← Chapters

အခန်း (၁၀၆၆)

Vol. 72 Ch. 1066

အခန်း (၁၀၆၆)

Vol. 72 Ch. 1066

ယွမ်ရှန်ရှန်၏နောက်တွင် ပုန်းကွယ်နေသော ထိုယောက်ျားသည် အများဆုံး ဥပဒေနိယာမ အလုံးစုံ နယ်ပယ် အဆင့်သာ ရှိကြောင်း ယွမ်ချင်းရှု ခံစားမိသော်လည်း သန့်ရှင်းသော နဂါးနက် နယ်မြေ၏ သခင်သည် သာမန် ကျင့်ကြံသူတစ်ဦး မဖြစ်နိုင်သည်ကိုလည်း ယွမ်ချင်းရှု သိ၏။

ထိုအခိုက်အတန့်တွင် သန့်ရှင်းသော နဂါးနက် နယ်မြေနှင့် လျှို့ဝှက်လဝန်းနန်းတော်မှ လူများကြား အခြေအနေ တင်းမာနေကြပြီး ထိပ်တိုက် ရင်ဆိုင်နေကြပြီဖြစ်သည်။

ကံကြမ္မာ အကြောင်းတရားဆိုင်ရာ ဆက်နွှယ်မှုမှတစ်ဆင့် လုချန်းသည် ယွမ်ရှန်ရှန်အပေါ် ထိုသို့ ပြုမူနေဆဲဖြစ်သည်ကို ယွမ်ချင်းရှု ခံစားမိ၏။ ယွမ်ချင်းရှု၏ မျက်နှာအမူအရာသည် ပို၍ပို၍ အေးစက်လာကာ သူမထံမှ ထွက်ပေါ်လာသော အေးစက်မှုသည် မိုင်ပေါင်းများစွာသို့ ပျံ့နှံ့သွားသည်။

ယွမ်ချင်းရှုက ယင်ကျန်းယဲ့ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ရှင့်ရဲ့ သခင်က ကျွန်မရဲ့ တပည့်အရင်း ကို စော်ကားခဲ့တယ်။ ဒီနေ့ ကျွန်မ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်။”

“ ယင်ကျန်းယဲ့။ ရှင် ကျွန်မကို တားမယ်ဆိုတာ သေချာလို့လား။”

ယင်ကျန်းယဲ့က ပြုံးလျက်

“ကျွန်တော် သိသလောက်တော့ လုယန်ဟွာက ယွမ်ရှန်ရှန်ရဲ့ နတ်ဝိညာဉ်ခန္ဓာကို အမြဲတမ်း လိုချင်ခဲ့တာ။ ပြီးတော့ ယွမ်ရှန်ရှန်ကို လက်လွှဲပေးဖို့ လျှို့ဝှက်လဝန်းနန်းတော်ကို အကြိမ်ကြိမ် ဖိအားပေး ခြိမ်းခြောက်ခဲ့တယ်။ အခု ယွမ်ရှန်ရှန်က ကျွန်တော်တို့ သခင့်ရဲ့ ကျင့်ကြံဖော် ဖြစ်သွားပြီ။ နတ်ဝိညာဉ်ခန္ဓာလည်း သန့်စင်မှု ဆုံးရှုံးသွားပြီ။ ဒါတွေအားလုံးကို နန်းတော်သခင်ယွမ်က သန့်ရှင်းသော နဂါးနက် နယ်မြေအပေါ် အပြစ်ပုံချလိုက်လို့ ရပါတယ်။ ဒီနေ့ကစပြီး လျှို့ဝှက်လဝန်းနန်းတော်က လုယန်ဟွာရဲ့ ခြိမ်းခြောက်မှုတွေကို စိတ်ပူစရာ မလိုတော့ဘူး။ ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား။”

ယွမ်ချင်းရှု ပြန်မဖြေခဲ့ပေ။ သူမ၏ ပတ်ဝန်းကျင်မှ အေးစက်မှုသည် ပို၍ တိုးလာ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် လုယန်ဟွာ၏ ခြိမ်းခြောက်မှုများကို မည်သည့်အခါကမှ စိုးရိမ်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။

လုယန်ဟွာ၏ ခြိမ်းခြောက်မှုများနှင့် နှိုင်းယှဉ်လျှင် သူမ ပို၍ ဂရုစိုက်သည်မှာ သူမ၏ ကိုယ်ပွား၏ သန့်စင်မှု ဖြစ်သည်။

သူမ၏ ကိုယ်ပွားဖြစ်သော ယွမ်ရှန်ရှန်သည် သူမ အပင်ပန်းခံ ဖန်တီးခဲ့သော အထူး ပုံစံတစ်ခုဖြစ်ပြီး ယခုအခါ အခြားယောက်ျားတစ်ဦးက သူမ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားခဲ့သည်။ ယွမ်ချင်းရှု ဤအရာကို မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

ယင်ကျန်းယဲ့က သူမကို ဖြတ်သန်းခွင့် ပြုမည်မဟုတ်ကြောင်းလည်း သူမ နားလည်၏။ ဖြတ်သန်းခွင့် မပြုရင်တော့ သူမ ယင်ကျန်းယဲ့ကို သတ်ပစ်ရတော့မည် ဖြစ်သည်။

သူမ၏ လမ်းကို ပိတ်ဆို့သူ မည်သူ့ကိုမဆို သူမ သတ်ပစ်မည်။

နောက်တစ်ခဏတွင် ယွမ်ချင်းရှု၏ နောက်တွင် ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာပြီး နတ်ဘုရားမ တစ်ပါးကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးအရှိန်အဝါကို ထုတ်လွှတ်နေ၏။

နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူဖြစ်သော ယင်ကျန်းယဲ့ပင်လျှင် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

ယွမ်ချင်းရှု တကယ်လှုပ်ရှားလာတော့မည်ကို မြင်သောအခါ ယင်ကျန်းယဲ့ တွေဝေမနေပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“နဂါးနက် ဥပဒေ ပုံရိပ်။”

နောက်တစ်ခဏတွင် ယင်ကျန်းယဲ့၏ နောက်တွင်လည်း ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ နဂါးနက်တစ်ကောင်သည် ဖြည်းညင်းစွာ ထိုးထွက်တက်လာပြီး ၎င်း၏ မျက်လုံးများသည် နန်းတော် ခန်းမများကဲ့သို့ ကျယ်ဝန်းကာ ယွမ်ချင်းရှု၏ နောက်ရှိ ရေခဲအမျိုးသမီး ပုံရိပ်ကို စိုက်ကြည့်နေသည်။

ခဏအကြာတွင် သူတို့နှစ်ဦးလုံး လှုပ်ရှားလိုက်ကြသည်။ ယွမ်ချင်းရှု၏ နောက်မှ ရေခဲအမျိုးသမီးသည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး မီးတောက်ဖြူများ ထုတ်လွှတ်နေသော ရေခဲဆူးချွန် အများအပြားကို ယင်ကျန်းယဲ့ထံသို့ ပစ်လွှတ်လိုက်သည်။

ယင်ကျန်းယဲ့၏ နဂါးနက် ဥပဒေ ပုံရိပ်သည် ၎င်း၏ ကြီးမားသော နဂါးပါးစပ်ကို ဖွင့်ကာမီးတောက်နက် တစ်ခု မှုတ်ထုတ်လိုက်ပြီး မီးတောက်ဖြူ ထုတ်လွှတ်နေသော ဆူးချွန်များဆီသို့ တည့်တည့် ပျံသန်းသွားသည်။

ဥပဒေ ပုံရိပ် နှစ်ခု၏ စွမ်းအားများ တိုက်မိသောအခါ စိတ်ဝိညာဉ် စွမ်းအား လှိုင်းများ ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်သွားပြီး သူတို့ ပတ်လည်ရှိ အာကာသနေရာ နောက်တစ်ကြိမ် ရှင်းလင်းသွားသည်။

အပြင်ဘက်ရှိ တိုက်ပွဲ ပြင်းထန်နေသကဲ့သို့ ဖေးဟုန် နတ်လှေ အတွင်းမှ တိုက်ပွဲသည်လည်း ပြင်းထန်လှသည်။

လုချန်းသည် ယွမ်ရှန်ရှန်ကို အကြိမ်ကြိမ် အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။

ထိုအချိန်တွင် လုချန်းအား ကျေးဇူးမသိတတ်သူဟု ယွမ်ရှန်ရှန်၏ စိတ်ထဲကျိန်ဆဲနေ၏။ သူမ၏ ဆရာမသည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည့်တိုင် ဤလူသည် သူမကို ဆက်လက် နှိပ်စက်နေဆဲ ဖြစ်သည်။ ဒါက သူမ၏ ဆရာမ ရှေ့မှောက်တွင် သူမအား ထိုသို့ ပြုမူခြင်းနှင့် တူညီနေသည်။

အပြင်ဘက်မှ လှုပ်ရှားမှုများကို ခံစားမိသဖြင့် ယွမ်ရှန်ရှန်သည် လုချန်းထံမှ ရုန်းထွက်လိုသော်လည်း သူက သူမ၏ ခန္ဓာကိုယ်ကို အလုံးစုံ ထိန်းချုပ်ထားသဖြင့် သူမ လုပ်နိုင်သည်က သူ့ကို တိုက်ခိုက်ခွင့် ပြုနေရခြင်းသာ ဖြစ်တော့သည်။

အချိန်မည်မျှကြာသွားသည်မသိ ယင်ကျန်းယဲ့ အသာစီး မရတော့သည်ကို လုချန်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

နှစ်ဦးစလုံးသည် နတ်ဘဝပြောင်းလဲခြင်း အဆင့်တွင် ရှိကြသော်လည်း နတ်ဘဝပြောင်းလဲခြင်း အဆင့်တွင်လည်း အဆင့်များ ရှိသည်။ ယခု ယင်ကျန်းယဲ့၏ အင်အားသည် ယွမ်ချင်းရှု၏ အင်အားနှင့် မယှဉ်နိုင်သည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် လုချန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး

“ဟူး... တကယ် ကောင်းလိုက်တာ။”

သူ၏ စကားသံဆုံးသည်နှင့် လုချန်း ယွမ်ရှန်ရှန်ကို လွှတ်ပေးလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ အဝတ်အစားများ ဝတ်ဆင်လိုက်ပြီး အဆောင်၏ အပြင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွား၏။

လုချန်း သူမကို လွှတ်ပေးလိုက်သောအခါ ယွမ်ရှန်ရှန်လည်း အလျင်အမြန် ထလိုက်သည်။ အဝတ်အစား ဝတ်ဆင်ပြီးနောက် ယိုင်နဲ့ ယိုင်နဲ့ဖြင့် သူ၏နောက်သို့ လိုက်သွားသည်။

ထို့နောက် လုချန်းက ယင်ကျန်းယဲ့အား “သခင်ကြီးယင် ခဏလောက် ဒီကိုလာခဲ့ပါ။”

လုချန်း၏ စိတ်ချင်းဆက်သွယ် စကားကို ကြားသည်နှင့် ယင်ကျန်းယဲ့သည် နဂါးနက် ဥပဒေ ပုံရိပ်ကို စွမ်းအား ပိုမို ထုတ်လွှတ်စေလိုက်သည်။ ယွမ်ချင်းရှု ပြန်လည် တုံ့ပြန်သည့် အချိန်တွင် သူသည် ဖေးဟုန် နတ်လှေဆီသို့ တိုက်ရိုက် နေရာရွှေ့ပြောင်းပြီး ဖြစ်နေသည်။

လုချန်းကို မြင်သည်နှင့် ယင်ကျန်းယဲ့ တွန့်ဆုတ်မနေပဲ ဒူးထောက်လိုက်ပြီး

“သခင့်ကို ဂါရဝပြုပါတယ်။”

လုချန်းကလည်း အချိန်မဆွဲပေ။ သူ၏ စနစ်သိုလှောင်ခန်းထဲမှ ရှန်ဟွေ သံချပ်ကာ တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး ယင်ကျန်းယဲ့ထံ ပစ်ပေးလိုက်ကာ

“ဝတ်လိုက်။”

လုချန်း၏ လက်ထဲမှ ရှန်ဟွေ သံချပ်ကာကို မြင်သောအခါ ယင်ကျန်းယဲ့ ခဏခန့် ကြောင်သွားသော်လည်း တွန့်ဆုတ်မနေပဲ ဖမ်းယူလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ နောက်တစ်ခဏတွင် ရှန်ဟွေ သံချပ်ကာသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။

ဤအချိန်တွင် ယွမ်ချင်းရှု၏ ခန္ဓာကိုယ်သည် ဖေးဟုန် နတ်လှေဆီသို့ တိုက်ရိုက် ပျံသန်းလာပြီး သူတို့နှင့် မီတာတစ်ရာအောက် အကွာအဝေးတွင် ရပ်တန့်လိုက်သည်။

ယွမ်ချင်းရှုသည် တိုက်ခိုက်ရန် အလျင်မလိုပဲ လုချန်းနှင့် ယွမ်ရှန်ရှန်ကို အေးစက်စွာ အကဲခတ်လိုက်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်သည် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထုတ်လွှတ်နေဆဲ ဖြစ်သည်။

ယွမ်ရှန်ရှန်က အလျင်အမြန်ပင်

“ဆရာမ။ တပည့်က လုချန်းရဲ့ ကျင့်ကြံဖော်အဖြစ် ဆန္ဒအလျောက် နေခဲ့တာပါ။ ကျေးဇူးပြုပြီး လုချန်းအပေါ် ဒေါသမဖြစ်ပါနဲ့။ တပည့်ရဲ့ အပြစ်ဒဏ်ကို ခံယူဖို့ ဆန္ဒရှိပါတယ်။”

ထိုစကားများကို ကြားသောအခါ ယွမ်ချင်းရှု မျက်ခုံးပင့်လိုက်ပြီး သူမ၏ သတ်ဖြတ်လိုစိတ်များလည်း ပိုမို အားကောင်းလာကာ သူမ ပတ်လည်ရှိ အေးစက်မှုသည် ပတ်ဝန်းကျင်ရှိ အာကာသကိုပင် ခဲသွားစေလောက်အောင် ပြင်းထန်လာသည်။

ယွမ်ရှန်ရှန်သည် ဤလူ၏ အမျိုးသမီး အ‌စေခံအဖြစ် အတင်းအကျပ် ခိုင်းစေခံရပြီး သူက သူမကို နည်းလမ်းတစ်ခုခု သုံး၍ ချုပ်နှောင်ထားသည်ဟု ယွမ်ချင်းရှု ထင်မှတ်ခဲ့၏။ ထို့ကြောင့် သူမ ထျန်းချန်ကမ္ဘာတွင်ယွမ်ရှန်ရှန်ကို အာရုံမခံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားခဲ့သည်။

သို့သော် ယခု ယွမ်ရှန်ရှန်က သူမ၏ ဆန္ဒအလျောက် လုပ်ခဲ့သည်ဟု ပြောနေတာလား။

ယွမ်ရှန်ရှန်သည် သူမ၏ သမီးဖြစ်ရုံသာမက သူမ၏ ကိုယ်ပွားလည်း ဖြစ်၏။ သူမ ယွမ်ရှန်ရှန်ကို အလွန် နားလည်သည်။ ယွမ်ရှန်ရှန်သည် ယောက်ျားတစ်ဦးအပေါ် ခံစားချက်များ ရှိပြီး သူမ၏ ခန္ဓာကိုယ်ကို ဆန္ဒအလျောက် ပေးအပ်မည်ဆိုသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

သူမ ထျန်းချန်ကမ္ဘာသို့ ရောက်အောင် လာခဲ့သည့် အချိန်မှာပင် ထိုနှစ်ယောက်သည် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများတွင် ပါဝင်နေဆဲဖြစ်သည်။ ဒါက ယွမ်ရှန်ရှန်၏ ဆန္ဒအလျောက် မဟုတ်တာ ရှင်းနေသည်။

ယွမ်ချင်းရှု၏ အေးစက်သော အကြည့်က လုချန်းထံသို့ ချက်ချင်းလှည့်သွားပြီး

“ကျွန်မတပည့်ကို ရှင် ဘာလုပ်လိုက်တာလဲ။”

“ အမှန်အတိုင်း ပြောမယ်ဆိုရင် ရှင့် အလောင်းကို အကောင်းအတိုင်း ထားပေးဖို့ စဉ်းစားမယ်။”

လုချန်းက ချက်ချင်း ပြန်မဖြေခဲ့ပေ။ သူက ယွမ်ချင်းရှုကို ကြည့်လိုက်၏။

ယွမ်ချင်းရှုနှင့် ယွမ်ရှန်ရှန်သည် အလွန်တူကြပြီး နှစ်ဦးစလုံး အေးစက်ကာ လှပကြသော်လည်း ယွမ်ချင်းရှုက ပို၍ အေးစက်၏။ သူမသည် အထီးကျန်လွန်းသူ တစ်ယောက်ဟု တိကျစွာ ဖော်ပြနိုင်သော သီးခြားဖြစ်နေသည့် အငွေ့အသက်တစ်ကို ထုတ်လွှတ်နေသည်။

ထို့နောက် ယွမ်ချင်းရှု၏ အချက်အလက်ကို ကြည့်ရှုရန် စနစ်ကို အသုံးပြုလိုက်သည်။

[အမည်: ယွမ်ချင်းရှု]

[အချက်အလက်: လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်။ ယွမ်ရှန်ရှန်၏ ပင်မခန္ဓာ။ ယွမ်ရှန်ရှန်၏ မိခင်။ ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်သူ။ နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ။ သခင်သည် သူမ၏ ကိုယ်ပွားကို ညစ်ညမ်းစေခဲ့ကြောင်း သိရှိပြီးနောက် သခင့်ကို ချက်ချင်း အပိုင်းပိုင်း ဆွဲဖြဲပစ်လိုနေသူ။]

[အမှတ်: ၁၀၀]

[နှစ်သက်မှု: ၀]

ယွမ်ချင်းရှု၏ အချက်အလက်ကို မြင်သောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။

ယွမ်ချင်းရှုသည် ယွမ်ရှန်ရှန်၏ ပင်မခန္ဓာဖြစ်ရုံသာမက သူမ၏ မိခင်ပါ မည်သို့ ဖြစ်နေရသနည်း။

ဒါက...

အကယ်၍ ယွမ်ချင်းရှုသည် ယွမ်ရှန်ရှန်၏ ပင်မခန္ဓာဖြစ်ပါက ယွမ်ရှန်ရှန်ကို ယွမ်ချင်းရှု၏ ဒုတိယကိုယ်ပွားအဖြစ် မှတ်ယူသင့်သည် မဟုတ်ပါလား။

ဇာတ်လမ်းတစ်ခုတွင် လူတစ်ယောက်က မိခင်နှင့် သမီး၏ အခန်းကဏ္ဍများကို မည်သို့ တစ်ပြိုင်နက်တည်း သရုပ်ဆောင်နိုင်မည်နည်း။

လုချန်း ဇဝေဇဝါ ဖြစ်နေချိန်တွင် စနစ်၏ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။ “ယွမ်ချင်းရှုသည် ကိုယ်ပွား ယွမ်ရှန်ရှန်ကို ဖန်တီးခဲ့စဉ်က အထူးနည်းလမ်းတစ်ခု သုံးခဲ့၏။ သူမသည် ယွမ်ရှန်ရှန်အား ပြီးပြည့်စုံပြီး လွတ်လပ်သည့် စရိုက်လက္ခဏာကို ပိုင်ဆိုင်စေခဲ့သည်။ ထို့ကြောင့် ယွမ်ရှန်ရှန်သည် ယွမ်ချင်းရှု၏ ဒုတိယကိုယ်ပွားဖြစ်ရုံသာမက သူမ၏ သမီးပါ ဖြစ်နေခြင်းဖြစ်သည်။”

လုချန်း စိတ်ထဲ ‘ဒီလိုကိုး’ ဟုတွေးလိုက်သည်။

ထို့နောက် သူက ပြုံးလိုက်ပြီး ယွမ်ချင်းရှုအား

“သမက်က လေးစားရပါသော ယောက္ခမကို တွေ့ဆုံ ဂါရဝပြုပါတယ်။”

လုချန်း ထိုသို့ ပြောလိုက်သည်နှင့် ယွမ်ချင်းရှု၏ အေးစက်မှုလှိုင်းများ မယုံနိုင်လောက်အောင် တိုးလာပြီး လုချန်းထံသို့ တည့်တည့် တိုးဝင်လာသည်။ ယင်ကျန်းယဲ့လည်း ကာကွယ်ရန်အတွက် လုချန်း၏ အရှေ့သို့ လျင်မြန်စွာ ဝင်ရပ်လိုက်သည်။

………………

All Chapters