← Chapters

အဆုံးစွန် အထိ

Vol. 124 Ch. 1729

အဆုံးစွန် အထိ

Vol. 124 Ch. 1729

ဝရုန်း...

ကြိုတင် နိမိတ်ပြသည့် အရိပ်အယောင် တစ်ခုမှ မရှိပါပဲ ရုတ်ချည်းဆိုသလိုပင် လောကတစ်ခုလုံးမှာ ငလျင်လှုပ် သကဲ့သို့ တုန်ခါ သွားခဲ့၏။ ၎င်းမှာ ခဏတာမျှသာ ကြာမြင့်ခဲ့သော်လည်း ပြင်းထန်မှုက ဖော်ပြလို့ မရနိုင်အောင် ရှုပ်ထွေးလွန်းလှသည်။

အချို့မှာ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်း အခြေခံများကိုပင် ပိုင်ဆိုင်ထားကြသော်လည်း ခန္ဓာကိုယ် ဟန်ချက်ကို ဆုံးရှုံးခဲ့ကြကာ ပက်လက်လန် ဖြစ်စေ၊ မှောက်လျက် ဖြစ်စေ လဲကျသွားခဲ့ကြသည်။ သူတို့က ချက်ချင်းပင် မန်နာကို ထိန်းချုပ်ကာ ကောင်းကင်ပေါ်သို့ တက်ဖို့ ကြိုးပမ်းလိုက်ကြသော်လည်း ၎င်းကို ခံစားလို့ မရတော့ကြောင်း တွေ့မြင်လိုက်ရသည်။

“ဘာဖြစ်တာလဲ…”

“မန်နာက ပုံမှန် မဟုတ်တော့ဘူး…”

“သတိထားကြ… နောက်ထပ် စိန်ခေါ်မှု တစ်ခု လာတာ ဖြစ်နိုင်တယ်”

ချက်ချင်းပင် များလှစွာသော ရွေးချယ်ခံများမှာ ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် အကဲခတ်ကာ အချိန်မရွေး ပေါ်လာနိုင်သည့် အန္တရာယ်များကို ခုခံဖို့ အသင့်ပြင်လိုက်ကြသည်။

ထျန်းရီဝူ၏ မျက်နှာက စက္ကူတစ်စနှယ် ဖြစ်ရော် နေခဲ့ပြီ ဖြစ်သည်။ သူ၏ နဖူးနှင့် နောက်ကြောတို့တွင် ချွေးများမှာ တရစပ် စီးကျ နေခဲ့၏။ သူ၏ လက်ချောင်းထိပ်များတွင်တော့ မမြင်နိုင်သည့် စွမ်းအင်များမှာ ပြင်းထန်စွာ ကခုန် နေခဲ့သည်။ ထျန်းရီဝူ နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခု ပြုလုပ်ဖို့ ကြိုးပမ်းလိုက်၏။ ၎င်းက ပထမ တစ်ကြိမ်ကထက် အဆပေါင်းများစွာ ပိုမို ခက်ခဲလှပေသည်။ သူ၏ နဖူးနှင့် လက်မောင်းများပေါ်တွင် သွေးကြောများမှာ ဖောင်းကြွလာခဲ့၏။

သို့သော်လည်း သူ အောင်မြင်စွာပင် အဆုံးသတ်နိုင်ခဲ့သည်။

ဝရုန်း…

လောကက နောက်တစ်ကြိမ် ပြင်းထန်စွာ လှုပ်ခါသွားပြန်လေရာ ကျင့်ကြံသူများမှာ ခေါင်းမူး လာကြ၏။ အချို့သော ကျင့်ကြံသူများမှာ ဆန်ကောထဲမှ ဇီးစေ့များ ကဲ့သို့ လှုပ်ယမ်း ခုန်ပေါက်ကာ ရေခဲတောင်များ၊ သဲကန္တာရများ၊ ကျောက်တောင်များနှင့် သစ်ပင်ကြီးများထံ လွင့်စဉ် သွားခဲ့ကြသည်။

ထိတ်လန့် တုန်လှုပ်စွာ အော်ဟစ်သံများမှာ နေရာတိုင်း၌ ပေါ်ထွက်လာခဲ့၏။ တူလာရီ ဆိုလျှင် မိုင်ပေါင်း သုံးရာ အထိ လွင့်စဉ်သွားကာ မီးတောင် တစ်ခုကို ပြင်းထန်စွာ ဝင်တိုက်မိခဲ့သည်။ ထို့အပြင် သူမ၏ နံဘေးမှ နေ၍ ကောင်းကင်သို့ လွင့်စဉ် သွားခဲ့သည့် လူတစ်ဦးကိုလည်း တွေ့ခဲ့ရ၏။

တန်ဘူမာမှာ အလွန်ပင် ထိတ်လန့် တုန်လှုပ် နေခဲ့ပြီ ဖြစ်သည်။ မည်သည့် အရာများ ဖြစ်နေသနည်း။ ကမ္ဘာပျက် ကပ်ဘေး တစ်ခုများလော။

ထျန်းရီဝူ၏ မျက်လုံးတစ်ခုလုံးမှာ လုံးဝ နီးပါး အနီရောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မမြင်နိုင်သည့် စွမ်းအင်များမှာ သူ၏ လက်မောင်းများမှ တစ်ဆင့် ခန္ဓာကိုယ်၏ အချို့သော အစိတ်အပိုင်းများ အထိပင် ပျံ့နှံ့ သွားခဲ့၏။ သူ လက်ချောင်းများကို အသုံးပြုရင်း နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခုဖွဲ့စည်းဖို့ ကြိုးပမ်းလိုက်သည်။

ဝရုန်း…

တတိယမြောက် လှုပ်ခါခြင်းနှင့် အတူ လောကတစ်ခုလုံးမှာ လုံးဝ ကစဉ့်ကလျား အခြေအနေကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင်များစွာမှာ ကောင်းကင်တွင် လွင့်စဉ်ရင်း မိုးစက်များ အလား ပြုတ်ကျ နေကြ၏။ သူတို့ ကိုယ့်ကိုယ်ကို ရပ်တန့်နိုင်ခြင်း မရှိသလို ကျင့်ကြံခြင်း အခြေခံများကိုလည်း လည်ပတ်နိုင်စွမ်း မရှိကြချေ။

ယုတ်စွအဆုံး စကားပင် မပြောနိုင်ကြ။ ပတ်ဝန်းကျင် တစ်ခုလုံးက တစ်နည်းနည်းဖြင့် ပြောင်းလဲ သွားခဲ့ကာ အသံလှိုင်းများနှင့် ဝိညာဉ် စွမ်းအင် ထုတ်လွှတ်မှုများကို လုံးဝ တားဆီးထားခဲ့သည်။ ရွေးချယ်ခံများ၏ နှလုံးသားများမှာ ထိတ်လန့် တုန်လှုပ်စွာဖြင့် တဒိုင်းဒိုင်း ခုန်နေခဲ့ကြပြီ ဖြစ်လေသည်။

မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။

ထာဝရ သရဖူ အခမ်းအနား၏ ကြီးကြပ်သူမှာ ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမမှာ လောကခွဲ တစ်ခုထဲတွင် ရှိနေသည့်တိုင် အခြားလူများ ကဲ့သို့ ပစ်ပေါက် ခံနေခဲ့ရသည်။ လောကရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့်ပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။

“ဟား… ဟား…”

ဝမ်ယုထျန်းကတော့ လေပေါ် ပျံဝဲနေစဉ်တွင်ပင် သဘောကျစွာ ရယ်မောနေခဲ့၏။ ထာဝရ သရဖူ အခမ်းအနား ကြီးကြပ်သူနှင့် ခြားနားစွာပင် သူက မည်သည့် ခုခံမှုကိုမှ ပြုလုပ်ခြင်း မရှိပါချေ။

ဟူး… ဟူး…

ထိုအခိုက်၌ မမြင်နိုင်သည့် စွမ်းအင်များမှာ ထျန်းရီဝူ၏ တစ်ကိုယ်လုံးကိုပင် လွှမ်းခြုံ နေခဲ့ပြီ ဖြစ်သည်။ သူ၏ ဆံပင်ရှည်များနှင့် ဝတ်ရုံများမှာ လေထဲ၌ လွင့်ပျံနေကာ အဆုံးမဲ့ စွမ်းအင်လှိုင်းများကို ထုတ်လွှတ် နေခဲ့၏။ မျက်လုံးများက သွေးရောင်ဖြင့် လုံးဝ လွှမ်းခြုံ သွားခဲ့ပြီ ဖြစ်ကာ နှာခေါင်းသွေးများပင် လျှံကျနေခဲ့၏။ သူက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် ဖိအားများကို ခံစားနေရသည်မှာ ရှင်းလင်းပေသည်။ သို့သော်လည်း... သူ့ မျက်လုံးများ အတွင်းရှိ ရူးသွပ်မှုနှင့် ဆုံးဖြတ်ချက်များမှာ နတ်ဆိုးများနှင့် နတ်ဘုရားများကိုပင် ကြောက်လန့်စေနိုင်ပေသည်။

“...”

ထျန်းရီဝူ မိုးကြိုးထစ်ချုန်း သကဲ့သို့ အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်ရင်း နောက်ထပ် ချိပ်တံဆိပ် တစ်ခုကို ပြီးမြောက် စေခဲ့၏။

ဘုန်း...

“…”

ရုတ်တရက် အားလုံး တိတ်ဆိတ် သွားခဲ့ကြ၏။

လေတိုက်ခတ်မှုများမှာ ရပ်တန့် သွား၏။ မန်နာ စီးဆင်းမှုမှာ ရပ်တန့်သွား၏။ အသက်ရှူခြင်းများ အားလုံး ရပ်တန့်သွား၏။

ကျီ...

ကြယ်တာရာ နယ်မြေ တစ်လုံးရှိ လူဦးရေများကိုပင် နားပင်းသွားအောင် လုပ်ဆောင်နိုင်သည့် စူးရှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံနှင့် အတူ ကောင်းကင်၏ အာကာသမှာ ဆုတ်ဖြဲ ခံလိုက်ရ၏။ ပထမဆုံး အကြိမ် အဖြစ်… လူတိုင်းမှာ မည်သူနှင့်မျှ သက်ဆိုင်ခြင်း မရှိသည့် နေကြယ်တစ်လုံးကို မြင်ခဲ့ကြရသည်။

၎င်းက ပုတီးစေ့ အရွယ်အစား ရှိကာ အရောင် သုံးဆယ့်သုံးမျိုးဖြင့် တောက်ပနေခဲ့သည်။ သို့သော်လည်း... ၎င်းက ထွတ်လွှတ်သည့် ရောင်စဉ်များမှာမူ အရောင် မရောယှက်ပဲ ရှင်းလင်း ကြည်လင် နေခဲ့၏။ အချို့သော ကျင့်ကြံသူများကတော့ အလွန်ပင် ရင်းနှီးနေသလို ခံစားခဲ့ကြရသည်။ ထိုကဲ့သို့ အလင်းမျိုးကို ရရှိဖို့ အတွက် များစွာသော လူများမှာ ကြိုးစားခဲ့ကြသည်။ အချို့က အောင်မြင်ခဲ့ကြပြီး အချို့ကတော့ ကျရှုံးခဲ့ကြသည်။

“အဲဒါက အစစ်အမှန် အလင်းလား...”

အားလုံး၏ နှလုံးသားများက တဒိတ်ဒိတ် ခုန်နေခဲ့ကြပြီ ဖြစ်သည်။ သူတို့ ကြည့်နေကြစဉ်မှာပင် အစစ်အမှန် အလင်းကို ထုတ်လွှတ်နေသည့် နေကြယ်မှာ အမှောင် ဟင်းလင်းပြင်ထဲမှ အတင်းအကြပ် ဆွဲထုတ်ခံရသည့် အလား ဆင်းသက် လာခဲ့လေ၏။

ထျန်းရီဝူ၏ ဟေဇယ်ရွှေရောင် မျက်ဝန်းများမှာ လုံးဝ သွေးရောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ နှုတ်ခမ်းထက်ရှိ အပြုံးက နတ်ဆိုး တစ်ကောင်နှင့် တူ၏။ မျက်နှာ တစ်ခုလုံး ရူးသွပ်မှုများဖြင့် ပြည့်နှက် နေသော်လည်း ထိုအရာက သူ၏ ချောမောမှုကို နည်းနည်းလေးမျှ လျော့ကျ သွားစေခြင်း မရှိပါချေ။ ထူးခြားစွာဖြင့် ပိုမို၍ ဆွဲဆောင်မှု ရှိနေခဲ့သယောင် ထင်ရသည်။

သတ္တမမြောက် မင်းသားမှာ ကံကြမ္မာ အတွက် ကောင်းကင်ကိုပင် ဆုတ်ဖြဲဖို့ သတ္တိရှိသည့် လူတစ်ယောက် ဖြစ်ပေသည်။

ဝေ့ဝူယင် ပင်လျှင် ထျန်းရီဝူ၏ လုပ်ဆောင်ချက်များကို ကြည့်ကာ အံ့အားသင့်ရ၏။ ပုတီးစေ့ အရွယ် နေကြယ်အား ဆွဲထုတ်နေသည့် ထျန်းရီဝူကို ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပလာခဲ့၏။

“မင်းက ကိတ်မုန့်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ လိုချင်တယ်လို့ ငါ ထင်ထားတာ... တစ်ခုလုံးကို မောင်ပိုင်စီးချင်လိမ့်မယ်လို့ ဘယ်သူ တွေးမိမှာလဲ”

ရုတ်တရက်... ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဆာလောင်စိတ်များဖြင့် ပြည့်နှက် လာခဲ့၏။ ပထမတုန်းက ထျန်းရီဝူ ကိတ်မုန့် တစ်စိတ်ကို ရယူပြီးနောက်တွင် လက်ကျန်များကို ရှင်းလင်းဖို့ သူ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခု မြင်ကွင်းကို မြင်ရသော အခါတွင်တော့ အမြတ်ထုတ် ကောင်းချီးခံ တစ်ဦး၏ ဇာတိက ပြလာနေခဲ့ပြီ ဖြစ်သည်။ သူ၏ သွေးများ ပွက်ပွက်ဆူ နေလေပြီ။

အခြား တစ်ဖက်၌... ရွှယ်ရီဖေးမှာ ဝေ့ဝူယင်၏ မျက်နှာထက်၌ ရူးသွပ်သည့် အမူအရာများ ပေါ်လာကြောင်း သတိပြုမိသွားခဲ့၏။ လူငယ်၏ ငွေရောင် မျက်လုံးများက ကောင်းကင်မှ လပြည့်ဝန်း အလား ကြည်လင် ရှင်းလင်းစွာ တဖျပ်ဖျပ် တောက်ပလာ နေခဲ့သည်။ ၎င်းတို့ အတွင်းရှိ ဆာလောင်မွတ်သိပ်စိတ်က ထျန်းရီဝူထက် မကျော်လျှင်ပင် လျော့နည်းလိမ့်မည် မဟုတ်ပါချေ။ ဝေ့ဝူယင်မှာ ကောင်းကင်ကိုပင် စိန်ခေါ်နိုင်သည့် တစ်စုံတစ်ခုအား လုပ်ဆောင်တော့မည် ဖြစ်ကြောင်း သူမ သိလိုက်ချေပြီ ဖြစ်လေသည်။

“ဒီမှာနေ...”

ဝေ့ဝူယင်က မိန်းကလေးဘက်ကို လှည့်ရင်း ပြောလိုက်၏။ ရွှယ်ရီဖေးက နာခံစွာပင် ခေါင်းညိတ်လိုက်သည်။

ဝှစ်...

ဝေ့ဝူယင် ရွှယ်ရီဖေး၏ လက်ကို လွှတ်ကာ ကောင်းကင်ဆီသ ပျံတက်သွားခဲ့၏။ တစ်ခဏ အတွင်းမှာပင် သူက ထာဝရ နယ်မြေ လေထုအလွှာကိုပါ ချိုးဖောက် သွားခဲ့သည်။ ဝေ့ဝူယင်၏ ထူးခြားသော ငွေရောင် မျက်လုံးများမှာ မယုံကြည်နိုင်စရာ အလင်းတန်းများကို ထုတ်လွှတ် နေခဲ့၏။ ၎င်းတို့က ထူးခြားစွာ ခြိမ်းခြောက်နိုင်စွမ်း ရှိကာ မြင်ရသူတိုင်း၏ ဦးရေပြားများကိုပင် ထုံကျင် သွားစေခဲ့သည်။

“ထာဝရ ပင်မ နယ်မြေရဲ့ အန္တိမ အမြုတေကိုတောင် ဆွဲထုတ်ရဲတယ်... ဘယ်လောက်တောင် ရဲရင့်လိုက်တဲ့ လူငယ်လဲ”

ဤကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ လည်ပတ်မှု စနစ်မှာ မတည်မငြိမ် ဖြစ်ကာ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ ဆိုလိုသည်က နောက်ထပ် နေကြယ် တစ်ခုကို မဖန်တီးနိုင်သေးသရွေ့ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ခဏတာမျှ အဆုံးသတ် သွားလိမ့်မည် ဖြစ်သည်။ အကယ်၍ သူသာ ပြင်ဆင် နိုင်ခဲ့လျှင်တော့...။

ထျန်းရီဝူမှာ သူ၏ အစီအစဉ်များအား လုပ်ဆောင်ခြင်း အပေါ် အလွန်ပင် အာရုံစိုက် နေခဲ့လေရာ ဝေ့ဝူယင်ကို သတိမပြုခဲ့မိချေ။ သူ၏ စိတ်အတွင်း၌ ပုတီးစေ့ အရွယ် နေကြယ် တစ်ခုသာ ရှိသည်။ ထိုနေကြယ် အတွင်း၌ နက်နဲ ဆန်းကြယ်သည့် စွမ်းအင်နှင့် အမတေ သုံးဆယ့်သုံးမျိုး ပါဝင်သည်။ နက္ခတ္ထ အမတေမှာ ထိုအထဲမှ တစ်ခု ဖြစ်သည်။ ၎င်းမှာ သေမျိုးအဆင့် ကျင့်ကြံခြင်း အခြေခံ၏ အထွတ်အထိပ်ကို တည်ဆောက်ရန် သူ့ကို ကူညီလိမ့်မည် ဖြစ်သည်။

***

All Chapters