← Chapters

အဆုံးစွန်ထိ (၃)

Vol. 124 Ch. 1731

အဆုံးစွန်ထိ (၃)

Vol. 124 Ch. 1731

“ဥပဒေသတွေ...”

ထျန်းရီဝူ မျက်မှောင်ကြုတ်လိုက်ကာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။ သူ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့သည်။

“…”

“ဟမ်... တစ်ယောက်ယောက်က ဥပဒေသတွေကို သုံးပြီး အစီအစဉ် အပေါ် သက်ရောက်ဖို့ ကြိုးစားနေတယ် ဟုတ်လား... သူက ဝင်္ကပါတွေကို ပြောင်းလဲနေတာလား... ဘယ်လိုလုပ်ကြမလဲ...”

သူ အလျင်အမြန် မေးလိုက်၏။ ထျန်းရီဝူ၏ လှပ ခန့်ညားသည့် မျက်နှာထက်တွင် စိုးရိမ် ပူပန်သည့် အငွေ့အသက်များ စတင် နေရာယူ လာခဲ့သည်။

“…”

“ဒါ ရူးနေတာပဲ”

ထျန်းရီဝူ ကောင်းကင်ကို မော့ကြည့်လိုက်၏။ လေထုအလွှာကို ကျော်လွန်ကာ အထက် ကောင်းကင်ဆီ မြင့်တက်နေသည့် တည်ရှိမှုကို သူ ခံစားလိုက်နိုင်သည်။

“…”

တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာလည်း အောက်ကို ငုံ့ကြည့်လိုက်၏။ တည်ရှိမှုကို ဖုံးကွယ်ထားသည့် ကြားမှပင် သူ၏ ငွေရောင် မျက်ဝန်းများမှာ ထျန်းရီဝူ၏ ဟေဇယ်ရွှေရောင် မျက်လုံးများနှင့် ဆုံတွေ့သွားခဲ့သည်။ တစ်ယောက် မျက်လုံးများ အတွင်းမှ ရူးသွပ်မှုကို တစ်ယောက် တွေ့ရန် စကားလုံးများ မလိုအပ်ခဲ့ပါချေ။

...

“ကောင်းပြီလေ... မင်းက ဒါကို လိုချင်တယ် ဆိုရင်လည်း လုပ်လိုက်ကြတာပေါ့...”

ထျန်းရီဝူမှာ ဝေ့ဝူယင်ကို မျက်လုံးများဖြင့် မမြင်နိုင်သည့်တိုင် ပြိုင်ဆိုင်လိုသည့် ဆန္ဒများကို ခံစားလာခဲ့ရ၏။ ထို့ကြောင့်ပင်... အာရုဏ်ဦး အာဏာရှင် အင်ပါယာက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို အချိန်ဆွဲ ထားခဲ့သည်လား။ သူက သူ့ကို စောင့်နေခဲ့သည်လား။

ဝေ့ဝူယင်မှာ သေမျိုး တစ်ဦးလည်း ဖြစ်သလို ကောင်းကင်ကို စိန်ခေါ်နိုင်သည့် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်လည်း ဖြစ်ကြောင်း ထျန်းရီဝူ တစ်စက္ကန့်၏ အပုံတစ်သန်းပုံ တစ်ပုံစာလောက် မေ့လုနီးပါး ဖြစ်သွားခဲ့သည်။ ထိုငွေရောင် မျက်လုံး ပိုင်ရှင်ထံတွင် ဥပဒေသ စွမ်းအားများကို ထိန်းချုပ်နိုင်သည့် လက်နက် ကိရိယာများနှင့် နည်းလမ်းများ ရှိနေဖို့ ကျိန်းသေသလောက် ဖြစ်သည်။

ထျန်းရီဝူ ချက်ချင်းပင် ကိုယ်ပိုင် နည်းလမ်းများကို ထုတ်ဖော်ရင်း ဥပဒေသ အော်ရာ သုံးခုကို ဖန်တီးလိုက်၏။ ထိုအထဲမှ တစ်ခုက အာကာသ ဥပဒေသ အပေါ် သာမည အာဏာပင် ဖြစ်လေသည်။

သူတို့ နှစ်ယောက်စလုံး မည်သူမှ ထိန်ချန် မထားကြတော့ချေ။ စကားပြောစရာ မလိုသည့် နားလည်မှုနှင့် အတူ ပြီးပြည့်စုံစွာ အတူတကွ အလုပ်လုပ် နေကြပြီ ဖြစ်လေသည်။ ဝေ့ဝူယင်က သံတင်းပုတ် တစ်ခုလို ခွန်အားမျိုးဖြင့် ဝင်္ကပါ၏ တည်ငြိမ်မှုနှင့် စွမ်းအားကို ထောက်ပံ့ပေးထားသည်။ ထျန်းရီဝူကတော့ ခွဲစိတ်ဓားကို ကိုင်ထားသည့် သမားတော် တစ်ယောက် ဝင်္ကပါကို အကန့်အသတ်ထိ ရောက်အောင် မောင်းနှင်ကာ ၎င်း၏ သက်ရောက်မှုများကို ထိန်းချုပ်သည်။

...

ဝေ့ဝူယင်နှင့် ထျန်းရီဝူတို့ နှစ်ယောက် အတူတကွ အလုပ်လုပ် နေကြစဉ်တွင် လောကကြီး တစ်ခုလုံးမှာ ရူးသွပ်လုနီးပါး ဖြစ်နေခဲ့သည်။ ဝမ်ယုထျန်းနှင့် စန်းလော့ယန်တို့လို ကြီးကြပ်သူများ အပြင် ရှိရှိသမျှ ကျင့်ကြံသူများ အားလုံးမှာ ခုခံနိုင်စွမ်း မရှိပါပဲ အရပ်မျက်နှာပေါင်း များစွာကို ပစ်ပေါက် ခံနေရသည်။ သူတို့က လေမုန်တိုင်းကြားမှ သစ်ရွက်ကလေးများလိုပင် လွင့်ပျံ နေကြ၏။

အာဏာရှင်များမှာလည်း ချွင်းချက် မဟုတ်ပါချေ။ သို့သော်လည်း... မြေပြင်ပေါ် ကျဆင်းသွားသည့် အချိန်များတွင် အခြားလူများလိုတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ပါချေ။ ကျွမ်းကျင်မှုနှင့် အာရုံ စူးစိုက်မှုတို့ ရှိပေသည်။ မကြာခဏ ဆိုသလို အာဏာရှင်များမှာ ပျံသန်းရင်း လမ်း၌ ဆုံတွေ့စဉ် တစ်ယောက်ကို တစ်ယောက် ဖေးမရင်း တည်ငြိမ်မှု ရရှိဖို့ အတွက် ကြိုးပမ်းကြသည်။

အချို့ အာဏာရှင်များကတော့ သူတို့ကိုယ် သူတို့ သစ်ပင်ကြီးများ၊ တောင်တန်းများ၊ ကျွန်းများနှင့် တွဲ၍ ချည်နှောင်ထားကြသည်။ လှုပ်ခတ်မှုများမှာ နယ်မြေအပေါ် သက်ရောက်ခြင်း မရှိပဲ ကျင့်ကြံသူများ အပေါ်ကိုသာ သက်ရောက်ခြင်း ဖြစ်ပေသည်။

ထိုအရာက အာဏာရှင်များ အတူတကွ ပူးပေါင်း လေ့ကျင့်ထားသည့် အဆင့်ကို ဖော်ပြနေပေသည်။ သူ့တို့ထံတွင် မျှော်လင့်မထားသည့် အခြေအနေများကို တုန့်ပြန်ရန် အစီအစဉ်များ ရှိပေသည်။

သို့သော်လည်း... ဝေ့ဝူယင်နှင့် ထျန်းရီဝူတို့ နှစ်ယောက် ပူးပေါင်း လုပ်ဆောင်စဉ် အခါတွင်တော့ လောက၏ မြေပြင်များမှာ စတင် ပျောက်ကွယ်လာကာ ရောင်စုံအလင်းစက်များ အသွင်သို့ ပြောင်းလဲ လာခဲ့တော့သည်။ ထိုအလင်းစက်များမှ ကောင်းကင်သို့ ပျံတက်ကာ ရောင်စုံ နေကြယ်များ၏ စုပ်ယူမှုများကို ခံနေကြရ၏။ လောကမှာ သူ့ကိုယ်သူ စွမ်းအင်များ အဖြစ် ပြောင်းလဲကာ နေကြယ်များထံ အပ်နှင်းနေပုံ ရလေသည်။

“ဘာတွေဖြစ်နေတာလဲ... ကမ္ဘာကြီးက ပျောက်ကွယ်နေပြီ”

ရွေးချယ်ခံများမှာ ထိတ်လန့်တကြား အော်ဟစ်ရင်း ထွက်ပြေးဖို့ ကြိုးပမ်း နေကြ၏။ သို့သော်လည်း... ခန္ဓာကိုယန် ဟန်ချက်ကိုပင် မထိန်းနိုင်လေရာ ထွက်ပြေးဖို့ ဆိုသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

မည်သည့် အရာများ ဖြစ်နေကြောင်း သူတို့ နားမလည်နိုင်ကြတော့ချေ။ ပထမတုန်းက... အစစ်အမှန် အလင်းကို ထုတ်လွှတ်နေသည့် နေကြယ် ငါးစင်း အာကာသကို ချိုးဖျက်ကာ ထွက်ပေါ်လာခဲ့သည်။ ယခု လောကကြီး တစ်ခုလုံး ဖြည်းညင်းစွာ ပျက်စီးနေသည်ကို သူတို့ မြင်ခဲ့ရသည်။

“ကုန်းမြေတွေတင် မဟုတ်ဘူး... အဲဒါက... ဂစ်... ဂစ်...”

ရွေးချယ်ခံ တစ်ယောက်မှာ ထိတ်လန့်တကြား အော်ဟစ် နေစဉ်မှာပင် ပင်လယ် ရေပြင်ပေါ်သို့ ပြုတ်ကျကာ နစ်ဝင် သွားခဲ့၏။ တစ်ခဏ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က ပင်လယ် ကြမ်းပြင်နားထိ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း... ရေများမှာ မီလီ စက္ကန့်နှင့် အမျှ အလွန် လျှင်မြန်စွာ လျော့နည်း လာနေခဲ့ကြောင်း သူ တွေ့ရှိခဲ့ရသည်။ အခြား နယ်မြေများ အားလုံးမှာလည်း အလားတူပင် သက်ရောက်မှုများကို ခံနေခဲ့ရ၏။ အာဏာရှင်များမှာ သူတို့ ဖက်တွယ်ထားသည့် နေရာများကို ဆုံးရှုံး သွားခဲ့ပြီ ဖြစ်လေရာ အခြားလူများကဲ့သို့ပင် လေပေါ် ပျံဝဲ ကုန်ကြတော့သည်။

အထက်ကောင်းကင် နေကြယ်များ၏ ပတ်လည်တွင်တော့ ပုံသေ အာကာသမှာ စတင် ပြိုကျလာကာ အဝေးရှိ အပျက်အစီး အာကာသကိုပင် တွေ့မြင်နိုင်နေပြီ ဖြစ်သည်။ အပျက်အစီးများ၏ ထုထည်က အလွန်ပင် ကစဉ့်ကလျား နိုင်လှလေရာ ချိပ်ပိတ်နယ်မြေမှ ရွေးချယ်ခံ အချို့မှာ ကျင့်ကြံခြင်း သွေဖီမှု မဖြစ်စေရန် မျက်လုံးများကို မှိတ်လိုက်ကြရ၏။ သို့သော်လည်း... အပျက်အစီး အာကာသ အလင်းများ ပင်လျှင် မရေမတွက်နိုင်သည့် အလင်းစက်များ အဖြစ် နေကြယ်များထံသို့ ဆွဲယူခြင်းကို ခံနေခဲ့ရလေသည်။

ထိုမြင်ကွင်းက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ နေကြယ် ငါးစင်းက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကာ လောကကိုယ်တိုင်ကို စုပ်ယူ နေသကဲ့သို့ ဖြစ်သည်။ ရွေးချယ်ခံများမှာ အလွန်ပင် ကြောက်ရွံ့ ထိတ်လန့် နေကြ၏။ ဖိနှိပ်ခြင်း စွမ်းအားကြောင့် မည်သည့် အကာအကွယ် ရတနာများကိုမှလည်း ထုတ်ဖော်နိုင်ခြင်း မရှိပါချေ။ သူတို့သည်လည်း စုပ်ယူခံရမည်လော။

ကံကောင်းထောက်မစွာပင်... ဟိုမှသည်သို့ လွင့်ပျံနေခြင်းမှ အပ သူတို့ထဲရှိ တစ်ဦးတစ်ယောက်မှ ထိုဆွဲငင်အား၏ သက်ရောက်မှုကို မခံရပါချေ။ ၎င်းက အမျိုးမျိုးသော နယ်မြေများနှင့် ၎င်းတို့၏ အမတေ စွမ်းအင်များကိုသာ သက်ရောက်နေခြင်း ဖြစ်ပေသည်။

နှစ်စက္ကန့်...

နှစ်စက္ကန့်မျှ အတွင်းမှာပင် လောက၏ နှစ်ဆယ် ရာခိုင်နှုန်းကျော်မှာ နေကြယ်များ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီ ဖြစ်လေသည်။ အာကာသ အသားစများ ဆုတ်ဖြဲခံရမှုမှာလည်း ပိုမို၍ တိုးလာခဲ့၏။ ၎င်းတို့မှာ မူလ အရွယ်အစားထက် ဒါဇင်ချီ ပိုမို ကြီးမား နေခဲ့ပြီ ဖြစ်သည်။ စုပ်ယူမှုနှုန်းမှာလည်း တိုးလာခဲ့၏။

တတိယမြောက် စက္ကန့် အရောက်တွင်တော့ ငါးဆယ် ရာခိုင်နှုန်းခန့်မှာ လုံးဝ စုပ်ယူ ခံလိုက်ရပြီ ဖြစ်လေသည်။ ကျင့်ကြံသူ အချို့မှာ လေထု အလွှာကိုပင် ကျော်လွန်၍ ပစ်ပေါက်ခံလာရလေရာ အလွန်ပင် ထိတ်လန့် နေခဲ့ကြ၏။

“ဘာတွေဖြစ်နေတာလဲ...”

တန်ဘူမာ တစ်ယောက် တူလာရီနှင့် အခြား တိုက်တန် နောက်လိုက်များကို ရင်ခွင်အတွင်း ထည့်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားနေရင်း ထိတ်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်၏။ လက်အောက်ငယ်သား တိုက်တန်များကို ထိန်းထားနိုင်ရန် အတွက် သူ ကြီးထွာသော အားထုတ်မှုများကို အသုံးပြု နေရသည်။ ကံကောင်းထောက်မတာ တစ်ခုက... မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကြောင့် သူက အခြား တိုက်တန်များထက် များစွာ အရပ် ပိုမို ရှည်ခြင်း ဖြစ်သည်။

တကယ်တမ်း ဆိုရပါက တန်ဘူမာကို အမှီသဟဲ ပြုနေကြသူများမှာ တိုက်တန်များထက် ပိုပေသည်။ လူသားနှင့် ကောင်းကင် မျိုးနွယ် ရာဂဏန်းခန့်မှာလည်း သူ့ ခန္ဓာကိုယ် အနှံ့တွင် ဖက်တွယ်ကာ လွင့်စဉ် မသွားအောင် ကြိုးပမ်း နေခဲ့ကြ၏။

လောကနှင့် ခြားနားစွာပင် ဆွဲငင်မှုက ကျင့်ကြံသူများ အပေါ် သက်ရောက်မှု မရှိပါချေ။ ထို့ကြောင့်ပင်... အရပ်ပေသုံးရာ နီးပါးခန့် ရှည်လျားသည့် တန်ဘူမာ၏ ခန္ဓာကိုယ်က ပြီးပြည့်စုံပေသည်။ တန်ဘူမာ ထိုလူများကို ခါကျဖို့ စဉ်းစားလိုက်သေး၏။ သို့သော်လည်း... ထိုအထဲ၌ အရပ် ရှစ်ပေ ရှည်လျားသည့် တရှန်း အပါအဝင် အာဏာရှင် အချို့လည်း ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့ကို ခါချဖို့ တန်ဘူမာထံတွင် သတ္တိမရှိပါချေ။

“ဟိုမှာ...”

ရုတ်တရက်... တူလာရီက အော်ဟစ်ရင်း လက်ညိုး ထိုးပြလိုက်၏။ တန်ဘူမာတို့ လိုက်လံ ကြည့်လိုက်ကြရာ သလင်းကျောက်ရောင် အလံများကို တွေ့လိုက်ရသည်။

ဝေ့ဝူယင်၏ ထောက်ပံ့ပေးမှု အောက်တွင် ထျန်းရီဝူ၏ ဝင်္ကပါ အလံများမှာ မူလ အရွယ်အစားထက် အဆပေါင်း တစ်ထောင်ခန့် ပိုမို ကြီးထွား လာနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင်... အခြားလူများ အတွက် သတိထားမိရန် မခက်ခဲပါတော့ချေ။ ထို့အပြင်... ၎င်းတို့ထံမှ ဥပဒေသ အော်ရာများမှာ အဆုံးမဲ့စွာ ထွက်ပေါ်နေခဲ့လေရာ နမော်နမဲ့ နိုင်သူများပင် လျစ်လျူမိဖို့ မဖြစ်နိုင်သလောက် ဖြစ်ပေသည်။

ကျင့်ကြံသူ အချို့မှာ အလံများကို ထိတွေ့ဖို့ ကြိုးပမ်းကြ၏။ သို့သော်လည်း... သူတို့ အားလုံးမှာ မမြင်နိုင်သည့် အတားအဆီးများ၏ ရိုက်ခတ်မှုဒဏ်ကိုသာ ခံလိုက်ကြရသည်။ အချို့ဆိုလျှင် သတိလစ်၍ပင် သွားကြလေ၏။

“အစီအရင် အလံတွေလား...”

တန်ဘူမာ အံ့အားသင့် သွားခဲ့၏။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သိန်းနှင့် ချီမည့် အလံပေါင်းများစွာကို တွေ့လိုက်ရသည်။ သူ၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် ရပ်တန့်လုနီးပါး အထိ ဖြစ်သွားခဲ့၏။ မည်သည့်အရာများ ဖြစ်နေသနည်း။

စတုတ္ထမြောက် စက္ကန့်သို့ အရောက်တွင် လောက၏ ကိုးဆယ် ရာခိုင်နှုန်းကျော်မှာ စုပ်ယူခံလိုက်ရပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင်... နေကြယ်များထက်ရှိ အရောင် သုံးဆယ့်သုံးမျိုးမှာလည်း စတင်ကာ တောက်ပလာခဲ့၏။ ထို့အပြင်... ၎င်းတို့မှာ အရွယ်အစား ကြီးမား လာနေပုံ ပေါ်ပေသည်။

မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ၎င်းတို့မှာ တိုက်တန် အရွယ် နေကြယ်များ ဖြစ်နေခဲ့ကြပြီ ဖြစ်လေသည်။

***

All Chapters