← Chapters

အခန်း (၈၆+၈၇)

Vol. 9 Ch. 86+87

အခန်း (၈၆+၈၇)

Vol. 9 Ch. 86+87

ဝမ်လဲ့သည် အပေါက်ဝ၌ စာရွက်စာတမ်းများအားကိုင်၍ ရပ်နေလေ၏။သူမသည် ကိုင်လာသောစာရွက်များဖြင့် တံခါးအား ခပ်ပြင်းပြင်းပုတ်ကာ ပြောလိုက်သည်။

"လူအုပ်လိုက်ကြီး စုပြီးအတင်းပြောနေရအောင် ဒီနေရာက စျေးတန်းလား"

"ဝမ်လဲ့ ငါတို့ကအရေးကြီးတဲ့ကိစ္စကို ပြောနေတာ။နင်ပါဝင်ပြီး နားထောင်ပါလား"

"ဟွန့်"

ဝမ်လဲ့သည် လှောင်ပြုံးပြုံးပြီး သူတို့အားလုံးကိုမထီမဲ့မြင်အကြည့်နဲ့ကြည့်ကာ

"နင်တို့လိုလူတွေကသာ ဒီလိုအရေးမပါတဲ့ကိစ္စတွေကို စိတ်ဝင်စားမှာ"

"အချိန်ဖြုန်းနေမယ့်အစား နင်တို့တွေအနေနဲ့ များများလေ့ကျင့်နေကြမှပေါ့။တော်ကြာအဖွဲ့အစည်းမှာတစ်နှစ်လောက်ပဲနေလိုက်ရပြီး ထွက်သွား‌နေရဦးမယ်"

လူအုပ်ထဲရှိအချို့မှာ မကျေမနပ်ဖြစ်သွားကြပြီး ဝမ်လဲ့အားပြန်ခံပြောရန်ပြင်လိုက်သည်။

"နင်......"

ကျန်တစ်ယောက်မှာ သူမ၏လက်မောင်းကို လှမ်းဆွဲပြီးတိုးတိုးလေး ပြောလာသည်။

"ထားလိုက်ပါတော့။သူမကို အဖက်လုပ်မနေနဲ့။သူမဘယ်လိုလူလဲဆိုတာ နင်တို့လဲသိနေတာပဲဥစ္စာ"

ဝမ်လဲ့သည် ဌာနရှိသက်ကြီးဝါကြီးများနောက် ဒုတိယနေရာတွင် အရည်အချင်းအရှိဆုံးလူဖြစ်သည်။သူမတွင် မာနကြီးသူဖြစ်ပေသိ စိတ်ဓာတ်ညံ့ဖျင်းသူတော့ မဟုတ်ပါပေ။သူမ၏တစ်ခုတည်းသော အားနည်းချက်မှာ ဘဝင်မြင့်လွန်ခြင်းသာဖြစ်သည်။သူမသည် သူတို့၏စိတ်အားထက်သန်မှုနည်းပါးခြင်းကို ထေ့ငေါ့မပြောဘဲမနေနိုင်သူပင်။

"ငါကစကားပြောရတာ ကြိုက်တော့ရောဘာဖြစ်လဲ။ငါကနင့်လောက် အရည်အချင်းမရှိတော့ရော ဘာဖြစ်နေလို့လဲ"

ဝေ့မန်မန်သည် အသက်အားပြင်းပြင်းရှူသွင်းရှုထုတ်လုပ်ကာ ယနေ့၌ဝမ်လဲ့နှင့် အပီအပြင်ကြိတ်ရန်အသင့်ဖြစ်နေခဲ့သည်။

ဝေ့မန်မန်မှာ ဝမ်လဲ့၏လှောင်ပြောင်မှုကို အမြဲခံရသူဖြစ်ကာ ဝမ်လဲ့ပြောသည်တို့မှာ မှန်နေပေသိ ခဏခဏကြားရဖန်များလာချိန်တွင်တော့ ကသိကအောက်ဖြစ်လာတော့၏။

ဝေ့မန်မန်သည် သူမလက်အားပြန်ဆွဲထုတ်ကာ ဝမ်လဲ့အားစိုက်ကြည့်လိုက်သည်။

"ငါတို့ပြောနေကြတာက မိဖုရားကြီးရဲ့ မွေးနေ့ပွဲဝတ်စုံအကြောင်းနော်။ဌာနအကြီးအကဲက ဘယ်သူ့ကိုရွေးထားတာလဲဆိုတာ နင်လဲသိချင်နေမှာမလား"

အခန်းတွင်းဝင်ဖို့ပြင်နေသည့် ဝမ်လဲ့မှာတုံ့ကနဲရပ်သွား၏။

သူမသည် ဝေ့မန်မန်ဘက်လှည့်ကြည့်လာသည်။ဝမ်လဲ့၏မျက်နှာအမူအရာမှာ အရေးမစိုက်ဟန်ပေါ်နေပေသိ ခဏအကြာတွင်တော့ ခြေလှမ်းအနည်းငယ်လှမ်းကာ ရှေ့ဆက်သွားလိုက်၏။

"ဝမ်လဲ့ နင်တကယ်မသိချင်ဘူးဆိုတာကို ငါမယုံဘူး"

ဝေ့မန်မန်သည် နောက်မှနေလှမ်းပြောလာ၏။

"အကြီးအကဲက လူရွေးပြီးသွားပြီလို့ ပြောနေတာကို ရှောက်ချီကကြားခဲ့တယ်တဲ့"

"ဘာ"

ဝမ်လဲ့မှာ အံ့အားသင့်သွားရပြီး သံသယတို့ဖြင့် ဝေ့မန်မန်ကိုကြည့်လိုက်သည်။

"ပြန်ပြောစမ်း"

"မိဖုရားကြီးရဲ့မွေးနေ့အခမ်းအနားဝတ်စုံကိုချုပ်ဖို့ အကြီးအကဲကလူတစ်ယောက်ကို ရွေးထားပြီးပြီတဲ့"

ဤစကားအားကြားသော် ဝမ်လဲ့မှာသုံးစက္ကန့်မျှ ချီတုံချတုံဖြစ်သွားရကာခေါင်းအားယမ်းရင်း ငြင်းဆိုလိုက်သည်။

"မဖြစ်နိုင်ဘူး"

မိဖုရားကြီး၏မွေးနေ့ပွဲသည် ဌာနအတွက် အရေးအကြီးဆုံးပွဲများထဲမှတစ်ခုဖြစ်သည်။အမျိုးသမီးဝမ့်မှာ သူမဇာတိမြို့သို့ပြန်သွားပြီဖြစ်သည့်အပြင် ဌာနထဲရှိလုပ်သက်ရင့်အမျိုးသမီးအများစုမှာလည်း ဤကိစ္စအားစိတ်မဝင်စားကြသည့်အတွက် ဤနေရာအတွက် သင့်တော်သည့် ကိုယ်စားလှယ်လောင်းမှာ ဌာနထဲတွင်မရှိသေးပေ။ရုန်စာဘက်မှ သီးသန့်ခန့်အပ်ထားသည်ဆိုသူမျိုးလည်း ရှိမနေချေ။

"ငါလဲမသိဘူးလေ"

ဝေ့မန်မန်သည် ရှောက်ချီထံလက်ညှိုးထိုးပြရင်း

"ညီမလေးရှောက်ချီက သူ့နားနဲ့ဆတ်ဆတ်ကြားခဲ့တာမလို့ မှားနိုင်မှာမဟုတ်ဘူး"

"နင်..."

ဝမ်လဲ့၏အကြည့်မှာ ရှောက်ချီထံချက်ချင်းရောက်သွားလေသည်။

"ငါ.....ငါ.....ငါ....."

ဝမ်လဲ့၏ အကြည့်စူးစူးများအောက်တွင် ရှောက်ချီမှာ ထိန်းချုပ်မထားနိုင်တော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရတော့သည်။

ဝမ်လဲ့သည် သူမမှာအကြပ်ကိုင်သလိုဖြစ်နေသည်အား သတိထားမိလိုက်၍ မျက်လွှာချကာအကြည့်လွှဲလိုက်၏။

ဖိအားများမရှိတော့၍ ရှောက်ချီမှာ ချက်ချင်းစိတ်သက်သာရာရသွားတော့သည်။သူမသည် လည်ချောင်းရှင်းကာ

"အဲနေ့က အကြီးအကဲရုံးခန်းနား ဖြတ်သွားရင်း အဖွဲ့အစည်းရဲ့အကြီးအကဲကျန်းနဲ့ဌာနအကြီးအကဲတို့ စကားပြောနေတာကို နားစွန်နားဖျားကြားခဲ့ရတာ။ဒါပေမယ့် ဘယ်သူလဲဆိုတာကိုတော့ မကြားလိုက်ရဘူး"

"ဘာရယ်"

ရှောက်ချီ၏ဆက်ပြောလာသည့်စကားသံမှာ တိုးလျမြန်ဆန်နေသောကြောင့် မည်သူမှကောင်းကောင်းမကြားလိုက်ကြပေ။

ရှောက်ချီသည် နှုတ်ခမ်းအားကိုက်ကာ စူးယွင်၏နောက်ကိုဖြည်းဖြည်းချင်းရွေ့သွားရင်း ပြောလိုက်၏။

"အဲ့လူရဲ့ နာမည်ကိုမကြားလိုက်ရဘူး"

အုန်းကနဲဆိုသလို ဤစကားမှာ လူတိုင်းခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သည့်အလားပင်။

"နင်..."

ဝေ့မန်မန်မှာ ပထမဆုံးစကားပြောလာသူဖြစ်ပြီး အော်ပြောလာ၏။

"ရှောက်ချီ ငါ နင့်ကို ရိုက်မသတ်ဘူးလို့မထင်နဲ့"

"ကယ်ကြပါဦး ကယ်ကြပါဦး"

ရှောက်ချီသည် စူးယင်နောက်တွင်ပုန်းရင်း အင်္ကျီလက်အားဆွဲကာ

"ညီမစူးယွင် ညီမစူးယွင် ကယ်ပါဦး"

စူးယွင်သည် ဆောင့်ဆွဲခံလိုက်ရ၍ ဟန်ချက်ထိန်းလိုက်ရ၏။သူမသည် ရှောက်ချီအားကူကယ်ရာမဲ့စွာကြည့်ပြီး စားပွဲပေါ်လက်တစ်ဖက်ထောက်ကာ ကိုယ့်ကိုကိုယ် ထိန်းထားလိုက်သည်။

"စိတ်အေးအေးထားပြီး ပြောကြရအောင်ပါ။ကိုယ်ထိလက်ရောက်လုပ်ဖို့ မလိုပါဘူး"

ကြားဝင်ဖြန်ဖြေသူအခန်းကဏ္ဍမှနေ စူးယွင်သည် ကြားဝင်ဖို့လုပ်လိုက်သည်။

"ရှောက်ချီ ပြောတာမှန်တယ်။အကြီးအကဲက လျှို့ဝှက်ရွေးချယ်ပြီးသွားပြီ"

ဝေ့မန်မန်သည် ရှောက်ချီ၏လက်မောင်းအား ဆွဲ‌နေသည်ကိုရပ်ကာ မေးလိုက်၏။

"ဘာလဲ။နင်လည်းသိပြီးသားပေါ့"

"အင်း"

စူးယွင်သည် ခေါင်းငြိမ့်ကာ

"အကြီးအကဲပြောခဲ့တာကို အရင်ကငါလဲကြားခဲ့တယ်"

"ဒါဆို ဘယ်သူလဲဆိုတာ နင်သိလား"

"သိတယ်"

သေချာပေါက် ငါပဲပေါ့။

"ဒါဆို နင်....."

စူးယွင်သည် ချက်ချင်း ငြင်းဆိုလိုက်၏။

"မပြောပြဘူး။အကြီးအကဲက အကြောင်းအရင်းရှိလို့သာ ဘာမှမပြောသေးတာလေ။အချိန်တန်ရင် ငါတို့သ်ိလာပါလိမ့်မယ်"

"ဒါပေမယ့်..."

"လူတိုင်းကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြပါတော့။လက်ရှိအလုပ်တွေကသာ အရေးအကြီးဆုံးပါ"

စူးယွင်သည် ရှောက်ချီဘက် လှည့်ကြည့်ကာ သူမကိုလဲဖယ်ထုတ်လိုက်သည်။

"နင်လဲ အလုပ်သွားလုပ်တော့"

"ငါ..."

"အလုပ်လုပ်တော့"

စူးယွင်သည် အပ်နှင့်အပ်ချည်အား ကောက်ကိုင်လိုက်၏။

လူအချို့မှာ တစ်ခုခုပြောချင်နေသေးပေသိ စူးယွင်၏ပုံစံအားကြည့်ကာ လက်သာဝှေ့ယမ်းရင်းထွက်သွားကြလေသည်။

အနှေးနှင့်အမြန်ဆိုသလို သူတို့သိလာကြမည်ပင်။

စူးယွင်သည် ခေါင်းငုံ့ကာ မျက်လုံးအားထောင့်ကပ်ကြည့်လိုက်၏။လူတိုင်းထွက်သွားသည်ကိုမြင်ပါမှ သက်ပြင်းချလိုက်မိတော့သည်။

ရွေးချယ်ခံရသည့်လူမှာ သူမဆိုသည်အားလူတိုင်းသိသွားလျှင်မကျေမနပ်ဖြစ်လာကြမည်အားသူနားလည်လေ၏။

သို့သော်ယခုအချိန်မှာ ထုတ်ပြောရန်အချိန်ကောင်းမဟုတ်ပေ။သိသည့်လူများလေလေ အနာဂတ်တွင်ပြဿနာပိုရှုပ်လာလေလေပင်။

သူမသည် နှုတ်ခမ်းအား တင်းတင်းစေ့လိုက်၏။

"အလုပ်လုပ်တာပဲကောင်းတယ်"

အပ်ချုပ်ရာနှစ်ချက်မျှ ချုပ်ပြီးချိန်တွင် စူးယွင်မှာ သူမအားစူးစိုက်ကြည့်နေသလို အကြည့်တစ်ခုကို ခံစားလိုက်ရ၏။

သူမမှမော့ကြည့်လိုက်ရာ တံခါးပေါက်တွင်ရပ်နေသည့် ဝမ်လဲ့၏မျက်ဝန်းများဖြင့်ဆုံသွား‌လေသည်။

ဝမ်လဲ့၏အကြည့်မှာ စစ်ဆေးခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် အနည်းငယ်မခံရပ်နိုင်အောင်ဖြစ်မှုတို့ ပါနေလေ၏။

စူးယွင်မှာသူမအား ပြုံးပြ၍အပ်နှင့်အပ်ချည်ထံကိုသာ အာရုံပြန်စိုက်လိုက်သည်။

ဝမ်လဲ့သိသွားပြီဖြစ်နိုင်၏။

စူးယွင်မှသူမအား လျစ်လျူရှုလိုက်သည်ကိုမြင်သော်ဝမ်လဲ့သည် လှည့်ထွက်သွားလိုက်တော့သည်။

မြင်ကွင်းမှ ဝမ်လဲ့ပျောက်သွားသည်နှင့် ရှောက်ချီသည် ချက်ချင်းအသံကိုနှိမ့်ကာ ပြောလာ၏။

"ငါ တောင်းပန်ပါတယ်"

စကားသံမှာ တိုးလျလွန်းပြီးကိုယ့်ဘာသာရေရွတ်နေသလိုပါပင်။

စူးယွင်သည် မျက်ခုံးပင့်ကြည့်လိုက်သည်။

ရှောက်ချီမှာ သူမအားတောင်းပန်နေသည်ဟု ခံစားနေရလေ၏။

သို့သော်စူးယွင်သည် အကြောင်းရင်းအားမမေးဘဲ အလုပ်ကိုသာဆက်လုပ်နေလိုက်သည်။

နှစ်နာရီကြာပြီးချိန်‌တွင်တော့ အခန်းတွင်းရှိလူများမှာ ဖြည်းဖြည်းချင်းထွက်သွားကြတော့၏။

ရှောက်ချီသည် ထိုင်နေရာမှထရပ်ကာ စူးယွင်ရှေ့၌ရပ်လိုက်လေသည်။

နွေးထွေးသောအလင်းရောင်မှာ ရှောက်ချီ၏အရိပ်ကြောင့် ပိတ်ဆို့သွားလေ၏။စူးယွင်သည် မျက်လုံးအားမှေးကျဥ်းကာ မော့ကြည့်လိုက်သည်။

ရှောက်ချီသည် နှုတ်ခမ်းအားကိုက်ပြီး စားပွဲအစွန်းကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားလေ၏။

သူမသည် စူးယွင်အားစိုက်ကြည့်ကာ စကားပြောရန်ချီတုံချတုံ ဖြစ်နေလေသည်။

"ဘာဖြစ်လို့လဲ"

စူးယွင်မှ မေးလိုက်၏။

"ဟို... ငါတမင်လုပ်လိုက်တာ မဟုတ်ပါဘူး"

ရှောက်ချီသည် အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလာသည်။သူမလက်ချောင်းများသည် စားပွဲစွန်းကိုတင်းတင်းဆုပ်ကိုင်ထားသောကြောင့် ဖြူဖျော့သွားလေ၏။

"အဲဒီကိစ္စနဲ့ ပတ်သက်လို့ပါ"

"အင်း"

စူးယွင်သည် မျက်ခုံးပင့်လိုက်၏။

ရှောက်ချီမှာ အာမခံသည့်အမူအရာဖြင့် လက်နှစ်ဖက်လုံးကို မြှောက်ကာပြောလာသည်။

"စိတ်ချပါ။နင့်နာမည်ကို ငါဘယ်သူ့ကိုမှ မပြောပါဘူး"

စူးယွင်သည် အပ်နှင့်အပ်ချည်အားချလိုက်ပြီးပြုံးကာ

"ရပါတယ် အနှေးနဲ့အမြန်ဆိုသလိုလူတွေ ကသိလာမှာပါပဲ"

"ငါ သိပါတယ် ဒါပေမယ့် ဒါက.....နင့်ကို.... ဒါကပြဿနာများလာမှာလေ.....အမ်း..."

"ငါ နားလည်ပါတယ်"

စူးယွင်မှ ပြောလာ၏။

"ဒီလောက် စိတ်လှုပ်ရှားနေစရာမလိုပါဘူး။နင်ကဒီလိုအ,ထစ်အ,ထစ်ဖြစ်နေတော့ မသိတဲ့လူဆိုရင်နင့်ကိုခုထိစကားမပီတဲ့လူလို့ထင်ကုန်တော့မှာပဲ"

"ဖွီး"

ရှောက်ချီစိတ်ထဲတွင် တင်းကြပ်နေသည့် ဖိအားများမှာ ပျောက်ရှသွားရပြီးအားရပါးရရယ်ချလိုက်တော့သည်။

"နင်ကဒီ‌လိုဟာသဉာဏ်ရွှင်မယ်လို့ ငါမထင်ထားဘူး။ငါက နင့်ကို... ငါကနင့်ကို..."

"မာနကြီးမယ်ထင်တာလား"

စူးယွင်မှစနောက်လိုက်၏။

"အတိအကျတော့မဟုတ်ပါဘူး။နင်က နည်းနည်းလေးတည်တယ်လို့ထင်မိတာ"

"တည်တယ်ပေါ့လေ"

စူးယွင်မှာ ခပ်ဟဟရယ်လိုက်မိ၏။

"ငါ့မျက်နှာက လေးထောင့်ပုံစံပေါက်နေလို့လား"

"မဟုတ်ဘူး။တကယ်မဟုတ်ပါဘူး"

ရှောက်ချီသည် လက်ယမ်းပြကာလက်ဟန်အမူအယာဖြင့်ပါ ပြောလာ၏။

"နင်ကစကားသိပ်မ‌ပြောဘဲ ခေါင်းငုံ့ပြီး အလုပ်ပဲလုပ်နေတာလေ။ဒါကအကြီးအကဲရဲ့ပုံစံနဲ့တူနေတယ်။တည်ကြည်ပြတ်သားတဲ့ အမျိုးသမီးပုံစံမျိုးပေါ်နေတာလေ"

စူးယွင်သည် ပစ္စည်းများအားသိမ်းဆည်းရင်း ပြန်ဖြေလိုက်၏။

"နင့်စိတ်ထဲထင်နေလို့ပါ။ငါကဒီကိုအသစ်ရောက်လာတာဆိုတော့ အမှီလိုက်ဖို့ ကြိုးစားရမယ်"

"နင်က အခုတောင်..."

ရှောက်ချီသည် တစ်ခုခုပြောချင်ပုံရပေသိ သူမ၏အာရုံမှာ စူးယွင်၏လုပ်ဆောင်ချက်များဆီရောက်သွားလေ၏။

"ဟမ် နင်ကထမင်းပြန်စားတော့မလို့လား"

"အင်း"

စူးယွင်သည် သူမပစ္စည်းများအားဆက်သိမ်းလိုက်သည်။

"ဒါဆိုအတူတူ သွားရအောင်။အရမ်း အရမ်းအရသာရှိတဲ့အစားအသောက်‌တွေရောင်းတဲ့နေရာတစ်ခုကို ငါသိတယ်။ငါနင့်ကို ခေါ်သွားမယ်လေ"

စူးယွင်မှပစ္စည်းများထုတ်ပိုးပြီးသည်နှင့် ရှောက်ချီသည် သူမလက်မောင်းကို သဘာဝကျကျပင်ချိတ်လာ၏။

"သူတို့ကမနက်စာပဲရောင်းခဲ့ပေမယ့် သိပ်မကြာခင်ကမှ နေ့လယ်စာနဲ့ညစာပါ စရောင်းလာတာ‌လေ။နင်သဘောကျမှာ သေချာတယ်"

စူးယွင်သည် သူမလက်မောင်းကို ပြန်ဆွဲထုတ်ကာငြင်းလိုက်၏။

"မလိုပါဘူး။ငါကအိမ်ပြန်ပြီးထမင်းစားမှာ"

"မလုပ်ပါနဲ့ လာစမ်းပါ။ငါတစ်ယောက်တည်း စားရတာကအရမ်းပျင်းစရာကောင်းတယ်လို့"

ရှောက်ချီသည် ကိုအားလားတစ်ကောင်လို စူးယွင်အပေါ်တွယ်ကပ်ရင်း သူမလက်မောင်းအား ထပ်ချိတ်လာသည်။

ရှောက်ချီသည်အရပ်ရှည်ရှည်နှင့် ပိန်သွယ်ကာ ကြွက်သားဘာညာမရှိပေသိ သူမအရပ်ဖြင့် စူးယွင်အားမှီတွယ်ထားချိန်တွင်တော့ အနည်းငယ်မသက်မသာဖြစ်စေလေ၏။

စူးယွင်သည်စားပွဲပေါ်လက်ထောက်ပြီး မျက်မှောင်ကြုံ့လိုက်သည်။

"နင်ဖယ်လိုက်ဦး"

"ငါ....."

ရှောက်ချီသည်ခေါင်းခါပြကာ နွဲ့ပြချင်ပေသိ စူးယွင်၏နဖူးထက်မှ ထင်းထွက်‌နေသောသွေးကြောများကို မြင်လိုက်ရရာ ချက်ချင်းလွှတ်ပေးလိုက်ပြီး သူမကိုယ်သူမပြန်ဖက်ကာ

"တောင်းပန်ပါတယ်။ငါကနည်းနည်းတော့လေးတယ်"

"ရပါတယ်"

စူးယွင်သည် ပြုံးပြလိုက်၏။

"သွားရအောင်"

"ဟမ် သွားမယ်"

ရှောက်ချီသည် ခဏတာမျှကြောင်သွားရပြီး ချက်ချင်းသဘောမပေါက်နိုင်ခဲ့ပေ။

စူးယွင်သည် တံခါးပေါက်ဆီလျှောက်သွားရင်း ပြောလိုက်သည်။

"ထမင်းစားဖို့လေ။အရမ်းကြာနေရင် ခုံနေရာကျန်တော့မှာမဟုတ်ဘူးနော်"

"ဒီလိုလား"

ရှောက်ချီသည် ရယ်မောရင်း စူးယွင်အား အမှီလိုက်ရန်ပြေးလာလိုက်၏။

"သူတို့ရဲ့ နံရိုးနဲ့ဟင်းရည်ကတကယ် အရသာရှိတယ်။နင်နောက်မှ မြည်းကြည့်လိုက်"

"နင်ကလူတွေအပေါ် အမြဲတမ်းဒီလိုမျိုး ဖော်ရွေတတ်တာလား"

စူးယွင်သည် ပြောစရာစကားပင်ပျောက်ရှသွားရ၏။

ရှောက်ချီသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် နောက်တီးနောက်တောက်ဟန်လုပ်ကာ မေးအားပင့်၍

"ငါကအရမ်းမာနကြီးပြီး အဖတ်မလုပ်တတ်ဘူး"

စူးယွင်၏မျက်နှာမှာ တောင့်တင်းသွားရပြီး ရှောက်ချီအား ခေါင်းအစခြေအဆုံးစစ်ဆေးကြည့်လိုက်သည်။

"မာနကြီးပြီး အဖတ်မလုပ်တတ်ဘူးပေါ့လေ။ငါတစ်ခုခုများ နားလည်မှုလွဲနေတာလား"

"ငါက ချောတဲ့သူတွေနဲ့ပဲစကားပြောရတာ ကြိုက်တယ်"

ရှောက်ချီသည်စူးယွင်၏ပါးကို ညှစ်လိုက်၏။

"နင့်မျက်နှာလေးက အရမ်းနူးညံ့တာပဲ။ငါကြိုက်တယ်"

"ပြီးတော့ ဒီနှာခေါင်း ဒီမေးရိုး ငါလဲလိုချင်တယ်"

စူးယွင်သည် အားတင်းပြုံးလိုက်ကာ ရှောက်ချီ၏မျက်နှာအား လက်ဟန်ဖြင့်ညွှန်ပြရင်း ပြောလိုက်၏။

"နင်သမား‌တော်ဆီ သွားရှာလို့ရတယ်။ဓားကိုသုံးပြီး ဒီနေရာမှာမျဥ်းနည်းနည်းဆွဲပြီး အထဲမှာဟိုဟာဒီဟာထည့်လိုက်ရင် နင်ငါ့လို ပုံစံဖြစ်သွားလိမ့်မယ်"

ရှောက်ချီသည် မျက်လုံးသာချန်ထားပြီး လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ သူမမျက်လုံးများမှာတော့ ဟိုကြည့်ဒီကြည့်လုပ်နေပြီး စိတ်ဝင်တစားမေးလိုက်၏။

"ဓားနဲ့မျက်နှာကိုခွဲစိတ်လိုက်ရင် မျက်နှာပျက်စီးသွားမှာလား"

"ဖြစ်နိုင်တာပေါ့။ဒီလိုကိစ္စတွေက အန္တရာယ်တော့ရှိတယ်"

ခေတ်သစ်၌ဆိုလျှင်ပင် ပလတ်စတစ်ဆာဂျရီလုပ်ခြင်းမှာ အဆင်မပြေသည်များရှိနေသေး၍ ဆေးပစ္စည်းနှင့်နည်းပညာမမြင့်မားသည့် ရှေးခေတ်မှာဆိုလျှင် ပို၍ပင်ဆိုးနေနိုင်သည်။

"ဒါဆိုထားလိုက်ပါတော့"

ရှောက်ချီသည် နှုတ်ခမ်းစူကာ

"ငါ့မျက်နှာက အရမ်းကြီးမလှချင်နေပါစေအမာရွတ်တွေနဲ့တော့ အဆုံးသတ်မသွားချင်ဘူး"

"နင်ကတော်တော်လေးလှ‌နေပြီးသားပါ"

ရှောက်ချီ၏မျက်နှာကျမှာ သေးငယ်ပြီး ဘဲဥပုံစံရှိ‌လေသည်။သူမ၏မျက်နှာအသွင်အပြင်များမှာ ထူးထူးခြားခြားလှပသည်မျိုးမဟုတ်ပေသ်ိ မျက်ဝန်းအိမ်ကြီးကြီးဖြင့် အသက်ဝင်‌နေသောမျက်ဝန်းများမှာ‌တော့ အထူးခြားဆုံးပင်ဖြစ်၏။အထူးသဖြင့် စကားပြောနေချိန်တွင်သူမမျက်ဝန်းများမှာ တောက်ပနေပြီးခံစားချက်ကိုဖော်ပြနိုင်စွမ်းရှိသည်ကြောင့် တခြားသူများကို အလွယ်တကူဆွဲဆောင်နိုင်နေသည်။

"နင်ပြောတာမှန်တယ်။ငါ ရှောက်ချီက အရမ်းချောတဲ့အလှလေးတစ်ယောက်ပဲ။နင့်ထက်နည်းနည်းပဲလျော့တာ"

ရှောက်ချီသည် စူးယွင်ဘက်လှည့်ကြည့်လိုက်၏။စူးယွင်သည် ပုံမှန်အတိုင်းမျက်လွှာချထားရာ လိပ်ပြာတောင်ပံကဲ့သို့မျက်တောင်များမှ အနည်းငယ်ခတ်လိုက်သည်နှင့် မြင်ရသူတိုင်းကိုဆွဲဆောင်နေပါတော့သည်။ရှောက်ချီသည် မျက်တောင်မွှေးအချို့ကိုဆွဲနှုတ်ပြီး မည်ကဲ့သို့ဖြစ်တည်နေကြောင်းကြည့်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရလေ၏။ထိုသည်တို့မှာ အလွန်ဆွဲဆောင်မှုရှိလွန်းလှသည်။

ရှောက်ချီသည် အသံတိုးပြီး

"နည်းနည်းလေးထက်ပိုလျော့ချင်လည်း လျော့မှာပါ"

စူးယွင်သည် သူမလက်မောင်းအားဆွဲပြီး ခြေလှမ်းကို အရှိန်တင်လိုက်လေသည်။

"မျက်နှာကအရေးမကြီးပါဘူး။မြန်မြန် သွားပြီး စားစရာသာရှာကြရအောင်ပါ။ငါဗိုက်ဆာနေပြီ"

ဤသည်အားကြားသည်နှင့် ရှောက်ချီလဲ‌ ခြေလှမ်းသည့်အရှိန်ကိုတင်လိုက်လေ၏။

စူးယွင်သည် ရှောက်ချီနောက်မှလိုက်သွားရင်း သွားလေလေ ပတ်ဝန်းကျင်မှာပိုပြီး ရင်းနှီးလာလေလေဖြစ်လာရသည်။

ဒီ‌ပတ်ဝန်းကျင်က ရှောင်ဟယ်ရဲ့ဆိုင်နားပဲမလား။

မဟုတ်သေးပါဘူး။ဒီလမ်းမှာဆိုင်တွေ အများကြီးရှိနေတာကို တိုက်ဆိုင်တာပဲဖြစ်ရမယ်။

နောက်ခဏတွင်‌တော့ ရှောက်ချီသည်ရပ်လိုက်ပြီးစူးယွင်ဘက် လှည့်ကြည့်လိုက်သည်။

"ရောက်ပြီ"

စူးယွင်သည် အလွန်ရင်းနှီးနေသည့်ဆိုင်အဝင်ဝအားကြည့်ကာပြောလိုက်၏။

"ဒီဆိုင်က....."

"ဟုတ်တယ် ဟုတ်တယ် ဒီဆိုင်ပဲ။ဆိုင်ရှင်က အမျိုးသမီးတစ်ယောက်ဆိုပြီး အထင်မသေးလိုက်နဲ့။သူ့လက်ရာက ယောက်ျားသားတွေရဲ့ ဘယ်လက်ရာထက်မဆိုမလျော့ဘူး"

ရှောက်ချီသည် စူးယွင်၏လက်မောင်းအားဆွဲကာ ဆိုင်ထဲဝင်လာလိုက်၏။

"နင်အရင်သွားပြီး နေရာရှာထားလိုက်။ငါကသွားမှာလိုက်မယ်။ဒီနေရာက...."

"သခင်မလေး"

ခေါ်သံတစ်သံမှာ ရှောက်ချီ၏စကားအား ဖြတ်ပြောလာ၏။

"ဟမ် မိန်းကလေးဟယ်က ဘယ်သူ့ကို ခေါ်နေတာလဲ"

ရှောက်ချီသည် ရှုပ်ထွေးသွားရပြီး ရှောင်ဟယ်မှ သူမတို့ဆီ အပြေးလေးလာနေသည်ကိုတွေ့လိုက်ရသည်။

"သခင်မလေး ရောက်လာတာပဲ"

စူးယွင်မှာ ပြန်ဖြေလိုက်၏။

"လုပ်ဖော်ကိုင်ဖက်နဲ့ စကားလက်စုံကျရင်းရောက်လာတာလေ"

"ဒါဆို နားနားနေနေထိုင်နေလိုက်ပါ။ကျွန်မ ချက်ချင်းပြင်ဆင်ပေးပါ့မယ်"

"ကျေးဇူးပဲ"

"ဒါ ဒါ ဒါက....."

ရှောက်ချီမှာ ခုံပေါ်ထိုင်လိုက်ချိန်ထိပင် မယုံနိုင်သေးပေ။

စူးယွင်သည် သူမအတွက် တူယူပေးရင်းပြောလိုက်သည်။

"ဒါက ငါရင်းနှီးမြှုပ်နှံထားတဲ့ဆိုင်ပဲလေ"

"အဲ့ဒါကတကယ်အထင်ကြီးစရာကောင်းတာပဲ"

အဝတ်အထည်နှင့်အစားအသောက်မှာ သီးခြားကဏ္ဍနှစ်ခုဖြစ်၏။

"သိပ်လဲမဟုတ်ပါဘူး။ငါကပိုက်ဆံလေးနည်းနည်းပဲ ရင်းနှီးပေးထားတာ။ဒီလုပ်ငန်းဒီလောက်အောင်မြင်လာတာက သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ"

ရှောက်ချီ၏မျက်ဝန်းများမှာ ဘေးစားပွဲမှ အရသာရှိလောက်မည့်ဟင်းပွဲများထံ အကြည့်ရောက်သွားပြီး သက်ပြင်းချလိုက်မိသည်။

"မိန်းကလေးဟယ်က တကယ်အံ့သြစရာပဲ။ ငါတောင်ဒီလိုမျိုးတွေ ကိုယ့်ဘာသာမလုပ်တတ်ဘူး"

စူးယွင်သည်လည်း ပြန်ဖြေလိုက်၏။

"သူမကတစ်ကယ်ကို အရမ်းထူးချွန်တယ်"

သူမစကားဆုံးသည်နှင့် အသံတစ်သံမှာ ဖြတ်ပြောလာသည်။

"ခွင့်ပြုပါဦး"

ရှောက်ချီသည် အသံလာရာကိုကျောပေးထားသည်ကြောင့် ရှောင်ဟယ်မှ ဟင်းပွဲများလာပို့သည်ဟု ထင်လိုက်သည်။သူမမှာ အပြုံးလေးဖြင့်လှည့်ကြည့်ကာ

"ကျွန်မလမ်းပိတ်ထားမိလို့လား။ကျော်သွားလို့ ရပါတယ်......"

"နင်ဖြစ်နေတာကိုး"

စကားပြောဆိုသည့်လေသံမှာ ရုတ်ချည်း ပြောင်းလဲသွားလေ၏။

All Chapters