← Chapters

ကိုယ့်ပါးကိုယ်ရိုက်ကြ

Vol. 7 Ch. 99

ကိုယ့်ပါးကိုယ်ရိုက်ကြ

Vol. 7 Ch. 99

ယဲ့ချန်း ဖုန်းချလိုက်သောအခါ ဟယ့်လျန်က လှောင်ပြုံးပြုံး၍ ပြောလာချေသည်။

"ချာတိတ်.. မင်းက တော်တော်ဟန်ဆောင်ကောင်းတာပဲ။ ဆက်ဟန်ဆောင်နေလိုက်။ မင်း ဘယ်လောက်အထိ ဆက်ဟန်ဆောင်နိုင်မလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်"

ယဲ့ချန်းက ဖုန်းခေါ်လိုက်သော်ငြား ဟယ့်လျန်ကတော့ ယဲ့ချန်း ဟန်ဆောင်နေသည်ဟုသာ ယုံကြည်ထားသည်။

ဖုန်းတစ်ဖက်ရှိ လူက ဘယ်သူလဲ? မည်သူက သိနိုင်မည်နည်း။

ဟယ့်လျန်ကတော့ ယဲ့ချန်းလို ဘာမဟုတ်တဲ့လူကို သူ့ယောက္ခမက သိလိမ့်မည်ဟုမထင်ပေ။

သိခဲ့သည်ဆိုလျှင်ပင် သူသည် သားမက်ဖြစ်သောကြောင့် အပြင်လူတစ်ယောက်အတွက်နှင့် သူ့ကို ဆန့်ကျင်မည်မဟုတ်ပေ။

ဟယ့်လျန် ရယ်လိုက်မိသည်။

"ခုနတုန်းကတော့ မင်း တအားမောက်မာနေတာမဟုတ်ဘူးလား။ ငါ့ကို ပါးရိုက်ချင်နေတာမဟုတ်ဘူးလား။ ဒါပဲလား။ ဒီအကွက်လောက်နဲ့ ငါ့ကို ပါးရိုက်ချင်တယ်ပေါ့လေ။ မင်းက တော်တော်နုံအတာပဲ"

ထိုအခိုက် ဟယ့်လျန်၏ဖုန်းက ရုတ်တရက်ထမြည်လာသည်။

ဟယ့်လျန် မျက်မှောင်ကြုတ်လိုက်မိသည်။

သူက ဟိတ်ဟန်ထုတ်ပြနေတာလေ... ဘယ်သူက ဝင်ဖျက်တာလဲ?

သို့သော် ဖုန်းခေါ်ဆိုသူကို မြင်သောအခါ စိတ်ထဲ ကျေနပ်သွားလေသည်။

ဟားဟား... ငါ့ယောက္ခမဖုန်းခေါ်တာပဲ..

အခု ငါ ဒီလူလိမ်ကို ဖော်ထုတ်ပစ်တော့မယ်...

ဟယ့်လျန်လည်း ဂရုတစိုက်ဖြင့် ဖုန်းပြန်ဖြေလိုက်၏။

"အဖေ တစ်ခုခုလိုလို့လား။ ဒါနဲ့ ကျွန်တော် ဟာသတစ်ခု ပြောပြမယ်။ အခုလေးတင် လူတစ်ယောက်က အဖေနဲ့ဖုန်းပြောနေသလို ဟန်ဆောင်နေတာ။ ကျွန်တော့်ကိုတောင် တိုင်လိုက်သေးတယ်"

ချက်ချင်းဆိုသလိုပင် ဖုန်းတစ်ဖက်မှ ချန်းဝမ်၏ ဒေါသတကြီးအော်သံ ထွက်ပေါ်လာချေသည်။

"ငတုံးကောင်.. မင်း ဘာလုပ်လိုက်တာလဲကွ"

ဟယ့်လျန်ခမျာ ချန်းဝမ်၏အော်သံကြောင့် အံ့သြသွားပြီး နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်၏။

"ကျွန်တော် ဘာမှမလုပ်ထားပါဘူး"

"ဘာမှမလုပ်ဘူး ဟုတ်လား? မင်း ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ကို အပြစ်ပြုမိထားတာ သိလား"

"ဒိတ်ဒိတ်ကြဲသူဌေးလား? ဘယ်က ဒိတ်ဒိတ်ကြဲသူဌေးလဲ? ကျွန်တော်က အဖြစ်မရှိတဲ့ကောင်တစ်ကောင်နဲ့ စကားများနေတာပါ"

ဟယ့်လျန်က အပြစ်ကင်းစင်လေဟန် လေသံဖြင့် ပြောလိုက်လေသည်။

"အဖြစ်မရှိတဲ့ကောင်? မင်း ရူးသွားပြီလား။ မင်း လူငယ်လေးတစ်ယောက်ကို စော်ကားမိထားတာမလား"

ဟယ့်လျန်လည်း ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူ့အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။

မှန်ပေသည်။ တစ်ဖက်လူက အမှန်တကယ်ပင် လူငယ်လေးတစ်ယောက် ဖြစ်၏။

ဤလူငယ်လေးက အံ့ဖွယ်ကောင်းသော နောက်ခံအင်အားမျိုးကို ပိုင်ဆိုင်ထားလေသလား။

ထိုသို့ဆိုလျှင် အစောတုန်းက သူ့ယောက္ခမဆီကို တကယ်ဖုန်းဆက်ခဲ့တာပေါ့...

ထိုသို့မဟုတ်ပါက သူ့ယောက္ခမက သူ့ကို ဘာကြောင့် ဒေါသထွက်နေမည်နည်း။

သို့သော် တစ်ဖက်လူကလည်း တကယ်ဘာမဟုတ်သည့်လူတစ်ယောက်သာ။

"အဖေ.. တစ်ခုခုများလွဲနေတာလား။ ကျွန်တော်က လူငယ်လေးတစ်ယောက်နဲ့ စကားများနေတယ်ဆိုပေမဲ့ သူက ဈေးပေါတဲ့အဝတ်အစားတွေကို ဝတ်ထားတာ။ ဘာမဟုတ်တဲ့ကောင်ဆိုတာ အသိသာကြီးပါ။ ဒိတ်ဒိတ်ကြဲသူဌေးမဟုတ်ပါဘူး"

"ပေါက်ကရတွေ.. မင်း ဥက္ကဋ္ဌယဲ့ကို အခုချက်ချင်း ဒူးထောက်ပြီးတောင်းပန်လိုက်"

"ဗျာ? ဒူးထောက်ပြီး တောင်းပန်ရမယ်?"

ဟယ့်လျန်ခမျာ နားကြားမှားလိုက်သည်ဟုပင် ထင်မိသည်။

သူ့ယောက္ခမက သူ့အား လူမြင်ကွင်း၌ သူစိမ်းတစ်ယောက်ကို ဒူးထောက်ပြီး တောင်းပန်ဖို့ ပြောနေသတဲ့လား။

"အဖေ.. ဒါကတော့ များသွားပြီမလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌလေ။ ဘာမဟုတ်တဲ့လူတစ်ယောက်ကို ဘာလို့ ဒူးထောက်ရမှာလဲ။ ဒီနေရာက လူတွေပြည့်နေတဲ့ ဈေးဝယ်စင်တာကြီး။ လူတွေကလည်း ဝိုင်းကြည့်နေကြသေးတယ်"

ချန်းဝမ်ခမျာ ရူးသွပ်မတတ်ဖြစ်သွားလေသည်။

သူ့သမီးကို ဤငတုံးနှင့် လက်ထပ်ပေးခဲ့မိသည့်အတွက် အလွန်နောင်တရနေမိသည်။

ဤငမိုက်သားက မကြာခဏပြဿနာရှာလေ့ရှိသည်။ ယခုမူ ယဲ့ချန်းကို သူ အပြစ်ပြုလိုက်မိပြီး ကြီးလှစွာသော ကပ်ဘေးတစ်ခုကို ဆောင်ကြဉ်းလာချေသည်။

ယခုဆိုလျှင် ဤငမိုက်သားကြောင့် သူ့ရာထူးလည်း အန္တရာယ်ရှိနေလေပြီ။

အခြားရှယ်ယာရှင်များက သူ့အား အရှင်လတ်လတ်ဝါးစားတော့မည့်အလား စိုက်ကြည့်နေကြသဖြင့် ဤအခြေအနေကိုသာ ကောင်းကောင်းမကိုင်တွယ်နိုင်ပါက သူ့ကို ရှယ်ယာရှင်များက ချက်ချင်းရာထူးမှဖယ်ချတော့မည်ဖြစ်ကြောင်း ချန်းဝမ် အတပ်သိသည်။

တစ်ဖက်တွင် သူ့သားမက်ဖြစ်ပြီး တစ်ဖက်တွင်မူ သူ၏ဥက္ကဋ္ဌရာထူးပင်။

သူ့သားမက်ကို အစားထိုး၍ရနိုင်သော်လည်း ဥက္ကဋ္ဌရာထူးကတော့ ဆုံးရှုံးပြီးသွားလျှင် ပြန်ရဖို့မဖြစ်နိုင်တော့ပေ။

ချန်းဝမ်က အေးတိအေးစက်ပြောလိုက်သည်။

"ဟယ့်လျန်.. မင်း ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီကနေ ထွက်သွားပြီး ငါ့သမီးကို ချက်ချင်းကွာရှင်းလိုက်တော့"

"အဖေ ဘယ်လိုပြောလိုက်တာလဲ"

ဟယ့်လျန်ခမျာ ကြောင်အသွားရလေသည်။

သူ့ယောက္ခမက ဤမျှအထိရက်စက်လိမ့်မည်ဟု သူ တစ်ခါမှမတွေးဖူးပေ။ သူ့ကို အလုပ်ဖြုတ်ပစ်ရုံသာမက သူ့မိန်းမနှင့်ပါ ကွာရှင်းခိုင်းနေလေသည်။

"အဖေ ကျွန်တော့်ကို နောက်နေတာလား။ ဒီလိုမလုပ်ပါနဲ့ အဖေ..ကျွန်တော်က လီလီ့ကြောင့် မစ္စတာယဲ့ကို စော်ကားမိသွားတာပါ"

"သွားစမ်းပါ..အဲဒီကောင်မလေးကိုပါ ပြောလိုက်။ ဥက္ကဋ္ဌယဲ့ကသာ သူ့ကို ခွင့်မလွှတ်ဘူးဆိုရင် သူ့ကိုပါ ငါ့သမီးအဖြစ်ကနေ စွန့်လွှတ်ပစ်မယ်လို့"

ဟယ့်လျန်ခမျာ လုံးဝကြက်သေသေသွားရလေတော့သည်။ ချန်းဝမ်ကို သူ့သမီးကိုပါ စွန့်လွှတ်ပစ်ချင်စိတ်ပေါက်အောင် လုပ်နိုင်သည်အထိ ယဲ့ချန်းက မည်မျှအရေးပါအရာရောက်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း သူ နားမလည်နိုင်ပေ။

ချန်းဝမ်က ဆက်ပြောလေသည်။

"ဟယ့်လျန်.. မစ္စတာယဲ့က ဝမ်သိုက်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌပဲ။ ငါတို့ကုမ္ပဏီက ရှင်သန်ရပ်တည်နိုင်ဖို့အတွက် သူ့ကိုမှီခိုနေရတာ။ မင်း မစ္စတာယဲ့ဆီက ခွင့်လွှတ်မှုကို ရဖို့အတွက် နည်းလမ်းတစ်ခုခုသုံးတာ ပိုကောင်းမယ်။ မဟုတ်လို့ကတော့ အရင်တုန်းက မင်းရဲ့လုပ်ရပ်တွေနဲ့တင် မင်းရဲ့လက်ကျန်ဘဝတစ်ခုလုံးကို ထောင်ထဲမှာပဲ ဖြတ်သန်းရအောင် ငါ လုပ်နိုင်တယ်နော်"

ဟယ့်လျန် ကြောက်လန့်သွားရသည်။

"အဖေ..မလုပ်ပါနဲ့။ ကျွန်တော်တောင်းပန်ပါတယ်"

"ငါ့ကို လာတောင်းပန်မနေနဲ့။ မစ္စတာယဲ့ဆီက ခွင့်လွှတ်မှုကိုရဖို့သာ နည်းတစ်ခုခုသုံးချေ"

ဖုန်းခေါ်ဆိုမှုကား ပြတ်တောက်သွားလေပြီ။ ဟယ့်လျန်မှာ ဝိညာဉ်လွင့်သွားသူတစ်ယောက်အလား ဖြစ်သွားသည်။

"အားလျန်.. ဘာဖြစ်လို့လဲ"

အစောပိုင်းတုန်းက မောက်မာနေခဲ့သော အမျိုးသမီးမှာလည်း နားမလည်နိုင်ဖြစ်သွားရ၏။

ဒုန်းခနဲမြည်သံတစ်ခုနှင့်အတူ ဟယ့်လျန်က ရုတ်တရက်ဒူးထောက်လိုက်သောကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ဒါက ဘာအဓိပ္ပာယ်လဲ?

ယဲ့ချန်းက မင်းကို ကိုယ့်ပါးကိုယ်ရိုက်ဖို့ပြောတုန်းက တအားတွေမာန်တက်ပြနေခဲ့တာမဟုတ်လား? အခုကျတော့ ဒူးထောက်နေပြီပေါ့လေ..

ထိုဖုန်းခေါ်ဆိုမှုကြောင့်လေလား?

လူတိုင်းကလည်း ယဲ့ချန်းကို အံ့ဩမှင်တက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

ကုမ္ပဏီတစ်ခု၏ ဒုဥက္ကဋ္ဌကိုပင် ဒူးထောက်စေလောက်အောင်အထိ ဤလူငယ်လေးက မည်ကဲ့သို့သောအာဏာမျိုး ကိုင်စွဲထားသလဲဆိုတာကို သူတို့ တွေးမကြည့်တတ်ပေ။

"ယောက်ျား.. ဘာဖြစ်လို့လဲ။ ရှင် ဘာလို့ ဒီကောင်စုတ်လေးကို ဒူးထောက်နေတာလဲ"

အမျိုးသမီးကြီးခမျာ သူ့ယောက်ျားကို ထိတ်လန့်တကြားကြည့်လိုက်မိသည်။

"ဖြောင်း"

ဟယ့်လျန်လည်း ထိုအမျိုးသမီးကို ပါးရိုက်လိုက်သည်။

"ဒါတွေအကုန် မင်းအပြစ်တွေပဲ! ငါတို့ကို မစ္စတာယဲ့က ခွင့်မလွှတ်ဘူးဆိုရင် မင်းအဖေက မင်းကိုလည်း အမွေပြတ်စွန့်လွှတ်မယ်။ ငါ့ကိုလည်း ထောင်ထဲပို့ပစ်မယ်တဲ့"

"ဘာ?"

ဟယ့်လျန်၏စကားကြောင့် ထိုအမျိုးသမီး ကြောင်အသွားရလေသည်။

အနားတွင်ရပ်နေသော ထန်းလုလည်း အံ့ဩသွားရှာသည်။

အခြေအနေက ယခုလိုပြောင်းလဲသွားလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။ အစောပိုင်းတုန်းက ယဲ့ချန်းရှေ့မှာ မောက်မာပြနေခဲ့သော လူနှစ်ယောက်မှာ ယခုမူ သူ့ရှေ့မှာ ရိုရိုကျိုးကျိုးဒူးထောက်နေချေသည်။

ဝိုင်းကြည့်နေကြသူများမှာ ပို၍ပင် နားလည်ရခက်သွားသည်။

ဒီအမျိုးသားက ခုနတုန်းကမှ အရမ်းတွေခက်ထန်ပြနေတာမလား? ခုနတုန်းကတော့ ခက်ထန်ပြနေပြီးတော့ အခုတော့ အရမ်းတွေနာခံနေပါလား?

ဟယ့်လျန်ခမျာ အသေးစိတ်ပြန်တွေးရင်း နောင်တရမိသည်။

အစကတည်းက ဤလူငယ်လေး ယုံကြည်မှုပြည့်ဝနေခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။ တကယ်တမ်းတွင် သူသည် ဝမ်သိုက်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်နေသည်သာ။

သူက ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းရှိသူပင်။

ဒီလောက်အာဏာကြီးတဲ့ လူတစ်ယောက်ကို ရန်သွားစမိတဲ့အထိ ငါ ဘာတွေတွေးနေမိတာပါလိမ့်?

ယခုတော့ဖြင့် သူ့ယောက္ခမက ဘာကြောင့် အလွန်ဒေါသထွက်နေရသလဲဆိုတာကို ဟယ့်လျန် နားလည်လိုက်လေပြီ။

ယဲ့ချန်းသာ သူ့ကို ခွင့်မလွှတ်နိုင်ခဲ့ပါက သူတစ်ယောက်တည်း ပြဿနာတက်မည်မဟုတ်ပေ။ သူ့ယောက္ခမနှင့် ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုလုံး ဒုက္ခရောက်ကြရပေလိမ့်မည်။ု

ဤအကြောင်းများကို တွေးကြည့်ပြီးနောက် ဟယ့်လျန်လည်း ချွေးစေးပြန်ပြီး ကတုန်ကယင်ဖြစ်သွားလေသည်။

သူ့ခမျာ ဒူးထောက်ထားရင်း အသံများလည်း တုန်ယင်နေပေသည်။

"မစ္စတာယဲ့ ကျွန်တော်တောင်းပန်ပါတယ်။ ခင်ဗျားကို ကျွန်တော် မမှတ်မိလိုက်ဘူးဖြစ်သွားတယ်။ ကျွန်တော်မှားမှန်းသိပါပြီ။ ကျွန်တော် အခုချက်ချင်း ကိုယ့်ကိုယ်ကိုယ် ပါးဆယ်ချက်ရိုက်လိုက်ပါ့မယ်"

ဤအခြင်းအရာကို မြင်သောအခါ လူအုပ်ကြီးလည်း ပြောစရာစကားရှာမရတော့ပေ။ ဟယ့်လျန်တစ်ယောက် သူ့လက်မောင်းကို ဝှေ့ယမ်းလျက် ကိုယ့်မျက်နှာကိုယ် ရိုက်နေတာကို သူတို့ မြင်လိုက်ရသည်။

သူက သူ့ကိုယ်သူ ဆူပူကြိမ်းမောင်းရင်း ရိုက်နှက်နေချေသည်။

"ကျွန်တော်က မကောင်းတဲ့ကောင်ပါ"

"ကျွန်တော်က မကောင်းတဲ့ကောင်ပါ"

လူအုပ်ကြီးလည်း တိတ်တိတ်လေးခေါင်းခါယမ်းလိုက်မိသည်။

ဤလူက စင်စစ်သနားဖွယ်ရာပင်။ သူ့ပါးသူရိုက်၍ ကိုယ့်ကိုယ်ကိုယ် ယခုလိုအောက်ကျို့နေရရှာသည်။

တချို့ဆိုလျှင် ဖုန်းထုတ်၍ ဤမြင်ကွင်းကို အွန်လိုင်းပေါ်၌ မျှဝေလိုက်ကြသည်။

••••••••••••

All Chapters