← Chapters

အကျိုးအမြတ်များ ရယူခြင်း

Vol. 124 Ch. 1735

အကျိုးအမြတ်များ ရယူခြင်း

Vol. 124 Ch. 1735

ကျင့်ကြံခြင်းက ခက်ခဲသည်။ ဤစကားလုံး နှစ်လုံးမှာ ကျင့်ကြံခြင်း လောက၏ အလွှာ အသီးသီးတွင် ပဲ့တင်ထပ်နေ၏။ ယင်းသည်ကား ရှည်လျား ခက်ခဲ ကြမ်းတမ်းလွန်းလှသည့် လမ်းကြောင်းပေါ်သို့ ခြေချရန် ဆုံးဖြတ်ခဲ့သော မည်သူအတွက် မဆို အမှန်တရား ဖြစ်ခဲ့သည်။

လက်ရှိ၌ ရွေးချယ်ခံ ထောင်ပေါင်းများစွာတို့မှာ ရုတ်တရက် ပေါ်ပေါက်လာသော ကောင်းချီး အခွင့်အရေးအတွက် နှလုံးသားထဲမှ ဆာလောင်မှု၊ ပြင်းပြမှုများနှင့် အတူ တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။ ဆယ်စက္ကန့်ခန့် ကြာပြီးနောက်တွင် ရွေးချယ်ခံများ အားလုံးမှာ ကိုယ်ပိုင် အလင်း ပိုးအိမ်များဖြင့် လွှမ်းခြုံခံလိုက်ရပြီး ဖြစ်ကာ မှောင်မိုက်နေသည့် ဟင်းလင်းပြင် ပန်းချီကား တစ်ချပ်လုံးကို ကြိုးပမ်းအားထုတ်မှုနှင့် ရုန်းကန်မှုတို့ ကဲ့သို့သော လှပသည့် ဂုဏ်ကျက်သရေတို့ဖြင့် ခြယ်မှုန်းလိုက်ကြသည်။

ရွေးချယ်ခံများမှာ မိုင်ပေါင်းများစွာ ရှည်လျားသော ပိုးအိမ်များကို စုစည်းထားသော်လည်း အဆိုပါ စုစည်းမှုတိုင်းက သူတို့၏ စုပ်ယူမှု၊ သန့်စင်မှုနှင့် ရရှိမှုနှုန်းတို့ကို အလွန်အမင်း ထင်ဟပ်နေခြင်း မရှိပေ။ အကျိုးအမြတ် မည်မျှ ရရှိနိုင်သနည်း ဆိုသည့် မေးခွန်းမှာ မွေးရာပါ အရည်အချင်းအပေါ် များစွာ မူတည်ကာ၊ အဂ္ဂိရတ် ထုတ်ကုန်များအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ခန္ဓာကိုယ် စွမ်းရည်ကို မွမ်းမံခဲ့သည့် ခိုင်မာသော ခြေလှမ်းတိုင်းအပေါ်တွင် မူတည်နေသည်။

ဤအလွန်အမင်း သန့်စင်လှသည့် အမတေ များနှင့် စွမ်းအင်မျာ်ကို စုပ်ယူရသည်မှာ မယုံကြည်နိုင်လောက်အောင် လွယ်ကူလှသော်လည်း သွေးကြောများ၏ ပြုပြင်ထုတ်လုပ်မှု နှုန်း၊ ထျန်းတျန်၊ ကြယ်တာရာ အမြုတေနှင့် လျှို့ဝှက် အမြုတေတို့၏ သိုလှောင်နိုင်မှုနှင့် ကျင့်ကြံခြင်း နည်းလမ်း ကန့်သတ်ချက်များကြောင့် ကွာခြားမှုများကို စတင် ပြသလာကာ ရရှိနိုင်မှု အဆင့်များမှာလည်း ကွဲပြား သွားခဲ့ကြသည်။ အာဏာရှင် အဖွဲ့မှလွဲ၍ ချိပ်ပိတ်နယ်မြေမှ နယ်မြေမှ ရွေးချယ်ခံ အများစုမှာ နှစ်ဆယ့်တစ်စက္ကန့် အကြာတွင်ပင် သူတို့၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားကြသည်။

သူတို့၏ ကျင့်ကြံခြင်း အခြေခံများမှ အဆပေါင်း များစွာ မြင့်တက်လာသော်လည်း ပင်ကိုယ် ပါရမီနှင့် ရုပ်ခန္ဓာ သန့်စင်မှု ကွာခြားချက်များကြောင့် နောက်ထပ် ခြေတစ်လှမ်း လှမ်းဖို့ အတွက် အတားအဆီးကြီး တစ်ခု ရှိနေခဲ့သည်။ အချို့ထံတွင် မိုင်ပေါင်းများစွာ ရှည်လျားသည့် ပိုးအိမ်များ ရှိနေသေးဆဲ ဖြစ်သော်လည်း ဆက်လက် စုပ်ယူနိုင်စွမ်း မရှိတော့လေရာ အကူအညီ ကင်းမဲ့စွာ အော်ဟစ်ရုံသာ တတ်နိုင်ကြသည်။

ယင်းမှာ တည်ငြိမ် ပြည့်စုံခြင်း မရှိသေးသည့် ကျင့်ကြံခြင်း လမ်းကြောင်းကြောင့်ဟု မှတ်ယူကောင်း မှတ်ယူနိုင်ပေလိမ့်မည်။ သို့သော်လည်း သူတို့ တစ်ယောက်ချင်းစီမှာ ရွေးချယ်ခံများ ဖြစ်လေရာ မခေသူများဟု ဆိုနိုင်ပေသည်။ သူတို့ထံတွင် အနည်းဆုံး ခရမ်းရောင် မူလ အလင်း၊ ဝိညာဉ်ဆင်းတု ကွင်း ရှစ်ကွင်းနှင့် အာကာသ ပဲ့တင်သံလှိုင်း ရှစ်ခုတို့ ရှိကြသည်။ အရာအားလုံး ရှိချင်မှ ရှိမည်ဖြစ်သော်လည်း၊ ပင်ကိုယ် အရည်အချင်းများနှင့် သက်ဆိုင်သည့် တစ်ခု သို့မဟုတ် နှစ်ခုခန့်တော့ ရှိနေဖွယ် ရှိသည်။

ထို့ကြောင့်ပင် သူတို့ ရရှိခဲ့သည့် အကျိုးအမြတ်များမှာလည်း မနည်းလှပါချေ။ အထူးသဖြင့် ကြယ်တာရာ သခင်များမှာ အလွန် သန့်စင်သည့် လျှို့ဝှက် အမတေများမှ တစ်ဆင့် လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့ ရှစ်ဆယ့်တစ်လုံးကို လျှင်မြန်စွာ စုဆောင်းကာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တိုက်ခိုက်ရန် အတွက် အခြေခံများ ရရှိခဲ့ကြသည်။ သို့သော်လည်း ၎င်းကို ချက်ချင်း စိန်ခေါ်ဖို့တော့ သူတို့ထံတွင် သတ္တိမရှိကြသေးချေ။

ချိပ်ပိတ် နယ်မြေ၏ ရွေးချယ်ခံတိုင်း နှစ်ဆယ့် တစ်စက္ကန့် အရောက်၌ အကန့်အသတ်သို့ ရောက်ရှိသွားကြသည်တော့ မဟုတ်ချေ။ ခြွင်းချက်များ ရှိပေသည်။ ကျူးထန်ထန်နှင့် လုံကွာတို့ ကောင်းချီးခံ စုံတွဲမှာ ထူးခြားသည့် နည်းလမ်း တစ်ခုနှင့် အတူ နှစ်ကိုယ် ကျင့်ကြံခြင်း အခြေအနေ အတွင်း ဝင်ရောက်ခဲ့သည်။ သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် မှီခို အားထားရင်း မိမိ ရရှိနိုင်သည့် အကန့်အသတ်များကို တိုးမြှင့်ခဲ့ကြသည်။ သုံးဆယ့် ခုနစ်စက္ကန့်သို့ အရောက်တွင်တော့ သူတို့သည်လည်း နောက်ဆုံး ကန့်သတ်ချက်များသို့ ရောက်ရှိခဲ့ကြသည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ရှုပ်ထွေး ကြမ်းတမ်းလှသော တိုက်ပွဲများ အတွင်း ရှင်သန်နိုင်ခဲ့သည့် အခြားသော ကောင်းချီးခံများမှာလည်း နေရာ အနှံ့တွင် ပျံ့နှံ့နေကာ နည်းလမ်း အမျိုးမျိုးကို အသုံးပြု၍ မိမိတို့ အတွက် အကောင်းဆုံး အကျိုး‌ကျေးဇူးများကို ရှာဖွေ နိုင်ခဲ့ကြသည်။ သူတို့က ရနိုင်သမျှကို ပိုမိုကောင်းမွန်စွာ သိမ်းပိုက်ရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။

ထိုအတောအတွင်း အာဏာရှင်များမှာ ဆက်လက်၍ ကျင့်ကြံနေကြဆဲ ဖြစ်သည်။ ပုံမှန် အာဏာရှင် အဖွဲ့ဝင်များ၏ ပိုးအိမ်များမှာ နှစ်မိုင်မှ သုံးမိုင်ခန့်သာ ရှိသော်လည်း ၎င်းတို့မှာ အံ့မခန်း ထိရောက်ပြီး လျင်မြန်သော နှုန်းထားဖြင့် ၁၀၀% အပြည့်အဝ စုပ်ယူ သန့်စင်လျက် ရှိသည်။ တစ်ခါတစ်ရံတွင်... သူတို့၏ ပိုးအိမ်များမျာ စုစည်းမှု အရှိန်နှင့် စုပ်ယူမှုနှုန်းကို ထိန်းထားနိုင်ခြင်း မရှိသည့်အလား ကျုံ့ဝင်၍ပင် သွားတတ်သည်။ အာဏာရှင်တိုင်းမှာ အဂ္ဂိရတ် ထုတ်ကုန်အမျိုးမျိုးကို အသုံးပြု၍ ထူးခြားစွာ မြှင့်တင်ထားသော မွေးရာပါ အရည်အချင်းများကို ပိုင်ဆိုင်ထားကြသည်။

ယီယွင် တစ်ယောက် ကိုယ်ပိုင် ပိုးအိမ်ကို ဖန်တီးလိုက်သည့် အခါ၌ ယီရွှယ်ဟန်မှာ နောက်သို့ ညင်သာစွာ တွန်းပို့ ခံလိုက်ရသည်။ ယီရွှယ်ဟန်သည် တစ်မိုင်ခွဲခန့် ရှိသည့် ပိုးအိမ်ကို ပိုင်ဆိုင်ထား၏။ မိန်းကလေးမှာ လျှို့ဝှက် အာဏာရှင် အဆင့်သုံး သေမျိုးတစ်ပိုင်း ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသော်လည်း သေမျိုးများစွာထက်ပင် ပိုမို နိမ့်ပါး နေခဲ့သည်။

လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်သည်နှင့် လူတစ်ယောက်၏ အရည်အချင်းသည်လည်း သိသိသာသာ မြင့်တက်လာလိမ့်မည်ဟု အထင်မှားလေ့ ရှိကြသည်။ ထိုအရာက လက်တွေ့၌ မမှန်ပါချေ။ သူတို့မှာ သေမျိုး အဆင့်ကို ကျော်လွန် တည်ထောင်ခဲ့သည့် ကျင့်ကြံခြင်း အခြေခံများကြောင့် သေမျိုး အဆင့် စွမ်းအင်နှင့် အမတေများကို အံ့မခန်း မြန်ဆန်သော နှုန်းဖြင့် စုပ်ယူနိုင်သော်လည်း၊ သေမျိုးအဆင့် စွမ်းအင်များနှင့် အမတေ များမှာ သူတို့အတွက် လုံးဝ အသုံးမဝင်ပေ။ လျှို့ဝှက် အဆင့် စွမ်းအင်များနှင့် အမတေ များသာလျှင် သူတို့ အတွက် အသုံးဝင်ပေသည်။ ထိုအချက်က... ကျင့်ကြံခြင်း အခြေခံ ပြောင်းလဲလျှင်ပင် မွေးရာပါ အရည်အချင်း မပြောင်းလဲ ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရိုးရှင်း ပြတ်သားစွာပင် ဖွင့်ဟ ပြသနေပေသည်။

ယီယွင်၏ ခန္ဓာကိုယ်ကိုတော့ ရှစ်မိုင်ခန့် ရှိသည့် ပိုးအိမ် တစ်ခုက လွှမ်းခြုံ ထား၏ ဝေ့ဝူယင်၏ လွှမ်းမိုးမှုက သူ အပါအဝင် အာဏာရှင် အဖွဲ့ဝင်တိုင်းကို သက်ရောက်ခဲ့ကာ မူလက ငါးမိုင်ရှိသော ပိုးအိမ်ကို ရှစ်မိုင် အထိ တိုးမြှင့်နိုင်ခဲ့သည်။ ထို့အပြင်... အစစ်အမှန် လောက ပဲ့တင်သံ ခန္ဓာကိုယ်မှာလည်း ဤစွမ်းအင်များနှင့် အမတေများကို စုစည်းရာတွင် အလွန် အထောက်အကူ ပြုခဲ့ပေသည်။

ရုတ်တရက်... ယီယွင်နှင့် အခြား အာဏာရှင် အဖွဲ့ဝင်များ၏ ပိုးအိမ်များမှာ သုံးမိုင်ခန့် ထပ်မံ၍ ကျယ်ပြန့်လာခဲ့၏။ ကွန်မန်ဒါများ၊ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့နှင့် မူလ အာဏာရှင် အဖွဲ့ဝင်များ၏ ပိုးအိမ်များကတော့ ငါးမိုင်အထိ ထပ်မံ ကြီးထွား လာခဲ့သည်။ အာဏာရှင်များ၏ ပိုးအိမ်များ အလွန်လျင်မြန်စွာ ကျုံ့သွားနေသည်ကို ဝေ့ဝူယင် သတိပြုမိခဲ့သည်။ သူတို့၏ စွမ်းအင်များနှင့် အမတေများကို စုစည်းနိုင်မှု စွမ်းရည်မှာ စုပ်ယူ သန့်စင်နိုင်မှု စွမ်းရည်နှင့် နှိုင်းယှဉ်ပါက မှေးမှိန်နေခဲ့သည်။

သို့သော်လည်း အာဏာရှင်များထဲတွင် သိသိသာသာ တိုးလာခြင်း မရှိသည့် ပိုးအိမ်တစ်ခု ရှိပေသည်။

စုမေ့ပင်...။

စုမေ့မှာ လေ၊ စိုထိုင်းဆနှင့် အသံ ကင်းမဲ့သည့် အမှောင် ဟင်းလင်းပြင်ထဲတွင် မျက်လုံးများ မှိတ်ထားကာ အသက်ကို ဖြည်းညင်းစွာ ရှူရင်း ညင်သာစွာ လွင့်ပါ နေခဲ့၏။ သူမအား ဝန်းရံထားသည့် စွမ်းအင်နှင့် အမတေ များ မရှိလေရာ အများစုက သူမ ကျင့်ကြံနေခြင်း မရှိဟု ထင်မှတ်ကြပေလိမ့်မည်။ သို့သော် အမှန်တရားမှာ ထိုထက်မက အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

ဟူး... ဟူး...

ထိုအခိုက်၌ စုမေ့မှာ အမှောင်တွင်းနက်ကြီး သဖွယ် ဖြစ်နေခဲ့သည်။ သူမက သာမန် မျက်လုံးများဖြင့် လိုက်မှီရန် မဖြစ်နိုင်သော အမြန်နှုန်းဖြင့် စွမ်းအင်နှင့် အမတေ များကို စုပ်ယူနေခဲ့သည်။ ထို့ကြောင့်ပင် သူမထံ၌ ပိုးအိမ် မရှိသကဲ့သို့ ထင်ရခြင်း ဖြစ်သည်။

ဝေ့ဝူယင်မှာ အခြား အာဏာရှင်များ ကဲ့သို့ပင် စုမေ့၏ စုစည်းမှု အရှိန်နှုန်းကို မြှင့်တင်ပေးခဲ့သော်လည်း သူမမှာ ယခင်က အတိုင်းပင် ရှိနေဆဲ ဖြစ်လေရာ သူ လက်မှိုင်ချမိတော့သည်။ ထိုမိန်းကလေးမှာ အောက်ခြေ ကြမ်းပြင် မရှိသည့် သမုဒ္ဒရာ ချောက်နက်ကြီး သဖွယ်ပင်။

ဝေ့ဝူယင် ကိုယ်တိုင်မှာ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို အသုံးပြု၍ ကျင့်ကြံနေသူ ဖြစ်သည်။ သူက စုပ်ယူမှုနှုန်းကို အကန့်အသတ် အထိ တွန်းပို့ မထားသော်လည်း သူနှင့် သူ၏ ကြယ်တာရာ ဝိညာဉ်များသည် အလွန်လျင်မြန်စွာ စုပ်ယူနေသဖြင့် ပိုးအိမ်များမှာလည်း ထပ်ခါတလဲလဲ ကြီးထွားလာခြင်း၊ ကျုံ့ဝင်သွားခြင်း၊ ပျောက်ကွယ်သွားခြင်း၊ ပြန်လည် ဖြစ်ပေါ်လာခြင်း စသည့် ဖြစ်စဉ်များနှင့် ကြုံတွေ့ နေရသည်။ ထိုအတောအတွင်း စုမေ့မှာမူ အမြဲတမ်း တသမတ်တည်း ရှိနေခဲ့သည်။

ထျန်းရီဝူထံတွင်ပင် ထိုသို့ ထူးဆန်းမှု မရှိပေ။ သို့သော်... သူသည်လည်း ဝေ့ဝူယင် ကဲ့သို့ပင် ပိုးအိမ် တဖြည်းဖြည်း ပါးလာကာ ပျောက်ကွယ်သွားလုနီးပါး အထိ အံ့မခန်း အရှိန်နှုန်းဖြင့် ရူးသွပ်ဖွယ် ကောင်းလောက်အောင် စုပ်ယူနေခဲ့သည်။ စန်းယွန်းလီသည်လည်း အတူတူပင် ဖြစ်ပြီး၊ သူမ၏ အလင်း ပိုးအိမ်မှာ ခုနစ်မိုင်မှ ကိုးမိုင်ကြား၌ အတက်အကျ ရှိနေခဲ့သည်။

ဝေ့ဝူယင် စုမေ့၏ ပုံမှန် မဟုတ်သည့် လုပ်ရပ်ကြောင့် သိချင်စိတ် ဖြစ်လာခဲ့၏။ သူမက စွမ်းအင်များကို တစ်နေရာရာတွင် သိုလှောင်နေသလော။

ဝေ့ဝူယင်၏ စိတ်ထဲ၌ စုမေ့ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှု တစ်ချို့ ရှိပေသည်။ ကံကောင်းထောက်မစွာပင်... သူမ၏ ဦးခေါင်းထက်၌ ခိုင်မြဲစွာ နေရာယူထားသည့် ထာဝရ သရဖူက သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေည်။

သူမကို မဆုံးရှုံးရစေရန်အတွက် သး စွမ်းအားရှိသမျှ အရာအားလုံးကို လုပ်ဆောင်မည် ဖြစ်သည်။

သူ စုမေ့ကို အဆုံးရှုံး မခံနိုင်ချေ။

တစ်မိနစ်ကြာပြီးနောက်၌ နေကြယ်များမှာ အလယ်အလတ် ဧရာမ နေကြယ် အရွယ်ခန့်သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။ ၎င်းတို့မျာ သိသာ ထင်ရှားသည့် ကျဆင်းမှုများနှင့် ရင်ဆိုင် နေခဲ့ရပြီ ဖြစ်သည်။

အခြားသော အင်အားစုများမှာလည်း နေကြယ် ငါးလုံးမှ စွမ်းအင်များကို ရရှိနိုင်သမျှ သိမ်မွေ့စွာ ထုတ်ယူ နေကြကြောင်း ဝေ့ဝူယင် ရိပ်မိလိုက်သည်။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ အော်ရာကို ဝေ့ဝူယင် ခံစားနိုင်သည်။ ထိုပုဂ္ဂိုလ်ထံတွင် ထိုလောကနယ်မြေနှင့် ဆက်သွယ်ရန် နည်းလမ်း တစ်ခု ရှိနေသည့်ပုံ ရသည်။

ဝေ့ဝူယင် အတွက်တော့ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ အမှန်တကယ် အဆုံးမဲ့သော လျှို့ဝှက်ချက်များ ဖြစ်ပေသည်။ ထိုဧကရာဇ် အပြင် အခြား အော်ရာ အနည်းငယ်ကိုလည်း ဝေ့ဝူယင် ခံစားနိုင်သည်။ ထူးခြားသည်က ထိုအထဲတွင် သက်တံ့လောက ကြယ်တာရာ နယ်မြေ၏ တစ်ဦးတည်းသော မြေကြီးရှန့်ထို ရှကျားကို ခံစားမိခြင်း ဖြစ်သည်။ ထို့အပြင် ချောင်စွေ့ဖုန်းနှင့် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်တို့လည်း ရှိနေခဲ့သည်။

အဆုံးမဲ့ ခရီးသွား နယ်မြေမှ ရင်းနှီးပြီးသား အော်ရာ အချို့ကိုလည်း သူ ခံစားခဲ့ရသည်။ သူတို့အားလုံးမှာ ရရှိသမျှကို ယူဆောင်ရန် အတွက် မယုံကြည်နိုင်စရာ နည်းလမ်းများကို အသုံးပြု နေကြခြင်း ဖြစ်သည်။ အကွာအဝေးကြောင့်ပင် သူတို့၏ ရရှိနိုင်မှုများမှာ အကန့်အသတ်များ ရှိသော်လည်း ထိုလုပ်ရပ်ကပင် အစစ်အမှန် ကျင့်ကြံသူများ၏ စွမ်းရည်ကို ထုတ်ဖော် ပြသနေခြင်း ဖြစ်လေရာ ချီးကျူးထိုက်ပေသည်။

***

All Chapters