← Chapters

မနက်ဖြန် အဆုံးသတ်ရမယ်

Vol. 72 Ch. 1080

မနက်ဖြန် အဆုံးသတ်ရမယ်

Vol. 72 Ch. 1080

ကုန်းရယ်လျှံဖုန်း ထွက်ခွာသွားခဲ့ပြီးနောက် နန်းကုန်းယွဲ့ဟွာသည် အဆောင်ငယ် အတွင်းရှိ ကျောက်ခုံတန်းလျားပေါ်တွင် ထိုင်နေခဲ့ပြီးအတွေးထဲ နစ်မြောနေခဲ့သည်။

ကုန်းရယ်လျှံဖုန်း ပြောခဲ့သည့်အတိုင်း မှန်နေခဲ့ပါက ကောင်းကင်နတ်ဆိုး အပေါ် ချိပ်ပိတ်ထားမှုကို သူတို့ တကယ် ပယ်ဖျက်သင့်သလား။

တကယ်တော့ ထိုလုပ်ရပ်က အလွန်စွန့်စားရာ ကျလွန်းလှသည်။

အဘယ်ကြောင့် အစွမ်းထက် သတ္တဝါတစ်ဦးက အဆင့်နိမ့် ကျင့်စဉ်ကမ္ဘာတစ်ခုဖြစ်သော ကျိယန်ကမ္ဘာကို ကျူးကျော်ရမည်နည်း။

များစွာ စဉ်းစားပြီးနောက် လုချန်း၌ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ ရှိမရှိ စောင့်ကြည့်ရန် လနက်မြို့သို့ လူအချို့ ဦးစွာ စေလွှတ်ရန် နန်းကုန်းယွဲ့ဟွာ ဆုံးဖြတ်လိုက်သည်။

အစွမ်းထက် သတ္တဝါ ကျိယန်ကမ္ဘာသို့ ရောက်ရှိလာသည့် အချိန်မှ ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားမှုကို ဖျက်ရန် စဉ်းစားနိုင်သည်ဟု ကုန်းရယ်လျှံဖုန်းက ပြောခဲ့သည်။ ထို့ကြောင့် အစွမ်းထက် သတ္တဝါ ကျိယန်ကမ္ဘာသို့ ရောက်လာသည်အထိ သူတို့ စောင့်ဆိုင်းကြမည် ဖြစ်သည်။

ထိုအတွေးဖြင့် ဧကရာဇ် အမိန့်ပြန်တမ်းကိုတစ်ခုကို နန်းကုန်းယွဲ့ဟွာ စတင် ရေးဆွဲခဲ့သည်။

…….

ရက်အနည်းငယ် ကြာပြီးနောက်။

လနက်မြို့တွင်။

လုချန်း မြို့ရိုးထိပ်တွင် ကင်းလှည့်နေစဉ် စစ်သားတစ်ဦး သူထံသို့ ရုတ်တရက် ပြေးလာပြီး

“ဒုတိယ မြို့သခင် ဧကရာဇ် အမိန့်ပြန်တမ်း ရောက်နေပါတယ်။”

လုချန်းက စစ်သားအား

“လမ်းပြ။”

ဟု ခပ်သွက်သွက် ပြန်ပြောလိုက်သည်။

စစ်သားနောက်သို့ လိုက်သွားပြီး မကြာမီပင် လုချန်း မြို့သခင် စံအိမ်တော်သို့ ရောက်ရှိသွားခဲ့သည်။ အမိန့်ပြန်တမ်း ပေးပို့ရန် တာဝန်ရှိသော မိန်းမစိုးက သူ့အား ရိုသေစွာ စောင့်ဆိုင်းနေ၏။

ဤတစ်ကြိမ်တွင် အမိန့်ပြန်တမ်း ပေးပို့သော မိန်းမစိုးသည် ပြီးခဲ့သည့် တစ်ဦးကဲ့သို့ အမိန့်ပြန်တမ်းကို ပေးပစ်ခဲ့ပြီး ထွက်ပြေးသွားခြင်းမျိုး မပြုခဲ့ပေ။ မည်သို့ပင်ဖြစ်စေ လုချန်းသည် ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိသူတစ်ဦး ဖြစ်သဖြင့် အမိန့်ပြန်တမ်း ပေးပို့ရသည့် မိန်းမစိုးများ မစော်ကားဝံ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

မိန်းမစိုးထံ ချဉ်းကပ်သွားပြီးနောက် လုချန်းက

“မင်းကြီးဆီက အမိန့်ပြန်တမ်း ရှိတယ်လို့ ကျွန်တော် ကြားတယ်။”

ဟု တိုက်ရိုက် မေးလိုက်သည်။

မိန်းမစိုးက

“ဟုတ်ပါတယ် ဒုတိယ မြို့သခင် လု။”

ဟု ပြုံးလျက် အလျင်အမြန် ပြန်ဖြေခဲ့သည်။

ထိုသို့ ပြောရင်း မိန်းမစိုးက လုချန်းကို သေသေချာချာ ကြည့်လိုက်သည်။ သူသည် အမိန့်ပြန်တမ်းကို လက်ခံရယူရန်အတွက် ဒူးထောက်ရန် ရည်ရွယ်ချက် မရှိပဲ မတ်တပ် ရပ်နေဆဲ ဖြစ်သည်ကို သတိပြုမိလိုက်သည်။

မိန်းမစိုးလည်း လုချန်း၏ အင်အားကို ချက်ချင်း သတိရလိုက်ပြီး လုချန်း ရပ်နေသည်ဖြစ်စေ ဒူးထောက်နေသည်ဖြစ်စေ အရေးမစိုက်တော့ပဲ ဧကရာဇ်၏ အမိန့်ပြန်တမ်းကို ဖြန့်လိုက်ကာ အသံထွက်၍ ကျယ်လောင်စွာ စတင် ဖတ်ကြားခဲ့သည်။

“ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်း အမိန့်ထုတ်ပြန်သည်မှာ လုချန်းသည် ကြီးမားသော အင်အားကို ပိုင်ဆိုင်...

မြောက်ဘက်စောင့် နယ်စား ဘွဲ့ကို ချီးမြှင့်လိုက်ပြီ။”

အမိန့်ပြန်တမ်းကို ဖတ်ပြီးနောက် မိန်းမစိုးက စာလိပ်ကို သူ၏ လက်နှစ်ဖက်ဖြင့် လုချန်းအား

“ဂုဏ်ယူပါတယ် မြောက်ဘက်စောင့်နယ်စား”

လုချန်းက ဧကရာဇ်၏ အမိန့်ပြန်တမ်းကို ပြုံးလျက် လက်ခံလိုက်၏။ ဤကမ္ဘာတွင် ဤမျှ လျင်မြန်စွာ နယ်စားဘွဲ့ ချီးမြှင့်ခံရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ ရာထူးတက်သွားပုံက တကယ်ကို လျင်မြန်လှသည်။

ထိုအခိုက်အတန့်တွင် မိန်းမစိုးက

“မြောက်ဘက်စောင့်နယ်စား။ တခြား ကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး။”

လုချန်းက

“ကောင်းပါပြီ မိန်းမစိုး ဂရုစိုက်သွားပါ။”

လုချန်း၏ စကားများ ဆုံးသွားသည်နှင့် မိန်းမစိုးလည်း အခြားမိန်းမစိုးများနှင့်အတူ မိုးပျံလှေဆီသို့ ချက်ချင်း ပြန်သွားပြီး လနက်မြို့မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ဧကရာဇ် အမိန့်ပြန်တမ်း ယူဆောင်လာသူ ထွက်ခွာသွားပြီးနောက် ကျိချိုးယုက လုချန်းထံ ချဉ်းကပ်လာပြီး

“လုချန်း။ ရှင့်ရဲ့ အဆင့်အတန်းက အခု ကျွန်မရဲ့ အဆင့်အတန်းထက်တောင် ကျော်လွန်သွားပြီ။”

လုချန်းက ကျိချိုးယု၏ မျက်လုံးများထဲသို့ လှည့်ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလျက်

“ဒီလို နယ်စားဘွဲ့မျိုးက ကျွန်တော့်အတွက် အရေးမကြီးပါဘူး။”

သူသည် ထျန်းချန်ကမ္ဘာ၏ အုပ်စိုးသူ ဧကရာဇ်တစ်ပါး ဖြစ်နေပြီးဖြစ်သည်။ ထိုသို့သော နယ်စားဘွဲ့ကို ဂရုမစိုက်တော့ပေ။

ချူးနိုင်ငံတော်မှ ချီးမြှင့်သော နယ်စားဘွဲ့ကို လုချန်း ဂရုစိုက်ပုံမ‌ရကြောင်း မြင်သောအခါ သူမ မျှော်လင့်ထားသည့်အတိုင်းပဲဟု ကျိချိုးယု သူမဘာသာ တွေးလိုက်မိသည်။ လုချန်းသည် ကျိရှောင်နိုင်ငံတော်၏ ဧကရာဇ်ကိုပင် အလေးထားသူ မဟုတ်‌ပေ။ ထို့ကြောင့် ဤ နယ်စားဘွဲ့ကိုလည်း တန်ဖိုးထားမည် မဟုတ်ပေ။

ထို့နောက် ရုတ်တရက် လုချန်းက

“ချိုးယု ကျွန်တော် အဆင့်တက်တော့မလို့။ အခု ပြန်တော့မယ်။”

စကားဆုံးသွားသည်နှင့် ရုပ်သေးရုပ် လုချန်းလည်း သူ၏ အခန်းဆီသို့ တည့်တည့် ပြန်သွားခဲ့သည်။ အဆင့်တက်‌ တော့မည်ဟု ပြောခြင်းကသူ၏ ပင်မခန္ဓာကိုယ် အစစ်ကို ရည်ညွှန်းနေမှန်း ကျိချိုးယု နားလည်ခဲ့သည်။ သူ၏ ပင်မခန္ဓာကိုယ် အဆင့်တက်နေချိန်တွင် သူ၏ ရုပ်သေးရုပ်အပေါ် ထိန်းချုပ်မှု အားနည်းသွားတတ်သဖြင့် လုချန်းက သူ၏ ရုပ်သေးရုပ်ကို သူ၏ အခန်းသို့ ကြိုတင် ပြန်ခိုင်းခြင်း ဖြစ်သည်။

သို့သော်...

ထွက်ခွာသွားသော ရုပ်သေးရုပ် လုချန်း၏ ပုံရိပ်ကို ကြည့်ရင်း ကျိချိုးယု စူးစမ်းမိသွားသည်။ လုချန်းက ခဏခဏ အဆင့်တက် နေတာလား။ လုချန်း မနေ့ကမှ အဆင့်တစ်ခု တက်ခဲ့ပုံရသည်ဟု သူမ မှတ်မိနေခဲ့၏။ ယခုလည်း နောက်ထပ် အဆင့်တက်ဖို့ ရှိနေသေးတာလား။

သူ၏ ပင်မခန္ဓာကိုယ်အစစ်၏ ကျင့်စဉ်အဆင့်က ဒီလောက်လျင်မြန်စွာ တိုးတက်နေနိုင်လား။

ပြန်စဉ်းစားကြည့်သောအခါ သူတော်စင်အဆင့် ကျင့်စဉ်ကို ပေးအပ်နိုင်စွမ်း ရှိသူတစ်ဦးသည် သူမ စိတ်ကူးနိုင်သည်ထက် ကျော်လွန်သော ကျင့်စဉ် အရင်းအမြစ်များကို ပိုင်ဆိုင်ထားရမည်ဟု ကျိချိုးယု သဘောပေါက်လိုက်ပြန်သည်။ မကြာခဏ အဆင့်တက်ခြင်းများသည် သူ့အတွက် မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။

…….

တစ်ချိန်တည်းတွင်။

လုချန်း သူ၏ ရုပ်သေးရုပ်ကို အခန်းသို့ ပြန်ရန် ညွှန်ကြားလိုက်ပြီးနောက် အာရုံစိုက်မှုများအားလုံး သူ၏ ပင်မခန္ဓာကိုယ်အစစ်ထံသို့ ပြန်ရောက်သွားခဲ့သည်။

ထိုအချိန်တွင် အစေခံတစ်ဦးက ယွမ်ရှန်ရှန်၏ အိပ်ခန်း အပြင်ဘက်မှ

“မင်းကြီး။ လျှို့ဝှက်လဝန်းနန်းတော်က နတ်လှေတွေ ထျန်းချန်ကမ္ဘာကို ဆက်တိုက် ရောက်ရှိလာနေပါပြီ။”

လုချန်းက

“အဲဒီ နတ်လှေတွေက လှုပ်ရှားမှု တစ်ခုခု လုပ်ကြလား။”

အစေခံက

“မလုပ်ပါဘူး နတ်လှေတွေက သန့်ရှင်းသော နဂါးနက် နယ်မြေက နတ်လှေတွေရဲ့ တစ်ဖက်မှာပဲ စခန်းချထားပြီး ဘာလှုပ်ရှားမှုမှ မလုပ်ကြပါဘူး။”

ယွမ်ချင်းရှု သူ့ကို ဆက်လက် ဒုက္ခပေးတော့မည် မဟုတ်ဟု လုချန်း တွေးလိုက်မိ၏။ သို့သော် သူမ အဘယ်ကြောင့် မထွက်ခွာသေးသည်ကိုတော့ အံ့ဩနေခဲ့သည်။

ထိုအခိုက်အတန့်တွင် လုချန်းက သူ၏ လက်များကို မြှောက်လိုက်ပြီး ယွမ်ရှန်ရှန် ဆက်လက် လူးလွန့်နေခြင်း မပြုနိုင်ရန် တားဆီးလိုက်သည်။ ယွမ်ရှန်ရှန်က ဖြည်းညင်းစွာ မော့လိုက်ပြီး နားမလည်နိုင်မှုများ ပြည့်နှက်နေပုံရသော မျက်လုံးများဖြင့် လုချန်းကို ငုံ့ကြည့်နေခဲ့သည်။

ထို့နောက် လုချန်းက

“ရှန် ။ ဆရာမကြီးက လက်မလျှော့သေးပဲ မင်းကို ပြန်လုယူဖို့ စဉ်းစားနေတုန်းပဲလို့ ကိုယ်ဘာလို့ ခံစားနေရတာလဲ မသိဘူး။”

ယွမ်ရှန်ရှန်က အားနည်းပြီး မောဟိုက်နေသော အသံဖြင့်

“ကျွန်မကို ပြန်လုယူမယ် ဟုတ်လား။ ကျွန်မရဲ့ နတ်ဝိညာဉ်ခန္ဓာက ရှင့်ကြောင့် ပျက်စီးသွားခဲ့ပြီ။ ရှင်ကလည်း ကျွန်မကို နည်းလမ်းမျိုးစုံနဲ့ ကစားခဲ့ပြီးပြီ။ အခု သူ ကျွန်မကို ပြန်လုယူလို့ ဘာ အသုံးဝင်တော့မှာလဲ။”

သူမကို သမီးတစ်ယောက်အဖြစ် သဘောထားသည်ဖြစ်စေ ကိုယ်ပွားတစ်ခုအဖြစ် သဘောထားသည်ဖြစ်စေ သူမသည် ယွမ်ချင်းရှု အတွက် တန်ဖိုး များစွာ မရှိနိုင်တော့ပေ။

သမီးတစ်ယောက်အဖြစ်သာ သတ်မှတ်ပါကလည်း ယွမ်ရှန်ရှန်၏ နှလုံးသားထဲတွင် တစ်စုံတစ်ယောက် ရှိနေခဲ့ပြီးဖြစ်ရာ သူမအား ပြန်လည် လုယူသွားလျှင်ပင် သူမ၏ နှလုံးသားသည် လျှို့ဝှက်လဝန်းနန်းတော်တွင် ရှိနေတော့မည် မဟုတ်ပေ။

ကိုယ်ပွားတစ်ခုအဖြစ်သာ သတ်မှတ်ပါ သူမသည် ပို၍ပင် တန်ဖိုးမရှိတော့ပေ။ တစ်ဖက်တွင် သူမ၏ နတ်ဝိညာဉ်ခန္ဓာ ပျက်စီးခဲ့ပြီးပြီဖြစ်ပြီး အခြားတစ်ဖက်တွင် သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရသည်။ အကယ်၍ သူတို့ချင်း ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစပ်လိုက်ပါက ယွမ်ချင်းရှုကိုလည်းလည်း ထိုဆုံးရှုံးသွားသော တန်ဖိုးများက သက်ရောက်မည် မဟုတ်ပါလား။ ယွမ်ချင်းရှု ထိုသို့ ပြုလုပ်မည် မဟုတ်ဟု ထင်ရသည်။

လုချန်းက

“သူ့မှာ မင်းကို ပြန်လုယူဖို့ အစီအစဉ် မရှိခဲ့ဘူးဆိုရင် သူအခု ဘာလို့ ထျန်းချန်ကမ္ဘာကနေ မထွက်သေးတာလဲ။”

လုချန်း၏ မေးခွန်းကို ကြားသောအခါ ယွမ်ရှန်ရှန်က ခနဲ့တဲ့တဲ့ လေသံဖြင့်

“အဲဒါက ရှင့်ရဲ့ စိတ်ထဲမှာ တွေးနေတဲ့ အရာနဲ့ အတိအကျ ကိုက်ညီနေတာပဲ မဟုတ်ဘူးလား။”

လုချန်းက ယွမ်ရှန်ရှန်၏ အေးစက်သော်လည်း ရင်သပ်ရှုမောဖွယ်လှပသော မျက်နှာကို ကြည့်ကာရယ်မောလိုက်ရင်း

“ရှန်က သဝန်တိုနေပြန်ပြီ။”

ယွမ်ရှန်ရှန်က

“ရှင် ဘာတွေ တွေးနေလဲ ကျွန်မ မသိဘူး ထင်နေလား။”

ဟု အေးစက်စွာ ပြန်ပြောလိုက်သည်။

“ဖြစ်ချင်တော့ ကံဆိုးတာတစ်ခုက သူက နတ်ဘဝပြောင်းလဲခြင်း အဆင့်ရောက်နေပြီ။ ရှင့်ရဲ့ လိုချင်တပ်မက်မှုတွေက အရာထင်လာမှာ မဟုတ်ဘူး။”

လုချန်းက

“အဲဒါက သိပ်တော့ မသေချာဘူး။”

ထိုသို့ပြောပြီးသည်နှင့် သူ စကားမှားသွားကြောင်း လုချန်း သဘောပေါက်လိုက်သည်။ ပါးနပ်သော ဆင်ခြေတစ်ခု တင်ပြရန် ပြင်ဆင်နေစဉ်မှာပင် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်မှ အေးစိမ့်မှုတစ်ခု ထွက်ပေါ်လာသည်ကို သူ သတိပြုမိလိုက်၏။

“ရှင် အဲ့ဒါ တွေးနေမှန်း ကျွန်မ သိသားပဲ”

“ကျွန်မက သူနဲ့ ဒီလောက်တောင် တူနေတာ ခကျွန်မလိုမျိုး နောက်ထပ် မိန်းမတစ်ယောက်ကို တကယ် လိုအပ်နေလို့လား။”

လုချန်းက

“မင်းက မင်းပဲ။ သူက သူပဲလို့ ပြောခဲ့တာ မဟုတ်ဘူးလား”

ယွမ်ရှန်ရှန်က

“ရှင်က တကယ့် လူယုတ်မာပဲ။”

ဟု အေးစက်သော အသံဖြင့် ပြောလိုက်သည်။

လုချန်း ယွမ်ရှန်ရှန်ကို ချော့မော့ရန် ပြင်ဆင်နေစဉ်မှာပင် သူမ နောက်တစ်ကြိမ် လှုပ်ရှားလာခဲ့ပြီး

“ရှင့် လက်တွေကို လွှတ်။”

လုချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စကားဆက် မပြောတော့ပဲ ယွမ်ရှန်ရှန်အား လွှတ်ပေးလိုက်ကာ သူမ သဘောကျအတိုင်း ပြုမူခွင့် ပေးလိုက်သည်။

ယွမ်ရှန်ရှန်က ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို လည်ပတ်စေကာ သူ့ကို နမ်းရှိုက်ရန် နောက်တစ်ကြိမ် ငုံ့လိုက်သည်။

ဤအချိန်တွင် နှစ်ဦးသားကြားရှိ ဆရာတပည့် ဆက်ဆံရေးသည် လုံးဝပျက်စီးသွားခဲ့ပြီး ယွမ်ရှန်ရှန်ကိုယ်တိုင်လည်း သူမ အတိတ်က ရည်ညွှန်းခဲ့ဖူးသော အရှက်မရှိသည့် ယောက်ျားများနှင့် မိန်းမများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

လုချန်း၏ အမျိုးသမီးများ သူ့ကို အလိုလိုက်ကြသည့် ပုံစံကို ယွမ်ရှန်ရှန် စက်ဆုပ်ရွံရှာခဲ့ဖူးသည်။ သူတို့သည် ထိုလှုပ်ရှားမှုများတွင် ပါဝင်ရန်သာသိသော သားရဲများနှင့် ဘာမှမခြားဟု သူမ ခံစားခဲ့ရသည်။

ယခုမူ ယွမ်ရှန်ရှန်သည် အားလုံးထဲတွင် အတက်ကြွဆုံး ဖြစ်လာခဲ့သည်။ နောက်ဆက်တွဲ လအနည်းငယ်အတွင်း သူမ လုချန်းကို အလွတ်မ‌ပေးတော့ပေ။

သူတို့ နှစ်ဦးစလုံး၏ ကျင့်စဉ်အဆင့်များသည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သဖြင့် ဆယ်စုနှစ်များစွာ အစာ မစား ရေ မသောက်ပဲ နေရန်က ပြဿနာမရှိပေ။

နှစ်တစ်ရာကျော် တံခါးပိတ် ကျင့်ကြံခြင်းကလည်း ထိုအဆင့်ရှိ ပုဂ္ဂိုလ်များအတွက် ပုံမှန်ပင် ဖြစ်သည်။ သူတို့ နှစ်ဦး လပေါင်းများစွာ အတူ ရှိနေခြင်းက မည်သည့် မသက်မသာမှုမှ ဖြစ်စေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဒါကလည်း ကျင့်ကြံခြင်း ပုံစံတစ်မျိုးပင် ဖြစ်သည်။

သို့သော် ထိုအရာက ယွမ်ချင်းရှုကို ဒေါသထွက်စေခဲ့သည်။ ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ပေါ်သို့ ပူးကပ်ပြီး လုချန်း၏ နောက်ကြောင်း ကို စုံစမ်းရန် သူမကြံစည်ထားခဲ့သည်။ သို့သော် သူမကို လက်စားပြန်ချေရန်အတွက် ယွမ်ရှန်ရှန်က လုချန်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ပြီး ထိုသို့လွန်ကျူး ဖောက်ပြန်သော အပြုအမူတစ်ခုတွင် တက်တက်ကြွကြွ ပါဝင်နေခဲ့သည်။

ထိုအရာက သူမအပေါ် သက်ရောက်မှု မရှိစေရန် ကြိုးစားရင်း ကိုယ့်ကိုယ်ကို အဆက်မပြတ် ချုပ်တည်းထားခဲ့သော်လည်း ထူးဆန်းသော ခံစားမှုအချို့ကို အခါအားလျော်စွာ မခံစားမိဘဲ မနေနိုင်ခဲ့ပေ။ ထိုခံစားချက်က ဘာ့ကြောင့်ဆိုတာကိုလည်း သူမ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။

သူမ၏ ကိုယ်ပွားသည် ရူးသွပ်သွားခဲ့ပြီး သူမကို လက်စားပြန်ချေရန်အတွက် လုချန်း၏ ကစားစရာ အဖြစ် ခံယူရန် ဆန္ဒရှိနေခဲ့သည်။

ယွမ်ချင်းရှုလည်း အချိန်ဆွဲနေရန် ဆန္ဒ မရှိတော့ပဲ လုချန်းနှင့် သင့်တင့်သော ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။

လုချန်းသည်လည်း ရှေးခေတ်ကာလမှ လူတစ်ဦး ဖြစ်သောကြောင့် သူတို့ချင်း ရန်သူများ မဖြစ်လိုပေ။ သူသည် သူမ ကိုယ်ပွား၏ အပျိုစင်ဘဝ ပျက်စီးစေခဲ့သော်လည်း ထိုကိုယ်ပွားသည် သူမ၏ ကိုယ်ပွားအစစ် အတိအကျ မဟုတ်ပဲ သမီးတစ်ဦးအဖြစ် ပြုစုပျိုးထောင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူမ၏ သမီးကို လုချန်းနှင့် လက်ထပ်ပေးလိုက်သည်ဟု သဘောထားလိုက်မည် ဖြစ်သည်။

ရှေးခေတ်ကာလမှ အသက်ရှင် ကျန်ရစ်သူများအနေနှင့် စကြဝဠာ ကပ်ဘေးကို ကျော်ဖြတ်၍ နောက်တစ်ကြိမ် မည်သို့ ရှင်သန်နိုင်မလဲဆိုတာကိုသာ သူတို့ အလေးထား စဉ်းစားသင့်သည်။

တကယ်တော့ သူမ နိုးထလာချိန်က နောက်ကျလွန်းခဲ့၏။ သူမနိုးထလာချိန်တွင် လက်ရှိ ခေတ်ကာလ၏ ထက်ဝက်ကျော်က ကုန်လွန်ခဲ့ပြီးဖြစ်သည်။ နောက်ထပ်ကပ်ဘေးတစ်ခု မကြာမီ ရောက်လာတော့မည် ဖြစ်သည်။ သူတို့ အနေနှင့် ထိုကပ်ဘေးကို ကျော်လွှားရန် နည်းလမ်းတစ်ခု ရှာဖွေရမည် ဖြစ်သည်။

လုချန်းသည်လည်း ကပ်ဘေးကို တွေ့ကြုံခံစားခဲ့ဖူးသောကြောင့် သူ့၌ ကျယ်ပြန့်သော အတွေ့အကြုံ ရှိရမည် ဖြစ်သည်။ သူတို့ နှစ်ဦးသည် သူတို့၏ သက်ဆိုင်ရာ အသိပညာများကို အပြန်အလှန် ဖလှယ်နိုင်သည်။

ဤအခိုက်အတန့်တွင် ယွမ်ရှန်ရှန်က လုချန်းအပေါ်တွင် ခွထိုင်လျက် သူ့ကို ထခွင့် မပြုသေးပဲ မာနကြီးစွာဖြင့် သူ့ကို ငုံ့ကြည့်နေခဲ့သည်။

လုချန်းကို ထိန်းချုပ်နိုင်သည့် ခံစားချက်ကို တွေ့ကြုံခံစားပြီးနောက် ယွမ်ရှန်ရှန် ထိုအရာကို စွဲလမ်း နှစ်သက်လာခဲ့သည်။ ဤ ယောက်ျားကို သူမ လုံးဝ အနိုင်ယူထားနိုင်ပြီဟု ခံစား နေရသည်။

ဟုတ်ပါသည်။ ဒါကတကယ်တော့ သူမ၏ ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုမျှသာ ဖြစ်သည်။

ထိုအချိန်မှာပင် ယွမ်ရှန်ရှန်၏ စိတ်များ ရုတ်တရက် ဗလာဖြစ်သွားပြီး သူမ၏ မူလ ခရမ်းရောင် မျက်လုံးများ ချက်ချင်း နီရဲသွားခဲ့သည်။

လုချန်းက ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ကို ထိတွေ့ရန် သူ၏ လက်ကို မြှောက်မည် အပြုတွင် သူမ၏ မျက်လုံးများ နီရဲသွားသည်ကို ချက်ချင်း သတိပြုမိလိုက်ပြီး ဖြစ်ပျက် နေသည့်အရာကို နားလည်သွားခဲ့သည်။

လုချန်း၏ လက် လေထဲတွင် ရပ်တန့်သွားပြီး ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ဆီသို့ ရွေ့လျားသွားစဉ် ယွမ်ချင်းရှုက အေးစက်စွာ ပြောလိုက်သည်။

“ဒီ ကိုယ်ပွားကို ဖျက်ဆီးချင်အောင် ရှင်ကကျွန်မကို တွန်းအားပေးနေတာပဲ”

လုချန်းက

“ ဒါက ကျွန်တော့် အမှား မဟုတ်ဘူး ဆရာမကြီး။ ရှန် ကိုယ်တိုင်က ဒါကို လုပ်ဖို့ အတင်း တောင်းဆိုနေတာ။ ကြည့်ပါဦး။ သူက ကျွန်တော့်ကို ဖိထားပြီး ထခွင့်တောင် မပေးဘူး။ ကျွန်တော် ဘာမှ လုပ်လို့မရဘူး။”

ယွမ်ချင်းရှုက လုချန်းကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်ပြီး

“ရှင့်ရဲ့ အင်အားနဲ့ သူ့ကို လွယ်လွယ်ကူကူ တွန်းထုတ်နိုင်တယ်။”

လုချန်းက

“ရှန်က ကျွန်တော့် ဇနီးပါ။ သူက ဒါကို ခံစားရတာ ပျော်မွေ့ချင်တယ်ဆိုရင် သူ့ခင်ပွန်းတစ်ယောက်အနေနဲ့ ကျွန်တော်က သူ့ကို ဘယ်လို ငြင်းဆန်နိုင်မလဲ။”

“ကျွန်တော်သာ သူ့ကို ငြင်းဆန်လိုက်ရင် ကျွန်တော်က သူ့ နှလုံးသားကို နာကျင်စေရာ ရောက်သွားမှာ မဟုတ်ဘူးလား။”

ယွမ်ချင်းရှုက သြဇာအာဏာပါသော လေသံဖြင့် အမိန့်ပေးလိုက်သည်။

“ရှင်တို့ နှစ်ယောက် ဘာတွေ တွေးနေလဲ ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မနက်ဖြန် ဒါကို အဆုံးသတ်ရမယ်။”

All Chapters