← Chapters

နှစ်ရှစ်ရာ သက်တမ်း၊ ဂျင်နှစ်သိန်းခွန်အား။

Vol. 13 Ch. 180

နှစ်ရှစ်ရာ သက်တမ်း၊ ဂျင်နှစ်သိန်းခွန်အား။

Vol. 13 Ch. 180

သံသယရှိစရာ မလိုဘဲ၊ ဒုတိယ နှလုံးသားမျက်လုံး အမြင်ကို ကျင့်ကြံပြီးနောက်၊ အန္တရာယ်ကို ကိုင်တွယ်နိုင်စွမ်း သိသိသာသာ တိုးတက်လာသည်။ ရန်သူများ သူ့ကို လုပ်ကြံသတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားသည်။

ထို့အပြင်၊ နှလုံးသားမျက်လုံး အမြင်၏ စွမ်းအားကို အသုံးပြု၍ သူသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံဆက်သွယ်ပြောဆိုမှုများကိုပင် တိတ်တဆိတ် စောင့်ကြည့်နိုင်သည်။

ဤကျင့်ကြံသူများ၏ လျှို့ဝှက်ချက်များအားလုံး သူ၏နှလုံးသားမျက်လုံးအောက်တွင် ဖော်ထုတ်ခံရပေမည်။

"ဒုတိယ နှလုံးသားမျက်လုံးကို ဖွဲ့စည်းဖို့ ငါးနှစ်ကြာ ကျင့်ကြံခဲ့ရတဲ့ ကြိုးစားအားထုတ်မှုအားလုံး အလဟဿ မဖြစ်ခဲ့ဘူး.."

ကျိုးစွေ့က အားရပါးရ ရယ်မောလိုက်ပြီး အလွန် ကျေနပ်နေမိသည်။ ကြိုးစားခဲ့သမျှအရာအားလုံးက ထိုက်တန်သည်ဟု ခံစားမိသည်။

သိထားရမည်မှာ၊ သွားလေသူ ယခင် လုမိသားစု၏ ဘိုးဘေးသည် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားခဲ့သော်လည်း ဒုတိယ နှလုံးသားမျက်လုံးကို ဖွဲ့စည်းရန် ကျရှုံးခဲ့သည်။

သူသည် ၎င်းကို ဆက်လက် ကျင့်ကြံရန်ပင် မဝံ့ရဲတော့ပေ။ ပထမ နှလုံးသားမျက်လုံးကို ဖွဲ့စည်းခြင်းကပင် သူ၏ ကံကောင်းမှုနှင့် အခွင့်အရေးအားလုံးနီးပါး ကုန်ဆုံးသွားစေခဲ့သည်။

အကယ်၍ သူ့တွင် 'စာအုပ်ကူ'၏ အကူအညီသာ မရှိခဲ့ပါက၊ သူသည်လည်း အောင်မြင်ခဲ့မည် မဟုတ်သည်မှာ သေချာသလောက် ရှိသည်။ ဤသည်မှာ သာမန်လူများအတွက် ရည်ရွယ်သော ကျင့်ကြံခြင်း နည်းစနစ်တစ်ခု မဟုတ်ပေ။

တစ်ဖက်တွင်လည်း၊ အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် ရရှိသော အားသာချက်များမှာ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။

"ဟုတ်သားပဲ.. အရင်ဆုံး အချက်အလက်ပြမျက်နှာပြင်ကို စစ်ကြည့်လိုက်ဦးမယ်…"

ဤသို့ တွေးမိသောအခါ ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် အချက်အလက်ပြမျက်နှာပြင်အား ဖွင့်လိုက်သည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - အခြေတည် အစောပိုင်းအဆင့် (တိုးတက်မှု ၇၀%)၊ သက်တမ်း - ၂၉ (၈၀၀နှစ်) ]

[ ပင်ကိုပါရမီ - ဆဌမအဆင့် စိတ်ဝိညာဉ်အမြစ် (၇၁%) ]

[ ဓားသိုင်းပညာ - ဒုတိယအဆင့် အောက်ခြေအဆင့် (၄၀%) ]

[ အဆောင်ပညာ - ဒုတိယအဆင့် အောက်ခြေအဆင့် (၄၀%) ]

[ အစီအရင်ပညာ - ဒုတိယအဆင့် အောက်ခြေအဆင့် (၄၀%) ]

[ ဆေးဖော်စပ်ပညာ - ဒုတိယအဆင့် အလယ်အလတ်အဆင့် (၇၅%) ]

[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - အသေးစားအောင်မြင်မှုအဆင့် (၈၅%) ]

[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - အကြီးစားအောင်မြင်မှုအဆင့် (၇၅%) ]

[အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး အမြင်၊ ]

[ မီးလုံးပညာရပ်- မဟာဆရာသခင်အဆင့် (၇၀%)၊ လေဓားသွားပညာ - ကျွမ်းကျင်အဆင့်၊ ရွှေအလင်းပညာ - ကျွမ်းကျင်အဆင့်၊ ရေခဲနှင်းပညာ - ကျွမ်းကျင်အဆင့်၊ နွေလေမိုးပညာ - ကျွမ်းကျင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကျွမ်းကျင်အဆင့်၊… ]

[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်နှစ် အောက်ခြေအဆင့်၊ ‘အရက်ကူ’ - အဆင့်နှစ် အောက်ခြေအဆင့်၊ ‘ရွှေစားကူ’ - အဆင့်နှစ် အောက်ခြေအဆင့်၊ 'စာအုပ်ကူ' - အဆင့်နှစ် အောက်ခြေအဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်နှစ် အလယ်အလတ်အဆင့်၊ ‘နဂါးဆင်ကူ’ - အဆင့်နှစ် အောက်ခြေအဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်နှစ် အောက်ခြေအဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်နှစ် အောက်ခြေအဆင့်။ ]

"သက်တမ်း နှစ်ရှစ်ရာ.. မဆိုးဘူး.. မဆိုးဘူး.." ကျိုးစွေ့ အလွန် ကျေနပ်သွားသည်။

ဤငါးနှစ်အတွင်း၊ သူသည် 'နဂါးဆင်ကူ'၏ လျှို့ဝှက်ဆန်းကြယ်သည့် သွေးစွမ်းအားဖြင့် လစဉ် သန့်စင်ကောင်းချီးပေးခြင်းအား ခံခဲ့ရသည်။

သူ့၏ ရုပ်ခန္ဓာကြံခိုင်မှုက အဆက်မပြတ် တိုးတက်လာသည်ဟု ဆိုနိုင်သည်။ ယခုအခါ သူ့တွင် ဂျင်နှစ်သိန်းခွန်အား ရှိနေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခုခံနိုင်စွမ်းသည်လည်း များစွာ တိုးတက်လာခဲ့သည်။

ယင်းသည် အဆင့်နိမ့် ကာကွယ်ရေး ဝိညာဉ်လက်နက်နှင့် ညီမျှသည်။

သာမာန်ဝိညာဉ်လက်နက်များ သူ၏ခန္ဓာကိုယ်ဖြင့် ထိပ်တိုက်တွေ့ပါက၊ ၎င်း၏တိုက်ခိုက်ရေးအစွမ်းအား ထက်ဝက်လျှော့ချပေးနိုင်သည်။

အကယ်၍ မှော်လက်နက်များဆိုလျှင်မူ၊ သူ၏နတ်ဆင်သားရေဖြင့် အလွယ်တကူ ခံနိုင်ရည်ရှိပေသည်။

ဓါးများ၊လှံများ တိုးမပေါက်ချေ။

မှန်ပေသည်၊ အရေးအကြီးဆုံးမှာ သူ၏သက်တမ်းတိုးလာခြင်းပင် ဖြစ်၏။

ယခင် နှစ်၆၀၀မှ နှစ်၈၀၀ အထိတိုင် နှစ်၂၀၀ တိုးလာချေသည်။

အခြားကျင့်ကြံသူများသာ ဤအကြောင်းအရာအား သိရှိပါက အူများပင်စိမ်းအောင် မနာလိုဖြစ်ကြပေမည်။

အခြားကျင့်ကြံသူများအတွက်မူ၊ သက်တမ်းတိုးမြှင့်နိုင်ရန်အတွက် အဆင့်တက်ခြင်း သို့မဟုတ် သက်တမ်းတိုးမြှင့်နိုင်သော စိတ်ဝိညာဉ်ဆေးဝါးများကို အသုံးပြုရပေသည်။

သို့သော် သူ့အတွက်မူ 'နဂါးဆင်ကူ'၏ စွမ်းအားဖြင့််သူ့သက်တမ်းကို လစဉ်တိုးမြှင့်ပေးနိုင်သည်။

လက်ရှိအခြေအနေအရ၊ သူ့သက်တမ်းသည် အကန့်အသတ်သို့ မရောက်သေးပေ။

ယင်းက သူသည် သာမာန်လူသားဘဝမှ တစ်ဖြည်းဖြည်း ကွဲပြားလာကာ၊ နတ်သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲပေးနေကြောင်း သက်သေပြနေသည်။

သို့သော်၊ အင်မော်တယ်လမ်းစဉ် ကျင့်ကြံခြင်းသည် အခြေခံအားဖြင့် တူညီသော လုပ်ငန်းစဉ်ဖြစ်ပြီး၊ သာမာန်သေမျိုးဘဝမှ အင်မော်တယ်အဖြစ်သို့ ရောက်ရှိရန် ကျင့်ကြံခြင်းပင် ဖြစ်၏။

အနှစ်သာရအားဖြင့်၊ ယင်းနှစ်ခုမှာ များစွာ ကွဲပြားမှု မရှိချေ။

"ဒါပေမဲ့၊ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံမှုက တိုးတက်မှု ၇၀% ကိုပဲ ရောက်သေးတယ်.. ကျင့်ကြံရတာက တကယ်ကို ခက်ခဲတာပဲ…" ကျိုးစွေ့က သူ့ကိုယ်ပိုင်ကျင့်ကြံခြင်း တိုးတက်မှုကို လှမ်းကြည့်လိုက်သည်။

အခြေတည် အလယ်အလတ်အဆင့်ကို ရောက်ရှိန်ရန် ၃၀% လိုနေသေးသည်။ ငါးနှစ်လုံးလုံး ဆေးလုံးတွေ အဆက်မပြတ် စားသုံးကာ၊ တာအိုလက်တွဲဖော်များနှင့် အဆက်မပြတ် တူနှစ်ကိုယ်ကျင့်ကြံခြင်း လုပ်ခဲ့သည့်တိုင် သူ့တိုးတက်မှုက ထိုမျှပင် ရှိချေသည်။

သူသာ ပုံမှန် ကျင့်ကြံနေမယ်ဆိုပါက၊ အခြေတည် အလယ်အလတ်အဆင့်ကို ရောက်ရှိနိုင်ရန် အနည်းဆုံး အနှစ်နှစ်ဆယ်၊ သုံးဆယ်ခန့် အချိန်ယူရပေမည်။

အချို့သော အခြေတည်အဆင့် ကျင့်ကြံသူများ ဤနယ်ပယ်တွင် နှစ်ရာချီပိတ်မိနေလေ့ရှိသည်မှာ အဆန်းမဟုတ်ချေ။

ဤနယ်ပယ်သို့ ရောက်ပြီးနောက်၊ မှော်စွမ်းအားကျင့်ကြံမှု အနည်းငယ် တိုးလာဖို့ရန်ပင် အချိန်နှင့် အရင်းအမြစ်များ များစွာ လိုအပ်ပေသည်။

သူသာ ဒီနှုန်းအတိုင်း ဆက်ကျင့်ကြံသွားမယ်ဆိုပါက၊ အခြေတည် အလယ်အလတ်အဆင့်ကို ရောက်ရှိနိုင်ရန် နောက်ထပ် ၂နှစ်၊ ၃နှစ်ခန့် ကြာမြင့်နိုင်ပေသည်။

မှန်ပေသည်၊ လက်ရှိ သူ၏ကျင့်ကြံမှုအလျင်သည် အံ့ဩဖွယ်ဖြစ်နေပြီ ဖြစ်၏။

လန်ယွဲ့ရှီကဲ့သို့ ပထမအဆင့် စိတ်ဝိညာဉ်အမြစ်ရှိ ပါရမီရှင်များပင်လျှင် အစောပိုင်းအဆင့်မှ အခြေတည် အလယ်အလတ်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ဆယ်နှစ်အချိန်ယူခဲ့ရသည်။

သို့သော်၊ ကျိုးစွေ့၏ကျင့်ကြံမှု နှေးကွေးရခြင်း အဓိကအချက်မှာ ကူပိုးကောင်များ၏ အတားအဆီးကြောင့်ပင် ဖြစ်သည်။

ကူပိုးကောင်များသည် သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးများနှင့် အကူအညီများ ယူဆောင်လာပေးသော်လည်း၊ ဘေးထွက်ဆိုးကျိုး ရှိနေသေးသည်။

ယင်းက သူ၏ကူပိုးကောင်များ ဆင့်ကဲပြောင်းလဲလာရန် ကူညီပေးရန် လိုအပ်ခြင်းဖြစ်သည်။

အကယ်၍ ကူများ ဆင့်ကဲမပြောင်းလဲနိုင်ပါက၊ သူအလွယ်တကူ အဆင့်တက်နိုင်တော့မည် မဟုတ်ချေ။

ဆိုလိုသည်မှာ၊ ကျိုးစွေ့သည် သူ့ကိုယ်အတွင်းရှိ မှော်စွမ်းအားကို မြှင့်တင်ရန် လိုအပ်သည်သာမက၊ အဆင့်နှစ်သို့ တက်လှမ်းသွားသော ကူပိုးကောင်များ ဆင့်ကဲပြောင်းလဲမှု လွယ်ကူချောမွေ့စေရန် ၎င်းတို့ကိုယ်ပိုင် မှော်စွမ်းအားကိုလည်း မြှင့်တင်ပေးရန် လိုအပ်သည်။

ထိုအချက်အား ကျိုးစွေ့နားလည်သွားသောကြောင့်၊ လက်ရှိတွင် သူသည် ကူပိုးကောင်များအား လွယ်လင့်တကူ သန့်စင်တော့မည် မဟုတ်ချေ။

သူ၏ကျင့်ကြံမှုကို အထောက်အကူပြုပေးနိုင်မည့် ကူပိုးကောင်မျိုးကိုသာ သူသန့်စင်ရပေမည်။ သို့မဟုတ်ပါက၊ ကူပိုးကောင်အများအပြားအား မဆင်မခြင် ဖန်တီးသန့်စင်ခြင်းက သူ့အတွက် အထောက်အကူမဖြစ်စေဘဲ၊ သူ၏ကျင့်ကြံမှုအား ဆွဲချသွားပေလိမ့်မည်။

ထို့သို့ဆိုပါက၊ မည်သည့်အချိန်မှ သူအဆင့်တက်နိုင်တော့မည်အား မည်သူမျှသိနိုင်တော့မည် မဟုတ်တော့ချေ။

"စိတ်ဝိညာဉ်အမြစ် ဆင့်ကဲပြောင်းလဲနှုန်းကလည်း နှေးသွားတယ်.."

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး၊ သူ့ စိတ်ဝိညာဉ်အမြစ်၏ ဆင့်ကဲပြောင်းလဲနှုန်းကို ကြည့်လိုက်သည်။ ငါးနှစ်ကြာသည့်တိုင် ကျင့်ကြံပြီးသည့်နောက်တွင်ပင် စိတ်ဝိညာဉ်အမြစ် ဆင့်ကဲပြောင်းလဲနိုင်ရန် ၃၀%ခန့် လိုနေသေးသည်။

မှန်ပေသည်၊ ယင်းအား သူကြိုတင်မျှော်လင့်ထားပြီး ဖြစ်၏။

နောက်ဆုံးတွင် စိတ်ဝိညာဉ်အမြစ် အဆင့် မြင့်လေ၊ ဆင့်ကဲပြောင်းလဲဖို့ ပိုခက်လေ ဖြစ်သည်။ အချိန်တိုအတွင်း စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီ တိုးတက်စေလိုခြင်းမှာ မဖြစ်နိုင်သော အိပ်မက်သာ ဖြစ်၏။

သို့သော် သူသည် စိတ်ဝိညာဉ်အမြစ် တိုးတက်ရန် အလျင်မလိုချေ။ လက်ရှိ ဆဌမအဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီသည် သူ့အတွက် လုံလောက်နေသေးသည်။

ဆေးလုံးများ၊ သူ၏တာအိုလက်တွဲဖော်များနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်း အကူအညီများဖြင့် ထပ်ပေါင်းလိုက်ပါက သူ၏ကျင့်ကြံမှုအလျင်သည် တတိယအဆင့် စိတ်ဝိညာဉ်အမြစ်ရှိ ကျင့်ကြံသူမျာအောက် မနိမ့်ကျချေ။

အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်၊ ပဥ္စမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ ဆင့်ကဲပြောင်းလဲရန်မှာ ကြီးမားသော ပြဿနာမဟုတ်ဟု သူယုံကြည်ပေသည်။

"ဒါပေမဲ့.. အစီအရင်ပညာ.. အဆောင်ပညာ.. ဓားသိုင်းပညာနဲ့ ဆေးဖော်စပ်ပညာတွေရဲ့ အဆင့်တွေကတော့ သိသိသာသာ တိုးတက်လာတယ်.."

"ဒီငါးနှစ်အတွင်း.. ငါ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်အပြင် ကျင့်ကြံခြင်းပညာရပ်အမျိုးမိုးကို ကျင့်ကြံဖို့ အချိန်အများစု သုံးခဲ့တယ်.."

"ကြိုးစားသမျှ အရာထင်တယ်လို့ ဆိုရမယ်.. အတော်လေးတော့ တိုးတက်လာတယ်.."

ကျိုးစွေ့သည် ကျင့်ကြံခြင်းပညာရပ်အမျိုးမျိုးမှ သူ့ရဲ့ တိုးတက်မှုအပေါ် တော်တော်လေး ကျေနပ်နေသည်။

သူ၏ကျင့်ကြံအလျင် နှေးသွားမှန်း သိထားသည့်အတွက် သူသည် ကျင့်ကြံခြင်း ပညာရပ်အမျိုးမျိုးအပေါ် သူ၏အချိန်အများစုအား အသုံးပြုခဲ့သည်။ ယင်းက သူ့အား အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းစေခဲ့သည်။

အစီအရင်၊ အဆောင်၊ ဓားသိုင်းပညာ စသော အတတ်ပညာအားလုံး ဒုတိယအဆင့် အောက်ခြေအဆင့်တိုင် တိုးတက်လာခဲ့သည်။

ဆေးဖော်စပ်ခြင်းပညာသည်လည်း ဒုတိယအဆင့် အလယ်အလတ်သို့ တက်လှမ်းသွားခဲ့သည်။

ထိုသို့သော ဆေးဖော်စပ်ပညာ ကျွမ်းကျင်မှုသည် အင်မော်တယ်ရှားဂိုဏ်းတွင်ပင် ရှားပါးသော ပါရမီရှင် ဆေးဖော်စပ်ပညာရှင်ဟု သတ်မှတ်ခံရသည်။

All Chapters