← Chapters

အခန်း (၈၈+၈၉)

Vol. 9 Ch. 88+89

အခန်း (၈၈+၈၉)

Vol. 9 Ch. 88+89

ရှောက်ချီမှာ မျက်မှောင်ကြုံ့လိုက်မိ၏။ သူမနှင့်ရင်းနှီးသူတစ်ဦးကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားသလို ထိုသူမှာစကားစမြည်ပြောဆိုလေ့မရှိသည့် ဝမ်လဲ့ဖြစ်‌နေမည်ဟုလည်း မျှော်လင့်မထားခဲ့ပေ။

ဝမ်လဲ့သည် ရှောက်ချီမျက်နှာထက်မှ ခံစားချက်များကို မသိကျိုးကျွံပြုကာ‌မေးလာ၏။

“စားပွဲလွတ်မရှိတော့လို့ငါနင်တို့နဲ့ အတူထိုင်လို့ရမလား”

ရှောက်ချီသည် ဖော်ဖော်ရွေရွေဖြင့်ပြုံးပြကာ ဝမ်လဲ့အတွက်ထိုင်ခုံတစ်လုံးအားဆွဲထုတ်ပေးလိုက်သည်။ထို့နောက် သူမသည် စူးယွင်၏ဘေးနားသို့ရွှေ့ကာ ထိုင်လိုက်သည်။

“ရပါတယ် အစ်မဝမ်လဲ့ အေးဆေးထိုင်နော်”

ရှောက်ချီနှင့် ဝမ်လဲ့တို့မှာ တစ်ခါတစ်ရံမှသာစကားပြောဖြစ်ကြပြီး သူတို့ဆက်ဆံရေးမှာစိမ်းသက်သည်ဟု ဆိုနိုင်သော်ငြား ထမင်းဝိုင်းတစ်ခု၌မျှဝေစားသောက်ခြင်းမှာ ပြဿနာမဟုတ်ပေ။ထို့အပြင် ဝမ်လဲ့သည် ငြင်းဆန်မရအောင်ပင်လှပသူဖြစ်သည်။

သူမ၏အလှမှာ စူးယွင်နှင့်ကွဲပြားလှ၏။ဝမ်လဲ့သည် ပထမတစ်ချက်ကြည့်လိုက်သည်နှင့် အလှမ်းဝေးသောခံစားမှုပေးသည့် အေးစက်စက်ကျက်သရေရှိခြင်းမျိုးအား ပိုင်ဆိုင်လေသည်။

သူမကဲ့သို့သောလူမျိုးနှင့် အပြန်အလှန်‌ ပြောဆိုရမည်အား ရှောက်ချီမှသဘောမတွေ့ပေသိ မျက်နှာလှလှ‌လေးအား နှစ်ခြိုက်တတ်သည့်အကျင့်မှာ သူမ၏တင်းမာသောသဘောထားကို ပြေလျော့စေခဲ့၏။

“ကျေးဇူးပဲ”

ဝမ်လဲ့သည် ရိုးရှင်းစွာပင်ပြောလိုက်ပြီး ထိုင်ခုံကိုဆွဲထုတ်ကာ ထိုင်လိုက်သည်။

စားပွဲမှာ လေးထောင့်ဖြစ်၏။ရှောက်ချီသည်မူလက စူးယွင်နှင့်မျက်နှာချင်းဆိုင် ထိုင်ခဲ့သော်လည်း ဝမ်လဲ့ရောက်လာချိန်တွင် စူးယွင်၏ဘေးသို့ ရွှေ့ထိုင်လိုက်သဖြင့် မျက်နှာချင်းဆိုင်နေရာမှာ ဝမ်လဲ့အတွက်ဖြစ်သွားလေသည်။

ထိုင်ပြီးသည်နှင့် ဝမ်လဲ့မှာတိတ်တဆိတ်ပင် သူမ၏ပန်းကန်လုံးနှင့် တူအားသေသေချာချာဆေးကြောလိုက်၏။

စူးယွမ်သည်လည်း တိတ်ဆိတ်နေကာ မေးထောက်ထားရင်းမျက်လုံးများအား မှေးကျဥ်းထားလေသည်။

အလယ်တွင်ထိုင်နေသော ရှောက်ချီသည် ဘယ်ညာလှည့်ကြည့်ကာ ဖော်ပြမရသော ထူးဆန်းသည့်လေထုကို ခံစားမိလိုက်၏။

ရှောက်ချီသည် အရှက်ပြေရယ်လိုက်ကာ ပြောလာသည်။

“ညီမစူးယွင်ကို အစ်မမိတ်ဆက်ပေးရဦးမယ်။ဒီတစ်ယောက်က ဝမ်လဲ့တဲ့။ဌာနမှာ အငယ်ဆုံးအလယ်အလတ်အဆင့်အဖွဲ့ဝင်ပဲ”

စူးယွင်သည် မျက်လုံးအားအသာပင့်ကြည့်လိုက်၏။သူမအကြည့်များမှာ ဝမ်လဲ့၏ လက်မောင်းထံ အလိုလိုရောက်သွားပေသိ ထူးခြားသည့်အရာတစ်ခုကိုမှ မတွေ့ရပါပေ။သူမသည် အသိအမှတ်ပြုပုံဖြင့် ခေါင်းငြိမ့်ပြကာ ပြန်ဖြေလာ၏။

“အထင်ကြီးစရာပါပဲ”

စူးယွင်၏ စိတ်အားထက်သန်မှုကင်းမဲ့ပုံကိုမြင်‌နေရပေသိ ရှောက်ချီမှာလက်မလျှော့ခဲ့ပေ။သူမ၏ရှိ‌နေကျ ဖော်ဖော်ရွေရွေအမူအယာဖြင့် ဝမ်လဲ့ဘက်သို့ လှည့်ကာပြောလိုက်သည်။

“အစ်မဝမ်လဲ့ ဒီတစ်ယောက်က စူးယွင်တဲ့။ ငါတို့ဌာနရဲ့ အသစ်ဝင်လာတဲ့အဖွဲ့ဝင်ပဲ”

ဝမ်လဲ့သည် မျက်လုံးပင်ပင့်ကြည့်မလာဘဲ ‌အေးစက်စက်ဖြင့် လျစ်လျူရှုသောလေသံဖြင့် နားလည်ကြောင်းသာပြောလာသည်။

“အင်း”

သူမ၏အေးဆေးတည်ငြိမ်ပြီးအဖတ်မလုပ်တတ်သည့်ပုံစံမှာ သူမ၏စရိုက်နှင့် လိုက်ဖက်လှလေသည်။ဝမ်လဲ့သည် လေကြောရှည်တတ်သူမဟုတ်၍ သူမစကားပြောလိုက်ချိန်တိုင်းတွင် စကားစကိုတိုတို ပြတ်ပြတ်သာပြောတတ်ပြီး သူမစကားကြောရှည်သည့်အချိန်တွင်ဆိုလျှင်လည်း အစောကဌာနတွင်ဖြစ်ခဲ့သလို တစ်ပါးသူအားဆို့နင့်သွား‌စေပြီး တစ်ခါတစ်ရံဆိုလျှင် နှလုံးအောင့်သည်ထိ ထက်ရှသောစကားများပြောတတ်လေ၏။

“ညီမစူးယွင် အတွေးမလွန်လိုက်နဲ့နော်။အစ်မဝမ်လဲ့က နင့်ကိုစိတ်တို‌အောင်လုပ်နေတာမဟုတ်ပါဘူး။သူမစရိုက်က်ိုက ဒီလိုပဲရယ်”

စူးယွင်မှမှားယွင်းစွာ ကောက်ချက်ချမည်ကို စိုးရိမ်သောကြောင့် ရှောက်ချီမှာအမြန်ရှင်းပြလိုက်ရသည်။

သို့သော်လည်း သူမပါးစပ်မှထိုစကားများထွက်လာပြီးချိန်မှာပင် ဘေးနားမှ အသံတစ်သံမှာ ရုတ်ချည်းထွက်ပေါ်လာလေ၏။

“ငါ သူ့ကို မကြိုက်ဘူး”

ဝမ်လဲ့၏အသံသည် တည်ငြိမ်ပေသိပြတ်သားလွန်းလှသည်။

ရှောက်ချီသည် ကြောင်အမ်းသွားရ၏။

“အစ်မဝမ်လဲ့ သူကလူကောင်တစ်ယောက်ပါ...”

“သူက အရမ်း..…”

ဝမ်လဲ့သည် ဖြတ်ပြောလိုက်ကာ သူမ၏ ပြတ်သားသည့်လေသံမှာ လေထုတွင်းပဲ့တင်နေလေသည်။

ရှောက်ချီ၏နှုတ်ခမ်းမှ ရှိုက်သံသဲ့သဲ့ထွက်လာကာ ကျန်စကားများကို ချက်ချင်းမျိုချလိုက်၏။သူမမျက်နှာသည် အံ့အားသင့်မှုဖြင့် တောင့်တင်းသွားရကာ ဝမ်လဲ့ထံစိုက်ကြည့်နေလိုက်သည်။

ဝမ်လဲ့သည် အမြဲလိုလိုစကားပြောပြတ်သားသူဖြစ်ပေသိ သူမ၏ကပ်တွက်‌သောစကားများသည် ပျင်းရိတတ်သည့်အကျင့် ရှိသူ သို့မဟုတ် အရည်အချင်းမရှိသည့်သူတို့ကိုသာ ပစ်မှတ်ထားလေ့ရှိခဲ့၏။ပုဂ္ဂိုလ်ရေးအရမှတ်ချက်များ ပေးခဲ‌လေသည်။

ရှောက်ချီ၏မျက်လုံးများသည်စိုးရိမ်တကြီး ဝေ့လည်ဝေ့လည်ဖြစ်နေပြီး အခြေအနေကို ပြန်လည်ထိန်းသိမ်းရန်နည်းလမ်းအား ရှာဖွေလိုက်၏။

“အစ်မဝမ်လဲ့က ဒီလို‌ပြောချင်တာမဟုတ်ပါဘူး။သူက စကားလုံးရွေးချယ်မှုမှားသွားတာ။ညီမစူးယွင် သူကမဟုတ်....”

“ငါပြောလိုက်တဲ့အတိုင်းပဲ ရည်ရွယ်တာ”

ဝမ်လဲ့မှာ ဖြတ်ပြောလိုက်သည်။သူမ၏လေသံမှာ အေးစက်တည်ငြိမ်နေ၏။

“ငါ သူ့ကိုမကြိုက်ဘူး။တကယ်တော့ သူ့က တော်တော်မုန်းစရာကောင်းတယ်လို့တောင်ထင်မိ‌သေးတယ်”

ရှောက်ချီ၏ မေးရိုးမှာပြုတ်ကျတော့မတတ် ဖြစ်သွားရသည်။သူမမှာ အားတင်း၍စကားအချို့ရေရွတ်လိုက်၏။

“အမ် ဒါဆိုနင်ကဘာလို့ ငါတို့နဲ့လာထိုင်တာလဲ။စားပွဲလွတ်တွေ အများကြီးပဲဟာ..…”

ဝမ်လဲ့သည် ပြန်မဖြေဘဲ ထူးဆန်းသော အပြုံးမျိုးဖြင့် စူးယွင်ထံစူးစိုက်ကြည့်နေသည်။

ရှောက်ချီမှာ အစာမကြေဖြစ်သွားသလိုပင်ခံစားလိုက်ရသည်။အစောပိုင်း၌ သူမခံစားခဲ့မိသော နှစ်ယောက်ကြားရှိတင်းမာမှုမှာမမှားခဲ့‌ပေ။ယခုအချိန်တွင်တော့ ထိုတင်းမာမှုမှာ သိသာထင်ရှားလာပြီပင်။‌ရှောက်ချီသည်ခေါင်းကိုအနည်းငယ်ငုံ့ကာ အမျိုးသမီးနှစ်ဦးထံ ခိုးကြည့်လိုက်သည်။

ဝမ်လဲ့သိသွားပြီဆိုတာ သေချာလေ၏။သူမသည် စူးယွင်မှာအကြီးအကဲ၏ ရွေးချယ်ထားသူဖြစ်ကြောင်း သေချာပေါက်သိသွားပြီဖြစ်ရမည်။ထို့နောက်တွင်တော့ သူမမှာစာရင်းရှင်းရန် ဤနေရာသို့လိုက်လာခြင်းဖြစ်နိုင်သည်။

ရှောက်ချီသည် တံတွေးမျိုချကာ အခြေအနေမဆိုးရွားစေရန်သာ တိတ်တိတ်လေး ဆုတောင်းနေလိုက်၏။

ထို့ပြင် ဤနေရာ၌ လူအများကြီး ရှိနေသည်ဖြစ်ရာအချင်းများရန်မသင့်တော်လှပေ။

ရှောက်ချီ၏ စိတ်ထဲတွင်ဖြစ်နိုင်ခြေများစွာမှာ ဝေ့ဝဲနေတော့သည်။ဒါနဲ့ငါကသူ့ကိုဖုံးကွယ်ထားတယ်ဆိုတာလဲ သိသွားခဲ့ရင်ဘယ်လိုလုပ်မလဲ။ငါ့ကိုလည်း ဆူငေါက်လာမှာလား။

မျက်နှာထားမပျက်နေနိုင်သေးသည့် ဝမ်လဲ့ထံ နောက်တစ်ကြိမ် ခိုးကြည့်ရင်း ရှောက်ချီ၏ စိုးရိမ်ပူပန်မှုမှာပိုတိုးလာရသည်။

ပြီးသွားပြီ။သူက ကျိန်းသေသိနေခဲ့တာပဲ။ငါတော့ ကျိန်းသေအဆူအဆဲခံရတော့မယ်။

နေဦး မဟုတ်သေးပါဘူး။အဲဒါကပြဿနာ မဟုတ်ဘူးလေ။

ရှောက်ချီသည် သူမ၏စိတ်များလွင့်နေခြင်းကို တားဆီးရန်ဒေါသတကြီး ခေါင်းအားခါယမ်းလိုက်မိသည်။သို့သော်လည်း စိုးရိမ်စိတ်မှာ ပို၍သာနက်ရှိုင်းလာလေ၏။အပြစ်တင်ခံရတာက တကယ့် ပြဿနာ မဟုတ်ဘူး။

ဝမ်လဲ့မှ စူးယွင်အားဆူပူမိပြီး စူးယွင်မှ စိတ်ဆိုးသွားလျှင် မည်သို့လုပ်ရမည်နည်း။ငါဘယ်သူ့ဘက်က ရပ်တည်ရမလဲ။ဝမ်လဲ့က ဝတ်စုံကိစ္စကို ဦးစီးဦးဆောင်လုပ်ချင်နေခဲ့တာလေ။အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကို သိတဲ့အခါသူစိတ်ဆိုးသွားတာမဆန်းပါဘူး။ ဒါပေမယ့် စူးယွင်မှာလည်း အပြစ်မရှိဘူးလေ။

အကြီးအကဲက သူ့ကိုမျက်နှာသာ‌ပေးလာတာ သူ့အပြစ်မဟုတ်တာမလို့ အပြစ်တင်ဖို့ဆိုတာမသင့်လျော်ဘူး။

ရှောက်ချီသည် အမျိုးသမီးနှစ်ဦးကြား သူမ၏အကြည့်ကို တစ်လှည့်စီပစ်လွှတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ကယောင်ချောက်ချားပင် ဖြစ်လာရသည်။

သူတို့ရန်ဖြစ်ရင် ငါဘာလုပ်ရမလဲ။ငါ ဝင်ပါသင့်လား။ဒါမှမဟုတ် ထွက်သွားပေးသင့်လား။

ရှောက်ချီသည် သူမအင်္ကျီလက်များကို တင်းတင်းဆုပ်ထားပြီး လုံးလုံးစိတ်အေးလက်အေးဖြစ်မနေပေ။

ဝမ်လဲ့မှပြောလာ၏။

“စူးယွင်..…”

ဝမ်လဲ့အသံအားကြားသော် ရှောက်ချီ၏ ခေါင်းသည် ရုတ်တရက်မော့ကြည့်လာ၏။

ပြီးသွားပြီ ပွဲကစပြီပဲ။

ငါ ဘာလုပ်ရမလဲ ငါ ဘာလုပ်ရမလဲ။

ရှောက်ချီ၏ စိတ်ထဲတွင်အခြေအနေကို မည်သို့ဖျန်ဖြေရမည်အား တွေးတောနေစဉ် ရုတ်တရက် အသံတစ်သံကိုကြားလိုက်ရသည်။

“ရပါပြီ‌နော် ဒါကသခင်မ‌လေးတို့အတွက်ပါ”

“အစားအသောက် အစားအသောက်...... ဟုတ်တယ် အစားအသောက်က အရမ်းကောင်းတယ်”

ရှောင်ချီသည် ကပ်ဆိုက်ရာမှလွတ်မြောက်လာသူတစ်ဦးကဲ့သို့ အမြန်ထရပ်ကာ ရှောင်ဟယ်ဘက်လှည့်ကြည့်လိုက်သည်။

“ဒီမှာ ထားလိုက်ပါ ဒီမှာ ထားလိုက်ပါ”

ရှောက်ချီသည် စိတ်အားထက်သန်စွာဖြင့် ဗန်းပေါ်မှပန်းကန်များကို စားပွဲပေါ်သို့ ရှောင်ဟယ်နှင့်အတူ ကူတင်‌ပေးရင်းဆက်လက် ချီးမွမ်း‌နေပြန်၏။

“အရမ်း အရသာရှိမယ့်ပုံပဲ။ငါတော့အများကြီးစားမိတော့မှာ သေချာတယ်”

“ကျေးဇူးတင်ပါတယ်”

ရှောင်ဟယ်သည် ဗန်းကိုပြန်သိမ်းလိုက်ပြီး စူးယွင်ထံ ဖြတ်ကနဲကြည့်ကာ ပြောလိုက်၏။

“ကောင်းကောင်းသုံးဆောင်ကြပါနော်။ကျွန်မအလုပ်ပြန်လုပ်ပါဦးမယ်”

“နင်ကအရမ်းယဉ်ကျေးလွန်းနေပါပြီ”

ရှောက်ချီမှာ ရွှင်မြူးစွာဖြင့်ပြန်ဖြေလိုက်သည်။

ဝက်နံရိုးကို ကိုက်ရန်ပြင်လိုက်သော ရှောက်ချီသည် နေရာတွင်ပင်တောင့်တင်းသွားရ၏။

ဝမ်လဲ့နှုတ်ဖျားမှ စကားတစ်ခွန်းပြောထွက်မလာခင်မှာ ရှောက်ချီသည် တူအားအမြန် ကောက်ကိုင်ကာ ဝက်နံရိုးတစ်ဖက်ကို ဝမ်လဲ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“အစ်မဝမ်လဲ့ ဒါကို မြည်းကြည့်ပါဦး”

“ငါမစားတော့ဘူး။ငါစားလာခဲ့ပြီးသား”

ဝမ်လဲ့မှ ပြတ်ပြတ်သားသားငြင်းဆိုလိုက်၏။

“ရပါတယ် နည်းနည်းပဲမြည်းကြည့်လိုက်”

ရှောက်ချီသည် ဝမ်လဲ့၏ငြင်းဆိုမှုအား လျစ်လျူရှုကာ စကားပြောမလာအောင် တားဆီးရန်ရည်ရွယ်ချက်ဖြင့် ဝမ်လဲ့ပန်းကန်ထဲအစားအသောက်များ ဆက်ထည့်ပေးနေလိုက်သည်။

သူ့ပါးစပ်ကို ငါကအလုပ်ပေးနေသရွေ့ သူ ဘာမှပြောနိုင်မှာမဟုတ်တော့ဘူး။

“တော်လောက်ပြီ”

ဝမ်လဲ့မှပြောလာ၏။သူမ၏သည်းခံစိတ်မှာ လျော့နည်းလာပြီပင်။

“ဘယ်လိုလုပ်တော်ရမှာလဲ..…”

ရှောက်ချီသည် ထိုသို့ပြောပြီးမှ ဝမ်လဲ့၏ ပန်းကန်လုံးမှာပြည့်လုနီးပါး ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။‌ရှောက်ချီမှာရှက်ရွံ့စိတ်ဖြင့် လျှာထုတ်ပြကာဝန်ခံလိုက်၏။

“နည်းနည်းတော့များသွားပြီထင်တယ်”

ဝမ်လဲ့သည်နဖူးအားပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။

ရှောက်ချီမှ ဘာလုပ်ဖို့ကြိုးစားနေသည်ကို သူမသိလေသည်။သို့သော်လည်း သူမမှာဤနေရာသို့ ရောက်လာပြီဖြစ်၍ကိစ္စအား မဖြေရှင်းဘဲ ပြန်သွားမည်မဟုတ်ပေ။

အနည်းငယ် စားကြည့်ပြီးနောက် ဝမ်လဲ့သည် သူမ၏တူများကို ချလိုက်သည်။

“စူးယွင် နင်ကအဲဒီတစ်ယောက်ပဲ မဟုတ်လား”

ဝက်နံရိုးဝါးနေသောရှောက်ချီ၏ လှုပ်ရှားမှုမှာတန့်သွားတော့သည်။

ရှောက်ချီ၏မျက်နှာသည် ရှုံ့တွသွားလေ၏။ဘာလို့ ဒီကိစ္စကိုထပ်ပြောလာပြန်တာလဲ။

ဒီတစ်ခါတော့ တကယ်ကိုကောင်းကင်ပြိုတော့မှာပဲ။

စူးယွင်သည် သူမတူများကို တည်ငြိမ်စွာချလိုက်ပြီး ပါးစပ်ထဲရှိနေသည်တို့ကို ဝါးကာမျိုချပြီးနောက်မှ စကားပြောလိုက်သည်။

"ဟုတ်တယ်”

“နင်ဘယ်လိုလုပ်လိုက်တာလဲ”

ဝမ်လဲ့မှ မေးလာ၏။

“အကြီးအကဲက ငါ့ကိုရွေးချယ်လိုက်တာ”

စူးယွင်မှာရိုးရှင်းစွာပင်ပြန်ဖြေလိုက်သည်။

“ဒါပဲလား”

ဝမ်လဲ့သည် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးအားမှေးကြည့်လာသည်။

ရှောက်ချီသည် အမြန်ဝင်ပြောလာ၏။

“ဟုတ်တယ် ဟုတ်တယ်။အခြားဘာဖြစ်နိုင်ဦးမှာလဲ”

ဝမ်လဲ့သည် လှောင်ပြုံးပြုံးကာ ရယ်မောရင်း စူးယွင်ထံစိုက်ကြည့်လိုက်သည်။သူမသည် သင့်လျော်သောရှင်းပြချက်မရမချင်း ဤကိစ္စကိုလွှတ်ပေးမည် မဟုတ်ပေ။

“နင်မယုံဘူးဆိုတာ ငါသိတယ်။ဒါပေမယ့် ဒါကအမှန်တရားပဲ”

စူးယွင်သည် လက်အားယမ်းကာ လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။

“အကြီးအကဲက ငါ့ဆီကဘယ်အချက်ကိုတွေ့လိုက်လဲဆိုတာတော့ ငါမသိဘူး။ဌာနမှာ ငါ့အတွေ့အကြုံက နင့်အတွေ့အကြုံနဲ့ ယှဉ်မရဘူးဆိုတာ ငါဝန်ခံပါတယ်။ဒါပေမယ့် ခေါင်းဆောင်ကငါ့ကို ရွေးလိုက်တယ်လေ”

စူးယွင်သည် ဖွဖွလေးပြုံးပြလိုက်သည်။သူမ၏ လေသံမှာ ဘဝင်မြင့်ဟန်ပေါ်သော်ငြား နူးညံ့လှ‌ပေသည်။

“ပြီးတော့ နင်မဟုတ်ခဲ့ဘူး”

“နင်ကဌာနမှာ ဒီလောက်အကြာကြီးရှိနေခဲ့တာတောင် လူငယ်မျိုးဆက်ကြားထဲ ခေါင်းဆောင်တစ်ဦးအနေနဲ့ နင့်ကိုဘာလို့မရွေးချယ်ရတာလဲဆိုတာကို ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဖို့ အချိန်ပေးတာပိုကောင်းလိမ့်မယ်”

စူးယွင်သည်တည်ငြိမ်သော်ငြား ပြတ်သားသည့်လေသံဖြင့် ပြောလိုက်သည်။

“အခြားသူတွေကို အပြစ်ရှာနေမယ့်အစား ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်သုံးသပ်ဖို့အချိန်ယူလိုက်ပါ။ဒါက ပိုအရေးကြီးတယ်”

ရှောက်ချီသည် ပါးစပ်အဟောင်းသားဖြင့် စူးယွင်အားစိုက်ကြည့်နေလိုက်သည်။

သူမက အကြီးအကဲနဲ့မတူဘူးလို့ပြောလိုက်တာလား လိမ်ဆင်တွေ။

“ငါမယုံဘူး”

ဝမ်လဲ့သည် လက်များအားစားပွဲထက်တင်ကာ လက်ပိုက်လိုက်ပြီး အကြည့်တို့မှာတော့မယိမ်းယိုင်ဘဲ လေသံမှာလည်းပိုမို ပြတ်သားလာလေသည်။

“နင်က ကံကောင်းလို့ ပြိုင်ပွဲမှာဆုရပြီး အကြီးအကဲမျက်စိကျတာခံလိုက်ရတဲ့ အသစ်လေးတစ်ယောက်ပဲ‌လေ။ပြီး‌တော့တကယ်တမ်းကျ နင့်အခြေခံက ငါတို့ထက် အများကြီးနိမ့်ကျနေတုန်းပဲ”

“နင်လိုလူမျိုးတွေကို ငါအရင်ကမြင်ဖူးတယ်”

ဝမ်လဲ့မှာ ဆက်ပြောလာ၏။သူမလေသံထဲတွင် မထီမဲ့မြင်ပြုသံတို့ပါနေလေသည်။

“ကံကောင်းမှုကို တစ်ခါလေးရလိုက်တာနဲ့ သူတို့ကိုယ်သူတို့ထူးခြားတယ်လို့ ထင်နေကြတာလေ။အခြားလူတိုင်းကို အစားထိုးပစ်နိုင်တယ်လို့ထင်ကြတာပေါ့”

“ငါ့အတွက်တော့ ဒါကအောက်ခြေလွတ်နေတဲ့အပြုအမူပဲ"

စူးယွင်သည် စိတ်အနှောင့်အယှက်မဖြစ်ပါဘဲ တန်း၍ပြန်ပြောလိုက်သည်။

“ဒါက အောက်ခြေလွတ်တာမဟုတ်ပါဘူး ယုံကြည်မှုရှိတာပါ”

“အကြီးအကဲရဲ့ဆုံးဖြတ်ချက်က ထက်မြက်တယ်လို့ ငါယုံတယ်။အချို့နေရာတွေမှာ ငါကနင့်ထက်ပိုတော်နေလို့နေမှာပေါ့”

ဝမ်လဲ့မှာသူမပါးစပ်ထောင့်အား တွန့်၍အေးစက်စက်ဖြင့် လှောင်ရယ်လာသည်။

“တကယ်ကို ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးလွန်းနေတာပဲ”

“မကြာခင်မှာ နင်သိလာပါလိမ့်မယ်”

စူးယွင်သည် တည်ငြိမ်သော်ငြား ခိုင်မာသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။

ရှောက်ချီသည် နှုတ်ခမ်းအားကိုက်လိုက်ပြီး ပြောလာ၏။

“စူးယွင် အဲဒါနဲ့ ပတ်သက်ပြီး....…”

စူးယွင်သည် ခေါင်းလှည့်ကြည့်ကာ အသားတစ်ဖက်ကိုကောက်ယူ၍ ရှောက်ချီပန်းကန်ထဲ ထည့်ပေးလိုက်သည်။

“ဒါကတော်တော်အရသာရှိတာမလို့ နင်ပိုစားသင့်တယ်”

ရှောက်ချီသည် သူမပန်းကန်ထဲမှ အသားကို စိုက်ကြည့်နေလိုက်သည်။ဒါကငါ့ကို ပိုစားပြီး စကားမပြောနဲ့ဆိုတဲ့သဘောလား။

“နင်စားလေ”

စူးယွင်သည် ခေါင်းစောင်းကာပြုံးပြလိုက်၏။

ရှောက်ချီသည် ပခုံးတွန့်ကာအသားတစ်ဖက်အားစားလိုက်သည်။

ကောင်းပြီလေ ငါတော့ပိုပြီးပဲစားလိုက်တော့မယ်။

ဝမ်လဲ့သည် ထရပ်လိုက်ကာ

“နင် ဒီလိုမျိုး အချိန်ကြာကြာမာနကြီးနိုင်ပါ‌စေလို့ ငါမျှော်လင့်တယ်”

“နင် နည်းနည်းလေးတောင်ထပ်မစားတော့ဘူးလား”

စူးယွင်သည် သူမ၏တူဖြင့် အစားအစာ အနည်းငယ်ကို ကောက်ယူကာ လေထဲတွင် ဝှေ့ယမ်းပြလိုက်သည်။

ဝမ်လဲ့သူ့ကိုလျစ်လျူရှုကာ ထွက်သွားလိုက်၏။

ရှောက်ချီသည် ရင်ဘတ်အားပုတ်ရင်း သက်ပြင်းချလိုက်သည်။

“နင်တို့ နှစ်ယောက် ရန်ဖြစ်တော့မှာလားလို့ ငါ တကယ်စိုးရိမ်နေခဲ့တာ”

“နင့်စိတ်ထဲမှာ ထူးထူးဆန်းဆန်းအတွေးတွေရှိနေတာမဟုတ်ဘူးလား”

စူးယွင်သည် အသာရယ်လိုက်မိသည်။

“ငါတို့အားလုံးက လူကြီးတွေပဲလေ။ဘယ်လိုလုပ်ပြီး ရန်ဖြစ်ရမှာလဲ”

“ဝမ်လဲ့မျက်နှာက အရမ်း မည်းမှောင်နေတာကို နင်မမြင်လိုက်ဘူးလား။ငါတောင် မော့မကြည့်ရဲဘူး”

ရှောက်ချီသည် ခုနမှအဖြစ်အပျက်ကြောင့် သိသိသာသာတုန်လှုပ်နေရင်း ပြောလိုက်သည်။

“အရမ်းတွေးမနေနဲ့။နင့်ဘာသာစားနေတာကိုပဲ အာရုံစိုက်စမ်းပါ”

စူးယွင်မှ ပြောပြီးသည်နှင့် ခေါင်းအားအသာယမ်းကာ ရယ်လိုက်မိသည်။

နောက်တစ်နေ့တွင် စူးယွင်သည်သူမ၏အလုပ်နေရာဆီ အချိန်မှန်ရောက်လာလေ၏။သူမမှတ်စုစာအုပ်ကို လှန်လှောကြည့်ကာ စားပွဲထက်ရှိ ပုံစံချထားသည်တို့ကို ကြည့်လိုက်သည်။

စူးယွင်မှာ မျက်မှောင်ကြုံ့လိုက်မိ၏။

ဘာနားကမှားနေတာလဲ။

“နင်ကနှစ်ဖက်လှပန်းထိုးနည်းသုံးတာမလို့ နှစ်ဖက်လုံးက ပုံစံတူနေဖို့လိုတယ်။နင်ရွေးထားတဲ့နေရာက အနောက်မှာပြတင်းပေါက်ရှိနေပြီး အလင်းကိုနင်ကိုယ်နဲ့ ကွယ်ထားမိနေတယ်”

အသံတစ်သံမှာ ဖြတ်ပြောလိုက်ပြီး ပြဿနာကိုထောက်ပြလာသည်။

စူးယွင်သည် စားပွဲခြေထောက်အား ထိန်းထားရင်း ပန်းထိုးပိတ်စကိုဖယ်ရှားရန် ခလုတ်ကိုနှိပ်လိုက်၏။သူမသည် ထိုနေရာအားစိုက်ကြည့်ရင်း ခဏတာရပ်တန့်သွားလေသည်။နှစ်စက္ကန့်ကြာပြီးနောက်တွင် သူမသည် အဝတ်စကိုလှန်လိုက်ပြီး ဆက်လက်စစ်ဆေးကြည့်လိုက်၏။

အနီးကပ်မကြည့်ပါဘဲ နှစ်ဖက်လုံးရှိပန်းထိုးလက်ရာတွင် ကွာခြားချက်ကိုရှာဖွေရန်မှာ ခက်ခဲလှပေသည်။

စူးယွင်သည် မျက်လုံးများအားမှေးကျဥ်းလိုက်ကာ ပိတ်စကို သူမ၏ပေါင်ထက်တင်လိုက်၏။

လက်တစ်ဖက်မှ ပန်းထိုးထည်ရှေ့ဘက်ရှိပုံစံကို ပွတ်သပ်ကြည့်နေစဉ် နောက်တစ်ဖက်မှာ နောက်ဘက်ရှိပုံစံအား ခံစားရင်းအောက်ထိစမ်းသွားလိုက်သည်။

သူမလက်ချောင်းများသည် အပေါ်မှ အောက်သို့ ပွတ်ဆွဲသွားပြီး ဟိုဘက်ဒီဘက်ဆုံသွားချိန်တွင် အနည်းငယ်မညီမညာဖြစ်နေသည့်နေရာတစ်ခုကို သတိပြုမိသွား၏။

ဒီနေရာမှာ နည်းနည်းလေးကွာနေတာပဲ။

“ကျေးဇူးပဲနော်”

စူးယွင်သည် ခေါင်းမော့၍ပြောလိုက်သည်။သူမလေသံမှာ တည်ငြိမ်နေပေသိ ရှာဖွေတွေ့ရှိမှုကြောင့် ကျေနပ်နေပါ၏။

နောက်တစ်စက္ကန့်တွင် သူမမျက်လုံးများမှာအံ့အားသင့်မှုကြောင့်ကျဉ်းမြောင်းသွားရသည်။

“ဒီလောက် အရည်အချင်းလေးနဲ့ နင်က ထိုက်တန်တယ်လို့ ထင်နေတာလား”

ဝမ်လဲ့၏လေသံသည် မထီမဲ့မြင်ပြုဟန်ပေါ်နေပြီး လှောင်ပြောင်မှုအပြည့်ပါဝင်နေလေသည်။

“အကြီးအကဲက နင့်ဆီက‌နေဘာတွေတွေ့လိုက်လို့လဲဆိုတာကို ငါတကယ်မသိတော့ဘူး”

စူးယွင်သည် အငြင်းမပွားဘဲရိုးရိုးရှင်းရှင်းသာ ကျေးဇူးတင်စကားအား ပြန်ပြောလိုက်သည်။

ထို့နောက် သူမသည်အပ်နှင့်အပ်ချည်အား ကောက်ယူကာ ထိုပန်းထိုးထည်အားဖြည်ပြီး ပြန်စလုပ်ရန်လုပ်လိုက်၏။

ဝမ်လဲ့သည် လှောင်ပြောင်ဟန်ဖြင့်နှာမှုတ်ကာ လျှောက်သွားတော့သည်။

စူးယွမ်သည် အဓိကအားဖြင့်အဝတ်အစားများ ပြုလုပ်ခြင်းကိုသာအာရုံစိုက်ထားလေ၏။ပန်းထိုးပုံစံများစွာမှာလည်း ပုံဆွဲပြီးသားဖြစ်လေသည်။သူမသည် အရာပေးထားသည့်ပေါ်ထပ်၍ ပန်းထိုးရန်သာလိုအပ်လေ၏။

စူးယွင်သည် သူမအဘွားဆီမှပန်းထိုးနည်းများစွာကို သင်ယူခဲ့ပေသိ ဝမ်လဲ့ကဲ့သို့ကျွမ်းကျင်ပညာရှင်များနှင့် နှိုင်းယှဉ်ကြည့်လျှင် အားနည်းလွန်းနေသေးသည်။

စူးယွင်သည် ချည်အားလုံးကို ဂရုတစိုက်ဖြင့်ပြည်ဖြည်ကာ မူလကပြသထားသော နည်းလမ်းအတိုင်း ပြန်စလိုက်၏။

သူမသည်တစ်မနက်လုံးထိုင်ခုံတွင်တုတ်တုတ်မှမလှုပ်ဘဲထိုင်နေပေသိ အပြီးသတ်အဆင့်များတွင်ပင် နောက်ဖက်ပုံစံသည် ရှေ့ဖက်နှင့်အပြည့်အဝပနံသင့်မနေသေးချေ။

စူးယွင်သည် နှုတ်ခမ်းအားကိုက်ကာ အမျိုးသမီးကျောက်၏‌နောက်ကျောကို လှမ်းကြည့်လိုက်သည်။အမျိုးသမီးကျောက်မှ အလုပ်များနေခြင်းမရှိသည်ကို မြင်သောအခါ သူမသည်ပန်းထိုးပိတ်စကို ချက်ချင်းဆွဲယူပြီး အမျိုးသမီးကျောက်ဆီ အပြေးသွားလိုက်၏။

“အမျိုးသမီးကျောက် ကျွန်မတစ်ခုလောက်အကူအညီတောင်းလို့ရမလား”

“ဘာကိစ္စလဲ”

အမျိုးသမီးကျောက်သည် သူမလုပ်လက်စအရာကိုချထားပြီး စူးယွင်၏လက်ထဲမှ ပန်းထိုးပိတ်စကို ယူလိုက်သည်။

“ဒီနေရာလား”

သူမ၏လက်ချောင်းများသည် ပန်းထိုးပုံစံ၏အဆုံးတွင် ထောက်ပြလာသည်။

“ဟုတ်တယ် ဟုတ်တယ် အဲနေရာပဲ”

စူးယွင်သည် သူမဘာသာအံ့ဩတကြီးတွေးလိုက်မိ၏။အကြီးတန်းအဖွဲ့ဝင်တွေနဲ့ လေ့ကျင့်ထားတဲ့ အလယ်အလတ်အဖွဲ့ဝင်တစ်ဦးဆိုတာက‌တော့ တစ်ကယ်ကိုထင်ထားတဲ့အတိုင်းပဲ။

“ကျွန်မအကြာကြီးလေ့ကျင့်ခဲ့ပေမယ့် ဘာကပြဿနာဖြစ်နေလဲဆိုတာ မသိဘူး”

စူးယွင်သည် ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

“နှစ်ဖက်လှပန်းထိုးနည်းရဲ့ အဓိကအင်္ဂါရပ်တွေထဲကတစ်ခုက ချည်တွေကို ကောင်းကောင်းပိုင်းခြားတတ်ဖို့ပဲ။ဒီအချက်က ဒီဇိုင်းရဲ့လက်ရာကို သိမ်သိမ်မွေ့မွေ့လေးဖော်ပြလို့ရစေနိုင်သလို ရှေ့ဘက်နဲ့နောက်ဘက်နှစ်ဖက်လုံးက‌နေ လှပတဲ့ရလဒ်တူတွေကိုထွက်လာနိုင်စေတယ်”

အမျိုးသမီးကျောက်သည် ပင်စည်ထက်ရှိ သစ်ရွက်ပုံကို ညှပ်ကိုင်ကြည့်ရင်းရှင်းပြလာသည်။

“မင်းမြင်တဲ့အတိုင်းပဲ။ရှေ့ဘက်ပုံစံက နောက်ဘက်ထက်ပိုပြီး ရုပ်လုံးပေါ်နေတာ"

အမျိုးသမီးကျောက်သည် ပန်းထိုးပိတ်စကိုယူကာဖယ်ပစ်လိုက်ပြီး အသစ်တစ်ခုဖြင့် အစားထိုးလိုက်သည်။

“တကယ်တော့ ဒါကတော်တော်လေးရိုးရှင်းပါတယ်။ပန်းထိုးတဲ့အခါမှာ ငါတို့ကအများကြီးမဟုတ်ဘဲ နှစ်ချက်သုံးချက်လောက်ပဲ ချည်ထုံးရင်ရပြီ။နည်းနည်း‌လောက်ဆိုရင်ကိုရပြီ။ပြီးရင်အဆုံးသတ်မှာ ချည်နည်းနည်းလေးချန်ထားခဲ့လိုက် ရှည်ဖို့မလိုဘူး။ချည်က မတော်တဆရှည်သွားရင်လည်း ဖြတ်လိုက်ရုံပဲ”

အမျိုးသမီးကျောက်မှ ဆက်ပြောလာ၏။

အမျိုးသမီးကျောက်မှာ ပြောနေစဉ်တွင်ပင် လက်ဖြင့်သရုပ်ပြလိုက်သည်။

“နှစ်ဖက်လှ ပန်းထိုးနည်းရဲ့အဓိကအချက်က ဒါပါပဲ။ငါတို့ချုပ်ရိုးတွေက တစ်ခုနဲ့တစ်ခု ကပ်ကပ်လေးရှိနေရမယ်။ငါတို့ကချုပ်ရိုးကို‌ ကျော်တာမျိုးတို့ ချန်ထားခဲ့တာမျိုးတို့လုပ်လို့မရဘူး။မဟုတ်ရင် ချုပ်ရိုးတွေရဲ့ တစ်သမတ်ကျမှုက ပျက်သွားလိမ့်မယ်”

“နောက်ဆုံးအနေနဲ့ ချုပ်ရိုးအဆုံးသတ်တဲ့အခါ စလုပ်တုန်းကပုံစံအတိုင်းပဲ ချုပ်ရိုးက သပ်သပ်ရပ်ရပ်အဆုံးသတ်ထားတယ်ဆိုတာ သေချာစေဖို့နှစ်ချက်လောက်ထုံးပေးရုံပဲ”

ချောမွေ့သောလှုပ်ရှားမှုတစ်ရပ်တည်းဖြင့် ဇီဇဝါပန်းဖူးတစ်ခု ပုံသဏ္ဌာန်စတင်ပေါ်လာလေသည်။

ထိုသည်မှာ အပြီးအစီးပန်းထိုးထားသည် မဟုတ်သော်ငြား ပြသလာသည့် ကျွမ်းကျင်မှုမှာ စူးယွင်အားအလွန်အထင်ကြီးစေခဲ့၏။

အမျိုးသမီးကျောက်မှာ ဆက်ပြောလာသည်။

“မင်းရဲ့ပန်းထိုးနည်း‌တွေကတော်တော်ကောင်းပါတယ်။ဒါပေမယ့် အသေးစိတ်လုပ်နိုင်ဖို့က လိုနေသေးတယ်။မင်းဒီနည်းလမ်းတွေကို ပိုလေ့ကျင့်လို့ရတယ်”

“ကျေးဇူးပါနော် အမျိုးသမီးကျောက်”

“မင်းလက်ရာကို ငါမြင်ဖူးတယ်။မင်းရဲ့တီထွင်ဖန်တီးနိုင်စွမ်းက တော်တော်ကြီးကိုကောင်းတယ်။အဲ့တော့ပိုခက်ခဲတဲ့ပန်းထိုးနည်းတွေကို မင်းကောင်းကောင်း ကိုင်တွယ်နိုင်မှာပါ။ ပြီးတော့မင်းရဲ့ ချည်ထိုးနည်းအမျိုးအစားတွေက နည်းနည်းအကန့်အသတ်ရှိနေတယ်။အဲ့ဒါက လက်ရည်ကျင့်သားရအောင်လုပ်တဲ့နေရာပဲ”

အမျိုးသမီးကျောက်သည် ပြောပြီးသည်နှင့်စားပွဲထက်ရှိ စာအုပ်ထံလှမ်းကြည့်လိုက်သည်။

“ဌာနမှာ တီထွင်ဖန်တီးနိုင်စွမ်း တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ဒီထဲမှာနည်းစနစ်တွေ အများကြီးရှိတယ်။မင်းပိုပြီးသင်ယူသင့်တယ်”

“နားလည်ပါပြီ”

“အလုပ်ဆက်လုပ်ချေတော့။မသိတာရှိရင် ငါ့ဆီလာဖို့တုံ့ဆိုင်းမနေနဲ့”

စူးယွင်သည် သူမ၏ထိုင်ခုံဆီပြန်သွားထိုင်လိုက်ပြီး ချုပ်ရိုးများကိုဖြည်ကာ အမျိုးသမီးကျောက်၏ သင်ကြားမှုများအပေါ်အခြေခံ၍ ပန်းထိုးခြင်းကိုပြန်လည် စတင်လိုက်သည်။

သူမ၏သင်ယူနိုင်စွမ်းမှာ အားကောင်းလှရာတစ်ချက်ကြည့်ရုံဖြင့် နည်းစနစ်ကိုသူမ နားလည်သွားလေ၏။

မကြာခင်တွင်ပင် သူမမှာ ပုံစံ၏အဆုံးသတ်များကို သပ်သပ်ရပ်ရပ် ပြီးစီးခဲ့သည်။ကျန်နေသော ပြဿနာများမရှိတော့ကြောင်း သေချာစေရန် စူးယွင်သည်ပန်းထိုးထည်ကို ဂရုတစိုက်ကောက်ယူကာ ရှေ့နောက် ဘယ်ညာအစုံမှ စစ်ဆေးကြည့်လိုက်၏။ပန်းထိုးပုံစံသည် လုံးဝပြီးပြည့်စုံစွာ ကိုက်ညီနေလေသည်။အမျိုးသမီးကျောက်သည် အမှန်တကယ်ပင် ကျွမ်းကျင်သူဖြစ်လေ၏။

အမျိုးသမီးကျောက်၏ လမ်းညွှန်မှုများကို ဆက်လက်လိုက်နာပါက သူမသည်များစွာ သင်ယူနိုင်မည်ဟုတွေးလိုက်မိသည်။အချိန်မှာ လျင်မြန်စွာဖြင့်ကုန်လွန်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် စူးယွင်မှ ဌာနတွင်းသင်ယူနေသည်မှာ တစ်လပြည့်ခဲ့ပြီပင်။

စူးယွင်သည် သူမ၏အားနည်းချက်များကို ကြိုးစားအားထုတ်မှုဖြင့် ပြန်လည်ဖြည့်ဆည်းနိုင်ရန် မျှော်လင့်ရင်း လူတိုင်း၏တိုးတက်မှုများအား အမြန်ဆုံးလိုက်မှီနိုင်ရန်ရည်စူးကာ နေ့ရောညပါလေ့လာမှုများတွင် ပိုမိုတတ်ကျွမ်းသူများထံမှ လမ်းညွှန်မှုများ တောင်းခံခဲ့သည်။သူမ၏ ကြိုးစားအားထုတ်မှုများသည် အလဟသမဖြစ်ခဲ့ပေ။သူမ၏ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ထူးခြားသော အရည်အချင်းကြောင့် တစ်လအတွင်း ပန်းထိုးနည်းအများစုကို သူမ ကျွမ်းကျင်ခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို အံ့အားသင့်စေခဲ့သည်။

ရုန်စာပင်လျှင် သူမ၏လက်ရှိစွမ်းရည်များကို အထင်ကြီးခဲ့၏။မနက်စောစောတွင် သူမသည် ပန်းထိုးခန်းထဲသို့ဝင်ရောက်လာပြီး ယခုနှစ်မိဖုရားကြီး၏မွေးနေ့ အခမ်းအနားဝတ်စုံကို စူးယွင်မှတာဝန်ယူမည်ဖြစ်ကြောင်း လူတိုင်းထံအကြောင်းကြားခဲ့သည်။

“စူးယွင်ရဲ့ ပြီးခဲ့တဲ့ကာလအတွင်း စွမ်းဆောင်ရည်ကို လူတိုင်းကအသိအမှတ်ပြုခဲ့ကြတယ်။သူမကဒီအလုပ်ကို အကောင်းဆုံး လုပ်နိုင်မယ်လို့လည်း ငါယုံကြည်တယ်”

စူးယွင်၏ လျင်မြန်သောတိုးတက်မှုမှာ လူများအား စကားမပြောနိုင်အောင်ဖြစ်စေခဲ့ပြီး လူတိုင်းသည် သဘောတူကြောင်း ခေါင်းညိတ်ပြလာခဲ့ကြသည်။

“လူတိုင်း သဘောတူတယ်ဆိုရင် ဒါဆို..…”

"အကြီးအကဲ ကျွန်မသဘောမတူပါဘူး”

နောက်မှရောက်လာသော ဝမ်လဲ့သည်စူးယွင်၏မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး သူမမျက်ဝန်းများထဲရှိ မထီမဲ့မြင်ပြုမှုမှာ ရရှင်းရှင်းကြီးမြင်နေရသည်

All Chapters