← Chapters

သတ္တဝါကြီးတစ်ကောင်၏ နောက်လိုက်ခွေးမဖြစ်လို

Vol. 72 Ch. 1074

သတ္တဝါကြီးတစ်ကောင်၏ နောက်လိုက်ခွေးမဖြစ်လို

Vol. 72 Ch. 1074

ထျန်းချန်ကမ္ဘာ။

နဂါးနက်မြို့။

နန်းတော်။

ယခုအခိုက်အတန့်တွင် ယွမ်ရှန်ရှန်သည် လုံးဝ ပျော့ခွေနေသော်လည်း ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည်။ သူမတွင် ရပ်တန့်ရန် အစီအစဉ် မရှိခဲ့ပေ။ သူမသည် သူမ၏ ပင်မခန္ဓာကိုယ်ကို လက်စားပြန်ချေလိုခဲ့၏။

သူမ၏ ခန္ဓာကိုယ်ကို လုချန်းအား ပေးအပ်ထားပြီးဖြစ်ကြောင်း ဒါက ယွမ်ချင်းရှု ထိန်းချုပ်ရမည့်ကိစ္စ မဟုတ်ကြောင်း နားလည်စေလိုခဲ့သည်။

သို့သော် ထိုအချိန်မှာပင် လုချန်းက သူ၏ လက်များကို ဆန့်ထုတ်လိုက်ပြီး သူမ၏ ခါးကို သူ၏ လက်မောင်းများဖြင့် ပွေ့ဖက်လိုက်ကာ သူမအား ဆက်လက် လှုပ်ရှားခြင်း မပြုနိုင်ရန် တားဆီးလိုက်သည်။

ယွမ်ရှန်ရှန်က သူမ၏ ဦးခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများက လုချန်း၏ မျက်လုံးများကို ညို့ဓာတ်ဖြင့် စိုက်ကြည့်လျက်

“ဘာလဲ... ရှင် ဘာလုပ်တာလဲ။”

လုချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် ဖြည်းညင်းစွာ ထရပ်လိုက်ကာ ယွမ်ရှန်ရှန်ကို သူ၏ ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်။ လက်တစ်ဖက်က ယွမ်ရှန်ရှန်၏ ခါးကို ပွေ့ဖက်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူမ သူ့အတွက် ဖန်တီးပေးခဲ့သော ရုပ်သေးရုပ် နှစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအရာကို မြင်သောအခါ လုချန်း ဘာလုပ်ရန် ရည်ရွယ်သည်ကို နားမလည်သဖြင့် ယွမ်ရှန်ရှန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ထိုအချိန်တွင် လုချန်းက

“ကျိယန်ကမ္ဘာမှာ ပြဿနာတစ်ခု ဖြစ်နေတယ်။”

ထိုသို့ ကြားရသောအခါ ယွမ်ရှန်ရှန် သဘောပေါက်သွား၏။ ကျိယန်ကမ္ဘာရှိ လုချန်း၏ ရုပ်သေးရုပ်နှင့် ပတ်သက်၍ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပုံ ပေါ်သည်။

ထို့နောက် ယွမ်ရှန်ရှန်က

“ဒါဆို ရှင့်ရဲ့ ကိစ္စတွေကို အရင် လုပ်သင့်တယ်။”

အချိန်များစွာ ရှိနေသေးသဖြင့်

ဤအခိုက်အတန့်တွင် ယွမ်ရှန်ရှန် အလျင်မလိုခဲ့ပေ။

ယွမ်ရှန်ရှန် ထရန် ပြင်လိုက်စဉ်မှာပင် လုချန်း၏ လက်က သူမ၏ ခါးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်ကို တွေ့ရှိလိုက်ရသည်။

ယွမ်ရှန်ရှန်က လုချန်း၏ လည်ပင်းကို ပွေ့ဖက်လိုက်ပြီး နားမလည်နိုင်မှု အပြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။ လုချန်း၌ လုပ်စရာကိစ္စများ ရှိနေပါလျက် အဘယ်ကြောင့် သူက သူမအား ထခွင့် မပေးသနည်း။

လုချန်းက ရှင်းပြချက် မပေးဘဲ ယွမ်ရှန်ရှန် သူ၏အတွက် ပြုလုပ်ပေးထားသော ရုပ်သေးရုပ် နှစ်ခုထဲသို့ စိတ်ဝိညာဉ် စွမ်းအားကို တိုက်ရိုက် ထည့်သွင်းလိုက်သည်။

နောက်တစ်ခဏတွင် ရုပ်သေးရုပ် နှစ်ခုလုံးသည် ယင်ယန်အဆင့်၏ အင်အားကို ပိုင်ဆိုင်သွားကြသည်။ ထို့နောက် သူက ရုပ်သေးရုပ်များကို အလင်းအရိပ် အသုံးပြုရန် ထိန်းချုပ်လိုက်ပြီး ၎င်းတို့ကို ထျန်းချန်ကမ္ဘာ၏ နယ်နမိတ် အက်ကွဲကြောင်းထံသို့ ချက်ချင်း ပို့လိုက်သည်။

အတားအဆီး အက်ကွဲကြောင်းကို စောင့်ကြပ်နေသော စစ်သားများလည် ဧကရာဇ် နှစ်ပါးကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ သို့သော် လုချန်းက ရှင်းပြချက် များများစားစား မပေးခဲ့ပေ။ သူက ရုပ်သေးရုပ် တစ်ခုကို အက်ကွဲကြောင်းတွင် ထားခဲ့ပြီး အခြားတစ်ခုကို ကျိယန်ကမ္ဘာဆီသို့ ဦးတည်ရန် ထိန်းချုပ်လိုက်သည်။

ထိုအချိန်တွင် ယွမ်ရှန်ရှန်၏ လက်များသည် လုချန်း၏ လည်ပင်းတွင် ရစ်ပတ်ထားလျက် ရှိနေသေးသည်။ သူသည် လက်ရှိတွင် ရုပ်သေးရုပ်များကို ထိန်းချုပ်နေသည်ကို သူမ သိသဖြင့် တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူမဘာမှ မလှုပ်ရှားခဲ့ပေ။

အချိန် အတော်ကြာသွားပြီးနောက် လုချန်းအသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သတိပြန်ဝင်လာကာ ယွမ်ရှန်ရှန်၏ အေးစက်သော နှင်းဆီရောင် ပါးပြင်များကို ကြည့်လိုက်သည်။

ယွမ်ရှန်ရှန်က

“ပြီးသွားပြီလား”

လုချန်းက

“ဟုတ်တယ် အခု ပြီးသွားပြီ။”

ဟု ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

ပြောပြီးနောက် လုချန်း နောက်တစ်ကြိမ် လှဲအိပ်လိုက်သည်။

ယွမ်ရှန်ရှန်သည် လုချန်းကို ခဏခန့် ကြည့်နေခဲ့ပြီးနောက် သူမ၏ လက်စားချေခြင်း အစီအစဉ်ကို မဆက်မီ လုချန်း၏ ပါးစပ်ကို ထပ်မံ ငုံ့နမ်းလိုက်သည်။

ယွမ်ရှန်ရှန်၏ ပြုစုယုယမှုများကို ခံစားနေရင်း တစ်ချိန်တည်းတွင် ရုပ်သေးရုပ်ကို လနက်မြို့ဆီသို့ အလျင်အမြန် သွားရောက်ရန် လုချန်း ထိန်းချုပ်နေခဲ့သည်။ ခုနက ရုပ်သေးရုပ်၏ ပေါက်ကွဲမှုသည် ပိုင်ဝမ်ပင်းကို သေစေနိုင်မည် မဟုတ်ပေ။

ထို့ပြင် ပိုင်ဝမ်ပင်း၏ နောက်ကွယ်တွင် အခြား နတ်ဆိုးကျင့်ကြံသူများ ရှိနေမည်မှာ သေချာသဖြင့် ကျိချိုးယုအား မည်သည့် အန္တရာယ်မျှ မကျရောက်စေရန် သူ လနက်မြို့ကို အလျင်အမြန် သွားရမည် ဖြစ်သည်။

သူသည် သွေးသက်တံရဲတိုက်၏ ရဲတိုက်သခင် အမှတ်တံဆိပ်ကို ယခုလေးတင် အသက်သွင်းခဲ့သဖြင့် နန်းကုန်းချင်ရလည်း လနက်မြို့ကို သိသိချင်း ရောက်ရှိလာမည် ဖြစ်သည်။ သို့သော် လုချန်း သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည်ကို သိသွားသည်နှင့် နန်းကုန်းချင်ရလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်လိုတော့မည် မဟုတ်ပေ။ ကျိချိုးယုကို ကယ်တင်ရန် ဆန္ဒရှိတော့မည်လည်း မဟုတ်ပေ။

…..

တစ်ချိန်တည်းမှာပင်။

လနက်မြို့ အထက်။

အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော နန်းကုန်းချင်ရသည် လေထဲတွင် ပျံဝဲနေလျက် ပေါက်ကွဲမှု၏ အလင်းတန်းကို ခံစားချက်ကင်းမဲ့စွာ ကြည့်ရှုနေသည်။

ထိုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်ထဲ၌ သွေးစွမ်းအင်များ ပြင်းထန်စွာ လှိုင်းထလျက်ရှိ၏။ သူမ၏ မျက်နှာသည် ခံစားချက်ကင်းမဲ့နေသော်လည်း ပြင်းထန်စွာ တိုးဝှေ့နေသော သွေးစွမ်းအင်က သူမ၏ ကြီးမားသော ဒေါသကို ဖော်ပြနေခဲ့သည်။

ဤမျှ တိုတောင်းသော အချိန်အတွင်း လုချန်း အသတ်ခံလိုက်ရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ သူမသည် လနက်မြို့တွင် လုချန်းကို ကာကွယ်ရန် သွေးသက်တံရဲတိုက်မှ လူများ သေချာစီစဉ်ထားခဲ့သည်။

ဒါတောင် သူဘာလို့ အသက်အန္တရာယ်နှင့် ကြုံတွေ့ရတာလဲ။

အဲ့ဒီလူတွေအားလုံး ဘယ်နေရာမှာ သွားသေနေကြသနည်း။

လုချန်း သေဆုံးသွားသည်နှင့် သူတို့တွင် နတ်ဆိုးစွမ်းအင်ကို တိုက်ရိုက် ဖိနှိပ်ရန် နည်းလမ်း မရှိတော့ပေ။ ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားရာမှ ဖောက်ထွက်လာသည်နှင့် သွေးသက်တံရဲတိုက်သည်လည်း အကျိုးဆက်များကို ခံစားရမည် ဖြစ်သည်။

ထိုအတွေးနှင့်အတူ လုချန်းအား လနက်မြို့တွင် ထားခဲ့မိသည်ကို နန်းကုန်းချင်ရ ရုတ်တရက် နောင်တရသွားသည်။ အကယ်၍ သူမ လနက်မြို့သို့ နောက်ဆုံးတစ်ကြိမ် လာရောက်စဉ်က လုချန်းကို သူမနှင့်အတူ ခေါ်ဆောင်သွားခဲ့ပါက သူ ယခုလို အန္တရာယ်နှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။

လောကကြီးတွင် နောင်တတရားအတွက် ဖြေဆေးဆိုတာ မရှိပေ။ ထိုသို့သော အတွေးများသည် ယခုအခါ အသုံးမဝင်တော့ချေ။

နန်းကုန်းချင်ရ၏ နီရဲသော မျက်လုံးများသည် ပေါက်ကွဲမှု၏ နောက်ဆက်တွဲ အခြေအနေကို ဝေ့ဝဲ ကြည့်ရှုလိုက်သည်။ တုန်ခါမှု လှိုင်းများ ပျယ်လွင့်သွားသောအခါ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော ပိုင်ဝမ်ပင်း သူမ၏ အမြင်အာရုံထဲတွင် ပေါ်လာခဲ့သည်။

ပိုင်ဝမ်ပင်းထံမှ ထွက်ပေါ်နေသော အနက်ရောင် နတ်ဆိုးစွမ်းအင်ကို မြင်သောအခါ နန်းကုန်းချင်ရက

“ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို မတွေ့ရတာ အတော်ကြာပြီ”

ဟု အေးစက်စွာ အော်ဟစ်လိုက်သည်။

စကားလုံးများ ကျဆင်းသွားသည်နှင့်တပြိုင်နက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော သွေးရောင် လက်ဝါးကြီးတစ်ခုသည် ပိုင်ဝမ်ပင်းဆီသို့ တည့်တည့် ကျဆင်းသွားသည်။

ကောင်းကင်ယံမှ သွေးရောင် လက်ဝါးကြီးကို မြင်တွေ့လိုက်ရသောအခါ ပိုင်ဝမ်ပင်း၏ မျက်နှာ ဖြူဖျော့သွားသည်။ လုချန်း၏ ပေါက်ကွဲမှုက သူ့ကို မသတ်နိုင်ခဲ့သော်လည်း သူ၏ စွမ်းအား အမြောက်အမြားကို ကုန်ဆုံးစေခဲ့သည်။ ယခုအခြေအနေတွင် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့် စွမ်းအားရှင်တစ်ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။

ပိုင်ဝမ်ပင်း ချေမွှခံရတော့မည့် အချိန်တွင် ကြောက်မက်ဖွယ် အသံတစ်ခု လေထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။

“ဘယ်သူက သွေးသက်တံ သခင်မကို ဒီလောက်တောင် ဒေါသထွက်အောင် လုပ်လိုက်မိလို့ ရောက်ရောက်ချင်း လူသတ်ချင်ရတဲ့အထိ ဖြစ်သွားရတာလဲ ဆိုတာ သိချင်မိပါရဲ့။”

အသံ ပျောက်ကွယ်သွားသည်နှင့် အနက်ရောင် စွမ်းအင် ဝဲဂယက်တစ်ခုသည် လေထဲတွင် အဆက်မပြတ် လည်ပတ်နေခဲ့သည်။ ထို့နောက် အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားပြီး မျက်နှာဖုံး တပ်ဆင်ထားသော အဘိုးအိုတစ်ဦး ပိုင်ဝမ်ပင်း၏ ဘေးတွင် ပေါ်လာခဲ့သည်။

သူ၏ လက်ကို မြှောက်လိုက်သည်နှင့် နတ်ဆိုးစွမ်းအင် တစ်ခု အဘိုးအိုထံမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး နန်းကုန်းချင်ရ၏ သွေးလက်ဝါးကို လွယ်ကူစွာ ချေမှုန်းလိုက်သည်။

အဘိုးအို၏ စွမ်းအားကို ခံစားမိသောအခါ နန်းကုန်းချင်ရက

“လုချန်း အန္တရာယ် ကြုံတွေ့ခဲ့ရတာ မဆန်းတော့ပါဘူး။ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက် ပေါ်လာတာကိုး”

ဟု အေးစက်စွာ ပြောလိုက်သည်။

လနက်မြို့တွင် လုချန်းကို ကာကွယ်ရန် သူမ စီစဉ်ထားသော လူများ အဘယ်ကြောင့် ကြားဝင် မတားဆီးခဲ့ကြသည်ကို သူမ အံ့ဩနေခဲ့သည်။ ကြည့်ရတာ သူတို့အားလုံး ဤ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့် နတ်ဆိုးကျင့်ကြံသူ၏ လက်ချက်ဖြင့် သေဆုံးသွားကြပုံရသည်။

နန်းကုန်းချင်ရသည် နတ်ဆိုးကျင့်ကြံသူနှင့် စကားများ အချိန်ဖြုန်းရန် ဆန္ဒ မရှိပဲ သူမ၏ သွေးစွမ်းအင်ကို တိုက်ရိုက် စုစည်းလိုက်ပြီးလက်ညှိုးတစ်ချောင်းညွှန်လိုက်ရာ မရေမတွက်နိုင်သော သွေးနီရောင် အရိုးစုများသည် ဝတ်ရုံခြုံ အဘိုးအိုဆီသို့ ပြေးဝင် တိုက်ခိုက်ကြတော့သည်။

ဝတ်ရုံခြုံ အဘိုးအိုက ရယ်မောလျက်

“သွေးသက်တံ သခင်မ ကျွန်တော်တို့ နှစ်ယောက်လုံးက မိစ္ဆာ ကျင့်ကြံသူတွေပဲ။ ဘာလို့ ဒီလောက် ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို သုံးရတာလဲ။”

စကားပြောနေရင်း ဝတ်ရုံခြုံ အဘိုးအိုသည် သစ်ခေါက်နှင့်တူသော သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နတ်ဆိုး စွမ်းအား လှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး သွေးစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အရိုးစုများ အားလုံးကို ဝါးမြို စားသုံးလိုက်သည်။

နန်းကုန်းချင်ရ၏ မျက်ခုံးများ ချက်ချင်း တွန့်သွားသည်။

ဝတ်ရုံခြုံ အဘိုးအိုက

“သွေးသက်တံ သခင်မ။ ခင်ဗျားက နတ်ဆိုးကျင့်ကြံသူ တစ်ယောက် မဟုတ်ပေမဲ့ ခင်ဗျားရဲ့ ကျင့်စဉ်နည်းလမ်းက ကျွန်တော်တို့နဲ့ ဘာမှမခြားနားဘူး။”

“ခင်ဗျားရဲ့ သွေးစွမ်းအင်က ကျွန်တော်တို့လို နတ်ဆိုးကျင့်ကြံသူတွေကို အန္တရာယ် မပေးနိုင်ဘူး။ ဒါက ကျွန်တော့်ကို အန္တရာယ် မပေးနိုင်ရုံတင်မကပဲ အားဖြည့်ဆေးတစ်ခုတောင် ဖြစ်နေသေးတယ်။”

နန်းကုန်းချင်ရလည်း ထိုအချက်ကို သတိပြုမိလိုက်ပြီး ချက်ချင်း ဆုတ်ခွာလိုစိတ် ပေါ်သွားသည်။

ထိုအဘိုးအိုသည် ယင်ယန်အဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ဦး ဖြစ်ပါက သူမ သူ့ကို လွယ်ကူစွာ ဖိနှိပ်နိုင်သည်။ သို့သော် ဥပဒေနိယာမ အလုံးစုံ အဆင့်ကို ပိုင်ဆိုင်ထားသည့်အပြင် ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသူ တစ်ဦးကို ဖြေရှင်းရန်ကတော့ အဲ့ဒီလောက် မလွယ်ကူပေ။

ကောင်းကင်နတ်ဆိုး၏ စွမ်းအားသည် ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ် စွမ်းအားကို ပင်ကို သဘာဝအရ တန်ပြန်နိုင်စွမ်း ရှိသည်။ ကောင်းကင်နတ်ဆိုးသည် အခြေခံအားဖြင့် ၎င်း၏ အင်အားကို သွေးစွမ်းအင်နှင့် မကောင်းသော စိတ်ခံစားချက်များမှ ရယူသည်။ ထို့ကြောင့် မိစ္ဆာအကျင့်ကျင့်ကြံသူ တစ်ဦးဖြစ်သော သူမအနေနှင့် ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော အဆင့်တူ နတ်ဆိုးကျင့်ကြံသူ တစ်ဦးကို ရင်ဆိုင်ရပါက အနိုင်ရနိုင်ခြေ အလွန် နည်းပါးလှသည်။

ဝတ်ရုံခြုံ အဘိုးအိုက

“သွေးသက်တံ သခင်မ။ ကျွန်တော့် သခင်က ချိပ်ပိတ်ထားရာကနေ ဖောက်ထွက်ပြီး ကျိယန်ကမ္ဘာကို နောက်တစ်ကြိမ် ဝင်လာတော့မှာ။”

“ခင်ဗျားက မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ။ ဘာလို့ ကျွန်တော့် သခင်ဆီမှာ သစ္စာခံပြီး နတ်ဆိုးကျင့်ကြံသူတစ်ယောက် မဖြစ်ချင်ရတာလဲ။”

“သွေးသက်တံ သခင်မသာ ကျွန်တော့် သခင်ဆီက ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို လက်ခံလိုက်မယ်ဆိုရင် ခင်ဗျားရဲ့ ကျင့်စဉ်နည်းလမ်းနဲ့ဆို ဆယ်နှစ်အတွင်း နတ်ဘဝပြောင်းလဲခြင်း အဆင့်ကို ရောက်နိုင်ပြီး ကျိယန်ကမ္ဘာမှာ အထင်ရှားဆုံး ပုဂ္ဂိုလ် ဖြစ်လာနိုင်တယ်။”

နန်းကုန်းချင်ရ အေးစက်စွာ ရယ်မော လိုက်ပြီး

“ကျွန်မက သတ္တဝါကြီးတစ်ကောင်ရဲ့ လက်ပါးစေ ဖြစ်ဖို့ စိတ်မဝင်စားဘူး။”

သူမသည် မိစ္ဆာကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း သူမ ကျော်လွန်မည် မဟုတ်သော စည်းမျဉ်းများ ရှိသည်။

နန်းကုန်းချင်ရ၏ စကားကို ကြားသောအခါဝတ်ရုံခြုံ အဘိုးအို၏ နတ်ဆိုးစွမ်းအင်များ အပြင်သို့ ပြင်းထန်စွာ လှိုင်းထသွားသည်။

“သွေးသက်တံ သခင်မက ကျွန်တော့် သခင်ကို လက်အောက်ခံဖို့ ငြင်းဆန်တယ်ဆိုတော့ ကျွန်တော် ယူဆတာက...”

“ဘာကို ယူဆတာလဲ”

ဝတ်ရုံခြုံ အဘိုးအို စကား မဆုံးမီတွင် ပုံရိပ်တစ်ခုသည် နန်းကုန်းချင်ရနှင့် ဝတ်ရုံခြုံ အဘိုးအိုတို့၏ ကြားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

…………….

All Chapters