← Chapters

ယီယွင်၏ရမှတ်

Vol. 19 Ch. 271

ယီယွင်၏ရမှတ်

Vol. 19 Ch. 271

" ဆရာ "

တပည့်နှစ်ဦး တစ်ဦးနှင့်တစ်ဦး ထူးဆန်းသောပုံစံများနှင့် ကြည့်လိုက်ကြပြီး..." ဒီ စာမေးပွဲမှတ်တမ်းတွေကို တိုင်အာနတ်မြို့ရဲ့ ကျင့်ကြံသူတွေ ဖြေထားတာမလား "

" ဒါပေါ့ "

ယွဲ့ဟွား သိချင်မိသွားကာ..." ပြဿနာရှိလို့လား "

ယွဲ့ဟွား၏အဖြေကြောင့် တပည့်နှစ်ဦး ပြောစရာမဲ့သွားကာ..." ဆရာကိုယ်တိုင် လာကြည့်တာက ပိုကောင်းမယ်ထင်တယ်။ စာမေးပွဲမှတ်တမ်းတစ်ခုက အတော်ကို ထူးဆန်းနေတယ် "

" ထူးဆန်းတယ်တဲ့လား "

ယွဲ့ဟွား အနည်းငယ် မှင်တက်မိသွားသည်။ သူမက ကျင့်ကြံသူများကို ပြန်တွေးကြည့်လိုက်ရာ မည်သူကမျှ ထူးဆန်းဟန်မရှိပေ။ လော့ဟော်အာအပြင် ယန်ယွဲ့ဖုန်းကဲ့သို့ လူအချို့ကသာ လက်ခံနိုင်လောက်စရာ ရှိလေသည်။

ထိုလက်ခံနိုင်လောက်စရာအဆင့်က တိုင်အာနတ်မြို့၏ စံနှုန်းကို သုံးထားခြင်းသာ ဖြစ်လေ၏။ တိုင်အာနတ်မြို့သို့ နှစ်စဥ်လာရောက်ကြသည့် ကျင့်ကြံသူများက နှစ်ပေါင်းငါးရာအတွင် သန်းချီအထိ တိုပွားလာခဲ့သည်။ ရှည်လျားလှသော သမိုင်းကြောင်းမြစ်ထဲတွင် လက်ရွေးစင်များစွာ မြုပ်နှံခံခဲ့ရလေ၏။

ယွဲ့ဟွားက တပည့်နှစ်ဦးနှင့်အတူ စာမေးပွဲမှတ်တမ်းများရှိသည့် အခြားအခန်းဆီသို့ သွားခဲ့လေသည်။

စာမေးပွဲမှတ်တမ်းပုံ၏နံဘေးတွင် စာမေးပွဲမှတ်တမ်းတစ်ခု ဘေးထွက်နေလေ၏။ ထိုစာမေးပွဲမှတ်တမ်းကို အဆင့်သတ်မှတ်ပြီးခဲ့သော်လည်း အမှတ်မပေးရသေးချေ။

" ဒီတစ်ခုပါ " မိန်းကလေးတစ်ဦးက ဆိုလိုက်လေသည်။ သူမတို့က စာမေးပွဲမှတ်တမ်းကို အမှတ်ပေးကြည့်ထားခဲ့ပြီး ဖြစ်လေသည်။ အမှတ်က ရယ်စရာကောင်းလွန်းလှသည်ဟု ထင်မိလေသောကြောင့် ဖြည့်သွင်းရဲခြင်းမရှိချေ။

ယွဲ့ဟွားက စာလိပ်ကိုကောက်ယူကာ စိတ်စွမ်းအား ထိုးသွင်းလိုက်သည်။ သူမက စွမ်းအင်လှောင်ကန်သုံးခုကို ဦးစွာကြည့်ခဲ့လေသည်။ ၎င်းက ၄၅% ဖြည့်ထားလေ၏။

လော့ဟော်အာ၏ ၆၀% နှင့် နှိုင်းယှဥ်ကြည့်ပါက မများလှပေ။ တိုင်အာနတ်မြို့၏ စံနှုန်းအရဆိုလျှင်မူ သေချာပေါက်ပင် အတော်ဆုံးထဲ၌ ရှိလေသည်။ ၄၅% ဖြည့်ထားသည်အား ၁၅၁ မှတ် ​ပေးရမည်။

" စိတ်ကျေနပ်ရရုံလောက်ပါပဲ " ယွဲ့ဟွားက စိတ်ထဲတွင် အကဲဖြတ်ပေးလိုက်သည်။ ထို့နောက်တွင် သူမက စွမ်းအင်ထိန်းချုပ်မှုဖြစ်သည့် မှော်စာလုံးလမ်းကြောင်း ၁၈၂ ခုကို ကြည့်လိုက်သည်။

ရွေရောင်အလင်းများ တောက်ပနေသည်ကို မြင်တွေ့ကာ ယွဲ့ဟွားမှာ တစ်စုံတစ်ခုကို အာရုံရနေလေ၏။ သူမက လျင်မြန်စွာ စစ်ဆေးရန်အတွက် စိတ်စွမ်းအားကို အသုံးမပြုခဲ့ပေ။ သူမက လော့ဟော်အာကို စစ်ကြည့်ခဲ့စဥ်ကကဲ့သို့ပင် မှော်စာလုံးလမ်းကြောင်းတိုင်းကို သေချာစစ်ဆေးခဲ့လေ၏။

" ပြီးပြည့်စုံတယ် ၊ ပြီးပြည့်စုံတယ် ၊ ပြီးပြည့်စုံတယ်... "

ယွဲ့ဟွားသည် စာဖြေသူ၏ နည်းလမ်းများကို အသေးစိတ်ခွဲခြမ်းကြည့်ရင်း သူမ၏မျက်နှာ လေးနက်လာခဲ့သည်။ ထိုသူ၏ စွမ်းအင်ထိန်းချုပ်မှုအရာ၌ တိကျမှုက အံ့ဩလောက်စရာပင်။

" ဒါက လော့ဟော်အာထက် လုံးဝမနိမ့်ဘူး "

ယွဲ့ဟွား အလွန်ပင် အံ့အားသင့်နေ၏။ စွမ်းအင်ထိန်းချုပ်မှုက ပါရမီအပေါ်တွင် မူတည်လေသောကြောင့် စွမ်းအင်ထုတ်ယူခြင်းထက်ပင် ပိုမိုအရေးကြီးသည်။

လူတစ်ဦးက လော့ဟော်အာကို အတိုင်းအတာတစ်ခုအထိ အမှန်တကယ်ပင် ယှဥ်နိုင်ခဲ့ပါက အမှန်တကယ်ပင် အံ့အားသင့်စရာကြီးတစ်ခု ဖြစ်လေသည်။

" တိုင်အာနတ်မြို့မှာ တကယ်ကိုပဲ မွန်းစတားနှစ်ကောင် တစ်ပြိုင်တည်း ပေါ်ထွက်လာတာပါ့လား..." ယွဲ့ဟွား ရေရွတ်ကာ ဆက်လက်စစ်ဆေးသည်။

" ပြီးပြည့်စုံတယ် ၊ ပြီးပြည့်စုံတယ် ၊ ပြီးပြည့်စုံတယ်... "

မှော်စာလုံးလမ်းကြောင်း ၁၀၀ အထိ ပြီးပြည့်စုံနေခဲ့သည်။ ထို့နောက်တွင် ၁၁၀ ၊ ၁၂၀ ၊ ၁၃၀...။

မှော်စာလုံးလမ်းကြောင်း ၁၃၀ အထိပင် ပြီးပြည့်စုံနေလေသောကြောင့် ယွဲ့ဟွား ကြီးစွာပင် အံ့အားသင့်နေသည်။

ထိုစာဖြေသူက လော့ဟော်အာကို မီနိုင်သည်ဆိုရုံသာ ရှိလိမ့်မည်ဟု သူမ ထင်ထားမိခဲ့သည်။ ထိုသူ၏ စွမ်းအင်ထိန်းချုပ်မှုက လော့ဟော်အာထက်ပင် သာလွန်နေလိမ့်မည်ဟု သူမ ထင်မထားမိခဲ့ပေ။

လော့ဟော်အာက မှော်စာလုံးလမ်းကြောင်း ၁၂၆ တွင် ချို့ယွင်းချက် ပေါ်လာခဲ့သည်။ သို့သော် ဤသူကမူ ပြီးပြည့်စုံမှုကို ထိန်းသိမ်းထားနိုင်ဆဲပင်။

၁၄၀ ၊ ၁၅၀...။

ယွဲ့ဟွား အလွန်တုန်လှုပ်နေသည်။ သူမ တဖြည်းဖြည်းချင်း အသက်ရှုမှားလာ၏။ သူမက စာမေးပွဲမှတ်တမ်းကို ငိုင်ကာကြည့်နေသည်။

ယွဲ့ဟွားက နောက်ဆုံးရလဒ်ကို သိလိုနေသည့်တိုင်အောင် သူမ၏ စစ်ဆေးမှုများက နှေးသည်ထက် နှေးကွေးလာခဲ့သည်။

သူမက မှော်စာလုံးလမ်းကြောင်းတိုင်းကို ဂရုတစိုက် စစ်ဆေးပြီးခဲ့ပေပြီ။ ၁၇၀ အထိ ပြီးပြည့်စုံနေလေ၏။

ဒီစာမေးပွဲမှတ်တမ်းက...။

ယွဲ့ဟွား မယုံသင်္ကာဟန်များ ဖြစ်လာလေ၏။

သူမ ရလဒ်ကို ပိုသိချင်လာလေလေ စစ်ဆေးမှုများ နှေးကွေးလာရလေလေပင်။ ယွဲ့ဟွား၏ အမူအရာသည် ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ချန်ထားရစ်ခဲ့သည့် ကျမ်းတစ်အုပ်ကို ဖတ်ရှုနေသည့်အလား ဖြစ်နေလေ၏။

၁၈၀ ၊ ၁၈၁ ၊ ၁၈၂ ...။

မှော်စာလုံးလမ်းကြောင်း ၁၈၂ ခုလုံး ပြီးပြည့်စုံနေသည်။

အမှတ်ပြည့်...။

ယွဲ့ဟွား အေးခဲနေ၏။ သူမ အတန်ကြာမှသာ သတိပြန်ဝင်လာသည်။

သူမသည် လော့ဟော်အာ အခက်ကြုံရစေရန်အတွက် စစ်ဆေးမှုကို တမင်ရည်ရွယ်ကာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထိုစစ်ဆေးမှုကို တိုင်အာနတ်မြို့မှ စာဖြေသူများအားလုံး သေချာပေါက်ပင် စောဒကတက်ကြလိမ့်မည်။ သို့သော် လူတစ်ဦးက စွမ်းအင်ထိန်းချုပ်မှုတွင် အမှတ်ပြည့် ရရှိခဲ့လေ၏။

တပည့်နှစ်ဦးက သူ့မအား အဘယ့်ကြောင့် ထိုသို့သောအမူအရာများနှင့် လာရှာကြသည်ကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ၎င်းက စာဖြေသူတစ်ဦး၏ စာမေးပွဲမှတ်တမ်းနှင့် မတူလေဘဲ ခေတ်သစ်အဖြေလွှာပုံစံနှင့် ပိုတူနေလေသည်။

စွမ်းအင်ထိန်းချုပ်မှုမှ အမှတ် ၃၆၄ ၊ စွမ်းအင်ထုတ်ယူခြင်းမှ အမှတ် ၁၅၁ ။

ဤစာမေးပွဲမှတ်တမ်းက စုစုပေါင်းရမှတ် ၅၁၅ မှတ်။

လော့ဟော်အာက ၄၉၄ မှတ်သာ ရခဲ့လေပြီး ဤသူက ၅၁၅ မှတ် ရခဲ့လေသည်။

ဤမွန်းစတားက မည်သူပေနည်း။

ယွဲ့ဟွား အသက်ပြင်းပြင်းရှုကာ စာလိပ်ကို လှန်လိုက်သည်။ စာလိပ်၏ကျောဘက်တွင် စာဖြေသူ၏အမည်ကို ရေးထားလေ၏။

ယီယွင်တဲ့လား။

ယီယွင်က ဘယ်သူလဲ။

ယွဲ့ဟွားက တိုင်အာနတ်မြို့၏ တပ်သားသစ်ပြိုင်ပွဲကို အရေးမစိုက်လေသောကြောင့် ထိုအမည်ကို မကြားဖူးပေ။

" ယီယွင်က ဘယ်သူလဲဆိုတာ စစ်ဆေးကြည့်ကြ "

ယွဲ့ဟွားက တပည့်များကို ပြောလိုက်သည်။ တိုင်အာနတ်မြို့တွင် လူတစ်ဦးကို စစ်ဆေးကြည့်ရသည်မှာ လွယ်ကူလေသည်။ လူတိုင်း တိုင်အာနတ်မြို့ထဲသို့ ဝင်လျှင် ကိုယ်ပိုင်တံဆိပ်ပြား ရရှိကြသည်။

မကြာမီတွင် ယီယွင်၏အကြောင်း အသေးစိတ်နှင့် ယီယွင်၏ပုံကို ယွဲ့ဟွား ရရှိခဲ့လေ၏။ လူငယ်၏ပုံကြောင့် ယွဲ့ဟွား မှင်တက်မိရသည်။

ဘယ်လိုလုပ်ပြီး သူ ဖြစ်နေတာလဲ။

ချည်ကြမ်းဝတ်စုံနှင့် လူငယ်က ယီယွင် ဖြစ်နေလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ဖူးပေ။

ယွဲ့ဟွားက လူတိုင်းကို ပျက်စီးခြင်းအရိုးအမတေတစ်ခု သန့်စင်ရန် ပြောခဲ့ချိန်တွင် ထိုလူငယ်က ဘာမျှမလုပ်ဘဲ ငတုံးတစ်ယောက်ပမာ ရပ်နေခဲ့လေ၏။ သူမက ထိုလူငယ်ကို အဘယ့်ကြောင့် ဘာမျှမလုပ်ရသနည်းဟု မေးခဲ့ချိန်တွင် အကြောင်းအရင်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိခြင်း ဖြစ်နေခဲ့သည်။

ထိုလူငယ်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိသော်လည်း စစ်ဆေးမှုတွင် ၅၁၅ မှတ် ရရှိအောင် လုပ်နိုင်ခဲ့သည်။

ဤသည်က ဟာသပေလော။

စွမ်းအင်ထုတ်ယူခြင်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်၏ အခြေခံတစ်ခုသာဖြစ်ပြီး ပျက်စီးခြင်းကောင်းကင်နည်းစနစ် အသိပညာများကို များစွာသိရှိရန် မလိုအပ်လေဘဲ ပါရမီနှင့် စွမ်းအင်ထုတ်ယူပုံနည်းလမ်းကို သိနေရန်သာ လိုအပ်လေသည်။

သီအိုရီအရဆိုလျှင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိသူများကလည်း စွမ်းအင်ထုတ်ယူရာတွင် တော်နိုင်ကြလေသည်။ သို့သော် ယင်းက သီအိုရီသာ ဖြစ်သည်။ လက်တွေ့တွင် ပြီးပြည့်စုံစွာ လေ့ကျင့်ထားရန် လိုအပ်လေသည်။

ထိုသူက စွမ်းအင်ထုတ်ယူခြင်း တစ်ခါမျှမလုပ်ဖူးဘဲ ပထမဆုံးအကြိမ် ကြိုးပမ်းမှုက ဤအဆင့်အထိ ရောက်နေသည်မှာ အံ့မခန်းဆန်လှချေ၏။

" ဒီကောင်လေးက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိဘူးဆိုပြီး ငါ့ကို လိမ်ပြောခဲ့တာလား။ ဒါပေမဲ့ လိမ်တော့ရော ဘာရမှာမလို့လဲ "

ယွဲ့ဟွားက ယီယွင်၏ စာမေးပွဲမှတ်တမ်းကို ဆုပ်ကိုင်ထားလျက်ဖြင့် ယီယွင်၏အကြောင်း အသေးစိတ်ကို ဖတ်ရှုနေသည်။ ယီယွင်က တိမ်ရိုင်းနယ်မြေထဲရှိ မျိုးနွယ်ငယ်တစ်ခုမှ လာခဲ့သည်ကို ယွဲ့ဟွား သတိပြုမိသွားခဲ့သည်။

တိမ်ရိုင်းနယ်မြေထဲရှိ မျိုးနွယ်ငယ်တစ်ခုမှ လူတစ်ဦးက နောက်ခံမရှိပေ။ သူတို့က သာမန်မြို့သားများထက်ပင် ဆိုးရွားလေသည်။ သူတို့အတွက် ပျက်စီးခြင်းကောင်းကင်သခင်များက နတ်ဘုရားများအလား ဖြစ်လေ၏။ သူတို့က ပျက်စီးခြင်းကောင်းကင်သခင်များနှင့် သိကျွမ်းမှုမရှိသည်မှာ ပုံမှန်သာဖြစ်လေ၏။

တစ်နည်းအားဖြင့် ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိဟု ပြောခဲ့သည်မှာ အမှန်ဖြစ်ဖို့ရာများလေသည်။

" ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မသိတဲ့ လူတစ်ဦးက အခုလိုမျိုး အောင်မြင်မှုရနေတာက... "

ယွဲ့ဟွားက အိပ်မက်မက်နေသည့်ပမာပင် ရေရွတ်လိုက်လေသည်။

All Chapters