← Chapters

အဆုံးသတ်

Vol. 124 Ch. 1736

အဆုံးသတ်

Vol. 124 Ch. 1736

ဝေ့ဝူယင် များစွာ အံ့ဩခြင်းတော့ မရှိချေ။ အဆုံးမဲ့ ခရီးသွား နယ်မြ အပါအဝင် ထိုကျင့်ကြံသူ တစ်ဦးချင်းစီမှာ နက်ရှိုင်းသည့် ကျင့်ကြံခြင်း အခြေခံများနှင့် အာကာသနှင့် အချိန် လမ်းစဉ် အပေါ် လေးနက်သည့် ဉာဏ်အလင်းများကို ပိုင်ဆိုင် ထားကြပေသည်။ ထို့ကြောင့်ပင် သူတို့ တစ်ဦးချင်းစီတိုင်း၌ မတူ ကွဲပြားသည့် နည်းလမ်းများ ရှိနေနိုင်ကြောင်း သူ လျင်မြန်စွာ သဘောပေါက်ခဲ့သည်။

ဝေ့ဝူယင် သူတို့၏ ကြိုးပမ်း အားထုတ်မှုများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုပါချေ။ လောလောဆယ်တွင် သူ ကိုယ်တိုင်နှင့် အာဏာရှင်များ အတွက် ရနိုင်သမျှ ယူဖို့ကိုသာ အာရုံစိုက်ထားသည်။ အခြားလူများ အပေါ် မနာလို ဝန်တိုစိတ်ဖြင့် ပိတ်ပင် တားဆီးဖို့ ကြိုးပမ်းရင်း ကိုယ်တိုင်လည်း ဆုံးရှုံးရမည့် အဖြစ်မျိုး သူ မလိုလားပါချေ။

လွန်ခဲ့သည့် နှစ်များ အတွင်း၌ သေမျိုးတစ်ပိုင်း အရှင် နှစ်ဦး၊ မြေကြီး ရှန့်ထို နှစ်ဦးတို့နှင့် နှစ်ကိုယ်တူ ကျင့်ကြံခဲ့ပြီး နောက်တွင် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံမှာ ၂၅ ရာခိုင်နှုန်းမှ ၃၉ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့သည်။ ထိုနောက်ပိုင်း၌ သူ အဆုံးမဲ့ ကြယ်တာရာ ပဲ့တင်ထပ် ဆေးလုံးများကို အဆက်မပြတ် သောက်သုံးခဲ့သလို၊ ဖီဆန်လေးထံမှ နေစွမ်းအင်များကို အသုံးပြု၍ အဆက်မပြတ် ကျင့်ကြံခဲ့သည်။ နှစ်ကိုယ်တူ၊ သုံးကိုယ်တူ၊ ငါးကိုယ်တူ အထိ ကျင့်ကြံခြင်းများကိုလည်း ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့သည်။ သို့စေကာမူ... နှစ်ပေါင်းများစွာ ကြာမြင့်ပြီး နောက်တွင်ပင် ရာနှုန်းပြည့် အဆင့်ကို မရောက်ရှိသေးချေ။

ကံကောင်းထောက်မစွာပင် ယခုအခါ၌ သူ၏ ကြယ်တာရာ ဝိညာဉ် တစ်ခုချင်းစီမှာ ရာနှုန်းပြည့် အဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ နက်ရှိုင်းကာ ကောင်းကင်ကိုပင် လှုပ်ခါနိုင်သည့် စွမ်းအင်များဖြင့် တုန်ခါ နေကြ၏။ ပြည့်စုံခြင်း တည်းဟူသော ခံစားချက်က သူ့အတွက်ရော ကြယ်တာရာ ဝိညာဉ်များအတွက်ပါ အထူးတလည် ပျော်ရွှင်စရာ ဖြစ်ခဲ့သည်။

ကြယ် အမြုတေ အဆင့်သို့ တက်ရောက်ခဲ့ပြီးသည့်နောက်တွင် ပထမဆုံးအကြိမ်အဖြစ်၊ ဝေ့ဝူယင်မှာ သေမျိုး နယ်ပယ်များ၏ အထွတ်အထိပ် အဆင့်သို့ အမှန်တကယ် ဝင်ရောက်ခဲ့ပြီဟု မှတ်ယူနိုင်ပေသည်။ သူက အစစ်အမှန် ကြယ်တာရာ သခင် တစ်ယောက် ဖြစ်လာခဲ့လေပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ ကြယ်တာရာ ဝိညာဉ်များမှာ ရပ်တန့်သွားခြင်း မရှိပဲ ရှေ့သို့ ဆက်လက်၍ တွန်းအားပေး နေခဲ့၏။ စွမ်းအင်နှင့် အမတေများကို စုစည်းရင်း သူတို့၏ ကြယ်တာရာ အမြုတေ အရွယ်အစား၊‌ အော်ရာနှင့် တောက်ပမှုတို့မှာ လျင်မြန်စွာပင် တိုးတက် လာနေခဲ့သည်။ ကြယ်တာရာ သခင် အဆင့်၏ အထွတ်အထိပ်ကို ရောက်ဖို့ အတွက်တော့ သူ ဆက်လက် ကြိုးပမ်းရဦးမည် ဖြစ်သည်။ သူ၏ ပန်းတိုင်မှာ ကျင့်ကြံခြင်း အခြေခံ၏ အမြင့်ဆုံး ကန့်သတ်ချက်ကို တက်လှမ်းရန်ပင် ဖြစ်သည်။

ခြောက်မိနစ်တိုင်တိုင် ကြာမြင့်ပြီနောက် နေကြယ် ငါးလုံးမှာ ဧရာမ အရွယ်အစားမှ နေကြယ်ပု အရွယ်အစား အထိ ကျုံ့ဝင် သွားခဲ့သည်။ စုမေ့တို့လိုမျိုး ကျင့်ကြံသူ အချို့မှ လွဲ၍ အာဏာရှင် အဖွဲ့ဝင်များ အားလုံးမှာ ရရှိထားသမျှကို အစာချေကာ ကန့်သတ်ချက်များသို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ အခြားသော သေမျိုးနှင့် လျှို့ဝှက် အာဏာရှင် အဆင့် ရွေးချယ်ခံများမှာလည်း သူတို့၏ ကိုယ်ပိုင် ကန့်သတ်ချက်များသို့ ရောက်ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု၌ သူတို့မှာ နက်ရှိုင်းသည့် ကျင့်ကြံခြင်း ဖြစ်စဉ် အတွင်း နစ်မြုပ် နေကြသည်။

ဝေ့ဝူယင်သည်လည်း စိတ်ကျေနပ်မှုကို ခံစားနေရ၏။ သူ ကြယ်တာရာ အမြုတေများကို အပြည့်အဝ ဖြည့်ဆည်းနိုင်ခဲ့သည့် အပြင် ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကိုလည်း အဆင့်တစ်ဆင့်သို့ တွန်းပို့နိုင်ခဲ့သည်။ ယခင်က အခြေခံ အဆင့်တွင်သာ ရှိခဲ့သော်လည်း ယခုအခါတွင်တော့ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို အထွတ်အထိပ် အဆင့်သို့ တွန်းပို့ရန် အထောက်အကူ တစ်ခုကို တည်ဆောက် နိုင်လိုက်ပြီ ဖြစ်သည်။ ထိုတိုးတက်မှုက သေးငယ်သယောင် ထင်ရသော်လည်း တကယ်တမ်း၌ ကောင်းကင်ကိုပင် လှုပ်ခါနိုင်စွမ်း ရှိပေသည်။

ဝေ့ဝူယင်၏ သွေးကြောများ၊ ထျန်းတျန်နှင့် ဝိညာဉ်အင်အားတို့မှာလည်း မမြင်နိုင်သည့် အတားအဆီး တစ်ခု၏ အတင်းအကြပ် တွန်းကန်မှုကို ခံနေရ၏။ ထိုခံစားချက်က နံရံတစ်ခုကို ချိုးဖျက်တော့မည့် ပုံစံနှင် ဆင်တူလေရာ ဝေ့ဝူယင်၏ မျက်ခုံးများမှာ ရုတ်တရက် တွန့်ချိုး သွားခဲ့သည်။ အကယ်၍ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်သာ နောက်တစ်ဆင့်ကို ရောက်ရှိသွားပါက မည်ကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သူ သိလို နေခဲ့ပြီ ဖြစ်သည်။

တရုန်း...

ရုတ်တရက် လှုပ်ခါမှု တစ်ခုမှာ အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပျံ့နှံ့သွားခဲ့၏။ ခရမ်းရောင် အလင်းတန်းများက နေကြယ်ပုများထံသို့ ခုန်ဝင်လာသည်ကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ၎င်းတို့၏ မူလဇစ်မြစ်ကို ဝေ့ဝူယင် ချက်ချင်းပင် ရှာဖွေ တွေ့ရှိလိုက်၏။

ကြယ်တာရာ အသိုက်...

၎င်းမှာ ကျန်ရှိနေသေးသည့် အရာများ အတွက် စတင် လှုပ်ရှား လာခဲ့ပြီ ဖြစ်သည်။

သားရဲတစ်ကောင်၏ လက်သည်း အလား ခရမ်းရောင် နတ်ဆိုး အလင်းငွေ့များက နေကြယ် သုံးလုံးကို စတင် သိမ်းယူဖို့ ကြိုးပမ်း လာခဲ့၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ဥပဒေသ ခြောက်ခုနှင့် ဝိညာဉ်အင်အားများနှင့် လင်းလက် လာခဲ့၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ခရမ်းရောင် မီးခိုးငွေ့များမှာ ပျောက်ကွယ် သွားခဲ့သည်။ မြည်ဟီးသံ တစ်ချက် ထွက်ပေါ်လာသော်လည်း အရာအားလုံးက ပုံမှန်အတိုင်းပင် ပြန်လည် တည်ငြိမ်သွားခဲ့၏။

"မင်းနေသင့်တဲ့ နေရာမှာ နေပါလို့ ငါပြောပြီးပြီ"

ဝေ့ဝူယင်က ပြုံးရင်း ဆိုလိုက်၏။ ထိုတည်ရှိမှု၏ ကောက်ကျစ်သော လုပ်ရပ်များကို သူ ခွင့်မပြုနိုင်ပါချေ။ မုန့်၏ တစ်စိတ်တစ်ပိုင်းကို ရယူလိုလျှင်ပင် ခွင့်ပြုနိုင်သေးသည်။ သို့သော်လည်း ၎င်းက တစ်ခုလုံးကို သိမ်းပိုက် လိုနေခြင်း ဖြစ်သည်။

“ဟမ်...”

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ အခြား အရပ် မျက်နှာများသို့ ရွေ့လျား သွားခဲ့၏။ အာကာသ ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ နေကြယ်များကို သိမ်းယူဖို့ ကြိုးပမ်းနေသည့် အခြား အော်ရာများကိုလည်း သူ ခံစားလိုက်ရသည်။ သူတို့၏ နည်းလမ်းများက အမျိုးမျိုး ကွဲပြားပြီး ထူးခြား ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။

"ခင်ဗျားတို့အားလုံးလည်း အတူတူပဲ"

ဝေ့ဝူယင်၏ လေသံက မထီမဲ့မြင်ပြုမှုနှင့် မနှစ်မြို့မှုတို့နှင့် ပြည့်နှက် နေခဲ့၏။ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း ဖီဆန်လေးထံမှ ဆွဲငင်အားကို ဆင့်ခေါ်ကာ နေကြယ်များကို ဆွဲယူလိုက်သည်။ နေကြယ်ငါးလုံးမှာ သူ့ထံသို့ စတင်ရွေ့လျားလာကာ ပြင်ပ အင်အားစုများထံမှ ချိတ်ဆက်မှု မှန်သမျှကို ဖြတ်တောက်ပစ်လိုက်၏။

အမျက်ဒေါသများနှင့် ပြည့်နှက်နေသည့် အော်ရာများမှာ ထောင့်ပေါင်းစုံ၌ ပေါက်ကွဲ လာခဲ့သည်။ အမှောင် ဟင်းလင်းပြင် တစ်ခုလုံး တဟုန်းဟုန်း တုန်ယင် သွားသော်လည်း ဝေ့ဝူယင်က သူတို့ကို ဂရုစိုက်ခြင်း မရှိချေ။

ထိုအခိုက်၌ ရွေးချယ်ခံများနှင့် အာဏာရှင် အားလုံးလိုလိုမှာ ကျင့်ကြံ ပြီးသွားကြပြီ ဖြစ်သည်။ သူ အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်ကို အသုံးပြုရင်း နေကြယ် တစ်လုံးချင်းစီတိုင်းကို ဟင်းလင်းပြင် ပုံဆောင်ခဲခြင်း ပြုလုပ်လိုက်သည်။ ၎င်းတို့မှာ စကျင်ကျောက် အရွယ်အစား ရှိသည့် ရောင်စုံ ကျောက်တုံးလေး ငါးခု အဖြစ် ပြောင်းလဲ သွားခဲ့၏။

“ဒီလောက်ဆိုရင် အိမ်မှာ ကျန်ခဲ့တဲ့ အာဏာရှင် အဖွဲ့ဝင်တွေအတွက် လုံလောက်ပြီ... နောက်ပြီး ဒါတွေကို လျှို့ဝှက်နယ်မြေတွေ အတွက် အမြုတေ အနေနဲ့လည်း သုံးလို့ရတယ်... သူ(မ) အတွက်လည်း စိတ်ငြိမ်ဆေး ဖြစ်ဖို့ မျှော်လင့်ကြတာပေါ့”

ဝေ့ဝူယင် နောက်ဆုံး တစ်ကြောင်းကို တွေးတောရင်း ပြုံးလိုက်မိသည်။ ထို့နောက် သူ ပုံဆောင်ခဲများကို ရှန့်ထို လက်စွပ် အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်၏။

ကျင့်ကြံသူများမှာ သွေးကြောများ၊ ထျန်းတျန်များနှင့် အသိစိတ် ပင်လယ်တို့ အတွင်း စုပ်ယူထားသည့် စွမ်းအင်နှင့် အမတေများကို သင့်လျော်စွာ နေရာချကြရင်း ဆယ့်ခုနစ်မိနစ်ခန့်မျှ ကြာမြင့် သွားခဲ့သည်။ သူတို့အားလုံး ကန့်သတ်ချက်များကို ရောက်ရှိနေကြပြီ ဖြစ်သည်။ အားလုံးမှာ တစ်ယောက်ပြီး တစ်ယောက် ပြန်လည်၍ နိုးထလာကြ၏။

နောက်ဆုံး ပုဂ္ဂိုလ် နိုးထလာပြီးနောက်၌ ဝေ့ဝူယင်က ထျန်းရီဝူကို လှမ်းကြည့်လိုက်သည်။ သတ္တမမြောက် အင်ပါယာ မင်းသားမှာ သိန်းနှင့်ချီသည့် ရွေးချယ်ခံများကို ကြည့်ရင်း မျက်မှောင်ကြုတ် နေခဲ့သည်။ ဤဖြစ်ရပ် တစ်ခုလုံး အတွက် တာဝန်ရှိသူ တစ်ယောက် အနေဖြင့်... သူက လူများအား မည်ကဲ့သို့ ပြန်ပို့ရမည်ကို တွေးတောနေပုံ ရသည်။ အံ့အားသင့်စရာပင် ထျန်းကျန်းဟန်မှာ သူ့ဘေးတွင် ရှိနေခဲ့သည်။

စကားပြောဆိုနိုင်စွမ်းများ မရှိသောကြောင့် ကျင့်ကြံသူများ အထူးသဖြင့် အလွှာအပြင်က လောကမှ ရွေးချယ်ခံများမှာ စိတ်ရှုပ်ထွေး နေခဲ့ကြသည်။ သူတို့ အိမ်ကို မည်ကဲ့သို့ ပြန်ရမည်နည်း။

ဂျစ်... ဂျစ်...

အားလုံး စိတ်ရှုပ်ထွေး နေကြစဉ်မှာပင် ရုတ်တရက် ဆွဲဖြဲသံ တစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ရွေးချယ်ခံများ အားလုံးမှာ အသံလာရာကို လှမ်းကြည့်လိုက်ကြရင်း တုန်ယင် သွားကြသည်။

ခရာတို၊ ဘုရင်၊ ဧဒင်နှင့် အိုရီတို့မှာ သူတို့၏ သက်ဆိုင်ရာ နေအိမ်များသို့ ပြန်လည် ရောက်ရှိခဲ့ကြပြီး ဖြစ်သည်။ ဝေ့ဝူယင်မှာ ရွှယ်ရီဖေး၏ နံဘေးတွင် ပြန်လည် ပေါ်လာခဲ့၏။ မိန်းကလေးက ချက်ချင်းပင် သတိပြုမိသွားကာ ယောက်ျားဖြစ်သူကို လှည့်ကြည့်လိုက်သည်။

"အဲဒါက ဘာလဲ..."

အစစ်အမှန် နဂါး သွေးမျိုးဆက် တစ်ယောက် အနေဖြင့် မိန်းကလေးမှာ စကားပြောနိုင်သည့် လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်ကာ ဝေ့ဝူယင်မှာလည်း ကြားနိုင်သည့် လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

လူငယ်က ရယ်မောလိုက်၏။

“ငါတို့ရဲ့ စီးတော်ယာဉ်ပေါ့...”

ထိုအခိုက်တွင်ပင် ဆွဲဖြဲခံထားရသည့် နေရာမှာ ငွေရောင် အလင်းတန်းများဖြင့် စတင် မွှေနှောက် လာခဲ့တော့၏။

***

All Chapters