← Chapters

ပျက်စီးခြင်း ကောင်းကင်နည်းစနစ် မှတ်တမ်း

Vol. 18 Ch. 260

ပျက်စီးခြင်း ကောင်းကင်နည်းစနစ် မှတ်တမ်း

Vol. 18 Ch. 260

ယန်ယွဲ့ဖုန်း သည်ယနေ့တွေ့ဆုံမှုတွင် ယီယွင် နှင့် အပေးအယူမလုပ်လိုပေ။ သူသည် ချူတော်ဝင်စံအိမ်တော်၏ ကြီးမားသောအာဏာကို အသုံးပြု၍ ယီယွင်ထံရှိ 'ဥပဒေသအမှန်တရား' ကို အိမ်တော်သို့ ပြန်အပ်ရန်ဖိအားပေးစေ လိုသည်။

မှော်နဂါးကြေးပြား ၂၀,၀၀၀ သည် ယီယွင်နှင့် အခြေအနေကို ဖြေရှင်းရန် အကြောင်းပြချက်ပေးသည့် ပမာဏတစ်ခုမျှသာဖြစ်သည်။

သို့ရာတွင် ယီယွင်မှာ ဂုဏ် အမှတ်ကိုသာ လိုချင်သည်ဟု ချက်ချင်းပင် ပြောဆိုခဲ့လေသည်။

ယန်ယွဲ့ဖုန်းတွင် ဂုဏ်အမှတ် တစ်မှတ်သာရှိသည်။၎င်းတွင်ရှိသော ဂုဏ်အမှတ်ဖြင့် မလုံလောက်ပေ သို့သော်လည်း သူ့တွင် ဂုဏ်အမှတ်လုံလောက်စွာရှိလျှင်ပင် 'ဥပဒေသအမှန်တရား' နှင့် လဲလှယ်ရန် သူ၏ ဂုဏ်အမှတ်များကို သုံးလိမ့်မည်မဟုတ်ပေ။

ထိုပြဿနာအားလုံး၏ အဓိကတရားခံမှာ ယန်တင်းခွမ် ပင်။ ယန်ယွဲ့ဖုန်း သည် အခြေအနေကို ညှိနှိုင်းရန်အတွက်သာ ဤနေရာတွင် ရောက်ရှိနေခြင်း ဖြစ်သည်။

ယန်ယွဲ့ဖုန်း သည် ထိုအခွင့်အရေးကို အသုံးချ၍ ချူ တော်ဝင်အိမ်တော်ရှိ ခေါင်းဆောင်များကို သူ့၏စွမ်းရည်အား အထင်ကြီးစေကာ သူအား ပို၍နေရာပေးလာစေရန် ရည်ရွယ်ခဲ့လေသည်။ သို့သော် ယီယွင်က ထိုအခွင့်ရေးကို မျက်နှာသာမပေးချေ။

"ယီယွင် ငါ ကောင်းကောင်းမွန်မွန် အေးအေးဆေး‌ဆေး ညှိနှိုင်းပေးနေတာတောင် မင်းငါ့ကို အနိုင်ကျင့်မယ့်သူလို့ အလွယ်ထင်နေတာလား"

ယန်ယွဲ့ဖုန်း သည် အလွန်ထက်မြက်သော ပျက်စီးခြင်း ကောင်းကင်သခင်ဖြစ်ပြီး ငယ်စဉ်ကတည်းက သူ့မျိုးနွယ်မိသားစု၏ တန်ဖိုးထားခံခဲ့ရသည်။ ချူ တော်၀င်အိမ်တော်တွင်လည်း အိမ်တော်၏ အမွေဆက်ခံသူမှလွဲ၍ မျိုးဆက်သစ် လူငယ်များကြားတွင် ၎င်းမှာ ရာထူးအမြင့်ဆုံးဖြစ်သည်။

ထိုအခြေအနေများအပြင် ချူတော်၀င်အိမ်တော် မျိုးဆက်သစ်လူငယ်များကြားတွင် သူသည် ခေါင်းဆောင်တစ်ဦးအဖြစ် အမြဲရှုမြင်ခံရသည်။

ယနေ့တွင် ယန်ယွဲ့ဖုန်းသည် ယီယွင် နှင့် ညှိနှိုင်းရာ၌ သူ့၏အရေးပါ ကျော်ကြားမှုကိုနှိမ့်ချကာ စကားတိုင်းကို ယဉ်ကျေးစွာသုံးနှုန်း ပြောဆိုခဲ့သည်။

သို့သော်​ သူကထိုသို့ဆက်ဆံပြောဆိုနေသည်ကို ထိုကောင်​​မှ အပြန်​အလှန်လေးစားမှု မပြုပဲ ​မျောက်​တစ်​​ကောင်ကဲ့သို့ပြောဆိုနေလေသည်။

ဒီကောင်က သူကိုယ်သူဘာကောင်လိုထင်နေတာလဲ။

"မင်းအဆင့်အတန်း" ယီယွင် က သရော်ပြုံးပြုံးလိုက်သည်။ "မင်းရဲ့အဆင့်အတန်းက ငါ့အတွက် ဘာတန်ဖိုးမှမရှိဘူး။ ငါက မင်းတို့ ချူမင်းအိမ်တော်ကို ဆန့်ကျင်ချင်တာမဟုတ်ဘူး။ ပြီးတော့ ငါက မင်းတို့ စဉ့်တုံးပေါ်မှာ ခုတ်ဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ ငါးလည်း မဟုတ်ဘူး၊ မင်းက ဂုဏ်ရည်အမှတ် နှစ်မှတ် မပေးချင်ပဲ အေးအေးဆေး‌ဆေး အကျိုးအမြတ်ပဲ လိုချင်နေရင်တော့ ငါတို့မှာ ထပ်ပြီး စကားပြောစရာ မရှိတော့ဘူး"

ယီယွင် က ယန်ယွဲ့ဖုန်း၏ညှိုနှိုင်းမှုကို ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

ယန်ယွဲ့ဖုန်းမျက်နှာမှာ မဲ့ရွဲသွားလေသည်။ထို့နောက် ယီယွင်အား ဒေါသတကြီးကြည့်ကာ "ဒီအတွက် နောင်တမရစေနဲ့"

ထိုသို့ပြောကာ ‌သူ့နောက်လိုက်များ ဆီသို့လှည့်လိုက်လေသည်။

"သွားကြမယ်" ယန်ယွဲ့ဖုန်း၏ သူ့၏အင်္ကျီစများ ဝဲပျံသွားအထိ ဒေါသတကြီး လျှောက်လှမ်းကာ ထွက်ခွာသွားလေသည်။

ယီယွင် က သူတို့အား စိတ်ထဲပင်မထားကာ ခေါင်းငုံ့လျက် ဆက်‌စားနေလေသည်။

ချူ တော်၀င်အိမ်တော်ကို စော်ကားခဲ့သဖြင့် ဒုက္ခရောက်နိုင်သော်လည်း ယီယွင် သည် ၎င်းတို့ကို မကြောက်ပေ။ ချူ တော်၀င်အိမ်တော်သည် ဩဇာကြီးမားသော်လည်း တိုင်အာနတ်မြို့တော် မှ လူအများကို မလှည့်စားနိုင်‌ပေ။

ယီယွင်သည် ချူ တော်၀င်အိမ်တော်နှင့် နှိုင်းစာလျှင် ဘာမှမဟုတ်သေးသော်လည်း နောင်နှစ်အနည်းငယ်တွင် အနာဂတ်ပညာရှင်တစ်ဦးဖြစ်ကြောင်း လူအများသိစေရန် လုံလောက်သောစွမ်းအားတန်ဖိုးကို ပြသနိုင်မည်ဟု ယီယွင် က ယုံကြည်ခဲ့သည်။

ထိုသို့ဖြစ်သောအခါ အခြားအဖွဲ့အားလုံးကယီယွင်အား အပြိုင်ဆိုင်ခေါ်ယူကြမည်ကို ချူတော်၀င်အိမ်တော်လည်း ထိန်းချုပ်တားဆီးနိုင်မည်မဟုတ်ပေ။

ထို့အပြင် ချူတော်၀င်အိမ်တော်သည် ထိုအချိန်၌ သူ့ကို မိတ်ဖွဲ့ရန်ပင် ကြိုးစားနိုင်သည်။ထိုအ‌ကြောင်းမှာ ခန့်မှန်းစရာစရာပင်မလိုချေ။ ထိုကဲ့သို့ အနာဂတ်ပညာရှင်ကို မကျေမနပ်ဖြစ်အောင်လုပ်ခြင်းမှာ အတိအကျပင် ပညာမရှိသော လုပ်ရပ်ဖြစ်သည်။

ယီယွင် က ထမင်းစားပြီးသည်နှင့် ထွက်သွားရန်ပြင်ဆင်နေချိန် ထမင်းချက်အိမ်ထဲမှ လူတချို့မှာ သတင်းစကားတစ်ခုအား စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေကြလေသည်။

ယီယွင် အာရုံစိုက်နားထောင်ကြည့်သောအခါ တိုင်အာ နတ်မြို့တော် တွင် အကြောင်းအရင်းကြီးကြီးမားမားတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။

လော့ဟော်အာ သည် လွန်ခဲ့သောနှစ်ပေါင်း ၃၀,၀၀၀ က ထင်ကျန်ခဲ့သော ပျက်စီးခြင်းကောင်းကင် နည်းစနစ်မှတ်တမ်းကို ချိုးဖျက်ခဲ့သည်။

"ပျက်စီးခြင်းကောင်းကင် နည်းစနစ်မှတ်တမ်း"

ယီယွင် အနည်းငယ် အံ့သြသွား‌လေသည်။ ထိုမှတ်တမ်းမှာ အဓိပ္ပါယ်ရှိသောမှတ်တမ်းတစ်ခုဖြစ်သည်ကိုတော့ သံသယဖြစ်စရာ မလိုပေ။

"လော့ဟော်အာ က အထင်ကြီးစရာပဲ"

လော့ဟော်အာ ၏ စံချိန်ချိုးသည်ကိစ္စအား လူအများက အလွန်စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။၎င်းမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက တိုင်အာ နတ်မြို့တော် တွင် မည်သူမျှ မချိုးဖျက်နိုင်သော စံချိန်တစ်ခုဖြစ်သည်။

ယီယွင် သည် ဆေးပင်ရှာဖွေမှုမှတ်တမ်းစံချိန်ကို ချိုးဖျက်ခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။

သို့သော် ထိုစံချိန်မှာ အလုပ်ကြိုးစားသူများကို အသိမှတ်ပြုရန်အတွက် တိုင်အာ နတ်မြို့တော် မှ ဆေးပင်ရှာဖွေမှုမှတ်တမ်းစံချိန်ကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မှော်နဂါးကြေးပြား ရရှိသည့် မှတ်တမ်းတစ်ခုမျှသာဖြစ်ပြီး ပညာရှိစံအိမ် တွင် နာမည်ထင်ကျန်လောက်သည့် စံချိန်မျိုးတော့ မဟုတ်ပေ။

လော့ဟော်အာ ၏ ပျက်စီးခြင်းကောင်းကင် နည်းစနစ်မှတ်တမ်းစံချိန်ကို ချိုးဖျက်ခြင်းနှင့် နှိုင်းယှဉ်ပါက၊ထိုဆေးပင်စံချိန်မှာ ဘာမှအရေးမပါပေ။

ပျက်စီးခြင်းကောင်းကင် နည်းစနစ်၏ မှတ်တမ်းသည် ကြီးမားသော စံချိန်ဖြစ်သည်။ တိုင်အာ နတ်မြို့တော်ရှိ အရေးပါသော ယှဉ်ပြိုင်တိုက်ပွဲမဟုတ်သည့် မှတ်တမ်းစံချိန်များထဲမှ တစ်ခုဟု ဆိုနိုင်သည်။

ယင်းမှတ်တမ်းမှာ ကျင့်ကြံသူများ၏ အချိန်အတိုင်းအတာတစ်ခုအတွင်း နေရာပေါင်းစုံမှသက်ရောက်မှုမျိုးစုံဖြင့် ပြုပြင်ပြောင်းလဲထားသည့် ပျက်စီးခြင်းသားရဲအရိုးအမတေများ ထုတ်လုပ်နိုင်မှု မှတ်တမ်းတစ်ခုဖြစ်သည်။

နောက်ဆုံးတွင် တိုင်အာ နတ်မြို့တော် သည် ထိုပျက်စီးခြင်းသားရဲ အရိုးအမတေများ၏ တန်ဖိုးကို အကဲဖြတ်ပြီး ၎င်းတို့အတွက် မှော်နဂါးကြေးပြားဖြင့် ပေးချေမည်ဖြစ်သည်။ နောက်ဆုံးထိုမှရရှိသော ပမာဏများသည် နောက်ဆုံးရမှတ်အဖြစ်တည်ရှိမည်။

အဆင့်မြင့်ပြီး တန်ဖိုးကြီးသော ပျက်စီးခြင်း အရိုးအမတေများကို ထုတ်လုပ်နိုင်ရန် ပျက်စီးခြင်းကောင်းကင် သခင်တစ်ဦးမှာ ပျက်စီးခြင်းကောင်းကင် နည်းစနစ်အား ကျွမ်းကျင်သေသပ်စွာ အသုံးပြုနိုင်ရန် လိုအပ်ပေသည်။

တစ်ချိန်တည်းမှာပင်၊ ပျက်စီးခြင်းကောင်းကင် သခင် သည် ၎င်းကို ကျရှုံးနိုင်ခြေအနည်းဆုံးဖြင့် ပြီးမြောက်ရမည်ဖြစ်သည်။ ထို့အပြင် ပျက်စီးခြင်းကောင်းကင် သခင် သည် ထုတ်လုပ်မှုကို အရှိန်ဟုန်ကောင်းကောင်းနှင့် ပိုလျှံနေသောယွမ်ချီများကို အကျိုးပြုရန် များစွာသော ချင့်ချိန်ဆုံးဖြတ်မှုများ ချမှတ်နိုင်ရန်လိုအပ်ပေသည်။

သက်လုံ၊ အရှိန်နှင့် တိကျမှုတို့သည် မရှိမဖြစ် လိုအပ်သည်။

ပျက်စီးခြင်းကောင်းကင် သခင် စံချိန်ကို ချိုးဖျက်နိုင်သူမှာ ဘက်စုံထူးချွန်သူဖြစ်သည်မှာ သေချာလှသည်။

"ငါတော့ သောက်ရမ်း မနာလိုဘူးကွာ၊ လော့ဟော်အာ က လူသားမှတ်တမ်း မှာလည်း နံပါတ်တစ်ဖြစ်နေပြီ၊ အခုဆို သူက အဆင့်မြင့်တဲ့ စံချိန်တစ်ခုကိုတောင် ချိုးဖျက်နိုင်သွားပြီ။ သူ့မှာ အရင်းအမြစ်တော်တော်များများ ရသွားပြီ၊ ဒီမှတ်တမ်းက လော့ဟော်အာ ကို မှော်နဂါးကြေးပြား ၁၀၀,၀၀၀ နဲ့ ဂုတ်အမှတ် ၂၅မှတ်ကို ဆုချီးမြှင့်မယ်လို့ ကြားတယ်"

မှတ်တမ်းများကို ချိုးဖျက်နိုင်ခဲ့သော ကျင့်ကြံသူများအတွက်၊ မှော်နဂါးကြေးပြား များသည် တံဆိပ်ပြားတစ်ခုမျှသာဖြစ်ပြီး ဂုဏ်အမှတ်များသည်သာ တကယ့်ဆုလာဘ်များဖြစ်သည်။

"ဂုဏ်အမှတ် ၂၅ မှတ်‌တောင် တော်တော်များတာပဲဟ၊ ယီယွင် ဆေးပင်ရှာတဲ့စံချိန်ကို ချိုးဖျက်လိုက်တုန်းက သူ့ ဂုဏ်အမှတ် ၂ မှတ်ရမယ်ထင်တယ်၊ ပြီးတော့ နတ်မြို့ရဲ့ အကြီးအကဲတွေက အဲဒါကို ယာယီအနေနဲ့ ချီမြှင့်ပေးထားတာ"

"ငါတို့တော့ အနှစ်တစ်ထောင်အတွင်း ဘယ်သူမှ မတွေ့ဖူးသေးတဲ့ စံချိန်သစ်ကြီးကို ချိုးဖျက်နိုင်ခဲ့တာကို တွေ့ရလို့ ကံကောင်းတယ်ဆိုရမယ်။ လူတော်တော်များများဆို ဒီလိုမျိုးဖြစ်ရပ်တွေကို သက်သေပြဖို့ အခွင့်အရေးတောင် မရှိကြဘူး"

ပြောဆိုနေမှုများမှာ ရုတ်ရုတ်သဲသဲပင်။ သူတို့အားလုံးသည် လော့ဟော်အာ အပေါ် ယုံကြည်မှုနှင့် ကြည်ညိုလေးစားမှုတို့ တရိပ်ရိပ်တိုးပွားနေကြလေသည်။

တိုင်အာ နတ်မြို့တော် ကို တည်ထောင်ပြီးချိန်မှစ၍ ကျင့်ကြံသူ မြောက်မြားစွာက မှတ်တမ်းစံချိန် အဆက်မပြတ် ချိုးဖျက်ကာ စံချိန်အသစ်သစ်များ ဖြစ်‌ပေါ်စေသည်။ တကယ်တမ်းတွင် ဉာဏ်ကြီးရှင်များမှာ အတိုင်းအဆမရှိ တန်ခိုးကြီးနေကြသည်တော့ မဟုတ်ပေ။ တချို့သောလူများသည် နယ်ပယ်တစ်ခုတွင်သာ ထူးချွန်ကြလေသည်။

ထို့အတွက်ကြောင့် ချိုးဖျက်ခဲ့သော မှတ်တမ်းတိုင်းသည် လူအများကို စိတ်ပျက်စေကာ ခွန်အားမရှိ‌သကဲ့ခံစားစေရကာ စံချိန်ကို ချိုးဖျက်ရန် ကြိုးစားအားထုတ်မည့် သတ္တိများကို ပျောက်ဆုံးစေသည်။

ထို့ကြောင့် တိုင်အာ နတ်မြို့တော် တွင် မှတ်တမ်းစံချိန်မျိုးစုံရှိသော်လည်း အများအားဖြင့် ၎င်းစံချိန်တို့ကို နှစ်ပေါင်းထောင်နှင့်ချီကြာသည်အထိ ချိုးဖျက်နိုင်မည့်သူမရှိနိုင်ခြင်း ဖြစ်သည်။

လော့ဟော်အာ ၏ ပျက်စီးခြင်းကောင်းကင် နည်းစနစ်မှတ်တမ်းစံချိန်ကို ချိုးဖျက်ခြင်းသည် တိုင်အာ နတ်မြို့တော် တွင် ကြီးမားသော အဓိပ္ပါယ်ရှိသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ဆိုခြင်းသည် ချဲ့ကားခြင်းဟု မဆိုနိုင်ပေ။

တစ်နှစ်အတွင်း ကောင်းကင်နှင့်မြေကြီး မှတ်တမ်း၏ ထိပ်တန်းအဆင့် ၁၀၀၀အတွင်း သို့ဝင်ရောက်နိုင်သည့် အောင်မြင်မှုသည် ၎င်းနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

"ပျက်စီးခြင်းကောင်းကင် နည်းစနစ်မှတ်တမ်း... လော့ဟော်အာ..."

ယီယွင် က ထိုသို့ညည်းတွားရင်း ထိုနေရာမှထထွက်လာလေသည်။

ပျက်စီးခြင်းကောင်းကင် နည်းစနစ်မှတ်တမ်းသည် ဂုဏ်အမှတ် ၂၅ မှတ် ရရှိနိုင်သည်။ စံချိန်များကိုချိုးဖျက်ခြင်းသည် ဂုဏ်အမှတ်များစုဆောင်းရန် အမြန်ဆန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။

ယီယွင် သည် ‘သားရဲတစ်သောင်းပုံရိပ်' နှင့် 'တိုင်အာနတ်ကျင့်စဉ်' တို့၏ နောက်ဆက်တွဲ အတွဲများကို လဲလှယ်လိုသဖြင့် ဂုဏ်အမှတ်များ လိုအပ်နေလျက်ရှိသည်။

ယီယွင် အပေါ်တွင် ဖိစီးနေသောပြဿနာများကို ဖြေရှင်းရန်အတွက် နောက်ထပ် ဂုဏ်အမှတ် ၃၀ လိုအပ်ပေသည်။

…

"တကယ်ပဲ ဒီအကြောင်းကို မစဉ်းစားချင်တော့ဘူးလား"

မျက်နှာရှည်ရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် စားပွဲပေါ်ရှိ ကျောက်စိမ်းပုရပိုက်ကို ဖိကာ သူ့ရှေ့တွင် ထိုင်နေသော အနီရောင်ဝတ် မိန်းကလေးကို လေးလေးနက်နက် ကြည့်ကာပြောလိုက် လေသည်။

လော့ဟော်အာ ပျက်စီးခြင်းကောင်းကင် နည်းစနစ်မှတ်တမ်းကို ချိုးဖျက်ပြီးနောက်၊ ၎င်းသတင်းသည် တိုင်အာနတ်မြို့တော်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဂိုဏ်းခေါင်းဆောင်တော်တော်များများကိုပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

အဓိကအကြောင်းအရင်းမှာ လော့ဟော်အာ မှာ နောက်ခံမရှိခြင်းကြောင့်ပင်။ သူမမှာ တစ်နေရာရာမှ ရုတ်ခြည်းပေါ်ထွက်လာသူ တစ်ဦးလိုပင်။ သူမအား ခေါ်ယူရန် မျှော်လင့်ချက်အား မည်သည့် ဂိုဏ်းအဖွဲ့အစည်းများမှ မစည်းရုံးနိုင်ခဲ့ ခြင်းပေလော။

အဖွဲ့များစွာသည် အကြီးအကဲအဆင့် သံတမန်များ စေလွှတ်ပြီး ၎င်းတို့၏ ဆက်သွယ်မှုမှတစ်ဆင့် တိုင်အာ နတ်မြို့တော် သို့ ဝင်ရောက်ခဲ့ကြသည်။ ထိုသူတို့သည် သူမအား ဂိုဏ်းအတွင်းခေါ်ယူရန် ကြိုးပမ်းရာတွင် သူမလိုချင်သောအခြေအနေများအားလုံးကို ပေးဆောင်ရန် လော့ဟော်အာ ထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ညှိနှိုင်းခဲ့ကြသည်။

ထိုဂုဏ်းအဖွဲ့များသည် အများအားဖြင့် သီးခြားမိသားစု မျိုးနွယ်စုများဖြစ်သည်။ သူတို့ထဲက တော်တော်များများက ချူ တော်ဝင်အိမ်‌တော်ထက်ပင် ပို၍ကြီးကျယ်မြင့်မြတ်လှသည်။

သို့သော်လည်း လော့ဟော်အာ က ထိုအဖွဲ့များ စိတ်မဝင်စားပေ။

လော့ဟော်အာ က ချိုသာစွာ ပြုံးပြီး ယဉ်ကျေးစွာပြောသည် "ကြင်နာလှတဲ့ ကမ်းလှမ်းမှုတွေအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဟော်အာက အသင်းတွေထဲ၀င်ဖို့ ဆန္ဒမရှိဘူး၊ ဟော့အာ က လွတ်လပ်မှုကို ပိုနှစ်သက်တယ်"

“အခြေအနေတွေ အဆင်မပြေရင် ကျွန်တော်တို့ ပြန်ဆွေးနွေးလို့ရပါတယ်” မျက်နှာရှည်ရှည် လူလတ်ပိုင်း အမျိုးသားက လက်လွှတ်မခံနိုင်သော အမူအရာဖြင့် ထပ်မေးလိုက်‌‌လေသည်။

"ဒါတွေ တကယ်ကို မလိုအပ်ပါဘူး။ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဟော့အာ က ကိုယ့်သွားချင်တဲ့ နေရာတိုင်းကို သွားရတဲ့ လွတ်လပ်မှုကို ပိုနှစ်သက်တယ်" လော့ဟော်အာသည် ကျေးငှက်သဖွယ် သာယာနာပျော်ဖွယ် အသံဖြင့် ပြောလိုက်လေသည်။

"တကယ်...ဒါဆိုရင်‌တော့ စိတ်မကောင်းစရာပဲ" မျက်နှာရှည်ရှည် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အချိန်အတော်ကြာ လာခဲ့သော်လည်း လော့ဟော်အာ ၏ စိတ်ဝင်စားမှု ကင်းမဲ့သည်ကို မြင်ရပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားလေသည်။

တံခါးပိတ်သွားသောအခါ လော့ဟော်အာ၏ တောက်ပသောအပြုံးသည် ချက်ချင်းပျောက်ကွယ်သွားသည်။ သူမ ပါးစပ်ကို တွန့်ကွေးကာ "စုတ်ပဲ့တဲ့ ဂိုဏ်းငယ်လေးပဲ၊ ငါမှာတော့ သီးခြားမိသားစု မျိုးနွယ်လို့ ထင်နေတာ၊ ငါ့ကို ခေါ်ယူဖို့ အစုတ်ပလုတ်စာချုပ်တွေ သုံးပြီး လှည့်စားဖို့ ကြိုးစားနေတာ။ အိပ်မက်ပဲမက်နေစမ်းပါ"

သူ့အိမ်အကူ တုန်းအာက အခန်းထဲ ခေါင်း၀င်ကာ "မမလေး၊ ဒီလူတွေ အရမ်းစိတ်အနှောင့်ယှက်ပေးတယ်"

"ဟုတ်ပါ့"

"မမလေး၊ အခုပဲ ရောက်လာတဲ့ စာဆောင်တစ်ခုရှိတယ်၊ ချူတော်ဝင်အိမ်တော်က ယန်ယွဲ့ဖုန်း က မမလေးကိုတွေ့ချင်နေတာ"

လော့ဟော်အာ ခေတ္တရပ်လိုက်ပြီး "ယန်ယွဲ့ဖုန်း က ဘယ်သူလဲ"

"အိုး... သူက လူသား အဆင့်မှတ်တမ်း မှာ နံပါတ် ၁ ပဲ။ သူအဆင့်က မမလေးနဲ့ သိပ်မကွာဘူး။ အရင်တုန်းက အကြီးအကဲယွဲ့ဟွား ဆီမှာ သင်တုန်းက သူက မင်းနဲ့ ရင်းနှီးဖို့ ကြိုးစားဖူးတယ်လေ"

တုန်းအာက စကားကိုဆင်ခြေမဲ့စွာ ပြောလိုက်‌လေသည်။ ယန်ယွဲ့ဖုန်း သည် ထူးချွန်သူဖြစ်ပြီး လော့ဟော်အာ နှင့် နီးစပ်သော်လည်း လော့ဟော်အာ သည် သူ့မည်သူဖြစ်သည်ကိုပင် မသိခဲ့ပေ။

၎င်းမှာ လော့ဟော်အာ၏ မှတ်ဉာဏ်မကောင်းသောကြောင့် မဟုတ်သည်ကို တုန်းအာ သိသည်။ သူမအတွက် အရေးမပါသောလူများကို မှတ်သားထားခြင်း မရှိသောကြောင့်‌ ဖြစ်သည်။

လူတစ်ဦး၏ စိတ်ဝိညာဉ်သည် ကြံ့ခိုင်လေလေ အရာရာကို ရွေးချယ်မေ့လျော့နိုင်စွမ်း ပိုမြင့်မားလေလေ ဖြစ်သည်။

လော့ဟော်အာ၏ ကိုယ်ပိုင်စကားအရ၊ ထိုအသုံးမကျသောလူများကိုသတိရခြင်းသည် ဘ၀အတွက် အလဟဿဖြစ်သည်။

"‌မတွေ့ဖူးတဲ့၊နောက်ထပ် ဖားပြုတ်တစ်ကောင်" လော့ဟော်အာ သည် ဂိုဏ်းကြီးများ၏ အကြီးအကဲများနှင့် စိတ်ရှည်စွာ ဆက်ဆံတတ်သော်လည်း ငယ်ရွယ်သော မျိုးဆက်သစ်များအတွက်တော့ လော့ဟော်အာ သည် စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ပေ။

“ဟုတ်တယ်” တုန်းအာက ခေါင်းကိုအပြင်းအထန် ညိတ်လိုက်‌လေသည်။ "မျှော်လင့်ထားသလိုပဲ မ‌မလေး က အကောင်းဆုံးပဲ၊အရင်က လူတွေက မမလေး၊ ချင်ဟောင်ထျန်း နဲ့ ယီယွင် ကို တိုင်အာ ရဲ့ လက်ရွေးစင် သုံးဦးအဖြစ် သတ်မှတ်ခဲ့တယ်။ အခု ချင်ဟောင်ထျန်း နဲ့ ယီယွင်က မမလေး နဲ့ မယှဉ်နိုင်ဘူးဆိုတာ သိသင့်တယ်"

တုန်းအာ က ဂုဏ်ယူစွာပြောနေသည်။ သူမသည် လော့ဟော်အာ ကို သူမ၏နှလုံးသားအနက်အရိုင်းဆုံးထဲမှ ဂုဏ်ယူခဲ့သည်။

လော့ဟော်အာ က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပါးစပ်ကို မဲ့ရွဲ့ကာ ပြောလိုက်သည်။ "ကယ်ပေါက်တွေကို ဘယ်လိုသုံးရမှန်းသိတဲ့ လူယုတ်မာ ယီယွင်က စံချိန်ချိုးပြီး တကယ်တမ်း ငါပထမဆုံးစံချိန်ချိုးမယ့်သူ နေရာကို ခိုးယူနိုင်ခဲ့တယ်"

ယီယွင် ၏မှတ်တမ်းသည် လော့ဟော်အာ ၏ ပျက်စီးခြင်းကောင်းကင် နည်းစနစ်မှတ်တမ်းနှင့် နှိုင်းယှဥ်နိုင်ခြင်းမရှိသော်လည်း လော့ဟော်အာ သည် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။ လော့ဟော်အာ သည် ယီယွင်ကို မှတ်မိနေဆဲဖြစ်သည်။ မဟုတ်ပါက သူမသည် လူသစ်အဆင့်ပြိုင်ပွဲကို လုံးဝစိတ်မ၀င်စားသလို ယီယွင် မည်သူဖြစ်သည်ကို သူမမှတ်မိတော့မည်မဟုတ်ပေ။

"တုန်းအာ၊ အသံလုံတဲ့ အကာအရံ အစီအရင်ကို တပ်လိုက်။ ငါ ကျင့်ကြံခြင်းစတော့မယ်၊ နောက်ဆုံးတော့၊ ပျက်စီးခြင်းကောင်းကင် နည်းစနစ်ကို လေ့ကျင့်နေရတာကြောင့်၊ ငါတခြား ကျင့်ကြံမှုတွေကို ဘေးဖယ်ထားရတယ် မဟုတ်လား..."

All Chapters