← Chapters

ရှင့်လို တပည့်မရှိ

Vol. 72 Ch. 1069

ရှင့်လို တပည့်မရှိ

Vol. 72 Ch. 1069

ယွမ်ချင်းရှု တိုက်ရိုက် ထွက်ခွာသွားသည်ကို မြင်သောအခါ လုချန်းနှင့် ယွမ်ရှန်ရှန်တို့ အလွန် နားမလည်နိုင် ဖြစ်သွားကြ၏။

ဒီအတိုင်း ထွက်သွားတာလား။

သို့သော် ယွမ်ချင်းရှုသည် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေဆီသို့ ပြန်သွားခဲ့သော်လည်း နတ်လှေကို လှည့်၍ ထွက်ခွာစေခြင်း မပြုခဲ့ပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်လှေသည် စကြာဝဠာ ဟင်းလင်းပြင်တွင် ဆက်လက် ရပ်နားထားဆဲ ဖြစ်၏။

ထိုအရာကို မြင်လျှင် ယွမ်ချင်းရှု ယခုချက်ချင်း ထွက်ခွာရန် အစီအစဉ် မရှိ လောက်သေးဟု လုချန်းက တွေးလိုက်သည်။ သူမထံတွင် လုပ်စရာ အခြားအရာတစ်ခုခု ရှိနေနိုင်သည်။

ထိုအချိန်တွင် ယင်ကျန်းယဲ့က ဒူးတစ်ဖက် ထောက်လိုက်ပြီး

“ဒီလက်အောက်ခံ သခင်ကြီးကို ဂါရဝပြုပါတယ်”

လုချန်းက

“သခင်ကြီး ယင်။ ထပါ။ ဒီအချိန်ကစပြီး ကျွန်တော့်ကို သခင်လို့ မခေါ်ပါနဲ့။”

လုချန်း ဤခေါ်ဝေါ်ပုံကို သိပ် သဘောမကျပေ။ သူ့အား သခင်ဟု ခေါ်မည်ဆိုလျှင်ပင် သက်ကြီး ယောကျာ်းတစ်ဦး၏ ခေါ်‌ဝေါ်ခံရခြင်းထက် ကုတင်ပေါ်ရှိ သူ၏ ဇနီးများ၏ ခေါ်ဝေါ်ခြင်းကို ပို၍ နှစ်သက်၏။

ယင်ကျန်းယဲ့ ချက်ချင်း သဘောပေါက်သွားပြီး

“ဟုတ်ကဲ့ပါမင်းကြီး”

ဟု ချက်ချင်း ပြင်ပြောလိုက်၏။

ထိုစဉ် လုချန်းသည် အဝေးမှ ယွမ်ချင်းရှု၏ နတ်လှေကို လှမ်းကြည့်ပြီးနောက်

“လျှို့ဝှက်လဝန်းနန်းတော်က နတ်လှေ ဘယ်နှစင်း လွှတ်လိုက်တာလဲ။”

လက်ရှိတွင် ယွမ်ချင်းရှုနှင့် ယင်ကျန်းယဲ့တို့ ထိန်းချုပ်သော နတ်လှေ နှစ်စင်းသာ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိသေး၏။ သူတို့နှစ်ဦးသည် အရှိန်အမြင့်ဆုံးဖြင့် လာခဲ့ကြပြီး အခြား နတ်လှေများမှာ နောက်တွင် ကျန်နေသေးသည်။

ယင်ကျန်းယဲ့က

“စုစုပေါင်း ဆယ့်သုံးစင်းပါ။ ဒါပေမဲ့ နတ်လှေ တစ်စင်းက လမ်းခုလတ်မှာ လျှို့ဝှက်လဝန်းနန်းတော် လှေအုပ်စုကနေ ထွက်ခွာသွားခဲ့ပါတယ်။”

ထိုအရာသည်ကို ကြားလျှင် ယွမ်ချင်းရှု ထိန်းချုပ်သော နတ်လှေကို လုချန်းအတွေးနက်စွာ ကြည့်လိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်မှ အခြား နတ်လှေများအားလုံး ရောက်ရှိလာသည်နှင့် ထျန်းချန်ကမ္ဘာကို တိုက်ခိုက်ရန် စီစဉ်နေခြင်းလားဟုလည်း တွေးမိလိုက်၏။ သို့သော် ယခု သူမ၏ နတ်ဘဝပြောင်းလဲခြင်းနယ်အဆင့်နှင့်ပင် သူ့တို့ကို မနိုင်ခဲ့ပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ အခြားသူများက ထျန်းချန်ကမ္ဘာကို ဘာများလုပ်နိုင်ဦးမည်နည်း။

ထားလိုက်တော့။

ယခု ထိုအကြောင်းကို တွေးနေစရာ အကြောင်းမရှိပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်လှေများအားလုံး ရောက်ရှိလာသောအခါမှ ယွမ်ချင်းရှု ဘာကြံစည်နေသည်ကို သိရလိမ့်မည်။

ထိုသို့ တွေးလျက် လုချန်းက ယင်ကျန်းယဲ့အား

“သခင်ကြီး ယင်။ ခင်ဗျား ဒီမှာနေပြီး လျှို့ဝှက်လဝန်းနန်းတော်နဲ့ သန့်ရှင်းသော နဂါးနက် နယ်မြေက နတ်လှေတွေ ရောက်လာတာကို စောင့်နေပါ။ လျှို့ဝှက်လဝန်းနန်းတော်ဘက်က လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိရင် ချက်ချင်း တစ်ယောက်ယောက်ကို ထျန်းချန်ကမ္ဘာထဲ လွှတ်ပြီး ကျွန်တော့်ကို အကြောင်းကြားခိုင်းလိုက်ပါ။”

ယင်ကျန်းယဲ့က

“ဟုတ်ကဲ့ပါ မင်းကြီး။”

ထို့နောက် လုချန်းသည် ဖေးဟုန် နတ်လှေဖြင့် စကြာဝဠာ ဟင်းလင်းပြင်မှ ထွက်ခွာခဲ့ပြီး နဂါးနက်မြို့ နန်းတော်သို့ ပြန်လာခဲ့သည်။

ယွမ်ချင်းရှုက လှုပ်ရှားမှု မပြုလုပ်သေးသောကြောင့် သူလည်း ယွမ်ချင်းရှုအား ပြဿနာ သွားရှာစရာ မလိုပေ။ ယွမ်ရှန်ရှန်နှင့် သူမကြား ဆက်ဆံရေးကို မည်သို့ ဖြေရှင်းမည်ကို သူ ကြည့်ရှုလို၏။

နဂါးနက်မြို့ နန်းတော်သို့ ပြန်ရောက်ပြီး မကြာမီ ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်မှ အေးစက်သော လေများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို ချက်ချင်း ခဲသွားစေကာ သူမ၏ ခန္ဓာကိုယ်ကလည်း လုချန်းနှင့် အကွာအဝေးတစ်ခုသို့ ရောက်သွားသည်။

လုချန်း ရုတ်တရက် အံ့အားသင့်သွား၏။ ထိုအခိုက်တွင် ယွမ်ရှန်ရှန်သည် ဓားတစ်ချောင်း ဆွဲထုတ်ပြီး လုချန်းထံ ချိန်ရွယ်လိုက်သည်။ သူမ၏ မျက်လုံးများက သူ့အား စိုက်ကြည့်နေပြီး သူမ၏ မျက်နှာထားကလည်း အလွန် အေးစက်နေ၏။

လုချန်းက ဇဝေဇဝါဖြင့်

“ဆရာမ။ ဒါက ဘာသဘောလဲ။”

ယွမ်ရှန်ရှန်က

“ကျွန်မကို ဆရာမလို့ မခေါ်နဲ့။ ကျွန်မမှာ ရှင့်လို တပည့် မရှိဘူး။”

လုချန်းက ပြုံးလျက်

“ဆရာမ။ ခင်ဗျား ဆရာမကြီး လှည့်စားတာကို ခံလိုက်ရပြန်ပြီလား။”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်၏ နှလုံးသားထဲတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူမက

“ရှင် အစတုန်းက ကျွန်မရဲ့ ခန္ဓာကိုယ်ကို အတင်းအကျပ် ပိုင်ဆိုင်ခဲ့တာက သူ့နေရာမှာ အစားထိုးဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်လား။”

ထိုစကားကိုကြားမှ ယွမ်ရှန်ရှန် အဘယ်ကြောင့် ရုတ်တရက် သူ့အပေါ် ဆန့်ကျင်လာသည်ကို လုချန်း ချက်ချင်း နားလည်လိုက်သည်။ နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်၏။ သူမသည် ယွမ်ချင်းရှုထံမှ ခွဲထွက်လာသော ကိုယ်ပွားတစ်ဦး ဖြစ်သော်လည်း ကိုယ်ပိုင် လွတ်လပ်သော စရိုက်လက္ခဏာ ရှိသူဖြစ်သည်။ သူမ၏ ပင်မခန္ဓာကိုယ် အစားဖြစ်လျှင်တောင် အခြားတစ်ယောက်နေရာတွင် အစားထိုးအဖြစ် သဘောထားခံရခြင်းကို သူမ လက်မခံနိုင်ပေ။

ထို့နောက် လုချန်းက

“ရှန်။ ကိုယ့်မှာ ဒီလို အတွေးမျိုးတွေ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကိုယ့်အတွက် မင်းက မင်းပဲ။ ဆရာမကြီးက ဆရာမကြီးပဲ။”

ယွမ်ရှန်ရှန်က

“ ဒီအခြေအနေ ရောက်မှတော့ ကျွန်မက ရှင့်ရဲ့ လိမ်ညာစကားတွေကို ယုံဦးမယ်လို့ ရှင်ထင်နေလား။”

ဟု မျက်နှာထား မပြောင်းပဲ ပြောလိုက်၏။

ယွမ်ချင်းရှုသာ သူမ၏ ပင်မခန္ဓာကိုယ် မဟုတ်ခဲ့ပါက သူတို့ချင်း ရင်းနှီးသော အခိုက်အတန့်များအတွင်း ယွမ်ချင်းရှုအကြောင်း ပြောသောအခါ ဖြစ်ပေါ်လာတတ်သော လုချန်း၏ စိတ်လှုပ်ရှားမှုကို ကာမစိတ်ကြီးသူတစ်ယောက်၏ တပ်မက်စိတ်အဖြစ်သာ သူမ သဘောထားနိုင်သည်။

သို့သော် ယခု လုချန်းသည် သူမအား သူမ၏ ဆရာမနေရာတွင် အစားထိုးအဖြစ် သဘောထားနေခဲ့ကြောင်း သူမအတွက် ရှင်းလင်းနေခဲ့ပြီဖြစ်သည်။ ထိုအသိက သူမအား အလွန် နာကျင်စေခဲ့၏။ ဤ ပုန်ကန်တတ်သော တပည့်သည် သူမအပေါ် ဘယ်တုန်းကမှ တကယ် ခံစားချက် မရှိခဲ့တာ ဖြစ်နိုင်သည်။ သူသည် သူမ၏ ပင်မခန္ဓာကိုယ်ကို မပိုင်ဆိုင်နိုင်သောကြောင့်သာ သူမအား ကစားစရာအဖြစ် သုံးခဲ့ခြင်း ဖြစ်၏။

ယွမ်ရှန်ရှန်၏ အေးစက်သော မျက်နှာထားကို ကြည့်ရင်း လုချန်း သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။ သူမအား အရင်ဆုံး စိတ်အေးသွားစေရန် လွှတ်ထားပေးဖို့ လိုအပ်ကြောင်း လည်း နားလည်လိုက်၏။

ထို့နောက် အလင်းအရိပ်ဖြင့် လုချန်း ယွမ်ရှန်ရှန်၏ နောက်သို့ တိုက်ရိုက် ရောက်ရှိသွား၏။ ယွမ်ရှန်ရှန်က ချက်ချင်း တုံ့ပြန်ပြီး သူ့ကို ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း လုချန်းက သူမ၏ ခါးကို ပွေ့ဖက်ထားနိုင်ဆဲ ဖြစ်၏။ နောက်တစ်ခဏတွင် သူမ၏ စိတ်ဝိညာဉ် စွမ်းအားများ လုံးဝ ချိပ်ပိတ်ခံလိုက်ရ၏။

“ကျွန်မကို လွှတ်။”

ယွမ်ရှန်ရှန် ချက်ချင်း ရုန်းကန်လိုက်၏။

လုချန်းက စကားများများ မပြောပဲ ယွမ်ရှန်ရှန်အား အိပ်ရာဆီသို့ သယ်သွား၏။

“ရှင်... ရှင် လူယုတ်မာ... အွန်း...”

ထိုသို့သော နည်းလမ်းများကို အသုံးပြုရန် လုချန်း မလိုလားခဲ့သော်လည်း ရင်းနှီးမှု ထိန်းသိမ်းထားခြင်းကသာ ယခု အခြေအနေတွင် ယွမ်ရှန်ရှန်ကို ပိုမို လျင်မြန်စွာ စိတ်တည်ငြိမ်သွားစေနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။

ထိုနည်းလမ်း အမှန်တကယ် အကျိုးသက်ရောက်မှု ရှိကြောင်း သက်သေပြခဲ့သည်။ ခဏခန့် စိတ်ခံစားမှုများ ဖလှယ်ပြီးနောက် ယွမ်ရှန်ရှန်၏ သဘောထားအချို့ ပျော့ပျောင်းသွားခဲ့သည်။

သို့သော် စိတ်မသက်သာမှု အချို့ကို သူမ ဆက်လက် ပိုက်ထွေးထားဆဲ ဖြစ်၏။ သူမ ထိုအပေါ် ဘာမှ လုပ်နိုင်စွမ်း မရှိခဲ့ပေ။ ဤ ပုန်ကန်တတ်သော လုချန်းသည် အလွန် လွှမ်းမိုးချုပ်ကိုင်လွန်းသည်။ သူ၏ ရှေ့မှောက်တွင် သူမ အမြဲတမ်း ဖိနှိပ်ခံရနိုင်ခြေရှိ၏။

အချိန်မည်မျှ ကြာသွားသည်မသိ လုချန်း နောက်ဆုံးတွင် ဖြည်းညှင်းစွာ ထလိုက်၏။ ထိုအချိန်တွင် စိတ်တည်ငြိမ်မှု ပြန်ရသွားပြီ ဖြစ်သော ယွမ်ရှန်ရှန်ကို ကြည့်လိုက်၏။ သူမသည် လုချန်း၏ မျက်လုံးများကို မကြည့်ပဲ သူမ၏ ခေါင်းကို လွှဲထားလိုက်သည်။

သူမ၏ မျက်နှာသည် သာယာမှုကြောင့် နီမြန်းနေသော်လည်း သူမ၏ မျက်နှာထားမှာ အတော်လေး အေးစက်နေပြီး လုချန်းအပေါ် စိတ်ဆိုးနေဆဲ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေ၏။

ထိုအခိုက်တွင် လုချန်းက

“ရှန်။ ကိုယ် မင်းနဲ့ အတူရှိနေခဲ့တာက မင်းကို သဘောကျလို့ သက်သက်ပဲ။ မင်းကို မင်းရဲ့ ပင်မခန္ဓာကိုယ်ရဲ့ အစားထိုးတစ်ယောက်အနေနဲ့ မြင်ခဲ့လို့ မဟုတ်ဘူးလို့ ကိုယ့်ရဲ့ ကျင့်စဉ်နှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ အဲဒီအချိန်တုန်းက မင်းရဲ့ တကယ့် ဇစ်မြစ်ကိုတောင် ကိုယ်မသိခဲ့ဘူး။”

“ကိုယ့်ရဲ့ အတိတ်က မှတ်ဉာဏ်တချို့ကို ပြန်ရလာပြီးမှပဲ မင်းရဲ့ တကယ့် ဇစ်မြစ်ကို သိခဲ့ရတာပါ။”

ထိုအရာကို ကြားသောအခါ ယွမ်ရှန်ရှန် အနည်းငယ် ကြောင်သွား၏။ လုချန်းက သူ၏ ကျင့်စဉ်နှလုံးသားကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ၎င်းသည် ကျင့်ကြံသူများအတွက် အန္တရာယ်များ၏။

ယွမ်ရှန်ရှန်က လုချန်း၏ မျက်လုံးများထဲသို့ ကြည့်လိုက်ပြီး

“ရှင့်လို မိန်းမတွေနဲ့ အမြဲ နေနေတဲ့ ယောကျာ်းတစ်ယောက်က ဘာ ကျင့်စဉ်နှလုံးသား အကြောင်း လာပြောနေနိုင်သေးတာလဲ။”

လုချန်း၏ ကျင့်ကြံခြင်းသည် အဓိကအားဖြင့် စုံတွဲ ကျင့်စဉ်အပေါ် မှီခိုနေခဲ့ပြီး သူ၏ ကျင့်စဉ်နှလုံးသားသည် သူ၏ ကျင့်ကြံခြင်းအပေါ် ကြီးမားစွာ သက်ရောက်မှု ရှိပုံမရပေ။

ဟုတ်ပါသည်။ ယွမ်ရှန်ရှန်က ဒါကို ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သော်လည်း သူမ၏ စိတ်နှလုံးထဲတွင်တော့ လုချန်း၏ စကားများကို အတိုင်းအတာတစ်ခုအထိ စတင် ယုံကြည်လာခဲ့ပြီ ဖြစ်၏။ သို့သော် သူမ အနည်းငယ် နေရခက်သလို ခံစားနေရဆဲ ဖြစ်၏။

သူမ အနည်းငယ် စိတ်လှုပ်ရှားတိုင်း ထိုလူက ဤနည်းလမ်းဖြင့် ဖြေရှင်းလေ့ရှိ၏။ ဤ ပုန်ကန်တတ်သော တပည့်က သူမ၏ စိတ်ခံစားချက်များကို တစ်ခါလောက်တောင် ကောင်းကောင်း ထုတ်ဖော်ခွင့် မပေးနိုင်ဘူးလား။

သူမ စိတ်လှုပ်ရှားတိုင်း သူက သူမကို ဖိနှိပ်လေ့ရှိ၏။

ယွမ်ရှန်ရှန် သူ၏ စကားများကို ယုံကြည်သွားပြီ ဖြစ်ကြောင်း လုချန်း ရိပ်မိသွားပြီး အနည်းငယ် ပြုံးလိုက်ကာ

“ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသရွေ့တော့ ကျင့်စဉ်နှလုံးသား ဆိုတာ ရှိတာပဲ။”

“ တခြား ကျိန်ဆိုမှု တစ်ခု လုပ်ကြည့်ရမလား။ လိမ်ပြောခဲ့ရင် ကျွန်တော်...”

လုချန်း၏ စကား မဆုံးမီ ယွမ်ရှန်ရှန် ရုတ်တရက် သူမ၏ လက်ကို မြှောက်လိုက်ပြီး လုချန်း၏ ပါးစပ်ကို ပိတ်လိုက်ကာ သူ့ကို ဆက်မပြောရန် တားဆီးလိုက်၏။

မျက်နှာထား မပြောင်းပဲ ယွမ်ရှန်ရှန်က

“ရှင့်ရဲ့ စကားချိုချိုတွေကို နားမထောင်ချင်ဘူး။ ကျွန်မက သူ့ရဲ့ ကိုယ်ပွား ဟုတ် မဟုတ်ဟုတ်ဆိုတာလည်း အရေးမကြီးတော့ဘူး ။ကျွန်မ အခု ရှင့်ကို ထားပြီး ထွက်သွားလို့ မရတော့ဘူး။ ရှင် ကြိုက်သလို လုပ်ပါ။”

……………..

All Chapters