုင်းတောအတွင်း၌ ရှာဖွေတွေ့ရှိခဲ့သည်။ 'နတ်ဓာတ်ငါးပါး ပုံရိပ်' ကို ကျွမ်းကျင်စွာ တတ်မြောက်ရန် ငါးပါးသော အခြေခံဓာတ်များဖြစ်သည် - ‘သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ'ငါးပါးသော အခြေခံဓာတ်များ၏ ဥပဒေသများကို နားလည်ရမည်ဖြစ်ပြီး ၎င်းတို့အားလုံးကို ပေါင်းစပ်ကာ နည်းစနစ်တစ်ခုအဖြစ် ဖွဲ့စည်းစေရမည်။
ယီယွင် သည် 'နတ်ဓာတ်ငါးပါး ပုံရိပ်' ၏ မိတ်ဆက်အညွှန်းကို ဖတ်လိုက်လေသည်။
ထိုနည်းစနစ်မှာ နိဒါန်းဖြင့်ပင် လူများစွာ စိုးရွံ့သွားစေသည်။ ဆန်းကြယ်မှု နည်းစနစ်တစ်မျိုးတည်းကို ကျွမ်းကျင်ရန် ဓာတ်ငါးပါး၏ စွမ်းအားကို ထိန်းချုပ်နိုင်ရန် လိုအပ်ပြီး ဓာတ်ငါးပါးလုံး၏ ဥပဒေသများကို နားလည်ရန် လိုအပ်ပေသည်။
သာမာန်လူတစ်ယောက်အတွက် ဥပဒေသတစ်ခုကိုပင် ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်လျှင်ပင် ၎င်းမှာထူးခြားဖြစ်စဥ်ဖြစ်သည်။ ဥပမာအားဖြင့်၊ ချူရှောင်ရန် သည် အအေး-ရေခဲဥပဒေသများနှင့် အလွန်ကျွမ်းကျင်ပြီး မယုံနိုင်စရာ လက်ရွေးစင်တစ်ဦးဖြစ်သည်။ သို့သော် 'နတ်ဓာတ်ငါးပါး ပုံရိပ်' ကို ကျွမ်းကျင်ရန်မှာ ထိုလူသည် ဓာတ်ငါးပါးလုံးနှင့် ဆက်စပ်မှုရှိရန် လိုအပ်သည်။
ထို့အပြင်၊ ထိုသူက ဓာတ်စင်ငါးပါးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းရမည် ဖြစ်သည်။
ထိုပေါင်းစပ်ဖွဲ့စည်းမှုဖြစ်စဉ်မှာ သေချာပေါက် ခက်ခဲလွန်းလှသည်။ သီးခြားဓာတ်စင် တစ်ခုစီကို ကျွမ်းကျင်အောင် ပြုလုပ်ခြင်းထက် ပို၍ပင် ခက်ခဲပေမည်။
"နတ်ဧကရာဇ် ထျန်းပင်း သည် 'နတ်ဓာတ်ငါးပါး ပုံရိပ်' ကို သင်ယူနိုင်ခဲ့တာလား။
ယီယွင် သည် နတ်ဧကရာဇ် ထျန်းပင်း အကြောင်းကို ယခင်က ကြားခဲ့ဖူးသည်။ သူသည် အကြွင်းမဲ့အာဏာနှင့် ထိန်းချုပ်လိုသော ဧကရာဇ်တစ်ပါးဖြစ်သည်။ တိုင်အာနတ်ပြည်ထောင် ၏ နတ်ဧကရာဇ်ဖြစ်ရုံသာမက တိုင်အာနတ်မြို့တော် ၏ မြို့တော်အရှင်သခင် ရာထူးကိုလည်း ရယူခဲ့သည်။ ဤသည်မှာ တိုင်အာနတ်ပြည်ထောင် ၏သမိုင်းတွင် ရှားပါးသောအရာဖြစ်သည်။
နတ်ဧကရာဇ် ထျန်းပင်း သည် နားမလည်နိုင်လောက်သော ခွန်အားများ ရှိခဲ့သူမဟုတ်ပါက အမေ့လျော့ခံ ဧကရာဇ်ကြီးတစ်ပါးအဖြစ်အနေဖြင့် သာရှိပေလိမ့်မည်။ ထိုနေရာသည် ပညာရှင်များအား သေစေနိုင်သော အရာဖြစ်သည်။
“ဟဲဟဲ…” ခန်းယန် က ပြုံးလိုက်လေသည်။
"မဟုတ်ဘူး သူမလုပ်နိုင်ခဲ့ဘူး၊ မင်းမှာ အံ့သြစရာကောင်းတဲ့ အာရုံခံနိုင်စွမ်းရှိရင်တောင် မင်းဟာ ဓာတ်ကြီးငါးပါးစလုံးကို နားမလည်နိုင်ဘူး။ အဲဒီထဲက ဓာတ်စင်တစ်ပါးပဲ ရအောင်ချုပ်ကိုင် နိုင်ပါစေဦး။ နတ်ဧကရာဇ် ထျန်းပင်း က ငါးပါးသော အခြေခံဓာတ်တစ်ခုစီကို ကျွမ်းကျင်တတ်မြောက်ဖို့ အလွန်ရှည်လျားတဲ့ ကာလတစ်ခုအထိ ပေးဆပ်ခဲ့ရတယ်။ သူ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ အခြေခံဓာတ်ဆိုင်ရာ ရှေးဦးမျိုးစိတ်များကို သတ်ဖြတ်ခဲ့ပြီး နောက်ဆုံးမှာ ဓာတ်ငါးပါးကို ကျွမ်းကျင် တတ်မြောက်ခဲ့တယ် ဒါပေမယ့် အဲဒီဓာတ်တွေအားလုံးကိုတော့ မဖွဲ့စည်းနိုင်ခဲ့ဘူး၊ ထျန်းပင်းက 'နတ်ဓာတ်ငါးပါး ပုံရိပ်' ကို ကျွမ်းကျင်စွာ မတတ်မြောက်ခဲ့ဘူး”
ယီယွင်အား အပြုံးဖြင့် ကြည့်ရင်း ခန်းယန်က ထိုသို့ပြောလိုက်လေသည်။
ထို့နောက် သူ၏စိတ်ထဲတွင်“ဘယ်လိုလဲ၊ မင်း တွေဝေနေပြီလား နတ်ဧကရာဇ် ထျန်းပင်း တောင် မကျွမ်းကျင်နိုင်တဲ့အရာတစ်ခုကို သင်ယူချင်လို့လား၊ ဒါတာတွေက မင်းကို မရပ်တန့်နိုင်ဘူးဆို မင်းကို ဘယ်လောက်လှည့်စားနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”ဟု ပြောနေလေသည်။
ယီယွင် သည် ဆန်းကြယ်မှု နည်းစနစ်၏ အညွှန်းကို တိတ်တဆိတ် ပြန်ထားကာ ဒုတိယမြောက် ဆန်းကြယ်မှု နည်းစနစ်၏ အညွှန်းကို ကောက်ယူလိုက်လေသည်။
"ကြယ်စာအုပ်…ကြယ်တွေရဲ့ စွမ်းအားများနှင့် ချိတ်ဆက်ခြင်းဖြင့်၊ ၎င်းကို သတ်ဖြတ်ခံရသော ပျက်စီးခြင်း သားရဲများထံမှ ရရှိသော ပျက်စီးခြင်းစွမ်းအားနှင့် ပေါင်းစပ်ကာ ရှေးဟောင်းကြယ်စာအုပ် တစ်အုပ်ကို ဖွဲ့စည်းနိုင်သည်။ ဤ ရှေးဟောင်းကြယ်စာအုပ် သည် ဆန်းကြယ်မှု နည်းစနစ်၏ ရှုထောင့်ပုံရိပ် ဖြစ်သည်။ ရှေးဟောင်းစာအုပ်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကြယ်စင်စုများကို ရောင်ပြန်ဟပ်ပြီး၊ ကြယ်များ၏စွမ်းအားကို ငှားရမ်းကာ ကောင်းကင်နှင့်မြေကြီး အစီအရင်ကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ၎င်းသည် အကောင်းဆုံးတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး ပေါင်းစပ်မှုဖြစ်ပြီး၊ ရန်သူမှ မတားဆီးနိုင်သော အနေအထားသို့ ရောက်ရှိစေမည်ဖြစ်သည်"
'နတ်ဓာတ်ငါးပါး ပုံရိပ်' ပြီးနောက် ၎င်းသည် 'ကြယ်စာအုပ်' ဖြစ်သည်။ အညွှန်းမှ ၎င်း၏ စွမ်းအားကိုပင် ခံစားရစေနိုင်သည်။
"ကြယ်စာအုပ်" ကို ကျွမ်းကျင်တဲ့သူရှိလားဟု ယီယွင် က မေးလိုက်သည်။
“ဟဲဟဲ... ကြယ်စာအုပ် က ကြယ်တွေရဲ့ စွမ်းအားနဲ့ ထိတွေ့ဖို့ အရမ်း ခက်ခဲပေမယ့် တစ်ခုပဲလိုတယ် ‘နတ်ဓာတ်ငါးပါး ပုံရိပ်'လို့ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ဓာတ်စင်ဥပဒေသတွေကို ကျွမ်းကျင်ဖို့ တစ်ခုမှ မလိုဘူး။ သမိုင်းကြောင်းတွေအရ၊ တိုင်အာနတ်ပြည်ထောင် မှာ ရှေးဟောင်းကြယ်စာအုပ် ပုံရိပ် ကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်တဲ့ ပညာရှင်တစ်ဦးရှိခဲ့ဖူးတယ်။ ရှေးဟောင်းကြယ်စာအုပ်ကို ဖွင့်လိုက်သည်နှင့် ကြယ်စင်စုတွေကို ရောင်ပြန်ဟပ်နိုင်သော်လည်း အဲဒီကြယ်တွေရဲ့ စွမ်းအားကို အသုံးပြီး ကောင်းကင်နဲ့မြေကြီး အစီအရင်ကိုတော့ မလုပ်ဆောင်နိုင်ခဲ့ဘူး...”
“ဘယ်လိုလဲ၊ 'ကြယ်စာအုပ်' က ‘နတ်ဓာတ်ငါးပါး ပုံရိပ်' ထက်တောင် ရူးချင်စရာကောင်းတယ်မလား၊ အဲဒါကိုကော သင်ယူဖို့ ကြိုးစားချင်သေးလား” ခန်းယန် က ယီယွင် ကို တမင်တကာ လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်လေသည်။
ယီယွင် က ဘာမှပြန်မဖြေဘဲ တတိယမြောက် ဆန်းကြယ်မှု နည်းစနစ်ကို ဆက်လက်ကြည့်ရှုနေခဲ့သည်။
ထိုဆန်းကြယ်ပုံရိပ် နည်းစနစ်မှာ အလွန်ထူးခြားလှသည်။ ၎င်းသည် ကျောက်စိမ်းစာလိပ် အတွင်း ရေးသားထားခြင်းမဟုတ်ပေ။ အနက်ရောင် ရှေးဟောင်းစာအုပ်ပုံစံဖြစ်သည်။
စာအုပ်သည် ပါးလွှာပြီး စာမျက်နှာအနည်းငယ်မျှသာရှိပုံရသည်။
ထိုရှေးဟောင်းစာအုပ်မှာ နိဒါန်းကို အသေးစိတ် မဖော်ပြထားပေ။
"အမည်မဲ့စာအုပ်နက်၊ စာအုပ်မှာ ရှေးဟောင်းအကြွင်းကျန်တစ်ခုလိုပင်၊ စာအုပ်အတွင်းတွင်လည်း စာမျက်နှာ ဆယ့်နှစ်မျက်နှာသာပါရှိသည်။ နတ်ဧကရာဇ် ထျန်းပင်း က ၎င်းကို သားရဲတစ်သောင်း ပုံရိပ် လို့ အမည်ပေးထားသည်။ 'သားရဲတစ်သောင်း ပုံရိပ်' ကို ကျွမ်းကျင်ရန် အတွက် တစ်သောင်းသော ပျက်စီးခြင်းရှေးဦး သားရဲများကို သတ်ဖြတ်ရမည် ဖြစ်ပြီး သူတို့ရဲ့ပျက်စီးခြင်း စွမ်းအားကို အသုံးပြုပြီး ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းစေမည် ဖြစ်သည်။"
ယီယွင် ၎င်းကိုမြင်တော့ အသက်ပြင်းပြင်းရှူလိုက်သည်။
ရှေးဦးမျိုးစိတ် တစ်သောင်းကို သတ်ပစ်ရမယ်…
ဒါက ရူးချင်စရာကောင်းလွန်းတယ်...
ဆက်လက်ဖတ်ရှုသောအခါ ထိုအမည်မဲ့စာအုပ်နက်အတွက် အခြား အထူးဒြပ်စင်ဥပဒေသများ မလိုအပ်ကြောင်းကို နိဒါန်းတွင် ဖော်ပြထားသည်။
သတ်ဖြတ်ရမည့် ရှေးဦးမျိုးစိတ်ပေါင်း တစ်သောင်း၏ ဓာတ်စင်ဂုဏ်သတ္တိများကို ကန့်သတ်ထားခြင်းလည်းမရှိပေ။ ဓာတ်စင်ဥပဒေသများသည် ပုံစံအမျိုးမျိုးဖြစ် လာသည်နှင့်အညီ၊ ကျွမ်းကျင်တတ်မြောက်ထားသော ရှုထောင့်ပုံရိပ်တွင်လည်း သီးခြားပုံစံမရှိပေ။ ၎င်း၏စွမ်းအားနှင့် ဥပဒေသများသည်လည်း လူတစ်ဦးချင်းစီအလိုက် ကွာခြားပြီး၊ အဆုံးမရှိသော ဖြစ်နိုင်ခြေများ ဖြစ်ပေါ်လာစေနိုင်သည်။
"ဒီ 'သားရဲတစ်သောင်းပုံရိပ်'ကို...ဘယ်သူမှ မကျွမ်းကျင်သေးဘူးမလား" ယီယွင် က ခန်းယန်ဘက်သို့ ခေါင်းကိုလှည့်ကာမေးလိုက်လေသည်။
ခန်းယန် က ယီယွင် ကို မျက်လုံးပြူးပြီး "အဲဒါ အသိသာကြီး မဟုတ်ဘူးလား ပြီးတော့ ဒါက ရှေးဟောင်းအကြွင်းအကျန်ဖြစ်ပြီး ရှေးဦးမျိုးစိတ်တစ်သောင်းကို သတ်ပစ်ရမယ်။ လုံးဝရူးချင်စရာပဲ ဘယ်သူကကော ကျွမ်းကျင်နိုင်မှာလဲ"
" ဘယ်သူမှ မကျွမ်းကျင်သေးဘူး... ဒါပေမယ့် စမ်းသပ်ခဲ့တဲ့သူတစ်ယောက်တော့ရှိတယ်။ သူက ရှေးဦးမျိုးစိတ်တွေကို မသတ်ဘဲ အဆင့်နိမ့်တဲ့ ပျက်စီးခြင်း သားရဲတွေကို သတ်ခဲ့တယ်။ ပြီးတော့ 'သားရဲတစ်သောင်း ပုံရိပ်'ရဲ့ အညွှန်းထဲကအတိုင်း အဲဒီလူကရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမယ့် စာအုပ်ရဲ့ စွမ်းအား ၁% လောက်ပဲ ရခဲ့တယ်"
“သားရဲတစ်သောင်း ပုံရိပ် မှာဖော်ပြထားသော စွမ်းအင်ထိန်းချုပ်မှုဟာ လျှို့ဝှက်ဆန်းကြယ်လွန်းတာကြောင့်ပါ။ 'သားရဲတစ်သောင်း ပုံရိပ်' မှာပါတဲ့ ညွှန်ကြားချက်အရ ပျက်စီးခြင်းစွမ်းအားကို ဖြန့်ကျက်နိုင်ဖို့မှာ ခက်ခဲလွန်းလှတယ်။ ပညာရှင်တွေတောင် နားလည်ဖို့ မနည်းရုန်းကန် နေရလို့ပါပဲ"
"ငါပြောမယ် ကောင်လေး၊ မင်းရွေးပြီးပြီလား" ခန်းယန် က ယီယွင်ကို လှောင်ပြောင်သောအမူအရာဖြင့် ကြည့်နေလေသည်။
စိတ်ထဲတွင်လည်း မင်းအတွက် ငါဂရုတစိုက်ရွေးချယ်ထားတဲ့ ဆန်းကြယ်ပုံရိပ် နည်းစနစ်တွေကို မင်း ငြင်းပယ်ခဲ့လို့ ဒီကိုလာခဲ့ရတာ။ ကဲ ကျေနပ်ပြီလား။ ဒီထဲက ရူးချင်စရာကောင်းတဲ့ ဆန်းကြယ်ပုံရိပ် နည်းစနစ်များကို တော်ရုံလူတွေလေ့လာဖို့ ရည်ရွယ်ထားတာမဟုတ်ဘူး။ မင်းဘယ်ဟာကိုရွေးမလဲဆိုတာ ငါကြည့်မယ်။
ယီယွင် သည် စင်ရှေ့၌ တိတ်ဆိတ်စွာ ရပ်လျက် လေးနက်စွာ တွေးတောနေလေသည်။
ဆန်းကြယ်မှု နည်းစနစ်သုံးပါးထဲက ဘယ်ဟာကို ရွေးချယ်သင့်လဲ။
ခန်းယန် က ရယ်မောသံဖြင့် ဘေးနားတွင် ရပ်ကာ ကြည့်နေသည်။ ယီယွင် သည် မဖြေရှင်းနိုင်သော အနေအထားတွင် ရှိနေသည်ကို သူသိသည်။ ထိုသို့ရောက်လာပြီးမှသာ နည်းစနစ်တိုင်းဟာ မဖြစ်နိုင်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ယီယွင်သဘောပေါက်မည်ဖြစ်သည်။
ထိုအရာများကိုမြင်လျှင် ယီယွင် သည် နောက်ဆုံးတွင် ထိုဆန်းကြယ်ပုံရိပ် နည်းစနစ်သုံးမျိုးထဲမှ တစ်ခုခုကို ရွေးချယ်ခွင့်ကို စွန့်လွှတ်လိမ့်မည်ဟု ခန်းယန်က မျှော်လင့်ထားလေသည်။
သို့သော် ထိုအချိန်တွင်၊ ခန်းယန်သည် ယီယွင် အား ဖြောင်းဖျလိုခြင်း မရှိပေ။ သူသည် ယီယွင် ကို ၎င်းလက်လှမ်းမမီနိုင်သောအရာများအတွက် သင်ခန်းစာတစ်ခု ပေးချင်နေသည်။
အသက်ဆယ့်သုံးနှစ်အရွယ် လူငယ်များသည် ရည်မှန်းချက်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ဘ၀င်မြင့်လျက်ရှိကြသည်။ သူတို့သည် ကောင်းကင်ဘုံအောက်ရှိ တစ်ဦးတည်းသော အထူးပုဂ္ဂိုလ်ဖြစ်သည်ဟု သူတို့ကိုယ် သူတို့ထင်မှတ်နေကြသည်။ ထိုအခိုက်အတန့်တွင် သူ့အား ကျရှုံးမှုတစ်ခုပေးခြင်းဖြင့် ၎င်း၏ကြီးပြင်းမှုအတွက် အကျိုးရှိစေမည် ဖြစ်သည်။
"ကောင်လေး၊ မင်းစဉ်းစားပြီးပြီလား"
အချိန်ကျပြီဟု ထင်မှတ်ကာ ခန်းယန်က ယီယွင် အား သူ၏မသက်မသာဖြစ်နေသော အခြေအနေကို ဖြေရှင်းရန် အခွင့်အရေးပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ယခုတွင် သူက ယီယွင်အား ပေးခဲ့သော သင်ခန်းစာသည် လုံလောက်ပြီဟု ခန်းယန်ယုံကြည်သည်။
"ကျွန်တော် စဉ်းစားပြီးသွားပြီ။" ယီယွင် သေချာစဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။
"ကောင်းပြီ၊ အဲဒါက ပိုကောင်းတယ်" ခန်းယန် ကျေနပ်စွာ ခေါင်းညိတ်ပြသည်။ ခန်းယန်၏ စိတ်ထဲတွင် 'ဒီကောင်လေးက သင်ရကျိုးနပ်တယ်'၊ 'သက်ကြီးရွယ်အိုတွေပြောစကားက တော်ရုံမမှားဘူး'၊ ဒီလမ်းပေါ်မှာ ငါလျှောက်ခဲ့တဲ့ အကွာအဝေးက မင်းလျှောက်ခဲ့တဲ့ အကွာအဝေးထက် အဆတစ်ရာကျော်တယ်’၊ ငါရဲ့အကြံဉာဏ်ကို လိုက်နာခြင်းသည် ဘယ်လိုလုပ် မှားယွင်းနိုင်မှာလဲ၊ ငယ်ရွယ်စဉ်မှာ အမှားတွေလုပ်မိတာ ကိစ္စမရှိပါဘူး၊ပြဿနာက မင်းအမှားကို သတိထားမိဖို့ပဲ၊ အမှားသိလို့အမှန်ပြင်လိုက်နိုင်တာလဲ ဂုဏ်ယူစရာပဲမလား။
ခန်းယန် က ယီယွင် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး စကားအနည်းငယ်ပြောတော့မယ့်အချိန်မှာ ယီယွင်၏ စကားများကြောင့် စောစောကပြောမည်ပြင်ထားသော စကားလုံးများမှာ လည်ချောင်း အပြင်သို့ပင် ထွက်မလာနိုင်တော့ပေ။
"စီနီယာ ခန်းယန်၊ ပြောတာကို နားလည်ပါတယ်။ ကျွန်တော် တတိယမြောက် ဆန်းကြယ်မှု နည်းစနစ်ဖြစ်တဲ့ 'သားရဲတစ်သောင်း ပုံရိပ်' ကို ရွေးပါမယ်..." ယီယွင်က သေချာစဉ်းစားပြီးနောက် သူ့ဆုံးဖြတ်ချက်ကို ချလိုက်သည်။
“အိုး…” ခန်းယန် သည် လည်လိမ်ခံထားရသော ကြက်တစ်ကောင်ကဲ့သို့ ယီယွင်အား ကြည့်နေလေသည်။
ခန်းယန်းက မျက်လုံးပြူးမျက်ဆံပြူးဖြင့် ယီယွင်ကို မယုံကြည့်နိုင်ဖြစ်နေ လေသည်။
ထိုအချိန်တွင် ယီယွင်သည် နည်းစနစ်များကို စူးစူးရဲရဲကြည့်နေဆဲဖြစ်သည်။
ဆန်းကြယ်မှု နည်းစနစ်သုံးပါးထဲက ပထမတစ်မျိုးကို ချက်ချင်း ဖယ်ရှားပစ်ခဲ့သည်။ ဓာတ်ကြီးငါးပါးဥပဒေသသည် ယီယွင်လိုချင်သော ပန်းတိုင်မဟုတ်ပေ။
ဒုတိယနှင့်တတိယ ဆန်းကြယ်မှု နည်းစနစ်များတွင် ၎င်းတို့၏ ကိုယ်ပိုင် အားသာချက်များရှိသည်။
ဒုတိယဆန်းကြယ်မှု နည်းစနစ်ပညာသည် ကြယ်များ၏စွမ်းအားကို ကျင့်ကြံပေးလေသည်။
ဤကမ္ဘာသို့ဝင်ရောက်ပြီးနောက် ခရမ်းရောင်သလင်းကျောက်သည် တိမ်တိုက်ရိုင်းနယ်ထဲတွင် ညဘက်၌ ကြယ်များ၏စွမ်းအားကို စုပ်ယူခဲ့ကြောင်း ယီယွင် သတိရမိသည်။ အိပ်မက်ဆန်ဆန် မှိန်ဖျော့သောအလင်းရောင်များသည် ယီယွင်၏စိတ်ထဲတွင် လတ်ဆတ်နေဆဲပင်။ ၎င်းတို့ကြောင့် ခရမ်းရောင်သလင်းကျောက်၏ စွမ်းရည်များကို ယီယွင် ဖြည်းညှင်းစွာ သိရှိလာခြင်း ဖြစ်သည်။
ခရမ်းရောင်သလင်းကျောက်ကို အသုံးပြု၍ 'ကြယ်စာအုပ်' ကို လွယ်တကူ တတ်မြောက်နိုင်မည်မှာ သေချာလှသည်။
သို့သော်... 'ကြယ်စာအုပ်' မှာ အကန့်အသတ်များရှိသည်။ ကြယ်များ၏ စွမ်းအားမှာ ဥပဒေတစ်ခုတည်းသာ ဖြစ်သည်ဟု ဆိုလိုပေသည်။
ထို့အပြင် ကြယ်များ၏ စွမ်းအားနှင့် သန့်စင်သော ယန် စွမ်းအားသည် ကြီးမားသော ကွာခြားချက်ရှိသည်။ မိမိအသုံးပြုသော 'တိုင်အာ နတ်ကျင့်စဉ်' နှင့် အဆင်မပြေနိုင်ပေ။
ထို့ကြောင့် ယီယွင် သည် တတိယမြောက် ဆန်းကြယ်မှု နည်းစနစ်ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့လေသည်။ ၎င်းသည် အဆုံးမဲ့ဖြစ်နိုင်ချေများနှင့် အဆုံးမရှိသော ကွဲပြားမှုများရှိသည့် နည်းစနစ်တစ်ခုဖြစ်သည်။ 'သားရဲတစ်သောင်း ပုံရိပ်' ကို ဥပဒေသများဖြင့် ကန့်သတ်ထားခြင်း မရှိသလို ဓာတ်စင်စွမ်းအင် ဂုဏ်သတ္တိများကိုလည်း ကန့်သတ်ထားခြင်းမရှိပေ။
သို့ရာတွင် ကံမကောင်းစွာဖြင့်...
'သားရဲတစ်သောင်း ပုံရိပ်' သည် ရှေးဟောင်းအကြွင်းအကျန်ဖြစ်သည်။
ဆိုလိုသည်မှာ ၎င်းသည် 'သားရဲတစ်သောင်း ပုံရိပ်' ဖြင့် ပိုမိုတိုးတက်နေသည့်နှင့်သမျှ အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုသည်။
ထိုနေရာသို့ရောက်သည်နှင့်၊ မိမိသည် 'သားရဲတစ်သောင်း ပုံရိပ်' ၏ အခြားအပိုင်းအစများကို ရှာဖွေရမည်ဖြစ်သည်။ထိုကဲ့သို့ အမည်မဲ့ ရှေးဟောင်းစာအုပ်ကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် ခရမ်းရောင်သလင်းကျောက်ရဲ့ စွမ်းအင်တွေကို ဖြန့်ကျက်ဖို့ ငါသုံးမယ်။ အဲဒီအခါမှာ နည်းစနစ်ရဲ့ ချို့ယွင်းချက်တချို့ကို ငါ ဖြည့်ဆည်းပေးနိုင်မယ်။ ဒါမှမဟုတ် တခြား အလားတူ နက်နဲတဲ့ ဆန်းကြယ်မှု နည်းစနစ်တွေကို ရှာဖွေပြီးတော့ ကျင့်ကြံနိုင်တာပဲ”
ယီယွင် က သူ့ကိုယ်သူ စကားပြောနေချိန်တွင် ခန်းယန် ဘက်သို့ လှည့်လိုက်သောအခါ ပါးစပ်အဟောင်းသားဖြစ်နေသော ခန်းယန်အား တွေ့လိုက်ရသည်။ သူ့အမူအရာမှာ အသက်ကင်းမဲ့နေပြီး ယီယွင် ကို ပြူးကျယ်သော မျက်လုံး၀ိုင်းများဖြင့် စိုက်ကြည့်နေသည်။၎င်းသည် အသက်ရှုကျပ်ပြီး သေဆုံးနေသောငါးသေတစ်ကောင် အလားပင်...