← Chapters

ရန်သူများ ပြန်တွေ့ကြခြင်း

Vol. 18 Ch. 265

ရန်သူများ ပြန်တွေ့ကြခြင်း

Vol. 18 Ch. 265

ခရမ်းရောင် ပျက်စီးခြင်းကောင်းကင်သခင်ဝတ်စုံနှင့် လော့ဟော်အာက အလွန်တောက်ပကာ ချစ်စဖွယ်ဖြစ်နေသည်။ သူမ၏ ကျက်သရေရှိသော ပုံစံက ဝင့်ကြွားနေသော ဒေါင်းမလေးတစ်ကောင်သဖွယ် ဖြစ်နေလေသည်။

သင်တန်းကြေးပေးထားသည့် ကျင့်ကြံသူအားလုံးက တောက်ပသော အနာဂတ်များရှိသည့် လက်ရွေးစင်များ ဖြစ်ကြလေသည်။ အချို့သူများဆိုလျှင် သီးခြားမိသားစုများမှ ဆင်းသက်လာကြလေ၏။ သို့သော် လော့ဟော်အာ၏ ရှေ့မှောက်တွင်မူ သူတို့သည် လှပသော ပန်းတစ်ပွင့်၏ နံဘေးမှ သစ်ရွက်စိမ်းများပမာပင် ချက်ချင်း နိမ့်ကျသွားကြရလေ၏။

သို့သော် လက်ရွေးစင်များက ထိုအချင်းအရာကို စိတ်ထဲမထားပေ။ သူတို့က လော့ဟော်အာ၏ ခြံစည်းရိုးများအဖြစ် ခစားရလျှင်ပင် ပျော်ရွှင်လေ၏။

နေ့လယ်ခင်းအချိန် တောက်ပသော နေမင်းပမာဖြစ်နေသည့် လော့ဟော်အာက ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် အလွန်ပင် ပါရမီထူးသည်သာမက အလွန်တရာလည်း လှပလေ၏။ သူတို့သာ သူမကို လက်ထပ်ရပါက အလွန်ကောင်းပေလိမ့်မည်။

သူတို့အဖို့ လော့ဟော်အာကို လက်ထပ်ရလျှင် မိန်းမလှတစ်ဦးကို ပွေ့ဖက်နိုင်မည်သာမက သူတို့၏ မိသားစုအတွင်း၌ သူတို့၏ အနေအထားများလည်း မြင့်တက်သွားပေလိမ့်မည်။

" မိန်းကလေးလော့... ငါက မိန်းကလေးလော့ ကြွရောက်ချီးမြင့်လိမ့်မည်လို့ မျှော်လင့်ပြီးတော့ နတ်လစားသောက်ဆိုင်မှာ စားသောက်ပွဲတစ်ခု ကျင်းပပေးခဲ့ပေမဲ့ မိန်းကလေးလော့က ရောက်မလာခဲ့ဘူး။ မိန်းကလေးလော့က ငါ့ကို မျက်နှာသာပေးပြီး မနက်ဖြန်ကျ ရောက်လာနိုင်မလားဆိုတာ သိချင်မိပါတယ် "

ယန်ယွဲ့ဖုန်းက လော့ဟော်အာ သူမ၏ထိုင်ခုံဆီသို့ သွားနေချိန်တွင် ချဥ်းကပ်သွားကာ အပြုံးနှင့် မေးလိုက်လေသည်။

လော့ဟော်အာကို ချူတော်ဝင်အိမ်တော်သို့ ဝင်ရောက်ရန်အတွက် သိမ်းသွင်းနိုင်မည်မဟုတ်ဟု ယန်ယွဲ့ဖုန်းက မှန်းဆထားလေသည်။ လော့ဟော်အာ၏ နှလုံးသားကို သိမ်းပိုက်ရန်မှာလည်း အလွန်ခက်ခဲမည်ကို သူ သိထားသည့်တိုင်အောင် အရာအားလုံးအတွက် အားစိုက်ထုတ်မှု ထည့်သွင်းပေးရန် လိုအပ်လေသည်။

သို့သော် လော့ဟော်အာကမူ ယန်ယွဲ့ဖုန်းနှင့် အခြားသခင်လေးများကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည့် ဖားပြုတ်များပမာသာ ဆက်ဆံလေသည်။

လော့ဟော်အာက ယန်ယွဲ့ဖုန်းကို အကြောင်းပြချက်ပေးရန် တွေးနေချိန်တွင် ပုံရိပ်တစ်ခုကို သတိပြုမိသွားလေ၏။ ချည်ကြမ်းဝတ်စုံနှင့် လူငယ်တစ်ဦးက ပင်မတံခါးကို တွန်းဖွင့်ပြီးနောက် သင်တန်းအခန်းထဲသို့ ဝင်လာခဲ့သည်ကို သူမ၏ မျက်ဝန်းထောင့်စွန်းမှ မြင်လိုက်ရသည်။

လှပသော ပျက်စီးခြင်းကောင်းကင်သခင် ဝတ်စုံများ ဝတ်ဆင်ထားသည့် အခြားသူများနှင့် နှိုင်းယှဥ်လျှင်မူ ထိုလူငယ်၏ အဝတ်များက အလွန်ရိုးစင်းနေသည်။ တိုင်အာနတ်မြို့မှ ကျင့်ကြံသူများကို လူတစ်ဦးကို ဝတ်စားပုံအလိုက် အကဲဖြတ်ကြခြင်းမရှိသော်လည်း မြင့်မြတ်သည့် ပျက်စီးခြင်းကောင်းကင်သခင် သင်တန်းတွင် ချည်ကြမ်းဝတ်စုံကို ဝတ်ဆင်လာခြင်းမှာမူ မလျော်ကန်သေးချေ။

လူငယ်ကိုကြည့်ကာ လော့ဟော်အာ မှင်တက်မိနေသည်။ နံဘေးမှ ယန်ယွဲ့ဖုန်းသည်လည်း မှင်တက်မိနေ၏။

အဲ့ဒါ ယီယွင်မလား။

သူ ဘာလာလုပ်တာလဲ။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူဖို့ ရောက်လာခဲ့တာလား။

လော့ဟော်အာ မှင်တက်မိခဲ့သော်လည်း တစ်ခဏမျှသာဖြစ်သည်။ ထို့နောက် သူမ၏မျက်နှာ နီရဲသွားသည်။ သူမ၏ မျက်နှာထက်မှ ဟန်လုပ်အပြုံးမှာလည်း ယခုအခါတွင် အေးခဲသွားလေ၏။

တံခါးပြန်ပိတ်ကာ လှည့်လာသည့် ယီယွင်ကလည်း လော့ဟော်အာကို မြင်မိသွားလေသည်။ နှစ်ဦးသား တစ်ဦးနှင့်တစ်ဦး ကြည့်နေကြလေ၏။

ယီယွင် အနည်းငယ် အံ့အားသင့်နေသည်။ အဲ့ဒါ သူမလား။

ဗဟိုနတ်မျှော်စင်တွင် လော့ဟော်အာနှင့် တွေ့ခဲ့စဥ်က ယီယွင် များစွာမတွေးခဲ့ပေ။ လော့ဟော်အာကို ဆရာသခင်ယွဲ့ဟွား၏ အတန်းထဲတွင် ဒုတိယအကြိမ် တွေ့ရချိန်တွင်မူ ယီယွင်သည် သူမက မည်သူဖြစ်မည်ကို ရုတ်တရက်ပင် တွေးမိသွားလေ၏။

ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့ကျင့်ထားပြီး ဗဟိုနတ်မျှော်စင် ၆၉ လွှာတွင် နေထိုင်သည့် ကျင့်ကြံသူတစ်ဦးက လူသားဂုဏ်အဆင့် ပထမနေရာမှ လော့ဟော်အာသာ ဖြစ်ရချေမည်။

မကြာသေးမီက လော့ဟော်အာ၏ အကြောင်းများကို ယီယွင် ကြားထားလေသည်။ တော်ဝင်မိသားစု၏ ပျက်စီးခြင်းကောင်းကင်သခင်ယွဲ့ဟွားက တိုင်အာနတ်မြို့သို့ တမင်ရောက်လာခဲ့သည်မှာ လော့ဟော်အာက သူမ၏အာရုံကို ဖမ်းစားခဲ့သောကြောင့် ဖြစ်လေသည်။

သို့သော် ယီယွင်က လော့ဟော်အာ၏ အဝတ်များကပိုကယို ဖြစ်နေသည်ကို မြင်ခဲ့ရပြီး " မိန်းကလေး... ငါ မင်းရဲ့ ရင်သားတွေကို မြင်နေရတယ် " ဟု ပြောခဲ့ဖူးလေ၏။

ထိုအရာကို တွေးမိသွားကာ ယီယွင် ရယ်ကျဲကျဲဖြစ်သွားလေသည်။ သူ ထိုနေ့ကမြင်ကွင်းကို တွေးမိသွားခဲ့ပြီး လော့ဟော်အာ၏ ဆွဲဆောင်မှုရှိသော မိန်းမပုံစံကို မသိစိတ်ဖြင့် ကြည့်လိုက်မိသည်။

ယင်းက အလိုအလျောက်တုန့်ပြန်မှုသာ ဖြစ်သော်လည်း သူ့မျက်လုံး၏ သေးငယ်သော လှုပ်ရှားမှုကို လော့ဟော်အာက အမိဖမ်းသွားနိုင်ခဲ့သည်။

လော့ဟော်အာ အလွန်ပင် ဒေါသထွက်သွားလေ၏။ သူမ၏မျက်နှာ နီရာမှ စိမ်းသွားကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။ လူများ ရှိနေခြင်းကြောင့်သာ မဟုတ်ခဲ့ပါက သူမ ပေါက်ကွဲရတော့ပေမည်။ လော့ဟော်အာ၏ မျက်ဝန်းများ မီးဝင်းဝင်းတောက်နေ၏။

ယီယွင် သတ်ဖြတ်လိုစိတ်ကို ခံစားမိကာ ကမန်းကတမ်းပင် အကြည့်လွှဲလိုက်သည်။

ထိုဖြစ်ရပ်က လူတိုင်း၏ စောင့်ကြည့်မှုများအောက်တွင် ဖြစ်သွားရလေ၏။ လော့ဟော်အာက ယီယွင်အား စူးစိုက်ကြည့်နေလေသောကြောင့် လူတိုင်း ဇဝေဇဝါဖြစ်နေသည်။ လော့ဟော်အာနှင့် ယီယွင်တို့အကြားတွင် တစ်စုံတစ်ခု ဖြစ်ခဲ့လေသလော။

လော့ဟော်အာက စိုက်ကြည့်နေခြင်းကြောင် ယီယွင် မနေတတ်ဖြစ်လာကာ တောင်းပန်စကားဆိုရင် ပါးစပ်ဟလိုက်သည်။ ထိုစဥ်တွင် လော့ဟော်အာက အသံပို့လွှတ်လိုက်သည်ကို သူ ကြားလိုက်ရလေ၏..." အဲ့ဒီနေ့ကအကြောင်းကို တစ်ခုခုပြောမိတာနဲ့ နင် သေရမယ် "

ယီယွင် ကို့ရို့ကားယား ပြုံးလိုက်လေ၏။ ဤလောကတွင် မိန်းကလေးတစ်ဦး၏ ခန္ဓာကိုယ်ကို အခြားသူများ မြင်သွားခဲ့ခြင်းက ကိစ္စကြီးတစ်ခုဖြစ်ကြောင်း သူ သိသည်။ သူမ သဘောကျနေသည့် အမျိုးသားတစ်ဦးက မြင်သွားခဲ့လျှင် လက်ခံနိုင်သေးချေ၏။ သူစိမ်းမိန်းမတစ်ယောက်က မြင်သွားလျှင်လည်း ပြဿနာမရှိပေ။ ယီယွင်၏ ယခင်ဘဝမှ မိန်းကလေးများသည်ပင် ကိုယ်ကျင့်တရားကို တန်ဖိုးထားကြလေပြီး ဤကိစ္စမျိုးကို လက်သင့်ခံမည်မဟုတ်ပေ။

ထို့အပြင် လော့ဟော်အာက အလွန်တရာပင် ဂုဏ်ယူဝင့်ကြွားတတ်သော မိန်းကလေးတစ်ဦး ဖြစ်လေသည်။ သူမ၏ ခန္ဓာကိုယ်ကို အလွန်တရာပင် အရေးပါသည်ဟု သဘောထားမည်မှာ သေချာလှသည်။

" မင်းက လော့ဟော်အာပဲ ဖြစ်ရမယ်။ အဲ့ဒီနေ့ကအတွက် ငါ တကယ်ကို စိတ်မကောင်းပါဘူး။ အထဲမှာ နင် ရှိနေတာကို ငါ မသိခဲ့ပါဘူး။ ဒီကိစ္စက မရည်ရွယ်ဘဲ ဖြစ်သွားတာပါ။ အဲ့ဒီကိစ္စအကြောင်းကို ငါ ဘယ်သူ့ကိုမှ ပြန်ပြောမှာမဟုတ်ဘူး " ယီယွင်က အလွန်ပင် စိတ်ရင်းမှန်သောအသံဖြင့် အသံပို့လွှတ်ကာ ပြောလိုက်လေသည်။

" ဟမ့် "

လော့ဟော်အာက နှာခေါင်းရှုတ်ကာ.... " အဲ့ဒီကိစ္စက မရည်ရွယ်တာတဲ့လား။ ဒီနေ့ကရော မရည်ရွယ်တာပဲလား "

အစောပိုင်းက ယီယွင် သူမ၏ရင်သားကို ခိုးကြည့်ခဲ့သည်အား လော့ဟော်အာက ရည်ညွှန်းကာပြောလိုက်လေသည်။

အာ...။

ယီယွင် ငြင်းမရတော့ချေ။ သူ၏အကြည့်က အဖိုဗီဇအရ အလိုအလျောက် တုန့်ပြန်မှုဖြစ်ကြောင်း ရှင်းလင်းလှသည်။ ယင်းသည် ဦးနှောက်မှ အချက်ပြခြင်း မဟုတ်လေဘဲ မျက်လုံးကသာ အလိုလိုလုပ်ဆောင်သွားခြင်း ဖြစ်လေ၏။ သို့သော် သူက အရေထူခြင်းမရှိလေသောကြောင့် ထိုကိစ္စက မရည်ရွယ်ဘဲဖြစ်သည်ဟု မပြောနိုင်ချေ။

" နင့်ကို ဗဟိုနတ်မျှော်စင် ၆၉ လွှာမှာ နေခွင့်မပြုဘူး " လော့ဟော်အာ ရုတ်တရက်ပင် အသံပို့လွှတ်ကာ ပြောလိုက်သည်။

ယခုတွင် လော့ဟော်အာ တဖြည်းဖြည်းချင်း တည်ငြိမ်သွားလေ၏။ သူမက ယီယွင်ကို မည်သည့်အရာမျှ မလုပ်နိုင်ပေ။ သူမ၏ခန္ဓာကိုယ်အား မြင်သွား၍ဖြစ်စေ ၊ သူမ၏ အရှက်ရမှုကြောင့်ဖြစ်စေ ၊ သူမ၏ အတ္တကြောင့်ပင်ဖြစ်စေ ယီယွင်ကို သတ်၍မရပေ။

သို့သော် လော့ဟော်အာက ယီယွင်ကို မြင်လိုခြင်းမရှိပေ။ ယီယွင်အား မြင်နေရလျှင် သူ ကို့ရို့ကားယားဖြစ်ကာ စိတ်ဓာတ်ကျရသည်။ ထို့ကြောင့် သူမက ယီယွင်နှင့် နီးကပ်လိုခြင်းမရှိပေ။

" မင်းက ငါ့ကို ၆၉ လွှာမှာ နေခွင့်မပြုဘူးတဲ့လား " ယီယွင် မျက်မှောင်ကုတ်လိုက်၏။ သူက တောင်းပန်နေရသော်လည်း အမိန့်ပေးခံရခြင်းကိုမူ မနှစ်သက်ပေ။

" နတ်မျှော်စင်မှာ နေထိုင်ဖို့ရွေးချယ်တာက လူတွေရဲ့ လွတ်လပ်ပိုင်ခွင့်ပဲ။ ငါ့ကို မမြင်ချင်ဘူးဆိုရင် မိန်းကလေးလော့ကပဲ ၇၀ လွှာကို ပြောင်းသွားလိုက်လေ "

" နင်... " လော့ဟော်အာ ပြောစရာမဲ့သွားရသည်။ ၇၀ လွှာသို့ ပြောင်းရန်အတွက် ဂုဏ်အမှတ်များ လိုအပ်လေသည်။ လော့ဟော်အာက ကြွယ်ဝသော်လည်း ဂုဏ်အမှတ်များကို စိတ်ကြိုက်သုံးစွဲနိုင်ခြင်း မရှိပေ။

လော့ဟော်အာ၏မျက်နှာ စိမ်းတလှည့် ဖြူတလှည်ဖြစ်နေသည့်ကို မြင်နေရသည့် ယန်ယွဲ့ဖုန်းက ကြည့်မနေနိုင်တော့ပေ။ သူက လော့ဟော်အာနှင့် စကားပြောကာ နတ်လစားသောက်ဆိုင်တွင် စားသောက်ရန် ဖိတ်ခေါ်မည်ဟု စီစဥ်ထားခဲ့သည်။ သူက လော့ဟော်အာ၏အဖြေကို မျှော်နေချိန်တွင် ဝင်လာခါစသာဖြစ်သည့် ယီယွင်က လော့ဟော်အာ၏ အာရုံအားလုံးကို သိမ်းယူသွားခဲ့ချေသည်။

ထိုနှစ်ဦးက ဆယ်စက္ကန့်ကျော်ခန့် စူးစိုက်ကာ ကြည့်နေခဲ့ကြလေ၏။ ထိုနှစ်ဦးက ယွမ်ချီဖြင့် အသံပိုလွှတ်နေကြဟန် ရှိလေသည်။

တိမ်ရိုင်းနယ်မြေမှ ဆင်းရဲသားလေးက လော့ဟော်အာနှင့် ပတ်သတ်မှုအချို့ ရှိနေသည်မှာ ဖြစ်နိုင်ပါ၏လော။

ယန်ယွဲ့ဖုန်းသည် ယခင်က ယီယွင်ကြောင့် ရယ်စရာဖြစ်ခဲ့ရပြီး ယီယွင်ကို ကိုင်တွယ်ချင်နေခဲ့သည်။ ယခုတွင်မူ သူ၏နှလုံးသားထဲမှ နတ်ဘုရားမက ယီယွင်နှင့် ပတ်သတ်မှုရှိနေသည်ကို မြင်ရချိန်တွင် ယန်ယွဲ့ဖုန်းအဖို့ မည်သို့များ ကျေနပ်နိုင်ပါမည်နည်း။

သူ ရှေ့တစ်လှမ်းတိုးကာ ယီယွင်နှင့် လော့ဟော်အာတို့ အကြားတွင် ဝင်ရပ်လိုက်သည်။

" ဒီကို ဘာလာလုပ်တာလဲ ကောင်လေး " ယန်ယွဲ့ဖုန်းက ယီယွင်အား မေးလိုက်လေ၏။

" အိုး... ဥပဒေသအမှန်တရားကို မှော်နဂါးကြေးပြား ၂၀၀၀၀ နဲ့ အလဲအလှယ်လုပ်ချင်ခဲ့တဲ့ ချူတော်ဝင်အိမ်တော်က ငတုံးသခင်လေးမလား။ ဟုတ်သား...သူ့ကိုယ်သူ မိတ်ဆက်ပေးတုန်းက သူ့က ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးလို့လဲ ပြောခဲ့သေးတာပဲ။ သူ့ရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က မဆိုးဘူးဘဲ လူသားဂုဏ်အဆင့်မှာ အဆင့် ၁၀ ရထားတယ်။ သူ ဒီမှာပေါ်လာတာက မဆန်းဘူး " ယီယွင်၏စိတ်ထဲတွင် ထိုအတွေးများ ပေါ်လာသည်။ သူက ယန်ယွဲ့ဖုန်းကို အဖက်မလုပ်လိုပေ။

ယီယွင်က လျစ်လျူရှုထားသည်ကို မြင်ရသောအခါတွင် ယန်ယွဲ့ဖုန်း၏ နဖူးတွင် သွေးကြောများထောင်လာကာ..." နားကန်းနေတာလား ကောင်လေး။ ငါ မင်းကို မေးနေတယ်လေ "

ယီယွင်က ယန်ယွဲ့ဖုန်းကိုကြည့်ကာ အေးစက်စက် ဆိုလိုက်လေသည်..." မင်းက အရေးမပါတာကို မေးနေတာမဟုတ်ဘူးလား။ ငါ ဒီကိုရောက်နေမှာတော့ အတန်းတက်ဖို့ပေါ့ဟ "

ယန်ယွဲ့ဖုန်း မျက်နှာပျက်သွားကာ..." အတန်းတက်မလို့တဲ့လား။ ဒါက ဆရာသခင်ယွဲ့ဟွားကိုယ်တိုင် သင်ကြားပေးတဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူရမဲ့နေရာပဲ။ မင်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကိုတောင် သိရဲ့လား "

ယီယွင်က စိတ်မရှည်စွာ တုန့်ပြန်လိုက်သည်..." ငါ သိတော့ရော ဘာဖြစ်လဲ။ ငါ မသိတော့ရော ဘာဖြစ်လဲ။ အတန်းတက်ဖို့အတွက် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သိရမယ်ဆိုတဲ့ စည်းမျဥ်း ရှိနေလို့လား "

ယီယွင်၏ ချေပစကားကြောင့် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များ မှင်တက်မိသွားရသည်။ ယီယွင်၏စကားအရဆိုလျှင် ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိသည်မှာ ရှင်းလင်းလှသည်။

သို့သော် ထိုကောင်က ဆရာသခင်ယွဲ့ဟွား၏ အတန်းကို တက်ရောက်ရေးအတွက် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိဘဲ မှော်နဂါးကြေးပြား ၉၀၀၀ ကို အမှန်တကယ် သုံးစွဲခဲ့သည်တဲ့လား။

" ဟားဟားဟား " ယန်ယွဲ့ဖုန်းက တစ်လောကလုံးတွင် အရယ်ရဆုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်ပမာပင် ရယ်မောလိုက်လေ၏။

" မင်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိဘဲနဲ့တောင် သင်ခန်းစာပို့ချတာကို နားထောင်ဖို့အတွက် ရောက်လာခဲ့တာတဲ့လား။ မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်နေတာလား။ ဒါက အတော်ကြီးကို ရယ်စရာကောင်းသွားပြီ "

ယန်ယွဲ့ဖုန်းက ပါရမီရှိသော ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လေသောကြောင့် ဂုဏ်မောက်လေသည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က သူ၏ပညာရပ်နယ်ပယ် ဖြစ်လေ၏။ ယီယွင်နှင့် နှိုင်းယှဥ်လျှင် သူက သိုင်ပညာရပ်တွင် ပါရမီ မကြီးမားသော်လည်း ပျက်စီးခြင်းကောင်းကင်နည်းစနစ်အရာတွင်မူ သူက ဘုရင်တစ်ပါး ဖြစ်လေ၏။

ယီယွင်က နာချင်နေ၍သာ သူ ကြီးစိုးနေသည့် ပညာရပ်နယ်ပယ်ထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်လေ၏။

သူ ဥပဒေသအမှန်တရားကျမ်းကို ပြန်ယူရန် ကြိုးပမ်းခဲ့စဥ်တွင် ယီယွင်က ပြက်ရယ်ပြုသည်ကို ခံခဲ့ရစဥ်ကတည်းကပင် ရန်ငြိုးဖွဲ့ထားခဲ့ပြီး ဖြစ်လေသည်။ သူက လက်စားချေရန် အခွင့်အရေးကို ရှာဖွေနေခဲ့သည်။ ယခုတွင်မူ သူ၏တံခါးဝသို့ ယီယွင်က ရောက်လာခဲ့လေရာ ရေကန်အသင့် ကြာအသင့် ဖြစ်သွားခဲ့ချေပြီ။

ယီယွင်က ယန်ယွဲ့ဖုန်းကို အရေးမစိုက်တော့ဘဲ ဖြတ်ကျော်သွားကာ ခုံတစ်လုံး ရှာလိုက်လေသည်။ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များအားလုံးက ယီယွင်ကို အထူးတဆန်း ကြည့်နေကြလေ၏။

ထိုကောင်က ထူးဆန်းလွန်းလှချေ၏။ ထိုကောင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိသည့်တိုင်အောင် အပျော်ရှာရန် ဝင်လာခဲ့ချေသည်။ ထိုကောင်က ငွေများကို မည်သည့်နေရာတွင် သုံးစွဲရန် မသိလေသလော။

All Chapters