← Chapters

အဆုံးစွန်ထိ (၄)

Vol. 124 Ch. 1732

အဆုံးစွန်ထိ (၄)

Vol. 124 Ch. 1732

“သူ ဘာလုပ်နေတာလဲ...”

ကြီးကြပ်သူမှာ နေရာ အနှံ့ ပစ်ပေါက်ခံနေရရင်း ဒေါသတကြီး အော်ဟစ် နေခဲ့၏။ သူမမှာ ထာဝရ သရဖူ အခမ်းအနား၏ ကြီးကြပ်သူ အဖြစ် ရွေးချယ်ခံရလောက်အောင် နာမည် ကျော်ကြားကာ အစွမ်းထက်သည့် လောက ရှန့်ထို တစ်ဦး ဖြစ်သည်။ ယခုလောက် အကူအညီ ကင်းမဲ့မှုမျိုးကို သူမ တစ်ကြိမ်မျှ မခံစားခဲ့ဖူးချေ။ သူမ၏ လောကရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံပင် ပြင်းထန်စွာ ဖိနှိပ်ခံနေရသည်။

“ဒါကို တွေ့ဖူးသလိုပဲ... ရှေးဟောင်း ချိပ်ပိတ်နယ်မြေရဲ့ ချိပ်ပိတ် အစီအရင်လား...”

လွင့်ပျံနေရင်း တဟားဟား ရယ်မောနေသည့် ဝမ်ယုထျန်းနှင့် လမ်းခုလတ်၌ ဆုံတွေ့စဉ် သူမက မေးမြန်းဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း လူအိုကြီးက ရယ်မောခြင်းဖြင့်သာ တုန့်ပြန်သည်။

ဝိညာဉ်အသွင် အနေဖြင့် လူအိုကြီးမှာ လောက ငလျင်၏ သက်ရောက်မှု မခံရသည့် ရှားပါးလူများထဲမှ တစ်ဦး ဖြစ်သည်။ ပျော်စရာ ကောင်းသောကြောင့်သာ သူက ထိန်းချုပ်ခြင်း မပြုပဲ အခြားလူများ ကဲ့သို့ ပစ်ပေါက် ခံနေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် ဘာလုပ်နေသည်ကို သူ မသိချေ။ သိလျှင်လည်း သူ့ကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ပါချေ။

“ဟား... ဟား...”

ဝမ်ယုထျန်း၏ ရယ်မောသံများကို နားထောင်ရင်း ကြီးကြပ်သူမှာ ပိုမို၍ပင် ဒေါသထွက် လာခဲ့၏။ တစ်ချိန်တည်း၌... ဝိညာဉ် အပေါ် ပိတ်ဆို့မှုက ပိုမို၍ ပြင်းလာသလို ခံစားနေရလေရာ သူမ ပိုမို၍ စိုးရိမ်လာခဲ့သည်။ ၎င်းမှာ သူမ၏ ဇစ်မြစ်နှင့် ကျင့်ကြံခြင်း အခြေခံတို့ကို စစ်ဆေးရန် တဖြည်းဖြည်းချင်း စစ်ထုတ် နေသကဲ့သို့ ထင်ရသည်။ အကယ်၍ ဤအရာသာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ၏ ချိပ်ပိတ် အစီအရင်သာ ဆိုပါက သူတို့အားလုံး ဤနေရာတွင်ပင် သေဆုံးသွားဖို့ ဖြစ်နိုင်ချေ ရှိပေသည်။ သို့တိုင်အောင်... ထိုအရိုင်းအစိုင်း ဝိညာဉ်မှာ ရယ်မော နေခဲ့သည်။

ချိပ်ပိတ် အော်ရာ ပျံ့နှံ့လာနေသည်ကို ခံစားနေရသူက သူမ တစ်ယောက်တည်း မဟုတ်ချေ။ လောကနှစ်ခုမှ လာသည့် ရွေးချယ်ခံ အားလုံး ခံစားနေခဲ့ရခြင်း ဖြစ်သည်။ အားလုံး၏ မျက်နှာများမှာ စတင် ဖျော့တော့၍ လာကြ၏။ ဤနေရာတွင်ပင် သူတို့ သေဆုံးကြရတော့မည်လား။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကျင်းပရာ နယ်မြေသည် ချိပ်ပိတ်နယ်မြေ၏ ကြယ်တာရာ အသိုက်မှ အစ၊ အဆုံးမဲ့ ခရီးသွား နယ်မြေ၊ အလွှာအပြင်က လောကအဆုံး မတူ ကွဲပြားသည့် အာကာသ နယ်မြေများစွာနှင့် ချိတ်ဆက်ထားသည်။ နယ်မြေကြီး အတွင်း၌ အဓိက နယ်မြေ အချို့နှင့် နယ်မြေခွဲ များစွာ ရှိပေသည်။ နယ်မြေ တစ်ခုချင်းစီတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိပေသည်။ အဓိက နယ်မြေများကို ကြီးကြပ်သူ တစ်ယောက်ချင်းစီက စီမံခန့်ခွဲသည်။ နယ်မြေခွဲများကတော့ သိုလှောင်ခန်းများ၊ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများ၊ ကြီးကြပ်သူများ၏ စခန်းများ ဖြစ်ကြသည်။

ထိုအခိုက်အတန့်၌ ထာဝရ လမ်းစဉ်၊ ထာဝရ စင်မြင့်၊ ထာဝရ ကုန်းမြေနှင့် အခြား အဓိက နယ်မြေ နှစ်ခုမှာ ပျက်စီး နေခဲ့ပြီ ဖြစ်သည်။ နေကြယ် ငါးလုံးမှာ ၎င်းတို့ကို သန့်စင်သည့် စွမ်းအင်များ အဖြစ် ပြောင်းလဲကာ စုပ်ယူ နေကြသည်။ နယ်မြေခွဲများမှာလည်း ကွဲပြားခြင်း မရှိပါချေ။

ထိုအထဲ၌ ဆေးဖော်စပ်မှုများ ပြုလုပ်ရန်၊ မိစ္ဆာ ကောင်းချီးခံများနှင့် ကြီးကြပ်သူများ၏ ကျင့်ကြံခြင်းကို အထောက်အကူ ပြုရန် ရည်ရွယ်ထားသည် သိုလှောင်ခန်းများလည်း အပါအဝင် ဖြစ်သည်။ အာဏာရှင် အင်ပါယာများ၏ အဖွဲ့အစည်းများမှာ ထိုရင်းမြစ်များကို ထောက်ပံ့ပေးထားသည်ဟု ဆိုကြသည်။ ၎င်းတို့ကို ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ရန်ပုံငွေများဟု ဆိုနိုင်ပေသည်။

ယခုအခါတွင်တော့ ထိုရန်ပုံငွေများ အားလုံးသည်လည်း အသန့်စင်ဆုံး စွမ်းအင်များ အဖြစ် ပြောင်းလဲကာ နေကြယ် ငါးစင်း၏ စုပ်ယူမှုကို ခံနေရပြီ ဖြစ်လေသည်။

ကိုးစက္ကန့် အတွင်းမှာပင် နေကြယ်များမှာ နေဘီလူး အရွယ်အစားကို ရောက်ရှိလာခဲ့၏။ ရောင်စဉ်များမှာ ပိုမို၍ ထွန်လင်း လာခဲ့၏။ အံ့အားသင့်စရာ ကောင်းတာ တစ်ခုက နေကြယ်များ၏ အပူချိန်နှင့် ဆွဲငင်အားများက အကန့်အသတ် တစ်ခု အတွင်းမှာပင် ရှိနေခြင်း ဖြစ်သည်။ ကျင့်ကြံသူများမှာ ပြင်းထန်သည့် အပူချိန်၏ လောင်ကြွမ်းခြင်း မခံရသလို ပတ်လမ်းများ တစ်လျှောက် လည်ပတ်ရင်း နေကြယ်ထံ ဆွဲငင်ခံရခြင်းမျိုးလည်း မရှိပါချေ။

ဟူး... ဟူး...

အာဏာရှင်များ အပါအဝင် ရွေးချယ်ခံများစွာမှာ လေထုအလွှာ အတွင်းတွင်သာ မျောပါနေကြ၏။ သူတို့ ပျံသန်းခြင်း မပြုနိုင်သလို မည်သည့် လောက မန်နာကိုမှလည်း ထိန်းချုပ်နိုင်ခြင်းလည်း မရှိပါချေ။ အရှင်းလင်းဆုံး ဥပမာ ပေးရပါက လေပြည်နှင့် အတူ ညင်သာစွာ လွင့်မြောနေသည့် သစ်ရွက်ကလေးများ၊ ငြိမ်သက်နေသည့် ရေကန်ထက်ဝယ် မြောပါနေသည့် စက္ကူ လှေငယ်လေးမျိုး လိုပင်။

ထိုအခိုက်၌ သူတို့ အားလုံးမှာ ကောင်းကင်ကို မော့ရင်း တဖြည်းဖြည်း ကြီးမားလာနေသည့် နေကြယ်များကို ကြည့်နေခဲ့၏။ ၎င်းတို့မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် လှပလွန်းလှသည်။ သုံးဆယ့် သုံးမျိုးသော ရောင်စဉ်များနှင့် အစစ်အမှန် ဝိညာဉ် အလင်းတို့မှာ သူတို့၏ စိတ်ဝိညာဉ်ကို နှိုးဆွပေးနေသယောင် ထင်ရသည်။

ဆယ့်တစ်စက္ကန့်မြောက်တွင်တော့ အဓိက နယ်မြေများ အားလုံးမှာ လုံးဝ ပြိုလဲ သွားခဲ့ပြီ ဖြစ်သည်။ သူတို့ အားလုံး၏ အောက်တွင် ထာဝရ ကုန်းမြေများ မရှိတော့ချေ။ တော ၊ တောင်၊ ပင်လယ်၊ သဲကန္တာရ၊ ရေခဲ၊ နှင်း၊ မြက်ခင်းပြင် အစရှိသည့် နယ်မြေများ အားလုံးမှာ အလင်းစက်များ အဖြစ် ပြောင်းလဲကာ နေကြယ်များထံ၌ ခစား သွားခဲ့ကြပြီ ဖြစ်သည်။

စက္ကန့်ပိုင်းမျှ အတွင်းမှာပင် လောကကြီး တစ်ခုလုံး အမှောင် အတိ၊ ဟင်းလင်းပြင် အတိ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။ ပိုးစုန်းကြူးလေးများ ကဲ့သို့‌ ရောင်စဉ် အလင်းမှုန်ကလေးများ သာလျှင် နေရာအနှံ့ လွင့်မြောကာ နေကြယ်များ အတွင်း ဝင်ရောက် နေခဲ့ကြသည်။ ပုံသေ အာကာသ ဟူ၍ မရှိတော့...။ နတ္ထိဖြစ်ခြင်း တည်းဟူသော တည်ငြိမ် အာကာသ သာလျှင် ကျန်ရှိပေတော့သည်။ ၎င်း၌ အရောင်မရှိသလို အသွင် သဏ္ဌာန်လည်း မရှိချေ။

ကျင့်ကြံသူများ အားလုံးမှာ တဖြည်းဖြည်းနှင့် လှုပ်ရှားခြင်း မရှိ စတင် တည်ငြိမ် လာကြ၏။ သူတို့၏ ပတ်လည်ရှိ အမှောင်ထုမှာ နတ္ထိ ဟင်းလင်းပြင် မဟုတ်သလို ထိုနေရာတွင် အပျက်အစီး မန်နာ၏ တည်ရှိမှုလည်း မရှိချေ။ လေထု မရှိ၊ အရည် မရှိ၊ ဓာတ်ငွေ့ မရှိ၊ အသံ မရှိ၊ အကြွင်းမဲ့ နတ္ထိ...။ ဤသည်က တည်ငြိမ် အာကာသပင်။

ကျင့်ကြံသူများ အားလုံးမှာ တိတ်ဆိတ်စွာ စောင့်ဆိုင်း နေကြ၏။ အချို့မှာ အလွန်အမင်း တည်ငြိမ် နေကြသလို အချို့မှာလည်း သူတို့ တစ်ခါမှ မကြုံဖူးသည့် နှုန်ထားဖြင့် ရင်တဒိတ်ဒိတ် တုန်ယင် နေကြသည်။

ရောင်စဉ် သုံးဆယ့် သုံးမျိုး၊ အစစ်အမှန် အလင်းတို့နှင့် ထွန်းလင်းနေသည့် ဧရာမ အရွယ် နေကြယ်ကြီးများ၏ ပတ်လည်တွင် အလွန် သေးငယ်လှသည့် မထင်မရှား ပုံရိပ်ကလေးများမှာ လွင့်မြောနေကြသည်။ သူတို့မှာ လောကနှစ်ခုမှ ရွေးချယ်ခံများနှင့် အစီအရင် အလံများပင် ဖြစ်လေသည်။

“ဝိုး...”

ယီယွင်၏ မျက်လုံးများမှာ တစ်သက်တာ မေ့နိုင်မှာ မဟုတ်သည့် အံ့ဩမှုများနှင့် အတူ တဖိတ်ဖိတ် တောက်ပနေခဲ့၏။ လူငယ်လေးမှာ ယီရွှယ်ဟန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း တည်ငြိမ် အာကာသ အတွင်း အန္တရာယ် ကင်းစွာပင် ပျံဝဲ နေခဲ့သည်။

စန်းယွန်းလီမှာလည်း အလားတူပင် လွင့်မြော နေခဲ့၏။ သူမ၏ မျက်ဝန်းလေးများမှာ အံ့ဩမှု၊ ထိတ်လန့်မှုတို့နှင့် အတူ ပြူးကျယ် နေခဲ့၏။ ဤသည်က ထျန်းရီဝူ တစ်ချိန်လုံး စီစဉ်နေခဲ့သည့် အရာလော။ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။

ဘေးနားရှိ ရှောင်ယန်ယွဲ့၏ အမူအရာမှာလည်း အလားတူပင် မယုံကြည်နိုင်မှု၊ အံ့ဩမှုတို့နှင့် ပြည့်နှက် နေခဲ့၏။ ၎င်းက ကြောက်ရွံ့မှုထက် ကျော်လွန်သွားခဲ့သည့် အတိုင်းအတာ ဖြစ်သည်။

ထိုအခိုက်၌ လောကကြီးက လှပလွန်းလှသည်ဟု သူမ ခံစားရသည်။ အသံမရှိ၊ အရောင်မရှိ၊ အပိတ်အပင် မရှိ။ နေရာတိုင်း၌ အဆုံးမဲ့ သန့်စင်မှုနှင့် တိတ်ဆိတ်မှုတို့က နေရာယူထားသည်။

လောကနှစ်ခုမှ ရွေးချယ်ခံများ အားလုံးမှာ အခြေခံ ဒြပ်စင် လေးခုကို ကျင့်ကြံထားကြတာ ကံကောင်းပေသည်။ ထို့ကြောင့်ပင် သူတို့မှာ လေနှင့် ရေတို့ မရှိပဲ အသက်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြသည်။ အပျက်အစီး မန်နာများကို ရင်ဆိုင်စရာလည်း မလိုလေရာ သေမျိုးများ ဖြစ်စေ၊ အာဏာရှင်များ ဖြစ်စေ... အားလုံး အတွက် အန္တရာယ် မရှိသလောက်ပင်။ ကျင့်ကြံခြင်း အခြေခံကို ထုတ်မသုံးနိုင်ခြင်းမှ လွဲ၍ အဆင်ပြေနေသေးသည်ဟု ဆိုနိုင်ပေသည်။

အခြားတစ်ဖက်၌... ဖောင်းကားလာနေခဲ့သည့် ထျန်းရီဝူ၏ ခန္ဓာကိုယ်မှာ ပုံမှန် အဖြစ် ပြန်လည် ကျုံ့ဝင်သွားခဲ့ပြီ ဖြစ်သည်။ စိတ်ကျေနပ်စွာ ရှိုက်ထုတ်လိုက်သည့် သက်ပြင်းတစ်ချက်နှင့် အတူ သွေးနီရောင် မျက်လုံးများ အတွင်းမှ ရူးသွပ်မှုများမှာလည်း ပြန်လည် လျော့ပါး သွားခဲ့၏။ ထိုအရာက လုံလောက်သည်ထက် ပိုနေခဲ့ပြီ ဖြစ်သည်။

ထျန်းရီဝူ နောက်ဆုံးအပိုင်းကို ထုတ်ယူရန် အတွက် အစီအရင်ကို လှည့်ပတ်ရန် ပြင်လိုက်၏။ သို့သော်လည်း... ရုတ်တရက် ဆိုသလိုပင် စွမ်းအင် အပြောင်းအလဲ တစ်ခုကို ခံစားလိုက်ရသည်။ သူ အပေါ်သို့ မော့ကြည့်လိုက်ရာ ဖုံးကွယ်ခြင်း ကျင့်စဉ်အား ပယ်ဖျက်လိုက်ပြီ ဖြစ်သည့် ဝေ့ဝူယင်ကို မြင်လိုက်ရ၏။

“မင်း ဘာလုပ်နေတာလဲ...”

ထျန်းရီဝူ မေးမြန်းဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း တည်ငြိမ် အာကာသ အတွင်း သူ၏ အသံ ထွက်ပေါ်မလာခင်မှာပင် ဝေ့ဝူယင်က လက်ကို ဆန့်ထုတ်လိုက်၏။ တစ်ကြိမ်တည်း မဟုတ်ချေ။ နှစ်ကြိမ်လည်း မကချေ။ လေးကြိမ်တိတိ ဖြစ်ပေသည်။

ဝေ့ဝူယင် လက်ကို တစ်ကြိမ် ဆန့်ထုတ်တိုင်း၌ နေကြယ်များမှာ ပေါက်ကွဲလုမတတ် ကြီးမားလာခဲ့၏။ အကယ်၍ အသံများကိုသာ ကြားနိုင်ပါက သံသယ ဖြစ်ဖွယ် မရှိအောင် ကောင်းကင်ဘုံ၏ ဒေါသဖြစ်သည့် မိုးကြိုးထစ်ချုန်းသံများကို ကျယ်လောင်ပေလိမ့်မည်။

ဝေ့ဝူယင် လက်ကို ပထမ တစ်ကြိမ် ဆန့်ထုတ်လိုက်ချိန်၌ ၎င်းတို့မှာ ဧရာမ အရွယ်အစား၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ကြ‌၏။

ထျန်းရီဝူ တစ်ယောက် စိတ်ရှုပ်ထွေး လာမိ၏။ ဝေ့ဝူယင်က ထိုစွမ်းအင်များကို မည်သည့် နေရာမှ ဆွဲထုတ်နေသနည်း။ အစီအရင်မှာ အင်အား အပြည့်အဝဖြင့် လည်ပတ်ရင်း နယ်မြေများထံမှ စွမ်းအင်နှင့် အမတေများကို သန့်စင်၍ နေများထံ ဆွဲယူနေသေးကြောင်း သူ မြင်နိုင်ပေသည်။

ဒုတိယ အကြိမ် ဆန့်ထုတ်လိုက်ချိန်တွင်တော့ နေကြယ် ငါးစင်းလုံးမှာ အကြွင်းမဲ့ ဟူသော ခေါင်းစဉ်ထဲကိုပင် ခုန်တင် သွားခဲ့သည်။ ၎င်းတို့မှာ အလွန့်အလွန် ကြီးမားလှပေသည်။ ကျင့်ကြံသူများမှာ နောက်သို့ ညင်သာစွာပင် တွန်းဖယ်ခံလိုက်ရကာ နေကြယ်များနှင့် မိုင်သိန်းပေါင်းများစွာ ကွာဝေးသည့် အစွန်အဖျားများ၌ ဆက်လက် ပျံဝဲ တည်ရှိနေခဲ့ကြ၏။

နေကြယ်များမှာ ရပ်တန့်သွားခြင်း မရှိသေးချေ။ ဆက်လက် ကြီးထွားနေဆဲ ဖြစ်ကြောင်း သူတို့ အားလုံး ခံစားနိုင်ပေသည်။

ဝေ့ဝူယင် လက်ကို တတိယ တစ်ကြိမ် ဆန့်ထုတ်လိုက်ချိန်တွင်တော့ ၎င်းတို့မှာ အကြွင်းမဲ့ အရွယ်အစားထဲတွင်ပင် အလယ်အလယ် အဆင့်၏ အကန့်အသတ်ကို ရောက်ရှိလာခဲ့၏။

ဝေ့ဝူယင် လက်ကို စတုတ္ထ အကြိမ်မြောက် ဆန့်ထုတ်လိုက်ချိန်တွင်တော့ ၎င်းတို့မှာ ထူးဆန်းစွာပင် ဆက်လက် ကြီးထွားလာခြင်း မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုတ် လိုက်မိလေ၏။

***

All Chapters