← Chapters

အထိန်းအကွပ်မဲ့

Vol. 18 Ch. 258

အထိန်းအကွပ်မဲ့

Vol. 18 Ch. 258

"မင်း... မင်း 'သားရဲ‌တစ်သောင်း ပုံရိပ်' ကို ရွေးချင်တာလား”

ခန်းယန်သည် ယီယွင်ကို ထိုသို့မမေးမီ ခဏမျှ မိန်းမောနေလေသည်။ ၎င်းကြားသမျှကို မယုံနိုင်ပေ။ ဒီကောင်လေး ဦးနှောက်ထဲမှာ တစ်ခုခုများထိခိုက်မိထားသေးလား။

ဆန်းကြယ်မှု နည်းစနစ်သုံးခုစလုံးသည် သင်ယူရန် အလွန်ခက်ခဲသည်။ တတိယ ဆန်းကြယ်မှု နည်းစနစ်မှာ သုံးခုအနက် အခက်ခဲဆုံး ဖြစ်သည်။

ရှေးဦးမျိုးစိတ် ၁၀,၀၀၀ ကို သတ်ဖြတ်ရသည်ဖြစ်စေ နက်နဲသော စွမ်းအင် စီးဆင်းမှုလမ်းကြောင်းများကို နားလည်သဘောပေါက်ရသည်ဖြစ်စေ ၎င်းတို့မှာ မျှော်လင့်ချက်မထားနိုင်သော ကိစ္စရပ်များဖြစ်သည်။

ထို့အပြင် ၎င်းနည်းစနစ်မှာ ရှေးဟောင်းအကြွင်းအကျန်ဖြစ်သည်။

လူမိုက် သို့မဟုတ် ရူးသွပ်သူများသာ ထိုကဲ့သို့သော ဆန်းကြယ်မှု နည်းစနစ်ကို ရွေးချယ်မည်ဖြစ်သည်။

ယီယွင် က ခေါင်းညိတ်ပြီး ပြောလိုက်သည် "စီနီယာ ခန်းယန်၊ကျွန်တော် ဒါကို ရွေးလိုက်မယ်။ ဒီဆန်းကြယ်မှု နည်းစနစ်က မပြည့်စုံတဲ့အတွက် အရမ်းစျေးသက်သာမယ်မဟုတ်လား"

ထိုသို့ပြောကာ ယီယွင် က ခန်းယန်အား မျှော်လင့်တကြီးဖြင့် ကြည့်နေလေသည်။ ခန်းယန် က သူ့ကို လိုက်လျောပေးလိမ့်မည်ဟု မျှော်လင့်နေသည်။

"စျေးသက်သာလား" ခန်းယန်သည် ယီယွင်၏ စကားကို ကြားသောအခါ ဒေါသပုန်ထသွားလေသည်။ "ငါ့ဖင်ပဲစျေးသက်သာမယ်၊ ဒီနည်းစနစ်ကို လိုချင်ရင် တစ်မျက်နှာကို ဂုဏ်အမှတ် ၂ မှတ် ပေးရတယ်"

ခန်းယန် သည် နောက်ထပ်ဘာစကားမှ ထပ်မပြောတော့ချေ။ ထိုသို့ပြောပြီးသောအခါ ယီယွင် အား လျစ်လျူရှုလိုက်လေသည်။

“အမ်…” ယီယွင် က ရှုံ့မဲ့သွားသည်။

စာမျက်နှာတစ်မျက်နှာလျှင် ဂုဏ်အမှတ် နှစ်မှတ် အဓိပ္ပါယ်မှာ စာမျက်နှာဆယ့်နှစ်မျက်နှာသည် စုစုပေါင်းဂုဏ်အမှတ် ၂၄ မှတ် ကုန်ကျမည်ဖြစ်သည်။ဤသည်မှာ ဈေးကြီးလွန်းလှသည်။

"စီနီယာ၊ ဒီဆန်းကြယ်မှု နည်းစနစ်ကို ဒီမှာတင်ထားပြီး စာမျက်နှာတွေ အများကြီး ပျောက်နေတယ်။ အဲဒါကို ဘယ်သူမှ မကျွမ်းကျင်လို့ ဘယ်သူမှလည်း မဖတ်ကြဘူး မဟုတ်လား...?" ယီယွင် က မဝံ့မရဲ မေးလိုက်‌လေသည်။

ခန်းယန် က "ဘယ်သူကမှ မဖတ်ဘူးလို့ မင်းကို ဘယ်သူပြောတာလဲ၊ 'သားရဲ‌တစ်သောင်း ပုံရိပ်' ကို နားလည်ဖို့ ပညာရှင်တွေက မကြာခဏ လာတတ်ကြတယ်။ 'သားရဲ‌တစ်သောင်း ပုံရိပ်' မှာ အဲဒီ စာမျက်နှာ ဆယ့်နှစ်မျက်နှာနဲ့ မိတ္တူတစ်ခုပဲ ရှိတယ်။ အဲဒါကို ကျွမ်းကျင်အောင် မလုပ်နိုင်ပေမယ့် ဥပဒေသတွေအတွက် စိတ်ကူးဉာဏ်ကို ပေးနေတုန်းပဲ”

“ဟုတ်ပြီ” ယီယွင်က လက်ခံလိုက်သည်။ သူသည် ရှေးဦးဆေးပင်ရွေးချယ်ခြင်းမှ ဂုဏ်အမှတ် ၃ မှတ်၊ ဆေးပင်ရှာဖွေမှုစံချိန် ချိုးဖျက်ခြင်းမှ နောက်ထပ် ဂုဏ်အမှတ် ၂ မှတ်နှင့် လူသစ်အဆင့်ပြိုင်ပွဲ ပထမအဆင့်အတွက် နောက်ထပ် ၁ မှတ် ရရှိခဲ့လေသည်။

စုစုပေါင်း ဂုဏ်အမှတ် ၆ မှတ်ဖြင့် 'တိုင်အာနတ်ကျင့်စဉ်' ကို ဝယ်ယူရန် ဂုဏ်အမှတ် ၂ ခုကို သုံးစွဲခဲ့သည်။ 'သားရဲ‌တစ်သောင်း ပုံရိပ်' ၏ စာမျက်နှာ ၂ မျက်နှာကို ငှားရန် ကျန်ရှိသော ဂုဏ်အမှတ် ၂မှတ်ကိုသာ အသုံးပြုနိုင်‌တော့မည်။

မိမိ၏ ဂုဏ်အမှတ်များကို တစ်ခဏချင်းသုံးစွဲခြင်းဖြင့် ယီယွင် သည် နေ့ချင်းညချင်း ဒေဝါလီခံလိုက်ရသလို ခံစားလိုက်ရသည်။

ဂုဏ်အမှတ်များရရှိရန်မှာ အလွန်ခက်ခဲလှသည်။

ယီယွင်တွင် မှော်နဂါးကြေးပြားများ အများကြီးကျန်ရှိသေးသည်။ ယီယွင် သည် လူသစ်အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် မပါဝင်မီတွင် မှော်နဂါးကြေးပြား ၅၀,၀၀၀ ရှိသည်။ ဟုန်တောက် အသင်းဝင်များနှင့် လောင်းကစားတိုက်ပွဲများအပြီးတွင် ယီယွင် ၏ မှော်နဂါးကြေးပြား ပမာဏစုစုပေါင်း ၁၀၀,၀၀၀သို့ ရောက်ရှိသွားခဲ့သည်။

ယီယွင် သည် ဟုန်တောက် အသင်း၏ လောင်းကြေးမှလည်း အခွန်‌ပေးဆောင်ပြီး လောင်းကြေးပမာဏ ၃၀,၀၀၀ရရှိခဲ့သည်။

ထို့အပြင် နောက်ဆုံးပွဲစဉ်တွင် လီဟုန် က သူ့ကို နောက်ထပ် မှော်နဂါးကြေးပြား ၅၀,၀၀၀ ပေးခဲ့ပြီး ယီယွင် သည် လူသစ်များကြားတွင် ပထမဖြစ်ခြင်းအတွက် မှော်နဂါးကြေးပြားကို ထပ်မံရရှိခဲ့သည်။

အားလုံးပေါင်းလိုက်ပါက ယီယွင်တွင် မှော်နဂါးကြေးပြား ၂၂၀,၀၀၀ခန့်ရှိသည်။

ယီယွင် သည် အလွန်ကို ချမ်းသာနေပြီဖြစ်သည်။ ယီယွင် သည် မှော်နဂါးကြေးပြားများအတွက် စိတ်ပူနေစရာမလိုဘဲ လိုအပ်သည့် နေရာတိုင်းတွင် အသုံးပြုနိုင်လေသည်။

"နေရာပြောင်းဖို့ စဉ်းစားချိန်ရောက်ပြီ..."

ယီယွင်သည် ယခင်က အခမဲ့အဆောင်များတွင် တည်းခိုခဲ့ပြီး နေရာပြောင်းရွှေ့ရန် စိတ်မ၀င်စားခဲ့ပေ။ ယခုအခါတွင်၊ ယီယွင်သည် ဗဟိုနတ်မျှော်စင်သို့ ချက်ချင်းပင် ပြောင်းရွှေ့နိုင်ပြီဖြစ်သည်။

"ကောင်လေး၊ နောင်မှ နောင်တရလိမ့်မယ်"

ယီယွင် စာကြည့်​တိုက်​မှ ထွက်​လာ​သောအခါ၊ ခန်းယန် ၏ ​ဒေါသ​သံက ပေါ်ထွက်လာသည်​။

ယီယွင် ဘာပြန်ပြောရမှန်းမသိ‌‌ချေ။ ခန်းယန်မှာ ၎င်း၏မုတ်ဆိတ်မွေးကို ပွတ်လျက် ပြူးကျယ်သော မျက်လုံးများဖြင့် ယီယွင်အား စိုက်ကြည့်နေသည်။ အဘိုးအိုအတွက် ရုတ်တရက် သနားသွားသည်။ ယီယွင်ဟာ တစ်ချိန်လုံး သူ့ကို လှည့်စားနေသလို ဖြစ်သောကြောင့် ဖြစ်သည်။

" သားရဲ‌တစ်သောင်း ပုံရိပ်ကို ကျင့်ကြံဖို့က ငါ့ ရှေးဦးမျိုးစိတ်တွေ အများကြီးကို သတ်ပစ်ဖို့ လိုသေးတယ်၊ သေချာပေါက် ငါ့မှာ အဲလို အရည်အချင်းမရှိဘူး၊ ငါလည်း အရိုင်းနယ်မြေနတ်ခန်းမ ကိုသွားပြီး အဲဒီက ရှေးဦးမျိုးစိတ်‌တွေရဲ့ စွမ်းအင်နဲ့ 'သားရဲ‌တစ်သောင်း ပုံရိပ်' ကျင့်ကြံရေးမှာ အကူညီဖြစ်မလားဆိုတာ စမ်းကြည့်ရမယ်... "

ယီယွင် သည် ထိုအကြံကို သိပ်‌တော့အယုံအကြည်မရှိခဲ့ပေ။ ရှုထောင့်ပုံရိပ် ကို ဖွဲ့စည်းရန်၊ ကိုယ်တိုင်သတ်ဖြတ်ခဲ့သော ပျက်စီးခြင်း သားရဲများ၏စွမ်းအားကို စုပ်ယူရန် လိုအပ်သည်။ အထူးသဖြင့် လွန်ခဲ့သည့်နှစ်သန်းပေါင်းများစွာအတွင်း တ‌စ်ယောက်ယောက်က သတ်ဖြတ်ခဲ့သော ပျက်စီးခြင်း သားရဲအတွင်းမှ ဝိညာဉ်၏အမှတ်အသားများ ကွယ်ပျောက်သွားတတ်သည်။ ထို့ကြောင့် ၎င်းကို ဖွဲ့စည်းရန် အလွန်ခက်ခဲပေလိမ့်မည်။

မည်သို့ဖြစ်စေ ယီယွင် က ထိုသို့ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ 'သားရဲ‌တစ်သောင်း ပုံရိပ်' ၏ ကျင့်ကြံခြင်းနည်းများနှင့် အကျွမ်းတဝင်ရှိစေရန် အရိုင်းနယ်‌မြေနတ်ခန်းမအတွင်းမှ စွမ်းအင်ကို အသုံးပြုခြင်းသည် သူ့အတွက် အကျိုး‌စေရှိနိုင်သေးသည်။

ထိုအတွေးဖြင့် ယီယွင် သည် ဗဟိုနတ်မျှော်စင်ဆီသို့ ဦးတည်သွားခဲ့သည်။ သူသည် 'သားရဲ‌တစ်သောင်း ပုံရိပ်' ကို ကျင့်ကြံရန် အရိုင်းနယ်မြေနတ်ခန်းမသို့ မသွားရောက်မီ ဗဟိုနတ်မျှော်စင်သို့ ပြောင်းရွှေ့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးစွာလုပ်ဆောင်ရန် စီစဉ်ခဲ့သည်။

အရိုင်းနယ်မြေနတ်ခန်းမ ၏ ဝင်ကြေးမှာ ဈေးကြီးသောကြောင့် ချမ်းသာသော ကျင့်ကြံသူများလျင်ပင် အရိုင်းနယ်မြေနတ်ခန်းမကို ၎င်းတို့၏ ကျင့်ကြံမှု နည်းစနစ်များကို ကျင့်ကြံရန် နေရာအဖြစ် ရွေးချယ်မည်မဟုတ်ပါ။ ပုံမှန်ကျင့်ကြံသူများပင် ၃-၄ ရက်လျှင် တစ်ကြိမ်ခန့်သာ ခန်းမကို အသုံးပြုကြသည်။ ထိုသို့ ကျင့်ကြံခြင်းများကို အရိုင်းနယ်မြေနတ်ခန်းမတွင် လုပ်ဆောင်ပြီးပါက မှော်နဂါးကြေးပြား ၄၀,၀၀၀ မှ၅၀,၀၀၀အတွင်း ကုန်ကျမည်ဖြစ်သည်။

သို့သော် ယီယွင်တွင် မှော်နဂါးကြေးပြား ၂၂၀,၀၀၀ခန့် ပိုင်ဆိုင်ထားသဖြင့် သူ့ဆန္ဒအတိုင်း ဘာမဆို လုပ်နိုင်‌လေသည်။

'သားရဲ‌တစ်သောင်း ပုံရိပ်' ကို ကျင့်ကြံရာတွင် အထောက်အကူ ဖြစ်စေသည့် အရာမှန်သမျှအတွက် ၎င်း၏စည်းစိမ်ဥစ္စာအားလုံးကို ကုန်ဆုံးသွားမည်ဆိုရင်တောင် ယီယွင်သုံးစွဲဖို့ နောက်တွန့်နေမည် မဟုတ်ချေ။

ယီယွင်နှင့် မလှမ်းမကမ်းမှာ အသံတစ်သံ ထွက်လာပြီး သူ့၏ ‌လှမ်းမည်ပြင်နေသော ခြေလှမ်းများကို တားဆီးလိုက်သည်။

"မင်းက ယီယွင် လား"

ယီယွင် လှည့်ကြည့်လိုက်တော့ အသက် ၁၇-၁၈ နှစ်အရွယ် လူငယ်နှစ်ယောက် သူ့နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"မင်းတို့ကကော"

ယီယွင်မှာ ထိုလူငယ်နှစ်ဦးစလုံးကို မသိပေ။

“သခင်လေး ယန် က မင်းကို နတ်လ စားသောက်ဆိုင်ကို ဖိတ်လိုက်တယ်” ဟု ထိုအထဲမှလူငယ်တစ်ဦးက ပြောလိုက်‌လေသည်။

ထိုလူငယ်က ၎င်း၏မနှစ်မြို့ဖွယ်အသံကို မျက်နှာသေဖြင့် ပြောနေခြင်းဖြစ်သည်။

"သခင်လေး" ယီယွင် မျက်မှောင်ကြုတ်လိုက်သည်။ တိုင်အာနတ်မြို့တော် ကို ရောက်လာတဲ့ ကျင်ကြံသူ အများစုမှာ ၎င်းတို့နောက်လိုက်များကို ခေါ်နိုင်ခြင်း မရှိကြပေ။ လူငယ်နှစ်ဦးသည် နောက်လိုက်များနှင့်မတူဘဲ ကျင့်ကြံသူများနှင့်တူသည်။

"ယန် လို့ နာမည်ပြောင်းထားတဲ့ ချူ တော်ဝင်အိမ်‌ တော်မှာနေထိုင်တဲ့ ယန်တင်းခွမ်များလား"

ထိုသို့သော အတွေးဖြင့်၊ မကြာသေးမီက မိမိနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသော ယန် ဟူသော တစ်ခုတည်းသော ပုဂ္ဂိုလ်မှာ ယန်တင်းခွမ် သာရှိသည်။

"မဟုတ်ဘူး မင်းရောက်တဲ့အခါ သိလိမ့်မယ်၊ နတ်လ စားသောက်ဆိုင်ကို သွားကြရအောင်" ထိုလူငယ်က ထပ်ပြောသည်။

ယီယွင် ရယ် "ငါမသွားရင် ဘာလုပ်မလဲ"

ဘယ်သူမှန်းမသိပဲ ဖိတ်တာကို ငါကအချိန်ပေးရမှာလား။

ယီယွင်သည် ၎င်းရှေ့မှ လူငယ်နှစ်ယောက်၏ အသက်အရွယ်များကို ခန်းမှန်းကြည့်ရာ သူတို့ဟာ တိုင်အာနတ်မြို့တော်တွင် အချိန်အတော်ကြာကြာ နေထိုင်ခဲ့ကြသော ကျင့်ကြံသူ ဖြစ်ကြပြီး မကြာခင် တိုင်အာနတ်မြို့တော် က ထွက်ခွာသွားကြတော့မည့်ပုံပင်။

သို့သော် ထိုသူနှစ်ဦးမှာ ယီယွင်လောက် မသန်မာဘူးဟု ခံစားစေရသည်။ သူတို့သည် ယွမ်အုတ်မြစ်ချနယ်‌ပယ်သို့ ဖြတ်ကျော်ပြီးသွားပုံရသည်။ သို့သော် သူတို့ ထိုနယ်ပယ်ကိုဖြတ်ကျော်သွားရင်တောင် သူတို့တွင် ခိုင်မာသော အခြေခံအုတ်မြစ် မရှိခဲ့ပုံပင်။ ကြံ့ခိုင်မှုအရ၊ ၎င်းတို့သည် လီဟုန်နှင့်ပင် မယှဉ်နိုင်ပေ။

“မင်း…” လူငယ်သည် ယီယွင်က ထို့သို့တုံ့ပြန်မည်ဟု မမျှော်လင့်ထားသဖြင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် စိတ်ရှည်ရှည်ဖြင့် ပြန်ပြောလိုက်လေသည် "ချူ တော်ဝင်အိမ်တော်က မင်းကို ဖိတ်လိုက်တာပါ"

"ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ၊ ဒါက ချူတော်၀င်အိမ်တော်ကပဲကို" ယီယွင် ကနဦးခန်းမှန်းထားသည် အတိုင်းပင်။

"ဟုတ်ပါတယ်" လူငယ်က ဂုဏ်ယူစွာပြောလိုက်သည်။ "ချူတော်၀င် အိမ်တော်" ဟူသောစကားလုံးကိုကြားသည်အခါ ယီယွင်မှာ အထာထားနေမည်မဟုတ်ကြောင်း ထင်မှတ်ထားလေသည်။

၎င်းမှာ တော်တော်များများ တွေးလေ့ရှိသော အရာဖြစ်သည်။ ယီယွင်မှာ သန်မာလှသော်လည်း မည်မျှပင် သန်မာသည်ဖြစ်စေ ၎င်းမှ ဂျူနီယာအဆင့်၌သာ ရှိနေဆဲပင်။ ချူ တော်ဝင်အိမ်တော် ကဲ့သို့ ကြီးမားသောအဖွဲ့အစည်းနှင့် ယှဉ်ပါက ယီယွင်မှာ ဘာမှမဟုတ်ပေ။ ချူ တော်ဝင်အိမ်တော်တွင် ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေသည့်မို့ အိမ်တော်ကို မည်သူမျှ မစော်ကားဝံ့ကြပေ။

ယီယွင် က ပြုံးလိုက်ပြီး "မင်းတို့နှစ်ယောက်က ချူ တော်၀င်အိမ်တော် လမ်းခုလတ်က ဝင်ခဲ့တာဖြစ်မယ်"

ချူတော်ဝင်အိမ်သည် တိုင်အာနတ်မြို့တော်အတွင်းရှိ အရည်အချင်းရှိသူ အမျိုးမျိုးကို စုဆောင်းနေကြောင်း ယီယွင် သဘောပေါက်သည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ထူးချွန်ထက်မြက်သော အရည်အချင်းရှိသူများကို ဆွဲဆောင်ရန် ဖြစ်သော်လည်း သတ်မှတ်ထားသော ပမာဏပြည်မှီရန် အတွက် သာမန်စွမ်းရည်ရှိသူများကို စုဆောင်းရန် မည်သည့်အကန့်အသတ်မျှ မထားရှိပေ။ အကြောင်းမှာ တိုင်အာနတ်မြို့တော်သို့ ဝင်ရောက်နိုင်သူများသည် ၎င်းတို့၏ ရွယ်တူများကြားတွင် အကောင်းဆုံးစွမ်းရည် ရှိကြသူများဖြစ်‌သောကြောင့် ဖြစ်သည်။

ဤသည်မှာ ထိုလူငယ်နှစ်ဦးသည် ချူတော်ဝင်နေအိမ်မှ ဆင်းသက်လာသောသူအား “သခင်လေးယန်” ဟူသော ခေါ်ဆိုရသည့် အကြောင်းပြချက်ပင် ဖြစ်သည်။

လူငယ်နှစ်ယောက်က အလိုလို ခေါင်းညိတ်ပြသည်။ ထိုလူငယ်စကားဆက်ပြောခါနီးတွင် ယီယွင်က “စိတ်မဝင်စားဘူး” ဟုပြောကာ လှည့်ထွက်သွားလေသည်။

လူငယ်နှစ်ယောက်က “ယီယွင်၊ မင်း…” ဆိုကာ အံသြပြီး ကျန်ခဲ့လေသည်။

ယီယွင် သည် ထိုမျှ မာနကြီးလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ ၎င်းတို့သည် လွန်ခဲ့သည့်နှစ်အနည်းငယ်က ချူ တော်ဝင်အိမ်‌တော်သို့ ဝင်ရောက်ခဲ့ကြသည်။ "ချူတော်၀င်အိမ်တော်" ဟူသောအမည်သည် တိုင်အာနတ်မြို့တော် တွင် အမြဲအသုံးဝင်သည်။ ငယ်ရွယ်သော ပါရမီရှင် အများအပြားသည် ၎င်းတို့ မည်မျှပင် သန်မာနေပါစေ ချူ တော်ဝင်အိမ်တော်ကို စော်ကားဝံ့မည်မဟုတ်ပေ။

သို့သော် ပထမနှစ်လူသစ်ဖြစ်သည့် ယီယွင် သည် ချူ‌ တော်ဝင်အိမ်တော်ကို လုံး၀ လျစ်လျူရှုခဲ့သည်။

ချူ တော်၀င်အိမ်တော်မှ သခင်‌လေးယန်က ယီယွင်ကို နတ်လ စားသောက်ဆိုင်သို့ ကိုယ်တိုင်ဖိတ်ကြားခဲ့သည်။ တိုင်အာနတ်မြို့တော် တွင် စျေးအကြီးဆုံး စားသောက်ရာ နေရာဖြစ်သည်။

အဖိုးမဖြတ်နိုင်သော အစားအစာမျိုးစုံကို ကျွေးမွေးကြသည်။ စားသုံးသူမှာ အလွန်အမင်း ကြွယ်ဝပါက၊ ရှေးဦးမျိုးစိတ်များ၏ အသားကိုပင် မှာယူ စားသုံးနိုင်သည်။

ယီယွင် ခပ်ဝေးဝေးသို့ လျှောက်သွားသည်ကို မြင်လိုက်ရသောအခါ လူငယ်နှစ်ဦးသည် ဘာလုပ်ရမှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ယီယွင် က ဒီကိစ္စကို စိတ်ထဲမထားပေ။ လက်ရှိအခြေအနေအရ ချူတော်ဝင်နေထိုင်ရာက သူ့ကိုရှာရတဲ့ အကြောင်းရင်းကို ခန့်မှန်းဖို့ အတော်လေး လွယ်ကူပေသည်။ ယန် က ယီယွင်ကို အလုပ်ကိစ္စဖြင့် ဖိတ်ကြားရန်အတွက် လူငယ်နှစ်ဦးကို လွှတ်လိုက်ခြင်းကြောင် ယီယွင်မှာ အရေးပါအရာရောက်သည်မှာ သေချာလှသည်။

...

ယီယွင် သည် အမြဲတမ်းအခန်းကိုရယူရန် ဗဟိုနတ်မျှော်စင်၏ အုပ်ချုပ်ရေးရုံးသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

ဗဟိုနတ်မျှော်စင်၏ ၆၉ထပ် ရှိ အခန်းကို ရွေးချယ်ခဲ့သည်။ ယင်းသည်မှာ ကျင့်ကြံသူများ အကောင်းမွန်ဆုံး နေထိုင်နိုင်သည့် အခန်းဖြစ်သည်။

ဗဟိုနတ်မျှော်စင်သည် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားများကို စုစည်းထားသည့် ကြီးမားသောအစီအရင်တစ်ခုဖြစ်သည်။ အထပ်ပိုမြင့်လေလေ ကောင်းကင်အဆင့် ယွမ်ချီ ပိုသိပ်သည်းလေဖြစ်သည်။ ၆၉ ထပ်ရှိ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား၏ သန့်စင်မှုနှင့် အာရုံစူးစိုက်နိုင်မှုသည် ယီယွင် ကို အလွန်ကျေနပ်စေသည်။

ထိုနေရာတွင် ကျင့်ကြံသောအခါ ရလဒ်မှာ နှစ်ဆခွဲခန့် တိုးတက်လေသည်။

ယီယွင်အား ပြေပြစ်သောကိုယ်ခန္ဓာနှင့် အနက်ရောင်၀တ်စုံကို တင်းတင်းကျပ်ကျပ် ၀တ်ဆင်ထားသည့် သွက်လက်သော မိန်းကလေး က အခန်းထဲ ကြည့်ရှုရန် ရှေ့မှဦးဆောင်ခေါ်ဆောင်သွားလေသည်။

အခန်း၏ အရွယ်အစားသည် ကြီးကျယ်ခမ်းနားလွန်းလှသည်။ ၁၀၀ စတုရန်းမီတာခန့်ရှိခဲ့သည်။

ထို့အပြင် ၎င်းအတွင်းရှိ ပရိဘောဂများသည် ဈေးကြီးပြီး အလွန်လက်ရာမြောက်သည်။ ကျင့်ကြံရန်အတွက် အသုံးပြုသည့် အစီအရင်သုံးခုရှိသည်။ ၎င်းတို့တစ်ခုစီတွင် မတူညီသော လုပ်ဆောင်ချက်များရှိကြပြီး ၎င်းတို့အား စွမ်းအားပေးရန်အတွက် ပျက်စီးခြင်း သားရဲအမတေ တစ်ခုစီ လိုအပ်သည်။

အိပ်ယာနှင့် ကော်ဇောကို ဘုရင်အဆင့်ရှိ ပျက်စီးခြင်း သားရဲသား‌ရေဖြင့် ချုပ်လုပ်ထားသည်။ ထို့အပြင် ၎င်းတို့အတွင်းတွင် သခင်များ စီရင်ထားသော အစီအရင်များ ရေးထိုးထား‌‌လေသည်။ ထိုအပေါ်၌ အိပ်စက်ခြင်းက ခန္ဓာကိုယ်ကို စွမ်းအင်များဖြည့်တင်း‌စေပြီး ယွမ်အုတ်မြစ်ကို သိသိသာသာ အားကောင်းစေသည်။

အခန်းအပြင်ဘက်မှာ လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းတွေ အစုံရှိကာ အထက်တန်းဆန်လှသည်။

"အခန်းက ဘယ်လိုလဲ" အနက်ရောင် ၀တ်စုံမိန်းမလှလေးက တခစ်ခစ်ရယ်ရင်း မေးလိုက်သည်။ သူမ၏အသံသည် တိုးညှင်းကာ အလွန်ချိုမြိန်လှသည်။ သူမသည် ဧည့်သည်ကြိုဆိုမှုနှင့် ဝန်ဆောင်မှုကို တာဝန်ယူရသည့် ဗဟိုနတ်မျှော်စင်၏ အစောင့်တစ်ဦးဖြစ်သည်။

တိုင်အာနတ်မြို့တော်တွင် ဗဟိုနတ်မျှော်စင်သည် တစ်ခုတည်းသော၀န်ထမ်းများ ခန့်အပ်ထားသည်နေရာဖြစ်သည်။

"ဒီအခန်းမှာဆို တစ်လကို မှော်နဂါးကြေးပြား ၂၀,၀၀၀ ကုန်ကျပါမယ်"

အနက်ရောင်ဝတ် မိန်းကလေးသည် ယီယွင် ၏အကြောင်းကို သိထားပြီးဖြစ်သော်လည်း ထိုလူငယ်ကိုအလွန်စိတ်၀င်စားလျက်ရှိသည်။ မိုးနဲ့မြေစာရင်း ထိပ်တန်းအဆင့် တစ်ဆယ့်တွင်ပါ၀င်သော ကျင့်ကြံသူများပင် ထိုနေရာ၌ နေထိုင်ရန် တတ်နိုင်ခြင်း မရှိကြပေ။

ယီယွင် သည် တိုင်အာနတ်မြို့သို့ ရောက်ခဲ့သည်မှာ လေးလခန့်သာ ရှိသေးသည်။

"အင်း၊ အခန်းကမဆိုးပါဘူး" ယီယွင် အလွန်ကျေနပ်နေသည်။ ယီယွင် သည် မိမိ၏ကျင့်ကြံမှုအရှိန်ကို မြှင့်တင်နိုင်သည့် မည်သည့်အရာကိုမျှ တွန့်တိုခြင်းမရှိပေ။

"ဒီအခန်းကို တစ်နှစ်ခွဲ ငှားမယ်" ယီယွင် သည် တည်ငြိမ်စွာ ပြောပြီး အနက်ရောင်၀တ်စုံနှင့် မိန်းမလှလေးဆီသို့ သူ့၏တံဆိပ်ပြားကို ပေးလိုက်လေသည်။ အထောက်အထား တံဆိပ်ပြားအတွင်း သိမ်းဆည်းထားသော မှော်နဂါးကြေးပြား ၂၂၀,၀၀၀ ရှိသည်။

အနက်ရောင်၀တ်စုံနှင့် မိန်းမလှလေး၏ မျက်ခွံများ လှုပ်ယမ်းသွား‌ လေသည်။

တစ်နှစ်ခွဲဆိုပါက တန်ကြေးမှာ မှော်နဂါးကြေးပြား ၁၂၀,၀၀၀ ဖြစ်သည်။ တိုင်အာနတ်မြို့တော် တစ်ခုလုံးတွင်၊ သူမရှေ့တွင်ရပ်နေသော ထိုလူငယ်မှလွဲ၍ ဤကဲ့သို့ မှော်နဂါးကြေးပြားကို အသုံးပြုနိုင်သည့် အခြား ကျင့်ကြံသူမရှိပေ။

ထိုမိန်းကလေးသည် တိုင်အာနတ်မြို့တော် ၏ ဝန်ထမ်းအဖြစ် အမှုထမ်းသည့်အတွက် လစာရရှိခဲ့သည်။ မြို့တော်က လစာကို မှော်နဂါးကြေးပြားဖြင့် ပေး‌ချေလေသည်။

ဝန်ထမ်းများလည်း ကျင့်ကြံမှုများကို လုပ်ဆောင် လိုအပ်သည်။ ထိုသူတို့သည် တိုင်အာနတ်မြို့တော်၌ ၎င်းတို့၏ သိုင်းပညာကို စွန့်လွှတ်၍ မရပေ။

ထို့ကြောင့်၊ ၎င်းတို့သည် အရင်းအမြစ်များကို လဲလှယ်ရန်အတွက် မှော်နဂါးကြေးပြားကို အသုံးပြုရန် လိုအပ်မည်ဖြစ်သည်။

ရာထူးနိမ့်သော ဝန်ထမ်းတစ်ဦးအနေဖြင့် ထိုမိန်းကလေး၏ လစဉ်လစာမှာ မှော်နဂါးကြေးပြား ၃၀၀၀ မျှသာဖြစ်သည်။ သူ့ရှေ့က လူငယ်နှင့် ယှဉ်လျှင် သူမသည် လစာမှာ အလွန်ပင်ကွာခြားလှသည်။ ထိုလူငယ်သည် သုံးနှစ်အတွင်း သူမရရှိသည့်လစာပမာဏကို နှစ်စက္ကန့်အတွင်းတွင် အသုံးပြုလိုက်လေသည်။

"ဒါ မင်းရဲ့သော့ပဲ"

အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးက ယီယွင် ကို ရွှေသော့တစ်ချောင်း ပေးလိုက်တယ်။ ဤသည်မှာ ဗဟိုနတ်မျှော်စင်၏သော့ဖြစ်ပြီး သော့သည် ပိရမစ်ပုံသဏ္ဍာန်ဖြစ်သည်။‌ ရွှေသော့မှာ အလွန်လက်ရာမြောက်လှသည်။

“ကျေးဇူးတင်ပါတယ်။” ယီယွင် က သော့ကိုယူကာ မိန်းမပျိုလေးအား ကျေးဇူးတင်သည်သဘောဖြင့် ပြုံးပြလိုက်‌လေသည်။

ထို့နောက် ယီယွင် သည် ဗဟိုနတ်မျှော်စင်မှ ထွက်ခွာပြီး အရိုင်းနယ်မြေ နတ်ခန်းမသို့ ဦးတည်လိုက်‌လေသည်။ ခန်းမကို နာရီ ၆၀စာ ငှားရမ်းခဲ့ပြီး ၎င်းအတွက် မှော်နဂါးကြေးပြား ၃၀,၀၀၀ သုံးစွဲခဲ့‌လေသည်။

တစ်နေ့တာအတွင်း ယီယွင် သည် မှော်နဂါးကြေးပြား ၁၅၀,၀၀၀ကို အသုံးပြုခဲ့သည်။ ယင်းက ယီယွင်အား မရောရာသော ခံစားချက်တွေကို ပေးလေသည်။ ပိုက်ဆံအများကြီးရတဲ့အခါ အထိန်းအကွပ်မဲ့သုံးစွဲဖို့မှာ လွယ်ကူလေသည်။

All Chapters