← Chapters

ငါရှိနေရင် သူမရှိရဘူး

Vol. 1 Ch. 98

ငါရှိနေရင် သူမရှိရဘူး

Vol. 1 Ch. 98

"ကျီထင်ယွီ ... မင်းဘာလို့ ရောက်လာတာလဲ"

ကျန်းရီသည် သူမကို အဆောင်တွင်းသို့ ဖိတ်ခေါ်လိုက်ကာ မေးလိုက်သည်။ ချမ်ဝမ်ကွမ်သည် သူ့ကိုယ်သူ နှိမ့်ချကာ လက်ဖက်ရည် ပြင်ပေးနေခဲ့သည်။ သူသည် ရံဖန်ရံခါ၌ ကျန်းရီကို မျက်လုံးမှိတ်ပြ နေသေးသည်။ ရလဒ်သည်ကား သူနှင်ထုတ် ခံလိုက်ရခြင်းပင်။

ကျီထင်ယွီသည် သူမ၏ ကျောက်စိမ်းဖြူနှယ် ဖြူဖွေးသော လက်များကို ဆန့်ထုတ်လိုက်ရင်း လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံ သောက်လိုက်သည်။ ထို့နောက် အသာအယာ ပြောလာခဲ့သည်။

"ကျွန်မတို့ သင်တန်းကျောင်းကို စရောက်တည်းက ကျွန်မက ကျင့်ကြံနေရတာနဲ့ အမှတ်တွေ စုနေရတာနဲ့ မအားဘူး ဖြစ်နေခဲ့တာ ... ရှင့်ကို အခုမှ လာတွေ့ဖြစ်တာ ... ရှင်မနေ့က နတ်ဆိုးသားရဲ တိုက်ခိုက်တာ ခံလိုက်ရတယ်ဆို ... အဆင်ပြေရဲ့လား"

"အများကြီး မထိခိုက်ပါဘူး ... ဆရာမစုက ရေခဲသားရဲကို သတ်လိုက်တယ် ... အခုငါတို့တွေ အကုန် သက်သာ နေကြပါပြီ"

ကျန်းရီသည် ကျီထင်ယွီ၏ တည်ရှိမှုကို အာရုံခံမိသွားပြီး ပြုံးကာ ပြောလိုက်သည်။

"ခရမ်းရောင် နန်းတော်ရှင် အဆင့်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် သခင်မလေးကျီကို ဂုဏ်ပြုပါတယ် ... နှစ်ဝက်တောင် မကြာလိုက်ဘူးမလား ... မင်းရဲ့ ကျင့်ကြံနှုန်းက ငါ့ကို သိမ်ငယ်စေတယ် ... "

"ဟား.ဟား ..."

ကျီထင်ယွီသည် ရယ်မောလိုက်သည်။

"ဒါက တခြားလူတွေ အတွက်ဆို မှန်ပါလိမ့်မယ် ... ရှင်က ဒီလိုမျိုး ပြောရဲသေးတယ်လား ... ကျွန်မက ခရမ်းရောင် နန်းတော်ရှင်အဆင့် ရောက်သွားဖို့ ဂိုဏ်းက အထောက်အပံ့တွေ တော်တော်များများ သုံးလိုက်ရပြီး နေ့နေ့ညည ကျင့်ကြံလိုက်ရတယ် ... ရှင်ကရော ... သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ကို မသိမသာလေး ရောက်သွားတာလေ ... ရှင့်ရှေ့မှာ ဘယ်သူက သူတို့ကိုယ်သူတို့ ပါရမီရှင်လို့ ပြောရဲမှာလဲ"

ကျန်းရီသည် နှာခေါင်းကို ပွတ်ကာ ပြုံးလိုက်သည်။ သူ၏ ကျင့်ကြံနှုန်းသည် သူ့ကို စိတ်ကျေနပ် စေသည်မှာ မှန်သော်လည်း ချိတ်ပိတ် သင်္ကေတသည် တော်တော် နောက်ကျမှ ပျက်စီး သွားသည်က စိတ်မကောင်းစရာပင်။ ထို့ကြောင့် သူတို့မျိုးဆက်၏ ပါရမီရှင်များနှင့် တော်တော်လေး ကွာခြားချက် ရှိနေရခြင်း ဖြစ်သည်။ ရေခဲသားရဲနှင့် ကြုံတွေ့လိုက်ခြင်းသည် သူ့ကို အင်အား၏ အရေးပါပုံကို နားလည် သွားစေသည်။ အင်အားသာ မရှိရင် သူများသတ်ခြင်းကို အလွယ်တကူ ခံလိုက်ရမည် ဖြစ်သည်။

"ပြီးတော့ ရှင် ..."

ကျီထင်ယွီသည် မျက်လုံးလှန်ကြည့်ကာ အနီးသို့ တိုးလာခဲ့သည်။

"ကျွန်မ ... ရှင့်ကို ပြောချင်လွန်းလို့တော့ မဟုတ်ဘူး ... ရှင်ကျောင်းမှာ ရန်သူတွေ မရှာဘဲ ရိုးရိုးလေး မနေနိုင်ဘူးလား ... ရှင် သင်တန်းကျောင်းကို စဝင်တည်းက ကျန်းဂိုဏ်းက လူတွေနဲ့ ကျန်းစွန်းဂိုဏ်းက လူတွေကို ဆန့်ကျင်ထားတယ်"

ကျန်းရီသည် ခါးသက်စွာ ပြုံးလိုက်ပြီး မကျေမချမ်း ပြောလိုက်သည်။

"ငါသူတို့ကို မဆန့်ကျင်ချင်ပါဘူး ... ဒါပေမဲ့ သူတို့က ငါ့ကို ရန်လာစကြတာလေ ... ငါက တော်တော်များများကို သည်းခံနိုင်တယ် ဆိုတာ မင်းသိပါတယ် ... ဒါပေမဲ့ တချို့အရာတွေက ငါသည်းခံနေလို့ မရဘူး"

"အိုး ... ဟုတ်သား"

ကျီထင်ယွီ၏ မျက်လုံးများသည် တောက်ပ သွားခဲ့သည်။ သူမသည် စကား ပြောလာခဲ့သည်။

"ကျန်းယွင်ဟိုင်က အောနက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ အိမ်တော်မှာ အမှုထမ်ဖူးတယ် မဟုတ်လား ... ရှင်က သူ့ကို ကျန်းဂိုဏ်းနဲ့ ဆွေးနွေးခိုင်းလိုရင် ရန်ပွဲကနေ ရင်းနှီးသွားနိုင်တယ် ... ကျန်းဂိုဏ်းနဲ့ သင့်မြတ် သွားတာက မကောင်းဘူးလား ... ကျန်းပိုင်လီရဲ့ အင်အားကို ရှင်လည်း သိမှာပါ ... အရှင့်သားကလည်း အရည်အချင်းရှိတဲ့ လူငယ်လေး တစ်ယောက်ပဲ ... သူက သေချာပေါက် သူ့အဖေ ခြေရာကို နင်းပြီး လော့ကဲအရှင်အဖြစ် တာဝန် ထမ်းဆောင်လိုက်မယ် ... သူနဲ့ရန်သူ လုပ်မှာက မိုက်မဲရာ မကျလွန်းဘူးလား"

ကျန်းရီ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲ သွားခဲ့သည်။ သူသည် ကျီထင်ယွီကို တော်တော်ကြာအောင် ကြည့်နေခဲ့ပြီးနောက် အလေးအနက် ပြောလိုက်သည်။

"ထင်ယွီ ... မင်းငါ့ကို မိတ်ဆွေ တစ်ယောက်လို သတ်မှတ်တယ်ဆိုရင် ဒီအကြောင်းကို နောက်တစ်ခါ ထပ်မပြောပါနဲ့ ... အခု ကျန်းရိလျှိုနဲ့ ငါ့မှာ ရန်ငြိုးရှိတယ် ... ငါရှိနေရင် သူမရှိရဘူး ... သူရှိနေရင် ငါလည်း ရှိနိုင်မှာ မဟုတ်ဘူး ... ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး"

"ဟူး ... ရှင်က ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲ"

ကျီထင်ယွီ၏ အမူအရာသည် လေးနက်သွားပြီး ခေါင်းယမ်းကာ သက်ပြင်း ချလိုက်သည်။

"ကျန်းရီ ... ရှင်က အတော်လေး ယုံကြည်ချက်ရှိပြီး ဝှက်ဖဲတွေ အများကြီး ရှိထားတာ ကျွန်မသိပါတယ် ... ဒါပေမဲ့ တချို့လူတွေ တချို့ ဂိုဏ်းတွေက ရှင်ထင်ထားတာထက် ပိုပြီး အင်အားကြီးတယ် ... ကျွန်မပေးတဲ့ အကြံကို နားထောင်ပြီး အရှင့်သားနဲ့ ရန်သူတွေ မလုပ်ပါနဲ့ ... မဟုတ်ရင် ရှင် လူမသိသူမသိ သေသွားနိုင်တယ်"

"ဟား ... ဟား ... ဟား"

ကျန်းရီသည် မတ်တတ်ရပ်ကာ ရယ်မောလိုက်သည်။ သူသည် လှပသော မျက်နှာလေးကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။

"ထင်ယွီ ... ငါလည်း မင်းကို အကြံပြန်ပေးလိုက်မယ် ... ကျန်းဂိုဏ်းနဲ့ ကျန်းစွန်းဂိုဏ်းက လူတွေနဲ့ အရမ်းကြီး နီးနီးကပ်ကပ် မနေပါနဲ့ ... မဟုတ်ရင် နောင်ဆို ငါတို့ မိတ်ဆွေတွေ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး"

ကျီထင်ယွီသည် မာနကြီးပြီး အမှန်တကယ် အင်အားကြီးသော ဂိုဏ်းနှင့်သာ လက်ဆက်လိုမှန်း ကျန်းရီ သိလေသည်။ သို့သော် သူမ၏ ကျန်းရိလျှိုကို လေးစားသော လေသံကို ကြားရသော် ကျန်းရီ ဒေါသထွက်လာ ရလေသည်။

သူတို့သည် အဖေတူ အမေကွဲ ညီအစ်ကိုများ ဖြစ်ရာ ဘယ်တော့မှ ညီအစ်ကိုရင်း ဖြစ်မလာနိုင်ပေ။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်ရန် ချောင်းနေကြသူများ ဖြစ်သည်။ ကျီထင်ယွီသည် ကျန်းရိလျှိုကို ရွေးချယ်ခဲ့ပါလျှင် သူတို့သည် ရန်သူများ ဖြစ်လာရပေမည်။

"ရှင် ... "

ကျီထင်ယွီသည် ဒေါသထွက်လွန်း၍ သူမကိုယ်လေးသည် တဆတ်ဆတ် တုန်ယင်လာခဲ့သည်။ သူမသည် ခေါင်းယမ်းလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ဘဲ စိတ်ပျက်သော မျက်လုံးများနှင့်သာ ထွက်သွားခဲ့သည်။

"အစ်ကိုကြီး ... ဒီမိန်းကလေးကို သတိထား"

ဖက်တီးသည် တိတ်တဆိတ်ပင် ဝင်လာခဲ့ကာ ကျီထင်ယွီ၏ နောက်ကျောကို ကြည့်၍ ပြောလိုက်သည်။

"ဒီမိန်းကလေးက မယုံနိုင်စရာ ကောင်းတယ် ... သူမ သင်တန်းကျောင်းကို ရောက်တာ အရမ်းကြီး မကြာသေးပေမဲ့ ယောက်ျားတွေ အများကြီး သူမအပေါ် ကျရှုံးသွားအောင် လုပ်ပြီးပြီ ... ကျန်းစွန်းဂိုဏ်းက သခင်လေးတစ်ယောက်နဲ့ ကျန်းချီလင်းတောင်မှ သူမ ကစားတာကို ခံနေရတယ် ... သူမမှာ နည်းလမ်းတွေ အများကြီး ရှိတယ် ... သူမရဲ့ ပစ်မှတ်အစစ်က ကျန်းရိလျှို ဒါမှမဟုတ် ကျန်းစွန်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ကျန်းစွန်းဝူကျိ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

"ဟူး ... "

ကျန်းရီသည် သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။ သူသည် ကျီထင်ယွီကို မိတ်ဆွေတစ်ယောက်ဟု အမြဲသတ်မှတ် ထားခဲ့သော်လည်း ချမ်ဝမ်ကွမ်ထံမှ သတင်းနှင့် သူမ၏ စောစောက စကားများကို ပေါင်းစပ်လိုက်ပြီး နောက်တွင် အနာဂတ်တွင် မိတ်ဆွေ မဖြစ်နိုင်တော့မှန်း သူသိလိုက်သည်။

"အိုး ... ဟုတ်သား"

ချမ်ဝမ်ကွမ်သည် တစ်ခုခုကို သတိရသွားကာ ဆက်ပြောလာခဲ့သည်။

"မင်းတို့ ကျန်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ကျန်းဟန်ရွှေနဲ့ လျှိုဟဲတို့က ကျန်းချီလင်းရဲ့ နောက်လိုက်တွေ ဖြစ်ကုန်ကြတယ် ... ပြီးတော့ မကြာခင်က မင်းရဲ့အကြောင်းကို တစ်ယောက်ယောက် စုံစမ်းနေတယ် ... လအနည်းငယ် အတွင်းမှာပဲ မင်းရဲ့အကြောင်းကို ကျန်းရိလျှို သိသွားလောက်တယ်"

"ငါထပ်ပြီး ဂရုမစိုက်တော့ဘူး ... သွားပြီး ကျင့်ကြံတော့မယ်"

ကျန်းရီသည် ခေါင်းကိုက် လာသဖြင့် ခေါင်းယမ်းလိုက်သည်။ သူ့တွင် အများကြီး တွေးတောနေစရာ အကြောင်း မရှိပေ။ ဖြစ်ရမည့် အရာများသည် ဖြစ်ကိုဖြစ်လာ ရမည်သာ။ တွေးတောကာ စိတ်ရှုပ် ခံနေရမည့်အစား သန်မာလာစေရန် ကျင့်ကြံနေခြင်းကမှ ပို၍ ကောင်းပေမည်။

***

နောက်ရက် အနည်းငယ်တွင် စုလောရွှယ်သည် ဒဏ်ရာများကို ကုစားနေဆဲ ဖြစ်ကာ ကျန်းရီတို့ အဖွဲ့သည် အမဲလိုက်စရာ မလိုသေးပေ။ ထို့ကြောင့် ကျန်းရီသည် နေ့နေ့ညည ကျင့်ကြံခန်းတွင်သာ ကျင့်ကြံနေခဲ့ပြီး ကျန်အချိန်များကို မိုးစက်ဓားသိုင်းအား နားလည်ရန် ကြိုးစား နေလိုက်သည်။

ကျန်းယွင်ဟိုင်သည် ချမ်ဝမ်ကွမ်၏ လူများနှင့် ကျန်းရီအတွက် ဆေးများ ထည့်ပေးလိုက်သည်။ လေးရက်မြောက် ညနေခင်းတွင် ကျန်းရီသည် ကျင့်ကြံပြီးသည်နှင့် အစာစားရန် ပြန်ခဲ့သည်။ သို့သော် အဆောင်တွင် လှပသော ပုံရိပ်လေး တစ်ခုကို မြင်လိုက်ရ၍ သူအံ့အားသင့် သွားခဲ့သည်။

"ဆရာမစု"

ကျန်းရီသည် သူ့ရှေ့မှ ရေခဲအလှမယ်လေးကို ကြည့်ကာ မှင်တက် နေခဲ့သည်။ စုလောရွှယ်သည် သူ့ကို လာရှာလိမ့်မည်ဟု သူလုံးဝ မျှော်လင့် မထားခဲ့ပေ။

စုလောရွှယ်သည် အဆောင်တွင်းတွင် ရေခဲကြာပွင့်လေးလို တိတ်တိတ်ဆိတ်ဆိတ် မတ်တတ်ရပ်နေခဲ့သည်။ သူမသည် ချမ်ဝမ်ကွမ်ကို ကြည့်လိုက်ပြီး စကားပြောလိုက်သည်။

"ချမ်ဝမ်ကွမ် ... မင်းအပြင် ခဏထွက်ပေး ... ငါကျန်းရီနဲ့ ဆွေးနွေးစရာလေးတွေ ရှိနေတယ်"

"ကောင်းပါပြီ"

ချမ်ဝမ်ကွမ်သည် ကျန်းရီရှိရာသို့ လာ၍ လူယုတ်မာပြုံး ပြုံးပြသွားကာ သူ့တင်ပါးများကို ခါးရမ်း၍ ထွက်သွားခဲ့ လေသည်။ ကျန်းရီသည် လမ်းလျှောက်လာကာ ပြုံးလိုက်သည်။

"ဆရာမစု ... ဘာကိစ္စရှိလို့လဲ"

"အထဲကို ဝင်ပြီး စကားပြောကြတာပေါ့"

စုလောရွှယ်သည် ရေခဲကဲ့သို့ပင် အေးစက် နေခဲ့သည်။ သူမသည် ကျန်းရီကို လျစ်လျူရှုလိုက်ကာ အခန်းတွင်း ဝင်သွားခဲ့သည်။ သူမသည် အိမ်ထဲသို့ ဝင်လာပြီး ချောင်းနားထောင်သူများ ရှိမရှိ မျက်လုံးမှိတ် စစ်ဆေးလိုက်ပြီး ကျန်းရီကို စကား ပြောလိုက်သည်။

"ကျန်းရီ ... မင်းသိလား ... အဲဒီ ရေခဲသားရဲက မင်းသတ်လိုက်တာ ဆိုတာကို"

ကျန်းရီသည် မျက်တောင်ခတ်လိုက်ကာ မျက်လုံး လှန်ကြည့်လိုက်သည်။ ထို့နောက် သူသည် ပြန်ပြောလိုက်သည်။

"ဆရာမစု ... ဒီဟာသက လုံးဝ ရယ်စရာ မကောင်းပါဘူး ... ကျွန်တော်အများကြီး မသိပေမဲ့ ကျွန်တော့်ကိုတော့ မလိမ်ပါနဲ့ ... "

စုလောရွှယ်သည် စိတ်အခြေအနေ ကောင်းနေရာမှ အတော်လေး ဒေါသထွက်လာခဲ့ လေသည်။ သူမသည် ပြောလိုက်သည်။

"မင်း အဲဒီနေ့က ဖြစ်သမျှကို မေ့သွားပြီလား ... မင်း သတ်ဖြတ်ခြင်း သဘောတရားကို နားလည် သွားတာကိုရော မေ့သွားပြီလား"

"သတ်ဖြတ်ခြင်း သဘောတရား"

သွေးနီရောင် မျက်လုံးတစ်စုံသည် ကျန်းရီ၏ စိတ်ထဲတွင် ပေါ်လာခဲ့ရာ သူ့ကိုယ်သည် တုန်လှုပ် သွားခဲ့သည်။ သူသည် မျက်လုံးများ ပြူးသွားကာ စုလောရွှယ်ကို ကြဘ့်၍ သေချာ မေးလိုက်သည်။

"ဆရာမစု ... ကျွန်တော့် ညာမနေတာ သေချာလား"

"မင်းကို ညာလို့ ငါဘာရမှာလဲ"

စုလောရွှယ်သည် မျက်လုံးလှန်ပြကာ ဆက်ပြောလိုက်သည်။

"ကျန်းရီ ... မင်းရဲ့ တာအိုသဘောတရားက ထိတ်လန့်စရာ ကောင်းတယ် ... မင်းအဲဒါကို အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးလို့ ငါထင်တယ် ... ငါဒီကိုလာတာက မင်းရဲ့ တာအိုသဘောတရားကို မင်းသေချာ ခွဲခြမ်းစိတ်ဖြာလို့ ရအောင် ကူညီဖို့ လာတာ ... မင်းသာ အဲဒါကို အပြည့်အဝ ထိန်းချုပ်နိုင်သွားရင် မင်းရဲ့အင်အားက မယုံနိုင်စရာ ကောင်းအောင် တိုးတက် သွားလိမ့်မယ် ... ပြီးတော့ ဒီတာအို သဘောတရားက မင်းရဲ့ ကျင့်ကြံဆင့်အလိုက် အင်အား ပိုကြီးလာမယ့် စွမ်းရည်ရှိတယ် ... ပြီးတော့ မင်းရဲ့ တိုက်ပွဲဝင် အင်အားအပေါ်မှာလည်း အကျိုးရှိစေတယ် ... "

"အပြည့်အဝ ထိန်းချုပ်ရမယ်"

ကျန်းရီသည် အတော်လေး စိတ်ဓာတ် ကျသွားရသည်။ ထိုသတ်ဖြတ်ခြင်း အရှိန်အဝါကို သူထုတ်လွှတ်လိုက်မိ မှန်းတောင် သူမသိတာ ... သူကဘယ်လိုလုပ်ပြီး အပြည့်အဝ ထိန်းချုပ်ရမှာလဲ။

***

All Chapters