← Chapters

ငါးနှစ်ကြာ အပြင်းအထန်ကျင့်ကြံခြင်း၊ ဒုတိယ နှလုံးသားမျက်လုံး အမြင်ကို စုစည်းခြင်း။

Vol. 13 Ch. 179

ငါးနှစ်ကြာ အပြင်းအထန်ကျင့်ကြံခြင်း၊ ဒုတိယ နှလုံးသားမျက်လုံး အမြင်ကို စုစည်းခြင်း။

Vol. 13 Ch. 179

အမှန်တော့ ဆုပေးဒဏ်ပေး ခန်းမသခင် ရှုချီယန် တစ်ယောက်တည်းသာ ဤသို့ တွေးနေခြင်း မဟုတ်ဘဲ၊ အင်မော်တယ်ရှားဂိုဏ်းမှ အခြေတည် နှောင်းပိုင်းအဆင့် အကြီးအကဲများစွာလည်း ထိုနည်းတူ တွေးနေကြသည်။

ပုံမှန်အခြေအနေများအရ၊ သူတို့သည် ဤတစ်သက်တွင် အမြုတေ ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် မရှိကြတော့ပေ။ သူတို့ အသက်ကြီးလာပြီး ခန္ဓာကိုယ်များ အားနည်းလာသည်နှင့်အမျှ၊ အကူအညီမပါဘဲ အမြုတေ ဖွဲ့စည်းခြင်း၏ အောင်မြင်နှုန်းသည် ၁၀% ထက် ကျော်လွန်မည် မဟုတ်ပေ။

သို့သော် နှစ်ပေါင်း နှစ်ရာကျော်ကြာ သက်တမ်းဖြင့် မရေအတွက်နိုင်သော စည်းစိမ်ဥစ္စာများနှင့် ဂုဏ်ကျက်သရေမား အားလုံးခံစားခဲ့ပြီးနောက် သူတို့ မည်သို့ လက်လျှော့နိုင်မည်နည်း။

အကယ်၍ သူတို့သည် အမြုတေ ဖွဲ့စည်းခြင်းအတွက် ပစ္စည်းအချို့ကို အမှန်တကယ် ရှာတွေ့နိုင်ခဲ့ပါက၊ သူတို့၏ အောင်မြင်နိုင်ခြေသည် ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်။

ဤသည်မှာ ၎င်းတို့အတွက် သိသိသာသာ မြင့်မားသော အောင်မြင်မှုနှုန်းဖြစ်နေပြီး၊ စွန့်စားရန်အတွက် ထိုက်တန်လှသည်။

ထို့ကြောင့် ဤဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူသည် မည်မျှပင် အန္တရာယ်များနေစေကာမူ၊ သူတို့ လက်လျှော့ကြမည် မဟုတ်ပေ။

"ဂိုဏ်းချုပ်က ပြောထားပြီးပြီ.. ဒီဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူ ပေါ်ထွက်လာတာက ရွှေအမြုတေအင်အားစု အများအပြားကို ဆွဲဆောင်ခဲ့တယ်တဲ့.."

"အနည်းဆုံး ရွှေအမြုတေ ဆရာသခင်အယောက် နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက်က ဒီ ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူကို မျက်စိကျနေကြတယ်.."

"အင်မော်တယ်ရှားဂိုဏ်းရဲ့ အစွမ်းတစ်ခုတည်းနဲ့ ငါတို့ ဒီဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူကို ကာကွယ်နိုင်မှာ မဟုတ်ဘူး.."

"ဒါကြောင့် သူမက ဒီလိုဏ်ဂူကို ဖွင့်ပေးပြီး တခြားရွှေအမြုတေ ဆရာသခင်တွေကို အတူတူ ဝင်ရောက် ရှာဖွေဖို့ ဖိတ်ခေါ်ထားတယ်…"

အစီအရင်တောင်ထွတ်သခင် ယောင်ဝမ်က လန်ယွဲ့ရှီ၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဘာ.. ရွှေအမြုတေ ဆရာသခင်အယောက် နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ် ဟုတ်လား.. အင်မော်တယ်မြူခိုးကျွန်းတစ်ခုလုံးက ရွှေအမြုတေ ဆရာသခင်တွေ အားလုံး ဒီကို ရောက်လာကြတာလား.. ဒါတော့ နည်းနည်း လွန်လွန်းတယ်.." အခြေတည် နှောင်းပိုင်းအဆင့် အကြီးအက်တစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။

သူသည် သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူ ပေါ်ထွက်လာခြင်းက ရွှေအမြုတေအင်အားစု အများအပြားကို ဆွဲဆောင်လိမ့်မည်ဟု သိထားသော်လည်း၊ ဤမျှများပြားသော ရွှေအမြုတေ ဆရာသခင်များ တစ်ပြိုင်နက်တည်း ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ဒါက နည်းနည်းတော့ ထူးဆန်းတယ်.. ပုံမှန်ဆို သတင်းက ဒီလောက် မြန်မြန်ပျံ့မှာ မဟုတ်ဘူး.. ဒါပေမဲ့ သတင်းက အင်မော်တယ်မြူခိုးကျွန်းတစ်ခွင်လုံးကို ဒီလောက် အချိန်တိုအတွင်း ပျံ့နှံ့သွားတယ်.. တစ်စုံတစ်ယောက်က တမင်တကာ သတင်းဖြန့်ခဲ့တယ်လို့ သံသယမဝင်ဘဲ နေဖို့ခက်တယ်…"

"ဒါပေမဲ့ ဒီသတင်းကို ဖြန့်လို့ ဘာအကျိုးကျေးဇူး ရှိမှာလဲ.. ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားတာက ပိုမကောင်းဘူးလား.."

"ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူရဲ့ တားမြစ်အစီအရင်က ချိုးဖျက်ဖို့ အရမ်း ခက်ခဲလွန်းလို့ ဖြစ်နိုင်တယ်.. ရွှေအမြုတေ ဆရာသခင်အများကြီးရဲ့ အကူအညီကို လိုအပ်နေတာ ဖြစ်နိုင်တယ်.."

"အခု ရွှေအမြုတေ ဆရာသခင်တွေ အများကြီး ပါဝင်လှုပ်ရှားလာကြပြီဆိုတော့.. ငါတို့လို အခြေတည်အဆင့်ကျင့်ကြံသူတွေအတွက် အခွင့်အရေး ရှိပါဦးမလား.."

"လုံးဝ မျှော်လင့်ချက်မဲ့သွားတာတော့ မဟုတ်သေးဘူး.. ရွှေအမြုတေ ဆရာသခင်တွေက အစွမ်းထက်ပေမယ့် သူတို့ကလည်း အချင်းချင်း စောင့်ကြည့်နေကြတော့ မဆင်မခြင် မလုပ်ရဲကြဘူး… အချိန်ကျလာရင် ငါတို့က သူတို့ရဲ့ တိုက်ပွဲကနေ အမြတ်ထုတ်ဖို့ အခွင့်အရေး ရနိုင်တယ်…"

"ရွှေအမြုတေ ဆရာသခင်တွေရှေ့မှာ သူတို့တိုက်ပွဲကနေ အမြတ်ထုတ်မယ် ဟုတ်လား.. မင်းဟာက နည်းနည်းတော့ များသွားပြီ.."

"စည်းစိမ်ဥစ္စာဆိုတာ လွယ်လွယ်နဲ့ ရတဲ့အရာမှ မဟုတ်တာ.. ဟုတ်တယ်မလား.. အမြုတေ ဖွဲ့စည်းခြင်းအတွက် အခွင့်အရေးက ငါတို့ မျက်စိရှေ့မှာတင် ရှိနေပြီ.. ငါတို့ ဘယ်လိုလုပ် မတိုက်ခိုက်ဘဲ နေနိုင်မှာလဲ.. ဒီအခွင့်အရေးကို တခြားသူတွေကို ပေးလိုက်ရမှာလား.. ငါကတော့ လုံးဝလက်မလျှော့နိုင်ဘူး.."

"အားလုံးပဲ စိတ်အေးအေးထားကြပါ.. ငါတို့ ပြင်ဆင်ဖို့ အချိန်ရှိပါသေးတယ်.. ဒီစတုတ္ထအစီအရင်ကို ချိုးဖျက်ဖို့က နှစ်တွေ အများကြီး ကြာလိမ့်မယ်.. အချိန်တိုအတွင်းမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားမှာ မဟုတ်ဘူး…"

အင်မော်တယ်ရှားဂိုဏ်းမှ အခြေတည်အဆင့် အကြီးအကဲများစွာ အပြင်းအထန် ဆွေးနွေးနေကြသည်။

ထင်ရှားသည်မှာ၊ သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူပေါ်ထွက်လာမှုတွင် တစ်စုံတစ်ရာ မသမာမှု ရှိနေပုံရသည်ကို သူတို့ နားလည်ထားသည်။

သို့သော် အမြုတေ ဖွဲ့စည်းခြင်းအတွက် အခွင့်အရေးနှင့် ရင်ဆိုင်ရသောအခါ၊ တစ်ခုခုမှားနေမှန်း သိသည့်တိုင် သူတို့ လက်လျှော့လိုစိတ် မရှိကြပေ။

အကယ်၍ ဤအခွင့်အရေးကို လွဲချော်သွားပါက၊ နောက်အခွင့်အရေး ဘယ်အချိန်မှလာမည်ကို မည်သူ သိနိုင်မည်နည်း။

မှန်ပေသည်၊ ဤအရာသည် ကျိုးစွေ့ အတွက် ဆွဲဆောင်မှု မရှိခဲ့ပေ။

သူသည် တိတ်တဆိတ်ကျင့်ကြံပြီး သူ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်သာ လိုလားသည်။

သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူအတွက်မူ၊ သူ လုံးဝ စိတ်မဝင်စားပေ။

မည်သို့ပင်ဆိုစေကာမူ၊ အင်မော်တယ်ရှားဂိုဏ်း၏ နယ်မြေအတွင်း အင်မော်တယ်မြူခိုးကျွန်း အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူ အများအပြား စတင် စုရုံးလာကြသည်။ ဤသူများထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူများနှင့် ကျွန်း၏ နေရာဒေသအသီးသီးမှ လာကြသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် ပါဝင်သည်။

ယင်းကြောင့် အင်မော်တယ်ရှားဂိုဏ်း၏ နယ်မြေသည် ပိုမိုရှုပ်ထွေးလာကာ၊ ကျင့်ကြံသူများအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိတော့သည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးနှစ် ကြာသွားခဲ့သည်။

…

အင်မော်တယ်ရှားဂိုဏ်း၊ အင်မော်တယ်ရှားတောင်ထွတ်ပေါ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခု အတွင်း၌။

ဤအချိန်တွင်၊ ကျိုးစွေ့ သည် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်နေပြီး အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံနေသည်။

သူသည် အရာဝတ္ထုများကို အသိအမှတ်ပြုနိုင်သည့် ပထမဆုံး နှလုံးသားမျက်လုံးအား ဖွဲ့စည်းပြီး ဖြစ်သော်လည်း ရပ်တန့်မနေခဲ့ချေ။

ဤလျှို့ဝှက်ကျင့်စဉ်သည် သူ၏စိတ်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။

ငါးနှစ်ကြာ ကျင့်ကြံပြီးနောက်၊ သူသည် ဒုတိယ နှလုံးသားမျက်လုံး၊ ‘ထိုးထွင်းသိမြင်ခြင်း မျက်လုံး'ကို အောင်မြင်စွာ ကျင့်ကြံနိုင်လုနီးပါး ဖြစ်နေပြီ။

ဤသည်မှာ သူ အလိုချင်ဆုံး နှလုံးသားမျက်လုံး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူ၏အာရုံခံနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး၊ သူ၏ ပတ်ဝန်းကျင်ကို လွယ်ကူစွာ စောင့်ကြည့်နိုင်စေမည် ဖြစ်သောကြောင့် ဖြစ်၏။

ယင်း၏ အကျိုးကျေးဇူးများမှာ မခန့်မှန်းနိုင်လောက်အောင် များပြားလှသည်။

ဤအခိုက်အတန့်တွင်၊ ကျိုးစွေ့ ၏ ဝိညာဉ်သည် သိစိတ်ပင်လယ်၏ အနက်ရှိုင်းဆုံးထဲတွင် နစ်မြုပ်နေပြီး၊ ဒုတိယ နှလုံးသားမျက်လုံး၏ အသေးစိတ်အချက်အလက်များကို စေ့စေ့စပ်စပ် ထွင်းထုနေသည်။

'စာအုပ်ကူ'၏ စွမ်းအားအကူအညီဖြင့်၊ သူသည် ဤအခိုက်အတန့်တွင် အာရုံထွေပြားမှု အားလုံးကို လျစ်လျူရှုကာ အပြည့်အဝ ဈာန်ဝင်စားနေသော အခြေအနေတစ်ခုတွင် ရှိနေသည်။

အနည်းငယ်မျှသော ပေါ့ဆမှုသည်ပင် နှလုံးသားမျက်လုံးဖွဲ့စည်းမှုအား ကျရှုံးခြင်းသို့ ဦးတည်သွားစေနိုင်သည်။

ထိုအချိန်ကျလျှင်၊ ယခင် ကြိုးပမ်းအားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားပြီး အသစ်တဖန် ပြန်လည် စတင်ရတော့မည် ဖြစ်သည်။

ဤအချက်ကြောင့်ပင် အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်သည် အောင်မြင်စွာ ကျင့်ကြံရန် အလွန် ခက်ခဲရခြင်း ဖြစ်သည်။

တစ်ကြိမ်တည်း အောင်မြင်ရမည်၊ သို့မဟုတ် ကျရှုံးပြီး စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ထိခိုက်စေမည်။

သေလျှင်သေ၊ မသေလျှင် ရွှေထီးဟု ဆိုနိုင်ပေသည်။

ဘန်း..ဘန်း..ဘန်း..။

ဤအခိုက်အတန့်တွင်၊ ကျိုးစွေ့ သည် ပဟေဠိတစ်ခု၏ နောက်ဆုံးအပိုင်းအစ၊ နောက်ဆုံး အစိတ်အပိုင်းကို ရှာတွေ့သွားသကဲ့သို့ စိတ်ဝိညာဉ်ပုံစံကွက်၏ နောက်ဆုံး မျဉ်းကြောင်းကို ဆွဲပြီးသွားသည်ကို ခံစားလိုက်ရသည်။

လျှပ်တစ်ပြတ်အတွင်း၊ နှလုံးသားမျက်လုံးသည် ချက်ချင်း ခိုင်မာသွားပြီး၊ ပြီးပြည့်စုံသော မျက်လုံးတစ်လုံးအဖြစ် ဖွဲ့စည်းသွားသည်။

သူ၏ နှလုံးသားအနက်ပိုင်းထဲတွင် နောက်ထပ် ပုံရိပ်ယောင်မျက်လုံးတစ်လုံး ပေါ်လာတော့သည်။

"ငါ အောင်မြင်ပြီ"

ကျိုးစွေ့ ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သော အပြုံးတစ်ခုပေါ်ပေါက်လာသည်။ သူသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားပြီး ထိုနှလုံးသားမျက်လုံး၏ စွမ်းအားကို စတင် ထိန်းချုပ်လိုက်သည်။

ရုတ်တရက်၊ မမြင်နိုင်သော စိတ်စွမ်းအားလှိုင်းလုံးတစ်ခုက ပျံ့နှံ့သွားသည်။

“ပေ ၂၅၀.. ပေ၅၀၀.. ပေ၇၀၀.. ပေ၁၀၀၀…”

နောက်ဆုံးတွင် စိတ်စွမ်းအား၏ အကွာအဝေးအတိုင်းအတာသည် ပေနှစ်ထောင့်ငါးရာ အထိ ကျယ်ပြန့်သွားသည်။

ဤသည်မှာ ကြောက်မက်ဖွယ် အကွာအဝေးတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရွှေအမြုတေနယ်ပယ်၏ အစောပိုင်းအဆင့်သို့ တက်လှမ်းထားသော ကျင့်ကြံသူများပင်လျှင်၊ ဤမျှကြီးမားသော နတ်ဘုရားအာရုံရှာဖွေမှု အတိုင်းအတာ မရှိသောကြောင့် ဖြစ်သည်။

သို့သော် နှလုံးသားမျက်လုံး၏ စွမ်းအား အကူအညီဖြင့်၊ ဤအရာကို အားစိုက်ထုတ်စရာမလိုဘဲ အောင်မြင်ခဲ့သည်။

၎င်းသည် ထောက်လှမ်းခြင်း အကွာအဝေးအတိုင်းအတာကို တိုးချဲ့ပေးရုံမျှသာ မဟုတ်ပေ။

ပိုအရေးကြီးသည်မှာ၊ ၎င်း၏ စွမ်းအားသည် အလွန် လျှို့ဝှက်ပြီး လေဟာနယ်ထဲသို့ ပေါင်းစပ်သွားကာ၊ အခြား အခြေတည်အဆင့်ကျင့်ကြံသူများ၊ ရွှေအမြုတေ ဆရာသခင်များပင်လျှင် စိတ်စွမ်းအား၏ စစ်ဆေးကြည့်ရှုမှုကို သိရှိနိုင်စွမ်း မရှိခြင်း ဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင်၊ ဤသည်မှာ ထိုးထွင်းသိမြင်ခြင်း နှလုံးသားမျက်လုံး၏ စွမ်းအားအစစ်အမှန်ပင် ဖြစ်သည်။

အကယ်၍ ၎င်းသည် နတ်ဘုရားအာရုံရှာဖွေမှုသာ ဖြစ်ပါက၊ ၎င်းကို အခြား အခြေတည်အဆင့်ကျင့်ကြံသူများက သတိပြုမိသွားလောက်ပြီ ဖြစ်သည်။

၎င်းကို ရန်စသော အပြုအမူအဖြစ်ပင် သတ်မှတ်နိုင်ပြီး၊ အခြား အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ပဋိပက္ခ ဖြစ်ပွားသည်အထိ ဖြစ်စေနိုင်သည်။

"စိတ်ဝင်စားစရာပဲ…"

ကျိုးစွေ့ သည် အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး၊ နှလုံးသားမျက်လုံးစွမ်းအားသည် အရပ်မျက်နှာအားလုံးသို့ စဉ်ဆက်မပြတ် ထုတ်လွှတ်နေသည်။ ပထမဦးစွာ၊ ၎င်းသည် အင်မော်တယ်ရှားတောင်ထွတ်မှ ဇနီးလေးဦးကို အာရုံခံမိသည်။ တစ်ဦးချင်းစီသည် သူတို့၏ သက်ဆိုင်ရာ အခန်းများတွင် အပြင်းအထန် ကျင့်ကြံခြင်း၌ နစ်မြုပ်နေကြသည်။

ကျိပင်းယွီသည် ဓားသိုင်းပညာလေ့ကျင့်နေပြီး မုဇီယန်သည် အဆောင်များ ရေးဆွဲနေသည်။ ရှားကျင်းယန်သည် အစီအရင်တစ်ခု တည်ဆောက်နေပြီး လန်ယွဲ့ရှီသည် လုံ့လဝီရိယဖြင့် ကျင့်ကြံနေ၏။

ဇနီးလေးဦးလုံး အာရုံစူးစိုက်နေကြပြီး သူတို့ကို စောင့်ကြည့်နေသော နှလုံးသားမျက်လုံး၏ စွမ်းအားကို သတိမပြုမိကြချေ။

နှလုံးသားမျက်လုံး၏ အစွမ်းကျယ်ပြန့်လာသည်နှင့်အမျှ၊ ၎င်းသည် ပတ်ဝန်းကျင်ရှိ တောင်ထွတ်များကို လွှမ်းခြုံသွားသည်။

သူသည် မရေမတွက်နိုင်သော အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူများ သူတို့၏ သက်ဆိုင်ရာ တောင်ထွတ်များပေါ်တွင် လေ့ကျင့်နေကြသည်ကို အာရုံခံမိသည်။

ဆုပေးဒဏ်ပေး တောင်ထွတ်၊ ဆေးလုံးတောင်ထွတ်၊ လက်နက်ထုတ်လုပ်ရေး တောင်ထွတ်၊ အစီအရင် တောင်ထွတ် စသည်တို့မှ ကျင့်ကြံသူများအားလုံး သူ၏ နှလုံးသားမျက်လုံးအတွင်း ပေါ်လာသည်။

အချို့သည် စိတ်ဝိညာဉ်ဆေးဝါးများ စိုက်ပျိုးနေကြပြီး၊ အချို့သည် ဆေးဖော်စပ်နေကြသည်။ အချို့သည် ပညာရပ်များ လေ့ကျင့်နေကြပြီး၊ အချို့သည် သဘာဝဝိညာဉ်စွမ်းအင်ကို စုပ်ယူနေကြသည်။ စသည်တို့ အမျိုးမျိုး ဖြစ်ကြသည်။

သူတို့ မည်သည့်ကိုပဲ လုပ်နေသည်ဖြစ်စေ၊ သူ့ကိုတော့ အနည်းငယ်မျှပင် သတိမပြုမိကြချေ။

ယင်းသည် မယုံနိုင်စရာကောင်းသော ဆန်းကြယ်သောစွမ်းအားများရှိသည် ပိုမိုမြင့်မားသော ဘုံမှာ ကြည့်ရှုနေရသည့်အလား ဖြစ်သည်။

"မယုံနိုင်စရာပဲ…"

"ဒါက နှလုံးသားမျက်လုံး ထိုးထွင်သိမြင်ခြင်းစွမ်းရည်လား…"

ကျိုးစွေ့သည်လည်း အံ့ဩသွားသည်။ နှလုံးသားမျက်လုံး တစ်ခုချင်းစီတွင် ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်များ ရှိသည်ကို သူ သိထားသော်လည်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၏ စွမ်းဆောင်ရည်သည် သူ့စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။

၎င်းသည် 'နတ်ဘုရား မျက်လုံးအမြင်' သို့မဟုတ် ပိုမြင့်သော ဘုံလောကတစ်ခုတွင် ရှိနေသကဲ့သို့ ဖြစ်သည်။

၎င်းသည် သာမန်ကျင့်ကြံသူတစ်ဦး အာရုံခံနိုင်သော အရာမဟုတ်ပေ။

All Chapters