← Chapters

လော့ဟော်အာ ၏ဒေါသ

Vol. 18 Ch. 261

လော့ဟော်အာ ၏ဒေါသ

Vol. 18 Ch. 261

လေ့ကျင့်ရေးကွင်းသည် လော့ဟော်အာ အခန်း၏ အနီးတစ်ဝိုက်တွင်ရှိသည်။ တုန်းအာ သည် ကျွမ်းကျင်သည့်ပုံစံဖြင့် သီးခြားအစီအရင်တစ်ခုကို ချက်ချင်းပင်စတင်ခဲ့သည်။ ထိုနောက်တွင်တော့ မိန်းမပျို‌လေးဟာ သူမ၏သိုလှောင်လက်စွပ်ကို ထိလိုက်ကာ ဒယ်ဆောက်အိုးကြီးတစ်လုံးကို ဆွဲထုတ်လိုက်လေသည်။

“ဒေါင်”

ကျယ်လောင်သော အသံနှင့်အတူ ဒယ်ဆောက်အိုးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ လော့ဟော်အာ ၏လက်သ‌င်္ကေတ တချို့နှင့်အတူ၊ မီးစတင်လောင်ကျွမ်းလာကာ သက်တံ့ရောင်မီးတောက်များ ထွက်ပေါ်လာ လေသည်။ လေ့ကျင့်ရေးကွင်း၏ အပူချိန်သည် တဟုန်ထိုး တိုးတက်လာသည်။

တုန်းအာ သည် နောက်ပြန်ဆုတ်လိုက်ပြီး လော့ဟော်အာ ကို ကျင့်ကြံရန် လေ့ကျင့်ရေးကွင်းထဲ၌ တစ်ဦးတည်း ထားခဲ့လေသည်။ လော့ဟော်အာ ကျင့်ကြံခြင်း နည်းစနစ်များကို စတင်ကျင့်ကြံလိုက်သည်နှင့် မီးအဆီအနှစ်ကို စုပ်ယူရင်း မီးဥပဒေသများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် ကြိုးပမ်းလျက်ရှိသည်…

ဒယ်ဆောက်အိုးထဲတွင် လောင်ကျွမ်းနေသော မီးတောက်များသည် ဝေးလံခေါင်သီသော တောတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခုမှ စုဆောင်းရရှိခဲ့ခြင်းဖြစ်သည်။ လော့ဟော်အာမှာ မီးအဆီအနှစ်များကို စုပ်ယူခြင်း ထုတ်လွှတ်ခြင်းများကို ပြုလုပ်နေလေသည်။

မြင့်မားသော အပူချိန်ကြောင့် ကြမ်းပြင်တွင် ခင်းထားသော ခရမ်းရောင် အဖြိုက်နက် သတ္တုများပင် အရည်ပျော်လုနီးနီး ဖြစ်နေလေသည်။ ထိုအချိန်တွင် အလွန်မာကျောသော ခရမ်းရောင်အဖြိုက်နက်သတ္တု ပေါ်တွင် ခြေရာပင် ထင်ချန်ထားနိုင်သည်။

လော့ဟော်အာ ၏ ခန္ဓာကိုယ်သည် ထိုပြင်းထန်လွန်ကဲလှသော ပတ်ဝန်းကျင်ရှိ အပူရှိန်ကြောင့် သူမ၏ ခန္ဓာကိုယ်မှာ နီရဲလာ‌လေသည်။

သူမသည် ထိုကျင့်ကြံမှုကို လေးနာရီကြာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဒယ်ဆောက်အိုးထဲရှိ မီးတောက်များသည် ယခုအခါ တဖြည်းဖြည်း လျော့ပါးလာပြီး လေ့ကျင့်ရေးကွင်းအတွင်း ပြန်နှံ့နေသော အပူလှိုင်းများလည်း တဖြည်းဖြည်း ပျောက်ကွယ်လာတော့သည်။

လော့ဟော်အာ ၏ တစ်ကိုယ်လုံး ချွေးများ ရွှဲနေပြီး သူမ၏ နီမြန်းနေသော မျက်နှာမှာ စိတ်လှုပ်ရှားဖွယ်ရာပင်၊ မီးဥပဒေသကို နောက်ထပ် နားလည်သဘောပေါက်လာခဲ့သည်။ ထိုအတိုင်းသာဆက်သွားပါက သူမဟာ မကြာခင်မှာ သူမ၏ "နတ်မီးစာအုပ်" တတိယနယ်ပယ်ထဲကို ဝင်ရောက်လာတော့မည် ဖြစ်သည်။

"ငါ့‘နတ်မီး စာအုပ်'ရဲ့ ဒုတိယအဆင့်၏ အထွတ်အထိပ်ပိုင်းလောက်မှာပဲ ရှိဦးမယ်။ ငါနဲ့ ရွယ်တူတွေကြားမှာဆို ပြိုင်ဘက် မရှိ‌ပင်မယ့်လည်း ငါလိုချင်တဲ့ နယ်ပယ်နဲ့ အဝေးကြီးလိုသေးတယ်..."

"အဖေက ငါ့ရဲ့ 'နတ်မီးစာအုပ်' က သတ္တမအဆင့်ကို ရောက်တဲ့အခါ သူ့ရဲ့တာ၀န်တချို့ ခွဲပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် သတ္တမအဆင့်ဆိုတာ အရမ်းဝေး‌သေးတယ်..."

သူ့အဖေဖြစ်‌စေချင်သည်ကို ပြန်တွေးရင်း လော့ဟော်အာ အနည်းငယ် စိုးရိမ်နေမိသည်။

စွမ်းအားအလုံအလောက်မရှိခြင်းက ဒုက္ခတစ်ခုခုဖြစ်စေနိုင်သည်။

ထိုအတွေးဖြင့် လော့ဟော်အာ သည် မှန်ချပ်ကြီးတစ်ခုဆီသို့ ပေါ့ပေါ့ပါးပါးဖြတ်သွားကာ တစ်ချက်ကြည့်လိုက်လေသည်။ မှန်ထဲတွင် သူမ၏ လှပသော မျက်နှာကို သတိထားမိလေသည်။

မူလက ထိုလေ့ကျင့်ရေးကွင်းတွင် မှန်မပါရှိသော်လည်း လေ့ကျင့်ရေးကွင်းကို သူမသာအသုံးပြုသောကြောင့်၊ သူမ၏ နတ်ပြဒါးကြေးမုံဆယ်ခုထက်မနည်းကို ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

နတ်ပြဒါးကြေးမုံများကို ပန်းထိမ်ဆရာများက ပြုလုပ်ခဲ့ကြသည်။ အသုံးပြုထားသောသတ္တုသည် အလွန်စျေးကြီးပြီး ၎င်းမှ ဖန်တီးထားသောမှန်သည် လူတစ်ဦး၏အသွင်အပြင်ကို အပြည့်အဝ ရောင်ပြန်ဟပ်နိုင်သည်။ ၎င်းသည် သေမျိုးများ အသုံးပြုသော ကြေးမုံမှန်များနှင့် နှိုင်းယှဉ်ပါက လုံးဝခြားနားသော အဆင့်ဖြစ်သည်။

တိကျသောပုံစံဖြင့် ကြေးမုံဆယ်ခုထက်မနည်း ထားရှိထားသောကြောင့် လေ့ကျင့်ရေးကွင်းရှိ နေရာတစ်ခုတွင် မတ်တပ်ရပ်ကာ ထောင့်ပေါင်းစုံမှ သူမ၏ ပုံရိပ်များကို မြင်တွေ့နိုင်သည်။

ထိုအချိန်တွင်၊ လော့ဟော်အာ သည် ထိုနေရာတွင် ရပ်နေပြီး သူမ၏ ပုံရိပ်များကို ကြည့်ကာ သဘောကျနေလေသည်။

လော့ဟော်အာ သည် ပန်းပွင့်ကဲ့သို့ လှပသည့် အရွယ်တွင် ရှိနေသည်။ သူမခန္ဓာကိုယ်မှာ ချွေးများစိုရွှဲနေသောကြောင့် အဝတ်အစားများမှာ ခန္ဓာကိုယ်တွင် ကပ်ငြိနေပြီး သူမခန္ဓာကိုယ်၏ ပြီးပြည့်စုံသော ကိုယ်ခန္ဓာကောက်ကြောင်းများမှာ ပေါ်လွင်လျက်ရှိသည်။

သူမ၏ သေးသွယ်လှပသော ခန္ဓာကိုယ်ကို သွယ်လျသော ခြေထောက်နှစ်ချောင်းမှာ ပူးကပ်ကာရပ်လျက် အနေအထားရှိသည်။ သူမ၏အဝတ်အစားများ စိုစွတ်နေချိန်တွင် သူမ၏ နူးညံ့သော အသားအရေကို ဝိုးတိုးဝါးတားမြင်နိုင်လေသည်။ ပြီးပြည့်စုံစွာ နူးညံ့ပျော့အိနေသော ခြေထောက်များမှာ ပေါ်လွင်နေလျက်ရှိသည်။

စိုစွတ်နေသောအဝတ်အစားကြောင့် သူမ၏ ပြည့်ဖြိုးတင်းရင်းသည့် ရင်သားများကို ထင်ရှားစွာ မြင်နေရသည်။ သေးငယ်သော အစက်နှစ်စက်ကိုပင် ယောင်ဝါးဝါးမြင်နိုင်သည်။

လော့ဟော်အာ သည် အရိုင်းဆန်သည့် စိတ်ကူးယဉ်အတွေးများထဲတွင် ပျောက်ဆုံးသွားစေနိုင်သော နူးညံ့သိမ်မွေ့သော ပန်းပွင့်ဖတ်နှင့်တူသည်။

လော့ဟော်အာ သည် သူမ၏ ကိုယ်ပိုင် ပုံရိပ်များကို ကြည့်နေချိန်တွင် သူမ၏ စိုးရိမ်စိတ်များအားလုံးဟာ အလျင်မြန်ပင် ပျောက်ကွယ် သွားခဲ့သည်။

သူမကိုယ်တိုင်က "အရမ်းပြီးပြည့်စုံတယ်... ထူးချွန်တဲ့ သိုင်းပညာစွမ်းရည်၊ ပျက်စီးခြင်းကောင်းကင် နည်းစနစ်နဲ့ အဂ္ဂိရတ်စွမ်းရည်။ ပြီးပြည့်စုံတဲ့ ရုပ်ရည်နဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့၊ ငါ့မှာ အားနည်းချက်တွေ ရှိသေးလို့လား"

"ငါသာ ယောက်ျားလေးဖြစ်ရင် ငါ့ကိုယ်ငါ ချစ်ကြိုက်မိသွားလိမ့်မယ်... ပြောရင်းနဲ့‌‌တောင် ခေါင်းကျိန်းလာပြီ။အကယ်လို့ ငါနဲ့ထိုက်တန်တဲ့သူ မရှိရင် ဘယ်လိုလုပ်မလဲ၊ ဒီ တိုင်အာ နတ်မြို့‌တော်က လက်ရွေးစင်တွေ အကုန်လုံးကို စုစည်းထားပေမယ့် ဒီမှာ ရှိတဲ့ယောက်ျားတစ်ယောက်မှ ကောင်းတာမတွေ့ဘူး ဟုတ်တယ်... ဒီဖားပြုပ်တွေ ကံကောင်းသွားအောင် မလုပ်ချင်လို့ တစ်သက်လုံး အိမ်ထောင်မပြုပဲနေလိုက်တော့မယ် ..."

လော့ဟော်အာ က သူ့ကိုယ်သူ စကားပြောနေစဉ်တွင် သူမ၏ ခန္ဓာကိုယ် အပူရှိန်နှင့် စိတ်လှုပ်ရှားမှုကြောင့် သူမ၏ အသားအရေသည် အလွန်နီရဲနေခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ကို ၃၆၀ ဒီဂရီ အကြိမ်အနည်းငယ် လှည့်ကာ သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ပုံရိပ်ကို သဘောကျနေလေသည်။ တစ်ချိန်တည်းမှာပင်၊ တုန်းအာသည်ယခင်က လော့ဟော်အာ အတွက် 'နတ်မီးစာအုပ်' ကျင့်ကြံရန် သီးခြား အစီအရင်တစ်ခုအား စီစဉ်ထား‌စေခဲ့ပြီး ထိုထဲတွင်ကျင့်ကြံရင်း အချိန် ကုန်ဆုံးစေလျက်ရှိသည်။

သီးခြားအစီအရင် ပျောက်ကွယ်သွားကာ လော့ဟော်အာ ၏ မျက်နှာသည် ခက်ထန်လာကာ တစ်စုံတစ်ခု လွဲချော်နေပြီဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။

သူမ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်နှင့် သူမနှင့် မနီးမဝေးတွင် နောက်ကျော၌ ဓားတစ်လက်လွယ်ထားသည့် ပိတ်ချောဝတ် လူငယ်တစ်ဦး ရှိနေသည်ကို သတိပြုမိသည်။ ထိုနေရာတွင် ရပ်နေသောသူသည် အံ့အားသင့်သွားပြီး သူ့မျက်နှာပေါ်တွင် အံ့သြထိတ်လန့်သော အမူအရာဖြင့် ရပ်နေသည်။ ထိုလူငယ်၏အကြည့်များကို သူမထပ်မြင့်သောနေရာတစ်ခုဆီသို့ ပို့ထားလေသည်။

လော့ဟော်အာ သည် အလွန်အံ့သြလျက်...

သူမ ရင်ဘတ်ကို ရုတ်တရက် ဖုံးအုပ်လိုက်ပြီး "မင်း... မင်း... ဘယ်လိုဝင်လာတာလဲ"

လော့ဟော်အာ သည် ရှက်ရွံ့ကာဒေါသထွက်‌‌ နေလျက်ရှိသည်။ သူမသည် ဗဟိုနတ်မျှော်စင်၏ ၆၉ လွှာတွင် နှစ်နှစ်ကြာနေထိုင်ခဲ့ပြီးဖြစ်သည်။ ဤလေ့ကျင့်ရေးကွင်းသည် ၆၉ လွှာတွင်နေထိုင်သူများ အကြားမျှဝေအသုံးပြုသော ‌ကွင်းဖြစ်သည်။ သို့သော် ထိုနှစ်နှစ်အတွင်းတွင် ၎င်း၌ သူမတစ်ဦးထဲသာ လေ့ကျင့်နေလျက်ရှိသည်။ ဒီကို ဘယ်လိုဝင်လာတာလဲ…

“အယ်…”

ယီယွင် က သူ့လက်ထဲက ပိရမစ်ပုံသဏ္ဍာန်သော့ကို ကြည့်ကာ သူ့လက်ကို အနည်းငယ် မြှောက်လိုက်သည်။ သူဆိုလိုတာက...

တံခါးကိုဖွင့်ဖို့ သော့သုံးပြီး ဝင်လာသည်ကို ပြောလိုခြင်းဖြစ်သည်။

"မင်း"

လော့ဟော်အာ ၏ မျက်လုံးများသည် ဒေါသကြောင့် တောက်လောင်နေလျက် ရှိသည်။ သူမပြောခဲ့သည့် စကားများကို ပြန်သတိရသွား‌သောအခါ သေချင်လောက်သည်အထိ အရှက်ရသွားလေသည်။ သူမ စကားမစမှီ သီးခြားအစီအရင်မှာ အလွန်အားနည်းနေပြီဖြစ်သည်။ ကျွမ်းကျင်သူတစ်ဦး၏ နားထောင်မှုစွမ်းအားဖြင့်၊ ဤမျှနီးကပ်သောအကွာအဝေးတွင် အရာအားလုံးကို အလွယ်တကူပင် ကြားနိုင်‌မည်ဖြစ်သည်။ ထို့အပြင် နှုတ်ခမ်းမှလည်း ပြောသည့်စကားများကို ဖတ်နိုင်လေသည်။

"မင်း ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ" လော့ဟော်အာ က သူမ၏ အံကိုကြိတ်ကာ မေးလိုက်သည်။

"ငါ... အခုမှ ရောက်လာတာ..." ယီယွင် က ကမန်းကတန်း ရှင်းပြ လေသည်။

လော့ဟော်အာ သည် ယီယွင် ပိတ်ထားသော လေ့ကျင့်ရေးကွင်းတံခါးကို ကြည့်လိုက်ရာ တံခါးပေါက်မှ သူ့ရပ်‌သောနေရာမှာ ဝေးကွာလျက်ရှိသောကြောင့် လော့ဟော်အာ သည် ထိုကောင် ရောက်နေသည်မှာ အချိန်အတော်ကြာနေပြီဟု ခန့်မှန်းနိုင်သည်။

"ငါ...မင်းကိုသတ်မယ်"

လော့ဟော်အာ က မှုန်ကုပ်ကုပ်ဖြင့် ဓားကို ချက်ချင်းဆွဲထုတ်လိုက် လေသည်။

"အိုး... အလျင်မလိုပါနဲ့" ယီယွင် နောက်ဆုတ်ကာ လော့ဟော်အာထံမှာ လူသတ်ချင်စိတ်ကို ခံစားမိလိုက်ရသည်။ ယီယွင် လုံး၀ကံဆိုးနေပြီ သေချာသည်။ယီယွင် ယနေ့ပင် ဗဟိုနတ်မျှော်စင်သို့ ပြောင်းရွှေ့လာခဲ့ပြီး လေ့ကျင့်ရေးကွင်းတံခါးကို သော့ဖြင့်ဖွင့်ကာ ထိုအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

"မင်းဒီမှာ လေ့ကျင့်နေတာ ငါမသိဘူး...”

"မင်း" လော့ဟော်အာ ၏ မျက်နှာသည် ရှက်စိတ်ကြောင့် နီရဲနေသည်။ သူမ ရှေ့ကို ခုန်ပြီး ယီယွင် ကို ဓားဖြင့် ခုတ်လိုက်သည်။

ဤဓားခုတ်ချက်ဖြတ်မျဉ်းများမှ ဓားသွားအလင်းတန်းများ နှင့် အစွမ်းထက်သော အရှိန်အဝါတို့အတူ ပါရှိသည်။ ဓားသည် ယီယွင်ထံသို့ မရောက်မီ ခန္ဓာကိုယ် ချွေးပေါက်များ ကျုံ့သွားသည်ကို ခံစားလိုက်ရသည်။ ဓားအချောင်း ၁၀,၀၀၀ ခန့်က သူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားသလိုပဲ။

ဘာလဲဟ…

ယီယွင် အံသြသွားသည်။ ထိုမိန်းကလေး၏ ဓားတိုက်ခိုက်မှုမှာ ပြင်းထန်လွန်းလှသည်။ ခရမ်းရောင် သလင်းကျောက်၏ အမြင်အာရုံကို အသုံးမပြုပဲလျက်ပင် ဓားမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားရနိုင်သည်။ နှိုင်းယှဥ်ကြည့်လျှင် လီဟုန်မှာ ဘာမှမဟုတ်တော့ပေ။

ထိုတိုက်ခိုက်မှုကြောင့် သူမထပ်မံ၍ ခံနိုင်ရည်မရှိတော့သည်မှာ သေချာသည်။ ကောင်မလေးသည် ဒေါသဖြစ်နေသော ရှက်ကိုးရှက်ကန်းစိတ်ကြောင့် သူမ၏ခွန်အားကို မထိန်းချုပ်နိုင်ပေ။ ထိုသို့တိုက်ခိုက်ခြင်းကြောင့် လဝက်ခန့် မထနိုင်အောင် ဒဏ်ရာအပြင်းအထန်ရခြင်း ဒါမှမဟုတ် သေဆုံးသွားခဲ့မယ်ဆိုပါက ကြီးလေးသည့်ပြစ်ဒဏ်ကို ယီယွင် မတရားချမှတ်ခံရနိုင်ပေသည်။

ဒီတစ်ကြိမ်တော့ သူ ဒီတိုက်ခိုက်မှုကို မခံနိုင်တော့ပေ။၎င်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ ဘာမှမခြားနားပေ။ သူ ရှောင်ချင်ရင်တောင် မရှောင်နိုင်လိမ့်မည်မဟုတ်။ ယီယွင်၏ စိတ်ထဲတွင် ကျိန်ဆဲသည့် စကားလုံးများသာ လှိမ့်ထွက်နေပြီး၊ သူ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ။

ထိတ်လန့်တုန်လှုပ်စွာဖြင့် ယီယွင် သည် သူ့အား ဓါးတန်းများ လွှမ်းခြုံနေသည်ကို တွေ့လိုက်ရသည်။ အနီရောင်၀တ် မိန်းကလေး၏ ဓားရှည်ကို ကိုင်ဆောင်ရင်း ယုန်မလေးသဖွယ် အရိုင်းဆန်စွာ ခုန်‌ပေါက်နေ‌ လေသည်။

မိန်းကလေး၏အဝတ်အစားများသည် သူမ၏ခန္ဓာကိုယ်တွင် တင်းကျပ်စွာ တွယ်ကပ်နေပြီး သူမ၏လက်နှစ်ဖက်စလုံးသည် ဓားကိုကိုင်ဆောင်ထားသောကြောင့် သူမ၏ရင်ဘတ်ကို ဖုံးအုပ်ထားနိုင်ခြင်းမရှိပေ။ ယီယွင်မှာ သူရှေ့ရှိ ပုံများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဖြူဖွေးပျော့ပျောင်းသော အသားအရည်များကြားမှ အနီရောင်အဝတ်အစားများကိုပင် မြင်နိုင်သည်။

ချက်ချင်းပင် ယီယွင်သည် တစ်စုံတစ်ခုကို တွေးတောလိုက်ပြီး အကြံတစ်ခု ထွက်လာသည်။ တိုက်ခိုက်မှုကို သူရပ်တန့်အောင် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် သူမကို အသိစိတ်ကပ်အောင် လုပ်ရတော့မည် ဖြစ်သည်။

ယီယွင်သည် မိန်းကလေး၏ ရင်ခွင်ကို ကြည့်ကာ လက်ညိုးထိုးပြကာ "လှတယ် မင်းရဲ့ ရင်သားတွေကို ငါမြင်ရတယ်"

“အာ”

လော့ဟော်အာ က ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး ဓားချီသည် ပျောက်ကွယ်သွားသည်။

ဓားချီ အား ပိတ်ဆို့ခြင်းမှ လွတ်မြောက်လာသဖြင့် ယီယွင် သည် သူ၏ တပ်ထောင်ဓားကို အမြန်ဆွဲထုတ်ပြီး အပြင်သို့ ခုတ်လှဲလိုက်သည်။

"ချွမ်"

လော့ဟော်အာ ၏ လက်ကျန်ဓား ချီ ကို ယီယွင် မှ ခွဲထုတ်လိုက်သည်။ ယီယွင် သည် သူ၏ တဒင်္ဂ လှုပ်ရှားမှုနည်းစနစ်ကို လျင်မြန်စွာအသုံးပြုကာ အမြန်ထွက်ပြေးလာခဲ့သည်။

လေ့ကျင့်ရေးကွင်းတံခါးရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး တံခါးကို ကန်ထုတ်လိုက်သည်။ ကျေးဇူးတင်ပါတယ်၊ ယီယွင် ကွင်းထဲသို့ ဝင်လာချိန်မှာတော့ တံခါးကို သော့ခတ်ကာမပိတ်ထားမိခဲ့ပေ။ တံခါးအားသော့ခတ်ထားမိပါက ခရမ်းရောင်အဖြိုက်နက်တံခါးက ယီယွင် ကို ယခုအချိန်မှာ ဒုက္ခပေးမှာအသေအချာပင်။

လွတ်မြောက်ရန် ဆုံးဖြတ်ချက်သည် ယခုအချိန်တွင် ပညာအရှိဆုံးဖြစ်သည်။ ဒေါသတွေထွက်နေသော မိန်းက‌လေးထံတွင် ဆက်နေပါက တရားရုံးမှာ သေဒဏ်အထိ ချမှတ်ခံရ‌ပေလိမ့်မည်။ မိန်းကလေးများသည် ကျိုးကြောင်းဆီလျော်သော သတ္တဝါများမဟုတ်ပေ၊ ဒေါသပူလောင်နေသော မိန်းကလေးများအတွက် ပို၍ပင်ဆိုးလေသည်။

"ဘောင်း"

တံခါးကိုပိတ်လိုက်သည်နှင့် ယီယွင်မှာ ချက်ချင်းပျောက်ကွယ်သွားသည်။

လော့ဟော်အာ သည် သူမ၏ ဓားကို လက်တစ်ဖက်တွင် ကိုင်ထားပြီး ကျန်လက်တစ်ဖက်က သူမ၏ ရင်ဘတ်ကို အုပ်ထားလေသည်။ သူမသည် လေ့ကျင့်ရေးကွင်းထဲတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေလေသည်။

သူမသည် ဒေါသနှင့် အရှက်ကွဲကာကျန်ခဲ့လေသည်။ အမြှီးကိုအနင်းခံခဲ့ရသည် အမွှေးပွကြောင်တစ်ကောင်လိုပင်။

"အဲ့လို ယုတ်မာတဲ့ကောင်၊ မင်းကို ဖမ်းမိရင် မင်းကို သတ်ပစ်မယ်"

လော့ဟော်အာ သည် အလွန်ဒေါသထွက်နေပြီဖြစ်သော်လည်း ယီယွင် က "လှတယ်၊ ငါမင်းရဲ့ရင်သားတွေကို မြင်နိုင်တယ်" ဆိုပြီး ပြောဆိုသွားသည့် နောက်ဆုံးစကားကို ပြန်ကြားယောင်က ဒေါသအရမ်းထွက်နေလျက် ရှိသည်။

သူမ ခေါင်းငုံ့ပြီး ရင်ဘတ်ကို ကြည့်လိုက်သည်။ သူမရဲ့ စိုစွတ်နေသော အဝတ်အစားများကြောင့် သူမ၏ မို့မောက်နေသောရင်သား ကောက်ကြောင်းက ထင်ရှားလျက်ရှိသည်။ မှုန်ဝါးဝါး အလင်းဝင်နေသော အ၀တ်စားများတွင်ပင် အစိတ်အပိုင်းတချို့ပင် ပေါ်လွင်နေလျက်ရှိသည်။

ယင်းကြောင့် လော့ဟော်အာမှာ အသက်မရှင်ခြင်တော့သလိုပင် ခံစားလိုက်ရသည်။

ရှေးဦးစွာ ထိုလူယုတ်မာသည် သူမပြောဆိုနေသော စကားများကို ကြားလိုက်ပြီးနောက် သူမ၏ ရင်သားများကိုလည်း မြင်လိုက်ရသည်။ သူမသည် ထိုဖားပြုပ်လို‌ ကောင်များကို ကံကောင်းစေခြင်းထက် တစ်သက်လုံး တစ်ကိုယ်တည်းနေလိုကြောင်း ယခင်ကပင် ပြောခဲ့သည်။ ထိုနောက်အခိုက်အတန့်မှာတော့ သူမဟာ ထိုဖားပြုပ်လိုကောင်တစ်‌ ကောင်ကို လုံးလုံးမြင်တွေ့ခဲ့ရပေသည်။

" သောက် ဖားပြုပ်" လော့ဟော်အာ ၏ ရင်ဘတ်မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေလေသည်။ "ငါလည်း ငတုံးပဲ။ ငါ့အဝတ်တွေကို ခြောက်ဖို့ မီးဥပဒေသသုံးဖို့ မေ့နေတယ်"

ဖြစ်ပျက်သမျှအရာအားလုံးမှာ မြန်ဆန်လွန်းသဖြင့် လော့ဟော်အာမှာ ၎င်းကို စဉ်းစားဖို့ အာရုံမရခဲ့ပေ။ သူမ၏ အဝတ်အစားများမှာ ချွေးများဖြင့် စိုရွှဲနေခြင်းကြောင့် သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းများမပီမပြင် ပေါ်လွင်နေသည်ကို မေ့လျော့နေလေသည်။

သို့သော် လော့ဟော်အာ ၏ မီးဥပဒေသများကို မည်မျှပင် ကျွမ်းကျင်စွာ ခြယ်လှယ်နိုင်စွမ်းရှိစေကာမူ၊ မီးလျှံဖြင့် အဝတ်အစားများကို အခြောက်ခံရန် စက္ကန့်အနည်းငယ်မျှ ကြာမြင့်မည်ဖြစ်သည်။ မီးလျှံပြင်းထန်လွန်းပါက အဝတ်အစားများ လောင်ကျွမ်းသွားရန် စိုးရိမ်ရသည်။

ထိုစက္ကန့်အနည်းငယ်က အဲဒီလူယုတ်မာကို အရာအားလုံးကို မြင်အောင်ကြည့်ဖို့ လုံလောက်လှသည်။

သူမ၏ စိတ်ထဲတွင် ဒေါသထွက်နေသော အတွေးများဖြင့် လော့ဟော်အာ ဒေါသတကြီး လေ့ကျင့်ရေးကွင်းမှ ပြေးထွက်လာခဲ့သည်။

"ဘောင်း"

လော့ဟော်အာ က အခန်းတံခါးကို ကန်ထုတ်လိုက်ပြီး "တုန်းအာ၊ မင်းအခု ထွက်လာခဲ့"

လော့ဟော်အာ သည် လက်ထဲတွင် ဓားတစ်လက်ရှိပြီး အသင့်ဆုပ်ကိုင်ထားသည့် အနေအထားရှိသည်။

သူမ၏ပုံမှန်ကျင့်ကြံမှုအတွင်း၊ အခြားသူများကိုသူမ၏ 'နတ်မီးစာအုပ်' ကိုမမြင်စေလိုသောကြောင့် လော့ဟော်အာ သည် သီးခြား အစီအရင်တစ်ခုကို အမြဲစီရင်ထားပြီး တုန်းအာ ကို တံခါးကိုစောင့်ခိုင်းထားသည်။ သို့သော် ယနေ့တွင် တုန်းအာမှာ တံခါး၌မရှိချေ။

"ဘာဖြစ်လို့လဲ မမလေး"

တုန်းအာ က သူမခေါင်းကို မော့လိုက်ပြီး လော့ဟော်အာ ကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။ သူမ၏လက်ထဲတွင် ပါးစပ်ထဲသို့ထည့်လုနီးပါးရှိသော ပေါင်မုန့်ဝိုင်းကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ထို့ကြောင့် သူမစကားများမှာ မပီမသဖြစ်နေလေသည်။

လော့ဟော်အာ ၏ ဒေါသထွက်နေသောအမူအရာကိုမြင်လိုက်ရပြီး တုန်းအာ သည် သူမပါးစပ်ထဲရှိပြီးသား ပါးစပ်ကိုမျိုချရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ ထို့နောက် သူမသည် ပေါင်မုန့်ကို ပန်းကန်လုံးနောက်တွင် ဝှက်ထားလိုက်လေ၏၊ ထိုသို့ဝှက်လိုက်ခြင်းမှာ သူမအား စိတ်သက်သာရာရစေရန်အတွက် ဖြစ်သည်။

"ငါ မင်းကို တံခါးစောင့်ခိုင်းပြီး မင်းဒီမှာ မုန့်စားနေတာလား" လော့ဟော်အာ က ဒေါသတကြီး မေးသည်။ ထို့နောက်ဒေါသဖြင့် ပန်းကန်လုံးကို ကိုင်ပြီး မြေကြီးပေါ် ပစ်ချလိုက်သည်။

“ခွမ်း”

ပြတ်ပြတ်သားသား အသံဖြင့် ပန်းကန်လုံးမှာ ကွဲထွက်သွားသည်။

ကွဲသွားသော ပန်းကန်လုံးနှင့်အတူ ညစ်ပတ်သွားသော ပေါင်မုန့်ကို မြင်တော့ တုန်းအာမှာ တုန်လှုပ်နေလျက်ရှိသည်။ အမှားလုပ်မိသလို ခံစားလိုက်ရသဖြင့် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

လော့ဟော်အာ သည် အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေသည်ကို တုန်းအာ မသိပေ။

လော့ဟော်အာ သည် လေ့ကျင့်ရေးကွင်းတွင် နှစ်နှစ်ကြာ ကျင့်ကြံခဲ့သည်။ ထိုနှစ်နှစ်အတွင်းတွင်၊ တုန်းအာ သည် အစပိုင်းတွင် တံခါးကို အလေးအနက်ထား ကာကွယ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မည်သူမျှ မရောက်ဖူးသောကြောင့် သူမသည် သဘာဝအတိုင်း အေးအေးဆေးဆေး အနားယူနေခဲ့သည်။ တုန်းအာ သည် ငယ်ရွယ်လှသည်။ လော့ဟော်အာ သည် တစ်ခါတရံတွင် နာရီနှစ်ဆယ်ကျော်ကြာ ကျင့်ကြံလျက်ရှိသည်။ တံခါးကို နေ့တိုင်းစောင့်နေရတဲ့ လူတစ်ယောက်အတွက် ငြီးငွေ့ပြီး ပျင်းရိကာသေဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် သူမသည် အခါအားလျော်စွာ အပြင်ထွက်ပြီး ကိစ္စရပ်များကို ဆောင်ရွက်လေ့ရှိပြီး၊ ယခင်က သူ့သခင်မကလည်း ထိုကိစ္စများအတွက် သူမအား အပြစ်တစ်ခါမျှ မတင်ခဲ့ပေ…

All Chapters