← Chapters

ယီယွင်၏တာအို

Vol. 18 Ch. 263

ယီယွင်၏တာအို

Vol. 18 Ch. 263

လက်နက်များ ပြီးနောက် ဒုတိယ အကြီးဆုံးအမျိုးအစားမှာ ဓာတ်ငါးပါး၏ ဥပဒေသများ ရှိသည်။

ဓာတ်ငါးပါးဖြစ်သော သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့ကို လွန်ကဲပြင်းထန်စွာ ကျင့်ကြံနိုင်ပြီး သိုင်းပညာ၏ အထွတ်အထိပ်သို့ရောက်ရှိအောင် တွန်းပို့နိုင်သည်။ ဓာတ်ငါးပါးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ပါက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မည်ဖြစ်သည်။

ဓာတ်ငါးပါးအပြင် သဘာဝဥပဒေသများလည်း ပါ၀င်သည်။

လေ၊ နှင်း၊ မိုးကြိုး၊ လျှပ်စီးနှင့် တောင်ပြိုစွမ်းအားများ၊ ဆူနာမီများ၏ စွမ်းအားများကိုပါ အသုံးပြုနိုင်‌ပေလိမ့်သည်။

သဘာဝဥပဒေသများကို လွန်ကဲပြင်းထန်စွာ ကျင့်ကြံပြီးသည်နှင့် ၎င်းတို့ကိုလည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်လိမ့်မည်။ ထိုစစ်သည်တော်သည် ဖန်ဆင်းရှင်၏တန်ခိုးကို ကိုင်ဆောင်ကာ ကောင်းကင်နှင့်မြေကြီး၏ သ‌င်္ကေတဖြစ်လာပေမည်။

အထက်ဖော်ပြပါ ဥပဒေသသုံးခုသည် အသုံးအများဆုံး ကျင့်ကြံနည်းစနစ်ဖြစ်သည်။ ၎င်းတို့ကို ကျွမ်းကျင်ရန် ခက်ခဲသည်ဟု မဆိုနိုင်သော်လည်း အဆင့်တက်လာသည့်နှင့် အမျှခက်ခဲလာ‌နိုင်ချေရှိ ပေသည်။ တိုင်အာနတ်ပြည်ထောင်ရှိ ၉၀%သောစစ်သည်များသည် ဤအမျိုးအစားသုံးမျိုးမှ သီးခြားဥပဒေသတစ်ခုကိုသာ ရွေးချယ်လေ့ကျင့်ကြသည်။

ထိုအမျိုးအစားကြီးသုံးမျိုးပြီးနောက်၊ အတော်လေးရှားပါးသော ဥပဒေသတချို့ ကျန်ရှိသေးသည်။

များစွာဥပဒေသနှင့် မဟာတာအို သည် အတွဲလိုက်ဖြစ်‌ပေါ် လာတတ်သည်။ ဥပမာ- အပျော့-အမာ, အတု-အစစ်, အချိန်-နေရာ, ယင်-ယန်, သေခြင်း-ရှင်ခြင်း, အကြောင်း-အကျိုး, အဆိုး-အကောင်း...

ယီယွင် ဆက်ဖတ်ရှု‌နေသည်။ မဟာတာအို ၃၀၀၀ သည် သိုင်းပညာအားလုံးတွင် ပါဝင်ပါသည်။

သာမာန်စစ်သည်တစ်ဦးသည် ၎င်းတို့ထဲမှ တစ်ခုကိုသာ ရွေးချယ်မည်ဖြစ်ပြီး ယင်းမှာ အနည်းဆုံးနှင့် အထိရောက်ဆုံးဖြစ်သည်။

မဟာတာအို ၃၀၀၀ ရှိ လမ်းကြောင်းတိုင်းမှာ အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိကြသည်။ စစ်သည်တစ်ဦးဟာ ၎င်းတစ်သက်တာလုံး ကုန်ဆုံးသွားသည့်တိုင် ထို့လျှို့ဝှက်ဆန်းကြယ်မှုတိုင်းကို သိရှိနိုင်မည် မဟုတ်ပေ။

များစွားသောဥပဒေသများကို ကျင့်ကြံရန်ရွေးချယ်လိုက်ပါက အာရုံစူးစိုက်မှုလျော့နည်းကာ ကြီးမားသောအောင်မြင်မှုများဖြင့်ပင် လွဲချော်နိုင်ပေသည်။

ယီယွင် သည် ဥပဒေသတိုင်း၏ နိဒါန်းအပြင် 'ဥပဒေသ အမှန်တရား' တွင် မှတ်တမ်းတင်‌ဖော်ပြထားသော ၎င်းတို့၏ ဂုဏ်သတ္တိများနှင့် အခြေခံများကိုပါ ဖတ်ရှုနေသည်...

‘ဥပဒေသ အမှန်တရား' သည် အခြေခံဖော်ပြချက်ဖြစ်ပြီး မဟာတာအို ၃၀၀၀ တွင် အမျိုးအစား ၁၆ မျိုးသာ အသေးစိတ်ဖော်ပြထားသည်။

မတူညီသော တာအိုများတွင် မတူညီသော အရည်အသွေးများ ရှိကြသည်။

မဟာတာအို ၃၀၀၀ တွင် အမြင့်ဆုံးအဆင့်မှာ "မဟာတာအို ဇာစ်မြစ်" ဖြစ်သည်။

မဟာတာအို ဇာစ်မြစ်မှာ အမျိုးအစား အလွန်နည်းပါးသည်။ ၎င်းသည် သာမန်မဟာ တာအို ကို ကျော်လွန်ကာ မဟာတာအို ၃၀၀၀ တွင် အဆင့်အမြင့်ဆုံးဖြစ်သည်။

မဟာတာအို ဇာစ်မြစ်တွင် ကနဦးခြေချရန် အလွန်ခက်ခဲသည်။ နားလည်ရန်၊ ကျွမ်းကျင်ရန် သို့မဟုတ် ဖြတ်ကျော်ရန် အလွန်ခက်ခဲလှသည်။ မဟာတာအို ဇာစ်မြစ်အား ကိုင်တွယ်ဖြေရှင်းသည့် ဆန်းကြယ် နည်းစနစ်ကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။ တိုင်အာနတ်ပြည်ထောင် ရှိ ပညာရှင်များပင် မဟာတာအို နှင့် ပတ်သက်၍ ပြုစုထားသည့် စာအုပ်တစ်အုပ်ကိုပင် တွေ့ရခဲလှသည်။

သာမာန်စစ်သည်တစ်ဦးသည် သိုင်းပညာကိုလေ့ကျင့်သောအခါတွင် မဟာတာအို ဇာစ်မြစ်အား ရွေးချယ်မည်မဟုတ်ပေ။ ယင်းကို ရွေးချယ်လိုက်ခြင်းသည် ၎င်းတို့၏ကိုယ်ပိုင် သိုင်းပညာ လမ်းကြောင်းများကို ပိတ်ပင်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

လူ့သမိုင်းတွင် မဟာမိသားစု မျိုးနွယ်စုများမှ လက်ရွေးစင်များသည် ၎င်းတို့၏ မဟာတာအို ဇာစ်မြစ် ကို ရွေးချယ်ကျင့်ကြံခဲ့ကြသော်လည်း နောက်ဆုံးတွင် အောင်မြင်မှုမရသဖြင့် အဆင့်နိမ့် ဥပဒေသများသာ ပြောင်းလဲရွေးချယ်ခဲ့ရသည့် ဖြစ်ရပ်များမှာ မနည်းလှပေ။ ဤသို့ဖြင့် ၎င်းတို့၏ အဖိုးတန်အချိန်များ ‌သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

ဤကမ္ဘာကြီးတွင် မဟာတာအို ဇာစ်မြစ်၏ မြင့်မားသော နယ်ပယ်ကို နားလည်သိမြင်မှုရရှိရန် ကြိုးပမ်းသူများလည်း ရှိသည်။ ထိုလူများသည် အများအားဖြင့် သာမာန် မဟာတာအို နှင့် စတင်လေ့ရှိပြီး ၎င်းတို့သည် ပညာရှင်တစ်ဦးဖြစ်လာကာ တူညီသောအဆင့်ရှိ ရွယ်တူများထက် သာလွန်သွားပါက မဟာတာအို ဇာစ်မြစ်ကို နားလည်စေရန်ကြိုးစား ကြမည်ဖြစ်သည်။ အကယ်၍ အောင်မြင်မှုတစ်စုံတစ်ရာရခဲ့ပါက သူတို့သည် ဧကရာဇ်ဖြစ်လာရန် ခြေတစ်လှမ်းနီးလာမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် လူသားမျိုးနွယ်၏ အကျော်မော်ဖြစ်လာကာ နတ်မြို့တော်တွင်သာမက အားလုံး၏ လေးစားမှုကိုရှိလာမည် ဖြစ်သည်။

မဟာတာအို ဇာစ်မြစ်အောက်တွင် ဒုတိယအဆင့် ကျန်ရှိသေးသည်။ ၎င်းကို မဟာတာအို အထွတ်အထိပ် ဟုခေါ်သည်။

ယင်း အထွတ်အထိပ်ဟု ခေါ်သောအဆင့်မှာ ဇာစ်မြစ်၏ အောက်တွင်ရှိသည်။

ဥပမာ နေရာ-အချိန် တာအို၊ ယင်-ယန် ထိုက်ကျိ တာအို၊ သေခြင်း-ရှင်ခြင်း တာအို၊ သေမျိုး တာအို။

မဟာတာအို အထွတ်အထိပ်သည်လည်း အလွန်ခက်ခဲ လှပေသည်။ သို့သော် မဟာတာအို ဇာစ်မြစ် နှင့် ယှဉ်ပါက ၎င်းမှာ အနည်းငယ် လွယ်ကူလေသည်။ ၎င်းအတွက် လူသိများသော ကျင့်ကြံနည်းစနစ် လက်စွဲများလည်း ရှိပေသည်။

မဟာတာအို အထွတ်အထိပ်အောက်တွင် ကျန်ရှိနေသည်များကို မဟာတာအို ဟု အမည်မတပ်တော့ဘဲ ဥပဒေသများဟု အမည်ပေးခဲ့လေသည်။

ဥပမာ- ဓာတ်ငါးပါးဖြစ်သော သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ လေသဘာ၀ဥပဒေသ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး။ ၎င်းတို့အားလုံးကို အဆင့်မြင့်ဥပဒေသများဟု ခေါ်တွင်လေသည်။

ထိုအဆင့်မြင့် ဥပဒေသများမှာ မဟာတာအို ၃၀၀၀ အောက်တွင်ရှိသော အနိမ့်ဆုံးအဆင့်များဖြစ်သည်။ ၎င်းတို့သည် သာမန်ဥပဒေသများသာ ဖြစ်သည်။

အပျော့-အမာ ဥပဒေသများ၊ အနှေး-အမြန် သဘောတရားများ၊ တောင်တန်း-မြစ် သဘောတရားများ၊ တုန်ခါမှုဆိုင်ရာ ဥပဒေသများ ၎င်းတို့အားလုံးကို သာမန်ဥပဒေသများဟု ယူဆကြသည်။

ထူးခြားသောစွမ်းရည်ရှိသော လူငယ်စစ်သည်များသည် ခရမ်းသွေးနယ်ပယ်တွင် ပုံမှန်ဥပဒေသများကို ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ရောက်ရှိသောအခါ၊ ထို ဥပဒေသများကို ကျွမ်းကျင်စွာ အသုံးပြုလာနိုင်ကြသည်။

သာမာန်ဥပဒေသများကို အဆုံးစွန်သော ကန့်သတ်ချက်များအထိ နားလည်သဘောပေါက်ရန်မှာလည်း လွယ်ကူမည် မဟုတ်ပေ။

ဥပဒေသများတွင် ကန့်သတ်ချက်ဟု၍မရှိပေ။ တိုင်အာနတ်ပြည်ထောင် ၏သမိုင်းတွင်၊ ပညာရှင်များစွာသည် သာမန်ဥပဒေသများကို အာရုံစိုက်ခဲ့ကြသည်။ သို့သော် ပညာရှင်နယ်ပယ်မှလူများပင် ၎င်းသာမန်ဥပဒေသ မှန်သမျှကို အဆုံးစွန်အထိ ကျင့်ကြံနိုင်ခြင်း မရှိခဲ့ပေ။

ယီယွင် သည် ‘ဥပဒေသ အမှန်တရား'နှင် ပတ်သက်သမျှအရာများကို စူးစမ်းလေ့လာခဲ့သည်။ ‘ဥပဒေသအမှန်တရား’၌ ဖော်ပြထားသော ဥပဒေသ ၁၆ ပါးထဲတွင် မာ-ပျော့၊ မြန်-နှေး၊ လေ-လျှပ်စီး၊ ကြယ်အလင်း၊ ယင်-ယန်၊ သတ်ဖြတ်ခြင်းနှင့် ကတိတည်ခြင်း စသည့် အချက်ငါးချက် ပါဝင်သည်။

မဟာတာအို၏ ဥပဒေသကို များများကျင့်ကြံ လာနိုင်လေ၊ ၎င်းတို့ကို စေ့စေ့စပ်စပ် နားလည်လေဖြစ်ကာ သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ပိုမိုနီးကပ်လာ‌မည် ဖြစ်သည်။

ယီယွင် သည် သူ့အ‌နေဖြင့် ဖြည်းဖြည်းမှန်မှန် တက်လှမ်းရမည်ကို ကောင်းစွာနားလည်သည်။ ယီယွင်တွင်ရှိသော ခရမ်းရောင် သလင်းကျောက် ဇာစ်မြစ် က ၎င်းအားကူညီ‌ပေးပြီး သူ့ရှေ့တွင် အလားအလာရှိသော အနာဂတ်တစ်ခုရှိသည်။ သို့သော် ၎င်း၏ သိုင်းပညာလမ်းကြောင်းမှာ အစပိုင်းအဆင့်၌သာ ရှိနေဆဲဖြစ်သည်။ စစ်သည် အများအပြားများပင် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် မဟာတာအို ဥပဒေသတစ်ခုတည်းကိုသာ အာရုံစိုက်လေ့ရှိသည် သတိရကာ ယီယွင်အနေဖြင့် အလွန်အမင်း လောဘကြီးခြင်းမျိုး မဖြစ်သင့်ပေ။

နှိုင်းယှဉ်မှုများစွာပြုလုပ်ပြီးနောက် ယီယွင် သည် သူ၏နောက်ဆုံးရွေးချယ်မှုအဖြစ် သန့်စင် ယန်တာအိုကို ရွေးချယ်ခဲ့လေသည်။

သန့်စင်သော ယန်တာအိုသည် ယင် ယန်တာအို၏ အစိတ်အပိုင်းဖြစ်ပြီး၊ မဟာတာအို အထွတ်အထိပ်မှ ဖြစ်သည်။

စကြဝဠာကြီး၏ဖွဲ့စည်းပုံအဆင့်တွင် "ရှေးဦးစကြာ၀ဠာ (ဝူကျိ) မှ အကြီးအမြတ်ဆုံးမူလအခြေခံ (ထိုက်ကျိ) ကို ပေါ်ထွန်းလာ၍ ထိုမှတစ်ဆင့် ဆန့်ကျင်ဘက်အားများ ပေါ်ပေါက်လာသည်။ ထိုဆန့်ကျင်ဘက်အားနှစ်ရပ်မှ တစ်ဖန် ဓာတ်ကြီးလေးပါး တို့ကို ဖြစ်ပေါ်စေခဲ့သည်"

ထိုရှေးဦးစကြာဝဠာသည် ပျက်စီးခြင်း ဖြစ်ပြီး၊ ထိုပျက်စီးခြင်း သည် မဟာတာအို ဇာစ်မြစ် ဖြစ်ကာ ဆန့်ကျင်ဘက် နှစ်ခုမှာ ယင်နှင့်ယန် ဖြစ်၍ ယင်းသည် မဟာတာအို အထွတ်အထိပ်ဖြစ်သည်။

သန့်စင်သော ယင် နှင့် သန့်စင်သော ယန် တို့၏ ဆင့်ကဲဖြစ်စဉ်ကြောင့် ၎င်းတို့သည် စကြဝဠာအတွင်းရှိ အရာခပ်သိမ်းကို ဖြစ်ပေါ်စေခဲ့သည်။

ယင်-ယန် တာအို သည် အလွန်ခက်ခဲပြီး လေးနက်လှသည်။ ထို့ကြောင့် 'တိုင်အာနတ်ကျင့်စဉ်' ကို များစွာသော လက်ရွေးစင်များ ကျရှုံးရသည့် အကြောင်းအရင်းဖြစ်သည်။

ယီယွင်သည် သန့်စင်သော ယန် တာအို ကို လေ့ကျင့်ရန် ပထမဆုံး ပန်းတိုင်အဖြစ် ချမှတ်ပြီးနောက်၊ ရှုထောင့်ပုံရိပ် ကို ပေါင်းစည်းရန် ဦးတည်ချက်ကိုလည်း ဆုံးဖြတ်ခဲ့သည်။

သန့်စင်သော ယန်ပုံရိပ် ကိုဖွဲ့စည်းရန်မှာ သန့်စင်သော ယန် ပျက်စီးခြင်း သားရဲများကို လိုက်လံအမဲလိုက်ရန်ဖြစ်သည်။

ယီယွင် သည် 'သားရဲတစ်သောင်းပုံရိပ်'ကို ရွေးချယ်ရာတွင် အဓိကထား၍ စဉ်းစားခဲ့သည်မှာ ထိုသားရဲတစ်သောင်းပုံရိပ် သည် ဥပဒေသ အမျိုးအစားအပေါ် အကန့်အသတ်မရှိခြင်းကြောင့်ဖြစ်သည်။ 'သားရဲတစ်သောင်းပုံရိပ်' အတွက် မည်သည့်အမျိုးအစား ရှေးဦးမျိုးစိတ် ကို သတ်ရမည်ဆိုသည့် သတ်မှတ်ချက်လည်း မရှိပေ။

'နတ်ဓာတ်ငါးပါးပုံရိပ်' နှင့် 'ကြယ်စာအုပ်'မှာ မတူညီပေ၊ ၎င်းတို့နှစ်ခုသည် ဓာတ်ငါးပါးဥပဒေသ နှင့် ကြယ်တာရာများ၏ စွမ်းအား အပေါ် အခြေခံထားသည်။ ထိုကျင့်ကြံခြင်းနည်းစနစ် များသည် စစ်သည်တစ်ဦးအတွက် ကြပ်မတ်လှသော လမ်းကြောင်းပုံစံ ဖြစ်စေရန် စီစဉ်ထားခြင်းဖြစ်သည်။

ကျင့်ကြံခြင်းနည်းစနစ်များမှာ ရှားပါးသည်။ 'နတ်ဓာတ်ငါးပါးပုံရိပ်' နှင့် 'ကြယ်စာအုပ်' ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ်များသည် အဖိုးမဖြတ်နိုင်ပေ။

စစ်သည်များစွာသည် ကျင့်ကြံခြင်းနည်းစနစ်ကို လိုက်လျောညီထွေဖြစ်စေခြင်းဖြင့် ၎င်းတို့၏ကိုယ်ပိုင် သိုင်းလမ်းကြောင်းကို ကန့်သတ်ထားသော်လည်း ယီယွင်မှာမူ ထို့သို့ မဟုတ်ပေ။

“ငါ သန့်စင်တဲ့ ယန်တာအို အကြောင်းကို ဒီထပ်ပိုပြီး နားလည်ချင်တယ်၊ 'သားရဲတစ်သောင်းပုံရိပ်' ကို ကျင့်ကြံချင်တယ်၊ တစ်ချိန်တည်းမှာပဲ 'တိုင်အာနတ်ကျင့်စဉ်' ရဲ့ နောက်ထပ်အတွဲတွေကိုလည်း ကျင့်ကြံဖို့ လိုတယ်။ ဒါတင်မကသေးဘူး၊ ပျက်စီးခြင်းကောင်းကင် နည်းစနစ်ကိုလည်း သင်ယူဖို့ လိုတယ်။ လေ့လာစရာတွေ အများကြီးရှိသေးတယ်"

ယီယွင် သည် ခရမ်းရောင်သလင်းကျောက်ကြောင့် ပျက်စီးခြင်း သားရဲအတွင်းမှ စွမ်းအင်ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သောကြောင့် ပျက်စီးခြင်းကောင်းကင် နည်းစနစ်ကို အချိန်တိုအတွင်း ရလာဒ်ကောင်းများလာရှိခြင်းဖြစ်သည်။

ပျက်စီးခြင်းကောင်းကင် နည်းစနစ်သည် လူတစ်ဦး၏ ကျင့်ကြံမှုကို များစွာအထောက်အကူဖြစ်စေသော နောက်ဆက်တွဲ ကျွမ်းကျင်မှုတစ်ခု ဖြစ်သောကြောင့် ယီယွင် သည် ၎င်းကိုလက်လွှတ်မခံပေ။

ယီယွင်သည် ယခင်က လင်ရှင်းထုံနှင့် ခွဲခွာချိန်၌ ပျက်စီးခြင်းကောင်းကင် သခင် လက်စွဲစာအုပ်ကို ရရှိခဲ့ဖူးသည်။

လွန်ခဲ့သော ခြောက်လတွင် ယီယွင် သည် ပျက်စီးခြင်းကောင်းကင် သခင် လက်စွဲစာအုပ်ပါ အကြောင်းအရာများကို အချိန်ရတိုင်းဖတ်ခဲ့သည်။ ယီယွင် သည် ပျက်စီးခြင်းကောင်းကင် နည်းစနစ်ကို စနစ်တကျ မလေ့ကျင့်ဖူးသော်လည်း ၎င်းကို ယေဘူယျနားလည်ခဲ့သည်။

"တိုင်အာနတ်မြို့တော် မှာ ပျက်စီးခြင်းကောင်းကင် နည်းစနစ်ကို သင်ပေးတဲ့ သင်ခန်းစာတွေ ရှိတယ်။ အခုမှစဖို့ အရမ်းမနောက်ကျသေးဘူး"

ယီယွင် သည် မနက်ဖြန်မှစတင်၍ ပျက်စီးခြင်းကောင်းကင် နည်းစနစ်သင်တန်းသို့ တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ယီယွင်သည် ၎င်း၏ဥပဒေသများနှင့် ရှုထောင့်ပုံရိပ် များကို ကျင့်ကြံရာတွင် တိုးတက်မှုရှိလာမည်ဖြစ်သည်။

သူ၏အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်လိုက်သဖြင့် ယီယွင် သည် 'သားရဲတစ်သောင်းပုံရိပ်' ၏ ကျန်ရှိ‌သေးသည့်စာမျက်နှာများကို ယူကာ 'သားရဲတစ်သောင်းပုံရိပ်' တွင် အကြောင်းအရာများကို နားလည်ရန် စတင်ကြိုးစားလာခဲ့သည်။

All Chapters