← Chapters

အခန်း (၉၇)

Vol. 9 Ch. 97

အခန်း (၉၇)

Vol. 9 Ch. 97

လင်းချောင်လည်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို တိတ်ဆိတ်စွာ ပြန်ပြောပြလိုက်၏။

အဘိုးကု စဉ်းစားလိုက်သည်။

"သူတို့က ငါ ရှောင်ပင်း ရဲ့ သေဆုံးမှုအကြောင်း စုံစမ်းမှာကို တကယ်ကြောက်နေပုံရတယ်။"

ထိုသို့ပြောပြီး ကျိသော်ကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော်တို့ အဲ့ဒီလူကို ရှာနေပါပြီ။ ပြီးတော့ အခု သူမကို ရှာတွေ့ပြီဆိုတာကို သူတို့ မသိသေးဘူး။ အခွင့်အရေးက ကျွန်တော်တို့ဘက်မှာ ရှိနေပါတယ်။"

အဘိုးကု သူမကို အလျင်စလို အသိအမှတ်ပြုခြင်း မရှိသေးသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ယွဲ့ဟွာနှင့် သူမ၏ မိသားစုအား လက်ခံရန် အချိန်ပေးလိုခြင်းဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းမှာတော့ သူတို့၏ နည်းဗျူဟာကြောင့်ဖြစ်သည်။ သူတို့က သူမကို ချက်ချင်း ပြန်ခေါ်လာလိုက်ပါက သူတို့တွင် အားသာချက် ဆုံးရှုံးသွားမည်ဖြစ်သည်။

တစ်ဖက်လူက တိတ်ဆိတ်သွားနိုင်ပြီး ခြေရာလက်ရာများ အကုန်ဖျောက်ပစ်သွားနိုင်သည်။ တိတ်ဆိတ်စွာ ထားရှိပြီး လူသိရှင်ကြား ဆက်ရှာဖွေခြင်းဖြင့် တစ်ဖက်လူအား အမှားလုပ်မိစေနိုင်ကာ သဲလွန်စများကို သူ့ဘာသာသူ ပိုဖော်ထုတ်လာစေရန် ဖိအားပေးနိုင်မည်ဖြစ်သည်။ နောက်ဆုတ်နိုင်မည့်လမ်းကို ဖြတ်တောက်သည့် ဤဗျူဟာသည် ထိုသူတို့ကို ထိန်းချုပ်နိုင်စေပြီး အတုအယောင်များစွာ၏ နောက်ကို လိုက်နေရခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

အဘိုးကုက ပြုံးပြီး လင်းချောင်၏ လက်ကို ပုတ်လိုက်၏။ "မင်းကို လက်ထပ်တာက ရှောင်သော်အတွက် ကံကောင်းလား မကောင်းလား မသိပေမဲ့ ငါတို့ ကုမိသားစုအတွက်တော့ သေချာပေါက် ကံကောင်းခြင်းပဲ။"

ဒီသတင်းကို စူးကျန့်သိသွားပြီး နောက်တစ်နေ့တွင် သူက ကျိသော်ကို လာတွေ့ခဲ့သည်။

"မင်း တကယ်ပဲ သူမကို ရှာတွေ့နိုင်ခဲ့တာပဲ။ မင်းက ရတနာလေးကို အလကား အိမ်ထောင်ပြုခဲ့ရတာ မဟုတ်ဘူးပဲ။"

ကျိသော် စစ်ဦးထုပ်အောက်မှ မျက်မှောင်ကြုတ်လိုက်သည်။

"ရတနာ? မင်းက သူမကို အဲ့ဒီလို ခေါ်တာလား။"

စူးကျန့်၏ မျက်လုံးများ ပြူးသွားသည်။ "မင်းတောင် ခေါ်နိုင်ရင် ငါက ဘာလို့ မခေါ်နိုင်ရမှာလဲ။ မင်းပဲ အရင်တုန်းက သူမကို တန်ဖိုးမထားပါဘူးလို့ မပြောခဲ့ဘူးလား။"

ကျိသော် ဤအကြောင်းကို ဆွေးနွေးချင်စိတ်မရှိပေ။ သူက နာရီကို ကြည့်လိုက်သည်။ "အခုက ဘာကိစ္စလဲ။ ငါ အိမ်ကို ညစာ စားဖို့ သွားရဦးမယ်။"

"မင်း အရင်က အိမ်ကိုပြန်ဖို့ ဒီလောက် စိတ်အားထက်သန်တာမျိုး မရှိခဲ့ပါဘူး။"

စူးကျန့်က မနေနိုင်ဘဲ စနောက်လိုက်သည်။ ကျိသော် အမှန်တကယ် ထွက်ခွာတော့မည့် ပုံစံကို မြင်သောအခါမှ သူက အဓိကအချက်ကို ပြောလိုက်၏။

"ငါတို့ နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပြီး နောက်ဆုံးတော့ သူမကို ရှာတွေ့ခဲ့ပြီ။ ငါ ရှောင်ပင်း ကိုယ်စားရော၊ ငါ့ကိုယ်စားပါ သူမကို ကျေးဇူးတင်စကား ပြောချင်တယ်။"

ရှောင်ပင်း နဲ့ ရှောင်ကျန်း၏ ကိစ္စက ကျိသော်၏ ရင်ထဲ အပူလုံးတစ်ခုဖြစ်သလို စူးကျန့် အတွက်လည်း အတူတူပင်။ သူ ရဲအရာရှိဖြစ်ရန် ရွေးချယ်ခဲ့ခြင်းကလည်း ဒီဖြစ်ရပ်များနှင့် သက်ဆိုင်နေ၏။

ကျိသော် ဘာမှ ထပ်မပြောခဲ့တော့ဘဲ သူတို့နှစ်ယောက်က လမ်းဘေးတွင် ရပ်ထားသည့် ဂျစ်ကားထဲ ဝင်ထိုင်ကာ ကျိသော်၏ အိမ်သို့ ဦးတည်သွားခဲ့ကြသည်။

စူးကျန့်ကို မြင်တော့ လင်းချောင်က သူ့ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်၏။ သူမက ပြုံးပြီး မျက်ခုံးပင့်ကာ ပြောလိုက်၏။ "ရှားရှားပါးပါး တွေ့ရတဲ ဧည့်သည်ပါလား။ အထဲဝင်လာပြီး ကျေးဇူးတင်ပါတယ်လို့ပဲ ပြောလို့ မရဘူးနော်။"

"ဒါကတော့ ပြောရမှာပေါ့။"

စူးကျန့်က ရိုးသားစွာ ပြောလိုက်သည်။ "ဒီကိစ္စကို ငါ အမြဲတမ်း သတိရနေမှာပါ။ အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ၊ ကျိသော်က မင်းကို အမှားလုပ်ခဲ့ရင်တောင်မှ ငါ မင်းဘက်က ရပ်တည်ပေးမှာပါ။"

ဒီစကားကြောင့် ကျိသော်ထံမှ အဓိပ္ပာယ်ပါသည့် အကြည့်တစ်ချက်ကို ရရှလိုက်ပြီး စူးကျန့် ခေတ္တရပ်သွားခဲ့သည်။

"သူ့ကိုတော့ ငါ နိုင်မှာ မဟုတ်ဘူးထင်ပါတယ်။"

လင်းချောင် မရယ်ဘဲ မနေနိုင်ခဲ့ပေ။ သူတို့ အိမ်မှ ပြန်လာခဲ့ပြီးနောက် ကျိသော်က စူးကျန့် သူမကို ဘာတွေ ပြောခဲ့လဲဆိုသည်ကို သိချင်သောကြောင့် သွယ်ဝိုက်ပြီး စုံစမ်းခဲ့ပုံကို သူ ပြန်သတိရလိုက်သည်။

တကယ်တော့ ရှင်သန်လိုစိတ် ပြင်းပြသည့် စူးကျန့်က ကျိသော်၏ ရှက်စရာကောင်းသည့် ပုံပြင်များကို လုံးဝ မမျှဝေခဲ့ပေ။ သူတို့ နှစ်ယောက်သား စီစဉ်ထားသည်မှာ ကျိသော် ကိုယ်တိုင် တစ်ခုခု ထုတ်ဖော်ပြောလာမလား ဟူ၍ပင်။ သို့သော် ကျိသော်ကတော့ စိတ်ဓာတ်ခိုင်မာနေပြီး ဘာကိုမှ မထုတ်ဖော်ခဲ့သလို၊ စူးကျန့်ကလည်း သူ့အကြည့်အောက်တွင် စိတ်မသက်မသာ ခံစားနေခဲ့ရသည်။

"ဪ၊ ငါ မင်းအတွက် တစ်ခုခု ယူလာခဲ့တယ်။"

စူးကျန့်က ထိုသို့ ပြောပြီး သူ့အိတ်ထဲမှ လက်လုပ်ဖိနပ်တစ်ရံနှင့် ပန်းထိုးထားသည့် ဖိနပ်အတွင်းဝတ်များကို ထုတ်လိုက်သည်။

"ဒါတွေက ချန်ကျောက်နန်ပေးတာ။ သူမက မင်းဆီကို ယူသွားပေးခိုင်းတာ။ သူမက ငါ့ကို စကားတောင် သေချာ မပြောရဲပေမဲ့ ဒါကိုပေးဖို့အတွက် မင်းအကြောင်းကို အကြိမ်များစွာ မေးခဲ့တယ်။"

ဖိနပ်ချုပ်ခြင်းရော ပန်းထိုးခြင်းကပါ အချိန်ယူရသည့် အလုပ်များဖြစ်သည်။ ရှုပ်ထွေးသည့် ဒီဇိုင်းများနှင့် သေသပ်သည့် ချုပ်ရိုးများက ချန်ကျောက်နန်၏ ကြိုးစားအားထုတ်မှုကို ပြသနေ၏။

"ဒီဟာတွေလည်း ရှိသေးတယ်။"

စူးကျန့်က Pinyin နှင့် တရုတ်စာလုံးများ အပြည့်ပါသည့် စာရွက်အနည်းငယ်ကို ပေးရင်း ထပ်ပြောလိုက်သည်။ လင်းချောင်က ဖိနပ်များရသည်ထက်ပင် ပိုပျော်ရွှင်သွားခဲ့သည်။

"သူမ စာသင်နေတာလား"

စူးကျန့်က ခေါင်းညိတ်သည်။ "သူမက မင်းရဲ့စကားတွေကို အလေးအနက်ထားပြီး အနီးအနားက မူလတန်းကျောင်းမှာ လေ့လာခွင့်ရတဲ့ အတန်းတွေ တက်နေတယ်။"

ချန်ကျောက်နန်အတွက် ဒီခြေလှမ်းကို လှမ်းရန် ကြီးမားသည့် သတ္တိကို လိုအပ်၏။ သူမက ရိုက်နှက်ခံခဲ့ရပြီး လူအများနှင့် ရင်ဆိုင်ရလျှင် စိတ်လှုပ်ရှားတတ်ကာ၊ အသက်ကြီးမှ ကျောင်းတက်ရခြင်းကလည်း လူအကြည့်ခံရတတ်သေး၏။ သို့သော်လည်း ရဲစခန်းတွင် အကူအညီတောင်းရန်နှင့် ထွက်ပြေးရန် နည်းလမ်းရှာဖွေခဲ့သည့် သူမ၏ ဆုံးဖြတ်ချက်ကတော့ သူမ၏ ခံနိုင်ရည်ရှိပြီး မယိမ်းယိုင်သည့် သဘာဝကို ပြသနေခဲ့သည်။

နောက်ဆုံးတွင် အကောင်းဆုံးသတင်းတစ်ခု ထပ်ပြောခဲ့၏။

"ဒီမနက်က အဘိုးကု ဆေးရုံက ဆင်းတာကို ငါ ကူညီခဲ့သေးတယ်။ သူက သူမကို သူ့ကို လာတွေ့ဖို့ ခေါ်လာခိုင်းတယ်။ သူက သူမကို သူ့အနားမှာ နေစေချင်ပုံရတယ်။"

ချန်ကျောက်နန်အတွက်တော့ သူမခင်ပွန်းဆိုသူထံ ပြန်မသွားရဘူးဆိုရဘူးဆိုလျှင် အရာအားလုံးက ကောင်းမွန်သည်။ သို့သော် အဘိုးကု ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုသည်ကတော့ နားလည်နိုင်၏။ သူကကြင်နာတတ်သူဖြစ်ပြီး ရှောင်ကျန်း ပျောက်ဆုံးသွားပြီးနောက် သူ၏ လစာထဲမှ အများစုကို ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းခဲ့သူဖြစ်သည်။

ဘာပဲဖြစ်ဖြစ်၊ လင်းချောင်က ချန်ကျောက်နန်ကြောင့် ယွဲ့ဟွာနှင့် ဆက်စပ်မှုကို သတိရခဲ့ခြင်းဖြစ်သည်။ သူ့မြေးများအတွက် ကောင်းမှုကုသိုလ်များ စုဆောင်းရန် သူမကို ဒုက္ခတွင်းထဲ ပြန်မတွန်းပို့လိုခြင်းဖြစ်မည်။

"အခုဆို သူမလည်း စိတ်သက်သာရာရသွားလောက်ပါပြီ။"

လင်းချောင် ချန်ကျောက်နန်၏ တောင်းပန်နေသော မျက်လုံးများနှင့် သူမ၏ ဒဏ်ရာများကို တွေးမိသွားခဲ့လိုက်သည်။

"သူမက အဲ့ဒီလူနဲ့ လက်ထပ်မှတ်ပုံတင် မလုပ်ခဲ့ဘူးတဲ့။"

ချန်ကျောက်နန်ကို ဆယ့်ခုနစ်နှစ်အရွယ်တွင် ရောင်းစားခဲ့ခြင်းဖြစ်သောကြောင့် တရားဝင် လက်ထပ်ရန် အသက်ငယ်နေခဲ့သောကြောင့် ဖြစ်သည်။ သူတို့၏ ဓလေ့အရဆိုလျှင် သားတစ်ယောက် ရပြီးမှသာ လက်ထပ်လေ့ရှိသည်။ လက်ထပ်လက်မှတ်မရှိသည့်အတွက် သူတို့က တရားဝင် လက်ထပ်ထားခြင်း မဟုတ်သောကြောင့် သူမ ပြန်သွားရန် မလိုအပ်ပေ။ ထိုသူ၏ အနိုင်အထက်ပြုမှုကလည်း အိမ်တွင်းအကြမ်းဖက်မှု မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် လုပ်ခြင်းသာဖြစ်၏။

"ကံမကောင်းစွာနဲ့ သူမကတော့ နားမလည်နိုင်ခဲ့သလို အဲ့ဒီနေရာက ဘယ်သူကမှလည်း သူမကို ဂရုမစိုက်ခဲ့ဘူးလေ။ မဟုတ်ဘူးဆိုရင် ဒီလို ပြင်းထန်တဲ့ အခြေအနေမျိုးနဲ့ဆို အနည်းဆုံးတော့ အဲ့ဒီလူကို ထိန်းသိမ်းထားသင့်တာ။"

လင်းချောင် စိတ်မချမ်းမသာ ခံစားမိသည်။ မထင်မှတ်ထားဘဲ စူးကျန့်က ကျိသော်ကို လှမ်းကြည့်ပြီး ပြောလိုက်၏။

"သူ့ကို ထိန်းသိမ်းထားတာ ရက်နည်းနည်းကြာနေပြီ။"

ဒီစကားကြောင့် သူမ ကျိသော်ကို လှမ်းကြည့်လိုက်ရာ သူကတော့ တည်ငြိမ်နေပြီး သူမလက်ထဲမှ ဖိနပ်များကို ယူကာ အပေါ်ထပ်ကို တက်သွားတော့သည်။

"လာလေ၊ ညစာ စားရအောင်။"

"သွားတော့မယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာ အလုပ်တစ်ခု ရှိတယ်။"

စူးကျန့်က ကြာကြာနေရန် စီစဉ်ထားပုံမရပေ။ မထွက်ခွာမီ သူက လင်းချောင်ကို ထပ်ပြောလိုက်၏။

"နောက်တစ်ခါ အချိန်ရရင် ငါ မင်းအတွက် ဒကာခံပါ့မယ်။"

သူ အလျင်အမြန် ထွက်သွားသည်ကို မြင်သောအခါ ကျိသော်က ကျိဇယ်အကြောင်း ရုတ်တရက် သတိရလိုက်ပြီး လင်းချောင်ကို ပြောလိုက်၏။

"ကိုယ့်သူငယ်ချင်းရဲ့ စီးပွားရေးက လတ်တလောမှာ သိပ်အဆင်မပြေဘူးတဲ့။"

သူမ၏ ရှယ်ယာများ ပါဝင်နေသောကြောင့် လင်းချောင်၏ အာရုံစိုက်မှုက ချက်ချင်း ရောက်လာခဲ့သည်။

"ဘာဖြစ်လို့လဲ"

"ဆိုင်က အကူညီတွေကြောင့်ပါ။"

ကျိသော်က ရှင်းပြလိုက်သည်။

"ဒီကိစ္စကြောင့် လတ်တလော အရောင်းအဝယ်တွေ ကျဆင်းနေတယ်။"

ဤကိစ္စသည် နောင်နှစ်ပေါင်း လေးဆယ်အကြာတွင် စိတ်ကူးကြည့်၍ပင် မရနိုင်သည့် ကိစ္စဖြစ်သည်။ လင်းချောင်သည် အမျိုးမျိုးသော စျေးကွက်ရှာဖွေရေး နည်းလမ်းများကို မြင်ဖူးပြီး၊ အလွန်အမင်း စိတ်အားထက်သန်သော အရောင်းသမားများကို မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း ဒီလောက်ထိ အင်အားချည့်နဲ့နေသော အရောင်းစနစ်မျိုးကိုတော့ တစ်ခါမျှ မတွေ့ဖူးပေ။

၎င်းမှာလည်း ဤခေတ်ကာလ၏ ရလဒ်ကြောင့် ဖြစ်လိမ့်မည်။ သူမ ကောယန်၏ ဆိုင်လေးကို တွေးမိလိုက်သည်။

"ရှင့်သူငယ်ချင်းက ပုဂ္ဂလိက ဆိုင်ငယ်လေးတွေကို မစဉ်းစားမိဘူးလား။"

နောက်တစ်ကြိမ်တွင်လည်း သူတို့သည် မည်သည့် အစပျိုးမှုမှမရှိဘဲ တူညီသော ဖြေရှင်းချက်ကို တွေးမိခဲ့ကြပြန်သည်။ ဒီခံစားချက်က အတော်ကောင်း၏။ ထိုညနေတွင် ကျိသော် သူ့တူထံမှ စာရင်းများကို လက်ခံရရှိသောအခါ၊ သိပ်မကောင်းလှသည့် ကိန်းဂဏန်းများအတွက် မျက်မှောင်မကြုတ်မိခဲ့ပေ။ သူတို့၏ ဖြေရှင်းချက်ကို မျှဝေလိုက်သောအခါ ကျိဇယ်၏ မျက်လုံးများ အရောင်တောက်သွားခဲ့၏။

"ဟုတ်တယ်။ အစိုးရပိုင်ဆိုင်တွေက ကောင်းကောင်း မရောင်းပေးဘူး၊ ဒါပေမဲ့ ပုဂ္ဂလိကဆိုင်တွေကတော့ အဲ့ဒီလို လုပ်မှာမဟုတ်ဘူး။ သူတို့က သူတို့အတွက်သူတို့ ပိုက်ဆံ ရှာနေကြတာ။"

စီးပွားရေး အတွေ့အကြုံ အနည်းငယ်ရှိထားသူဖြစ်၍ သူက ထိုအကြံကို လျင်မြန်စွာ ချဲ့ထွင်လိုက်သည်။

"ကျွန်တော်တို့ ဆိုင်အ၀င်ဝမှာ 'မုဇီ ဆပ်ပြာရည် သီးသန့်ရောင်းချသည့် နေရာ' ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားလိုက်မယ်။ ပြီးတော့ အဲ့ဆိုင်ရဲ့ ရောင်းအားကို ကူပြီး မြှင့်တင်ပေးမယ်။ အကယ်၍ ဒါက ဆိုင်ထဲက တခြား အရောင်းအဝယ်တွေကိုပါ တက်လာစေမယ်ဆိုရင် လက်ကားဈေးကိုပါ တိုးမြှင့်လို့ရနိုင်တယ်။ ဒီလိုသာဆိုရင် ဘာလို့ အဲ့ဒီ အစိုးရပိုင်ဆိုင်တွေကို ဆက်ရောင်းနေရတော့မှာလဲ။"

သူက စိတ်လှုပ်ရှားစွာဖြင့် ကျိသော်ကို ကြည့်လိုက်သောအခါ ကျိသော်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မုဇီ ဆပ်ပြာရည်? ဘယ် 'မု' နဲ့ ဘယ် 'ဇီ' လဲ။"

နှစ်ပတ်တစ်ခါ စာရင်းများ တင်ပြရခြင်းက ကျိဇယ်အတွက် အလုပ်အစီရင်ခံစာလို ဖြစ်နေသည်။

ကျိသော် မျက်မှောင်ကြုတ်လိုက်သည်ကို မြင်တော့၊ ကျိဇယ်က သူ တစ်ခုခု မှားပြောမိပြီလားဟု တွေးမိလိုက်သော်လည်း ကျိသော်၏ မေးခွန်းက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

သူ စိတ်ရှုပ်ထွေးသွား၏။ "ဒါက 'သစ်သား' က 'မု' နဲ့ 'ကျည်ဆံ' က 'ဇီ' ပဲလေ။ အဒေါ်နဲ့ ပူးပေါင်းလုပ်ကိုင်တာ မဟုတ်ဘူးလား။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မျိုးရိုးနာမည်တွေရဲ့ တစ်ဝက်စီကို ယူထားတာလေ။"

သူတို့ မျိုးရိုးနာမည်တွေ၏ တစ်ဝက်စီကို ယူထားသည်လား။

ကျိသော် သူ့ကို စကားမပြောဘဲ ခဏကြာ စိုက်ကြည့်နေခဲ့သည်။ ခဏအကြာမှာတော့ ညနေခင်း လေပြည်ထဲ၌ သူ၏ အေးစက်ပြီး နက်ရှိုင်းသည့် အသံကထွက်ပေါ်လာတော့သည်။

"ဒီနာမည်ကို သုံးနေတာ ဘယ်လောက်ကြာပြီလဲ။"

"ကျွန်တော်တို့ အရင်ကတည်းက ဒါကို သုံးခဲ့တာပါ။"

ကျိဇယ်က ပြောလိုက်သည်။ "ရောင်းချမှု အတိုင်းအတာကို ချဲ့ထွင်ဖို့ ဦးလေးကို ပြောပြခဲ့ကတည်းက သုံးခဲ့တာပါ။"

ဒီလိုဆိုလျှင် အတော်တော်လေး ကြာခဲ့ပြီဖြစ်သည်။ သူ၏ လက်ရှိ ရောင်းချမှု ပမာဏအရဆိုလျှင် ယန်ဒူမြို့၏ တစ်ဝက်လောက်က သိနေလောက်ပြီ။ သို့သော် နေရာဒေသဝေးသည့်အတွက်ကြောင့်ရော၊ ကျိဇယ်က သတိထားနေသည့်အတွက် စစ်တပ်ဘက်ကို မရောင်းခဲ့သည့်အတွက်ကြောင့်ရော ကျိသော် နှစ်လကျော်ကြာသည်အထိ သတိမထားမိခဲ့ခြင်းဖြစ်သည်။

ဒီအချက်က ကျိသော်ကို ထပ်မံ တိတ်ဆိတ်သွားစေခဲ့၏။

"ဒီနာမည်က မကောင်းဘူး။ ပြောင်းလိုက်။"

"ဘာများ မှားနေလို့လဲ။ ဒါက တော်တော်လေး ကောင်းပါတယ်။"

ကျိဇယ်ကတော့ သူ၏ အကြံဉာဏ်ကို သူကိုယ်တိုင် ကျေနပ်နေပုံရ၏။

"ရိုးရှင်းတယ်၊ မှတ်ရလွယ်တယ်၊ အဓိပ္ပာယ်လည်းရှိတယ်။"

"အဓိပ္ပာယ်ရှိတယ်" ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ ကျိသော်၏ အကြည့်က စာရင်းများထံမှ ကျိဇယ်၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့တော့သည်။

ခဏအကြာမှာ ကျိသော်က ဆက်ပြောလိုက်သည်။ "ပေါ်သွားဖို့လည်း လွယ်တယ်လေ၊ မင်း အဒေါ်ကို စောစောစီးစီး မသိသွားစေချင်ဘူး မဟုတ်လား။"

ဒါက ပြဿနာဖြစ်နေမှန်း သိလိုက်တော့ ကျိဇယ် သက်ပြင်းချလိုက်၏။ "စိတ်မပူပါနဲ့၊ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။ အခုဆိုရင် လူတိုင်းက ကျွန်တော့်ရဲ့ မျိုးရိုးနာမည်ကို လီလို့ထင်နေကြတာ။ ဝန်ထမ်းတွေတောင်မှ ကျွန်တော့်ကို သူဌေးလီလို့ပဲ ခေါ်တယ်လေ။"

သူက ဒါကို အတော် ဂုဏ်ယူနေပုံရ၏။

သဲလွန်စပေးခြင်းက အလုပ်မဖြစ်ခဲ့ပေ။ ကျိသော်က စာရင်းများကို ပိတ်လိုက်သည်။ "မင်းနဲ့ မင်းအဒေါ်ရဲ့ နာမည်တွေကို ပေါင်းစပ်ထားတဲ့ နာမည်ကို သုံးတာက သင့်တော်ရဲ့လား။"

ကျိဇယ် အံ့အားသင့်သွားသည်။ "တခြားသူတွေကရော ဒီလို မလုပ်ကြဘူးလား။ လူနှစ်ယောက်ဆိုရင် စာလုံးနှစ်လုံး၊ လူသုံးယောက်ဆိုရင် စာလုံးသုံးလုံးပေါ့။ ဒါ့အပြင် ကျွန်တော်တို့ ဆပ်ပြာရည်နာမည်က အပြင်မှာ ထွက်ပြီးသားလေ။ လူတိုင်းက မှတ်မိနေကြပြီ၊ အခုမှ ပြောင်းလို့ မရတော့ဘူး။"

သူ့ဦးလေး ဒီလောက် စိတ်သဘောထားသေးမည်ဟု သူ မထင်ထားခဲ့ပေ။ "အဒေါ်က ဒီနာမည် မကောင်းဘူးလို့ ပြောတာလား။"

အခုတစ်ခါမှာတော့ ကျိသော် အံ့အားသင့်သွားခဲ့ရ၏။ သူ သူ့တူကို ခဏကြာ ကြည့်လိုက်ပြီးမှ စာရင်းများကို ပြန်ဖွင့်လိုက်သည်။

"စုန့်ကျင်း မင်းကို အခုတလော ဆက်သွယ်သေးလား။"

ဒီစကားကြောင့် ကျိဇယ် မျက်နှာ ပျက်သွား၏။ "သူမတော့ မဆက်သွယ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့် အမေကတော့ စစ်တပ်စခန်းကို နှစ်ခါ ဖုန်းခေါ်ပြီး သူမကို ပစ္စည်းတွေ ပို့ပေးဖို့ အတင်းအကျပ် တောင်းဆိုနေတယ်။ ကျွန်တော် သူတို့ကို ကြိုမပြောထားဘူးဆိုရင် ပေါ်သွားနိုင်တယ်။"

"မင်းရဲ့ အမေက မင်းကို ဘာလို့ သူမဆီ ပစ္စည်းတွေ ပို့စေချင်နေတာလဲဆိုတာကို မင်း တစ်ခါမှ မစဉ်းစားဖူးဘူးလား။"

ကျိသော်က အဓိပ္ပာယ်ပါပါ မေးလိုက်သည်။

ကျိဇယ် မစဉ်းစားဖူးပေ။"ဒါက အဒေါ်ချန်က သူမကို ဂရုစိုက်ဖို့ ကျွန်တော့်ကို ပြောထားလို့ မဟုတ်ဘူးလား။"

"မင်းရဲ့အမေ သတင်းမှားတွေ လွှင့်ခဲ့တာကို မင်းအဒေါ်ချန် သိထားတယ်လို့ မင်း ထင်လား။ မင်းအမေက ငါနဲ့ မင်းအဒေါ်အကြောင်းကိုပဲ သတင်းမှား လွှင့်ခဲ့တာ မဟုတ်ဘူး။"

ကျိဇယ် ထိတ်လန့်သွားပြီး သူ၏ မျက်နှာထားကလည်း သံသယဖြစ်နေရာမှ ပြောစရာမဲ့သည့် အခြေအနေသို့ ပြောင်းသွားခဲ့တော့သည်။

"ကျွန်တော့် အမေက ကျွန်တော့်ကို စုန့်ကျင်းနဲ့ တွဲပေးဖို့ ကြိုးစားနေတာလား။"

ထိုကောလာဟလများကြောင့် ကျိသော် လင်းချောင်ကို လက်ထပ်ခဲ့ရသည်။ ကျိဇယ်က အမြဲတမ်း ထိုကိစ္စအတွက် နောင်တရနေခဲ့ပြီး ကောလာဟလအကြောင်း သေချာ စူးစမ်းလေ့လာခဲ့ခြင်း မရှိခဲ့ပေ။

သူ နားလည်သွားပြီဆိုသည်ကို မြင်တော့ ကျိသော် စာရင်းများကို သိမ်းလိုက်၏။

"ဒီကိစ္စက တစ်ချိန်ချိန်မှာတော့ ပေါ်သွားမှာပါ။ အဲ့ဒီအခါ မင်းကိုယ်တိုင်ပဲ ဖြေရှင်းပါ၊ မင်းအဒေါ်ကို ဒီကိစ္စထဲ ဆွဲမထည့်နဲ့။"

ကျိဇယ် ခေါင်းညိတ်လိုက်သည်။ "အဒေါ်က ကျွန်တော် သူမနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာတောင် မသိဘူးလေ။ ဘာလို့ ကျွန်တော်က သူမကို ဒီကိစ္စထဲ ဆွဲထည့်ရမှာလဲ။"

စီးပွားရေးကိစ္စရော စုန့်ကျင်းကိစ္စရော နှစ်ခုလုံးက ပြဿနာများ ဖြစ်နေသောကြောင့် ကျိဇယ် နဖူးကို ပွတ်သပ်မိလိုက်ပြီး ယခုနက ရှိနေခဲ့သော စိတ်အားထက်သန်မှုနှင့် ဂုဏ်ယူဝံ့ကြွားမှုများအားလုံး ပျောက်ကွယ်သွားတော့သည်။

ကျိသော်က ပိုက်ဆံနှင့် စာရင်းများကို လင်းချောင်ထံ ပေးရန် ရောက်လာခဲ့သည်။ လင်းချောင်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားဖြစ်သောကြောင့် စကားများများ မပြောခဲ့တော့ပေ။ သူမက ရငွေများကို ငွေသေတ္တာထဲ ထည့်လိုက်ပြီး အပ်ငွေစာအုပ်ကို ထုတ်ယူ စစ်ဆေးကြည့်လိုက်သည်။ ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုလျှင် ယွမ်တစ်သောင်းကျော် ရင်းနှီးမြှုပ်နှံမှုက ဒီနှစ်ကုန်တွင် အရင်းကျေသွားလောက်သည်။

ထိုယွမ်တစ်သောင်းထဲက အများစုသည် ကျိသော်၏ စုဆောင်းငွေများဖြစ်သောကြောင့် သူမရသည့် ငါးရာခိုင်နှုန်းသော အစုရှယ်ယာများကသာ အမြတ်ဖြစ်သည်။ နောက်နှစ်တွင် အနည်းငယ် ထပ်စုဆောင်းလိုက်ပါက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြီးသည့်အချိန်တွင် တက္ကသိုလ်အနီး၌ အိမ်တစ်လုံး ဝယ်နိုင်လောက်လိမ့်မည်။

ခြံဝန်းပါသည့် အိမ်တစ်လုံး ဝယ်နိုင်လျှင် အကောင်းဆုံးပင်။ ဝတ္ထု မဖတ်ထားသူများတောင် ထိုအိမ်များက အနာဂတ်တွင် ဘယ်လောက်တန်ဖိုးရှိလာမည်ဆိုသည်ကို သိနိုင်၏။ ဒါက သေချာပေါက် တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သည်။

သူမ စာရင်းတွက်နေတုန်းမှာပဲ စားပွဲတွင် ထိုင်နေသူက ပြောလာ၏။

"မင်း သိထားရဲ့လား၊ ကိုယ့် သူငယ်ချင်းက ဆပ်ပြာရည်ကို နာမည် ပေးထားတယ်။"

"သိထားတယ်လေ။"

လင်းချောင်က အမှတ်တမဲ့ ပြန်ဖြေလိုက်ပြီး အံ့ဩသွားပုံတော့ မပြခဲ့ပေ။

"မုဇီ ဆပ်ပြာရည် မဟုတ်လား။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ပြောတာကို ကြားဖူးပါတယ်။"

တကယ်တော့ သူမက ဒီနာမည်သည် သူမ၏မျိုးရိုးနာမည်ဖြစ်သည့် လင်း၏ နာမည် တစ်ဝက်နှင့် သူ၏ မျိုးရိုးနာမည်ရင်းကျိ၏ တစ်ဝက်ကို ပေါင်းစပ်ပြီး ယူထားခြင်းဖြစ်မည်ဟု ခန့်မှန်းမိထားသည်။ ဒါက ပူးပေါင်းဆောင်ရွက်လိုသည့် ရိုးသားသော ရည်ရွယ်ချက်ကို ပြသနေခြင်းပင်။

သို့သော် ဒီနာမည်ကို အချိန်အတန်ကြာ သုံးနေခဲ့ပြီး ဘာလို့ အခုမှထုတ်ပြောရသည်လဲ။ သူ အမှန်အတိုင်း ဖွင့်ပြောတော့မည်လား။

လင်းချောင် သေတ္တာကို ပိတ်ပြီး သော့ခတ်လိုက်သည်။ သူ ဆက်ပြောမည့် အချိန်ကို စောင့်နေခဲ့သော်လည်း ကျိသော်ကတော့ တိတ်ဆိတ်နေဆဲပင်။

မရှင်းပြချင်ဘူးဆိုလျှင် ဘာလို့ အစဖော်ရသည်လဲ။ သူ၏ နာမည်ပေးစွမ်းရည်ကို ချီးကျူးစေချင်ရုံသက်သက်တော့ မဟုတ်လောက်ပေ။

All Chapters