← Chapters

စတင်ကျင့်ကြံကြခြင်း

Vol. 124 Ch. 1733

စတင်ကျင့်ကြံကြခြင်း

Vol. 124 Ch. 1733

တစ်ချိန်တည်း၌ ထျန်းရီဝူမှာ ဝေ့ဝူယင် မည်သည့် အရာကို လုပ်ဆောင်နေကြောင်း သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ အလွန်ပင် ရူးသွပ်လွန်းလှသည်။

ခဏတာမျှ ငြိမ်းချမ်း သွားခဲ့သည့် သူ့ မျက်လုံးများမှာ ရူးသွပ်မှုများနှင့် အတူ နောက်တစ်ဖန် ပြန်လည်၍ တောက်ပလာခဲ့၏။ သန့်စင်ပြီး ထိန်းချုပ်ထားခြင်း မရှိသည့် ရူးသွပ်မှုများပင်။

ဝေ့ဝူယင်မှာ ပဥ္စမ အကြိမ်မြောက်၊ ဆဋ္ဌမ အကြိမ်မြောက်များ အဖြစ် ဆွဲထုတ်ဖို့ ဆက်လက် ကြိုးပမ်း နေခဲ့၏။ သို့သော်လည်း မည်သည့် အပြောင်းအလဲမှ ဖြစ်မလာခဲ့ချေ။ သူ၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာခဲ့၏။

အခြား တစ်ဖက်၌ ထျန်းရီဝူ၏ အမူအရာကလည်း မချင့်မရဲ ဖြစ်လာခဲ့သည်။ ချိပ်ပိတ် အစီအရင်မှ စိမ့်ထွက်လာသည့် ဖိနှိပ်ခြင်း စွမ်းအားမှာ ဝိညာဉ် ဆက်သွယ်မှု၊ နှုတ်အားဖြင့် ဆက်သွယ်မှု အားလုံးကို တားဆီးထားသည်။ သူ့ အနေဖြင့် ဝေ့ဝူယင်ထံမှ အာရုံ စူးစိုက်မှု ရရှိဖို့ လိုအပ်သည်။ သို့သော်... မည်ကဲ့သို့ လုပ်ရမည်နည်း။

ထျန်းရီဝူ အော်ဟစ်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က သူ့ကို အာရုံစိုက်မိခြင်း မရှိပါချေ။ တစ်ခဏမျှ ရုန်းကန်ပြီးနောက်၌ သတ္တမမြောက် အင်ပါယာ သားတော်၏ မျက်လုံးများမှာ တောက်ပလာခဲ့၏။ သူက ရင်ဘတ်ကို လက်ဖြင့် တစ်ချက် ထုလိုက်ရင်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။ ထိုသွေးများမှာ ထျန်းမျိုးနွယ်ဝင်တို့၏ အဆုံးမဲ့ ကြီးမြတ်မှုတို့နှင့် ပြည့်နှက် နေပေသည်။

ဝေ့ဝူယင်မှာ ထိုအော်ရာကို ချက်ချင်းပင် ခံစားလိုက်မိရာ ထျန်းရီဝူကို ငုံ့ကြည့်လိုက်၏။ သတ္တမမြောက် မင်းသား၏ မျက်လုံးများက ပျော်ရွှင်မှုများနှင့် တောက်ပသွားခဲ့သည်။ သူက ပါးစပ်ဖြင့် အမူအရာ လုပ်ပြလိုက်၏။

“အောက်မှာ...”

“...”

ဝေ့ဝူယင် ချက်ချင်းပင် နားလည်သွားကာ အစီအရင်၏ စွမ်းအားများကို ကြယ်တာရာ အသိုက် အောက်သို့ ပို့လွှတ် လိုက်သည်။ ၎င်းက အလွန် အန္တရာယ်များသည့် အလုပ် တစ်ခု ဖြစ်ကာ ကြယ်တာရာ အသိုက်ကို မတည်မငြိမ် ဖြစ်စေနိုင်သည်။ သို့သော်လည်း ၎င်းမှာ အသန့်စင်ဆုံးသော နေစွမ်အင်များ ကိန်းဝပ်နေသည့် နေရာ ဖြစ်ပေသည်။ ထိုလုပ်ရပ်က တစ်စုံတစ်ယောက်ကို အမျက်ထွက်စေနိုင်သော်လည်း ဝေ့ဝူယင် ဂရုမစိုက်ချေ။

သတ္တမမြောက် ဆွဲငင်မှုတွင်တော့ သတ္တမမြောက် မင်းသား၏ လမ်းညွှန်မှုနှင့် အတူ နေကြယ်များမှာ လျှင်မြန်စွာပင် နောက်တစ်ကြိမ် ကျယ်ပြန့်လာခဲ့သည်။ ၎င်းတို့မှာ အကြွင်းမဲ့ အဆင့်မြင့်မှ အထွတ်အထိပ် အဆင့်ဆီသို့ ရောက်ရှိ သွားခဲ့၏။

ဝေ့ဝူယင်မှာ ခဏမျှ တွေးလိုက်၏။ ထို့နောက် ၎င်းတို့ကို ဖီဆန် အဆင့် ရောက်အောင် ထပ်မံ တွန်းအား မပေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ထပ်မံ ဆွဲထုတ်စရာ စွမ်းအင်လည်း မရှိတော့ချေ။

ထျန်းရီဝူမှာ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ အောင်ပွဲခံနေခဲ့၏။ ထို့နောက်... သူက အစီအရင်ကို နောက်တစ်ဖန် ပြန်လည် ထိန်းချုပ်ကာ လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်လိုက်သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ ထျန်းရီဝူနှင့် ခြားနားစွာပင် သူထံတွင် ချိပ်ပိတ် အစီအရင်၏ အမှတ်အသား တစ်ခု ရှိပေသည်။ ထို့ကြောင့်ပင် သူက ဖိနှိပ်ခြင်း အော်ရာ၏ ထိန်းချုပ်မှုကို မခံရပါချေ။

စိတ်စွမ်းအင်ကို အသုံးပြု၍ သူက အသံလှိုင်းများကို ထုတ်လွှင့်လိုက်၏။

“အမိန့် နာခံစေ... ကျင့်ကြံကြ... အားလုံး ကျင့်ကြံကြ...”

“ကျင့်ကြံကြတော့...”

ထိုအခိုက်တွင်ပင် ထျန်းရီဝူမှာ အစီအရင်၏ နောက်ဆုံး သက်ရောက်မှုကို ထုတ်လွှတ် လိုက်လေ၏။

ဟူး... ဟူး... ဟူး...

ရုတ်ချည်း ဆိုသလိုပင် နေကြယ် ငါးစင်းလုံးမှာ ၎င်းတို့ကိုယ်ကို လောင်စာများ အဖြစ် အသုံးပြုကာ သုံးဆယ့် သုံးမျိုးသော ရောင်စဉ်များကို အရပ် ဆယ်မျက်နှာထံ ထုတ်လွှတ် လာခဲ့ကြလေတော့၏။

ထျန်းရီဝူ တင်ပျဉ်ချိတ် ထိုင်ချကာ ကျင့်ကြံခြင်း နည်းလမ်းကို လှည့်ပတ်လိုက်ရင်း သူ့အတွက် အသင့်တော်ဆုံး ဖြစ်သည့် အသန့်စင်ဆုံးသော စွမ်းအင်နှင့် အမတေများကို စတင် ဆွဲယူလိုက်လေသည်။ တစ်ဒါဇင်မျှသော ရောင်စဉ်များမှာ သူ့ ခန္ဓာကိုယ် ပတ်လည်တွင် ခစား ဝန်းရံလာကာ အရှိန်အဟုန်နှင့် သန့်စင်မှုများကို စတင် ခံယူလေတော့၏။ တဒင်္ဂ အတွင်းမှာပင် ထျန်းရီဝူမှာ နေ‌စွမ်းအင်များဖြင့် ရက်လုပ်ထားသည့် အလင်း ပိုးအိမ်တစ်ခု အတွင်း ကျရောက် သွားခဲ့ပြီ ဖြစ်လေတော့သည်။

သူက တစ်ဦးတည်းသောလူ မဟုတ်ပါချေ။

စုမေ့...

နာ့ရှင်းရီ...

ဝူပိုင်ကျိုး...

ရွှယ်ရီဖေး...

လင်းကျိရန်...

နောက် စန်းယွန်းလီ...

အာဏာရှင်များ အားလုံးသည်လည်း ရောင်စုံပိုးအိမ်များ၏ ရစ်ပတ်မှုများကို ခံလိုက်ရပြီ ဖြစ်လေသည်။ သူတို့မှာ သူတို့ ဘဝ တစ်လျှောက်လုံး ခံစားဖူးသမျှ အသန့်စင်ဆုံးသော စွမ်းအင်နှင့် အမတေများကို အလျှင်အမြန်ပင် သန့်စင် နေကြလေ၏။ ထိုလုပ်ငန်းစဉ်၌ အားစိုက်ထုတ်မှု မလိုအပ်ခဲ့ချေ။ မိမိနှင့် အသင့်တော်ဆုံး စွမ်းအင်များကို ဆွဲယူလိုက်ရုံသာ ဖြစ်ပေသည်။ ၎င်းက သူတို့ကို အားထုတ်မှု အဆပေါင်း ထောင်နှင့်ချီ သက်သာစွာဖြင့် စုပ်ယူစေနိုင်ခဲ့သည်။ ဤသည်က နောက်တစ်ကြိမ် ဘယ်တော့မှ ရောက်လာမှာ မဟုတ်သည့် အခွင့်အရေး ဖြစ်ပေသည်။

ရွှေဖုန်းပေါင်၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများနှင့် အတူ တဒိတ်ဒိတ် ခုန်လာ နေခဲ့၏။ အားစိုက်ထုတ်စရာ မလိုပါပဲ သူ၏ နေကြယ် မျိုးစေ့မှာ လျှင်မြန်စွာ ကြီးထွားလာနေခဲ့ကာ တိုက်တန် အရွယ်ကိုပင် ရောက်ရှိလာနေခဲ့ပြီ ဖြစ်သည်။ သူ၏ နံဘေးတွင်တော့ မေမင်ကျီ ရှိနေခဲ့သည်။

မိန်းကလေးမှာ ချက်ချင်းပင် ရွှေဖုန်းပေါင်ကို အတုယူကာ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းလမ်းကို လှည့်ပတ်ရင်း ပိုးအိမ် တစ်ခုကို ဖန်တီးလိုက်သည်။ လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်သည့်တိုင် ထိုစွမ်းအင်နှင့် အမတေများ၏ သန့်စင်မှုနှင့် အရည်အသွေးတို့က သူမကို ထိတ်လန့် တုန်လှုပ်စေသည်။ ၎င်းတို့မှာ ကြယ်တာရာ အဆင့်နှင့် လျှို့ဝှက် အဆင့် အရည်အသွေး နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားကြသည်။

ဝေ့ဝူယင် တစ်ယောက် အားကျမခံပင် ရွေးချယ်ခံများနှင့် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်၏။ ထိုအခိုက်တွင်ပင် ဦးခေါင်း နောက်ဖက်ခြမ်းမှ ရင်းနှီးပြီးသား ခံစားချက် တစ်ရပ်ကို ရရှိလိုက်သည်။ သူ အပေါ်သို့ မော့ကြည့်လိုက်မိ၏။ ကောင်းကင်တာအို ဖန်တီးနေသည့် ကောင်းချီး ဖြစ်စဉ်မှာ ဆင်းသက်လာလုနီးပါး အဆုံးစွန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ ခံစားလိုက်နိုင်သည်။ ထိုအရာက ဖြစ်ပေါ်လာပေတော့မည်။

...

ဟူး... ဟူး...

ရွေးချယ်ခံများ၏ ပတ်လည်ရှိ အလင်း ပိုးအိမ်များမှာ စက္ကန့်နှင့် အမျှ ပိုမို ကြီးမား၍ လာနေခဲ့၏။ ပထမဆုံး အသက် တစ်ရှိုက်စာ အတွင်းမှာပင် ဝူပိုင်ကျိုး၏ ပိုးအိမ်မှာ အချင်းဝက် ငါးမိုင်ခန့် အထိ ရှိခဲ့ပြီးသား ဖြစ်သည်။ ပိုးအိမ် နှစ်ခု ထိလုနီးပါး ဖြစ်သွားတိုင်း ရွေးချယ်ခံများမှာ ညင်သာစွာပင် နောက်သို့ တွန်းဖယ် ခံလိုက်ရသည်။ ထိုနည်းဖြင့် အားလုံးမှာ လုံခြုံ အေးချမ်းစွာ ဆက်လက် ကျင့်ကြံ နိုင်ကြ၏။ ပိုးအိမ်များမှာ အရွယ်အစားအားဖြင့် ကွာခြားလှသလို မိမိ စုပ်ယူသည့် စွမ်းအင်ပေါ် မူတည်၍ အရောင် ပါဝင်မှုမှာလည်း ကွာခြားလှသည်။

ပုံမှန် အာဏာရှင်များ၏ ပတ်လည်တွင် အချင်းဝက် နှစ်မိုင်နှင့် သုံးမိုင်ခန့် ရှိသည့် ပိုးအိမ်များ ရှိကာ အရောင်များကတော့ လေးခုမှ ငါးခုမျှထိ ရှိကြပေသည်။ သူတို့ အားလုံးမှာ နက်ရှိုင်းသည့် ကျင့်ကြံခြင်း လုပ်ငန်းစဉ် အတွင်း ကျရောက်နေကာ စုပ်ယူမှုနှုန်းများမှာလည်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြင့်မားလှသည်။ သူတို့ ကျင့်ကြံထားသည့် နည်းလမ်းများက သာမန် မဟုတ်သည်မှာ ရှင်းလင်းပေသည်။

နာ့ရှင်းရီ၏ ပိုးအိမ်မှာ အကြီးမားဆုံး ပိုးအိမ် ငါးခုထဲ၌ ပါဝင်ပေသည်။ ၎င်းက အချင်းဝက် ခြောက်မိုင်ခွဲခန့် အထိ ရှိသည်။ သူမက ဆန်းကြယ် မူလဦ အစွန်းရောက်ယင်နှင့် လွန်ကဲခြင်းယင်တို့၏ စွမ်းအင် အငွေ့အသက်များကို ထုတ်လွှတ်နေကာ အရောင် နှစ်ဆယ့် ရှစ်မျိုး‌ကျော်ကို ဆွဲယူ နေခဲ့သည်။ မိန်းကလေးမှာ ယင်နှင့် ယန် နှစ်မျိုးစလုံးကို ဗဟိုပြုနေသည့် စွမ်းအင်များကို ဆွဲယူ နေခဲ့ခြင်း ဖြစ်သည်။ နာ့ရှင်းရီ၏ ပိုးအိမ်မှာ အကြီးမားဆုံး မဟုတ်သော်လည်း စွမ်းအင် အရေအတွက် ကွဲပြားမှုတွင်တော့ ဒုတိယ အမြင့်ဆုံး ဖြစ်ပေသည်။

စန်းယွန်းလီ၏ ပိုးအိမ်မှာ ခုနစ်မိုင်မျှ အချင်းဝက် ရှိကာ အရောင် ဆယ့်ခြောက်မျိုးကို ဆင့်ခေါ် နေခဲ့၏။ သို့သော်လည်း... သူမ၏ ပိုးအိမ်အရွယ်အစားက ထူးဆန်းစွာပင် အတက်အကျ ရှိပေသည်။ တစ်ခါတစ်ရံ ခုနစ်မိုင်မှ ကိုးမိုင်သို့ ပြောင်းလဲ သွားသည်။ အရောင် ဆယ့်ခြောက်မျိုးမှာလည်း အမျိုးမျိုး ကွဲပြားသွားသည်။ အဖန်တလဲလဲ ဖြစ်ပေါ်နေသည့် အရောင် အမျိုးအစားများကို ရေတွက်ကြည့်ရပါက မိန်းကလေးမှာ ပထမ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း... ကံဆိုးစွာပင် လောကီ ပြန်လည် မွေးဖွားသူ၏ အကန့်အသတ်က တစ်ကြိမ်လျှင် အရောင် ဆယ့်ခြောက်မျိုးကိုသာ ရေတွက်နိုင်ပုံ ရသည်။

ထျန်းရီဝူကတော့ ပိုးအိမ် အရွယ်အစားတွင် နံပတ်တစ် ဖြစ်သလို အလင်း အမျိုးအစား ကွဲပြားမှုတွင်လည်း ထိပ်ဆုံး၌ ရပ်တည်နေပေသည်။ သူ၏ ပိုးအိမ်မှာ ကိုးမိုင် အရွယ်အစား အထိ ရှိကာ အလင်း သုံးဆယ့်သုံးမျိုးလုံးကို ဆွဲယူနေသည်။ သူက အစီအစဉ်အတိုင်းပင် ကျင့်ကြံခြင်း ပါရမီကို အမြင့်ဆုံးထိ မြှင့်တင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သတ္တမမြောက် မင်းသား ပိုင်ဆိုင်ထားသည့် ခွန်အား အတိအကျကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။

အခြားတစ်ဖက်၌ ကောင်းကင်တာအိုထံမှ အော်ရာကြောင့် အာရုံ အနည်းငယ် ပျံ့လွင့် နေခဲ့၏။ ထျန်းရီဝူ၏ ကြိုးပမ်း အားထုတ်မှုများကို တွေ့မြင်လိုက်ရသော အခိုက်၌ မိမိ၏ တာဝန်များ မပြီးဆုံးသေးကြောင်း ဝေ့ဝူယင် သဘောပေါက် လိုက်သည်။ သူ ချက်ချင်းပင် အာဏာရှင် တစ်ဦးချင်းစီနှင့် ဆက်သွယ်မှုများကို ဖန်တီးလိုက်၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် အာဏာရှင်များ အားလုံး၏ ပိုးအိမ်များမှာ သုံးမိုင်ခွဲ ထိ ဆက်တိုက် တိုးတက် လာခဲ့သည်။

ကြယ်တာရာ ဝိညာဉ် လေးကောင်မှာ လှုပ်ရှားရန် အဆင်သင့် ဖြစ်နေခဲ့သော်လည်း ကောင်းကင်တာအိုထံမှ အော်ရာကိုလည်း ခံစားမိလေရာ ကိုယ့်ကိုယ်ကို ထိန်းချုပ် ထားရသည်။

“ဒီနေရာက နယ်မြေ အတော်များများနဲ့ ချိတ်ဆက်နေတာ... ထျန်းရီဝူရဲ့ အစီအစဉ် အောင်မြင်သွားပြီးတဲ့ နောက်မှာ ကောင်းကင်တာအိုက အပြောင်းအလဲ တစ်ခုခု လုပ်ဖို့ ပြင်ဆင်နေတာလား...”

ကောင်းကင် တာအို၏ စီမံမှုများ၊ အကျင့်စရိုက်များနှင့် ပတ်သက်နေသည့် ဗဟုသုတများကို ထုတ်ယူ သုံးသပ်ရင်း ဝေ့ဝူယင စဉ်းစား လိုက်မိ၏။ သူ လောကအား စစ်ဆေးဖို့ ဟန်ပြင်လိုက်စဉ်မှာပင်...

ဝုန်း... ဝုန်း...

ထူးဆန်းသည့် မြည်သံများ ထွက်ပေါ်လာခဲ့၏။ ဝေ့ဝူယင်၏ မျက်လုံးများက အခြားနေရာ တစ်ခုဆီသို့ ရုတ်တရက် ရောက်ရှိသွားခဲ့သည်။

၎င်းက ကြယ်တာရာ အသိုက်ပင်...။

***

All Chapters