← Chapters

အဖေကကျား၊ သားကခွေး

Vol. 1 Ch. 95

အဖေကကျား၊ သားကခွေး

Vol. 1 Ch. 95

တာအိုသဘောတရား များသည် ဆန်းကြယ်သော တည်ရှိမှု တစ်ခုဖြစ်သည်။ နားလည်ရန်လည်း အလွန် ခက်ခဲလေသည်။ တာအိုသဘောတရားကို နားလည်ရန်မှာ လွန်ကဲသော အထုံပါရမီနှင့် ကံကောင်းရန်လည်း လိုအပ်လေသည်။ ကိုယ်ပိုင်တာအိုကို ဖန်တီးရန်အတွက်မူ ကောင်းကင်ကို ဆန်တက် ရသည်ထက်ပင် ပို၍ ခက်ခဲလေသည်။

ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် ရှေးဟောင်း ကျောက်စာကြီး ခုနှစ်ချပ်ကို ထားခဲ့သည်မှာ နှစ်ပေါင်း တစ်သောင်းကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် တာအို သဘောတရားများကို အမှန်တကယ် နားလည် သဘောပေါက် သွားသူများမှာ လူတစ်ဒါဇင်ခန့်သာ ရှိလေသည်။ ယခုအချိန်ထိတိုင်အောင် သတ်ဖြတ်ခြင်း ဧကရာဇ် ချန်ထားခဲ့သော သတ်ဖြတ်ခြင်း အရှိန်အဝါ သဘောတရားကို နားလည်သွားသူ တစ်ယောက်မှ မရှိသေးပေ။

စုလောရွှယ်သည် ကျန်းရီ၏ ပါရမီကောင်း မကောင်းကို မသိပေ။ သို့သော် ကောင်းကင်ဘုံက မျက်နှာသာ ပေးသောကြောင့် ဆိုလျှင်တောင် သူက ကံကောင်းလွန်း မနေဘူးလား တစ်ကြိမ်တည်းနဲ့ တာအိုသဘောတရားကို နားလည်သွားတယ် ... လူတိုင်းသာ ကျန်းရီလို ဖြစ်နေပါလျှင် နယ်မြေ အတွင်းတွင် ပါရမီရှင်များ မရေမတွက်နိုင်အောင် များပြား နေပေလိမ့်မည်။ သူ့မှာ လျှို့ဝှက်ချက် တစ်ခုခု ရှိကိုရှိရမယ်။

စုလောရွှယ်သည် သူမဟာသူမ ဆုံးဖြတ်လိုက်သည်။ ပုံမှန် မဟုတ်သော အင်အား၊ ကြောက်မက်ဖွယ် ကျင့်ကြံနှုန်းနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ကျန်းရီကို သာမန်လူ တစ်ယောက် မဟုတ်ကြောင်း သက်သေ ပြနေခဲ့သည်။

"သေစမ်း"

ကျန်းရီသည် ခြေလှမ်းကျဲ ကြီးများနှင့် ရှေ့သို့ တိုးလာနေခဲ့ပြီး အပြာရောင်နှင့် အနက်ရောင် အလင်းများ တောက်ပနေသော ဘယ်ဘက် လက်ဖဝါးဖြင့် သားရဲကြီး၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ ရေခဲသားရဲကြီးသည် ကျဆင်းလာသော လက်ဝါးကို ခုခံရန် မကြိုးစားဘဲ ကြည့်၍သာ နေခဲ့သည်မှာ ဘာကြောင့်မှန်း မသိနိုင်ပေ။ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားပြီးနောက် နတ်ဆိုးသားရဲကြီးသည် လွင့်စဉ်ထွက်သွားကာ ခေါင်းတစ်ခြမ်းသည် သွေးများဖြင့် ရွှဲရွှဲစိုနေခဲ့သည်။

"ဟ"

ကျန်းရီသည် နေရာတွင် ရပ်မနေခဲ့ပေ။ သူသည် အလျင်အမြန် သတ္တဝါကြီးထံ ချည်းကပ် သွားလိုက်ကာ ခြေထောက်ထံ အတွင်းအားများ ပို့ဆောင်ရင်း ရေခဲသားရဲကြီး၏ ခေါင်းကို ထပ်ခါထပ်ခါ ကန်နေခဲ့သည်။

"ဗုန်း ... ဗုန်း"

ကျန်းရီသည် ရေခဲသားရဲကြီး၏ ခေါင်းယောင်ကိုင်း လာသည်အထိ ဆက်၍ ကန်နေခဲ့သည်။ ထူးဆန်းသည်မှာ ၎င်းသည် သေသွားသည့် တိုင်အောင် ကျန်းရီကို တစ်ချက်လေးမှ ခုခံမသွားခဲ့ပေ။

ဒီသတ်ဖြတ်ခြင်း အရှိန်အဝါက ကြောက်စရာ ကောင်းလွန်းတယ် ... ဒုတိယအဆင့် အကောင်တွေ မပြောနဲ့ ... တတိယအဆင့် နတ်ဆိုးသားရဲတွေတောင် ခုခံနိုင်မှာ မဟုတ်လောက်ဘူး

စုလောရွှယ်သည် ကြည့်နေရင်းနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ အားကောင်းပုံကို တွေးနေခဲ့သည်။ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါ အောက်တွင် နတ်ဆိုးသားရဲသည် ကျားနှင့်တွေ့သော သိုးငယ်လေး တစ်ကောင်ကဲ့သို့ ငြိမ်၍သာ နေခဲ့သည်။

"သေစမ်း ... သေစမ်း"

ကျန်းရီရဲ့စိတ်က အသိရှိ မနေဘူးလား ... နတ်ဆိုးသားရဲကြီးသည် သေသွားတာ ကြာပြီ ဖြစ်သည့်တိုင် ကျန်းရီသည် အပိုင်းပိုင်း အစစများ ဖြစ်သွားသည်အထိ တိုက်ခိုက် နေခဲ့သည်။ ထို့နောက် သူသည် မြေပေါ်သို့ လှဲချကာ အမောဖြေ နေခဲ့သည်။

စုလောရွှယ်သည် ဆေးတစ်လုံး သောက်လိုက်ပြီးနောက် ကျန်းရီကို စိုးရိမ်နေသော လေသံနှင့် အော်ခေါ်လိုက်သည်။

"ကျန်းရီ ... မင်းအဆင်ပြေလား"

"အမ် ... ကျန်းရီသည် ချက်ချင်း လှည့်လာကာ သူ၏ သွေးနီရောင် မျက်လုံးများနှင့် စုလောရွှယ်ကို ကြည့်လာခဲ့သည်။ သူသည် ချက်ချင်းပင် ထကာ လမ်းလျှောက် လာခဲ့သည်။ သူ့ကိုယ်မှ ကြက်သီးထစရာ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူ့ပါးစပ်မှလည်း ရေရွတ်လိုက်သည်။

"သတ် ... သတ် ... လူတိုင်း သေရမယ်"

"မကောင်းတော့ဘူး"

စုလောရွှယ်၏ ကိုယ်သည် တုန်ယင် သွားခဲ့သည်။ သူမသည် ကျန်းရီ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သဘောတရားကို နားလည် သွားသော်လည်း ထိန်းချုပ်နိုင်သေးခြင်း မရှိကြောင်း သိရှိ သွားလေသည်။ သတ်ဖြတ်ခြင်း ဧကရာဇ်သည် သူ၏ သတ်ဖြတ်မှုတို့ကြောင့် ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခွင် ကျော်ကြားခဲ့သည်။ သူ၏ တာအိုသည်လည်း ပြင်းထန် ရက်စက်လွန်းရာ ကျန်းရီ မထိန်းချုပ်နိုင် ဖြစ်မည်မှာ တွေးနေစရာပင် မလိုပါချေ။ စုလောရွှယ်သည် ထိုသတ်ဖြတ်ခြင်း အရှိန်အဝါ အသက် ဝင်သွားသည်နှင့် ကျန်းရီသည် မြင်မြင်သမျှ သက်ရှိများ မသေမချင်း ရပ်တန့် နိုင်လိမ့်မည် မဟုတ်မှန်း သိရှိလိုက်လေသည်။

သူမသည် အားတင်း၍ ရပ်လိုက်သည်။ သူမ၏ ဝမ်းဗိုက်တွင် ဒဏ်ရာ ရထားသောကြောင့် လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။ သူမသည် ဓားကို မြှောက်ကာ မြေပေါ်သို့ စိုက်ချလိမ့်သည်။ ကျန်းရီသည် သူမအသက်ကို ကယ်ခဲ့သည်။

"သူမက ဘယ်လိုလုပ်ပြီး သူ့ကို နာကျင်အောင် လုပ်နိုင်ပါ့မလဲ ငါလုပ်ရတော့မယ် ... အနားမှာ ဘယ်သူမှ ရှိမနေပါစေနဲ့လို့ဘဲ မျှော်လင့်တယ်"

ကျန်းရီသည် သူမနှင့် ဆယ်ပေခန့် အကွာသို့ ရောက်နေပြီဖြစ်ရာ စုလောရွှယ်သည် နောက်ဆုံးတွင်တော့ အံကြိတ်၍ ဆုံးဖြတ်ချက် ချလိုက်ရသည်။ သူမသည် အနီးပတ်ဝန်းကျင်ကို လူရှိမရှိသေချာ စစ်ဆေးလိုက်သည်။ ထို့နောက်တွင်တော့ သူမ၏ မျက်လုံးမှ ထူးဆန်းသည့် ခရမ်းရောင် အလင်းတို့ တောက်ပလာခဲ့သည်။ စုလောရွှယ်၏ မျက်လုံးမှ ခရမ်းရောင် အလင်းတို့သည် ကျန်းရီ၏ မျက်လုံးများအတွင်း အလွန် လျင်မြန်စွာ တိုးဝင်သွားကြသည်။

"ခရက်ရှ်"

စုလောရွှယ်ကို တိုက်ခိုက်တော့မည် ဖြစ်သော ကျန်းရီသည် နေရာမှာတွင် အေးခဲရပ်တန့် သွားခဲ့သည်။ သူ့မျက်လုံး အတွင်းမှ အနီရောင် အလင်းသည်လည်း လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ လဲကျလာခဲ့ပြီး သတိလစ် သွားခဲ့လေသည်။

"အွတ်ရှ်"

စုလောရွှယ်သည် သွေးအန်ချင် လောက်အောင် ဒေါသ ထွက်သွားရလေသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းရီ၏ ကိုယ်ကြီးသည် သူမအပေါ် လဲကျ လာခဲ့သောကြောင့် ဖြစ်သည်။ သူမ၏ မျက်လုံးတွင်းမှ ခရမ်းရောင် အလင်းများသည် ဆန်းကြယ်သော လျှို့ဝှက် ပညာရပ်တစ်ခု ဖြစ်မည်မှာ ထင်ရှားသည်။ သူမသည် အစတည်းက ယဲ့ယဲ့လေးသာ ရှိတော့ရာ လျှို့ဝှက်ပညာရပ်ကို ထုတ်သုံးပြီးနောက် ပို၍ပင် အားနည်း လာရလေသည်။ သူမသည် ဘာမှမလုပ်နိုင်ဘဲ ကျန်းရီ သူမအပေါ် လဲကျ လာသည်ကိုသာ ကြည့်နေလိုက်ရသည်။ ပို၍ ဆိုးသည်ကား ကျန်းရီ၏ ခေါင်းသည် သူမ၏ ရင်ဘတ် တည့်တည့်ပေါ် ကျလာခဲ့ခြင်း ဖြစ်လေသည်။

စုလောရွှယ်သည် တစ်ချိန်တည်း၌ ရှက်လည်းရှက် ဒေါသလည်း ထွက်ရလေသည်။ သူမသည် သင်တန်းကျောင်းမှ ဆရာမ တစ်ယောက်ဖြစ်ပြီး မရေမတွက်နိုင်သော ဖျားယောင်းမှုများကို ကြုံရဖူးသော်လည်း သူမ၏ လက်များဖြင့် မည်သည့် အမျိုးသားကိုမှ မထိတွေ့ဖူးပေ။ ယခုမူ မိန်းမတစ်ယောက်၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုသည် ယောက်ျားတစ်ယောက်၏ မျက်နှာနှင့် ထိတွေ့ နေရပေသည်။

သူမသည် ချက်ချင်း ကျန်းရီကို တွန်းထုတ်သော်လည်း တော်တော်လေး အားနည်း နေခဲ့သည် ဖြစ်ရာ အချိန်အတော် ကြာအောင် ကြိုးစားသည်အထိ မတွန်းထုတ်နိုင်သေးပေ။ ထိုအစား သူ့ခေါင်းသည်သာ ရွေ့လျားသွားရာ သူမ၏ ရင်ဘတ်သည် တစ်ခါတစ်ရံတွင် သူ့နှုတ်ခမ်းများနှင့်ပါ ပွတ်တိုက်မိ သွားတတ်သည်။ စုလောရွှယ်သည် ကြက်သီးများ ထလာကာ လူပါ ထုံထိုင်း သွားရသည်။

"ဘန်း"

တော်တော်လေး ကြာပြီးနောက် စုလောရွှယ်သည် အင်အားအချို့ ပြန်လာရ လာသောကြောင့် နောက်ဆုံးတွင် ကျန်းရီကို အောင်အောင်မြင်မြင် တွန်းထုတ်နိုင် သွားခဲ့သည်။ သူမသည် ဒေါသတကြီးနှင့် ထထိုင်လိုက်ပြီး ကျန်းရီကို လှည့်ကြည့်လိုက်သော် နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေသော ကလေးတစ်ယောက်နှယ် အပြစ်ကင်းသော မျက်နှာကိုသာ တွေ့လိုက်ရသည်။ အစက သူမသည် ပါးတစ်ချက်လောက် ချလိုက်ရန် ရည်ရွယ် ထားသော်လည်း မလုပ်နိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ် ကျန်းရီက တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမှ မဟုတ်တာ ...

"ဝှစ်"

ထိုအခိုက်တွင် တောင်အောက်မှ အသံများ ထွက်ပေါ် လာခဲ့သည်။ အမျိုးသားတစ်ယောက်၏ မပီမသ အသံသည် ထွက်ပေါ်လာခဲ့သည်။

"ကူရှန်းဟယ် ရောက်ပါပြီ ... ဆရာမစု ... အားတင်းထားပေးပါ"

"ကူရှန်းဟယ်"

ရုတ်တရက် စုလောရွှယ်၏ မျက်လုံးများသည် အေးစက် သွားခဲ့သည်။ သူမသည် ဝတ်ရုံအနားစကို ဖြဲလိုက်ကာ ဝမ်းဗိုက်ရှိ ဒဏ်ရာကို စည်းနှောင်လိုက်သည်။ သူမ၏ မျက်လုံးများသည် အေးစက် နေခဲ့ပြီး နှုတ်ခမ်းများသည် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ အစက သူမသည် သံသယတချို့ ရှိခဲ့သော်လည်း ယခုမူ ရှင်းလင်းသွားပြီ ဖြစ်သည်။

ယနေ့ မတော်တဆမှုသည် မတော်တဆ မဟုတ်ပေ ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် နတ်ဆိုးသားရဲများ စခန်းချရာ နယ်မြေ၏ အစွန်အဖျား ဖြစ်သော တောင်စဉ်သုံးထောင် အထက်တွင် တည်ရှိသည်။ နတ်ဆိုးသားရဲများစွာ ရှိနေခြင်းသည် ကျောင်းအတွက် အသုံးဝင်သော အရာများထဲမှ တစ်ခုဖြစ်သည်။

မူလက ကျောင်းတွင် တရားမဝင် အပြင်ဆောင် ကျောင်းသားများ မရှိခဲ့ပေ။ အဆင့်နိမ့် နတ်ဆိုးသားရဲများ ပေါများ လာသောကြောင့် ကျောင်းက အပြင်ဆောင် ကျောင်းသားများ စတင် လက်ခံခဲ့ခြင်း ဖြစ်သည်။ အပြင်ဆောင် ကျောင်းသားများကို မည်သည့် အထောက်အပံ့မှ ပေးစရာ မလိုသော်လည်း သူတို့က နတ်ဆိုးသားရဲများကို အမဲလိုက်၍ အသုံးဝင်သော အစိတ်အပိုင်းများကို စုဆောင်းရသည်။ ဤနည်းအားဖြင့် သင်တန်းကျောင်းသည် နတ်ဆိုးသားရဲ အစိတ်အပိုင်းများ အမြောက်အများ ရရှိပြီး ခရမ်းရောင်ရွှေနှင့် လဲလှယ်နိုင်သည်။

အပြင်ဆောင် ကျောင်းသားများ၏ အင်အားသည် ပျမ်းမျှအားဖြင့် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်မျှသာ ဖြစ်ရာ ကျောင်းမှ ကင်းလှည့်အဖွဲ့ ဖွဲ့စည်းထားရှိ ပေးသည်။ မဟုတ်လျှင် ဒုတိယအဆင့် နတ်ဆိုးသားရဲများ ပေါ်လာပါက ကျောင်းသားများ အားလုံး သေဆုံးကြပေလိမ့်မည်။

ပြဿနာက အဲဒီမှာ ရှိနေခြင်း ကင်းလှည့်အဖွဲ့တွင် အဖွဲ့ဝင် ရာကျော်ရှိသည်။ ခေါင်းဆောင် တစ်ယောက်စီက ကြီးကြပ်၍ အဖွဲ့ဆယ်ခုသည် သင်တန်းကျောင်း၏ နယ်မြေအတွင်း တစ်နေ့လုံး ကင်းလှည့်ရသည်။ သူတို့သည် ပထမအဆင့် နတ်ဆိုးသားရဲများကို လျစ်လျူရှုထားမည် ဖြစ်ပြီး ဒုတိယအဆင့်နှင့် တတိယအဆင့် အကောင်များကိုမူ အမဲလိုက် ထွက်လာသော ကျောင်းသားများ လုံခြုံရေးအတွက် သတ်ဖြတ် ထားရလေသည်။

ကင်းလှည့်အဖွဲ့ အများကြီး ရှိနေသောကြောင့် ကျောင်းနယ်မြေအတွင်း ဒုတိယအဆင့်နှင့် တတိယအဆင့် နတ်ဆိုးသားရဲများ ပေါ်လာနိုင်ချေသည် သုညရာနှုန်း ဖြစ်သည်။ ရေခဲသားရဲကောင်လို ကြောက်စရာ အကောင်းဆုံးသော အကောင်မျိုးဆိုလျှင် ပြောနေစရာပင် မလိုချေ။

အဓိက အချက်သည် ကျောင်းနယ်မြေအတွင်း ရေခဲသားရဲ ပေါ်လာခြင်း မဟုတ်ဘဲ စုလောရွှယ်နှင့် ကျန်လူများ အချိန်တော်တော်ကြာ တိုက်ခိုက် နေသည်ကို ကင်းလှည့်အဖွဲ့က မသိခြင်း ဖြစ်သည်။ ပြီးတာနဲ့ ရုတ်တရက်ကြီး ကင်းလှည့်အဖွဲ့ ခေါင်းဆောင် ကူရှန်းဟယ်က ရောက်လာတယ်။

သေချာပေါက်ကို တစ်ခုခု လွဲနေတာပေါ့ စုလောရွှယ်သည် အရူးမဟုတ်ပေ။ ဖြစ်ရပ် တစ်ခုလုံးကို သိရှိရန် အချိန်အနည်းငယ်သာ လိုလေသည်။ ရေခဲသားရဲကို ဤနေရာသို့ ကင်းလှည့်အဖွဲ့က ဦးဆောင် ခေါ်လာခဲ့ပုံ ပေါ်သည်။ သူတို့၏ ရည်ရွယ်ချက်သည် သူမကို သတ်ရန် မဟုတ်ဘဲ ကျန်းရီကို သတ်ရန် ဖြစ်သည်။

သူမကို သတ်ဖို့လား သူမနောက်တွင် ကျောင်းအုပ်ချီ ရှိနေသည် ဖြစ်ရာ ဘေးကင်းပေသည်။ သင်တန်းကျောင်း အတွင်း၌လည်း သူမ၏ ရန်သူမရှိပေ။ ထို့ကြောင့် ပစ်မှတ်သည် ကျန်းရီဖြစ်ကြောင်း သိသာနေသည်။ နောက်ကွယ်မှ လူသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရှိ ကူရှန်းဟယ်နှင့် ပူးပေါင်းနိုင်သည့် အဆင့်အတန်းရှိပြီး သင်တန်းကျောင်း အတွင်း၌လည်း နေရာကောင်း ရထားရပေမည်။

ထိုသို့သော အဆင့်အတန်းမျိုးနှင့် ကျန်းရီကို အငြိုးထားသည့်လူ အမည်တစ်ခုသည် စုလောရွှယ်၏ ခေါင်းထဲ၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ သူမ၏ မျက်နှာပေါ်မှ မဲ့ပြုံးသည် ပို၍ ထင်ရှားလာကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဟူး ... အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်က တကယ့်ကို သူရဲကောင်း တစ်ယောက်ပဲ ... ဒါပေမဲ့ သူက ဒီလို ယုတ်မာတဲ့ သားတစ်ယောက်ကို မွေးထားခဲ့တယ် ... ဒါက တကယ်ကို အဖေက ကျားဖြစ်ပြီး ခွေးလို သားမျိုးကို မွေးထားတာပဲ"

***

All Chapters