← Chapters

ဒီနေ့ ပြောခဲ့တဲ့ စကားတွေအတွက် တစ်နေ့နေ့မှာ နောင်တရလိမ့်မယ်

Vol. 72 Ch. 1068

ဒီနေ့ ပြောခဲ့တဲ့ စကားတွေအတွက် တစ်နေ့နေ့မှာ နောင်တရလိမ့်မယ်

Vol. 72 Ch. 1068

ယွမ်ချင်းရှု သူ့အား သတိထားသော အမူအရာဖြင့် ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလိုက်ပြီး

“ကျွန်တော့်ရဲ့ လေးစားရသော ယောက္ခမ။ တကယ်တော့ ခင်ဗျားရဲ့ သမက်နဲ့ ခင်ဗျားနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ဒီစကြာဝဠာက တကယ် မဟုတ်ကြပါဘူး။”

ထိုအရာကို ကြားသောအခါ ယွမ်ချင်းရှု နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားသည်။

သို့သော် သူမ လုချန်း၏ စကားများကို ချက်ချင်း မယုံကြည်ခဲ့ပေ။ သူမ သူ့ကို အကဲဖြတ်နေစဉ် သူမ၏ မျက်နှာသည် သံသယများဖြင့် ပြည့်နှက်နေ၏။

အကယ်၍ ဤယောက်ျားသည် သူမကဲ့သို့ ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်သူ ဖြစ်ပါက သူသည် သူမ၏ သရုပ်မှန်ကို အမှန်တကယ် သိရှိနိုင်ခြေရှိသည်ဟု ယွမ်ချင်းရှု သူမဘာသာသူမ တွေးလိုက်သည်။

ယခင်ခေတ်မှ အသက်ရှင် ကျန်ရစ်ခဲ့သူမှာ သူမ တစ်ဦးတည်း မဟုတ်ခဲ့တာ ဖြစ်နိုင်လား။

အခြား အသက်ရှင်ကျန်ရစ်သူများ ရှိသေးလား။

ဤအချိန်တွင် လုချန်း၏ လက်ထဲတွင် ရှိနေသော ယွမ်ရှန်ရှန်ကတော့ လုံးဝနားမလည်နိုင် ဖြစ်နေသည်။ လုချန်းနှင့် ယွမ်ချင်းရှုတို့ ဘာပြောနေကြသည်ကို သူမ နားမလည်နိုင်ခဲ့သော်လည်း သူမ တစ်ခုတော့ နားလည်လိုက်သည်။ လုချန်း၏ ဇာစ်မြစ်သည် သူမ သိထားသည်ထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်နေခြင်းပင်။

လုချန်းသည် ရှန်ဝူဧကရာဇ်၏ သားတော် ဖြစ်ရုံသာမက ထို့ထက်ပို၍ ထူးခြားသော ဇစ်မြစ်တစ်ခု ရှိနေသေးသည်။

ထိုအချိန်တွင် ယွမ်ချင်းရှု တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာအောင် စကား မပြောခဲ့ပေ။ လုချန်းသည်ကလည်း ဆက်မပြောခဲ့ပေ။

အမှန်တကယ်တော့ “ယခင်ခေတ်” ဆိုသည်မှာ ဘာလဲ သို့မဟုတ် ထိုအချိန်အတွင်း ဘာဖြစ်ခဲ့သည်ကို သူ မသိပေ။ သူထိုသို့ ပြောလိုက်ခြင်းက သူနှင့် ယွမ်ချင်းရှုကြား စေ့စပ်ညှိနှိုင်းနိုင်ရန် ကြိုးပမ်းမှုတစ်ခုမျှသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်သူ များများစားစား ရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ သူလည်း သူမနှင့် အတူတူဟု ဟန်ဆောင်လိုက်ပါက သူမ၏ နှစ်သက်မှုကို ရရှိနိုင်မည် မဟုတ်ပါလား။

လုချန်း ယွမ်ချင်းရှု၏ နှစ်သက်မှုကို ကြည့်လိုက်ရာ အမှန်တကယ် တိုးလာသည်ကို တွေ့ရှိလိုက်ရသည်။ သူမ၏ နှစ်သက်မှုသည် သုံးဆယ်သို့ တိုက်ရိုက် တက်သွားခဲ့သည်။

သူတို့၏ တိတ်ဆိတ်မှုအပြီးတွင် စကြာဝဠာ အာကာသ တစ်ခုလုံးတွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ ထင်ရသည်။

မသိနိုင်သော အချိန်ပမာဏတစ်ခု ကြာပြီးနောက်မှ ယွမ်ချင်းရှုက နောက်ဆုံးတွင်

“ရှင်က ကျွန်မလိုပဲ ရှေးခေတ်က လာတယ် ဆိုရင်တောင် ရှင်က ကျွန်မရဲ့ ကိုယ်ပွားကို ညစ်ညမ်းစေခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်မ ရှင့်ကို သတ်ရမှာပဲ။ ရှင့်မှာ နောက်ထပ်ဘာများ ပြောစရာ ရှိသေးလဲ။”

လုချန်းက

“ဘယ်တုန်းကမှ ညစ်ညမ်းစေတာ မဟုတ်ခဲ့ဘူး။ ရှန်နဲ့ ကျွန်တော်က နှစ်ဦးသဘောတူ ပေါင်းသင်းခဲ့ကြတာ။ ဒါကို ဘယ်လိုလုပ် ညစ်ညမ်းစေတာလို့ သတ်မှတ်လို့ ရမှာလဲ။”

ထိုအရာကို ကြားသောအခါ ယွမ်ချင်းရှု၏ ပတ်ပတ်လည်မှ အေးစက်မှုသည် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်သည်။ ယင်ကျန်းယဲ့လည်း လုချန်းထံ တည့်တည့် ဦးတည်လာသော အေးစက်သော လေကို ချက်ချင်းတားဆီး လိုက်ရသည်။

ထိုအခိုက်အတန့်တွင် လုချန်းသည် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားဆဲဖြစ်ပြီး အဝေးရှိ ယွမ်ချင်းရှုအား

“ယောက္ခမ။ ခင်ဗျား ရှန်ကို ဖန်တီးခဲ့တုန်းက သူ့ကို လွတ်လပ်တဲ့ ပင်ကိုယ်စရိုက်တစ်ခု ပေးခဲ့တယ်။ ဒါကြောင့် သူ့ကို ခင်ဗျားရဲ့ ကိုယ်ပွားတစ်ခုလိုပဲ မဆက်ဆံသင့်ဘူး။ ခင်ဗျားရဲ့ သမီးတစ်ယောက်လို သဘောထားသင့်တယ်။”

“သူ့မှာ လွတ်လပ်တဲ့ ပင်ကိုယ်စရိုက် ရှိနေတယ် ဆိုကတည်းက ခင်ဗျားက သူရဲ့ ဆန္ဒတွေကို လေးစားသင့်တယ်။ သူ ဘယ်သူနဲ့ အတူရှိချင်လဲ ဆိုတာက သူရဲ့ လွတ်လပ်ခွင့်ပဲ။”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ချင်းရှုသည် အလွန် ဒေါသထွက်သွားသည်။

“အဓိပ္ပာယ်မရှိတာ။ ရှင့်ရဲ့ ကျင့်စဉ်မီးဖို ဖြစ်လာဖို့အတွက် သူ့ကို လွတ်လပ်တဲ့ ပင်ကိုယ်စရိုက် ပေးခဲ့တာ မဟုတ်ဘူး။”

လုချန်းက

“ကျွန်တော် ရှန်ကို ကျွန်တော့်ရဲ့ ကျင့်စဉ်မီးဖို ဖြစ်စေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ ခင်ဗျားက ရှန်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင် တယ်ဆိုတော့ သူရဲ့ အတိတ်က မှတ်ဉာဏ်တွေကိုလည်း ကြည့်နိုင်မှာပဲ။ ကျွန်တော် သူ့ကို ကျင့်စဉ်မီးဖို လုပ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ကျွန်တော်တို့မှာ ရှိတာက စစ်မှန်တဲ့ အချစ်ပါ။”

ထိုသို့ ပြောရင်း လုချန်းက ယွမ်ရှန်ရှန်၏ နားထဲသို့

“ဟုတ်တယ်မလား ရှန်။”

လုချန်း၏ စကားကို ကြားသောအခါ စိတ် ဗလာ ဖြစ်နေခဲ့သော ယွမ်ရှန်ရှန်လည်း တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ လုချန်းသည် သူမအား ယွမ်ချင်းရှု၏ အစားထိုးတစ်ခု အဖြစ်သာ အသုံးပြုနေသည်ဟု ယုံကြည်ကာ အနည်းငယ် မသက်မသာ ခံစားရသော်လည်း သူမ လုချန်းဘက်တွင် ရပ်တည်နေဆဲ ဖြစ်သည်။

သူမသည် သူမ၏ အသက်နှင့် လွတ်လပ်သော ပင်ကိုယ်စရိုက်ကို ပေးခဲ့သည့် ယွမ်ချင်းရှုကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

“တပည့်ကို အသက်နဲ့ လွတ်လပ်တဲ့ ပင်ကိုယ်စရိုက် ပေးခဲ့တဲ့အတွက် ဆရာမကို တပည့် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တပည့်က လုချန်းကို ချစ်မိသွားပြီ ဖြစ်လို့ ဆရာမနဲ့ ပြန်လိုက်မှာ မဟုတ်ဘူး။”

“တပည့်ရဲ့ တည်ရှိနေခြင်းက ဆရာမရဲ့ စိတ်ကို ညစ်ညူးစေတယ်လို့ ဆရာမ ခံစားရတယ်ဆိုရင် တပည့်ကို ဖျက်ဆီးပစ်လိုက်ရုံပါပဲ။”

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ ယွမ်ချင်းရှု မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ယွမ်ရှန်ရှန်အား သူ့အပေါ် ဤမျှ စွဲလမ်းသွားစေရန် လုချန်းက မည်သို့သော အချစ်ဆေးမျိုး တိုက်ကျွေးခဲ့သည်ကို သူမ အမှန်တကယ် သိချင်နေသည်။ ယုတ္တိဗေဒအရ သူမ၏ ကိုယ်ပွားသည် အချစ်နှင့် ပတ်သက်သော ခံစားချက် တစ်စုံတစ်ရာ မရှိသင့်ပေ။

သူမ ဤကိုယ်ပွားကို ဖန်တီးခဲ့စဉ်က အခြား ယောက်ျားများ၏ ညစ်ညမ်းစေခြင်း ခံရမည်ကို စိုးရိမ်ခဲ့သောကြောင့် သူမထဲသို့ အချစ်နှင့် ပတ်သက်သော ခံစားချက်များ တစ်စုံတစ်ရာ ထည့်သွင်းခဲ့ခြင်း မရှိပေ။

ထိုအခိုက်အတန့်တွင် ယွမ်ချင်းရှု၏ မျက်လုံးများမှ ရုတ်တရက် ခရမ်းရောင် အလင်းတန်းများ ထုတ်လွှတ်လိုက်၏။ ယင်ကျန်းယဲ့လည်း ယွမ်ချင်းရှု တိုက်ခိုက်တော့မည်ဟု ထင်မှတ်ကာ ကာကွယ်ရန် အသင့်ပြင်လိုက်သည်။ သို့သော် ယွမ်ချင်းရှု သူမ၏ နေရာမှ မရွေ့သေးပဲ ရှိနေသေးသည်ကို တွေ့လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် ယွမ်ရှန်ရှန်၏ မျက်လုံးသူငယ်အိမ်များမှလည်း ခရမ်းရောင် အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ရင်ခွင်ထဲမှ ယွမ်ရှန်ရှန်ကို ယွမ်ချင်းရှု နောက်တစ်ကြိမ် ပိုင်ဆိုင်သွားပြီ ဖြစ်ကြောင်း လုချန်း ချက်ချင်း သိလိုက်သည်။

ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးနောက် သူမ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာခဲ့သည့် အချိန်မှစ၍ ယခုချိန်အထိ ရှိနေသော ယွမ်ရှန်ရှန်၏ မှတ်ဉာဏ်အားလုံးကို ယွမ်ချင်းရှု ချက်ချင်း ဖတ်ရှုလိုက်သည်။ ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်အား လုချန်း အတင်းအကျပ် ရယူခဲ့သည်ကို တွေ့ရှိသောအခါ သူမ ချက်ချင်း ဒေါသပိုကြီး သွားသည်။

အထူးသဖြင့် လုချန်း၏ မိဖုရားဆောင်၌ မြောက်မြားစွာသော အမျိုးသမီးများ ရှိကြောင်း သိသွားသောအခါ ယွမ်ချင်းရှု၏ မျက်နှာအမူအရာ ပို၍ပင် တင်းမာလာပြီး သူမထံမှ အေးစက်မှုများ နောက်တစ်ကြိမ် ပျံ့နှံ့လာတော့သည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်လာသော အေးစက်မှုသည် ခဏအတွင်း ဖေးဟုန် နတ်လှေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သို့သော် သူမ ယွမ်ရှန်ရှန်၏ မှတ်ဉာဏ်များကို ဆက်လက် ဖတ်ရှုနေစဉ် ယွမ်ရှန်ရှန် လိမ်ညာခဲ့ခြင်း မဟုတ်သည်ကိုလည်း သူမ သိလာသည်။ သူမသည် သူမ၏ ပုန်ကန်သော တပည့်ကို အမှန်တကယ် ချစ်မိသွားခဲ့သည်။

လုချန်းသည် အနည်းငယ် ကာမဂုဏ် လိုက်စားသူ ဖြစ်သော်လည်း သူသည် သူမအပေါ် တကယ် ကောင်းခဲ့သည်။ သူသည် သူမအား အစွမ်းထက် ဝိညာဉ်လက်နက်ဖြစ်သည့် ရှန်ဟွေ သံချပ်ကာကို ပေးခဲ့ရုံသာမက သူ၏ သူတော်စင်အဆင့် ကျင့်စဉ်ဖြစ်သော ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကိုပင် ယွမ်ရှန်ရှန်အား သင်ကြားပေးခဲ့သည်။

သူမကိုယ်တိုင်ပင် ဤသူတော်စင်အဆင့် ကျင့်စဉ်ကို သူမ၏ ကိုယ်ပွားထံသို့ လက်ဆင့်မကမ်း ပေးခဲ့ပေ။၊ လုချန်းကတော့ အလွန် ရက်ရောခဲ့သည်။

မှတ်ဉာဏ်အားလုံးကို ဖတ်ရှုပြီးနောက် ယွမ်ချင်းရှု သူမ၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် အေးစက်စွာဖြင့်

“မင်းက သူ့ကို ချစ်တယ်။ ဒါပေမဲ့ သူက မင်းကို ချစ်ချင်မှ ချစ်လိမ့်မယ်။ သူသာ မင်းကို ချစ်ရင် သူ့မှာ ဒီလောက်များတဲ့ ဇနီးမယားတွေ ရှိနေမှာ မဟုတ်ဘူး။”

“မင်း နားလည်သင့်တာက သူက မင်းရဲ့ ခန္ဓာကိုယ်ကိုပဲ သဘောကျတာ။ သူ မင်းကို ငြီးငွေ့သွားတာနဲ့ မင်းက သူ့အတွက် အသုံးဝင်တော့မှာ မဟုတ်ဘူး။”

ယွမ်ချင်းရှု၏ စကားများ မဆုံးမီတွင် ယွမ်ရှန်ရှန်၏ တုံ့ပြန်မှုကို မစောင့်ပဲ လုချန်းက

“ဝန်ခံပါတယ်။ ကျွန်တော် ရှန်ရဲ့ ခန္ဓာကိုယ်ကို တကယ် သဘောကျတယ်။ ဒါပေမဲ့ ဒါက ကျွန်တော် သူကို မချစ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်ကို သဘောကျတယ်ဆိုရင် သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကို သဘာဝအတိုင်း သဘောကျသင့်တယ်။ ကျွန်တော်သာ သူရဲ့ ခန္ဓာကိုယ်ကို သဘောမကျဘူးဆိုရင် သူ့ကို ချစ်တယ်လို့ ဘယ်လို ပြောနိုင်မှာလဲ။”

ယွမ်ချင်းရှုက

“စကားကို ပါးပါးနပ်နပ် ပြောတတ်တဲ့လူပဲ။”

ထိုအခိုက်အတန့်တွင် ယွမ်ရှန်ရှန်ကတော့ သံသယတစ်ခု ဝင်နေမိသည်။ လုချန်းက သူမအား ယွမ်ချင်းရှုနေရာတွင် အစားထိုးတစ်ခု အဖြစ်သာ ရှုမြင်ပြီး သူမကို အမှန်တကယ် သဘောကျခြင်း မဟုတ်ဟု တွေးတောမိလာဖြင်းဖြစ်သည်။ သို့သော် သူ သူမကို စွန့်ပစ်ခြင်း မရှိပါက သူမကလည်း လုချန်းကို စွန့်ခွာမည် မဟုတ်ပေ။

ထို့နောက် ယွမ်ရှန်ရှန်က

“ဆရာမ ဘာပဲပြောပြော ကျွန်မ လုချန်းကို စွန့်ခွာမှာ မဟုတ်ဘူး။ ကျွန်မက ဆရာမကို အရှက်ရစေတယ်လို့ ခံစားရစေရင် ကျွန်မကို ဖျက်ဆီးလိုက်နိုင်ပါတယ်။”

ယွမ်ချင်းရှု၏ စိတ်အာရုံသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ အချိန်မရွေး ဝင်ရောက်နိုင်သည်။ ဆိုလိုသည်မှာ သူမသည် သူမ၏ ကိုယ်ပွားကို သူမ ကြိုက်တဲ့အချိန် ဖျက်ဆီးနိုင်သည်ဟု အဓိပ္ပာယ်ရသည်။ ယွမ်ချင်းရှုအတွက် သူမ၏ ကိုယ်ပွားကို ဖျက်ဆီးရန် အတွေးတစ်ခုသာ လိုအပ်သည်။

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း စိုးရိမ်လာသည်။ ယွမ်ချင်းရှုသည် ကိုယ်ပွား ယွမ်ရှန်ရှန်ကို အမှန်တကယ် ဖျက်ဆီးပစ်မှာလားဆိုတာ သူမပြောနိုင်ပေ။

လုချန်း ခဏခန့် စဉ်းစားလိုက်၏။ ယွမ်ချင်းရှုသည် ယွမ်ရှန်ရှန်အား ပြီးပြည့်စုံပြီး လွတ်လပ်သော ပင်ကိုယ်စရိုက်တစ်ခု ပေးခဲ့သည်။ သူမသည် ယွမ်ရှန်ရှန်အား ကိုယ်ပွားတစ်ခု အဖြစ်သာ အမှန်တကယ် ဆက်ဆံနေခြင်း မဟုတ်ပေ။ ထို့ကြောင့် ယွမ်ချင်းရှု ထိုသို့ မလုပ်လောက်ဟု တွေးလိုက်သည်။

သို့သော်လည်း သူ့ အနေနှင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သင့်သည်။

ယွမ်ချင်းရှု ယွမ်ရှန်ရှန်ကို မထိခိုက်စေရန် ဘယ်လို တားဆီးရမလဲ စဉ်းစားနေစဉ်မှာပင်ယွမ်ချင်းရှုက

“မင်း ဒီနေ့ ပြောခဲ့တဲ့ စကားတွေအတွက် တစ်နေ့နေ့မှာ နောင်တရလိမ့်မယ်။”

ထိုအခိုက်အတန့်တွင် ယွမ်ချင်းရှု၏ အကြည့်သည် လုချန်းအပေါ်သို့ ကျရောက်သွားပြီး

“ရှင်က ကျွန်မရဲ့ ကိုယ်ပွားကို အတင်းအကျပ် သိမ်းပိုက်ပြီး သူ့ကို ကစားစရာတစ်ခုလို ဆက်ဆံတယ်။ ဒီနေ့ ရှင့်ကို ကျွန်မ မသတ်နိုင်ရင်တောင် အနာဂတ်မှာ ရှင်နဲ့ မလွဲမသွေ စာရင်း ရှင်းရလိမ့်မယ်။”

ထို့နောက် ယွမ်ချင်းရှု လှည့်ထွက်သွားပြီး နောက်ဆုံးတွင် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေပေါ်သို့ ပျံသန်းသွားသည်။

…………..

All Chapters