← Chapters

ထျန်းရီဝူ၏ အစီအစဉ်

Vol. 124 Ch. 1726

ထျန်းရီဝူ၏ အစီအစဉ်

Vol. 124 Ch. 1726

ချိပ်ပိတ်နယ်မြေ၏ ရွေးချယ်ခံ အုပ်စု တစ်ခုထဲတွင်တော့ ရှောင်ယန်ယွဲ့မှာ ဖြည်းညင်းစွာပင် မတ်တပ်ရပ်လိုက်၏။ စန်းယွန်းလီက သူမ၏ ဘေးနားသို့‌ လျှောက်လာကာ ဖေးမ ပေးလိုက်၏။ မိန်းကလေးမှာ ပြန်လည် သတိရလာခဲ့ပြီ ဖြစ်သော်လည်း အားနည်းနေသည့် အခြေအနေတွင်ပင် ရှိနေသေးဆဲ ဖြစ်သည်။

“ကျေးဇူးပါပဲ...”

ရှောင်ယန်ယွဲ့က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ပလ္လင်ထက်မှ စုမေ့ကို လှမ်းကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ ဆည်းဆာ ရောင်စဉ်မှ မွေးဖွားလာသည့် ငယ်ရွယ် နုပျိုသော နတ်ဘုရားမ တစ်ပါး အလား ထင်ရသည်။

အဆုံးမဲ့ ခမ်းနားထည်ဝါမှု၊ မြင့်မြတ် သန့်စင်မှု၊ ရဲရင့် တည်ကြည်သည့် နှလုံးသား၊ အတိုင်းထက် အလွန် ကြောက်စရာ ကောင်းခြင်း...

ထိုအရာများမှာ သူမကို ဖော်ပြနိုင်သည့် စကားလုံးများ ဖြစ်သည်။ ရှောင်ယန်ယွဲ့ တစ်ယောက် နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမထံတွင် ရွေးချယ်ခံ ဧကရာဇ် တစ်ယောက် ဖြစ်လာလိုသည့် မျှော်လင့်ချက်များ ရှိခဲ့သည်။ ကံဆိုးစွာပင်...

သူမ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။

“နောက်တစ်ကြိမ်ပေါ့...”

စန်းယွန်းလီမှာ ရှောင်ယန်ယွဲ့၏ ရေရွတ်သံကို ကြားလိုက်ရလေရာ မျက်မှောင်ကြုတ် လိုက်မိ၏။ တင်းတင်းဆုပ်ထားသည့် လက်သီးများကို မြင်လိုက်ရသော အခိုက်တွင်တော့ သူမ ပြောဖို့ ဆုံးဖြတ်လိုက်သည်။

“နောက်တစ်ကြိမ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး... ဒါက နောက်ဆုံး ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲပဲ...”

မိန်းကလေး၏ လေသံက ခံစားချက် ကင်းမဲ့သော်လည်း တိကျ သေချာ၏။ ကောင်းကင်လမ်းစဉ် စာအုပ်မှာ ထိုအချက်ကို တသမတ်တည်း အတည်ပြုထားသည်။ လွဲနိုင်စရာ အကြောင်း မရှိတော့ချေ။

“ဘာလဲ...”

ရှောင်ယန်ယွဲ့နှင့် ယီရွှယ်ဟန်တို့ နှစ်ယောက်စလုံး စန်းယွန်းလီကို ကြည့်လိုက်မိကြ၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ အဇူရာ မူလ ကြယ်စင်စု၏ ယဉ်ကျေးမှုတွင် အမြစ်တွယ်နေသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။ လူငယ်တိုင်းမှာ ၎င်းကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် အသည်းအသန် လေ့ကျင့်ကြသည်။ လေ့ကျင့်ရသည်နှင့် ထိုက်တန်အောင်လည်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက အလွန် အဖိုးတန်သည့် ဆုများကို ပြန်လည် ချီးမြှင့်သည်။ ၎င်းသာ မရှိတော့ပါက ကျင့်ကြံခြင်း လောကက ကာလ တစ်ခု၊ မျိုးဆက် တစ်ခု အထိ ဆုတ်ယုတ်သွားလေမည်လား မပြောတတ်ပါချေ။

ယီယွင်က အံကို တင်းတင်းကြိတ်လိုက်၏။

“အစ်မကြီး ယွန်းလီ... သေချာလား...”

"..."

စန်းယွန်းလီက ခေါင်းညိတ်ရုံသာ တုန့်ပြန်၏။ သူမ၏ အကြည့်များက အဝေးရှိ မိုးကုပ်စက်ဝိုင်း တစ်နေရာထံ ဖြည်းညင်းစွာပင် ရွေ့လျား သွားခဲ့သည်။

“ကျွန်မတော့ မယုံဘူး... ထာဝရ ဧကရာဇ် အသက်ရှင်နေသမျှ ကာလပတ်လုံး ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက ဆက်ရှိနေမှာပဲ... ဘာလို့ အဆုံးသတ်ရမှာလဲ...”

ရုတ်တရက် ယီရွှယ်ဟန်မှာ တစ်စုံတစ်ခုကို တွေးမိသွားကာ ထိတ်လန့်စွာဖြင့် မေးလိုက်၏။

“ဒါမှမဟုတ်... ထာဝရ ဧကရာဇ် သေသွားပြီလား...”

သူမ၏ မေခွန်းက ဝန်းကျင် တစ်ခုလုံးကို သက်တောင့်သက်သာ မရှိသည့် ခံစားချက်များဖြင့် ပြည့်နှက် သွားစေခဲ့သည်။ သို့သော်လည်း... စန်းယွန်းလီကတော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူမ မသိချေ။ သူမသိသည့် တစ်ခုတည်းသော အရာက ကောင်းကင်လမ်းစဉ် စာအုပ်တွင် ဤတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို နောက်ဆုံး ပြိုင်ပွဲ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ သူမ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များနှင့်လည်း ကိုက်ညီသည်။ မည်ကဲ့သို့ မှားနိုင်မည်နည်း။

အုပ်စု တစ်ခုလုံး တုန်လှုပ် သွားကြ၏။ ထိုအရာက ဖြစ်နိုင်သလော။

...

ရွှယ်ရီဖေးမှာ စုမေ့ကို လှမ်းငေးကြည့် နေခဲ့၏။ ထိုအခိုက်၌ ပထမ အာဏာရှင်မှာ အကန့်အသတ်မဲ့ ခမ်းနား ထည်ဝါမှုများကို ထုတ်လွှတ် နေခဲ့သည်။ ခေါင်းပေါ်ရှိ သရဖူမှာ သူမ၏ အသွင်အပြင်ကို အဆပေါင်းများစွာ ပိုမို ကျက်သရေ ရှိစေခဲ့၏။ ထာဝရ သရဖူမှာ အမြဲတမ်း ထူးခြားသော အရာတစ်ခု ဖြစ်ခဲ့ပေသည်။

“ကျွန်မတို့ ဘာဆက်လုပ်ကြမှာလဲ...”

သူမက ခင်ပွန်းဖြစ်သူကို မေးလိုက်၏။ တကယ်တမ်း ပြောရပါက ခင်ပွန်းလား စေ့စပ်ထားသည့် သတို့သားလောင်းလား သူမ ခွဲခြား မရပါချေ။

တရားဝင် ဇနီးမယား အဆင့်အတန်းကို အသိအမှတ် ပြုရန် အတွက် ဝေ့ဝူယင်က ခမ်းခမ်းနားနား မင်္ဂလာပွဲ တစ်ခု ပြုလုပ်ဦးမည်လား... သို့မဟုတ် ရိုးရှင်းစွာပင် ယခု သူ၏ ဇနီးမယား ဖြစ်ပြီလား ရွှယ်ရီဖေး မသိပါချေ။ သူမကို ရွေးချယ်ခွင့် ပေးပါက ပထမ တစ်ခုကိုသာ ပိုမို နှစ်ခြိုက်မိလိမ့်မည် ဖြစ်သည်။ မည်သည့် မိန်းကလေးမျိုးက ခမ်းနားထည်ဝါပြီး မမေ့နိုင်သည့် မင်္ဂလာပွဲမျိုးကို မလိုချင်ပဲ နေပါမည်နည်း။ သူမ တောင်မှ ချွင်းချက် မဟုတ်ပါချေ။

တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများကတော့ ထျန်းရီဝူ၏ ပုံရိပ်ကို လိုက်ကြည့် နေခဲ့၏။ သတ္တမမြောက် မင်းသားမှာ အချိန်မလောက်မှာကို စိုးရိမ်သည့် အလား ကြယ်တာရာ စွမ်းအင်များကို အသုံးပြုရင်း နယ်မြေများ အနှံ့ ဖြတ်သန်းကာ ဝင်္ကပါ အလံများကို ဆက်လက် စိုက်ထူနေဆဲ ဖြစ်သ်ည။ သူ့ကို ကြည့်ရတာက အတော်လေး ပျော်စရာ ကောင်းလှပေသည်။

“ခဏစောင့်ကြမယ်...”

ဝေ့ဝူယင်က ပြုံးရင်း ဖြေလိုက်၏။ ရွှယ်ရီဖေးက နာခံစွာ ခေါင်းညိတ်သော်လည်း သူမ၏ မျက်ဝန်းများကတော့ သိလိုစိတ်များနှင့် ဆက်လက် မျှော်လင့်နေဆဲ ဖြစ်သည်။

ဝေ့ဝူယင် ရွှယ်ရီဖေးကို ကြည့်လိုက်မိ၏။ သူမထံမှ မျှော်လင့်ချက်များကို သူ ခံစားမိပေသည်။ ပုံမှန်ဆိုလျှင် ဝေ့ဝူယင်မှာ သူ၏ အတွေး လုပ်ငန်းစဉ်ကို အခြားလူများနှင့် မျှဝေလေ့ မရှိပါချေ။ သို့သော်လည်း... ရွှယ်ရီဖေးမှာ သူ့ဘဝတွင် ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်ပါတော့ချေ။ ထို့ကြောင့်ပင်... ရှင်းပြဖို့ ဆုံးဖြတ်လိုက်၏။

“သတ္တမမြောက် မင်းသား ထျန်းရီဝူက အဆင့်မြင့် လျှို့ဝှက် လောက အစီအရင် တစ်ခုကို တည်ဆောက်နေတယ်... သူ ပြီးသွားတဲ့ အချိန်အထိကို ငါ စောင့်နေတာ... အဲဒီကိစ္စကြောင့်ပဲ ထာဝရ သရဖူ အခမ်းအနားရဲ့ အဆုံးသတ်ကို နည်းနည်း အချိန်ဆွဲထားတယ်... ပုံမှန်ဆိုရင် ဘိသိက်ခံပွဲ ပြီးတာနဲ့ လောကနှစ်ခုစလုံးက ရွေးချယ်ခံတွေကို သက်ဆိုင်ရာ နေရာတွေဆီ ပြန်ပို့ပေးတယ်... အဲဒါကို ခွင့်ပြုလိုက်ရင် ထျန်းရီဝူရဲ့ ကြိုးစား အားထုတ်မှု အားလုံး ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားလိမ့်မယ်”

ဝေ့ဝူယင် ခဏမျှ ရပ်လိုက်၏။ ရွှယ်ရီဖေး၏ မျက်ဝန်းများမှာ ကျေနပ်မှု၊ နွေးထွေးမှု အရိပ်အယောင်များနှင့် ပြည့်နှက် သွားခဲ့သည်။ ဝေ့ဝူယင်မှာ ဇနီးမယား တစ်ယောက်အနေဖြင့် သူမ၏ ခံစားချက်များကို ထည့်တွက်ကာ ရှင်းပြပေးခဲ့ခြင်း ဖြစ်ကြောင်း သူမ ခံစားမိပေသည်။ မိန်းကလေး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။

သို့သော်လည်း... သူမ သိချင်သည့် အရာများ ရှိပေသေးသည်။

ဂသူတို့က အလွှာအပြင်က လောကကို ပြန်မှာပေါ့ ဟုတ်လား... ရှင်ပြောဖူးတဲ့ အဇူရာ မူလ ကြယ်စင်စု ဂလက်စီ နယ်မြေဆိုတာလား...”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ တည်နေရာ အရ ဆိုရလျှင် သူတို့သည်လည်း အဇူရာ မူလ ကြယ်စင်စု၏ တစ်စိတ်တစ်ပိုင်းများ ဖြစ်ကြသည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်သောင်းကျော်လောက်တုန်းက သူတို့၏ မွေးရပ်မြေကို ဂလက်စီ နယ်မြေ၏ အခြားနေရာများနှင့် ပိုင်းခြားကာ ချိပ်ပိတ်ခဲ့သည်ဟု ဆိုသည်။

“အဲဒီကို သွားဖို့ ကျွန်မတို့ အတွက် ဖြစ်နိုင်ရဲ့လား...”

ရွှယ်ရီဖေးက မေးလိုက်၏။ သူမ၏ မျက်ဝန်းများမှာ နေရာအသစ်ကို စူးစမ်း ရှာဖွေလိုသည့် ဆန္ဒများနှင့် တလက်လက် တောက်ပနေခဲ့သည်။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“ဖြစ်နိုင်တာပေါ့... မင်း သွားချင်လား...”

သူ မညာချေ။ ချိပ်ပိတ်နယ်မြေ အတွင်းမှ ထွက်ခွာလိုလျှင် သူ့ထံတွင် နည်းလမ်းပေါင်း ဒါဇင်နှင့်ချီ၍ ရှိပေသည်။ သူ့ကို မည်သည့် အရာမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။

ရွှယ်ရီဖေးမှာ ခေါင်းညိတ်မလို ပြင်လိုက်သော်လည်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အကြောင်း ပြန်လည် တွေးလိုက်မိသော အခါတွင်တော့ တွေဝေသွားသည်။

သာယာ အေးချမ်းသည့် ဂြိုဟ်နှင့် လများ၊ သူမကို ဧကရီ တစ်ပါးလို လေးစားသည့် ပြည်သူပြည်သားများ၊ သူမ ချစ်မြတ်နိုးရသည့် သူတို့...

ထာဝရ သရဖူ လုပွဲ အတွင်း၌ အာဏာရှင် အဖွဲ့ဝင် တစ်ယောက်ကိုမှ မသတ်ဖြတ်ခဲ့ခြင်းအား ထောက်ချင့်ရလျှင်ပင် ရွှယ်ရီဖေး၏ သူတို့ အပေါ် သံယောဇဉ်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။

ကြာကြာ မစဉ်းစားလိုက်ရပါချေ။ မိန်းကလေးက ပြတ်သားစွာပင် ခေါင်းခါလိုက်၏။ ဤနေရာကို သူမ စွန့်ပစ်သွားလိမ့်မည် မဟုတ်ချေ။ အကယ်၍ အလွှာအပြင်က လောကကို သွားရောက်ခဲ့လျှင်ပင် အလည်အပတ် ခရီးသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ ရွှယ်ရီဖေး နေရာတွင် နာ့ရှင်းရီ ဆိုပါက ကျိန်းသေပင် ခေါင်းညိတ်လိမ့်မည် ဖြစ်သည်။ သူမက ကိုယ်ပိုင် နာမည် တစ်ခုကို တည်ဆောက်လိုသူ ဖြစ်သည်။ ကိုယ့်လမ်းကို ဖောက်လိုသူ ဖြစ်သည်။ အဇူရာ မူလ ကြယ်စင်စု နယ်မြေမှာ သူမ အတွက်တော့ စွန့်စားခန်း ဖွင့်ဖို့ အလွန် သင့်တော်သည့် နေရာသစ် တစ်ခု ဖြစ်ပေသည်။

ရွှယ်ရီဖေးကို ကြည့်ရင်း ဝေ့ဝူယင်မှာ နွေးထွေးမှုတို့ကို ခံစားလိုက်ရသည်။ သူမက သူ၏ ဇနီးမယား ဖြစ်ဖို့၊ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ဧကရီ တစ်ပါး ဖြစ်လာဖို့ အလွန် သင့်တော်သူပင်။

“အစီအရင်ကရော... သတ္တမမြောက် မင်းသားက ဘာလုပ်နေတာလဲ...”

မိန်းကလေးက မူလ ခေါင်းစဉ်ကိုသာ ပြန်လည်၍ ဦးတည်လိုက်လေ၏။

***

All Chapters