← Chapters

ကျင့်ကြံဖော်တွေ အများကြီး ရှိသလား

Vol. 72 Ch. 1077

ကျင့်ကြံဖော်တွေ အများကြီး ရှိသလား

Vol. 72 Ch. 1077

လုချန်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ အကယ်၍ သူမ သူ့အတွက် စိတ်ပူနေခြင်းကြောင့် မဟုတ်ပါက အဘယ်ကြောင့် သူ့အား ဤမျှ တင်းကျပ်စွာ တွယ်ကပ်နေမည်နည်း။

ထို့နောက် လုချန်းက

“ချိုးယု။ ခင်ဗျား စိတ်ထဲမှာ တစ်ခုခု ရှိနေရင် တိုက်ရိုက်ပဲ ပြောလိုက်လေ။”

ကျိချိုးယုလည်း ဆက်လက် သည်းမခံနိုင်တော့ပဲ ခြင်တစ်ကောင်၏ အသံကဲသို့ တိုးညှင်းသော အသံဖြင့်

“လု... လုချန်း။ ဒီခန္ဓာကိုယ်က ရှင့်ရဲ့ ခန္ဓာကိုယ် အစစ်လား။”

ထိုမေးခွန်းကို ကြားသောအခါ လုချန်း ခပ်ဖွဖွ ရယ်မောလိုက်သည်။ ကျိချိုးယု အဘယ်ကြောင့် ဤသို့ ပြုမူနေသည်ကိုလည်း သူ နောက်ဆုံးတွင် နားလည်သွားသည်။ သူမသည် သူ၏ ခန္ဓာကိုယ် အစစ် လနက်မြို့သို့ ရောက်ရှိလာသည်ဟု သံသယ ဝင်နေခြင်း ဖြစ်၏။

ထို့နောက် လုချန်းက

“ကျွန်‌တော်လည်း ခင်ဗျား ဘေးနားမှာ အမြန်ဆုံး ရှိနေချင်တာပေါ့။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ဒီခန္ဓာကိုယ်က ကိုယ့်ရဲ့ ခန္ဓာကိုယ် အစစ် မဟုတ်ဘူး။ ရုပ်သေးရုပ် နောက်တစ်ရုပ်ပဲ။”

လုချန်း၏ တုံ့ပြန်မှုကို ကြားသောအခါ ကျိချိုးယုသည် အံ့အားသင့်သွား၏။ ဤခန္ဓာကိုယ်သည် အလွန် အစွမ်းထက်ပြီး ဥပဒေနိယာမ အလုံးစုံ နယ်ပယ် အဆင့်ရှိ နတ်ဆိုးတမန် တစ်ဦးကို လွယ်ကူစွာ သတ်ဖြတ်နိုင်သဖြင့် ဒါက လုချန်း၏ ခန္ဓာကိုယ် အစစ်သာ ဖြစ်ရမည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သူမသည် ယနေ့ညတွင် သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရန်ပင် ပြင်ဆင်ထားခဲ့ပြီးလည်းဖြစ်သည်။

ယခု လုချန်းအစစ် မဟုတ်ပဲ ရုပ်သေး ခန္ဓာကိုယ်သာ ဖြစ်သည်ဟု သူမအား ပြောနေတာလား။

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။

ရုပ်သေး ခန္ဓာကိုယ်က တကယ်ပဲ ဒီလောက် အစွမ်းထက်နိုင်လို့လား။

ထို့နောက် ကျိချိုးယုက

“ကျွန်မ မယုံဘူး။ ရှင့်ရဲ့ ရုပ်သေးက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်မှာလဲ။”

သူမ စကားပြောနေစဉ် ကျိချိုးယု၏ လက်သည် လုချန်း၏ ဝမ်းဗိုက်ဆီသို့ ရောက်လာပြီး ပို၍ နိမ့်သော နေရာသို့ ဆက်လက် ရွေ့လျားသွားသည်။

လုချန်း အနည်းငယ် ဆွံ့အသွား၏။ ဒါက သူ ဦးစွာ အခွင့်ရေးမယူပဲ အလွန် တက်ကြွသော အမျိုးသမီး တစ်ဦးနှင့် ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။

ကျိချိုးယုက သူ့ထက်ပင် ပို၍ တက်ကြွနေပါလား။

တကယ်တော့ ကျိချိုးယု အပေါ် အပြစ်တင်၍ မရပေ။ မည်သို့ပင် ဆိုစေ သူတို့သည် အတည်ပြုထားသော ကျင့်ကြံဖော် ဆက်ဆံရေးတွင် ရှိနေခဲ့ကြသည်မှာ အလွန် ကြာမြင့်ပြီ ဖြစ်သည်။ သူတို့ နှစ်ဦးသည် မကြာခဏ အတူတကွ ပွေ့ဖက် နေလေ့ ရှိကြသည်။ သူမ ပွေ့ဖက်ခဲ့သည်မှာ သူ၏ ရုပ်သေးမျှသာ ဖြစ်သော်လည်း ကျိချိုးယုအား မဆင်မခြင် ပွတ်သပ် ထိတွေ့ရန် ရုပ်သေးအား အမြဲတစေ သူ၏ မသိစိတ်ဖြင့် ခိုင်းစေနေခဲ့တာ ကြာပြီဖြစ်သည်။ ယခု သူမ ဆက်လက် သည်းမခံနိုင်တော့ချေ။

ထို့ကြောင့် လုချန်း အစစ်ကိုယ်တိုင် ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ကျိချိုးယု ယူဆမိလိုက်သောအခါ သူမ၏ နှလုံးသားသည် ရှင်းပြ၍ မရသော စိတ်လှုပ်ရှားမှု တစ်ခုကို မထိန်းချုပ်နိုင်စွာ ခံစားလိုက်ရသည်။

ဤအခိုက်တွင် လုချန်းက ရုပ်သေးကို ထိန်းချုပ်လျက် ကျိချိုးယု၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး သူမ၏ လုပ်ဆောင်မှုများကို ရပ်တန့်စေလိုက်သည်။ ထို့နောက် သူက ကျိချိုးယု၏ နီမြန်းနေသော မျက်နှာကို စိုက်ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး

“ချိုးယု။ ကျွန်တော် ခင်ဗျားနဲ့ အတူ ရှိချင်တဲ့ ဆန္ဒက ခင်ဗျားထက်တောင် ပိုပြင်းပြပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက ဒါကကျွန်တော့်ရဲ့ ခန္ဓာကိုယ် အစစ် မဟုတ်သေးလို့ပါ။ ကျွန်‌တော်ရဲ့ တကယ့် ခန္ဓာကိုယ်က ကျင့်ကြံနေတုန်းမို့ လနက်မြို့ကို အခုချက်ချင်း လာလို့ မရသေးပါဘူး။”

လုချန်း၏ မျက်ဆံများကို စိုက်ကြည့်ရင်း ကျိချိုးယု အနည်းငယ် ဇဝေဇဝါ ဖြစ်ကာ ရပ်တန့်သွား၏။ လုချန်း၏ မျက်လုံးများထဲရှိ အကြည့်က သူမအား လိမ်ညာနေပုံ မပေါ်ချေ။

ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သွားသလို ကျိချိုးယု ချက်ချင်း ခံစားလိုက်ရသည်။ ယနေ့တွင် သူမ လုချန်း၏ စစ်မှန်သော ကျင့်ကြံဖော် ဖြစ်လာရတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရောက်ရှိလာသူမှာ သူ၏ ခန္ဓာကိုယ် အစစ် မဟုတ်သေးကြောင်း သိလိုက်ရသည်။

ကျိချိုးယုက

“ရှင့်ရဲ့ ရုပ်သေးက ယင်ယန်အဆင့် အင်အား ရှိတယ်ဆိုတော့ ရှင့်ရဲ့ ခန္ဓာကိုယ် အစစ်က ပိုလို့တောင် အစွမ်းထက်နေမှာ မဟုတ်ဘူးလား။ ရှင်က နတ်ဘဝပြောင်းလဲခြင်းနယ်ပယ်က ကျင့်ကြံသူ တစ်ယောက်လား။”

လုချန်းက ပြုံးပြလိုက်ပြီး

“အဲဒီလောက်ကြီးတော့ မဟုတ်သေးပါဘူး။ အခုအချိန်အထိ ကျိယန်ကမ္ဘာမှာ နတ်ဘဝပြောင်းလဲခြင်းနယ်ပယ် ရောက်တဲ့ကျင့်ကြံသူ တစ်ယောက်မှ မရှိသေးဘူး။”

ကျိချိူယု စဉ်းစားကြည့်လိုက်သောအခါ လုချန်းပြောတာ ဖြစ်နိုင်သည်ဟု သဘောပေါက်သွား၏။ အကယ်၍ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ကျိယန်ကမ္ဘာတွင် ပေါ်ပေါက်လာခဲ့ပါက ထျန်းကျိရဲတိုက်က ထိုသူအားချက်ချင်း ရှာဖွေ တွေ့ရှိလောက်သည်။

သို့သော် ထျန်းကျိရဲတိုက်တွင်လည်း နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူများ ရှိနေနိုင်လား။

ကျိချိုးယု လုချန်းအား လှမ်းကြည့်လိုက်၏။ ထို့နောက် ထိုအတွေးကို သူမ၏ စိတ်ထဲမှ ပြန် ဖယ်ရှားလိုက်သည်။ လုချန်းသည် ထျန်းကျိရဲတိုက်မှ ထို အဘိုးကြီးများ ပုံစံ မပေါက်ပေ။ လုချန်း၏ ခန္ဓာကိုယ် အစစ် ဤနေရာတွင် မရှိသော်လည်း သူသည် သူမ၏ ခန္ဓာကိုယ်အား မလျော်မကန် ထိတွေ့ရန် ရုပ်သေးကို အသုံးပြုနေဆဲ ဖြစ်သည်။ ထျန်းကျိရဲတိုက်မှ ထို အဖိုးကြီးများသည် အမျိုးသမီးများအပေါ် စိတ်ဝင်စားမှု မရှိကြပေ။ သေချာသည်မှာ သူတို့သည် ထိုကဲ့သို့သော အရာများကို ပြုလုပ်ကြမည် မဟုတ်ပေ။

ဤအချိန်တွင် လုချန်းက ကျိချိုးယု၏ လက်ကို ဆွဲယူလိုက်ပြီးနောက် သူမအား ပွေ့ဖက်လိုက်ကာ အခန်းထဲရှိ ကုတင်ဆီသို့ လျှောက်သွားသည်။

ကုတင်သို့ ရောက်ရှိပြီးနောက် လုချန်း အရင် ထိုင်ချလိုက်သည်။ ထို့နောက် ကျိချိုးယုအား သူ၏ ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်။

ထို့နောက် ကျိချိုးယု၏ နားထဲသို့

“ချိုးယု။ ကျွန်တော် ခုနက တွက်ကြည့်ပြီးပြီ။ ကျွန်တော် နောက် သုံးနှစ်အတွင်း လနက်မြို့ကို လာနိုင်လောက်တယ်။”

ထိုသို့ ကြားသောအခါ ကျိချိုးယုသည် ခဏခန့် ကြောင်ငေးသွားသည်။

သုံးနှစ်လား။

ကျင့်ကြံသူ တစ်ဦး ဖြစ်သော သူမအတွက် သုံးနှစ်သည် အလွန် တိုတောင်း၏။ အချို့ ကျင့်ကြံသူများသည် တံခါးပိတ် ကျင့်စဉ်စခန်းဝင်ပါက အနည်းဆုံး ဆယ်စုနှစ် တစ်ခု ကြာအောင် အချိန်ကုန်ဆုံးကြသည်။ သုံးနှစ်ဆိုသည်က မျက်တောင် တစ်ခတ် အတွင်း ကုန်ဆုံးသွားမည် ဖြစ်သည်။

ကျိချိုးယု သူမ၏ ခေါင်းကို လှည့်လိုက်ပြီး ရုပ်သေး လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ

“ရှင် တကယ် ပြောနေတာလား”

ဟု မယုံနိုင်စွာ မေးလိုက်သည်။

လုချန်းက

“တကယ်လို့ မမျှော်လင့်ထားတာတွေ မဖြစ်ခဲ့ရင် သုံးနှစ်အတွင်းမှာ ကျွန်‌တော့်ရဲ့ ခန္ဓာကိုယ် အစစ် လနက်မြို့ကို သေချာပေါက် ရောက်လာမှာပါ။”

လျှို့ဝှက်လဝန်း နန်းတော်သခင် ယွမ်ချင်းရှု ထျန်းချန်ကမ္ဘာသို့ ရောက်ရှိလာပြီ ဖြစ်ရာ အချိန် အနည်းငယ် ကြာပြီးနောက် ယွမ်ချင်းရှုအား သူ သိမ်းသွင်းနိုင်လိမ့်မည်ဟု လုချန်း ယုံကြည်၏။ယွမ်ချင်းရှုကို သူ၏ အမျိုးသမီး ဖြစ်အောင် မလုပ်နိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ သူမ သူ၏ အပေါ်၌ အမြင်ကောင်း ရှိစေရန် ပြုလုပ်နိုင်၏။

လျှို့ဝှက်လဝန်းနန်းတော်၏ ကိစ္စများကို ဖြေရှင်းပြီးသည်နှင့် သန့်ရှင်းသော နဂါးနက် နယ်မြေမှ တပည့်များကို ကျိယန်ကမ္ဘာသို့ ချက်ချင်း ခေါ်လာမည် ဖြစ်သည်။ ထို့နောက် ချိပ်ပိတ်နယ်မြေ၌ ချိပ်ပိတ်ထားသော ထို ကောင်းကင်နတ်ဆိုးကို ဖြေရှင်းမည် ဖြစ်၏။

လုချန်း ထိုဖြစ်စဉ်များကို စဉ်းစားတွက်ချက်လိုက်သည်။ ထိုအတွက် သုံးနှစ်အထိပင် ကြာမည် မဟုတ်ပေ။

လုချန်း၏ တုံ့ပြန်မှုကို ကြားပြီးနောက် ကျိချိုးယု၏ အတွင်းထဲ၌ တုန်လှုပ်မှု အနည်းငယ် ခံစားလိုက်ရသည်။

သုံးနှစ်...

နောက်ထပ် သုံးနှစ်သာ...

သုံးနှစ် အတွင်းမှာပင် သူမသည် လုချန်း၏ စစ်မှန်သော ကျင့်ကြံဖော် ဖြစ်လာနိုင်မည်။

ကျိချိုးယု၏ စိတ်များ ဗလာဖြစ်နေစဉ် လုချန်းက ရုတ်တရက်

“စကားမစပ်။ ကျွန်တော် ခင်ဗျားကို ကျင့်စဉ် နှစ်ခု လက်ဆင့်ကမ်းပေးမယ်။ ဘယ်လိုလဲ။”

ကျိချိုးယုက

“ဘာကျင့်စဉ်တွေလဲ”

ဟု စူးစမ်းစွာ မေးလိုက်သည်။

ကျိချိုးယု၏ စကားသံဆုံးသည်နှင့် ရွှေရောင် အလင်းတန်း တစ်ခု ရုပ်သေး လုချန်း၏ နဖူးမှ ထွက်ပေါ်လာပြီး ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်နှင့် နတ်ဆိုးမြေမြုပ်ကျင့်စဉ်တို့၏ အချက်အလက်များ ကျိချိုးယု၏ စိတ်ထဲတွင် ပေါ်လာသည်။

ဤ ကျင့်စဉ် နှစ်ခုကို မြင်သောအခါ လုချန်း၏ ပွေ့ဖက်မှုထဲ၌ ကျိချိုးယု ကြက်သေသေသွား၏။

သူမ၏ ပါးစပ် အနည်းငယ်ဟနေပြီး မျက်ဆံများ ကျုံ့သွားကာ မျက်နှာပေါ်၌ လုံးဝ တုန်လှုပ် အံ့အားသင့်နေမှုကို ပြသနေသည်။

ကျင့်စဉ် တစ်ခုသည် နတ်ဆိုး ကျင့်ကြံသူများကို နှိမ်နင်းနိုင်ပြီး အခြား တစ်ခုမှာ ကျွမ်းကျင်သွားပါက သေသူကိုပင် ပြန်လည် ရှင်သန်စေနိုင်သော သူတော်စင်အဆင့် ကျင့်စဉ် ဖြစ်သည်။

ဘယ်လို...

ဘယ်လို ဖြစ်နိုင်မှာလဲ...

ဒီလောက် အစွမ်းထက်တဲ့ ကျင့်စဉ်တွေက ကျိယန်ကမ္ဘာမှာ ဘယ်တုန်းက ပေါ်လာခဲ့တာလဲ။

အထူးသဖြင့် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ဖြစ်သည်။ သူမ ဒါကို ကြားတောင် မကြားဖူးပေ။

ထျန်းကျိရဲတိုက်မှာပင် ဒီလို ကံကြမ္မာကို ဆန့်ကျင်သော ကျင့်စဉ်တွေ မရှိခဲ့ဘူး မဟုတ်လား။

အချိန်မည်မျှ ကြာသွားသည် မသိ ကျိချိုးယုသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သူမ၏ အာရုံကို နတ်ဆိုးမြေမြုပ်ကျင့်စဉ် အပေါ်သို့ စူးစိုက်လိုက်သည်။

အစက သူမ လုချန်းအား ကျင့်ကြံဖော် အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်သော ဓားသိုင်းပညာ တစ်ခုကို လိုချင်သောကြောင့် ဖြစ်ခဲ့သည်။ ယခုမူ လုချန်း နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်ခြင်းက မည်သည့် နတ်ဆိုးနှင် ဓားသိုင်း အပေါ်တွင်မှ မှီခိုနေခြင်း မဟုတ်ပဲ ဤ နတ်ဆိုးမြေမြုပ်ကျင့်စဉ် ဟုခေါ်သော ကျင့်စဉ်အပေါ်တွင် မှီခိုနေပုံရ၏။

လုချန်းက နန်းကုန်းချင်ရအား သူ၏ အထူး ခန္ဓာကိုယ် ဖွဲ့စည်းမှုကြောင့် နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်သည်ဟု ပြောခဲ့သည့် အချိန်မှစ၍ လုချန်း၏ နတ်ဆိုးနှင် ဓားသိုင်း အကြောင်း စဉ်းစားခြင်းကို သူမ ရပ်တန့်ခဲ့သည်။ လုချန်း ပြောသည့်အတိုင်း သူမ ယုံကြည်သွားခဲ့‌သောကြောင့်ဖြစ်သည်။

ယခု သူက နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်သော ကျင့်စဉ် တစ်ခုကို အမှန်တကယ် ထုတ်ပေးလာခဲ့သည်။

နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို သူမ ကျင့်ကြံပါက အနာဂတ်တွင် ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို ကိုင်စွဲထားသော နတ်ဆိုးတမန် တစ်ဦးကိုပင် သူမ ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

ဤအခိုက်တွင် ကျိချိုးယု လုချန်း၏ မျက်နှာကို ကြည့်ကာ

“လု... လုချန်း။ ရှင် ဒီလောက် တန်ဖိုးကြီးတဲ့ ကျင့်စဉ်တွေကို ဘယ်က ရခဲ့တာလဲ။”

လုချန်းသည် သူတော်စင်အဆင့် ကျင့်စဉ်များကိုပင် တတ်မြောက်နေသည်။ ထို့ပြင် ထိုကျင့်စဉ်များက သူမ ကြားပင် မကြားဖူးသော ကျင့်စဉ်များဖြစ်သည်။ ဒါက လုချန်း ဇစ်မြစ်သည် သူမ ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးသည်ဟု အဓိပ္ပာယ်ရ၏။

ရုတ်တရက် ကျိချိုးယုစိတ်ထဲ စိုးရိမ်စိတ်များ ဝင်ရောက်လာသည်။ လုချန်းကဲ့သို့ အစွမ်းထက်သော၊ သူ၏ ရုပ်သေး၏ အင်အားပင် သူမထက် သာလွန်သော သူတစ်ယောက်က သူမအား အမှန်တကယ် နှစ်သက်ပါ့မလားဟု တွေးမိသွားသောကြောင့်ဖြစ်၏။

ထို့ပြင် သူမအား သူ၏ ကျင့်ကြံဖော် အဖြစ် အမှန်တကယ် သတ်မှတ်ပါ့မလား။

လုချန်းသည် နိုင်ငံ တစ်ခုမှ မင်းသား တစ်ပါး သို့မဟုတ် အင်အားကြီး အဖွဲ့အစည်း တစ်ခုမှ ရွေးချယ်ထားသူ တစ်ဦး ဖြစ်နိုင်သည်ဟု အစက သူမ ထင်ခဲ့သည်။ ထို့ကြောင့် ပစ်မှတ်ထား ခံရမည်ကို စိုးရိမ်သဖြင့် သူ၏ ဇစ်မြစ်အစစ်ကို မဖော်ပြရဲခြင်း ဖြစ်နိုင်သည်ဟု လက်ခံထားခဲ့သည်။

ယခုတော့ သူမ၏ ခန့်မှန်းချက် အလွန် လွဲချော်နေပုံရ၏။

ကျိချိုးယု၏ သတိကြီးသော အမူအရာကို မြင်သောအခါ လုချန်းက

“ ကျွန်တော် ခင်ဗျားကို အခုထိ ပြောပြလို့ မရသေးတဲ့ အရာတွေ ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော် ပြောပြနိုင်တာကတော့ ကျွန်တော့်မှာ ဥပဒေနိယာမ အလုံးစုံ အဆင့် လက်အောက်ငယ်သားတွေ အများကြီး ရှိတယ်ဆိုတာပဲ။”

ဥပဒေနိယာမ အလုံးစုံ နယ်ပယ် အဆင့် လက်အောက်ငယ်သားတွေ ရှိတယ်...

သူမ၏ ဦးနှောက် ကောင်းစွာ အလုပ် မလုပ်တော့ဟု ကျိချိုးယု ခံစားလိုက်ရသည်။ဥပဒေနိယာမ အလုံးစုံ နယ်ပယ် အဆင့်ရှိ ပုဂ္ဂိုလ်များပင် လုချန်း၏ လက်အောက်ငယ်သားများမျှသာ ဖြစ်ပါက လုချန်းသည် အမှန်တကယ်တော့...

လုချန်းက ထျန်းကျိရဲတိုက်ရဲ့ ရဲတိုက်သခင် များ ဖြစ်နေနိုင်လား။

ကျိချိုးယုက

“ရှင်... ရှင် ထျန်းကျိရဲတိုက်ရဲ့ ရဲတိုက်သခင် မဟုတ်ဘူးမလား”

ဟု ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

လုချန်းသည် ရုတ်တရက် ရယ်လိုက်ပြီး

“လျှောက်တွေး မနေပါနဲ့။ ကျွန်တော် အဲ့ဒီလောက် အသက်မကြီးသေးဘူး။ ပြီးတော့ ဘယ်သူ သိနိုင်မလဲ ကျွန်‌တော်က ခင်ဗျားထက်တောင် ငယ်ချင် ငယ်နေဦးမှာ။”

ကျိချိုးယု လုချန်းကို သံသယဖြင့် ကြည့်လိုက်၏။ လုချန်းကဲ့သို့ အစွမ်းထက်သော သူတစ်ယောက်က သူမထက် အသက်ငယ်နိုင်မည်ဟု သူမ မယုံနိုင်ပေ။

နောက်ဆုံးတွင် ကျိချိုးယု အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူမသည် လုချန်းထံမှ နတ်ဆိုးနှင် ဓားသိုင်းကို လှည့်ဖြား တောင်းယူရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ် တစ်ဦးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။ အတော်လေး ရှုပ်ထွေးသော အခြေအနေ တစ်ခုသို့ သူမ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

လုချန်းကဲ့သို့ အစွမ်းထက်ပြီး ဤမျှ နက်ရှိုင်းသော နောက်ခံ ရှိသည့် အမျိုးသား တစ်ဦးတွင် ကျင့်ကြံဖော် မရှိပဲ နေလိမ့်မည်ကို မယုံနိုင်ပေ။

ဆိုလိုသည်မှာ သူမသည် လုချန်း၏ ပထမဆုံး ကျင့်ကြံဖော် မဟုတ်သကဲ့သို့ နောက်ဆုံး တစ်ယောက်လည်း ဖြစ်လာမည် မဟုတ်သည့် အလားအလာ အလွန် များသည်ဟု အဓိပ္ပာယ်ရ၏။

သို့သော် ယခု သူမသည် လုချန်းနှင့် ဆက်ဆံရေး တစ်ခု ထူထောင်ခဲ့ပြီး ဖြစ်ကာ သူက သူမအား ဤကဲ့သို့ မယုံနိုင်လောက်အောင် ကောင်းမွန်သော သူတော်စင်အဆင့် ကျင့်စဉ် တစ်ခုကို လက်ဆောင် ပေးခဲ့ပြီ ဖြစ်သည်။ ယခု အချိန်မှစ၍ သူမ၏ဘဝသည် သူနှင့် လုံးလုံးလျားလျား ချည်နှောင်ခံရဖွယ် ရှိနေသည်။

လုချန်းတွင် အခြား ကျင့်ကြံဖော်များ ရှိနေလျှင်ပင် သူမ အနေနှင့် ဒါကို လက်ခံရုံသာ တတ်နိုင်၏။

ထိုအတွေးဖြင့် အနည်းငယ် ဝမ်းနည်းသလို ကျိချိုးယု ခံစားလိုက်ရသော်လည်း သူမ၏ စိတ်ကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်သည်။

အကယ်၍ လုချန်းတွင် အခြား ကျင့်ကြံဖော်များ ရှိနေပါကလည်း ရှိပါစေတော့။

သာမန် ကျင့်ကြံသူ တစ်ဦး အနေဖြင့် လုချန်းကဲ့သို့သော သူတစ်ယောက်၏ ကျင့်ကြံဖော် ဖြစ်လာနိုင်ခြင်းကပင် အလွန် ကံထူးနေပြီ ဖြစ်သည်။ သူမတွင် ပို၍ တောင်းဆိုပိုင်ခွင့် မရှိတော့ချေ။

ကျိချိုးယု စကား မပြောပဲ ရှည်လျားသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားသည်ကို မြင်သောအခါ လုချန်းက

“ဘာဖြစ်လို့လဲ”

ကျိချိုးယုက

“လုချန်း။ ကျွန်မကို အမှန်အတိုင်း ပြောပါ။ ရှင့်ရဲ့ ကျင့်ကြံဖော်တွေက အရမ်း များသလား။”

ဤမေးခွန်းကြောင့် လုချန်း အံ့အားသင့်သွား၏။ လုချန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ကျိချိုးယုသည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ သူမ ထင်ထားသည့် အတိုင်းပင် သူမသည် လုချန်း၏ ပထမဆုံး ကျင့်ကြံဖော် မဟုတ်သလို နောက်ဆုံး တစ်ယောက်လည်း ဖြစ်လာမည် မဟုတ်မှာ သေချာနေသည်။

လုချန်းက ကျိချိုးယု၏ မေးခွန်းကို တိုက်ရိုက် မဖြေပဲ

“ချိုးယု။ ကျွန်တော် ခင်ဗျားကို တကယ် သဘောကျပါတယ်။ တကယ်လို့ ကျွန်တော် ခင်ဗျား အပေါ် ခံစားချက် မရှိခဲ့ရင် သူတော်စင်အဆင့် ကျင့်စဉ်နဲ့ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးမယ်လို့ ခင်ဗျား ထင်သလား။”

ကျိချိုးယုက လုချန်း၏ မျက်လုံးများကို ကြည့်လျက်

“ရှင့်မှာ ကျင့်ကြံဖော် ဘယ်လောက်ပဲ ရှိရှိ ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျွန်မတို့ အခု ကျင့်ကြံဖော်တွေ ဖြစ်သွားပြီ ဆိုတော့ ရှင် ကျွန်မ အပေါ် တာဝန်ယူရမယ်။”

ကျိချိုးယု ဘာကို ဆိုလိုချင်သည်ကို လုချန်း ချက်ချင်း နားလည်သွားသည်။ သူမသည် သူ့ထံတွင် အခြား အမျိုးသမီးများ ရှိနိုင်သည် ဆိုသည့် အချက်ကို လက်ခံလိုက်ခြင်း ဖြစ်၏။ ချက်ချင်းပင် လုချန်းက

“ဒါပေါ့။ ကျွန်တော်က ခင်ဗျား အပေါ် တာဝန်ယူရုံတင် မဟုတ်ဘူး အနာဂတ်မှာ ခင်ဗျား ကျွန်တော့်ကို ထားသွားချင်ရင်တောင် သွားခွင့်ပြုမှာ မဟုတ်ဘူး။ ခင်ဗျား တစ်သက်လုံး ကျွန်တော့်ရဲ့ ကျင့်ကြံဖော်ပဲ ဖြစ်နေရမယ်။”

လုချန်း၏ စကားကို ကြားသောအခါ ကျိချိုးယု၏ အတွင်းစိတ်ထဲ များစွာ သက်သာရာ ရသွားသည်။ လုချန်း ပြောလိုက်သော စကားများက ချိုသာလွန်းသည်ဟု ခံစားမိသော်လည်း သူမ သူ၏ စကားများကို ယုံကြည်လိုခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ အကယ်၍ လုချန်း တစ်နေ့နေ့တွင် သူမအား အမှန်တကယ် စွန့်ပစ်သွားခဲ့လျှင်ပင် သူမ အရှုံးပေါ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူတော်စင်အဆင့် ကျင့်စဉ်နှင့် နတ်ဆိုးမြေမြုပ်ကျင့်စဉ် နှစ်ခုလုံးကို ရရှိထားခဲ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့ထဲမှ မည်သည့် ကျင့်စဉ်မဆို အပြင်သို့ ထုတ်ပြလိုက်ပါက ကျိယန်ကမ္ဘာတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်သွားစေနိုင်သည်။

………………

All Chapters