← Chapters

အခန်း (၁၀၈)

Vol. 9 Ch. 108

အခန်း (၁၀၈)

Vol. 9 Ch. 108

လမ်းလျှောက်ရင်း စာဖတ်ရင်းဖြင့် လင်းချောင်သည် သူမ၏ တိုးတက်မှုက အလွန်လျင်မြန်သည်ကို တွေ့မြင်ခဲ့ရသည်။ မကြာမီမှာပဲ သူတို့က အနီးနားရှိ ဆိုးဆေးစက်ရုံသို့ ရောက်ရှိလာခဲ့ကြ၏။

"ဒီဧရိယာက စက်ရုံတွေနဲ့ပဲ ပြည့်နေတာ၊ ဆိုင်ငယ်လေးတွေ မရှိဘူး။ ကျွန်မတို့က စက်ရုံတံခါးဝတွေမှာပဲ ရောင်းရတယ်။ ဆိုးဆေးစက်ရုံမှာက အမျိုးသမီး အလုပ်သမားတွေ များတော့ အမြန်ရောင်းရတယ်လေ။" ချန်ကျောက်နန်က အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

ထိုအချိန်သည် စက်ရုံအလုပ်သမားများ အလုပ်ဆင်းချိန်ဖြစ်ပြီး အမျိုးသမီး အလုပ်သမားအုပ်စုတစ်စု ထွက်လာကြ၏။ ဆပ်ပြာရည်ကို မြင်သည်နှင့် ချက်ချင်း ဝိုင်းအုံကာ ဝယ်ကြတော့သည်။

လင်းချောင်သည်လည်း လူအုပ်ကို မြင်လိုက်ရသောအခါ ခဏတာ ကူညီ၍ ရောင်းချပေးခဲ့ရသည်။ မမျှော်လင့်ထားဘဲ သူတို့ ပုံးတစ်ပုံး ရောင်းပြီးသည်နှင့် စက်ရုံလုံခြုံရေးမှူး ထွက်လာပြီး ဝင်ပေါက်ကို ပိတ်ဆို့ခွင့်မပြုဟုဆိုကာ သူတို့ကို မောင်းထုတ်ခဲ့သည်။

"ကျွန်မတို့ ချက်ချင်း ထွက်သွားပါ့မယ်။" ချန်ကျောက်နန်က အသံတိုးတိုးဖြင့် တောင်းပန်ပြီး ရှက်ရွံ့စွာဖြင့် လင်းချောင်ကို ကြည့်လိုက်သည်။

လုံခြုံရေးမှူးက မရိုင်းပေ။ သူတို့ အမှန်တကယ် ထွက်ခွာသွားသည်ကို မြင်သောအခါ သူက ပြောလိုက်၏။ "ဆပ်ပြာရည် ရောင်းနိုင်ရင်၊ အစွန်းချွတ်ဆေးလည်း ယူလာခဲ့ပါ။ ဆိုးဆေးမဆိုးခင်နဲ့ ဆိုးပြီးတဲ့နောက် အများကြီး သုံးရတယ်။ အဲ့ဒါသာ ရောင်းမယ်ဆိုရင် ခေါင်းဆောင်တွေက ဂရုစိုက်မှာ မဟုတ်ဘူး။"

"ကောင်းပါပြီ၊ကောင်းပါပြီ။ ကျွန်မတို့ သူဌေးကို ပြောပြလိုက်ပါ့မယ်။"

ချန်ကျောက်နန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။ နောက်လှည့်ကြည့်လိုက်ရာ လင်းချောင် အတွေးလွန်နေသည်ကို တွေ့လိုက်ရ၏။

"ဘာဖြစ်တာလဲ။" သူမက အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။" လင်းချောင်သည် အတွေးထဲမှ ရုတ်တရက် ထွက်လာပြီး ပြုံးပြလိုက်၏။

"ဒီတစ်ခါခရီးက တကယ် တန်ဖိုးရှိသလို၊ ရှင်နဲ့လည်း တွေ့ရတယ်လို့ ခံစားမိလို့ပါ။" သူမသည် ပြိုင်ပွဲအတွက် ဘယ်အရာကို ဖန်တီးရမည် ဆိုသည်ကို ယခု သိပြီဖြစ်သည်။ အစွန်းချွတ်ဆေးဖြစ်၏။

ဤထုတ်ကုန်သည် ထိရောက်မှုမြင့်မားသော အစွန်းချွတ်ဆေး ဖြစ်ပြီး အိမ်တွင် အများအားဖြင့် အသုံးပြုခြင်းမရှိသော်လည်း အထည်အလိပ်၊ ဆေးဝါး၊ အစားအစာ၊ သယ်ယူပို့ဆောင်ရေး၊ အီလက်ထရောနစ်နှင့် သတ္တုပြုပြင်ခြင်း လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သောပစ္စည်းဖြစ်သည်။ ၎င်းသည် polyester နှင့် polyester ရောစပ်ထားသော ပစ္စည်းများကို ဆေးဆိုးရာတွင် အထူးသင့်လျော်သည်။ ရေနှင့်ဆီကို ရောစပ်ထားသော အရည်တစ်မျိုး ဖြစ်ပြီး အထည်၏ အစွန်းများ၊ အညစ်အကြေးများကို ရေထဲသို့ ပျော်ဝင်သွားစေနိုင်သည်။ အော်ဂဲနစ်ဆားများနှင့် အခြားဓာတုပစ္စည်းများပါဝင်ပြီး ယခင်က သူမ ပြုလုပ်ခဲ့သော ဆပ်ပြာရည်များနှင့် လုံးဝ ကွဲပြားခြားနားသည်။

လင်းချောင် ပြန်လာပြီးနောက် စာရင်းရှည်ကြီးတစ်ခုကို ပြုလုပ်ကာ ကျိသော်အား ပေးလိုက်သည်။ "ကျွန်မကို ဒီပစ္စည်းတွေ ရှာပေးနိုင်မလား။"

စာရင်းတွင် မူရင်းဖော်မြူလာ၏ ပါဝင်ပစ္စည်းများနှင့် အချို့ပစ္စည်းများကို ရှာဖွေရခက်ခဲပါက အသုံးပြုနိုင်သည့် အကောင်းဆုံး အစားထိုးပစ္စည်းများ ပါဝင်နေသည်။

ကျိသော် ဘာမှမပြောဘဲ စာရင်းကို အစမှအဆုံး သေချာစွာ စစ်ဆေးပြီးနောက် ခေါက်သိမ်းလိုက်သည်။ ပတစ်ပတ်အတွင်း ပစ္စည်းများ၏ ပထမအသုတ် ရောက်ရှိလာ၏။

နောက်ထပ် ဆယ်ရက်ကြာပြီးနောက် ရှာဖွေရအခက်ခဲဆုံး ပစ္စည်းနှစ်မျိုးလည်း ရောက်ရှိလာခဲ့သည်။

လင်းချောင်သည် စမ်းသပ်မှုအချို့ ပြုလုပ်ရန် အချိန်ယူခဲ့ပြီး အိမ်တွင်ပင် စမ်းသပ်ကြည့်ရှုခဲ့သေးသည်။ သူမသည် စာရင်းသွင်းရမည့် နောက်ဆုံးရက်မတိုင်မီ သူမ၏ နောက်ဆုံးထုတ်ကုန်နှင့် အခြား ဆပ်ပြာရည်များစွာကို စာရင်းသွင်းခဲ့သည်။

ယခုတော့ သူမသည် ပြိုင်ပွဲ တရားဝင်ဖွင့်လှစ်မည့်အချိန်ကိုသာ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။ လင်းချောင်း ဤကိစ္စကို ဘေးဖယ်ထားပြီး သူမကျောင်းသားများ၏ ပညာရေးဘက်က်ို အာရုံစိုက်ခဲ့သည်။

ဤအချိန်တွင် ကျိကျွင်းသည် ရုတ်တရက် တောင်ပိုင်းပြည်နယ်ဘက်သို့ ပြောင်းရွှေ့ရန် အမိန့်စာ ရရှိခဲ့သည်။ ထိုနေရာသည် အဘိုးကျိ အရင်က အပို့ခံခဲ့ရသော နေရာဖြစ်၏။

ထိုသတင်းကြောင့် ယဲ့မင်ရှူးသာမက ကျိကျွင်းပါ တုန်လှုပ်သွားခဲ့သည်။ အလုပ်ပြီးနောက် သူ အဘိုးကျိအား မေးမြန်းရန်အတွက် အိမ်ဟောင်းသို့ သွားခဲ့၏။

"ဒီရက်ပိုင်း မင်း အလုပ်တွေကို သေချာ မလုပ်ခဲ့ဘူးမလား။"

အဘိုးကျိသည် ယခင်ကထက် ပိုမို ငြိမ်သက်နေခဲ့ပြီး သူ့သားကို ကြည့်လိုက်ကာ သူ၏ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ချလိုက်၏။ "မင်း နေ့တိုင်း လျှောက်သွားနေပြီး မင်းမိန်းမ ခိုင်းသမျှ အကုန်လုပ်နေရတာ။ ငါသာ မင်းကို မပြောင်းရွှေ့ဘူးဆိုရင် မင်း အလုပ်က်ိုပါ ဆုံးရှုံးရလိမ့်မယ်။"

"ကျွန်တော်၊ ကျွန်တော်..." ကျိကျွင်း အချိန်အတော်ကြာ တုန်ယင်နေသော်လည်း ဘာမှ မပြောနိုင်ခဲ့ပေ။

"အဲ့ဒီနေရာက ခက်ခဲကြမ်းတမ်းတဲ့ နေရာဆိုပေမဲ့ တကယ့်အလုပ်တွေကို လုပ်ရမဲ့နေရာပဲ။ အဲ့ဒီကို သွားပြီး နှစ်နှစ်လောက် ကောင်းကောင်းမွန်မွန် အလုပ်လုပ်။ မင်းကို လစာပေးထားတဲ့ နိုင်ငံကို မျက်နှာမပျက်ရစေနဲ့။"

အဘိုးကြီး၏ စကားများကြောင့် ကျိကျွင်း ပြောစရာပျောက်သွားသည်။ သူသည် နေ့လယ်ပိုင်း အလုပ်ပြန်ဝင်ချိန်နီးသည်အထိ ထိုနေရာတွင် ရပ်နေခဲ့သော်လည်း အဘိုးကြီးက ဘာမှ ထပ်မပြောသောကြောင့် ခေါင်းငိုက်စိုက်ဖြင့်သာ ထွက်ခွာသွားခဲ့ရသည်။

ညနေပိုင်းတွင် သူ ယဲ့မင်ရှူးကို ပြောပြသောအခါ သူမ အလွန်တုန်လှုပ်သွားသဖြင့် ကုတ်အင်္ကျီပင် မဝတ်နိုင်တော့ဘဲ အိမ်ဟောင်းသို့ ချက်ချင်း ပြေးသွားလိုက်၏။

အဘိုးကြီးကတော့ သူမ လာမည်ကို ကြိုတင်သိထားပြီးဖြစ်၍ ရွှီလီနှင့်အတူ အငြိမ်းစားစစ်မှုထမ်းများ၏ အပန်းဖြေစခန်းသို့ ခဏတာ သွားရောက်နေထိုင်ရန် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

အိမ်ဟောင်းတွင် မည်သူ့ကိုမျှ မတွေ့ရသောအခါ ယဲ့မင်ရှူးသည် ကျိသော်နှင့် လင်းချောင်ထံသို့သွား၍ အဘ်ိုးကြီးတို့ မည်သည့်နေရာသို့ သွားကြောင်း သိ၊မသိ မေးမြန်းရတော့မည်ဖြစ်သည်။

လင်းချောင်သည် သူမနှင့် သိနေသည်မှာ ကြာပြီဖြစ်သော်လည်း ယဲ့မင်ရှူး သူမကို ယခုလို နှိမ့်ချစွာ ပြောဆိုသည်ကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

"တောင်ပိုင်းပြည်နယ်က အရမ်းဝေးတယ်၊ သွားဖို့ကပဲ နှစ်ရက်ကြာမှာ၊ ရာသီဥတုကလည်း ယန်ဒူနဲ့ မတူဘူး။ မင်း အစ်ကိုကြီးက လုံးဝ အသားကျမှာ မဟုတ်ဘူး။ ပြီးတော့ ရှောင်လင်ကလည်း သူ့အဖေကို လွမ်းနေလိမ့်မယ်။ မင်းလည်း သူ့ကို ဂရုစိုက်တာပဲ၊ ဒါကြောင့် ကျေးဇူးပြုပြီး ပြောပြပါ။"

ရှောင်လင်ကိုပါ ထည့်ပြောခဲ့သော်လည်း လင်းချောင်က အမှန်တကယ်ကို မသိထားပေ။ "အမေတို့ ထွက်သွားတာလား။ ဘယ်တုန်းကလဲ။"

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ယဲ့မင်ရှူးသည် စိတ်ဓာတ်ကျသွား၏။ သူမ ကျိသော်ကို မေးလိုက်သော်လည်း သူက ပို၍ပင် နားမလည်နိုင်ဖြစ်နေခဲ့သည်။ "ကျွန်တော် ရှာကြည့်လိုက်ပါ့မယ် မရီး။"

ယဲ့မင်ရှူးသည် နောက်တစ်ကြိမ် ဖျားနာခဲ့ပြန်သည်၊ ဤတစ်ကြိမ်တွင်တော့ အမှန်တကယ် ဖျားနာခဲ့ခြင်းဖြစ်၏။ သို့သော် ကျိကျွင်း၏ ကိစ္စ မပြီးပြတ်သေးမီမှာပဲ ကျိဇယ်၏ ပြောင်းရွှေ့ခွင့်လျှောက်လွှာကို ခွင့်ပြုလိုက်ပြီဟူသော သတင်း ရောက်ရှိလာခဲ့သည်။ သူမ၏ သားသည် မည်သည့်အချိန်တွင် ပြောင်းရွှေ့ခွင့် တင်ထားခဲ့သည်ကိုပင် သူမ မသိခဲ့ရပေ။ ထိုအချိန်၌ သူမ၏ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားခဲ့ပြီဟုပင် ခံစားလိုက်ရ၏။

လင်းချောင်သည် အိမ်ဟောင်းသို့ မပြန်သောကြောင့် မသိခဲ့ပေ။ သို့သော် ကျိသော်ကတော့ ပြက္ခဒိန်ကို မျက်မှောင်ကြုတ်၍ ကြည့်ပြီး ပြောလိုက်၏။ "ဒီအချိန်က တကယ်ကိုမကောင်းတဲ့အချိန်ပဲ။"

"ဘာက မကောင်းတဲ့အချိန်လဲ။" လင်းချောင်သည် လွန်ခဲ့သည့် နှစ်ရက်အကြာကမှ ဖြေဆိုထားသော ဓာတုဗေဒပြိုင်ပွဲ မေးခွန်းလွှာများကို ကြည့်နေခဲ့သည်။ ရလဒ်များကတော့ မထွက်သေးပေ။

"မိုးကို ပြောတာပါ။" ကျိသော်က ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်၏။

"မနက်ဖြန် လေ့ကျင့်ရေး ရှိတယ်လေ။" မကောင်းသောအချိန် ဖြစ်နေသည်မှာ အမှန်ပင်။ မိုးကို ကြည့်ရသည်မှာ မနက်ဖြန် မိုးတိတ်သွားသည့်တိုင် မြေပြင်သည် ခြောက်သွေ့သွားလောက်မည် မဟုတ်ပေ။

လင်းချောင် သူမ၏ မေးခွန်းလွှာများကို ဆက်ကြည့်နေချိန်မှာပဲ သူ ပြောလိုက်သည့်စကားကို ကြားလိုက်ရ၏။ "ဒီအပတ် တနင်္ဂနွေနေ့မှာ အိမ်ဟောင်းကို ညစာစားဖို့ မသွားတော့ဘူး။ ကိုယ် မင်းနဲ့ စကားပြောစရာ ရှိလို့ ရှောင်ဇယ်ကိုခေါ်ထားတယ်။"

"တစ်ခုခု ပြောစရာရှိလို့လား။"

လင်းချောင် စာရေးနေရာမှ ခဏရပ်ပြီး ခေါင်းမော့ကာ ထိုလူကို ကြည့်လိုက်သည်။ "ရှင် ကျွန်မကို ဖုံးကွယ်ထားတဲ့ ကိစ္စအကြောင်းလား။"

ကျိသော်က ရိုးရှင်းစွာဖြင့် "အင်း" ဟုသာ ပြန်ဖြေသည်။

"အဲ့ဒါက ရှောင်ဇယ်နဲ့ ပတ်သက်နေတာလား။"

ကျိသော်ထံမှ နောက်ထပ် "အင်း" တစ်လုံး ထပ်ထွက်လာပြန်၏။

"သူ ကျွန်မအကြည့်တွေကို ရှောင်နေတဲ့ ကိစ္စပဲလား၊ ရှင် အဲ့ဒီတုန်းကလည်း မပြောသင့်သေးဘူးလို့ ပြောခဲ့တယ်လေ။"

ဒီတစ်ကြိမ်တော့ ကျိသော် ဘာမှပြန်မဖြေတော့ဘဲ လင်းချောင်ကလည်း ထိုင်ခုံပေါ်သို့ မှီချလိုက်သည်။

"အတော်ကြာပြီ၊ ခြောက်လလောက်တောင် ရှိပြီ။"

သူမက ဘယ်အရာဖြစ်နိုင်မလဲဆိုသည်ကို စဥ်းစားမရနိုင်ခဲ့ပေ။ အထူးသဖြင့် ကျိဇယ်နှင့်လည်း ပတ်သက်နေပြီး လွန်ခဲ့သည့် ခြောက်လ ဆောင်းဦးပွဲတော် ကတည်းက စတင်ခဲ့သည့်အရာဖြစ်၍ ပိုလို့တောင် နားမလည်နိုင် ဖြစ်နေမိသည်။

ကျိသော်က စကားကို ဆက်မပြောတော့ဘဲ ပြတင်းပေါက်အပြင်ကို ငေးကြည့်လိုက်၏။ "မနက်ဖြန် ရာသီဥတု ဆိုးလိမ့်မယ်။ စားသောက်ဆိုင်ကို မသွားနဲ့တော့၊ ကိုယ် အစားအသောက်တွေ ယူလာခဲ့မယ်။"

"မလိုပါဘူး။" လင်းချောင်က မမျှော်လင့်ထားဘဲ ပြောလိုက်၏။

စားပွဲတွင် ပြန်ထိုင်ရန် ပြင်ဆင်နေသော ကျိသော်သည် ခေတ္တရပ်သွားခဲ့ပြီး သူမကို ကြည့်လိုက်သည်။ လင်းချောင်က ဆက်ပြောလိုက်၏။ "ကျွန်မ မနက်ဖြန် လူမှုရေးလေ့ကျင့်ခန်း လုပ်ပေးဖို့ ရှိတယ်။"

သူမသည် ဤအတန်းကို တစ်လလျှင် တစ်ကြိမ် ပုံမှန်လုပ်ပေးလေ့ရှိသည်။ ပြီးခဲ့သည့် စာသင်နှစ်တွင် နောက်ဆုံးတစ်လသာ ပျက်ကွက်ခဲ့ဖူးသည်။ ယခုစာသင်နှစ်တွင်တော့ တက္ကသိုလ်ဝင်စာမေးပွဲ နီးကပ်လာပြီဖြစ်သောကြောင့် နောက်ဆုံးနှစ်လကို ပျက်ကွက်ရမည်ဟု ခန့်မှန်းထားသောကြောင့် သူမသည် အတန်းများကို ကြိုတင်စီစဉ်ထားခဲ့ပြီးပြီဖြစ်ရာ ရာသီဥတုဆိုးရွားမှုကြောင့် ရှောင်လွှဲ၍မရတော့ပေ။

ကျိသော်လည်း နားလည်၏။ "ဒါဆို ညနေကျရင် ကိုယ် အစားအသောက်တွေ ယူလာခဲ့မယ်။"

သူ၏ ငြိမ်သက်သော မျက်နှာအမူအရာမှ အပြစ်ရှိသလို ခံစားနေရသည့် အရိပ်အယောင်တစ်ခုကို လင်းချောင် ခံစားမိလိုက်သည်။

သူပြောချင်သည့်အရာက တကယ်ကို ပြင်းထန်နေပြီး သူ့အနေနှင့် သူမကို စိတ်သက်သာစေရန် ကြိုးစားနေသည်လား။

ဤအတွေးကို နောက်နေ့မနက်တွင် အတည်ပြုနိုင်ခဲ့သည်။ ကျိသော်က သူမကို မနက်စာအတွက် စားသောက်ဆိုင်သို့ မသွားခိုင်းဘဲ ကိုယ်တိုင်ယူလာခဲ့သည်။ ခေါက်ဆွဲ၊ ပေါက်စီ၊ အချဉ်နှင့် ဘဲဥပြုတ်များ ဖြစ်၏။

အချို့မှာ မနက်စာအတွက်ဖြစ်ပြီး၊ အချို့ကိုတော့ အလူမီနီယမ် ထမင်းဘူးထဲတွင် ထုပ်ပိုးကာ နေ့လယ်စာအတွက် ယူသွားနိုင်ရန် ပြင်ဆင်ပေးထားသည်။

လင်းချောင်လည်း ထမင်းဘူးကို ယူပြီး ပြုံးလျက် သူ့ကိုကြည့်လိုက်၏။ "အရမ်း တွေးပေးတတ်တာပဲ။ ဒါပေမဲ့ ရှင့်ကိုပါ သင်ခန်းစာအတွက် မဖိတ်ဖြစ်လိုက်တာတော့ တကယ်ကို နှမြောစရာကောင်းသွားတယ်။"

ကျိသော် ဘာမှမပြောခဲ့ဘဲ ရှောင်ဖန်းက သူမကို ကျောင်းဂိတ်ဝအထိ ကားမောင်းပို့ပေးသည်ကို ကြည့်နေခဲ့ပြီး၊ သူမ ထီးဖွင့်ကာ အတွင်းထဲသို့ဝင်သွားသည်အထိ စောင့်ကြည့်ပြီးမှသာ ထွက်ခွာသွားလိုက်သည်။

ကံကောင်းစွာဖြင့်၊ မနက်ပိုင်းမှ မိုးသည်းထန်စွာ ရွာသွန်းမှုသည် နေ့လယ်ပိုင်းတွင် ရပ်တန့်သွားခဲ့ပြီး ရေအိုင်များသာ ကျန်ရစ်ကာ နေရောင်ခြည်ကို မှန်ကဲ့သို့ ရောင်ပြန်ဟပ်နေလေသည်။

လင်းချောင်သည် လက်တစ်ဖက်တွင် လက်ကိုင်ထီးအရှည်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် အိတ်တစ်လုံးကိုဆွဲကာ ရေအိုင်များကို သတိထားရှောင်ရှားရင်း ကျောင်းဂိတ်ဝမှ ထွက်လာခဲ့သည်။ သူမအတန်းမှ ကျောင်းသားအချို့နှင့်လည်း ဓာတုဗေဒပြိုင်ပွဲအတွက် အဖြေများကို ဆွေးနွေးနေခဲ့သေး၏။

သူမ ကျောင်းအပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် လမ်းဘေးတွင် ရပ်ထားသည့် ရင်းနှီးသော ဂျစ်ကားတစ်စီးကို တွေ့လိုက်ရသည်။ ကားထဲမှလူက သူမကို မြင်သွားပုံရပြီး ကားနောက်ဘက်တံခါး ပွင့်သွားကာ ခန့်ညားသော ခန္ဓာကိုယ်၏ ဘေးတိုက်ပုံသဏ္ဍာန်တစ်ဝက် ပေါ်လာခဲ့သည်။

လင်းချောင်လည်း ကားရှိရာ လျှောက်သွားရင်း မေးလိုက်မိ၏။ "ဒီတစ်ခါတော့ တခြားဘာကိစ္စမှ မရှိဘူးမလား။"

"မရှိပါဘူး၊ လမ်းကြုံလို့ အစားအသောက် ဝယ်ရင်း ဝင်ခဲ့တာပါ။" ကျိသော်က ထိုသို့ပြောပြီး သူမလက်မှ ထီးကိုယူကာ သူမအနောက်သို့ လှမ်းကြည့်လိုက်သည်။

လင်းချောင် သတိပြုမိသွားပြီး ကားထဲဝင်ပြီးနောက် သူမလည်း နောက်သို့ လှည့်ကြည့်လိုက်မိသည်။

သူမ မြင်လိုက်ရသည်မှာ သူမတို့ကျောင်းတွင် အလယ်တန်းပြအဖြစ် အလုပ်သင်ဆင်းနေဆဲဖြစ်သော စုန့်ကျင်း ဖြစ်၏။ သူမသည် အိတ်ငယ်လေးတစ်လုံးကို ကိုင်ဆောင်ထားပြီး ကျောင်းထဲမှ ထွက်လာခဲ့၏။ သူမ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူငယ်တစ်ယောက်က သူမထံ ချဉ်းကပ်လာခဲ့သည်။

ထိုလူငယ်သည် အရပ်အမောင်းက ပုံမှန်ဖြစ်ပြီး၊ အဝတ်အစားများကို သေသပ်စွာ ဝတ်ဆင်ထားကာ ယဉ်ကျေးပုံရသော်လည်း သူ၏ ပုံပန်းသဏ္ဍာန်မှာတော့ အနည်းငယ် ရိုးရှင်း၏။ ငယ်ရွယ်ပြီး လှပသော စုန့်ကျင်း၏ ဘေးတွင် ရပ်နေသည့်အတွက် သူသည် ချက်ချင်းပင် နောက်ခံလူအဖြစ်သို့ ရောက်သွားတော့သည်။

လင်းချောင်သည် ထိုသူက စုန့်ကျင်းအား အသီးအိတ်တစ်အိတ်နှင့် ရေနွေးဘူးတစ်ဘူး ပေးသည်ကို ကြည့်နေခဲ့မိသည်။ သူတို့ စကားအနည်းငယ် ပြောဆိုနေရင်း အတူတူ လမ်းလျှောက်သွားကြသည်မှာ အလွန် ရင်းနှီးနေသည့်ပုံပင်။

သူတို့ တွဲနေကြသည်လား။ ယဲ့မင်ရှူးက စုန့်ကျင်းကို ရှောင််ဇယ်နှင့် သဘောတူထားသည် မဟုတ်ဘူးလား။ သူမက စုန့်ကျင်းကို သူမ၏ ချွေးမအဖြစ်တောင် ပြောဆိုနေကျဖြစ်ပြီး ယခင်က စုန့်ကျင်းကိုယ်တိုင်ကလည်း စိတ်အားထက်သန်နေခဲ့သည် မဟုတ်လား။

လင်းချောင်သည် မျက်နှာလွှဲထားပြီးသားဖြစ်သော ကျိသော်ကို လှမ်းကြည့်လိုက်မိသည်။

"အဲ့ဒါက ယွီမိသားစုက ယွီကျင်းပဲ။"

"ယွီကျင်း။"

လင်းချောင် အတော်လေး အံ့အားသင့်သွား၏။ "ရှောင်ဇယ်ရဲ့ ငယ်သူငယ်ချင်းလား။"

"ဟုတ်တယ်။" ကျိသော်၏ လေသံက ခံစားချက်ကင်းမဲ့နေခဲ့သော်လည်း ထိုစကားတစ်ခွန်းတည်းကပင် လင်းချောင်ကို တုန်လှုပ်သွားစေခဲ့သည်။

ကျိဇယ်တွင် သူမနှင့် နီးစပ်ရန် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယဲ့မင်ရှူးကတော့ သူမ၏ သဘောထားများကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ ဒီလို အခြေအနေမျိုး ဖြစ်လာသည်က အနည်းငယ်တော့ ဒရာမာဆန်နေ၏။

ညစာမစားမီကတည်းက လင်းချောင်သည် ကောလာဟလအချို့ကို ကြားထားပြီးဖြစ်သည်။ အိမ်ပြန်ရောက်၍ မီးဖိုချောင်ထဲဝင်လိုက်သောအခါ ယနေ့ညစာသည် အထူးတလည် ခမ်းနားနေသည်ကို တွေ့လိုက်ရသည်။ ပုံမှန်နှင့်မတူဘဲ ငါးပေါင်း၊ ဝက်သားဆီပြန်၊ ထို့အပြင် သူမအကြိုက်ဆုံးဖြစ်သည့် ပုစွန်တုပ်နှင့်ပဲငံပြာရည်ချက်များ ပါဝင်နေသည်။

"ဒါတွေက စားသောက်ဆိုင်က မဟုတ်ဘူးမလား။"

သူမက ကျိသော်ကို လှည့်မေးလိုက်သည်။

ကျိသော်သည် ပန်းကန်စင်မှ ပန်းကန်များနှင့် ဇွန်းခက်ရင်းများကို ထုတ်ယူနေရင်း သူမပြောသည်ကိုကြားတော့ ပြန်ဖြေလိုက်သည်။

"အင်း... ယန်ဒူမှာ ပုဂ္ဂလိကစားသောက်ဆိုင်အသစ်တစ်ခု ဖွင့်ထားတယ်။"

ယန်ဒူက အတော်လေးဝေးသလို အနည်းဆုံး ကားမောင်းသွားလျှင် တစ်နာရီခန့် ကြာသည်။

အထင်ကြီးအောင်လုပ်ပြီး ခွင့်လွှတ်မှုကို တောင်းခံချင်ရုံသက်သက်ဆိုလျှင် ဒါကနည်းနည်းတော့ လွန်နေသည်။

လင်းချောင် တစ်ခုခုတော့ လွဲနေသည်ဟု ခံစားမိ၏။ သူ၏ မကြာသေးမီက လုပ်ရပ်များကို ပြန်စဉ်းစားမိလိုက်ပြီး သူမထင်ထားသည့်အတိုင်းပင် ကျိသော်က ဧည့်ခန်းစားပွဲအောက်မှ သေတ္တာတစ်လုံးကို ထုတ်ယူကာ သူမအား ပေးလိုက်၏။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ။"

ဒါဆို ဒါက သူမ၏ မွေးနေ့အတွက်ဖြစ်သည်။ ဒီမနက်တွင် သူက ပုံမှန်ကြက်ဥပြုတ်တစ်လုံးအစား နှစ်လုံး ပေးကတည်းက သူမ အံ့ဩနေခဲ့ခြင်းဖြစ်သည်။ မနေ့တုန်းက အချိန်မကျသေးဘူးဟု သူပြောခဲ့သည်က ဒါကြောင့်များလား။

ပုံမှန်ဆိုလျှင် မိသားစုဝင်တစ်ဦးဦး၏ မွေးနေ့ရောက်တိုင်း အဘိုးကြီးနှင့် ရွှီလီတို့နှင့်အတူ အိမ်ဟောင်းမှာသာ ကျင်းပလေ့ရှိသည်။ ယခုတစ်ကြိမ်တွင်တော့ ကျိကျွင်းကြောင့် အဘိုးကျိတို့က အိမ်မှ ရှောင်ရှားနေခဲ့ကြ၏။

လင်းချောင်ကတော့ သိပ်ဂရုမစိုက်ပါ။ အဆောင်ကျောင်းမှာတုန်းကလည်း ဆရာများ၊ အတန်းဖော်များနှင့်အတူ မွေးနေ့ပွဲကျင်းပခဲ့ဖူးပြီး အိမ်မှ ဖုန်းခေါ်ခြင်း ဒါမှမဟုတ် လက်ဆောင်တစ်ခုလောက်ပေးခြင်းများသာ ပြုလုပ်ခဲ့သည်။ သူမသည် သေတ္တာကို ညင်သာစွာလှုပ်ကြည့်လိုက်ရင်း မေးလိုက်၏။

"အထဲမှာ ဘာလဲ။"

"ကင်မရာတစ်လုံး။"

ကျိသော်က သူမကို ဖွင့်ပေးရန် ကူညီပေးဖို့ ချဉ်းကပ်လာခဲ့သည်။ ၎င်းသည် ဂျပန်နိုင်ငံမှ တင်သွင်းထားသော ရှေးခေတ်ပုံစံ ဖလင်ကင်မရာတစ်လုံးဖြစ်သည်။

လင်းချောင်တွင် ဓာတ်ပုံရိုက်တတ်သည့် အလေ့အထ သို့မဟုတ် ဝါသနာမရှိပေ၊ ထို့ကြောင့် သူမက စူးစမ်းသောမျက်လုံးများဖြင့် ကြည့်ရင်း မေးလိုက်၏။

"ဒါကို ပေးမယ်လို့ ဘယ်လို စဥ်းစားမိတာလဲ။"

"နောက်ဆို မွေးနေ့တွေ၊ နှစ်သစ်ကူးပွဲတွေ၊ ကောလိပ်စာမေးပွဲတွေအတွက် မင်းရဲ့ဓာတ်ပုံတွေကို ကိုယ်ရိုက်ပေးမယ်။"

ကျိသော်သည် သူ၏အိတ်ကပ်ထဲမှ ဘက်ထရီအချို့ကို ထုတ်ယူလိုက်သည်။

သူတို့၏ မင်္ဂလာဆောင်ဓာတ်ပုံများကိုထုတ်ပြီး ဓာတ်ပုံအယ်လ်ဘမ်ထဲ ထည့်လိုက်သောအခါ လင်းချောင်တွင် ဓာတ်ပုံအလွန်နည်းနေကြောင်းကို သူ သတိထားမိခဲ့သည်။ ကျိဇယ်၊ ကျိလင်၊ သူကိုယ်တိုင်နှင့် ယှဉ်လျှင်တောင် ဆယ့်ရှစ်နှစ်တာကာလအတွင်း ဒီမိန်းကလေး၌ ဓာတ်ပုံသုံးပုံသာ ရှိသည်။

ထိုအချိန်က သူမသည် ခက်ခဲသည့်ဘဝကို ဖြတ်သန်းခဲ့ရခြင်းဖြစ်မည်ဟု သူတွေးခဲ့သည်။ သူသည် သနားသလို ခံစားမိခဲ့သော်လည်း သူမ၏ အကောင်းမြင်တတ်သည့်စိတ်ဓာတ်နှင့် ခံနိုင်ရည်ရှိသော သဘောသဘာဝကို ပို၍ပင် အားကျလေးစားမိခဲ့ပြန်သည်။

နှစ်သစ်ကူးမတိုင်မီက အိမ်သန့်ရှင်းရေးလုပ်ရင်း ပစ္စည်းများကို ပြန်စီစဥ်နေချိန်မှာ ထိုအယ်လ်ဘမ်ကို သူ ပြန်တွေ့ခဲ့သည်။ ဓာတ်ပုံသုံးပုံကို ကြည့်ရင်း ရုတ်တရက် နောင်တအချို့ ရလာခဲ့၏။

တစ်စုံတစ်ယောက်ကို ဂရုစိုက်တတ်လာသောအခါ သူတို့၏ အတိတ်ကို သိလိုစိတ်ပေါ်လာသည်။ သူတို့ ဘယ်လိုပုံစံဖြစ်ခဲ့လဲဆိုသည်ကို မြင်ချင်လာကြ၏။

လင်းချောင်တွင် အရင်က ဓာတ်ပုံများ အလွန်နည်းပါးသည်။ နောက်ပိုင်းလည်း ထိုအတိုင်း ဖြစ်နေမည်ကို သူ မလိုချင်တော့ပေ။ သူတို့ အသက်ကြီးလာပြီး အတိတ်ကို ပြန်ပြောပြသည့်အခါ အမှတ်တရများကို ဖော်ထုတ်ပေးမည့် ဘာတစ်ခုမှ ရှိမနေမည်ကို သူ မလိုလားပေ။

သူမ၏ အရေးကြီးသော အခိုက်အတန့်များကို မှတ်တမ်းတင်ထားရန် ကင်မရာဝယ်ပေးခြင်းသည် သူမ အရင်က လိုအပ်ခဲ့သည်များကိုလည်း ဖြည့်ဆည်းပေးရာ ရောက်၏။

All Chapters